Kdrama Series and movies

Kdrama Series and movies Pageကို အလည်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်

The 8th Night (2021)Horror/ Thriller (IMDb - 5.3)ကြောက်တတ်ရင်မကြည့်ရမိသားစုနဲ့ကြည့်ရင်ပိုကောင်းတယ်Movies linkhttps://t.m...
24/09/2022

The 8th Night (2021)
Horror/ Thriller (IMDb - 5.3)

ကြောက်တတ်ရင်မကြည့်ရ
မိသားစုနဲ့ကြည့်ရင်ပိုကောင်းတယ်

Movies link
https://t.me/minkhantpaing2832000/3864?single

The Golden Spoon (2022)အပိုင်း ၁ကြည့်လို့ရပါပြီBig Mouth အပြီးမှာ MBCကနေ ထုတ်လွှင့် ပြသ​နေတဲ့ကားလေးပဲဖြစ်ပါတယ်Lee SeungC...
23/09/2022

The Golden Spoon (2022)

အပိုင်း ၁ကြည့်လို့ရပါပြီ

Big Mouth အပြီးမှာ MBCကနေ ထုတ်လွှင့် ပြသ​နေတဲ့ကားလေးပဲဖြစ်ပါတယ်
Lee SeungCheon ဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ ဆင်းရဲနုံချာတဲ့ဘဝမှာ ရှင်သန်နေရပြီး အဲ့ဒီဘဝကို မုန်းတဲ့သူလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဖွားအိုတစ်ယောက်ဆီက ဝယ်လိုက်တဲ့ ရွှေဇွန်းကို အသုံးပြုပြီး အလွန်ချမ်းသာတဲ့ မိဘတွေရှိတဲ့ သူ့သူငယ်ချင်းတစ်ယောက်နဲ့ ဘဝချင်းလဲလိုက်တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲ ? တကယ်ပဲ ရွှေဘုံနန်းစံရမလား ? မထင်ထားတဲ့ ဘဝမျိုးဖြစ်နေမလား ? ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် ။

Channelကို joinဖို့မေ့မယ်နော်

https://t.me/minkhantpaing2832000/3847

အားလုံးရဲ့အချစ်တော် Cha Eun Wooရဲ True Beautyနဲ့ပုံစံတူဇာတ်ကားကောင်းလေးMy ID is Gangnam Beauty (2018) မြန်မာစာတန်းထိုး စ...
22/09/2022

အားလုံးရဲ့အချစ်တော် Cha Eun Wooရဲ True Beautyနဲ့ပုံစံတူဇာတ်ကားကောင်းလေး

My ID is Gangnam Beauty (2018)
မြန်မာစာတန်းထိုး စဆုံး
https://t.me/minkhantpaing2832000/3832

21/09/2022

၁ မိနစ်မှာ ဘာဖြစ်လို့ စက္ကန့် ၆၀ ရှိသလဲ ❓

ငယ်ငယ်ကတည်းက သိလာတဲ့အသိတစ်ခုက
စက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီး
မိနစ် (၆၀) ဟာ ၁ နာရီဖြစ်ပါတယ်။

ဘာ့ကြောင့် ၆၀ ဖြစ်သလဲ..?
ဘာ့ကြောင့် ၁၀၀ မဖြစ်တာလဲ..? စသည်ဖြင့်
စဉ်းစားကြည့်ဖူးကြမည် ထင်ပါတယ်။

စဉ်းစားတတ်တဲ့ကျောင်းသားကမေးတဲ့အခါ..
ဆရာတို့ ဘယ်လိုဖြေကြမလဲ..?

