John Thang

John Thang Preach the word! Teaching, Preaching and Sharing The Word of God.

လူတယောက်ကို ချစ်မိသွားဖို့ first impression မှာ ရုပ်ရည်က အဓိက ကျချင်ကျလိမ့်မယ်။ အချိန်အကြာကြီး ချစ်နိုင်ဖို့ ကတော့ သူ့ရဲ...
09/07/2024

လူတယောက်ကို ချစ်မိသွားဖို့ first impression မှာ ရုပ်ရည်က အဓိက ကျချင်ကျလိမ့်မယ်။
အချိန်အကြာကြီး ချစ်နိုင်ဖို့ ကတော့ သူ့ရဲ့ အကျင့်စရိုက်၊ စိတ်နေသဘောထား၊ အပြုအမူတွေကပဲ ဆုံးဖြတ်သွားမှာ။

ဘယ်လောက်ပဲ ရုပ်ရည်ချောမောနေပါစေ၊ အချိန်ကြာလာတာနဲ့ အမျှ စိတ်ထားမကောင်းတာ၊ ကိုယ်ချင်းမစာတတ်တာ၊ နေထိုင်မှု မသန့်ရှင်းတာတွေကြောင့် တဖြည်းဖြည်းနဲ့ သူ့ ရဲ့ လှပတဲ့ ရုပ်ရည်ကို မမြင်နိုင်တော့ဘဲ ရွံစရာအတွင်းစိတ်ကိုပဲ သိလာပြီး မလေးစားနိုင်တော့ဘဲ ရှောင်ဖယ်ခံရလိမ့်မယ်။

ရုပ်ရည်မလှပခဲ့ရင်တောင် သူတပါးကို ကူညီတတ်ရင်၊ နိမ့်ပါးသူကို စာနာတတ်ရင်၊ အရာရာတိုင်းကို ကိုယ်ချင်းစာစိတ်နဲ့ ဆက်ဆံတတ်ရင် ဖြူစင်တဲ့ စိတ်နှလုံးကြောင့် သူ့ရုပ်ရည်ကို အကြည်ဓာတ်နဲ့ လှပတယ်လို့ ခံစားရလိမ့်မယ်။

အပေါ်ယံရုပ်ရည်ဆိုတာလဲ အမြဲတည်တံ့နေမှာမှမဟုတ်တာ။ ပိုပြီးချောမောလှပတဲ့လူတွေ၊ငယ်ရွယ်နုပျိုတဲ့လူတွေ အမြဲ‌ထပ်တွေ့နေရဦးမှာပဲ။ ဒီလူတယောက်ထဲအနားမှာ မခွဲမခွာရှိဖို့ဆိုတာ စိတ်နှလုံးချင်းချည်နှောင်နိုင်မှလေ။

နှစ်တွေအများကြီး မြတ်နိုးဖို့ ၊ နောက်ထပ် နှစ်တွေအကြာကြီး အတူရှိဖို့ အရေးကြီးတာကတော့ ချစ်ခင်လေးစားဖွယ်ရာလူဖြစ်နေဖို့ ပဲလိုတာပါ။ မလေးစားရတဲ့လူ၊ စရိုက်မတူတဲ့လူဆိုရင်တော့ စွန့်ပစ်ခြင်းခံရမှာပါပဲ။

Thaw Hnin Oo

17/12/2023

Mihring lam ah chuan rei ti thin mah se, Kan Pathian Chu a tlai ngai lo a ni.


🔹အိမ်တစ်အိမ်ရဲ့စည်းကမ်းကိုသိချင်ရင်🔹ရေချိုးခန်း အိမ်သာ ထိုင်ခွက်ကိုကြည့်ပါ။🔹စည်းလုံးမှုကို သိချင်ရင်တော့🔹ထမင်းဝိုင်းကို ...
27/11/2023

