Kawhmu News Agency

Kawhmu News Agency Kawhmu News Agency stands as an independent news media.Presenting news from all over the country.
(374)

တည်ထောင်ခြင်း:

𝐊𝐚𝐰𝐡𝐦𝐮 𝐍𝐞𝐰𝐬 𝐀𝐠𝐞𝐧𝐜𝐲 သတင်းဌာနကို ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့တွင် 𝐊𝐚𝐰𝐡𝐦𝐮 𝐍𝐞𝐰𝐬အမည်ဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၂၁ခုနှစ် စက်တင်ဘာလ ၁ရက်နေ့တွင် 𝐊𝐚𝐰𝐡𝐦𝐮 𝐍𝐞𝐰𝐬 𝐀𝐠𝐞𝐧𝐜𝐲ဟု အမည်ပြောင်းလဲခဲ့သည်။

ရည်ရွယ်ချက်:

သတင်းမီဒီယာကဏ္ဍ အားနည်းသည့် ကော့မှူးမြို့နယ်အတွက် အဓိကရည်ရွယ် တည်ထောင်ထားသည့် ‌ကော့မှူးအခြေစိုက် သတင်းဌာနတစ်ခု ဖြစ်သည်။

ရပ်တည်ချက်:

လွတ်လပ်သော သတင်းဌာနအဖြစ် သီးခြားရပ်တည်လျှက်ရှိ

ပြီး အမှန်တရားနှင့် တရားမျှတမှု ဘက်က ရပ်တည်သည်။

သတင်းတင်ဆက်မှု:

ကော့မှူးမြို့နယ်အတွင်း နေ့စဉ်ထူးခြားသတင်းများနှင့် နိုင်ငံရေး ၊ လူမှုရေး ၊စီးပွားရေး ၊ နွေဦးတော်လှန်‌ရေးသတင်း ၊ နိုင်ငံတကာသတင်းများအပြင် လူထုအကျိုးပြု သတင်းများကို တင်ဆက်ပေးမည့် သတင်းဌာနတစ်ခု ဖြစ်ပါသည်။


Establishment:

𝐊𝐚𝐰𝐡𝐦𝐮 𝐍𝐞𝐰𝐬 𝐀𝐠𝐞𝐧𝐜𝐲 News was established on November 16, 2020 under the name of 𝐊awhmu 𝐍ews, and on September 1, 2021, the name was changed to 𝐊awhmu News Agency. The purpose:

It is a news station based in Kawhmu, which was established mainly for Kawhmu township, where the media sector is weak. Position:

It stands apart as an independent press and stands on the side of truth and justice. Presentation:

Daily special news in Kawhmu Township moreover, politics, Social, Economic,Spring Revolution News.It is a news agency that will present international news as well as public benefit news.

အာဆီယံ၏ ထိုးဇာတ်***************သတင်းဆောင်းပါး-လှစိုးဝေရေးသည်အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်သနီ ဘလင်ကင်သည် ဗီယင်ကျန်း...
18/10/2024

အာဆီယံ၏ ထိုးဇာတ်
***************
သတင်းဆောင်းပါး-လှစိုးဝေရေးသည်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်သနီ ဘလင်ကင်သည် ဗီယင်ကျန်းတွင် ရောက်ရှိနေပြီး မြန်မာ စစ်အာဏာသိမ်း ဗိုလ်ချုပ်များ နှင့် တောင်တရုတ် ပင်လယ် အတွင်း တရုတ်၏ ဗိုလ်ကျ စိုးမိုး နေမှု အပေါ် ပြတ်သားစွာ ရပ်တည်သွားရန် ရှိနေသည်ဟု AFP သတင်းတွင် ပါရှိလာသည်။
၎င်းအနေဖြင့် အာဆီယံ မှ ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြောင်းပြချက် ဖြင့် အာဏာသိမ်း အဖွဲ့ နှင့် သံခင်းတမန်ခင်း လုပ်လာမည့် အရေးကို နှစ်မြို့ပုံ မရဟု ယူဆရသည်။ အမေရိကန် အနေဖြင့် အာဆီယံ၏ ကြိုးပမ်းအားထုတ်နေမှု များကို ထောက်ခံသော်လည်း စစ်ဗိုလ်ချုပ်များ အပေါ် ဖိအားများ ဆက်ပေးသွားရန် လိုသည်ဟု ခံယူထားကြောင်း အရှေ့အာရှ ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဒင်နီယယ် ကရစ်တင်ဘရင့်က ထုတ်ဖေါ်ပြောဆိုခဲ့ပြီး ဖြစ်သည်။
အာဆီယံ သည် တိုးတက်မှု မည်မည်ရရ မလုပ်နိုင်သေး သော်လည်း ဒေသတွင်း "တည်ငြိမ်ရေး အင်အားစု" အဖြစ် ရပ်တည် နေနိုင်ခဲ့ကြောင်း အာဆီယံ အတွင်းရေးမှုး ချုပ် ဒေါက်တာ ကောင်ကင်ဟွန် က ဆိုသည်။
တရုတ်သည် အာဆီယံ နိုင်ငံများမှ ပြင်းပြင်းထန်ထန် ဆန့်ကျင်လာနိုင်သည့် အရေးကြောင့် မြန်မာ အရေး တွင် ကိုယ်ထိ လက်ရောက် ဝင်မပါရဲ ဖြစ်နေသည် ကို ရည်ညွှန်းလိုပုံရသည်။
မင်းအောင်လှိုင်မှ ပြည်ပရင်းနှီးမြုပ်နှံမှု များ နည်းပါးနေ၍ ကရိုနီများ စိုက်ပျိုးရေး လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်ကြရန် ပြောလာနေချိန်တွင် ကျန် အာဆီယံ နိုင်ငံများသည် ပြည်ပရင်းနှီးမြုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၂၃၀ ဘီလီယံ ရရှိသွားပြီ ဖြစ်သည်ဟု ၎င်း၏ အပြောအရ သိရသည်။
မြန်မာ အရေးသည် ရှုပ်ထွေး နက်နဲလွန်း၍ တထိုင်တည်းနှင့် ဖြေရှင်း၍ မရ၊ စိတ်ရှည်ရှည် နှင့် အချိန်စောင့်ရမည် ဆိုသည့် Time and Patience ဇာတ်ထုတ်ကြီးကို ကပြနေဆဲ ပင် ဖြစ်သည်။ တရုတ်လိုလားသော လာအိုနှင့် ကမ္ဘောဒီယား နိုင်ငံများက စစ်ကောင်စီ အား ရွေးကောက်ပွဲ လုပ်ပြီး တည်ငြိမ်အောင် ကြိုးပမ်းရန် ပြောဆိုနေသလို ဗီယက်နမ် အပါအဝင် ကျန် နိုင်ငံများက မူ ပဋိပက္ခတွင် ပါဝင် ပတ်သက်နေသူများ စေ့ဆပ် ဆွေးနွေးရန် နှင့် အချက် ငါးချက်ကို အခြေခံပြီး ချဉ်းကပ်မှု အသစ် ဖေါ်ထုတ်ရန် တောင်းဆိုနေကြခြင်းဖြင့် နှစ်ခြမ်းကွဲလျက် ရှိသည်။
အာဆီယံသည် ၎င်းတို့ဖက်မှ ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့သည် ဟူ၍ မင်းအောင်လှိုင်အား အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည်မှ လွဲပြီး အခြား လေးလေးပင်ပင် ထမ်းရွက်ခဲ့သည် ဟူ၍ တခုတလေမျှ မရှိပါပဲလျက် နှစ်ဖက်စလုံး အကြမ်းဖက်မှု များ ရပ်တန့်ရေး အလေးအနက်ဆောင်ရွက်ကြရန်ဟု ပြီးလွယ်စီးလွယ် ကြေညာချက်များ နှင့်သာ ပြီးစီးသွားခဲ့သည်။
သို့သော် စစ်အာဏာသိမ်း အဖွဲ့ အတွက်တော့ ၎င်းတို့ အာဏာတည် မြဲရေး အတွက် Time and Patience သည် တဖြေးဖြေး နှင့် ရှားပါးကုန် ဖြစ်လာနေ၍ အရပ်သား များ အပေါ် အညိုးတကြီး နှင့် တိုက်ခိုက်လာနေပြီ ဖြစ်သည်။
မင်းအောင်လှိုင်သည် ၎င်းပိုင် မီဒီယာ များ မှ တဆင့် ရုပ်ထွက်ပြနေသော်လည်း မြင်ရသူတိုင်းက ပြည်သူများကို ဗုံးကြဲ သတ်ဖြတ်ရန် ထိုင်၍ အမိန့်ပေးနေသူ ကြီး အဖြစ် သာ မြင်လာနေပြီ ဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားနှင့် ပြင်းပြင်း ထန်ထန် ကွန့်ကွက်ပေးပါရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလ အစည်းအဝေး တွင် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုထားသည်။
ယခုအခါ စစ်တွေ သို့ တဖြေးဖြေး ချဉ်းကပ်လာနေသော ရက္ခိတ တပ်တော် ၏ ရန်ကို စိုးရိမ် ထိတ်လန့်လာကာ စစ်‌ တွေ ထောင်မှ အကျဉ်းသား ၃၇၀ ကိုပင် အင်းစိန် သို့ မဟုတ် ပုသိမ် ထောင်များသို့ နေရာရွှေ့ပြောင်းပေးနေရပြီ ဖြစ်သည်။
ရက္ခိတ တပ်တော်သည် ယခုအခါ အမ်း မြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အပြီးအပိုင် သိမ်းပိုက်ရန် ထိုးစစ်ဆင်နေပြီ ဖြစ်သည်ဟု RFA သတင်းတွင် ဖေါ်ပြထားသည်။
ကုလ အထူးသံ အဖြစ် ခန့်အပ်ထား‌ သော နိုင်ငံခြား‌ ရေး ဝန်ကြီး ဟောင်း မစ္စက် ဂျုလီ ဘစ်ရှော့ အိပ်‌ မော ကျ‌‌ နေသည် ကို လှုပ်နှိုးရန် သြစ‌ တေးလျှ သို့ ရောက်ရှိနေသော လူ့အခွင့်အ ရေး ကိုယ်စားလှယ် တွန် အင်ဒရူးက မြန်မာ အရေး အတွက် နိုင်ငံတကာ၏ ကြိုးပမ်းမှု များသည် အလုပ် မဖြစ်‌ ကြောင်း ထုတ်ဖေါ် ပြောဆိုလိုက်ပြီး စစ်အာဏာပိုင်များ အပူတပြင်း လိုအပ်‌ နေသည့် ငွေ၊ လက်နက် နှင့် အသိအမှတ်ပြုခံရ‌ ရေး တို့အား ငတ်မွတ် ခေါင်းပါး နေအောင် မဖြစ်မနေ လုပ်ပေးဖို့သာ လိုသည်ဟု သတိပေးလိုက်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချ အောင်ရမည်!!!

