Myanmar Cele News

Myanmar Cele News ​လူငယ်​ဖတ်​ သုတရသစာပေတွေ free ဖတ်ရအောင
(60)

I got 2,018 reactions and 64 replies on my recent top post! Thank you all for your continued support. I could not have d...
09/04/2024

I got 2,018 reactions and 64 replies on my recent top post! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

မြန်မာ့ဂုဏ်ဆောင် အောင်လဆန်ဆန်းကိုယ်တိုင် အနီးကပ်လေ့ကျင့်ပြင်ဆင်ပေးခဲ့ပင်မယ့် အရှုံးနဲ့ပဲရင်ဆိုင်ခဲ့ရပြန်တဲ့ တီရယ်ထန်တီရယ...
07/04/2024

မြန်မာ့ဂုဏ်ဆောင် အောင်လဆန်ဆန်းကိုယ်တိုင် အနီးကပ်လေ့ကျင့်ပြင်ဆင်ပေးခဲ့ပင်မယ့် အရှုံးနဲ့ပဲရင်ဆိုင်ခဲ့ရပြန်တဲ့ တီရယ်ထန်

တီရယ်ထန်ရဲ့ ပွဲကိုကြည့်မယ်ဆိုရင် စွမ်းဆောင်ရည်ပိုင်းတွေ ထွေထွေထူးထူး တိုးတတ်လာတာမျိုး မတွေ့ရပါဘူး။

အောင်လအန်ဆန်းကိုယ်တိုင် အနီးကပ်လေ့ကျင့်ပြင်ဆင်ပေးခဲ့ပင်မယ့်လည်း ဒီတစ်ကြိမ်မှာလည်း တီရယ်ထန်ကို ကံတရားက မျက်နှာသာ မပေးခဲ့ပြန်ပါဘူး။

နောက်ပွဲတွေမှာ အကောင်းဆုံးကြိုးစားပြီး အောင်မြင်မှုတွေပြန်လည်ရရှိဖို့ ဆန္ဒပြုပါတယ်။ အရှုံးကနေ သင်ခန်းစာယူပြီး နောက်ပွဲတွေမှာ အသုံးချနိုင်ဖို့ လိုနေပါပြီ ….

ပထမအချီိမှာပဲ ကွမ်လီရဲ့ အလဲထိုးခြင်းကို ခံလိုက်ရတဲ့ တီရယ်ထန်တီရယ်ထန်ဟာ ကွမ်လီရဲ့ ထိုးချက်မိပြီး နောက်ပြန်လဲကျချိန်မှာ ဒိ...
06/04/2024

ပထမအချီိမှာပဲ ကွမ်လီရဲ့ အလဲထိုးခြင်းကို ခံလိုက်ရတဲ့ တီရယ်ထန်

တီရယ်ထန်ဟာ ကွမ်လီရဲ့ ထိုးချက်မိပြီး နောက်ပြန်လဲကျချိန်မှာ ဒိုင်ကပွဲရပ်လိုက်ပါတယ်။

တီရယ်ထန်ကတော့ ဒိုင်ပွဲရပ်တာစောလို့ စောတကတက်ခဲ့ပါသေးတယ်။ နည်းလည်းစောသွားတယ်ထင်ပါတယ်။

06/04/2024

* စိုးလင်းဦး အနေနဲ့ ဘယ်ခြေနေပဲ ရောက်ရောက် တစ်ဖက်က ဘယ်လောက်ပဲ အမှတ်ယူကစားကစား
အမှောက်သိပ်နိုင်ဖို့ပဲ။ ဒါမှ အကွက်ဆင်ဖို့ ခက်ခဲတဲ့
ပွဲ တစ်ပွဲ ဖြစ်လိမ့်မယ်။ ထိုင်းဖိုင်တာနဲ့ အမှတ်ချင်းယှဥ်ကစားဖို့ဆိုရင် စိုးလင်းဦး အတွက် ခက်ခဲနိုင်ပါတယ် ။
ဒါကြောင့် ပွဲတိုင်းမှာ စိုးကြီး အတွက် အလှဲထိုးပဲ ဖြစ်ပါစေလို့ပဲ ဆုတောင်းပါတယ်...။
Lethwei Fighters in ONE Championship .

* စိုးလင်းဦးအတွက် ပရိတ်သတ် ထင်ထားသလို ဖြစ်လာဖို့ဆိုတာ..... ကဲ ပရိတ်သတ်ကြီးရေ Thai fight မှာ ဘရော်နီကာ နောက်ဆုံး ထိုးသတ်...
06/04/2024

* စိုးလင်းဦးအတွက် ပရိတ်သတ် ထင်ထားသလို ဖြစ်လာဖို့ဆိုတာ.....

ကဲ ပရိတ်သတ်ကြီးရေ Thai fight မှာ ဘရော်နီကာ
နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ပွဲကို မှတ်မိကြဦးမှာပါ။
အရမ်းကို ရုပ်ပေါက်ခဲ့သလို မြန်မာ ပရိတ်သတ်တွေ
တွက် မခံမရပ်နိုင်ဖြစ်ခဲ့ ကြရပါတယ်။🥊
* ပြောချင်တာက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး မဟုပဲ
သူများနိုင်ငံမှာ ချန်ပီယံ ဖြစ်ဖို့ဆိုတာ ကိုယ်ဘက်က
အစွမ်းကုန်ကြိုးစားပြီး ထိုးသတ်နိုင်ရင်တောင် သူ့တို့
ဘက်က ယုတ်မာခဲ့ရင် ဘာမှ လုပ်မရပါဘူး။

* စူပါလတ်နဲ့ ရော့ထန်ပွဲကိုပဲ ကြည့်ပါ ထိုင်းအချင်းချင်းတောင် ONE က စူပါလတ်ကို ချန်ပီယံ ဖြစ်စေချင်တော့ ရော့ထန် အသာစီးရခဲ့တာတောင် စူပါလတ်ကို အနိုင်ပေးခဲ့ပါတယ်။ ရော့ထန် လှဲကျ ပြီး ချက်ချင်းပြန်ထလာချိန်မှာ ဒိုင်ကလည်း ချက်ချင်း အမှတ်စဥ် ရေခဲ့တယ် ။ ဒါတွေက ONE ဘက်က ကြိုတင် စီစဥ်ထားခဲ့တဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။🥊

အလားတူပဲ ခွန်ခမာ ဘုရင် ပရွန်ဆမ်နမ်ကို
ဒေဝနဲ့ ထွန်းထွန်းမင်း တို့နှစ်ဦးစလုံး အစီးထိုးနိုင်ခဲ့ပေမဲ့
ဘယ်တော့မှ နိုင်ပွဲ မပေးခဲ့ပါဘူး။🥊
* ထိုကဲ့ သို့ သာဓက တွေများစွာ ရှိနေခဲ့သလို ခုထိလည်း ရှိနေဆဲပါ။ ဒါကြောင့် ပူပူနွေးနွေး နာမည်ရလာတဲ့ စိုးလင်းဦးကို ထိုင်းဖိုက်တာ Seksan နဲ့ ONE ဘက်က ပွဲတည်ပေးခဲ့မယ်ဆိုရင် စိုးကြီးအနေနဲ့ ဒီအချက်တွေကို
ကောင်းစွာ သိလိမ့်မယ်လို့ထင်ပါတယ် ။ အဓိကတော့ သူတို့ ဆင်တဲ့ ခွင်ထဲ မရောက်ဖို့ပါပဲ ။ စိုးကြီးလို နာမည်ရခါက ဖိုက်တာ တစ်ယောက်ကို သူတို့ ထိုင်းဖိုက်တာက အနိုင်ယူပြလိုက်တယ်ဆိုရင် အဲ့သတင်း ONE အတွက် ဘယ်လောက် ဟိုးလေး တကြော်ကြော် ဖြစ်သွားမလဲ??
ONE ဘက်က သူတို့ ထိုင်းဖိုက်တာ ဘယ်လောက်ကောင်းတယ်ဆိုတာ မချပြပဲ ဘယ်နေချင်ပါ့မလဲ ။🥊
ကိုယ့်ငါးချဥ်တော့ ကိုယ်ချဥ် ချင်ကြတဲ့ သူတွေချည်းပါ။
အခုလို စိုးလင်းဦး ONE မှာ နိုင်ပွဲယူပြထားတဲ့ အထဲမှာ ထိုင်းဖိုက်တာ တစ်ယောက်မှ မပါသေးပါဘူး။

* စိုးလင်းဦး အနေနဲ့ ဘယ်ခြေနေပဲ ရောက်ရောက် တစ်ဖက်က ဘယ်လောက်ပဲ အမှတ်ယူကစားကစား
အမှောက်သိပ်နိုင်ဖို့ပဲ။ ဒါမှ အကွက်ဆင်ဖို့ ခက်ခဲတဲ့
ပွဲ တစ်ပွဲ ဖြစ်လိမ့်မယ်။ ထိုင်းဖိုင်တာနဲ့ အမှတ်ချင်းယှဥ်ကစားဖို့ဆိုရင် စိုးလင်းဦး အတွက် ခက်ခဲနိုင်ပါတယ် ။
ဒါကြောင့် ပွဲတိုင်းမှာ စိုးကြီး အတွက် အလှဲထိုးပဲ ဖြစ်ပါစေလို့ပဲ ဆုတောင်းပါတယ်...။🥊
.