🔹အိမ်တစ်အိမ်ရဲ့စည်းကမ်းကိုသိချင်ရင်
🔹ရေချိုးခန်း အိမ်သာ ထိုင်ခွက်ကိုကြည့်ပါ။

🔹စည်းလုံးမှုကို သိချင်ရင်တော့
🔹ထမင်းဝိုင်းကို ကြည့်ရပါမယ်တဲ့။

🔹လူတစ်ယောက်ရဲ့စည်းကမ်းကိုသိချင်ရင်တော့
🔹ဖိနပ်ချွတ်ပုံကိုကြည့်ရင်သိနိုင်တယ်။

🔹လူမှုအဆင့်အတန်းကိုသိချင်ရင်
🔹အိပ်ခန်း နဲ့ အိပ်ယာကိုကြည့်ပါ တဲ့။

🔹စာနာမှုနဲ့ ကြင်နာတရားသိချင်ရင်တော့
🔹စကားအပြောအဆို စကားလုံးနဲ့ ဆက်ဆံမြုကို
🔹ကြည့်နိုင်ပါတယ်။

🔹ယဉ်ကျေးမှုကို သိချင်ရင်
🔹ကိုယ်ဟန်မူယာကနေသိနိုင်ပါတယ် တဲ့။

🔹အိမ်တအိမ်ရဲ့ ကျန်းမာရေးအတွက်ကိုတော့
🔹မီးဖိုချောင်ကို ကြည့်ပါ။

🔹မေတ္တာတရားနဲ့ပျော်ရွှင်မှုကိုသိချင်ရင်တော့
🔹အိမ်ရှင်မရဲ့အဆင်းရူပကာ ကိုကြည့်ပါတဲ့။

🔹ဒါ တကယ့်ကို အမှန်တရားတွေပါ။။

Crd
Sharing by John 😍

23/11/2023

𝐓𝐡𝐚𝐭 𝐥𝐨𝐧𝐚𝐤 𝐤𝐡𝐚 𝐭𝐡𝐚𝐭 𝐥𝐨𝐡𝐧𝐚𝐤 𝐢𝐧 𝐥𝐞𝐡𝐫𝐮𝐥 𝐡𝐥𝐚𝐡; 𝐁𝐚𝐰𝐢𝐩𝐚 𝐫𝐢𝐧𝐬𝐚𝐧 𝐚𝐰𝐥𝐚 𝐚 𝐥𝐨 𝐫𝐮𝐧 𝐝𝐢𝐧𝐠.


04/11/2023

𝐈𝐧 𝐊𝐢𝐥𝐤𝐡𝐚𝐰𝐢 𝐓𝐮 𝐏𝐚𝐭𝐡𝐢𝐚𝐧 .
Amah cu kan Pathian a si.
Kannih cu a kilkhawi mi
a minung kan si ih,
A khalh mi tuurual kan si.
A thusimmi cu tuih sun ah ngai hnik uh:
95:7

🌄🌅
🌿🌱☘️

03/11/2023

𝐊𝐚𝐧 𝐇𝐢𝐦𝐧𝐚𝐤 𝐁𝐚𝐰𝐢𝐩𝐚
Bawipa in inn cu a sak lo ahcun,
Inn saktu pawl ih hnaṭuan cu a lak a si.
Bawipa in khuapi cu a kil lo ahcun,
Khua kiltu pawl ih kilvennak cu a lak a si.(Saam 127:1)


Thalaiten tihtak zet a Pathian anfak lai aia hmuh nuam hi thildang engmah a awm lo e.
02/11/2023

Thalaiten tihtak zet a Pathian anfak lai aia hmuh nuam hi thildang engmah a awm lo e.

  ☺️☺️
01/11/2023

☺️☺️

06/09/2023

ဒေသနာ ----------- ပုံကောင်းသက်သေ
အ‌‌ခြေပြုကျမ်း ---- ၁ တိ ၄ :၁၂

I've just reached 600 followers! Thank you for continuing support. I could never have made it without each one of you. 🙏...
06/09/2023

I've just reached 600 followers! Thank you for continuing support. I could never have made it without each one of you. 🙏🤗🎉

29/08/2023

မှန်ကန်ရာကို ယနေ့လုပ်ဆောင်ခြင်း၏ အကြောင်းအရင်းမှာ မနက်ဖြန်ကြောင့် ဖြစ်သည်။


28/08/2023

Pathian zohtu in a kutcak an sorih mah leh mah zohaw tu in beidongnak an hmu țheu. Pathian zohtu le mah le mah zohawtu ih danglamnak cu lei le van tlukin a hla aw.