Illustration credit - Original creator

လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရဲ့ မြို့နယ်စီမံအုပ်ချုပ်‌ရေးကောင်စီဝင်နဲ့ ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ရှင်းလင်းခံရ----------...
13/10/2024

လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရဲ့ မြို့နယ်စီမံအုပ်ချုပ်‌ရေးကောင်စီဝင်နဲ့ ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ရှင်းလင်းခံရ
---------------
KNA| October 13,2024.

ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်က စစ်ကောင်စီရဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ရွှေမန်း‌(ခ)ကျော်သူဝင်းနဲ့ ကိုယ်ရေးအရာရှိဆိုသူတို့ ဒီကနေ့မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခံရတယ်လို့ သိရပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၁၃ရက် နံနက် ၉ နာရီဝန်းကျင် လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက်မှာ အဆိုပါ စီမံအုပ်ချုပ်ရေးကောင်စီဝင် အဖွဲ့ဝင် ၂ ကျော်သူဝင်း(ခ) ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ကို Golden Valley Warriors ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ခေတ်သစ်မီဒီယာမှာ ရေးသားဖော်ပြပါတယ်။

ပစ်ခတ်မှုကြောင့် ကျော်သူဝင်း (ခ) ရွှေမန်းမှာ ရင်ဘတ်ဖောက်ဝင် ဒဏ်ရာ ၂ ချက် ၊ ဝဲလက်ဖဝါးဖောက်ဒဏ်ရာ ၁ ချက်ကျည်ထိမှန်ဒဏ်ရာရရှိ ခဲ့ပြီး ၎င်းရဲ့ ကိုယ်ရေးအရာရှိကတော့ ဦးခေါင်းဖောက်ဝင် ဒဏ်ရာ ၂ ချက် ရရှိခဲ့ကာ လူနာတင်ယာဉ် ၂ စီးနဲ့ ဆေးရုံတင်ထားရပြီး သေဆုံးမှု ရှိ/မရှိကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ကျော်သူဝင်းဆိုသူဟာ လှိုင်သာယာမြို့ခံတစ်ဦးဖြစ်သလို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်ဖြစ်ပြီးနောက် မဝင်မနေရ စစ်မှုထမ်းစနစ်အတွက် လှိုင်သာယာမြို့နယ်က လူငယ်တွေကို စစ်တပ်ဆီ အမည်စာရင်းပေးပို့ခဲ့ပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်တွေကို အင်အားသုံး ဖယ်ရှားခြင်း ၊ မဝင်မနေရစစ်မှုထမ်းစနစ်အတွက် စက်ရုံအလုပ်သမားလူငယ်တွေကို အတင်းအဓမ္မစစ်တပ်ထဲသို့စေလွှတ်ခြင်းတွေကြောင့် လှိုင်သာယာမှာ နာမည်ဆိုးနဲ့ ကျော်ကြားကာ ပြည်သူတွေရဲ့ တိုင်ကြားချက်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ လှိုင်သာယာတမြို့နယ်လုံးကို အဝင်အထွက် ကြိုးတံတား(၄)ဆင်းကို ပိတ်ဆို့ကာ အသည်းအသန် ရှာဖွေစစ်ဆေးမှုတွေလုပ်ဆောင်နေပြီး ‌ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Source.KTM

မန္တလေးတိုင်းဝန်ကြီးချုပ် NLDygwDဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်__________________________KNA| October ...
07/10/2024

မန္တလေးတိုင်းဝန်ကြီးချုပ် NLDygwDဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်
__________________________
KNA| October 7,2024.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယ ဥက္ကဋ္ဌ (၂) နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာဇော်မြင့်မောင် ဒီနေ့မနက် ၃ နာရီမှာ မန္တလေးဆေးရုံး အထူးကြပ်မတ်ကုသဆောင်မှာ ကွယ်လွန် သွားပြီဖြစ်တယ်လို့ မိသားစုနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်က သွေးကင်ဆာရောဂါကို ခံစားနေရသူဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာလုယူပြီးနောက် ဒေါက်တာဇော်မြင့်မောင်ကို အဓမ္မ ဖမ်းဆီးခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် က “ နောက်ဆုံးအချိန်အထိ ယုံကြည်ရာ - ရဲ့ဝံ့ စွာ - ရပ်တည်ပြခဲ့တဲ့ နိုင်ငံရေးသမားတယောက် ၊ ခေါင်းဆောင်တစ်ယောက် ကိုတော့ ဆုံးရှုံးရတယ်လို့ လက်မခံချင် သေးဘူး ဆရာ ၊ အနက်ရောင် ပရိုဖိုင်း မပြောင်းချင်တော့ဘူး ။ မန္တလေး ရောက်ရင်မတွေ့ ရတော့ဘူး ။ သို့သော် - ဆရာ့လက်ထက်က တောက်ပခဲ့တဲ့ မန္တလေး ကိုတော့ မေ့ကြလိမ့်မယ်မထင်ဘူး ။ နောက်ဆုံးအချိန်အထိ မတရားမှု ကို မထေ့ပြုံးနဲ့ အံတုသွားခဲ့မယ်ဆိုတာ အသေအချာ ယုံ တယ်ဆရာ ။” လို့ ဝမ်းနည်းကြောင်း ရေးသားထားပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ် ရှိပြီဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ကို အကြမ်းဖက်စစ်ကောင်စီက မတရားတဲ့ စွဲချက်တွေနဲ့အတူ အဓမ္မဖမ်းဆီးပြီးတော့ မတရားတဲ့ထောင်ဒဏ် ၂၉ နှစ်အထိ ချမှတ်ခဲ့တာပါ။

ကျန်းမာရေး ဆိုးရွားလာတဲ့ ဒေါက်တာဇော်မြင့်မောင်ကို ပြီးခဲ့တဲ့လမှာ အိုးဘိုအကျဉ်းထောင်ကနေ မန္တလေး ဆေးရုံးကို ပြောင်းရွှေ့ဆေးကုသခဲ့တာဖြစ်ပြီး မနေ့က မွန်းလွဲပိုင်းမှာ အထူးကြပ်မတ်ဆောင်ကို ပြောင်းရွှေ့ ခဲ့ရာကနေ ဒီနေ့မနက်မှာ ကွယ်လွန်ခဲ့တာပါ။