ယနေ့ ယှဉ်ပြိုင်ရမယ့် တီရယ်ထန်ရဲ့ ပွဲကို လိုက်ပါဝန်းရံ သွားမယ့် ကချင်သားကြီး အောင်လအန်ဆန်း
05/04/2024

ယနေ့ ယှဉ်ပြိုင်ရမယ့် တီရယ်ထန်ရဲ့ ပွဲကို လိုက်ပါဝန်းရံ သွားမယ့် ကချင်သားကြီး အောင်လအန်ဆန်း

လက်ဖြန့်ပြီး ဆော့တတ်တဲ့ ကစားသမားတွေ သတိထားရမဲ့ အရာပါ မတော်တဆ ဆိုပေမယ့်တစ်ချို့အရာတွေ က ဆောတီးပြောမရတာတွေ ရှိတယ် ဒါကြောင်...
01/04/2024

လက်ဖြန့်ပြီး ဆော့တတ်တဲ့ ကစားသမားတွေ သတိထားရမဲ့ အရာပါ မတော်တဆ ဆိုပေမယ့်
တစ်ချို့အရာတွေ က ဆောတီးပြောမရတာတွေ ရှိတယ် ဒါကြောင့် ပထမ တစ်ခေါက်က ဖြစ်ခဲ့တဲ့အမှားကို တသက်စာအတွက်
သင်ခန်းစာယူလိမ့်မယ်လို့ ယုံကြည်ပါတယ် သံမဏိစိုးလင်းဦးရေ။

သူ့ရဲ့ စီနီယာဖိုက်တာတွေဖြစ်ကြတဲ့ အောင်လအန်ဆန်း ၊တီရယ်ထန်တို့နဲ့ မကြာခင် USမှာ ဆုံရတော့မယ့်လို့ ပြောလာခဲ့တဲ့ ဘယ်ရော်နီကာဘ...
01/04/2024

သူ့ရဲ့ စီနီယာဖိုက်တာတွေဖြစ်ကြတဲ့ အောင်လအန်ဆန်း ၊တီရယ်ထန်တို့နဲ့ မကြာခင် USမှာ ဆုံရတော့မယ့်လို့ ပြောလာခဲ့တဲ့ ဘယ်ရော်နီကာ

ဘယ်ရော်နီကာကတော့ ဒီတစ်ခေါက်စာချုပ်ပြည့်တာနဲ့ Thai Fightကနေထွက်ခွါတော့မှာဖြစ်ပါတယ်။

ONEပိုင်ရှင် ချက်ထရီကလဲ ဘယ်ရော်နီကာကို ခေါ်ယူချင်နေပြီး ဘယ်ရော်နီကာကိုယ်တိုင်ကလဲ ONEကို ပြောင်းရွေ့ဖို့ ဆန္ဒပြင်းပြနေပါတယ်။

Dream Match စိုးလင်းဦးကို အသက် ၅ နှစ်လောက်သာ ပြန်ငယ်ပေးလို့ရရင် မွေထိုင်းချန်ပီယံ ironman ရော့ထန်နဲ့ တွဲပေးချင်လိုက်တာ။ ...
31/03/2024

Dream Match

စိုးလင်းဦးကို အသက် ၅ နှစ်လောက်သာ ပြန်ငယ်ပေးလို့ရရင် မွေထိုင်းချန်ပီယံ ironman ရော့ထန်နဲ့ တွဲပေးချင်လိုက်တာ။ စိုးလင်းဦးကလည်း man of steel ဆိုတော့ iron နဲ့စာရင် ပိုမာမလားလို့လေ။

ဘရော့နီကာနဲ့ စတမ့်

စိုးလင်းဦးနဲ့ ရော့ထန် ဆိုရင်

မြန်မာတွေအဖို့ သိပ်ကြည့်ကောင်းမှာ သေခြာတယ်။ ဒါပေမယ့် One MMA experience အရ မြန်မာလက်ဝှေ့ကျော်တွေဟာ ထိုင်းချန်ပီယံတွေကို မယှဉ်နိုင်လောက်သေးပါဘူး။ 😇

သံမဏိလူသား စိုးလင်းဦးလည်း ပေါ်တူဂီပြိုင်ဖက်ကို ဒုတိယအချီမှာ အလဲထိုးကာ ချက်ထရီဆီက ဘတ် ၃၅၀,၀၀၀ ဘောနပ် ရမယ်လို့ ထင်ထားခဲ့ပေ...
29/03/2024

သံမဏိလူသား စိုးလင်းဦးလည်း ပေါ်တူဂီပြိုင်ဖက်ကို ဒုတိယအချီမှာ အလဲထိုးကာ ချက်ထရီဆီက ဘတ် ၃၅၀,၀၀၀ ဘောနပ် ရမယ်လို့ ထင်ထားခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ မျက်လုံးထဲလက်ချောင်းထိုးထည့်မိလို့ အဝါကပ်ထိပြီး ဘောနပ်စ် ဆုံးရှုံးခဲ့ရပါတယ်။

ပြိုင်ဖက်ရဲ့လူပုံပန်းဟန်အရ ပွဲမစခင် စိုးလင်းဦးအတွက် အနည်းငယ်စိုးရိမ်ခဲ့ပေမယ့် စိုးလင်းဦးဟာ ပွဲအစကတည်းက လက်ရည်အသာ၊ ဗျူဟာအသာ၊ ယုံကြည်ချက်အပြည့်နဲ့ အသာစီးကနေ ပြိုင်ဖက်ကို သင်ခန်းစာပေးနိုင်ခဲ့ပါတယ်။ ဘန်ကောက်ရဲ့ဒီနေ့ညဟာ မြန်မာဖိုက်တာတွေအတွက် လက်တွေ့တဲ့ညလို့ ဆိုရပါလိမ့်မည်။ 👍

29/03/2024

ဂျော့ရှုဝါဗန်ရဲ့ ပွဲ ပျက်

မွေထိုင်းပွဲမှ အတွေးစများ (၂) အရင်ဆောင်းပါးက (၁) ဆိုတော့ အခုက နံပါတ် (၂) ပါပဲ။ ဟိုနေ့မှာ ဆမ်ချိုင်းက အောင်ဟိန်းကို ပထမအခ...
27/03/2024

မွေထိုင်းပွဲမှ အတွေးစများ (၂)

အရင်ဆောင်းပါးက (၁) ဆိုတော့ အခုက နံပါတ် (၂) ပါပဲ။ ဟိုနေ့မှာ ဆမ်ချိုင်းက အောင်ဟိန်းကို ပထမအချီမှာ အလဲထိုးခဲ့ပါတယ်။ ဆမ်ချိုင်းက ကြိုးတန်းပေါ်တက်ပြီး လည်ပင်းကို လက်နဲ့ကန့်လန့်ဖြတ်ပြလိုက်သေးတယ်။ အောင်ပွဲခံပုံနဲ့ ပတ်သက်လို့ မြန်မာပရိသတ်တချို့ကလည်း ဘဝင်ကျမယ်မထင်ပါဘူး။ ဆန်ချိုင်းအတွက်တော့ ဒါမျိုးတွေက ရိုးဟိုးဟိုးနေပါပြီ။ အောင်ဟိန်းတင်မကဘဲ မြန်မာ့ရိုးရာလက်ဝှေ့လောကကိုပါ ဟာသလုပ်သွားတာပါ။

ကျွန်တော်တို့က ဂုဏ်ယူလို့ရတယ်။ ဂုဏ်ယူစရာမရှိတဲ့ လက်ရှိအခြေအနေမှာ ဝမ်သာချင်ပါတယ်။ ဥပမာ ချင်းလေး Joshua Van လို့ပဲ ပြောရမှာပါ။ သူက နိုင်ပွဲဆက်ပြီး UFC အဖွဲ့အစည်းကို ရောက်လာတာမလား။ UFC အဖွဲ့အစည်းမှာ ကစားခွင့်ရတဲ့ ပထမဦးဆုံး မြန်မာပြည်ဖွားလို့ ဂုဏ်ယူလို့ရသေးတယ်။ အောင်ဟိန်းကျတော့ အဲလိုမဟုတ်ပြန်ပါဘူး။ အရင်ပြိုင်ဘက်ကိုလည်း ရှုံးလာသေးတယ်။ ရှံးတာထက် အဆင့်မရှိသလို ကစားခဲ့တာပါ။ လျှာထုတ်ပြပြီး အံကြိတ်ခံသလို ဘာမှလုပ်မပြနိုင်ပါဘူး။ ဒါကိုတောင် ဆမ်ချိုင်းကို ထိုးခွင့်ရတဲ့ ပထမဦးဆုံး မြန်မာကစားသမားဆိုပြီး ဂုဏ်ယူနေတယ်ဆိုရင် ပေါက်လွှတ်ပဲစားနိုင်လွန်းတယ်။ ဂုဏ်ယူစရာလည်း မကောင်းပါဘူး။

အခုပွဲမှာ အောင်ဟိန်းက ဆမ်ချိုင်းကို Body Kick ကန်နိုင်ခဲ့တယ်။ တစ်ပွဲလုံးမှာ ကြံဖန်ချီးကျုးစရာဆိုလို့ ဒါလေးပဲ ရှိခဲ့တာပါ။ အောင်ဟိန်းက ဆမ်ချိုင်းရဲ့ အမြင့်ကန်ချက်ထိသွားတယ်။ အမူးပြေအောင် ခဏလောက်တော့ နားသင့်ပါတယ်။ အခုပွဲမှာလည်း လုပ်ရိုးလုပ်စဉ်အတိုင်းပြောရရင် ကြိုးဝိုင်းဒိုင်က အောင်ဟိန်းကို အမှတ်စဉ်ရေမယ်။ ပြီးမှသာ ပြန်ထသင့်တာပါ။ လွယ်လွယ်ဥပမာပေးရရင် ဒုတိယပွဲတုန်းက Deontay Wilder တီးတဲ့အချိန်မှာ Tyson Fury ဘယ်လိုလုပ်ခဲ့လဲ။ သူလည်း အောင်ဟိန်းလို ရုပ်ပျက်ဆင်းပျက်လဲကျခဲ့ဖူးတယ်။ အမူးပြေမှသာ ကြမ်းပြင်ကို လက်ထောက်ပြီး ပြန်ထလာတာပါ။ ဒီလူ ဘယ်လောက်လည်သလဲ။ အခုကိစ္စမှာ မတန်မရာကို နှိုင်းတယ်လို့လည်း မထင်စေချင်ဘူး။ အဲဒါကလည်း ထိုးကြေးဘာညာမဆိုင်ပါဘူး။ အဓိကက ဉာဏ်ရည်ဥာဏ်သွေးပဲ။ သေချာသုံးသပ်ကြည့်ရင် အကွာကြီးပါ။

အဲလိုမလုပ်ဘဲ အောင်ဟိန်းက အတင်းကုန်းရုန်းထလာသလို လက်မြှောက်လိုက်ပြီး ပြန်အော်နေသေးတယ်။ ကျွန်တော်က ဘာမှမဖြစ်ဘူး။ မာပါတယ်ပေါ့လေ။ အဲဒီတော့ ကြိုးဝိုင်းဒိုင်ကလည်း အမှတ်စဉ်မရေဘဲ ချက်ချင်းပြန်တည်ပေးလိုက်တယ်။ ဆမ်ချိုင်းက အောင်ဟိန်းကို မျက်နှာဖြတ်ကန်ပြီး တံတောင်ရိုက်တယ်။ အောင်ဟိန်းက လျှာထုတ်ပြသေးတယ်။ ဆမ်ချိုင်းက မျက်နှာကို ဖြတ်ကန်တယ်။ တံတောင်ဆက်ရိုက်လိုက်တယ်။ အမြင့်ကန်ချက်ကလည်း နောက်တစ်ကြိမ်ထပ်ထိတော့ အောင်ဟိန်းလည်း တစ်ခါတည်းမှောက်တာပဲ။ ရိုးရာလက်ဝှေ့သမားတွေက မာတယ်ဆို။ လူဆိုတာ လူလောက်ပဲ မာနိုင်တာပါ။ မာဂုဏ်ကို အလွဲသုံးစားလုပ်ပြီး ခံဂုဏ်လုပ်လို့မရပါဘူး။