23/08/2023

ဘဝ၏ စိန်ခေါ်ချက်များသည်
ကျွန်ုပ်တို့ကို ချိုးဖဲ့ရန်မဟုတ် ကျွန်ုပ်တို့ ဘုရားသခင်ဘက်သို့ ကိုင်းညွတ်စေရန်ဖြစ်သည်။


Send a message to learn more

သိန်းငှက်မ တစ်ကောင်ဟာ ဥဥဖို့အတွက် တောင်ပေါ်မှာပေါက်တဲ့ သစ်ပင်ရှာတယ်အဲ့ဒီသစ်ပင်ထဲမှာတောင်   အမြင့်ဆုံးသစ်ပင်ပေါ်မှာ   အသိ...
26/07/2023

သိန်းငှက်မ တစ်ကောင်ဟာ
ဥဥဖို့အတွက် တောင်ပေါ်မှာပေါက်တဲ့ သစ်ပင်ရှာတယ်
အဲ့ဒီသစ်ပင်ထဲမှာတောင်
အမြင့်ဆုံးသစ်ပင်ပေါ်မှာ အသိုက်ကိုဆောက်တယ်

ပထမတော့ အသိုက်ကို
ကြီးတဲ့သစ်ကိုင်း သစ်ခက်တွေနဲ့ ဆောက်လုပ်ပါတယ်
အဲဒီအထဲမှာ သစ်ရွက်ခြောက်တွေ ထည့်တယ်
နောက်တော့မှ သူမရဲ့ အမွေးနုတွေကို
နှုတ်သီးနဲ့ ဆွဲနှုတ်ပြီး ထည့်တယ်
နောက်တော့ အဲ့ဒီအပေါ်မှာ ဥကိုဥလိုက်ပါတယ်
ဥကများများ မဥပါဘူး တစ်လုံး နှစ်လုံးပါပဲ
အဲဒီဥပေါ်မှာ သိန်းငှက်မကြီး ဝပ်တယ်

အချိန်တန်တော့လည်း
ဥထဲက သိန်းငှက်ကလေးတွေ ပေါက်လာတယ်
သိန်းငှက်မကြီး က ငယ်သေးတဲ့
သိန်းငှက် ကလေးတွေအတွက် အစားရှားကျွေးပါတယ်

သိန်းငှက်ကလေးတွေ အမွှေးနုတွေထွက်လာပြီ ဆိုရင်
သိန်းငှက်မကြီးက အသိုက်ထဲမှာရှိတဲ့
အမွေးနုတွေကို ဖယ်ရှားပစ်တယ်

နောက်မကြာခင်မှာပဲ
သိန်းငှက်ကလေးတွေ ရဲ့ အမွေးတွေရှည်လာရင်
သိန်းငှက်မကြီး က
သစ်ရွက်ခြောက်တွေ ဖယ်ရှားလိုက်တယ်
သဘော ကတော့
ကြမ်းတမ်းတဲ့ သစ်ကိုင်းသစ်ခက်တွေရဲ့
အထိအတွေ့နဲ့ ကြီးပြင်းစေချင်လို့ပါ

နောက်မကြာခင်မှာပဲ
သိန်းငှက်ကလေးတွေ ရဲ့
အတောင်ပံတွေက ရှည်သထက် ရှည်လာတယ်
ပျံသန်းလို့ ရနိုင်တဲ့ အချိန်ကို ရောက်ပြီလို့
သိန်းငှက်မကြီးက ယူဆတဲ့အချိန်မှာ
သိန်းငှက်ကလေးတွေကို
အသိုက်ထဲက တွန်းချလိုက်တယ်