အကြမ်းဖက်စစ်ကောင်စီကတော့ ဒေါက်တာဇော်မြင့်မောင်ကို လွတ်ငြိမ်းခွင့်ပြုတဲ့ အမိန့်စာကို မနေ့က လာဖတ်ပြသွားတယ်လို့ သိရပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်က ၁၉၉၀ ရွေးကောက်ပွဲကစလို့ ၄ ကြိမ်ဆက်တိုက် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်မှာ အမရပူရမြို့နယ်ကိုယ်စားလှယ် ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျောက်ပန်း တောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ မန္တလေးတိုင်း လွှတ်တော်အတွက် အမရပူရမြို့နယ် ကိုယ်စားလှယ် အဖြစ်နဲ့ မြန်မာနိုင်ငံရဲ့ နောက်ဆုံး ရွေးကောက်ပွဲ ၄ ကြိမ်မှာ ၄ ကြိမ်လုံး အနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

ကုလ နှင့် မြန်မာ အခန်းကဏ္ဍ***************သတင်းဆောင်းပါး-လှစိုးဝေရေးသည်၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး စတင် ဖွ...
13/09/2024

ကုလ နှင့် မြန်မာ အခန်းကဏ္ဍ
***************
သတင်းဆောင်းပါး-လှစိုးဝေရေးသည်

၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်၍ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်နေပြီ ဖြစ်သည်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် အမျိုးသား ညီညွတ်ရေး အစိုးရ အား ကိုယ်စားပြု တက်ရောက်နေသည်ကိုလည်း ထုတ်မပြောသော်လည်း အားလုံး သဘောပေါက်ထားပြီး ဖြစ်သည်။ (ပုံတွင် ရှူ)

ကုလ သမဂ္ဂ နှင့် နိုင်ငံတကာ မှ မြန်မာ အရေး တွင် စိုးရိမ်မကင်း ဖြစ်သည်သာ တွင်တွင် ပြောပြီး ဘေးထွက် လက်ပိုက်ကြည့်နေကြသည် ဆိုကာ အားမလို အားမရ ဖြစ်လာကြသည့် အသံများကို အမြဲလို ကြားနေရသည်။

ကိုယ့်ကျင့် သိက္ခာ ပိုင်းအရ ဆိုလျင် ထိုသို့ လက်ပိုက် ကြည့်နေကြခြင်းသည် ၎င်းတို့ အပေါ် တောင် ကမ္ဘာခြမ်း ရှိ နိုင်ငံငယ်များ အဖို့ ကြောင်သူ‌ တော်များသာ ဖြစ်သည်ဆို ကာ အယုံအကြည် မဲ့ရာမဲ့ကြောင်း ဖြစ်လာစေသည်၊ လက်ရှိ အာဏာရှင်များ နှင့် တွန်းထိုး ရုန်းကန်နေရပြီး လစ်ဘရယ် ဒီမို ကရေစီ မြှင့် တင်ရေး တိုက်ပွဲ တွင် ထောက်ခံမှုများ လျော့ကျသွားစေခဲ့သည်။

သို့သော် realpolitik ခေါ် ပကတိ နိုင်ငံရေး အခြေအနေနှင့် နှိုင်းယှဉ် သုံးသပ်မည်ဆိုက ထိုသို့ မြန်မာ အရေး တွင် တုံဏှိဘာဝေ ဖြစ်နေခြင်းသည် ဆန်းကြယ်လှသည်တော့ မဟုတ်။

မြန်မာသည် ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ ဟု ဆိုကာ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး မူဝါဒ ဆိုသည်ကြီးကို တောက်လျောက် ကျင့်သုံးလာခဲ့သည်။ ဖြစ်‌ ပေါ်လာခဲ့သည့် ကမ္ဘာ အရေး အခင်းကြီး များတွင် ကုလသမဂ္ဂ တွင် မဲပေးခဲ့သည်က လွဲ၍ ကောင်းသည် ဆိုးသည် တလုံးတပါဒမျှ မိမိတို့ သဘောထားကို ထုတ်ပြန်ခဲ့ခြင်းမရှိ၊ ဓမ္မ နှင့် အဓမ္မ ဖက် မည်သည့် ဖက်ခြမ်းမှ ရပ်တည်ပေးခဲ့ခြင်း မရှိ။

ထို့အတွက်လည်း မြန်မာ ၏ နိုင်ငံခြားရေး မူဝါဒ သည် မည်သည့်ဖက်ကမှ တလေးတစား မရှိကြတော့၊ တန်ဖိုးထားရမှန်းလည်း မသိတော့ပဲ အပြင်လူ တယောက်ဟုသာ သဘောထားခဲ့ကြသည်။

ရှင်းရှင်း ဆိုရက မြန်မာသည် မည်သူ့ အပေါ်မျှ အကျိုး ပြုခဲ့ခြင်း မရှိပေ။ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး မူဝါဒ ဆိုက မည်သူနှင့် မျှ မပတ်သက်အောင် နေခဲ့သည်။
ဗိုလ်နေဝင်းသည် ထိုစဉ်က ပြင်းထန်လာနေသော စစ်အေး တိုက်ပွဲကြီး အတွင်း ကြားညပ်ကာ ၎င်းအား ဒုက္ခပေးလာမည် စိုး၍ ထိုဝါဒ ကို တီထွင်လာခဲ့ပြီး တိတိကျကျ လိုက်နာခဲ့သည်။

ဆိုဗီယက် ခေါင်း‌ ဆောင် ကရူးရှက်ကလည်း စီးပွားရေး အကူအညီများ ပေးပြီး မြူဆွယ်ခဲ့သည်။

အမေရိကန် တို့ ဗီယက်နမ် ပြည်သူ များ အပေါ် ဗုံးမိုးရွာနေသည်ကိုလည်း တချက်ကလေးမျှပင် ပြစ်တင် ရှူတ်ချခဲ့ခြင်း မရှိ၊ ထို့အတွက် သမ္မတ လင်ဒန် ဂျွန်ဆင်မှ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်နေဝင်း အား နိုင်ငံ အကြီးအကဲ တဦး အဖြစ် အိမ်ဖြူတော်သို့ ပင့်ဖိတ်ကာ မြူဆွယ်ခဲ့ပြန်သည်။ နောက်ဆုံးတွင် မြန်မာ၏ ကြားနေဝါဒ အပေါ် ယုံကြည် နားလည် မှု ရှိပါသည် ဟု အာမခံကာ မြန်မာ အား ဘေးမဲ့ပေးလာခဲ့သည်။ ဗိုလ်နေဝင်း အာဏာ တည်မြဲ နေခြင်းကပင် အမေရိကန် အတွက် တရန်အေးသည်ဟု ယူဆခဲ့ကြသည်၊ ဆိုဗီယက်ကလည်း အလားတူ သဘောထားလာသည်။

၁၉၆၇ တွင် ဖိလစ်ပိုင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီရှား ငါးနိုင်ငံ ဖြင့် စတည် ဖွဲ့စည်းလာသည့် အာဆီယံ အဖွဲ့တွင် ပင် ကွန်မြူနစ် ဆန့်ကျင်
သည့် အမေရိကန် နောက်လိုက်များဆိုကာ ပါဝင်ခဲ့ခြင်း မရှိ၊ ၎င်း၏ ကြားနေရေး ကို ထိခိုက်မည် စိုး၍ ထိုနိုင်ငံများ၏ ဒေသတွင်း ဖွံ့ဖြိုးရေး အစီအစဉ်များ တွင် ပင် ပူးပေါင်း ပါဝင်ခဲ့ခြင်း မရှိပေ။
မြန်မာ သည် ကြားနေလွန်း၍ "ကွမ်းစားရေသောက်" ဘဝ နှင့် ဘေး ရောက်သွားခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည်လည်း ကျားအို ကြီး ဖြစ်လာခဲ့သည်။

အမေရိကန်သည် ၁၉၇၀ နောက် ပိုင်းမှစ၍ ယခုထိ အစ္စရေး အား အရေးယူ ရန် အဆိုမှန်သမျှ ဒိုင်ခံ ဗီတို သုံးလာသည် မှာ အကြိမ် ပေါင်း လေးဆယ် မက ရှိလာခဲ့ပြီ ဖြစ်သည်။ အလားတူပင် တောင်အာဖရိက အစိုးရ၏ အသားအရောင် ခွဲခြားရေး မူဝါဒ ကို အရေးယူရန် ‌တင်သွင်းသည့် အဆိုများအားလည်းဆယ်ကြိမ်မက ဗီတို အာဏာဖြင့် ပယ်ချခဲ့သည်
ခြည်း ဖြစ်သည်။

ထို့အတွက် တရုတ် နှင့် ရုရှားသည်လည်း အ‌နောက်အုပ်စု တင်သွင်းသော အဆို အ‌ တော်များများကို ဗီတိုသုံး၍ ဆန့်ကျင်ကြသည်မှာလည်း အံ့ဩဖွယ်ရာတော့ မဟုတ်ပေ။

ပြည်သူများက "ကုလသမဂ္ဂ အရေးယူဖို့ လူ ဘယ်နှစ်ယောက် ထပ် ‌‌ေ-သ ပေးရဦးမှာလဲ" စာတမ်းဖြင့် ၎င်းတို့ အပေါ် စိတ်ကုန်ခမ်းသွားကြသည် နှင့် အမျှ လက်နက်စွဲကိုင် တော်လှန်လာကြသည်။ လူထု၏ ပံ့ပိုးငွေများ စတင် စီးဝင်လာကြသည်။