အောင်ဟိန်းက နည်းစနစ်မကောင်းသလို တိုက်ခိုက်ရေးဉာဏ်ရည်လည်း မရှိပါဘူး။ ကြံ့ခိုင်ရည်လည်း မကောင်းပါဘူး။ ပိုက်ဆံရလို့သာ ပွဲလာထိုးနေတာပါ။ ပွဲမထိုးခင်မှာလည်း ပရိသတ်တွေက ဒီလောက်ထိ တားနေတာတောင် မွေထိုင်းနဲ့ ရိုးရာလက်ဝှေ့အခြေအနေကိုလည်း လေးလေးနက်နက် မတွေးပါဘူး။ ပိုက်ဆံရရင်ပြီးရော အသားနာခံပြီး သေချာမပြင်ဆင်ဘဲ ဝင်ထိုးတာပါ။ ဒါဆိုရင် အားသာချက် ဘာရှိသေးလဲ။

အောင်ဟိန်းက ခြေကန်ချက်လား။ လက်သီးလား။ ဒူး၊ တံတောင်လား၊ တစ်ချက်ကောင်းပါဝါလား။ တစ်ခုခုပြောလိုက်ပါဦး။ ဘာမှမရှိပါဘူး။ လက်ဝှေ့ထိုးတာထက် တခြားစီးပွားရေးလုပ်ရင် ပိုအောင်မြင်နိုင်တယ်။ အဲဒါကြောင့် လက်ဝှေ့မထိုးဘဲ ကုန်ထမ်းသင့်ကြောင်း ပြောတာပါ။ ဘယ်သူတွေ ဘယ်လိုပဲဆိုဆို၊ အခုထိ ကျွန်တော်ရဲ့ အရေးအသားကို ယုံကြည်နေတုန်းပဲ။ ဒီအရေးအသားကို တောင်းပန်စရာအကြောင်းမရှိပါဘူး။

အရင်ပွဲမှာလည်း အောင်ဟိန်းက နိုင်ခဲ့တာလား။ ခံဂုဏ်ပြလို့သာ ရှုံးခဲ့ရတာပါ။ အရင်ပြိုင်ဘက် Mohammad Barghi ကို အနားကပ်လို့တောင် မရပါဘူး။ လျှာထုတ်ပြီး အထိုးခံနေရတယ်။ ရုပ်ပျက်ဆင်းပျက်ရှုံးခဲ့ရတာပါ။ မွေထိုင်းလို နည်းစနစ်မြင့်တဲ့ ပြိုင်ပွဲမို့လို့ ရှုံးရတာ မဟုတ်ပါဘူး။ ရိုးရာလက်ဝှေ့မှာလည်း အောင်ဟိန်းရဲ့ ကစားဟန်က အဆင့်မရှိပါဘူး။ ဆက်ထိုးလည်း ရိုးရာလက်ဝှေ့မှာတောင် အောင်မြင်မှာ မဟုတ်ပါဘူး။ တစ်လက်စတည်းပြောရရင် အောင်ဟိန်းတင်မကဘဲ ထွန်းမင်းလတ်လည်း ဘာမှမအောင်မြင်နိုင်ပါဘူး။ အစ်ကိုကြီး ထွန်းထွန်းမင်းရဲ့ အရှိန်အဝါထက် ကိုယ်ပိုင်အရည်အချင်းကို ပိုသုံးသင့်တာပါ။

အရင်ပွဲမှာ အောင်ဟိန်းရှုံးခဲ့တဲ့ ပြိုင်ဘက် Mohammad Barghi ဆိုတာ ဆမ်ချိုင်းနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ Thai Fight အဖွဲ့အစည်းကလည်း ရိုးရာလက်ဝှေ့ကို ပညာပြချင်နေတာပါ။ အဲဒါကိုတောင် အောင်ဟိန်းက ပွဲလက်ခံတယ်။ သူကိုယ်တိုင်လည်း ဒီအကြောင်းကို သေချာသိပါတယ်။ နည်းစနစ်နဲ့ဉာဏ်ရည်မှာ မြေးအဖိုးလောက် ကွာနေပေမ​ယ့် ပိုက်ဆံကြောင့်သာ ပွဲလက်ခံခဲ့တာပါ။ ပိုက်ဆံကြောင့်သာ ကိုယ့်ရိုးရာလက်ဝှေ့ကို အရှက်ခွဲခဲ့တာပါ။ တကယ်တမ်းဆိုရရင် ဆမ်ချိုင်းအောင်ပွဲခံပုံက မလွန်ပါဘူး။ အောင်ဟိန်းက သေချာလည်း ပြင်မထားဘူး။ ဒီသဘောကလည်း ပိုက်ဆံပေးရင် လိင်ဆက်ဆံရတဲ့ ပြည့်တန်ဆာနဲ့ ဘာမှမခြားပါဘူး။ အဲဒီအတွက် တောင်းပန်စရာအကြောင်းမရှိဘူး။​

ဆမ်ချိုင်းက အောင်ဟိန်းကို အလဲထိုးလိုက်လို့ သွေးသစ်ဝင်းလှိုင်၊ စိုးလင်းဦးနဲ့ ကျော်စွာဝင်းတို့လို ပြိုင်ဘက်တွေနဲ့ တည်ပေးချင်သူက သီးခြားရှိနေသေးပါတယ်။ ငါမနိုင်၊ ငါ့အဖေနဲ့ချ။ အဲဒါကြီးကလည်း ဥာဏ်ရည်နိမ့် အတွေးအခေါ်ပါပဲ။ ဆေးခါးကြီး တိုက်လိုက်ပါဦးမယ်။ ပြည်ပအားကိုး ပုဆိန်ရိုးလုပ်တာ မဟုတ်ရပါဘူး။ လက်ရှိမြန်မာနိုင်ငံမှာ ဆမ်ချိုင်းထက် နည်းစနစ်မြင့်တဲ့ ကစားသမားက ဘယ်သူမှ မရှိဘူး။

သွေးသစ်ဝင်းလှိုင်ဆိုတာက အနှစ်မရှိတဲ့တောမှာ မင်းမူနေတဲ့ ကြက်ဆူပင်ပါ။ ဒီကလူတွေက ဘယ်လောက်တောင် ကောင်းနေလို့လဲ။ အဲဒါကြောင့် နံပါတ် (၁) ဖြစ်နေတာပါ။ ကမ္ဘာ့အဆင့်လို့ ပိုပိုသာသာပြောနေတာ ရယ်ချင်တယ်။ တစ်ဖက်ပိတ်တွေက 'မမြင်ဖူး မူးမြစ်ထင်သည်' ဖြစ်နေတာပါ။ အာရှမဆိုထားနဲ့ အရှေ့တောင်အာရှမှာတောင် နံပတ် (၁) ဖြစ်နေလို့လား။ ဘောင်ဝင်နေလို့လား။ ဇီးကွက်လောက်တော့ ငှက်တိုင်းလှပါတယ်။ နည်းနည်းထိသွားရင် ပြိုင်ဘက်ကို ကျောပေးပြီး ပြေးနေရတယ်။ ပြိုင်ဘက်ကို ကျောပေးပြီး ပြေးတာက နည်းစနစ်မဟုတ်ပါဘူး။​ ဒါကို ခပ်ရှင်းရှင်းပြောပါရစေ။

နောက်တစ်ချက်က စိုးလင်းဦး။ Lucky Punch ဆိုရင်တော့ မပြောတတ်ပါဘူး။ သေချာတာပြောရရင် ဘယ်စည်းမျဉ်းမှာမဆို စိုးလင်းဦးက ဆမ်ချိုင်းကို (လုံးဝ) မနိုင်ပါဘူး။ စိုးလင်းဦးလည်း မာဂုဏ်နဲ့ ခံဂုဏ် မကွဲသေးပါဘူး။ ပညာသမားကို ဝူးရှူးဝါးသွားလုပ်လို့မရဘူး။ အရင်ပွဲမှာလည်း Masayoshi Tsuhashi ကို တတိယအချီမှာ အလဲထိုးနိုင်ခဲ့ပေမယ့် လက်ရည်နိမ့်ပါတယ်။ အဲဒါကြီးကိုလည်း မြန်မာပရိသတ်တွေက ကြံဖန်ဂုဏ်ယူနေတာပါ။ အပိုဆုကြေးရသွားလို့ ကျွန်တော်လည်း တကယ်ဝမ်းသာပါတယ်။ အဲဒါကို ရင်ထဲကအတိုင်း ပြောမိတာပါ။ ဒါပေမယ့် အမှတ်ပေးဒိုင်အဆုံးအဖြတ်ဆိုရင် စိုးလင်းဦးက စိုးရိမ်ရပါတယ်။ အလဲထိုးပွဲဆိုရင် အဆင်ပြေနိုင်ပေမယ့် ကမ္ဘာ့အဆင့်ဆိုရင် နည်းစနစ်အားနည်းတဲ့ စိုးလင်းဦးက တိုင်ပတ်ပါမယ်။ သံမဏိလုပ်မနေနဲ့။ ခေါင်းကန်ရင် ဘယ်သူမဆို လဲတယ်။ ဆမ်ချိုင်းကို အနားကပ်ဖို့ မနည်းကြိုးစားရမယ်။ အဆင့်က အကွာကြီး။

ဒါဆိုရင် ကျော်စွာဝင်းကရော။ ရွှေညာကျားလေး။ ကျွန်တော်လည်း မန္တလေးမြို့ကပဲ ဆယ်တန်းအောင်လာတာပါ။ မှတ်ပုံတင်ထဲမှာလည်း ကိုးမျဉ်းစောင်း။ ကိုယ့်နယ်သား ကျော်စွာဝင်းကိုပဲ အားပေးချင်ပါတယ်။ စိတ်ထဲက ရှိတဲ့အတိုင်း ပြောပြတာပါ။ ဒါပေမယ့် မဟုတ်တမ်းတရား၊ အပိုဆာဒါးလုပ်ပြီး ညွှန်းနေပြန်ရင်လည်း သဘောမကျချင်ဘူး။ အဲဒါလည်း သူတို့တွေက ကျော်စွာဝင်းကို ကြိုက်တာထက် သွေးသစ်ဝင်းလှိုင်ကို အမြင်မကြည်တာကြောင့် ဘောင်မဝင်၊ တန်းမဝင်လျှောက်ပြောနေကြတာပါ။ တကယ်ဆိုရင် သွေးသစ်ဝင်းလှိုင်က ထွန်းထွန်းမင်းကို အသာစီးထိုးခဲ့ပြီး အနိုင်ရဖူးတာကိုး။ ကျော်စွာဝင်းကလည်း သွေးသစ်ဝင်းလှိုင်ကို ထိုးခဲ့ဖူးတာပဲမလား။ ရန်သူရဲ့ ရန်သူဆိုတာ ကို​ယ့်မိတ်ဆွေဆိုပြီး ခပ်ညံ့ညံ့အောက်တန်းစား အတွေးအခေါ်တွေကြောင့် ဗရုတ်သုတ်ခတွေညွှန်းနေကြတာပါ။ ဒီထက်ရှင်းအောင်ပြောရရင် လက်သီးသမား ကျော်စွာဝင်းလည်း ဆမ်ချိုင်းကို မနိုင်နိုင်ပါဘူး။