သိန်းငှက်ကလေးတွေက
ယက်ကန်ယက်ကန် နဲ့
တောင်ပေါ်အသိုက်ထဲက ပြုတ်ကျသွားတယ်
မပျံနိုင်သေးလို့ ကျောက်ကြိုကျောက်ကြားထဲ
ကျလို့ မရသေးဘူး ထင်ရင်
သိန်းငှက်မက အသိုက်ထဲကို ပြန်ချီလာတယ်

သိပ်မကြာခင်မှာပဲ
သိန်းငှက်မကြီးက သူရဲ့သားသမီးတွေကို
အသိုက်ထဲက တွန်းချပြန်တယ်

ဒီလိုနည်းနဲ့ပဲ
အကြိမ်ကြိမ် အခါခါ တွန်းချပါတယ်

သိန်းငှက်ကလေးတွေဟာ
လေထဲမှာ ဝဲပြီးပျံသန်းနိုင်ပြီဆိုတာနဲ့
အစစအရာရာ ကိုယ့်တာဝန် ကိုယ်ယူပေတော့
ဒီမှာ သိန်းငှက်မကြီးရဲ့ တာဝန်ပြီးပြီ ...

👇👇👇👇👇

အမေရိကန်နိုင်ငံသား တွေဟာ
သိန်းငှက်ပုံပြင်လိုပဲ
သူတို့သားသမီးတွေကို
လမ်းလျှောက်တတ်ခါစမှာဘဲ
အမှိုက်ပုံးမှာ ကိုယ့်အမှိုက်ကို
ကိုယ်ပစ်တတ်အောင် သင်ပေးတယ်

အရွယ်နဲ့အမျှ တတ်နိုင်တဲ့
တာဝန်ကို ထမ်းဆောင်ဖို့ လေ့ကျင့်ပေးတယ်

အသက်( ၁၈ ) နှစ်ပြည့်ရင်တော့
သိန်းငှက်မက အသိုက်ထဲက
တွန်းချလိုက်သလိုမျိုး တွန်းချလိုက်တာပဲ

ကိုယ့်စရိတ် ကိုယ်ရှာပြီး
ကောလိပ် တက္ကသိုလ်တက်ပေတော့
ဘွဲ့မရခင်မှာဘဲ
လုပ်ငန်းအတွေ့အကြုံက အမျိုးမျိုးရနေပြီ

ယောက်ျားရော မိန်းမပါ
အရွယ်ရောက်တာ နဲ့
ကားကိုလည်း
ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်နေပြီ
သေနတ်တိုင်းကိုလည်း
ကျွမ်းကျွမ်းကျင်ကျင်ပစ်တတ်နေပြီ
ရေကူးခြင်း အတတ်ပညာကိုလည်း
ကောင်းကောင်း ကျွမ်းကျင်နေပြီ
နိုင်ငံပေါင်းမြောက်များစွာကိုလည်း ရောက်ဖူးနေပြီ

သားသမီးတွေကို မိဘများအနေနဲ့
ဘဝမှာ အကောင်းဆုံးလက်ဆောင်ဟာ
တစ်သက်လုံး သုံးလို့ မကုန်တဲ့ ငွေမဟုတ်
ပါဘူး

ရင်ခွင်ထဲမှာ
အမြဲတမ်းထည့်ထားဖို့လည်း မဟုတ်ပါဘူး
ဘွဲ့လက်မှတ်လည်း မဟုတ်ပါဘူး

အိမ်ထောင်ဖက်
ကောင်းကောင်းကို ရွေးပေးတာလည်း မဟုတ်ပါဘူး

မိဘများအနေ နဲ့ သားသမီးတွေကို
ပေးသင့်တဲ့ အကောင်းဆုံး
လက်ဆောင်ကတော့

ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးတဲ့ စိတ်ဓာတ်ပါ

ကိုယ့်ကိုယ်ကို
ယုံကြည်အားကိုးစိတ်ကိုရနိုင်တဲ့
အကောင်းဆုံးနည်းလမ်းတစ်ခုက တော့
သူတို့ကြောက်နေတဲ့ အလုပ်ကို
သူတို့ကို လုပ်ခွင့်ပေးလိုက်ခြင်းဖြစ်တယ်
မိဘများအနေနဲ့ ထိန်းကြောင်းပေးဖို့ပဲ လိုပါတယ်

သူတို့ကို အကြိမ်ကြိမ်အခါခါ တွန်းချဖို့ လိုပါတယ် ...