ထိုနည်းနှင်နှင့် ပင်၊ အမေရိကန် ဗြူရိုကရက်များကလည်း ဥပဒေ ပြဋ္ဌာန်းထားပြီး ဖြစ်ပါလျက် ၎င်းတို့ အပေါ် အမှု ပတ်မည်စိုး၍ pen pusher များ ဖြစ်ကုန်သည်။

ဆုံးရှုံးသွားသည့် မြို့ရွာများကို တန်ပြန် ထိုးစစ်ဆင်မှုများ လုပ်ဆောင်သွားမည်ဟု မင်းအောင်လှိုင် က ထုတ်ပြောပြီးတဲ့နောက် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာ တပတ်အတွင်း လူ ၁၀၀ ဝန်းကျင် သေဆုံးခဲ့ရသည်ဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။

လတ်တလောတွင် နေပြည်တော် ပတ်ဝန်းကျင်မြို့နယ်များနှင့် ရှမ်းပြည် နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းတို့၌ ရေကြီးမှုများဖြစ်ပေါ်နေပြီး နေအိမ်များနစ်မြုပ်ကာ လူများစွာ ပိတ်မိလျက်ရှိသည်ဟု သိရသည်။ ရန်နိုင်မင်း အဖွဲ့သည် ကယ်ဆယ်ရေး လုပ်ငန်းများ အား ခေါက်ဆွဲခြောက်၊ ရေသန့်ဗူး များ နှင့် မကောင်းတတ်၍ နှမ်းဖြူး နေသည်က လွဲ၍ မည်သူမျှ စိတ်မဝင်စားကြတော၊ လူများကို ကယ်နေ၍ ရာထူး မတိုး၊ ရန်သူကို တိုက်နိုင်မှ ဖြစ်မည်ဟု သိထားကြ၍ လည်း ဖြစ်သည်။
လောဘ၊ ဆင်ခြင်ဉာဏ် မဲ့မှု၊ အကျင့်ပျက် ခြစားမှု များ ဖုံးလွှမ်းနေသည့် ကြားမှ မိုက်မဲမှုများ ထပ်မံ ဖုံးလွမ်း ခံနေရသည့် အဖွဲ့အစည်းလည်း ဖြစ်၍ မကြာမီ အတွင်း သူ့စရိတ် နှင့်သူ ပျက်စီးမှု များ ကြုံရတော့မည်သာ ဖြစ်သည်။

ပြည်သူ တို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!


❗️❗️၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း မိုးရွာသွန်းနိုင်မှုအခြေအနေ ခန့်မှန်း ချက်နှင့် သတိပေးချက်ထုတ်ပြ...
12/09/2024

❗️❗️၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း မိုးရွာသွန်းနိုင်မှုအခြေအနေ ခန့်မှန်း ချက်နှင့် သတိပေးချက်ထုတ်ပြန်ခြင်း

(၁၂-၉-၂၀၂၄)

◾️နိုင်ငံတကာမိုးလေဝသဌာနများ၏ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့၊ နေ့လည်ပိုင်း မိုးရွာသွန်းမှု အခြေအနေခန့်မှန်းချက်များအရ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် အောက်ပိုင်း၊ မန္တလေးတိုင်းအောက်ပိုင်း၊ မကွေးတိုင်းအောက်ပိုင်းနှင့်ပဲခူးတိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ရန်ကုန် တိုင်း နှင့်တနင်္သာရီတိုင်းတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။

ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ရှိ နေရာအချို့တွင် တနေ့တာအတွင်းမိုးရေချိန်စုစုပေါင်း ၈ လက်မမှ ၁၀ လက်မအထိ ရွာသွန်းနိုင်ပါသည်။ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးခြင်း၊ လျှပ်တပျက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိထားသင့်ပါသည်။

◾️၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့တွင် ရခိုင်ပြည်နယ်နေရာအနှံ့အပြားနှင့် ပဲခူးတိုင်းနေရာ အတော်များများတွင် မိုးထစ်ချုန်းရွာသွန်းပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးသည်းထန်စွာရွာသွန်းနိုင်ပါသည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ပါသည်။ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးခြင်း၊လျှပ်တစ်ပျက်ရေကြီးခြင်းနှင့် မြေပြိုခြင်း များကို အထူးသတိထားသင့်ပါသည်။

◾️ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ချင်းပြည်နယ်တို့တွင်နေရာအနှံ့အပြား၊ ပဲခူးတိုင်း၊ မကွေးတိုင်းအရှေ့ခြမ်းနှင့် မန္တလေးတိုင်း၊ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ် ၊ ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပါသည်။ ကျန်ဒေသများတွင် နေရာကွက်ကျားမိုးရွာသွန်းနိုင်ပါသည်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေး တိုင်းအောက်ပိုင်း၊ ပဲခူးတိုင်းနှင့်ကရင်ပြည်နယ်တို့တွင် မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးခြင်း၊ လျှပ်တစ်ပျက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိထားသင့်ပါသည်။

◾️နောက်လာမည့်(၃)ရက်အတွက် မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်များအရ မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်သည့်အတွက် မြစ်ချောင်းများအတွင်းရေကြီးခြင်း၊ မြို့ပြရေကြီးခြင်း၊ လျှပ်တပျက်ရေကြီးခြင်းတို့ကို အထူးသတိ ပြုသင့်ပါသည်။

မိုးများခြင်း၏ နောက်ဆက်တွဲဖြစ်သည့် မြေပြိုကမ်းပြိုခြင်းများ၊ ကားလမ်းရထားလမ်း များရေကျော်ခြင်း၊ ရေကာတာနှင့်ဆည်များရေတိုးခြင်းနှင့် ရေပိုလွှဲမှရေထုတ်လွှတ်ရခြင်းများ ဖြစ်ပေါ် နိုင်သည့်အတွက် မြေနိမ့်ဒေသများနှင့် မိုးတွင်းကာလတွင် ရေဝင်ရောက်လေ့ရှိသည့်နေရာ ဒေသများ တွင် နေထိုင်သည့် ဒေသခံပြည်သူများအနေဖြင့် ရေကြီးရေလျှံမှုအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြ ပါရန်နှင့် လိုအပ်ပါက အချိန်မီရှောင်ရှားနိုင်ပါရန် အသိပေးတင်ပြအပ်ပါသည်။

ရေကြီးစဉ်ကာလအတွင်း ရေနှင့်ဆက်စပ်ဖြစ်ပေါ်တတ်သည့် ဝမ်းပျက်ဝမ်းလျောရောဂါများကိုပါ အထူးသတိထားကာ ရေကိုကြို ချက်၍ဖြစ်စေ၊ ရေသန့်ဆေးခပ်၍ဖြစ်စေ သောက်သုံးကြပါရန် အကြံပြုတင်ပြအပ်ပါသည်။

Ref,PVTV

အရာအားလုံး လက်လွှတ် ဆုံးရှုံး ရမည့် အန္တရာယ် ကြုံ လာနေရသော တရုတ်**********************သတင်းဆောင်းပါး-လှစိုးဝေရေးသည်ဟောင်...
26/08/2024

အရာအားလုံး လက်လွှတ် ဆုံးရှုံး ရမည့် အန္တရာယ် ကြုံ လာနေရသော တရုတ်
**********************
သတင်းဆောင်းပါး-လှစိုးဝေရေးသည်

ဟောင်ကောင် ထုတ် South China Morning Post
သတင်းစာပါ "Does China risk losing it all as it plays both sides in Myanmar’s lengthy civil war?" ဆောင်းပါး မှ ကောက်နှုတ် တင်ပြသည်။

တရုတ်သည် မြန်မာ၏ အခြေခံ အဆောက်အအုံ မျ ဖြစ်‌‌ သော ဆိပ်ကမ်း၊ မီးရထားလမ်း၊ ရေနံ နှင့် ဓါတ်ငွေ့ ကဏ္ဍများ တွင် အကြီးအကျယ် ရင်းနှီးမြုပ်နှံလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကတည်းက ဖြစ်သည်။

အထူးသဖြင့် ၎င်းတို့၏ ရေနံ တင်သွင်း‌မှု တွင် အဓိက အားထားနေရသည့် မလက္ကာ ရေလက်ကြားကို မှီခိုနေရမှု ကို လျော့ချနိုင်ပြီး မြန်မာဖက်ခြမ်းမှ အိန္ဓိယ သမုဒ္ဒရာသို့ တိုက်ရိုက် ဝင်ထွက်နိုင်ရန် ဆိုသည့် ရည်ရွယ်ချက် အတွက် မြန်မာသည် အရေးပါသော ကဏ္ဍ မှ ပါဝင်လာခဲ့သည်။