ခွန်ခမာပွဲမှာ ကျော်စွာဝင်းလည်း ထိုင်းပြိုင်ဘက် Rowing Sorphorn ကို နိမ့်ပါတယ်။ အမြင့်ကန်ချက်တွေ ဆက်ထိနေတာပါ။ တစ်ပွဲလုံးမှာ အတီးခံရတယ်။ ဘောက်ဆင်ကလွဲရင် လက်သီးသီးသန့်သမားက ဘောင်မဝင်နိုင်ပါဘူး။ မိုးထဲရေထဲမှာဆိုရင် ပိုတိုင်ပတ်တယ်။ အသာစီးရတာတောင် အလဲမထိုးနိုင်ဖြစ်ရတတ်ပါတယ်။ အကွက်မှ မစုံတာကိုး။ အဲဒါကြီးကိုလေ လက်သီးသီးသန့်သမားက ဂုဏ်ယူနေတယ်ဆိုရင်လည်း 'ဟဟ' လို့ပဲ ပြောပါရစေ။ အခုပွဲမှာလည်း Rowing Sorphorn က လက်ဒဏ်ရာရသွားလို့သာ အနိုင်ရတာပါ။ ကျော်စွာဝင်း ကြိတ်လိုက်လို့ မဟုတ်ပါဘူး။​ အဲဒါကြီးကို ကြံဖန်ပြီး ဂုဏ်ယူနေရင်လည်း အဆင်မပြေပြန်ပါဘူး။

သွေးသစ်ဝင်းလှိုင်က လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ နံပါတ် (၁) ကစားသမားဖြစ်နေပါတယ်။ ထွန်းထွန်းမင်းက Dave Leduc ပေးထားတဲ့ ဒဏ်ရာကို ထွေးပိုက်ရင်း အရင်စွမ်းဆောင်ရည် ပြန်မရနိုင်တော့ပါဘူး။ ပြီးတော့ တခြားကစားသမားတွေက နည်းစနစ်ထက် မာဂုဏ်ကိုပဲ အားပြုလွန်းတာကိုး။ သွေးသစ်ဝင်းလှိုင်ကလည်း နိုင်ဖို့ထက် မရှုံးဖို့ပဲ အဓိကထားတာပါ။ ဆမ်ချိုင်းနဲ့ သွေးသစ်ဝင်းလှိုင်တို့က ဝိတ်မတူပါဘူး။ တည့်တည့်ပြောရရင် ဝိတ်တူရင်လည်း မွေထိုင်းစည်းမျဉ်းမှာ ဆမ်ချိုင်းကို မယှဉ်နိုင်ဘူး။ နည်းစနစ်က အကွာကြီး။ ဒါပေမယ့်လည်း အောင်ဟိန်းရှုံးသလို သွေးသစ်ဝင်းလှိုင်က ရုပ်ပျက်ဆင်းပျက်တော့ ရှုံးမှာမဟုတ်ပါဘူး။ ရိုးရာလက်ဝှေ့မှာဆိုရင် အလဲမထိုးနိုင်ရင် သရေပါပဲ။ တကယ်လို့ အလဲထိုးသွားရင်လည်း ကြမ်းပြင်မှာ မှောက်သွားမယ့်သူက ဆမ်ချိုင်းမဟုတ်ဘဲ သွေးသစ်ဝင်းလှိုင်ပဲ ဖြစ်နေလိမ့်မယ်။

မြန်မာနိုင်ငံမှာ Page တွေ အများကြီးရှိတယ်။ ကျွန်တော်က ဘာအဆင့်မှ မရှိပါဘူး။ ကျွန်တော့်ထက် Follower များတဲ့ Page တွေ အများကြီးပါပဲ။ ပြောချင်တာက စာဖတ်သူတွေမှာလည်း ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်ရေးတာကို မကြိုက်ရင်လည်း တခြား Page တွေမှာ ဝင်ဖတ်နိုင်ပါတယ်။ ကျွန်တော်က ကိုယ့်အယူအဆကို ဆက်ရေးနေဦးမှာပါပဲ။ စာဖတ်သူကြိုက်၊ မကြိုက်ကို ကျွန်တော်ထည့်မတွက်ပါဘူး။ သေချာတာတစ်ခုက ကျွန်တော်စာရေးရင် စေတနာပါတယ်။ အယူအဆမတူရင်တောင် စာဖတ်သူတွေကို ဂျင်းမထည့်ပါဘူး။ ဒါပေမယ့် အခုချိန်မှာက အားလုံးကို အဆင်ပြေစေချင်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - Bangkok Post
Photo Credit - Thai Fight
ကျော်စိုးအောင် (Myanmar Fight Edition)

မင်းရဲကျော်စွာ ပထမအချီ မှာ ပဲ အလဲထိုး ခံရ၍ ရှုံးနိမ်မာဂုဏ်ကောင်းပါတယ် ဆိုတဲ့လူလဲ ဆန်ချိုင်းနဲ့တွေ့တာနဲ့ ခွေတာပါပဲ။ ရိုးရ...
25/03/2024

မင်းရဲကျော်စွာ ပထမအချီ မှာ ပဲ
အလဲထိုး ခံရ၍ ရှုံးနိမ်

မာဂုဏ်ကောင်းပါတယ် ဆိုတဲ့လူလဲ ဆန်ချိုင်းနဲ့
တွေ့တာနဲ့ ခွေတာပါပဲ။ ရိုးရာသမားဆိုတော့လက်အိတ်ကြောင့်လဲ ပါကောင်းပါပါလိမ့်မယ်။ ပညာရော အတွေ့ကြုံရော ကွာလွန်းပါတယ်။ ငယ်ရွယ်ဖြတ်လတ် မာဂုဏ်ကောင်းပေမယ့် ပညာ အတွေ့အကြုံက အနိုင်ယူတတ်တာကိုလဲ သင်ခန်းစာ ယူတတ်ရပါပေဦးမယ်။

စိုးမိုးဇော်နိုင်သွားပြီ ယနေ့ည ထိုးသတ်သွားတဲ့မြန်မာ့လက်ဝှေ့ဖိုက်တာ စိုးမိုးဇော်  နဲ့ ဥပါကစ္စတန်သား Asaht တို့ရဲ့ tournam...
17/03/2024

စိုးမိုးဇော်နိုင်သွားပြီ

ယနေ့ည ထိုးသတ်သွားတဲ့မြန်မာ့လက်ဝှေ့ဖိုက်တာ စိုးမိုးဇော် နဲ့ ဥပါကစ္စတန်သား Asaht တို့ရဲ့ tournament ပွဲ ဟာ ၅ချီပြည့်တဲ့ထိ အကြိတ်အနယ် ထိုးသတ်ခဲ့ကြပြီးနောက် စိုးမိုးဇော် က အမှတ်ဖြင့်အနိုင်ရ ရှိသွားပါတယ်။
ပြီးခဲ့တဲ့ ပွဲမှာ ဒဏ်ရာပြသနာကြောင့် လက်စွမ်းသိပ်မပြနိင်ခဲ့တဲ့ စိုးမိုးဇော် ဟာ ဒီပွဲမှာတော့ လက်ရည်အသာ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။✌

ရိုင်နီယာကို အနိုင်ယူဖို့ထက် အောင်လကို အနိုင်ယူဖို့က ပိုတောငိလွယ်သေးတယ်လို့ ဆိုလာတဲ့ တူရကီဖိုက်တာ ( အာဒိုဂန်ဆို ရှယ်ကြမ်...
15/03/2024

ရိုင်နီယာကို အနိုင်ယူဖို့ထက် အောင်လကို အနိုင်ယူဖို့က ပိုတောငိလွယ်သေးတယ်လို့ ဆိုလာတဲ့ တူရကီဖိုက်တာ ( အာဒိုဂန်ဆို ရှယ်ကြမ်းပြီနော် )

အောင်လဟာ one championship နဲ့ စာချုပ်ချုပ်ပြီး နောက်ပိုင်း ဘယ်ဖိုက်တာနဲ့ ရင်ဆိုင်သွားမလဲဆိုတာ အားလုံးက စိတ်ဝင်စားလျက်ရှိနေကြပါတယ်။

လက်ရှိမစ်ဒယ်ဝိတ်တန်းမှာ အောင်လနဲ့ ရင်ဆိုင်နိုင်ခြေအရှိဆုံးဖိုက်တာနှစ်ယောက်ရှိနေပါတယ်။ တစ်ယောက်ကတော့ ပရိတ်သတ်တွေသိပြီးသားဖြစ်တဲ့ ရိုင်နီယာဖြစ်ပြီး နောက်တစ်ယောက်ကတော့ တူရကီဖိုက်တာ ရှမေးအာဒိုဂန်ပဲဖြစ်ပါတယ်။

အောင်လကတော့ ဘယ်ဖိုက်တာပဲလာလာ ရင်ဆိုင်နိုင်ဖို့ အသင့်ပြင်ထားပြီးပါပြီ။ ရှမေးအာဒိုဂန် ဟာ အသက် ၃၄နှစ် အရွယ်ရှိပြီး နည်းစနစ်ကြွယ်ဝကာ ၉ပွဲထိုး၉ပွဲလုံး အနိုင်ရရှိထားတဲ့ ဖိုက်တာကောင်း တစ်ဦးပါ။ လက်ရှိမှာ အာဒိုဂန်ဟာ အောင်လကိုအနိုင်ယူဖို့က ရိုင်နီယာထက်တောင် လွယ်နေဦးမယ်လ်ု့ ဆိုလာခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော့်ညီလေး ထွန်းမင်းအောင်က ကျွန်တော့်ထက် သာမှာပါ၊အသက်က အခုမှ ၁၇၊၁၈ ဖြစ်တာမို့ တိုးတက်ရာ လမ်းကြောင်းတွေ အများကြီး ရှ...
15/03/2024