အခုလို (၆၀) ကို အခြေထားပြီး တွက်တဲ့စနစ်ဟာ
ခရစ်တော်မပေါ်မီ ၃၅၀၀ ခုနှစ် (BC 3500)
ကတည်းက ဆူမားရီးယမ်း လူမျိုးတွေ စတင်
အသုံးပြုခဲ့တဲ့ စနစ်ဖြစ်ပါတယ်။

စက်ဝိုင်းတို့ တြိဂံတို့ဟာ (၆၀) နဲ့ တွက်လို့ရသော ပုံစံများဖြစ်ပါတယ်။
ဒီစနစ်ကို ဘေဘီလိုနီယန်း (ဘေဘီလုံ)တွေက
ဆက်လက် ကျင့်သုံးခဲ့ပြီး
သင်္ချာပညာ နဲ့ နက္ခတ္တဗေဒ ပညာရပ်များမှာ
အသုံးချခဲ့ကြပါတယ်။

(၆၀) ကို အခြေယူတဲ့ နည်းစနစ်ကို စက်စီဂျက်စီမယ် (sexagesimal) လို့ခေါ်ပါတယ်။
ရှေးအခါက နေ့ နှင့် ည အချိန်များကို
နေ နာရီ၊ ကြယ်တာရာ များကိုကြည့်ပြီး
တွက်ခဲ့ကြတာဖြစ်ပါတယ်။

နေ့ နှင့်ည ကို ၂၄ နာရီအဖြစ် စတင်သတ်မှတ်တာကတော့ ရှေး အီဂျစ်များ ဖြစ်ပါတယ်။
နေနာရီိရဲ့ အရိပ်ကိုကြည့်ပြီး
နေ့ (၁၀) နာရီ အဖြစ်သတ်မှတ်ကာ
မိုးသောက်ချိန် ၁ နာရီ၊ ညနေ ၁ နာရီ ရှေ့နောက်ထည့်ပေါင်းပါတယ်။
ညကတော့ ကြယ်တာရာတွေကို ကြည့်ပြီး
၁၂ နာရီအဖြစ် သတ်မှတ်ပါတယ်။

စုစုပေါင်း ၂၄ နာရီပါ။ sexagesimal (၆) နဲ့ စားလို့ ပြတ်တဲ့ ဂဏန်းတွေပါပဲ။

စက္ကန့် (၆၀) ကို ၁ မိနစ်လို့ စပြီး သတ်မှတ်ခေါ်ဆိုခဲ့တာကတော့ ဂရိ နက္ခတ်ပညာရှင် Hipparchus ဖြစ်ပါတယ်
၁ နာရီကို sexagesimal သင်္ချာနည်းနဲ့ ၆၀ ပိုင်းလိုက်တာကို “Prime Minute” ပထမပိုင်းသေးလို့ သတ်မှတ်ပါတယ်။

အဲ့ဒီ့ သေးငယ်ခြင်း Minute (မိုင်နျု) ကနေ မိနစ် ဖြစ်လာပါတယ်။
Prime Minute ကို နောက်ထပ် (၆၀) နဲ့ ဆက်ပိုင်းတဲ့အခါ “Second minute” လို့ခေါ်တဲ့ ဒုတိယ အပိုင်း (သေးငယ်ခြင်း) ကို ရပါတယ်။
အဲ့ဒီ့ ဒုတိယ Second ကနေ စက္ကန့် ဖြစ်လာတာ ဖြစ်ပါတယ်။ (Third Minute နဲ့ Fourth Minute တို့လည်း ရှိပါသေးတယ်။)

ကျနော်တို့ သုံးနေတဲ့ နာရီကိုတော့..
၁၆၅၆ မှာ ဒတ်ခ်ျလူမျိုး အာကာသပညာရှင်
ခရစ်ရှန် ဟူဂျင်း (Christiaan Huygens) က စတင်တီထွင် အသုံးပြုခဲ့တာပါ။
ဒါပေမယ့် သူသုံးခဲ့တာ ချိန်သီးပါတဲ့ နာရီမျိုး (Pendulum clock) ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့.. သူ့ရဲ့ နာရီပုံစံဒီဇိုင်းကိုပဲ
တစ်ကမ္ဘာလုံး ပုံစံအမျိုးမျိုးဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတာပဲ ဖြစ်ပါတော့တယ်…။