မြန်မာ၏ ပြည်တွင်းစစ်ပွဲ ကြီး ကြာရှည်လာသည် နှင့် အမျှ အကြမ်းဖက်မှု များ နှင့် မတည်မငြိမ် ဖြစ်လာသည့် အခါတွင်တော့ တရုတ်သည် ၎င်းတို့၏ ပထဝီ မဟာဗျူဟာ နှင့် အကျိုးစီးပွားများ အတွက် အဓိက ဖြန်ဖြေပေးမည့်သူ အဖြစ် ထွက်ပေါ်လာခဲ့သည်။

မကြာသေးမီက တရုတ်သည် သံတမန်ရေးအရ ပျားပန်းခပ်မျှ လှုပ်ရှားလာပြီး မြန်မာရှိ စစ်ခေါင်း‌ဆောင် အ‌သစ် ရော၊ အဟောင်းရောနှင့်ပါ တွေ့ဆုံလာသည်။

ယူကရိန်း နှင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အတွက် တရုတ်သည် အကန့်အသတ် နှင့်သာ ပါဝင်ခဲ့သော်လည်း မြန်မာအရေး တွင်မူ လုံခြုံရေး အရ အရေးတကြီး စိုးရိမ်စရာ အနေအထားများ ရှိလာ၍ နက်နက် ရှိုင်းရှိုင်း ပါဝင် ပတ်သက်လာခဲ့ခြင်း ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

အဓိက အားဖြင့် လားရှိုး ကို တော်လှန်‌ ရေး မဟာမိတ် တပ်များ သိမ်းပိုက် နိုင်လိုက်ခြင်း ကြောင့် ပင် ဖြစ်သည်ဟု ဆိုသည်။ ယင်းသည် တော်လှန်ရေး အတွက် လွန်စွာ အရေးပါသည့် ဖြစ်စဉ်ကြီး လည်း ဖြစ်လာနေ၍ ပဋိပက္ခသည် ရှေ့လျောက် ကြီးထွားလာဖို့ ဖြစ်လာရသည်၊ တရုတ်သည် စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အပေါ် ဩဇာ လွှမ်းမိုး နိုင်စွမ်း ရှိသည့် တခုတည်း‌သော နိုင်ငံလည်း ဖြစ်နေ၍ တရုတ်သည် ကြားဝင်ဖို့ အကောင်းဆုံ အနေအထား ရှိလာသည်။ မေးစရာ ရှိလာသည်က ဘယ်ပုံ ဘယ်နည်း လုပ်မည်နည်း ဆိုသည်ပင်။

တရုတ် အစိုးရသည် ၎င်းတို့ နယ်ခြား အနီး အပစ်အခတ် ရပ်စဲရန် နှစ်ဖက်စလုံးကို ဖိအားများ ပေးလာနေရာမှ ဇန်နဝါရီ တွင် သဘောတူညီချက် ထွက်ပေါ်လာခဲ့သည်။

ဝမ်ယီ၏ ဩဂုတ်လ ၁၄ ရက် နေပြည်တော် ခရီးစဉ် ကြောင့် မင်းအောင်လှိုင် သည် အာဏာသိမ်းပြီးချိန်ကစ၍ တရုတ် အစိုးရ အဆင့်မြင့်ဆုံး အရာရှိ ကြီး တဦး နှင့် တွေဆုံခွင့် ရလာခဲ့သည်။ ထိုမတိုင်မီ နှစ်ပတ်ခန့်က တရုတ် အထူး သံတမန် တိန်ရီချွန်း ရောက်လာခဲ့သည်၊ ပြီးခဲ့သည့် အပတ် အတွင်း တရုတ် သံ အမတ် အသစ် မာကျား ၏ ခန့်အပ်လွှာကို လက်ခံခဲ့သည်။

အင်္ဂါနေ့တွင် ဝမ်ယီသည် ဘီဂျင်းတွင် ကုလ အတွင်းရေးမှူးချုပ်၏ အထူး သံတမန် ဂျုလီ ဘစ်ရှော့ နှင့် တွေ့ဆုံ‌ ဆွေးနွေးခဲ့ပြန်သည်၊ ကုလ၏ မြန်မာ အရေး အား နိုင်ငံရေး အရ အဖြေရှာမှု ကို အပြုသဘော ကဏ္ဍမှ ပါဝင်မှု ကို ထောက်ခံကြောင်း ဘစ်ရှော့အား ပြောခဲ့သည်။

တရုတ်သည် ထိုသို့ ပျားပန်းခပ် လှုပ်ရှားလာမှု သည် မင်းအောင်လှိုင် အတွက် ရွေးကောက်ပွဲသည်သာ တခုတည်းသော ထွက်ပေါက် အဖြစ် မြင်လာ၍ အခြေအနေများ တည်ငြိမ်မှု ရလာအောင် ကြိုးပမ်းပေးလာခြင်း ဖြစ်သည်ဟု ဝါရှင်တန် စတင်ဆန် စင်တာ မှ အရှေ့အာရှ ရေးရာ တာဝန်ခံ ယွန်ဆန် က ဆိုသည်။

စီးပွား‌‌ ရေး အကျိုးအမြတ် အပြင် အထူးသဖြင့် ၎င်းတို့နှင့် နယ်နမိတ် ထိစပ်နေသော နိုင်ငံ တနိုင်ငံ တွင် စစ်ဖြစ်ပွားနေခြင်းကို မလိုလား၍လည်း ဖြစ်သည်။ သို့သော် စစ်တပ်ဖက်က အလျော့ပေး လိုက်လျောရန် ငြင်းဆိုနေ၍ ငြိမ်းချမ်းရေးသည် အလှမ်းဝေးနေဆဲပင် ဖြစ်သည်။

ဘီဂျင်းသည် မြန်မာ အာဏာပိုင်များအား ၁၉၈၀ ကျော်ကတည်းက အသက်ဆက်နိုင်အောင် ကူညီ ပေးလာခဲ့သည်။

ထို့အတွက် တရုတ်မှ ဝင်ရောက် စွက်ဖက်လာခြင်းအပေါ် မယုံကြည်မှု များ၊ သံသယများ ရှိလာသည့် အကျိုးဆက်များ နှင့် ရင်ဆိုင်လာရသည်။

လက်ရှိ မြန်မာ၏ အခြေအနေသည် အတော်လေး အရေးပါလာသည့် အပြင် ရှုပ်ထွေးလာ‌နေသည်။ လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်လွှတ်ခဲ့ရမှု ကြောင့် စစ်တပ်၏ ရှေ့လျောက် လှုပ်ရှားလာမည့် အရှိန်အဟုန် နှင့် ၎င်းတို့ ဆက်လက် ရပ်တည်ပိုင့်ခွင့်ကိုပါ အဓိက စိန်ခေါ်မှု ကြီး ဖြစ်သွားရသည်ဟု ဘီဂျင်းရှိ တွေးခေါ်မျှော်မြင်ရေး အဖွဲ့ တိုင်ဟေး အင်စတီကျုမှ ယင် ယီယွန်းက ထောက်ပြလာခဲ့သည်။

တရုတ် အစိုးရသည် မင်းအောင်လှိုင်အား ယခုထိ တရားဝင် အသိအမှတ် ပြုခြင်းမျိုး မရှိသေးသော်လည်း အာဏာသိမ်းမှု ကို ရှုတ်ချရန် ငြင်းဆိုထားခဲ့ပြီး လက်နက်များ ဆက်၍ ထောက်ပံ့ပေးနေခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်၊ သမ္မတ ရှီကျင့်ပင်၏ နိုင်ငံခြားရေးရာ ထိတ်တန်း အကြံပေး ဖြစ်သူ ဝမ်ယီသည် ၎င်း၏ ခရီးစဉ် အပြီးတွင် အခြေအနေသည် " စိုးရိမ်စရာ ဖြစ်လာနေသည်" ဟု ထုတ်ဖေါ် ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ် ဖြင့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များ ပြန်လည် စတင်ပြီး နိုင်ငံရေး အရ ရင်ကြားစေ့ရေး ကို ထောက်ခံကြောင်း ဝမ်ယီသည် ချင်းမိုင်တွင် ပြုလုပ်သည့် လန်ကန်-မဲခေါင် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။

စစ်ကောင်စီ မီဒီယာ မှလည်း ဝမ်ယီ နှင့် မင်းအောင်လှိုင်သည် "လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ရွေးကောက်ပွဲ" ဖြစ်မြောကိရေး အား အမြင်ချင်း ပွင့်လင်းစွာ ဖလှယ်ခဲ့ကြသည်ဟု ‌ဖေါ်ပြလာသည်။