ကျွန်တော့်ညီလေး ထွန်းမင်းအောင်က ကျွန်တော့်ထက် သာမှာပါ၊အသက်က အခုမှ ၁၇၊၁၈ ဖြစ်တာမို့ တိုးတက်ရာ လမ်းကြောင်းတွေ အများကြီး ရှိပါတယ်။

အဖေအမေက စိုးရိမ်ပေမယ့် သူ့ဘေးမှာ ကျွန်တော် ကောင်းကောင်း ကြပ်မတ်ပြီး လေ့ကျင့်ပေးနေပါတယ်။

ကျွန်တော့်ရဲ့ လက်ဝှေ့သမားဘဝမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲတွေ၊ လုပ်မပြနိုင်ခဲ့တဲ့ အရာတွေကို ကျွန်တော့်ညီလေး လက်ထက်မှာ အကောင်းဆုံး ပုံဖော် ထုဆစ်သွားမယ်ဆိုတာ ယုံကြည်ပြီးသားပါ။

ခွန်ခမာပွဲမှာ ထွန်းထွန်းမင်းတစ်ယောက် ပရွန်ဆမ်နန်းကို ရှံးနိမ့်ခဲ့ရပေမယ့် သိက္ခာတော့ မကျခဲ့ပါဘူး။

မကြေပွဲဖြစ်ပေမယ့် သူ့မြေမှာ ထိုးရတာကြောင့် အလဲမထိုးနိုင်ရင် မနိုင်နိုင်ဘူးဆိုတာ အားလုံးတွေးထင်ပြီးသားဖြစ်ပါတယ်။

အခုရက်ပိုင်းမှာပဲ ခမာဖိုက်တာဟောင်း ကီအိုရန်ချောင်က လူမှူကွန်ယက်ကတဆင့် ထွန်းထွန်းမင်းကို စိန်ခေါ်လာပါတယ်။

ပွဲတကယ်တည်မလား မတည်လားဆိုတာ စ်တ်ဝင်စားစရာပါပဲ။အဆိုပါဖိုက်တာကလည်း အရင်ကတော့ မှတ်တမ်းကောင်းတွေ ရှိဖူးပေမယ့် အခုကတော့ ဗီဒီယိုမှာ မြင်ရတာ တကယ့် ဝိတ်ပေါကြီးပါပဲ။

သက်သက် လေတိုက်နေတာလည်း ဖြစ်နိုင်ပါတယ်။

ပရိသတ်တွေ သတိမထားမိရင်သာနေမယ်။ UFC အဖွဲ့အစည်းမှာ တရိပ်ရိပ်တက်လာတာ ဘရာဇီးဖိုက်တာ Michel Pereira ဖြစ်ပါတယ်။ အခုဆိုရင် (၇) ...
14/03/2024

ပရိသတ်တွေ သတိမထားမိရင်သာနေမယ်။ UFC အဖွဲ့အစည်းမှာ တရိပ်ရိပ်တက်လာတာ ဘရာဇီးဖိုက်တာ Michel Pereira ဖြစ်ပါတယ်။ အခုဆိုရင် (၇) ပွဲဆက်တောင် နိုင်ထားသလို နောက်ဆုံး (၃) ပွဲမှာလည်း အပိုဆုကြေးတွေ ရထားတယ်။ လုပ်တိုင်းဖြစ်နေတာပါ။

UFC အဖွဲ့အစည်းက ရလဒ်ကောင်းသူတွေကိုပဲ စိတ်ကြိုက်ရွေးပြီး စာချုပ်တယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ်မှာ Michel Pereira ကို စာချုပ်လိုက်တယ်။ အဲဒီအချိန်မှာ သူ့ကြေးစားမှတ်တမ်းက (၂၂) ပွဲနိုင် (၉) ပွဲရှုံးဖြစ်ပါတယ်။ ရလဒ်ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ ဖျော်ဖြေရေးဆန်တဲ့ ကစားဟန်ကို သဘောကျလို့ ခေါ်လိုက်တာပါ။

UFC အဖွဲ့အစည်းရဲ့ ပထမဆုံး (၃) ပွဲမှာ Michel Pereira က (၂) ပွဲရှုံးပါတယ်။ အစောပိုင်းမှာ ပြုတ်စော်နံဖူးပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ပိုပါးနပ်လာပြီး အခုလို (၇) ပွဲဆက်နိုင်လာတာပါ။ အခုဆိုရင် ဖျော်ဖြေရေးဆန်သလို ပါးရည်နပ်ရည်လည်း အပြည့်ရှိလာတယ်။

Michel Pereira က အကောင်ကြီးတယ်။ ပုံမှန်ဆိုရင် (၂၁၅) ပေါင်ရှိပါတယ်။ (၄၅) ပေါင်ဝိတ်ချပြီး ဝယ်တာဝိတ်တန်းမှာ ကစားနေခဲ့တာပါ။ ခါးပတ်လုပွဲမဟုတ်ရင် ဝယ်တာဝိတ်တန်းက (၁၇၁) ပေါင်ရရင် အဆင်ပြေပေမယ့် (၂) ကြိမ်တောင် ဝိတ်ပိုဖူးတယ်။ ပထမအကြိမ်ဝိတ်ပိုတာက ပွဲမပျက်ပါဘူး။ Michel Pereira က (၁၇၂) ပေါင်ဖြစ်နေတယ်။ ပြိုင်ဘက် Tristan Connelly ကို ထိုးကြေး (၃၀) ရာခိုင်နှုန်းလျော်လိုက်ရတယ်။

ဒုတိယအကြိမ် ဝိတ်ပိုတာက ပွဲပျက်ပါလေရော။ UFC အဖွဲ့အစည်းက Michel Pereira နဲ့ Stephen Thompson တို့ကို တည်ပေးလိုက်တယ်။ နိုင်ပွဲဆက်နေတဲ့ Michel Pereira ကို Role တင်ပေးချင်တာပါ။ ဒါပေမယ့် (၁၇၃) ပေါင်ဖြစ်နေတယ်။ Stephen Thompson က လက်မခံလို့ ပွဲပျက်တယ်။ အဲဒီနောက်မှာ Michel Pereira က မစ်ဒယ်ဝိတ်တန်းမှာ ကစားပါတယ်။ အပြီးတက်တာတဲ့။ ဝယ်တာဝိတ်တန်းကို ပြန်မဆင်းပါဘူးတဲ့။ (၄၅) ပေါင်ဝိတ်ချရတာ မလွယ်လို့ပါတဲ့။

Michel Pereira က အရပ် (၆) ပေ (၁) လက်မရှိပါတယ်။ မစ်ဒယ်ဝိတ်တန်းမှာ အရပ်ပုတယ်လို့ မဆိုနိုင်ပေမယ့် လက်တံက (၇၃) လက်မပဲရှိတာမို့ လက်တံတိုတယ်လို့ ဆိုနိုင်ပါတယ်။ လက်တံအတိုင်းဆိုရင် ဝယ်တာဝိတ်တန်းမှာ ကစားတာက ပိုအဆင်ပြေနိုင်တာပါ။ UFC အဖွဲ့အစည်းမှာ (၁၀) ပွဲကစားထားပြီး အပိုဆုကြေး (၆) ခါရထားတယ်။ ဒါ့ကြောင့်မို့လို့ ဖျော်ဖြေရေးဆန်တဲ့ ဖိုက်တာလို့ ဆိုနိုင်တာပါ။ မစ်ဒယ်ဝိတ်တန်းမှာ ဘယ်လောက်ထိ လုပ်ပြနိုင်မလဲ စောင့်ကြည့်ချင်ပါသေးတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - MMA Fighting
Photo Credit - Getty Images
ကျော်စိုးအောင် (Myanmar Fight Edition)

လူမိုက်ဆိုတာ ချိုနဲ့လား (ကိုယ်တွေ့ဖြစ်ရပ်မှန်) ကြာတော့လည်း ကြာခဲ့ပါပြီ။ တက္ကသိုလ်တက်တုန်းက ကျွန်တော်ကြုံခဲ့ဖူးတာကို ပြော...
08/03/2024

လူမိုက်ဆိုတာ ချိုနဲ့လား (ကိုယ်တွေ့ဖြစ်ရပ်မှန်)

ကြာတော့လည်း ကြာခဲ့ပါပြီ။ တက္ကသိုလ်တက်တုန်းက ကျွန်တော်ကြုံခဲ့ဖူးတာကို ပြောရဦးမယ်။ ဘာရယ်လို့ မဟုတ်ပါဘူး။ လွတ်လပ်ရေးနေ့မှာ ကျောင်းပိတ်လို့ အိမ်ပြန်ရင်း ကုန်တင်ကားပေါ်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ပါ။ လွတ်လပ်ရေးနေ့မှာ အစိုးရက အကျဥ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကိုး။ ကုန်တင်ကားဆိုတာ ရန်ကုန်လိုင်းကားတွေလို ထိုင်ခုံတွေ အဲယားကွန်းတွေ ဘယ်ပါမလဲ။ ကားခေါင်မိုးပေါ်မှာ လေတဖြူးဖြူးနဲ့ တက်စီးရတဲ့ ဘဝပါဗျာ။ အဲဒီမှာ ကိုမိုက်ခဲကို တွေ့မိတာပဲ။ မူရင်းနာမည်အစား ကိုမိုက်ခဲလို့ပဲ သုံးနှုန်းပါမယ်။ [ဖတ်ရန် ကြာချိန် (၃) မိနစ်]

ကျွန်တော့်ရဲ့ ဘေးကပ်ရပ်မှာ လွယ်အိတ်ပိုက်ပြီး ထိုင်နေတဲ့ အသက်လေးဆယ်ကျော် ကိုမိုက်ခဲကို အရင်ဆုံးသတိပြုမိတယ်။ "ဒီလူကြီးက မြို့တက်ပြီး ပစ္စည်းဝယ်ပြန်လာတာတော့ မဖြစ်နိုင်ဘူး။ ဘာပစ္စည်းမှလည်း ပါတာမဟုတ်ဘူး။ တခြားနယ်ကနေ အိမ်ကို ပြန်လာတာပဲ ဖြစ်ရမယ်" လို့ ကျွန်တော်တွေးမိလိုက်တယ်။ ကိုမိုက်ခဲကလည်း ကျွန်တော့်ကို အကဲခတ်နေပုံရပါတယ်။

"မင်းက ကျောင်းသားလား"

"ဟုတ်တယ် အစ်ကို။ လွတ်လပ်ရေးနေ့မှာ ကျောင်းပိတ်တာနဲ့ အိမ်ပြန်လာတာဗျို့။ ဒါနဲ့ အစ်ကိုကရော"