စာရေးသူ - သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Love in Contract (2022)​Vedio link https://t.me/minkhantpaing2832000/3830ချွဲဆန်းအွန်းဟာ အရည်အချင်းပြည့်ဝကာ ဆွဲဆောင်မှုရ...
21/09/2022

Love in Contract (2022)​

Vedio link
https://t.me/minkhantpaing2832000/3830

ချွဲဆန်းအွန်းဟာ အရည်အချင်းပြည့်ဝကာ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး စာချုပ်နဲ့ ဟန်ဆောင်လက်ထပ်ပေးတဲ့ အလုပ်ကို လုပ်ကိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီအလုပ်ကဘယ်လိုမျိုးလဲဆိုရင် အိမ်ထောင်မပြုချင်တဲ့ တစ်ကိုယ်တည်းသမား Clientတွေအတွက် မိတ်ဆုံညစာစားပွဲတို့၊ သူငယ်ချင်းဟောင်းပြန်လည်တွေ့ဆုံပွဲတို့မှာ ဇနီးအတုအဖြစ် ဟန်ဆောင်ပေးရတာဖြစ်ပါတယ်။

ချွဲဆန်းအွန်းရဲ့ Clientတစ်ဦးဖြစ်တဲ့ ဂျောင်ဂျီဟိုဟာဆိုရင် သူနဲ့စာချုပ်သက်တမ်း ၅နှစ်ရှိနေပြီဖြစ်ပြီး နားလည်ရခက်တဲ့လူတစ်ဦးပါ။ ဂန်ဟယ်ဂျင်ကတော့ Clientအသစ်ဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ ဒီလိုနဲ့ ချွဲဆန်းအွန်းဟာ တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မှာ ဂျောင်ဂျီဟိုရဲ့ဇနီးအဖြစ်၊ အင်္ဂါ၊ ကြာသပတေးနဲ့ စနေနေ့မှာတော့ ဂန်ဟယ်ဂျင်ရဲ့ဇနီးအဖြစ် နှစ်ပါးသွားရင်း သူတို သုံးဦးကြားက သုံးပွင့်ဆိုင်ဇာတ်လမ်းကို ရယ်မောဖွယ်၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် Ro-com Dramaကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

Mental Coach Je Gal Gil (2022)အောက်က channel linkကို အရင်joinပါ👇👇👇https://t.me/minkhantpaing2832000/3821အညွှန်းအလုပ်ကြို...
20/09/2022

Mental Coach Je Gal Gil (2022)

အောက်က channel linkကို အရင်joinပါ
👇👇👇
https://t.me/minkhantpaing2832000/3821

အညွှန်း
အလုပ်ကြိုးစားပြီး ဖော်ရွေတတ်တယ်လိုနာမည်ကြီးတဲ့ နိုင်ငံ့ကိုယ်စားပြုတိုက်ကွမ်ဒိုအားကစားသမားတစ်ယောက် .. တစ်နေ့မှာတော့ အားကစားလောကရဲ့ထုံးစံအတိုင်း မတော်တဆဖြစ်ရပ်တစ်ခုရဲ့ အတင်းအဖျင်းသတင်းတစ်ပုဒ်ကြောင့် အားကစားသမားဘဝကနေအနားယူလိုက်ရတော့တယ်။ ဒီလိုနဲ့အချိန်တစ်ခုကြာအပြီး သူ့လိုမျိုး trauma ရခဲ့တဲ့သူတွေ စိတ်ဓာတ်ကျပြီး အလုပ်မလုပ်နိုင်ဖြစ်နေတဲ့အားကစားသမားတွေကို ကူညီပေးဖိုရာ အားကစားလောကထဲကို mental coach အနေနဲ့ပြန်ရောက်လာခဲ့တဲ့ .. Je Gal Gil
“ရေခဲမင်းသမီး” လိုလူသိများပြီး လတ်တလောမှာ မိမိကိုယ်ကိုယ်ယုံကြည်ချက်ပျောက်ဆုံးပြီး ဘယ်သူ့ကိုမှလည်း မယုံကြည်နိုင်တော့ဘဲ လမ်းပျောက်နေတဲ့ ရေခဲပြင်စကိတ်ရွှေတံဆိပ်ဆုရှင် .. Cha Ga Eul