တရုတ်သည် ၎င်းတို့၏ နယ်ခြားဖြတ်ကျော် ပိုက်လိုင်း အတွက် စိုးရိမ်မကင်း ဖြစ်လာ၍ "ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ" ရှိလာရန် ဝမ်ယီ၏ ကြေညာချက်တွင် ထည့်သွင်း ပြောဆိုလာခြင်း ဖြစ်သည်ဟု ဂျေဆန် တာဝါက ထောက်ပြခဲ့သည်။

စစ်ကောင်စီသည် ဇွန်လ ကုန်ပိုင်း နှင့် ဩဂုတ်လ အစောပိုင်း ကာလ များအတွင်း အရေးပါသည့် တရုတ်-မြန်မာ ကုန်သွယ်ရေး စင်္က်ြန်လမ်းမကြီး တလျောက် နယ်မြေ စတုရန်းမိုင် ၁၁,၅၇၃ လက်လွှတ်ခဲ့ရသည်ဟု လည်း ဆိုသည်။

လားရှိုး ကျသွားပြီးနောက်တွင် အင်အားချိန်ခွင်လျှာသည် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ ဖက် သိသိသာသာ ရောက်ရှိလာပြီ ဖြစ်၍ တရုတ်သည် ၎င်းတို့၏ နယ်ခြားတည်ငြိမ်ရေး နှင့် အကျိုးစီးပွားအတွက် စစ်ကောင်စီသည် အရေးပါ‌သော နေရာတွင် မရှိတော့ဟုလည်း ပြောခဲ့သည်။

ထို့အတွက်လည်း ပဋိပက္ခ၏ လားရာ အပေါ် ဩဇာ လွှမ်းနိုင်ရန် ယခင်ကထက် ပို၍ ပတ်သက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

ဝမ်ယီသည် ၎င်းကိုယ်တိုင် နေပြည်တော်သို့ ပေါက်ချ လာခြင်းဖြင့် စစ်ကောင်စီသည်သာ မြန်မာ၏ အဓိက အာဏာပိုင် အဖွဲ့အစည်း ဟု ဘီဂျင်းက လက်ခံထားဆဲ ဖြစ်သည်ကို တော်လှန်ရေး အဖွဲ့များ နှင့် အိမ်နီးခြင်း နိုင်ငံများ အား ချပြလိုက်ခြင်းလည်း ဖြစ်သည်။

တရုတ် အစိုးရသည် လက်နက်ကိုင် အဖွဲ့များကို "ပြည်ပ" မှ ကူညီနေသည်ဟု မင်းအောင်လှိုင်၏ အပြော‌အပေါ် အတော်လေး စိတ်အနှောက်အယှက် ဖြစ်သွားခဲ့သည်။ ၎င်းတို့ ရှုံးနိမ့်ရခြင်း၏ အဓိက အကြောင်းသည် တရုတ်၏ စွက်ဖက်နေခြင်းကြောင့်ဟု မင်းအောင်လှိုင်က ဆိုလိုခြင်း ဖြစ်သည်။

တရုတ်သည် ပြည်တွင်းရေး ကို ဝင်မစွက် ဟူသော ‌၎င်းတို့၏ နိုင်ငံခြားရေး မူဝါဒ ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစိတ်တပိုင်း အဖြစ် စစ်ကောင်စီ ၏ အနေအထားကို ပြောင်းလဲပစ်ရန် အတင်းအကျပ် လုပ်၍ မရ ဖြစ်နေသည်။

တရုတ်သည် နိုင်ငံရေး နည်းဖြင့် အဖြေထွက်နိုင်ရန်
ရွေးကောက်ပွဲ လမ်းကြောင်းကို ဂမူးရှူးထိုး ကြိုးပမ်းလာခြင်း ဖြစ်သည်၊ ထိုသို့ ဖြစ်မလာက ၎င်းတို့ ရင်းနှီးမြုပ်နှံထားသမျ သဲထဲရေသွန် ဖြစ်သွားပေတော့မည်။

ဝမ်ယီ၏ ခရီးစဉ် အပြီး တွင် အမေရိကန် အရာရှိများ နှင့် အမျိူးသား ညီညွတ်ရေး အစိုးရ တို့ အွန်လိုင်းမှ ဆွေးနွေးခဲ့ကြရာ ဝါရှင်တန်မှ ဒီမိုကရေစီ အင်အားစု များကို ဆက်လက်ထောက်ခံပြီး စစ်ကောင်စီအား ဖိအားများ တိုးပေးသွားမည်ဟု ကတိပြုလာခဲ့သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!


ကော့မှူးအရှေ့ခြမ်း ကျွဲလူးအိုင်ကျေးရွာ(ရွာသစ်)ကံသုံးကံကျေးရွာနဲ့ ကျေးရွာတချို့မှာ အကြမ်းဖက်အုပ်ချုပ်ရေးမှူးတွေက ကျေးရွာလ...
22/08/2024

ကော့မှူးအရှေ့ခြမ်း ကျွဲလူးအိုင်ကျေးရွာ(ရွာသစ်)ကံသုံးကံကျေးရွာနဲ့ ကျေးရွာတချို့မှာ အကြမ်းဖက်အုပ်ချုပ်ရေးမှူးတွေက ကျေးရွာလူထုအပေါ် ဖိနှိပ်မှုတွေ ပြုလုပ်နေ
--------------------
KNA|August 22,2024./

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အရှေ့ခြမ်း ကျွဲလူးအိုင်ကျေးရွာ(ရွာသစ်) ကံသုံးကံကျေးရွာနဲ့ ကျေးရွာတချို့မှာ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေကကျေးရွာလူထုအပေါ် အာဏာပြဖိနှိပ်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ကျွဲလူးအိုင်ကျေးရွာမှာ ပြည်သူအပေါ်အာဏာပါဝါပြလို့ နာမည်းဆိုးနဲ့ ကျော်ကြားတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတင်မြင့်ဆိုသူ ပြုတ်သွားပြီးနောက် စစ်အုပ်စုက ထပ်မံခန့်အပ်လိုက်တဲ့ မြင့်ရွှေဆိုသူက အရင်အုပ်ကြီးထက်ပိုဆိုးနေတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

အဆိုပါ အကြမ်းဖက်အုပ်ကြီးမြင့်ရွှေဆိုသူဟာ အကြမ်းဖက်စစ်ကောင်စီတပ်တွေပေါ်တာဆွဲဖို့လာတဲ့အခါ ၎င်းရဲ့ဆွေးမျိုးနဲ့ မိသားစုတွေကိုသာကြိုတင်ရှောင်ရှားခိုင်းပြီး ကျန်ဒေသခံပြည်သူတွေကိုအသိမပေးပဲထားတာကြောင့် စစ်ကောင်စီရန်ကြောက်လို့ဒေသခံတွေညဘက်ကောင်းကောင်းမအိပ်ရပဲ တိမ်းရှောင်သူတွေ တိမ်းရှောင်နေရတယ်လို့ သိရှိရပါတယ်။

အလားတူ ကံသုံးကံကျေးရွာမှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ဒေသခံတွေအပေါ် အာဏာပြဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကော့မှူးမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကို ဒေသခံတွေကို ရွာအဝင်အထွက်တွေမှာ ညဘက်ကင်းစောင်ခိုင်းတာတွေရှိပြီး တချို့ကျေးရွာတွေမှာ စစ်ကောင်စီကခေါ်ယူသင်တန်းပေးထားသူတွေက ကင်းစောင့်တာဝန်မယူပဲ ဒေသခံတွေကိုသာကင်းစောင်ခိုင်းပြီး ကင်းမစောင့်နိုင်တဲ့ဒေသခံတွေအပေါ်ဖိနှိပ်တာ စစ်တပ်ကိုနာမည်ပေးတိုင်ကြားတာမျိုးတွေ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေအတွင်း ပြည်သူလူထုတရပ်လုံးအခက်အခဲအကြပ်အတည်းဖြစ်နေချိန် ကိုယ်တိုင်ကင်းမစောင့်နိုင်ရင် လူအငှားထည့်ပေးရတဲ့အခြေအနေတွေရှိတာကြောင့် ကင်းစောင့်ခိုင်းတဲ့သူတွေကို အရေးယူဆောင်ရွက်မှုတွေ လုပ်စေချင်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။

"အခုက အကုန်လုံးခက်ခဲကြပ်တည်းနေကြတာ အဲ့တာကို ဘာမှမဟုတ်တဲ့ ကင်းစောင့်ခိုင်းတယ် စောင့်ချင်ရင် သူတို့အုပ်စုတွေကိုယ်ဘာသာစောင့်ပေါ့ အလကားပြည်သူကို ဒုက္ခပေးနေကြတာ သေလဲမသေနိုင်ကြဘူး လူအငှားထည့်ရင်လဲ တညကို ၈ထောင် ၁သောင်းပေးနေရတာ ငှားလဲမထည့်နိုင်ဘူး သွားလဲ မစောင့်ချင်ဘူး"လို့ အလှည့်ကျကင်းစောင့်ရသူ ဒေသခံတစ်ဦးက Kawhmu News Agencyကိုပြောပါတယ်။