ကိုမိုက်ခဲက ကျွန်တော့်မေးခွန်းကို ပါးစပ်ကမဖြေဘဲ စာရွက်ထုတ်ပြပြီး အဖြေပေးလိုက်တယ်။ ဖတ်ကြည့်လိုက်တော့ ထောင်ထွက်လက်မှတ်ကြီး။ ကျွန်တော်လည်း မျက်ခုံးလှုပ်ပြီး ဘုရားတမိတယ်။

"ဒါဆိုအစ်ကိုက ဒီနေ့လွတ်လာတာပေါ့။ ဝမ်းသာပါတယ်ဗျာ"

"ဟုတ်တယ်ကွ။ ထောင်ကျတုန်းက (၆) နှစ်ဆိုပေမယ့် အထဲမှာ (၄) နှစ်ကျော်ပဲ နေလိုက်ရတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး ပြန်လွတ်လာတာပဲ"

"ဟုတ်လား အစ်ကို။ ဒါဆို ကံကောင်းတာပေါ့ဗျာ။ ဘာအမှုဖြစ်လို့တုန်း အစ်ကို"

"လူသတ်မှု။ ဒေါသထွက်လာလို့ ရိုက်ပစ်လိုက်တာ။ သောက်ရူးကောင်တော့ ဦးနှောက်ထွက်သွားတာပဲ။ ကိုယ်ရိုက်သူရိုက်ဆိုတော့ ငါလည်း (၆) နှစ်ပဲ ကျတာကွ"

"ဟုတ် အစ်ကိုရေ။ စကားပြောလို့လည်း ကောင်းတယ်။ ရှေ့နားမှာ ကားခဏရပ်ဦးမယ်ထင်တယ်။ အကြော်ဆိုင်မှာ ရေနွေးကြမ်းသောက်ရင်းနဲ့ ဆက်ပြောရအောင်။ အကြော်ဖိုးကို ကျွန်တော်ပဲ ရှင်းပါ့မယ်ဗျ"

ကားဆရာက ခရီးသည်တွေ အပေါ့အပါးသွားလို့ရအောင် အကြော်ဆိုင်လေးမှာ ကားရပ်ပေးတယ်။ အကြော်ဆိုင်ကလည်း သပ်ရပ်ပါပေတယ်။ မတ်ပဲကြော်၊ ကြက်သွန်ကြော်၊ ဘူးသီးကြော်၊ ငါးကြော် . . အစုံပါပဲ။ ပုတတ်ကြော်လေးတောင် ရှိသေးတယ်။ လတ်ဆတ်လို့ထင်တယ်။ ဘူးသီးကြော်က ချိုချက်ပဲ။ ချထားတဲ့ အချဉ်ရည်ကိုလည်း ကြည့်ပါဦး။ မန်းကျည်းသီးမှည့်ကို အရည်ဖျော်ထားတယ်။ အချဥ်ထဲမှာ မိုးမျှော်ငရုတ်သီးလေးတွေ ညှပ်ထည့်ထားတယ်။ ကြက်သွန်ဖြူနဲ့ နံနံပင်ပါ ထည့်ပေးထားတော့ အနံ့မွှေးပြီး ချဉ်စပ်ဖြစ်နေတာပေါ့ဗျာ။ မန်းကျည်းချဥ်နဲ့ အကြော်က လိုက်ဖက်ချက်ပဲ။ အစားအသောက်အကြောင်း ရောက်တော့မယ်။ လိုရင်းကို သွားရအောင်။

"ငါကလည်း စိတ်မြန်တယ်။ ဒေါသဖြစ်လာရင် ကောက်လုပ်ပစ်ချင်တာ။ ဒါကြောင့်မို့လို့ လူသတ်မှုဖြစ်တာပဲ။ ထောင်ကျခါစတုန်းကဆိုရင် ငါ့နှမအငယ်ဆုံးတောင် (၈) တန်းလောက်ပဲ ရှိဦးမယ်။ အခုတော့ တက္ကသိုလ်တက်နေလေရဲ့။ ကျောင်းမှာ ကွင်းဆိုလား စပိတ်တစ်ဆိုလား မသိပါဘူး။ အဲဒါကြီးရထားတယ်လို့ ကြားတာပဲကွာ။ ငါ့နှမကို ပတ်စပို့လာလုပ်တဲ့ ကျောင်းသားတွေ အများကြီးဆိုပဲဟေ"

"ဟာ . . . အစ်ကိုကလည်း ကွင်း (Queen) ဆိုတာ အလှဘုရင်မကို ပြောတာထင်တယ်။ ပရိုပို့စ် (Propose) က ပိုးပန်းတာကို ပြောတယ်ထင်ပါရဲ့။ ပတ်စပို့မဟုတ်လောက်ပါဘူးဗျာ"

"အေး မင်းပြောတဲ့ဟာပဲ ဖြစ်မှာပါ။ မင်းတို့ အသံထွက်တွေ မပြောတတ်ပေါင်။ အာယားလွန်းလို့ပါကွာ။ ငါက ရှေ့ရွာမှာ ဆင်းရမှာနော်။ အိမ်ကို အလည်လိုက်ဦးမလားကွ။ နောက်ရက်မှ ကားဂိတ်ကို ပြန်ပို့ပေးမယ်လေ"

ကျွန်တော်ကလည်း တကယ့်နှာဂိုထောင်။ သူများတွေ ထန်တယ်ဆိုတာ မောင်ကျော်စိုးအောင်တို့ ဖျားသလောက်ပဲ ရှိသေးတယ်။ အချိန်အားရင် ဟိုကား၊ ဟိုစာအုပ်တွေ ရှာဖတ်နေတာ ဖုန်းထဲမှာ အပြည့်ပဲ။ တက္ကသိုလ်ကျောင်းသားတုန်းက ထမင်းဖိုးထက် တစ်ရှူးဖိုးက ပိုကုန်တယ်။ စာတွေ့၊ ဖိုတိုတွေ့၊ မိုဗွီတွေ့ ၊ ပစ်ချာတွေ့နဲ့ဆိုရင် သင်တန်းဖွင့်စားလို့ရနေပြီ။ ဒါမျိုးတော့ ဘယ်လက်လွတ်ခံမလဲ။ ချက်ချင်းပဲ ခေါင်းငြိမ့်လိုက်တယ်။

"ဟာ . . . လိုက်ရမှာပေါ့ အစ်ကို။ မိတ်ဖြစ်ဆွေဖြစ်ပေါ့။ ညအိပ်ပြီး မနက်ခင်းမှ ကျွန်တော်ပြန်မယ်လေ"

"ဟုတ်ပြီကွာ။ မင်းလည်း ငါ့အိမ်ရောက်ဖူးတယ်ရှိတာပေါ့"

"အစ်ကိုက ကံကောင်းတယ်ဗျ။ ကျွန်တော်နဲ့ သိတဲ့လူဆိုရင် လူသတ်မှုဖြစ်တာ အခုထိ မလွတ်သေးဘူး။ ကိုသောင်းရီတဲ့။ အစ်ကို သိလား"

"ဟာ . . . ငါသိတာပေါ့ကွ။ အဲကောင်နဲ့ ခင်တယ်။ ပထမအမှုဖြစ်တုန်းက ထောင်ထဲမှာ ဆုံခဲ့ဖူးတယ်။ အခုထိ မလွတ်သေးဘူးလား"

"ဟင် . . . ပထမအမှုဆိုတော့ အခုလွတ်လာတဲ့ အမှုက"

"ဟုတ်တယ်ကွ။ ပထမအမှုက ဓားထိုးမှု။ အဲတုန်းက ထောင်ကျသွားသေးတယ်။ အဲဒီမှာ မင်းပြောတဲ့ သောင်းရီနဲ့ ဆုံတာ။ ဒုတိယအမှုက လူရိုက်မှုလေ။ အခုမှ လွတ်လာတယ်ဆိုပါတော့ကွာ"

"အင်းပေါ့ ဘယ်တတ်နိုင်မလဲလေ။ လူစိမ်းကို မေတ္တာထားဖို့ သိပ်မလွယ်ဘူးလေ။ ကိုယ့်ကို ထိပါးလာတော့"

"ဘာတွေ လျှောက်ပြောနေတာလဲကွ။ ပထမအမှုမှာ ငါဓားနဲ့ထိုးလိုက်တာ ငါ့ယောက်ဖပါ။ ငါ့အစ်မရဲ့ ယောက်ျား။ ဒီကောင်က သောက်ရူးကောင်ပါကွာ။ ငါက သူ့ကို သိပ်ကြည့်မရဘူး။ ရန်ဖြစ်တာနဲ့ လက်ဦးအောင်ဆော်ထည့်လိုက်တာ။ ငါ့အစ်မတော့ မုဆိုးမဖြစ်သွားတာပေါ့"

"ဟင် . . . အဲဒီလိုလား။ ဒုတိယအမှုကတော့ ဘယ်လိုဖြစ်တာလဲ အစ်ကို။ စပ်စုတယ်မထင်ပါနဲ့ဗျာ"

"ရပါတယ်ကွာ။ ဆက်ပြောပြပါ့မယ် မင်းလည်း အပျင်းပြေတာပေါ့။ အကြော်စားပြီးပြီဆိုတော့ ကားပေါ်ပြန်တက်ကြရအောင်"

ကားခေါင်မိုးပေါ်မှာ နေရာယူရင်း စကားပြန်ဆက်ရတာပေါ့။ ကိုမိုက်ခဲက ခပ်အေးအေးပဲ။ ဒါပေမယ့် သူ့မျက်လုံးတွေကို အကဲခတ်လိုက်ကြည့်ရင် ရက်စက်တဲ့ အသွင်ဆောင်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ရှေ့မကြည့် နောက်မကြည့်လုပ်တတ်တဲ့ လူစားမျိုးပါ။

"ငါက သင်္ကြန်တုန်းမှာ ဒုလ္လဘဝတ်သေးတယ်ကွာ"

"အစ်ကိုရဲ့ ရဟန်းဘွဲ့က ဘာလဲဗျ"