Credit

18/07/2023

Bawipa kha sunlawih hmaisa awla...
cun midang mit hmai ah a lo sunlawih ve ding.

09/07/2023

ဘာကြောင့်အမှုတော်ဆောင်အများစု စားဝတ်နေရေးချို့တဲ့ကြတာလဲ
-----------------------------------------------------------------

အကြောင်းရင်းများစွာရှိနိုင်ပါတယ်။ အဲဒီထဲကတစ်ခုက လုံလောက်တဲ့ထောက်ပံ့မှုမရကြလို့ပဲဖြစ်ပါတယ်။ လုံလောက်တဲ့ထောက်ပံ့မှုမရတဲ့အကြောင်းရင်းတွေလည်းအများကြီးရှိနိုင်ပါတယ်။ အဲဒီထဲကတစ်ခုက အချို့သော ယုံကြည်သူတွေရဲ့ မှားယွင်းနေတဲ့ အတွေးအခေါ် (mind set) ကြောင့်ဖြစ်ပါတယ်။ မှားယွင်းနေတဲ့ အစွန်းရောက်တဲ့ အတွေးအခေါ် (mind set) နှစ်ခု ရှိတယ်။ တစ်ခုက အမှုတော်ဆောင်ဆိုတာ ဆင်းရဲရမယ်။ နောက်တစ်ခုက အမှုတော်ဆောင်ဆိုတာချမ်းသာရမယ်ဆိုတဲ့ အတွေးအခေါ် (mind set) တွေပဲဖြစ်ပါတယ်။

ဒီစာမှာ အစွန်းတစ်ခုဖြစ်တဲ့ အမှုတော်ဆောင်ဆိုတာ ဆင်းရဲရမယ် လို့ခံယူနေတဲ့ ယုံကြည်သူတွေကို အားပေးချင်တာဖြစ်ပါတယ်။ အမှုတော်ဆောင် ဆိုတာချို့ချို့တဲ့တဲ့နေရမယ် ဆိုတဲ့ အတွေးအခေါ် (mind set) ကြောင့် အသင်းတော် budget တွေလုံလုံလောက်လောက်ရှိနေပေမဲ့ အမှုတော်ဆောင်‌တွေရဲ့ အခြေခံလိုအပ်ချက်ကိုတောင် မဖြည့်ဆည်းနိုင်တဲ့ အသင်းတော်တွေလည်းရှိလာပါတယ်။ ဒါကြောင့်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဘာပြောသလဲ ဆိုတာကို ဆင်ခြင်သွားမှာဖြစ်တယ်။

ယေဘုယျအားဖြင့် ယုံကြည်သူတိုင်းဟာ ဘုရားရဲ့အစေခံများဖြစ်ကြတယ် ။ ဒါပေမဲ့ ဘုရားသခင်ရဲ့အမှုတော်ကို အချိန်ပြည့်လုပ်ဆောင်နိုင်ဖို့ အချို့သောသူတွေကို ဘုရားက ခေါ်ထားပါတယ်။ ဘာ့ကြောင့်လည်းဆိုရင် အမှုတော်နဲ့သက်ဆိုင်တဲ့ အလုပ်တွေကို လုပ်ဆောင်ဖို့ လူတိုင်းက အချိန်ပြည့်မအားလပ်ကြလို့ပါ။

@ ဓမ္မဟောင်းကျမ်းရဲ့သွန်သင်ချက်

ဣသရေလ ၁၂ မျိုးဟာလည်း ယေဘုယျအားဖြင့် ဘုရားရဲ့အမှုတော်ဆောင်တွေဖြစ်ကြပါတယ်(ထွက်၊၁၉း၅-၆)။ ဒါပေမဲ့ လေဝိအမျိုးကို အချိန်ပြည့်အမှုတော်ဆောင်ဖို့ ဘုရားက ခေါ်ထားပါတယ် (တော၊၁၈း၂၁-၂၆)။ ဒီလေဝိအမျိုးက ကိုးကွယ်ခြင်းနဲ့သက်ဆိုင်တဲ့အရာတွေကို တဲတော်မှာ အချိန်ပြည့်အမှုထမ်းဆောင်ဖို့ဖြစ်ပါတယ်။