ရွာလုံခြုံရေးအတွက်လို့ အကြောင်းပြကာ စစ်အုပ်စုအပေါင်းအပါ‌တွေက ဒေသခံပြည်သူတွေအပေါ် အဓမ္မဖိနှိပ်တာတွ ကင်းစောင့်ခိုင်းမှုတွေအပေါ် Kawhmu News Agencyအနေနဲ့ မြေပြင်အခြေအနေအသေးစိတ်ကိုစုံစမ်းမှုများပြုလုပ်နေပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအရေးယူဆောင်ရွက်နိုင်ဖို့ နောက်ပိုင်းမှာ အမည်၊ဓာတ်ပုံတွေနဲ့တကွဖော်ထုတ်တင်ပြပေးသွားမှာဖြစ်ပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီနဲ့ အုပ်ကြိးတွေရဲ့ ဖိနှိပ်ယုတ်မာမှုတွေရှိရင် အချက်အလက် အတိအကျနဲ့ Kawhmu News Agency page messagerကနေတဆင့် ပေးပို့နိုင်ပါတယ်။

မင်းအောင်လှိုင် အား တပ်တွင်း မကျေနပ်မှု များ ပိုများလာနေ***********************သတင်းဆောင်းပါး-လှစိုးဝေရေးသည်ပြီးခဲ့သည့် ...
22/08/2024

မင်းအောင်လှိုင် အား တပ်တွင်း မကျေနပ်မှု များ ပိုများလာနေ
***********************
သတင်းဆောင်းပါး-လှစိုးဝေရေးသည်