"ဟေ့ကောင် မင်းက ရဟန်းဒကာလုပ်မလို့လား။ အရှင်ဇဝနတဲ့ဟေ့။ မင်းဖြတ်မေးတာနဲ့ လိုရင်းကို မရောက်တော့ဘူး။ အဲဒီလိုနဲ့ ငါ့မိန်းမက အအေးကပ်မယ်ဆိုလို့ ရဟန်းဝတ်ကြီးနဲ့ အိမ်ခဏပြန်ပါလေရော။ အဲဒီမှာ ငါ့ယောက်ဖနဲ့ ငါ့နှမက ရန်ဖြစ်တာဟေ့။ ငါလည်း မနေနိုင်တော့ ဝင်ပြောမိတာပေါ့။ ရဟန်းဝတ်ကြီးနဲ့ ဝင်ပြောရမလားဆိုပြီး ယောက်ဖက ရိုက်လိုက်တယ်။ ငါလည်း ခေါင်းကွဲပြီး မှောက်သွားတယ်။ လူးလဲထပြီးတော့ တုတ်နဲ့ ပြန်ရိုက်လိုက်တာ။ အဲကောင်လည်း ဦးနှောက်ထွက်သွားတယ်။ ငါ့နှမတော့ မုဆိုးမဖြစ်သွားတာပေါ့ကွာ။ ငါလည်း ဆေးရုံတက်လိုက်ရသေးတယ်။ စပြီးအရိုက်ခံရတာဆိုတော့ အမှုပေါ့ပြီး ထောင် (၆) နှစ်ပဲ ကျတာကွ"

ကျွန်တော်လည်း "ဪ" လို့ပဲ ပြောနိုင်တော့တယ်။ ကိုမိုက်ခဲက သာမန်လူလိုပါပဲ။ ထောင့်မကျိုးတဲ့ ပုံစံလည်း မပေါက်ပါဘူး။ ခပ်အေးအေးသမား။ ဘာဖြစ်လို့ လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေရသလဲ။ ကျွန်တော့်အမြင်တော့ ရုတ်တရက်ဖြစ်သွားတဲ့ ဒေါသကို သူမထိန်းချုပ်နိုင်လို့ပါ။ အကျိုးဆက်က ဒုက္ခတွေ ဖြစ်လာရတယ်။ သူလည်း ထောင်ကျရသလို တူတွေ၊ တူမတွေလည်း အဖေခေါ်စရာမရှိဖြစ်ရတာပဲ။ သူသတ်လိုက်တဲ့ လူတွေကလည်း ယောက်ဖတွေချည်းပဲမလား။

ကျွန်တော်လည်း ကိုမိုက်ခဲဆီကို အလည်မဝင်ဖြစ်တော့ပါဘူး။ ဟွန်း . . . အလည်ဝင်စရာလားဗျာ။ သူ့နှမကို သွားကြောင်မိရင် ကျွန်တော်လည်း Myanmar Fight Edition မှာ အခုလို စာရေးနိုင်မှာ မဟုတ်ဘဲ ကျင်းထဲရောက်နေပြီ။ ဒေါသစိတ်ကို ထိန်းချုပ်နိုင်တဲ့ လူတော်လူကောင်းတွေ ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - Own Creation
Photo Credit - Tadic
ကျော်စိုးအောင် (Myanmar Fight Edition)

စိုးလင်းဦးရဲ့ ကစားဟန်ကို ကြိုက်တာ၊ မကြိုက်တာက တစ်ပိုင်း။ သူစကားပြောတာ နားထောင်ကြည့်ရင် လူကို သဘောကျသွားလိမ့်မယ်။ အဲဒါက သ...
08/03/2024

စိုးလင်းဦးရဲ့ ကစားဟန်ကို ကြိုက်တာ၊ မကြိုက်တာက တစ်ပိုင်း။ သူစကားပြောတာ နားထောင်ကြည့်ရင် လူကို သဘောကျသွားလိမ့်မယ်။ အဲဒါက သေချာတယ်။ ရိုးရာအသိုင်းအဝိုင်းမှာရော ရိုးရာပရိသတ်တွေကြားမှာပါ လူချစ်လူခင်ပေါတယ်။ လူကိုယ်တိုင်က ချစ်မွှေးပါတယ်။

ONE Friday Fights 52 ပြိုင်ပွဲမှာ ပရိသတ်အချစ်တော် စိုးလင်းဦးက ဂျပန်ဖိုက်တာ Masayoshi Tsuhashi ကို တတိယအချီမှာ အလဲထိုးခဲ့ပြီး အပိုဆုကြေး ဒေါ်လာ (၁၀,၀၀၀) ရလိုက်တယ်။ ONE Championship က ထိုးကြေးကို တရားဝင်မထုတ်ပြန်ပါဘူး။ ONE Friday Fights ပြိုင်ပွဲဝင် ကစားသမားတွေက သူတို့စာချုပ်ကို ထုတ်ပြထားတယ်။ စာချုပ်တိုင်းမှာ ထိုးကြေးက ပုံသေပဲ။

ONE Friday Fights ပြိုင်ပွဲတွေမှာ ကစားသမားကို အခြေခံထိုးကြေး ဒေါ်လာ (၁,၅၀၀) ပေးထားတယ်။ အနိုင်ဆုကြေးက ဒေါ်လာ (၁,၅၀၀) ပါ။ ရှုံးရင် အခြေခံထိုးကြေး ဒေါ်လာ (၁,၅၀၀) ပဲရပါမယ်။ နိုင်ရင် ဒေါ်လာ (၃,၀၀၀) ထပ်ရဦးမယ်။ အပိုဆုကြေးပေါင်းရင် စိုးလင်းဦးက စုစုပေါင်းထိုးကြေး ဒေါ်လာ (၁၃,၀၀၀) ရပါတယ်။ မြန်မာငွေအတိုင်းဆိုရင် (၄၆၄) သိန်းကျော်တယ်။

မွေထိုင်းပွဲထိုးပြီး စိုးလင်းဦးက ငွေထုတ်ပိုက်သွားတယ်။ ဒီသတင်းကိုကြားပြီး ကျွန်တော်တို့ ပရိသတ်တွေမှာ ဝမ်းသာရတယ်။ ကိုယ်မရလည်း ပီတိကိုစား အားရှိပါတယ်။ အခုချိန်မှာ အသက်အရွယ်အရ အများကြီးမျှော်လင့်လို့ မရနိုင်ပါဘူး။ ပရိသတ်ကို လေးစားမှုရှိတယ်။ နှစ်လိုဖွယ်ကောင်းတယ်။ စိုးလင်းဦးက ပရိသတ်အချစ်တော်ဖြစ်နေဦးမှာပဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - LW Mark
Photo Credit - Soe Lin Oo
ကျော်စိုးအောင် (Myanmar Fight Edition)

“ကစားသမားဘဝအနားမယူခင် မာလီခင်နဲ့ မကြေပွဲ တစ်ပွဲလောက်ယှဉ်ပြိုင်ချင်ပါသေးတယ်”လို့ ဆ်ုလာတဲ့ ရိုင်နီယာရိုင်နီယာကတော့ မာလီခင်...
07/03/2024

“ကစားသမားဘဝအနားမယူခင် မာလီခင်နဲ့ မကြေပွဲ တစ်ပွဲလောက်ယှဉ်ပြိုင်ချင်ပါသေးတယ်”လို့ ဆ်ုလာတဲ့ ရိုင်နီယာ

ရိုင်နီယာကတော့ မာလီခင်ဆီမှာ သူ့ရဲ့ခါးပတ်တွေဖြစ်တဲ့ လိုက်ဟဲးဗီဝိတ်တန်းခါးပတ်နဲ့ မစ်ဒယ်ဝိတ်တန်းခါးပတ်နှစ်ခုစလုံးကို လက်လွတ်ခဲ့ရတာပါ။

ဒါပေမယ့် ရိုင်နီယာကတော့ သူ့ရဲ့ထုံးစံအတိုင်းရှုံးပေမယ့် လေမလျှော့သေးပါဘူး

ကစားသမားဘဝကအနားမယူခင် မာလီခင်နဲ့ထပ်နွှဲချင်သေးတယ်လို့ ဆိုလာပါတယ်။

အောင်လ အနေနဲ့ ONE နဲ့ စာချုပ်အသစ် ချုပ်လိုက်တာ မှန်ပေမယ့် မာလီခင်နဲ့ ချက်ချင်းကြီး ထိုးခွင့်ရပြီး ခါးပတ် လုခွင့် ရအုံးမှ...
03/03/2024

အောင်လ အနေနဲ့ ONE နဲ့ စာချုပ်အသစ် ချုပ်လိုက်တာ မှန်ပေမယ့် မာလီခင်နဲ့ ချက်ချင်းကြီး ထိုးခွင့်ရပြီး ခါးပတ် လုခွင့် ရအုံးမှာ မဟုတ်ပါဘူး။

မာလီခင်ဆီက ခါးပတ်လုခွင့် မတိုင်မီ ကြားထဲမှာ ၂ ပွဲလောက် အနည်းဆုံး ထိုးရအုံးမှာ ဖြစ်ပြီး ဒီ ၂ ပွဲထဲမှာ ရိုင်နီယာ နဲ့ သေချာပေါက် တွေ့ပြီး ကျော်ဖြတ် ရအုံးမှာ ဖြစ်ပါတယ်။

လက်ရှိအနေအထားကို ပြောရရင် အောင်လဟာ ရိုင်နီယာကို ကျော်ဖြတ်ဖို့ ခက်ခဲပါအုံးမှာ။

Ground fight ဂျူဂျစ်ဆု သမား ရိုင်နီယာ take down လုပ်လိုက်ရင် အောင်လ အနေနဲ့ အလွယ်တကူ ပါသွားပြီး ချုပ်ကွက်တွေကို ပြန်ဖြည်ဖို့ အားနည်းတာက အကြီးမားဆုံး အတားဆီးပါ။

Take down ကို ကာကွယ်နိုင်စွမ်း အားနည်းသလို stand fight နဲ့ ရိုင်နီယာကို အလဲသိပ်နိုင်မယ့် ပါဝါမျိုးလည်း ရှိဖို့ ကြိုးစားရပါအုံးမယ်။

စိတ်ခံစားချက်တွေကို ဘေးဖယ်ပြီး အမှန်အတိုင်း အရှိအတိုင်း သုံးသပ်ရရင် အောင်လ အနေနဲ့ မာလီခင်နဲ့ တွေ့ခွင့်ရဖို့ဆိုတာ မဖြစ်နိုင်တာမျိုးတော့ မဟုတ်ပေမယ့် အင်မတန် ခက်ခဲပါတယ်။

ဘရော်နီကာက ထိုင်းလက်ဝှေ့မယ်ကို အသာစီးထိုးနိုင်​သော်လည်းအမှတ်ဖြင့် ရှုံးပြီး နိုင်ပွဲဆက်စံချိန်ရပ်တန့်▪️နိုင်ပွဲဆက်မှု ရပ...
25/02/2024

ဘရော်နီကာက ထိုင်းလက်ဝှေ့မယ်ကို အသာစီးထိုးနိုင်​သော်လည်းအမှတ်ဖြင့် ရှုံးပြီး နိုင်ပွဲဆက်စံချိန်ရပ်တန့်