ဘုရားက ကျန်တဲ့ ၁၁ မျိုးကိုပဲ အမွေမြေပေးခဲ့ပေမဲ့... လေဝိအမျိုးအတွက် အမွေမြေကို ဘုရားမပေးခဲ့ပါဘူး(တော၊၁၈း၂၄ခ)။ လေဝိတွေရဲ့ အမွေကတော့ ဣသရေလ ၁၁ မျိုးရဲ့ ဆယ်ဖို့တစ်ဖို့ပဲ ဖြစ်ပါတယ် (တော၊၁၈း၂၁ခ)။ အဲဒီဆယ်ဖို့တစ်ဖို့မှာ ဂျုံ၊ပြောင်း၊ဝိုင်၊ဆီနှင့်အခြားအရာတွေပါဝင်ပါတယ်။ လေဝိလူတွေကို ဒီဆယ်ဖို့တစ်ဖို့ပေးတယ်ဆိုတာ သူတို့ရဲ့လုပ်အားခအနေနဲ့ဖြစ်ပါတယ်။ တကယ်တော့ ကနဦး ဆယ်ဖို့တစ်ဖို့ရဲ့ အဓိကရည်ရွယ်ချက်က အမှုတော်လုပ်ငန်းအတွက်ဆိုတာထက် အမှုတော်မှာ အစေခံနေတဲ့ လူတွေ အတွက်သာဖြစ်ပါတယ်။

@ ဓမ္မသစ်ကျမ်းရဲ့သွန်သင်ချက်

ခရစ်တော်ဘုရားကလည်း အခုလိုသွန်သင်ခဲ့တယ်...”ရွှေငွေ၊ကြေးတို့ကို ခါးပန်းထဲ၌မသိုမှီးကြနှင့်။ လမ်းခရီးသို့လွယ်အိတ်၊အင်္ကျီနှစ်ထည်၊ ခြေနင်း၊တောင်ဝေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကိုခံထိုက်ပေ၏” (မ၊၁၀း၉-၁၁)။

တမန်တော်ရှင်ပေါလုကလည်းအခုလိုမေးခွန်းထုတ်ပြီးသွန်သင်ခဲ့တယ် (၁ကော၊၉း၇-၁၄)...

“အဘယ်သူသည် ကိုယ့်စရိတ်ကိုသုံး၍စစ်မှုကိုထမ်းရသနည်း”
“အဘယ်သူသည် ဥယျဥ်ကို စိုက်ပျိုးပြီး အသီးကို မစားဘဲနေရသနည်း”
“အဘယ်သူသည် သိုးထိန်းလုပ်၍ သိုးနို့ကိုမသုံးဘဲနေရသနည်း”
“စပါးနင်းနယ်သောနွား၏ နှုတ်ကို မချုပ်တည်းရ”။

ရှင်ပေါလုက ထပ်ပြီးရှင်းပြတာက အမှုတော်ဆိုတာ ကြီးမားတဲ့လယ်ကွက်နဲ့တူကြောင်း(၁ကော၊၉း၁၀)။ လယ်ကွက်မှာ ထွန်ယက် စိုက်ပျိုးသူက သူ့ရဲ့လိုအပ်မယ့်အရာတွေအတွက် မျှော်လင့်ပြီး အလုပ် လုပ်ဆောင်ခွင့်ရှိတယ်။ အဲလိုပဲ အမှုတော်ဆောင်တွေကလည်း ဆုလက်ဆောင်တွေနှင့် အလှူငွေတွေကိုလက်ခံဖို့ အခွင့်အရေးရှိကြောင်း သွန်သင်ထားတယ်။