ပြီးခဲ့သည့် အပတ် အတွင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ ရောက်မလာမီ တပ်တွင်း အာဏာသိမ်းပွဲ ဖြစ်ပွားနေသည် ဆိုသော ကောလဟသ များ နှင့် ဝမ်ယီ မှ မင်းအောင်လှိုင်အား စောင်းပါးရိပ်ခြေ ပြစ်တင် ကြိမ်းမောင်းသွားခဲ့သည်။
လက်ရှိ စစ်မြေပြင် တွင် အ‌ခြေမလှ ဖြစ်လာနေသည့် အချိန် တွင် ထိုအကြောင်းခြင်းရာ နှစ်ခု အတွက် ခိုင်လုံသော နောက်ခံ အကြောင်းများ ရှိနေသည်ဟု အစချီကာ ဝါရှင်တန် စစ်ကောလိပ်မှ ပါမောက္ခ နှင့် ဂျော့ခ်ျတောင်း တက္ကသိုလ် တွဲဖက် ပါမောက္ခ ‌ဇာကာရီ အဘူဇာက RFA တွင် ယခုလို ရေးသားလာခဲ့သည်။
တော်လှန်ရေး တပ်ပေါင်းစု၏ စစ်ရေး တွင် အသာစီး ရလာမှု သည် စစ်မြေပြင် အနေအထားကို လုံးဝဥသုံ ပြောင်းလဲသွားစေခဲ့သည်။ ထိုအ‌နေအထားမှ စစ်တပ် အဖို့ ပြန်၍ နာလံထူလာနိုင်မည့် အလားအလာများကို တွေ့ရဖို့ ခက်ခဲလာနေသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီးချိန်ကစ၍ စစ်စခန်းပေါင်း ၂,၀၀၀ ကျော်ကို လက်လွှတ်ခဲ့ရပြီး အာရက္ခ တပ်တော်သည် ရခိုင် ပြည်နယ် မြောက်ပိုင်း တကြောလုံး နီးပါး ကို သိမ်းယူ ထားပြီး တောင်ပိုင်းကိုလည်း အလျင်အမြန် ထိုးစစ်ဆင်နေရာ ခုခံမှု မဆိုသလောက် သာ ရှိနေသည်။ (နောက်ဆုံးသတင်းအရ မောင်းတော မြို့ ရပ်ကွက် အတော်များများကို သိမ်းပိုက်နိုင်ခဲ့ပြီဟု သိရသည်)
ကချင်လွတ်လပ်ရေး တပ်တော်သည်လည်း တရုတ်ပြည်ဖက်သို့ ဖြတ်ကျော် ကူးသန်းရာ စခန်း အားလုံးလိုလိုကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။ ယခုအခါ မြစ်ကြီးနား နှင့် ဗန်းမော် မြို့အစပ်သို့ ချဉ်းကပ်လာနေသည်။ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်များ နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်တော်သည်လည်း ရှမ်းပြည် မြောက်ပိုင်း ဒေသတခုလုံးကို ထိန်းချုပ်ထားပြီး ဖြစ်သည်။
ပဋိပက္ခ ဖြစ်စဉ်များကို စဉ်ဆက်မပြတ် လေ့လာ စောင့်ကြည့်နေသော အဖွဲ့၏ ခန့်မှန်းချက်အရ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း စစ်တပ်ဖက်မှ အကျ အဆုံး ၆,၀၀၀ ခန့် ရှိနေသည်ဟု သိရသည်။ ကမန်းကတန်း စုဆောင်းလာပြီး လေ့ကျင့်မှု မပြည့်ဝ သော လူသစ်များ သာ ရှေ့တန်းသို့ ရောက်လာကြသည်။
လားရှိုးကို ကာကွယ်ရန် စစ်တပ်သည် အင်အား ၅,၀၀၀ ခန့် စုစည်း နိုင်ခဲ့ပြီး လေကြောင်းပစ်ကူ များ ဖြင့် ထောက်ကူ ပေးနိုင်ခဲ့သော်လည်း လက်လွှတ်ခဲ့ရပြီး တပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များ စုစုပေါင်း ၅,၀၀၀ ခန့် လက်နက်ချခဲ့ရသည်။
မကြာသေးမီက အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် မှ နိုင်ငံရှိ မြို့ စုစုပေါင်း၏ ၃၀ ရာနှုန်းသည် စစ်တပ်လက်အောက်မှ လွတ်မြောက်လာပြီ ဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ၇၄ မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး တနိုင်ငံလုံး ၏ သုံးပုံ တပုံရှိသော မြို အရည် အတွက် ကိုသာ စစ်တပ်မှ အပြည့်အဝ ထိန်းချုပ်ထားနိုင်တော့သည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေး စတင်လာချိန်ကစ၍ စစ်တပ်သည် မြေလှန်စနစ် ကျင့်သုံးခဲ့‌ သော်လည်း ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်၍ သိမ်းနိုင်ခဲ့သည် ဆိုသည်က မရှိသလောက် ဖြစ်သည်၊ (ကရင်နီ စစ်မျက်နှာ မှ လွဲ၍)။
ဤနေရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အောင်မြင်မှု များကိုသာ အာရုံစိုက် နေကြပြီး NUG ၏ ပြည်သူ့ကာကွယ်ရေး တပ်များ ကိုမူ အလေးပေး ပြောဆိုမှု လျော့နည်းနေသည်။
စတင် ဖွဲ့စည်းလာသည့် ၂၀၂၁ တွင် လက်နက် အင်အား ဟူ၍လည်း မယ်မယ်ရရ မရှိ၊ မြို့ကြီးပြကြီး များ မှ ထွက်ပြေးလာကြသော လူငယ်များ ဖြစ်၍ စစ်မြေပြင် တွင် သေကြေ ကြဖို့သာ ရှိသည်ဟု ထင်ကြေး ပေးခဲ့ကြသည်။
KNLA နှင့် TNLA အဖွဲ့များက စစ်သင်တန်းများ ပေးခဲ့ကြပြီး လက်နက်ခဲယမ်း များအား အတိုင်းအတာတခုအထိ ခွဲဝေပေးခဲ့ကြသည်။ ၂၀၂၂ နှင့်၂၀၂၃ တွင်တော့ NUG သည် လက်နက်များကို မှောင်ခိုဈေးကွက် မှ ဝယ်နိုင်ရန် ရံပုံငွေများ ထောက်ပံ့ပေးလာနိုင်ခဲ့သည်။
နောက်ပိုင်းတွင် ဝယ်ယူရသည်ထက် စစ်‌ မြေပြင် တွင် သိမ်း၍ ရသည့် လက်နက်များက ပိုများ‌‌ နေသည်။
PDF များသည် စည်းကပ်သေဝပ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်နိုင်ရန် ဆိုသည့် နိုင်ငံရေး ရည်မှန်းချက် အတွက် လွန်စွာမှ စိတ်အား ထက်သန်နေကြသူများ ဖြစ်သည်။ ၎င်းတို့ တတ်ကျွမ်းသော နည်းပညာ များ ဖြင့် အရပ်သုံး ဒရုန်းများကို ERO နှင့် စစ်တပ်ထက် စောလျင်စွာ အသုံးချ နိုင်ခဲ့ကြသည်။
NUG သည် ၁၀၂၇ စစ်ဆင်ရေးများ တွင် လိမ္မာ ပါးနပ်စွာဖြင့် PDF များအား တိုက်ပွဲ အတွေ့အကြုံ ရင့်ကျက်နေသော ERO တပ်များ၏ လက်အောက်ခံ အဖြစ် ထည့်သွင်း တိုက်ပွဲ ဝင်စေခဲ့သည်။ PDF များသည်လည်း ပြီးခဲ့သည့် နှစ် နှစ် အတွင်း တိုက်စွမ်းရည် များ ထက်မြက်လာပြီး အချို့ဒေသများ တွင် ၎င်းတို့က အဓိက ဦးဆောင် တိုက်ပွဲ ဝင်လာခဲ့သည်။
မန္တလေး PDF သည် ရှမ်းမြောက်‌ဒေသ ရှိ TNLA တို့၏ အောင်မြင်မှုများ မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရှမ်း တောင်တန်းများ ဆီမှ ဧရာဝတီ အရှေ့ဖက်ကမ်းသို့ ရောက်ရှိလာပြီး မန္တလေး မြောက်ဖက် မိုင် ၃၀ အကွာရှိ စဉ့်ကူ မြို့ကို သိမ်းယူ နိုင်ခဲ့သည်။ ယင်းနှင့် အတူ စစ်တပ်၏ ဗန်းမော်ဖက် ထောက်ပို့ လမ်းကြောင်း ၃၁၁ ကို ဖြတ်တောက်နိုင်ခဲ့ခြင်းသည်ကပင် ERO များ နှင့် ဗျူဟာပိုင်း အတူ ညှိနှိုင်း တိုက်ပွဲ ဝင်ခဲ့သည့် သက်သေ သာဓက များပင် ဖြစ်သည်။
မန္တလေး PDF သည် ဆက်လက် တိုက်ပွဲ ဝင်လာရာ ပြီးခဲ့သည့် အပတ်အတွင်း တကောင်းမြို့ကို သိမ်းပိုက် နိုင်ခဲ့သည်။
မြို့များကို သိမ်းပိုက် နိုင်ခဲ့ခြင်းကြောင့် အဝေးပြေး လမ်း မ ကြီးကို ထိန်းချုပ်လာနိုင်ခဲ့သည်။ လက်နက်ကြီးများ ရရှိနိုင်မည် ဆိုလျှင် ဧရာဝတီ မြစ်ကြောင်း တလျောက် တပ်များ ‌ရွေ့လျားမှု နှင့် ထောက်ပို့ လမ်းကြောင်းကို ပါ ဖြတ်တောက်နိုင်မည် ဖြစ်သည်။
မန္တလေး အားလည်း ကြို့ကြား ကြို့ကြား တိုက်ခိုက်လာနေပြီ ဖြစ်သည်။ မန္တလေး ၏ အနောက်တောင်ဖက် မိုင် ၆၀ အကွာရှိ မြင်းခြံတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလာနေပြီး တောင်သာ တွင် PDF တပ်ရင်း လေးရင်း ပေါင်းစည်း မိလာသည်။
PDF တပ်ရင်း အချို့သည် နွားထိုးကြီး မြို့အား တိုက်ခိုက်လာကြသည်။ စစ်တပ်သည် စစ်ကူ ၂၀၀ ခန့် ပို့ပြီး ပြန်၍ သိမ်းယူခဲ့သည်။ တရုတ် ရေနံပိုက်လိုင်း ကြားစခန်းကို ခေတ္တခဏမျှ ထိန်းချုပ် နိုင်ခဲ့သည်။
PDF သည် ၎င်းတို့၏ အောင်မြင်မှုများကို မြို့ခံလူထုက သောင်းသောင်းဖျဖျ ကြိုဆိုကြသည့် ဗီဒီယို ဖိုင်များဖြင့် ထုတ်လွှင်လာခဲ့သည်။
စစ်ကိုင်း မြို့တောင်ဖက်တွင် တိုက်ပွဲများ ပြင်းထန်လာနေပြီး အရှုံးများနှင့် ရင်ဆိုင်လာရ‌ သော စစ်တပ်သည် ဂမူးရှုးထိုး ဖြစ်လာပြီး လက်နက်ကြီးများ နှင့် ပစ်ခတ်ခြင်း၊ ရွာများကို မီးတင်ရှို့ ဖျက်ဆီးပစ်ခြင်း၊ ဖြတ် လေး ဖြတ် ကျင့်သုံးလာခြင်း များနှင့် လက်တုန့်ပြန်လာခဲ့သည်။ လူထု အား ၎င်းတို့ထံ ဒူးထောက် အညံ့ခံလာစေရန် ရုရှား ပုံစံ လူသူ ကင်းမဲ့သွားသည်အထိ ကြံစည်လာခြင်း ဖြစ်သည်။
ထိုသို့သော အနေအထားများ ဖြစ်ပေါ်နေချိန်တွင် မင်းအောင်လှိုင်သည် ဝမ်ယီအား လက်ခံ တွေ့ဆုံခြင်းဖြင့် ၎င်းကို ဖြုတ်ချ လိုက်ပြီ ဆိုသော ကောလဟသများကို ပြယ်ပျက် သွားစေခဲ့သည်။
တိုက်ပွဲ များ အရေးနိမ့်လာမှု နှင့် ၎င်း၏ တရားခံ ရှာတတ်သော အမူအကျင့်များကြောင့် တပ်တွင်းတွင် အထိတ်တလန့် နှင့် မကျေနပ်မှု များ တိုးပွားလာနေသည်။
၂၀၂၄ ထဲမှာပင် စစ်တိုင်းဌာနချုပ် ၁၄ ခု ရှိသည့် အနက် ၇ ခုတွင် တိုင်းမှုးများ အသစ်လဲလှယ် ခန့်ထားပြီး ဖြစ်သည်။ အရှေ့မြောက်တိုင်းတွင် နှစ်လ အတွင်း တိုင်းမှုး သုံးယောက် ပြောင်းသွားခဲ့သည်။
တြိဂံဒေသ၊ အရှေ့မြောက်နှင့် အလယ်ပိုင်းတိုင်းတို့မှ
တပ်မှုးများ၊ လက်ထောက်အများအပြား ဖမ်းဆီးခံခဲ့ရသည်။၂၀၂၂ ဇန်နဝါရီ လမှ စ၍ လက်ရှိရာထူး တွင် မြဲနေသည့် တိုင်းမှုးဟူ၍ တဦးသာ ကျန်တော့သည်။ စိုးဝင်းကိုပင် ‌ဒီ အတိုင်း မထားတော့ပဲ စစ်ဆင်ရေးများအား ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ရန်‌ စေလွှတ်လာခဲ့သည်။
စစ်ကောင်စီသည် ရင်ဆိုင်လာနေရသော အရှုံးများ ကြောင့် အပြစ်ပုံချရမည့် တရားခံများ တိုး၍ ရှာလာနေမှု များကြောင့် ၎င်းတို့ အရှုံးသည် ပို၍ပင် တန်ဖိုးကြီးကြီး ပေးဆပ်လာရသည်။
တပ်တွင်း တွင် အတိုက်အခံ များ များပြားလာခြင်း၊ ဘဏ္ဍာရေး နှင့် ထောက်ပို့ ပိုင်းများတွင် အခက်အခဲများ ရှိလာနေခြင်း တို့ကြောင့် မည်သည့် နည်းနှင့်မျှ တန်ပြန် ထိုးစစ်ဆင်နွှဲ ဖို့ ဆိုသည်က ဖြစ်မလာ နိုင်တော့မည့် အပြင် ဖြစ်လာမည် ဆိုကလည်း အရှုံးများ နှင့်သာ ရင်ဆိုင်ရတော့မည် ဖြစ်သည်ဟု ရေးသားထားသည်။
မင်းအောင်လှိုင်သည် သမ္မတ ဖြစ်ရေးကိုယ်သာ ယတြာချေ ဆု‌ တောင်း ခဲ့သော်လည်း သမ္မတ တယောက်တွင် ရှိသင့်ရှိထိုက်သည့် ခေါင်းဆောင်မှု အရည်အသွေးများ ရရှိလာရန်ကိုမူ ဆုတောင်းရန် မေ့ လျော့နေခဲ့သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

Illustration credit - Radio Free Asia


Address

Kawhmu
123321

Opening Hours

Monday 07:00 - 23:00
Tuesday 07:00 - 23:00
Wednesday 07:00 - 23:00
Thursday 07:00 - 23:00
Friday 07:00 - 23:00
Saturday 07:00 - 23:00
Sunday 07:00 - 23:00

Telephone

+60138225974

Website

https://www.youtube.com/@kawhmunewsagency21

Alerts

Be the first to know and let us send you an email when Kawhmu News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kawhmu News Agency:

Videos

Share