▪️နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့သည့်အတွက် ပရိသတ်များကို ဘရော်နီကာ တောင်းပန်စကား ဆို

သုည/People’s Spring

ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် ထိုင်းဖိုက်မွေထိုင်းလက်ဝှေ့စိန်ခေါ်ပွဲတွင် ပြိုင်ဘက် ထိုင်းလက်ဝှေ့မယ်ကို သုံးချီစလုံး အသာစီးထိုးနိုင်ခဲ့​သော်လည်း အမှတ်ဖြင့် ရှုံးနိမ့်ပြီး နိုင်ပွဲဆက်စံချိန် ရပ်တန့်ခဲ့သည်။

ယနေ့ (ဖေဖော်ဝါရီ ၂၅) ညပိုင်းက ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် Thai Fight : King Of Muay Thai ပြိုင်ပွဲ အမျိုးသမီး မွေထိုင်းလက်ဝှေ့စိန်ခေါ်ပွဲတွင် ဘရော်နီကာ
နှင့် အိမ်ရှင်ထိုင်းလက်ဝှေ့မယ် ဖာဆိုင်းတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းပွဲတွင် ဘရော်နီကာနှင့် ပြိုင်ဘက်ထိုင်းမွေထိုင်းလက်ဝှေ့မယ်ဖာဆိုင်း တို့သည်အကြိတ်အနယ် ရှိလှပြီး သုံးချီစလုံးဘ​ရော်နီကာ၏ လက်သီး ထိုးချက်များ​ကြောင့် ဖာဆိုင်း အထိနာခဲ့သည်။ ဖာဆိုင်၏ ​ခြေကန်ချက်အချို့ကလည်း ဘ​ရော်နီကာကိုအခက်​တွေ့​စေခဲ့သည်။ သုံးချီပြည့်သည်အထိအလဲမထိုးနိုင်ကြသည့်အတွက် ဒိုင်အဆုံးအဖြတ်ခံယူရာ အိမ်ရှင်ထိုင်းလက်ဝှေ့မယ်က အမှတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဘရော်နီကာသည် ထိုင်းလက်ဝှေ့မယ်ဖာဆိုင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် မွေထိုင်း ၁၇ ပွဲဆက်တိုင် အနိုင်ထိုးသတ်နိုင်ခဲ့သည့် နိုင်ပွဲဆက်စံချိန် ရပ်တန့်ခဲ့ရသည်။

ယနေ့ပွဲစဥ်တွင် ရှုံးနိမ့်ပြီး နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့သည့်အတွက် ပရိသတ်များကို ဘရော်နီကာက လူမှုကွန်ယက်မှ
တဆင့် တောင်းပန်စကား ဆိုခဲ့သည်။

"အားလုံးတောင်းပန်ပါတယ်။ ဒီတစ်ပွဲအရမ်းပင်ပန်းခဲ့တယ်။ နိုင်ပွဲဆက်လက်မထိန်းသိမ်းနိုင်တဲ့အတွက် တကယ်စိတ်မကောင်းပါဘူး"ဟု ဘရော်နီကာက ရေးသားတောင်းပန်ခဲ့သည်။

"ဒီပွဲက ထိုင်းဒိုင်တွေ ညစ်တယ်။ ဘရော်နီကာ ဒီလောက်ထိုးနေရက်သားနဲ့ ကလေးကို လူကြီးလိုက်ထိုးနေသလို ဖြစ်နေတာကို အမှတ်နဲ့ အနိုင်ပေးလိုက်တယ်။ ထိုင်းဖိုက်ကတော့ စာချုပ်ကုန်ခါနီးနေတဲ့ ဘရော်နီကာကို ပညာပြလိုက်တာထင်ပါတယ်။ Fighting ပါ ဘရော်နီကာရေ။ One Championship ပွဲမှာထိုးတာ ကြည့်ချင်ပါတယ်" ဟု ဘရော်နီကာ၏ ပရိသတ်တစ်ဦးက အားပေးစကားဆိုခဲ့သည်။

Thai Fight တွင် နိုင်ပွဲဆက်တိုက်ရပြီး နာမည်ကြီး​နေ​သောဘ​ရော်နီကာ ကို One ချန်ပီယံရှစ်ပြိုင်ပွဲတွင်ထိုးသတ်ရန်ကမ်းလှမ်းခံထားရ​ကြောင်းသတင်းများထွက်​ပေါ်​နေသည်။

ကယန်းတိုင်းရင်းသူ ဘရော်နီကာသည် မွေထိုင်းပြိုင်ပွဲ ၁၉ ပွဲ ယှဉ်ပြိုင်ထိုးသတ်ရာ နှစ်ပွဲသာ ရှုံးနိမ့်ပြီး ၁၇ ပွဲဆက် နိုင်ပွဲရရှိထားသူ ဖြစ်သည်။

ဘရော်နီကာသည် ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် Thai Fight 100 years Nakornban ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုခံထားရသူလည်း ဖြစ်သည်။

ဓာတ်ပုံ - Thai Fight

22/02/2024

အနိုင်ကျင့်ခံရလို့ ပြန်ခုခံရင်း ယူအက်ဖ်စီမှာ ဖိုက်တာဖြစ်လာတဲ့ ချင်းတိုင်းရင်းသား ဂျော့ရှူဝါဗန်


#ဂျော့ရှုဝါဗန်

#မြန်မာပြည်ဖွား

One Championship မှာ ပထမဆုံးအကြိမ်အနေနဲ့ မနက်ဖြန်မှာ ပွဲအသီးသိီးထိုးကြမယ့် မြန်မာဖိုက်တာ စိုးလင်းဦး နဲ့ သန့်ဇင်=========...
17/02/2024

One Championship မှာ ပထမဆုံးအကြိမ်အနေနဲ့ မနက်ဖြန်မှာ ပွဲအသီးသိီးထိုးကြမယ့် မြန်မာဖိုက်တာ
စိုးလင်းဦး နဲ့ သန့်ဇင်
================
၁၅၊ ဖေဖော်ဝါရီလ ၊၂၀၂၄
Zalen

မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦး နဲ့ လူငယ်ဖိုက်တာ သန့်ဇင်တို့ကတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ဖြန် ညနေပိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ One Championship မှာ မွေထိုင်းပွဲတွေ ထိုးသတ်သွားကြမှာဖြစ်ပါ တယ်။ ဆေးစစ်ဝိတ်ချိန်တာတွေကို ဒီကနေ့မှာ ပြုလုပ်သွားပြီး အာလုံး အဆင်ပြေသွားပြီဖြစ်ပါတယ်။

စိုင်းလင်းဦးကတော့ ပြိုင်ဘက် ဂျပန်နိုင်ငံသား Masayoshi Tsuhashi နဲ့ ထိုးသတ်သွားမှာ ဖြစ်သလို သန့်ဇင် ကတော့ အိမ်ရှင် ထိုင်းနိုင်ငံသား Jaising ဆိုသူနဲ့ ထိုးသတ်သွားမှာပါ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Lupinee ကွင်းကြီးမှာကျင်းပမဲ့ One FridayFight 52 ပွဲမှာ ထိုးသတ်သွားကြမှာဖြစ်တယ်။ စိုးလင်းဦးတို့ရဲ့ ပွဲစဉ်က ညနေ ၇း၂၀ လောက်မှာ ထိုးသတ်သွားမှာဖြစ်ပြီး သန့်ဇင်တို့တွဲဆိုင်းက ည ၈း ၃၀ ဝန်းကျင်မှာ ထိုးသတ်ကြ မှာပါ။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မြန်မာဖိုက်တာ စိုးလင်းဦးကတော့ မြန်မာနိုင်ငံမှာ ပရိတ်သတ်အခိုင်အမာ ရရှိထားသူဖြစ်သလို လက်ဝှေ့ပွဲပေါင်း တစ်ရာနီးပါး ထိုးသတ်ထားပြီး ၅၅ ပွဲနိုင် ၃ ပွဲရှုံး နဲ့ ပွဲပေါင်း ၄၀ က ရေရလဒ်မျိုးပိုင်ဆိုင်ထားပါတယ်။သူနဲ့ ထိုးသတ်မယ့် ဂျပန်နိုင်ငံသား Masayoshi Tsuhashi ကတော့ အသက် ၃၀ အရွယ်ရှိပြီဖြစ်ကာ ပရော်ဖက်ရှင်နယ်ဖိုက်တာ ဘဝ တစ်လျှော် ၃၄ ပွဲထိုးသတ်ထားပြီး ၁၉ ပွဲ နိုင် ၁၄ ပွဲ ရှုံး ၁ ပွဲ သရေ ရလဒ်ပိုင်ဆိုင်ထားပါတယ်။

သန့်ဇင်ကတော့ အသက် ၂၂ နှစ် ဝန်းကျင်သာရှိသေးပြီး ယခု သတ္တပတ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့ပွဲတွေမှာ နိုင်ပွဲဆက်ရရှိလာတဲ့ မျိုးဆစ်သစ် လူငယ်ဖိုက်တာ ဖြစ်တာကြောင့် One Championship ကနေ ကမ်းလှမ်း ခြင်းခံခဲ့ရတာဖြစ်တယ်။သူရဲ့ပြိုက်ဘက် Jaising ကတော့ အသက် ၂၈ နှစ်အရွယ်ရှိပြီးဖြစ်ကာ One Championship မှာ ၃ ပွဲထိုးသတ်ထားပြီး ၂ ပွဲကိုအလဲထိုးနဲ့နိုင်ထားသလို နောက်တစ်ပွဲကို အလဲထိုးနဲ့ပဲ ရှုံးနိမ့် ထားပါတယ်။

One Championship ဥက္ကဋ္ဌ ချက်ထရီ ကတော့ နှစ်ထပ်ကွမ်းချန်ပီယံဟောင်းကြီး အောင်လအန်ဆန်းကို ဇန်နဝါရီလ ၂၈ ရက်နေ့ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီးနောက် မြန်မာ ပရိတ်သတ်များ ကိုပြန်လည်စွဲဆောင်နိုင်ဖို့ အတွက်ယခုလို မြန်မာ ဖိုက်တာများကို ပွဲထုတ်လာတဖြစ်ပါတယ်။ မနက်ဖြန် သောကြာနေ့ညနေပိုင်းမှာထိုး သတ်ကြမယ့် One Fridayfight 52 ပွဲစဉ်များကို One Championship ရဲ့ youtue နဲ့ facebook စာမျက်နှာ ကနေ တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့သိရပါတယ်။

သတင်း - Grace

Address

Bayinnaung Road
Insein
11012

Telephone

+959777771111

Website

Alerts

Be the first to know and let us send you an email when Myanmar Cele News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Video Creators in Insein

Show All