@ အမှုတော်ဆောင်တွေကို ထောက်ပံ့မှုချို့တဲ့ရင် ဘာတွေဖြစ်နိုင်သလဲ

ဘုရားအမှုတော်တွက် အချိန်ပြည့်လုပ်ဆောင်နိုင်ခြင်းမှာအတားအဆီးဖြစ်လာနိုင်တယ်။ ဒီအဖြစ်ပျက်မျိုးကို နေဟမိခေတ်မှာတွေ့ရပါတယ်။ ဣသရေလတွေက လေဝိလူတွေကို လုံလုံလောက်လောက်မထောက်ပံ့ပဲ လျစ်လျူရှုတဲ့အခါ လေဝိလူတွေ အမှုတော်ကို မထမ်းဆောင်နိုင်တော့ပဲ သူတို့စားဝတ်၊နေ‌ရေးအတွက် လယ်ယာတွေပြန်လုပ်နေရတဲ့အကြောင်းတွေ့ရတယ် (နေဟမိ၊၁၃း၁၀-၁၂)။

ဒါကြောင့်အချိန်ပြည့်အမှုတော်‌ဆောင်များကို လုံလောက်စွာထောက်ပံ့သင့်ကြောင်းကို သမ္မာကျမ်းက အခုလိုသွန်သင်ထားပါတယ်။

“နှုတ်ကပတ်တော်ကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ” (ဂလာ၊၆း၆)

“ကောင်းမွန်စွာအုပ်သော သင်းအုပ်တို့သည် အလှူနှစ်ဆကိုအထူးသဖြင့် ခံထိုက်သော သူဖြစ်သည်ဟုလည်းကောင်းမှတ်ရမည်” (၁တိ၊၅း၁၇)။

@ နိဂုံး

ဘုရားခေါ်ထားတဲ့ စစ်မှန်တဲ့ အချိန်ပြည့်အမှု‌တော်ဆောင်ဆိုတာ ထောက်ပံ့ကြေးလုံလုံလောက်လောက်ရချင်လို့ အမှုတော်ဆောင်ဖို့ဆုံးဖြတ်ခဲ့ကြတာမဟုတ်ပါဘူး။ စာဝတ်နေရေးလုံလောက်ဖို့သာ ရည်ရွယ်ချက်ရှိမယ်ဆို အပြင်အလုပ်တွေသာ လုပ်ဆောင်ဖို့ ရွေးချယ်ကြပါလိမ့်မယ်။ တချို့ဆို ဘုရားကိုချစ်တဲ့စိတ်နဲ့ လက်ရှိဝင်ငွေကောင်းတဲ့အလုပ်တွေကိုတောင် စွန့်လွှတ်ခဲ့ကြတယ်မဟုတ်လား။ ဘုရားအတွက်ဆို အားလုံးကိုရင်ဆိုင်ဖို့ပြင်ဆင်ပြီးသားပါ။ သို့သော် မြင်တွေ့နေရတာက အချို့သော ယုံကြည်သူတွေရဲ့မှားယွင်းတဲ့ အတွေးအခေါ် (mind set) ကြောင့် အမှုတော်ဆောင်တွေ မချို့တဲ့သင့်ဘဲ ချို့တဲ့နေတာပါ။

သင်ပါဝင်နေတဲ့ အသင်းတော်၊အဖွဲ့စည်းမှာရှိတဲ့ အချိန်ပြည့်အမှုတော်ဆောင်တွေရဲ့အနည်းဆုံး အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဟာ ယုံကြည်သူတိုင်းရဲ့ဘုရားပေးထားတဲ့တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေများကို သင်ပါဝင်နေတဲ့ အသင်းတော်မှာ သစ္စာရှိစွာပါဝင်ပါ။ အသင်းတော်အဖွဲ့စည်များရဲ့ Budget တွေ လုံလုံလောက်လောက်ရှိရင်တော့ အချိန်ပြည့်အမှုတော်ဆောင်များကို လုံလောက်စွာပေးကမ်းဖို့ အားပေးပါရစေ။

to James Htang Awm

Address

Kalemyo

Telephone

+959893196635

Website

Alerts

Be the first to know and let us send you an email when John Thang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to John Thang:

Videos

Share

Category