သူသာ နံပါတ် ၁ ထိပ်ဆုံးနေရာမှာရှိမယ်ဆိုရင် ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ တောင်ကိုရီးယားနိုင်ငံ အိုလံပစ်ကော်မတီက လူ့အခွင့်အရေးစင်တာဒါရိုက်တာ .. Gu Tae Man

“သေချာပြုစုပျိုးထောင်ခံခဲ့ရတဲ့ ကြင်နာတတ်တဲ့သမီးပျိုလေး” အဖြစ်နာမည်ကြီးပြီး တစ်ချိန်က Je Gal Gil ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့ရာကနေ အခုတစ်ခါ အားကစားလောကထဲကို Je Gal Gil နဲ့အတူ အကြံပေးပါတနာတွေအဖြစ်ပြန်ရောက်လာခဲ့တဲ့ စိတ်ကျန်းမာရေးကူညီထောက်ပံ့ရေးအသင်းက .. Park Seung Ha ဒီလေးယောက်တွေ့ဆုံလိုက်တဲ့အခါ ဘာတွေဖြစ်လာမလဲ .. အားကစားသမားတွေရဲ့ဘဝနဲ့ အားကစားလောကရဲ့အခက်အခဲတွေက ဘယ်လိုဖြစ်မလဲ .. သူတိုရဲ့စိတ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေကိုရော mental coach တစ်ယောက်အနေနဲ့ Je Gal Gil က ဘယ်လိုတာဝန်ယူဖြေရှင်းပေးသွားမလဲ စတာတွေကို အပတ်စဥ် တနင်္လာ၊ အင်္ဂါတိုင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်္။

Blind (2022)ဒီနေ့လွှင့်တဲ့  ကားသစ်လေးပါ။လျှို့ဝှက်သည်းဖိုမှုခင်းဇာတ်လမ်းမျိုးဖြစ်ပြီး အမှုလိုက်စုံထောက်တွေ၊ တရားသူကြီးတွ...
17/09/2022

Blind (2022)

ဒီနေ့လွှင့်တဲ့ ကားသစ်လေးပါ။
လျှို့ဝှက်သည်းဖိုမှုခင်းဇာတ်လမ်းမျိုးဖြစ်ပြီး အမှုလိုက်စုံထောက်တွေ၊ တရားသူကြီးတွေနဲ့ ဥပဒေကျောင်းသားတွေကို အဓိကအ‌ခြေတည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ 👇👇👇👇
https://t.me/minkhantpaing2832000/3788

အချစ်ဆုံး အားလုံးကို တစ်နေရာထဲမှာ ကြည့်လို့ရပါပီနော်Youth MT (2022)အပိုင်း3 ရပါပြီhttps://t.me/minkhantpaing2832000/3786...
16/09/2022

အချစ်ဆုံး အားလုံးကို တစ်နေရာထဲမှာ ကြည့်လို့ရပါပီနော်

Youth MT (2022)

အပိုင်း3 ရပါပြီ

https://t.me/minkhantpaing2832000/3786

V.I.P (2017)မြန်မာစာတန်းထိုး မင်းသားတွေ ကြည့်ရတာနဲ့တင် ရှယ်ဘဲနော်❤️https://t.me/minkhantpaing2832000/3771
15/09/2022

V.I.P (2017)
မြန်မာစာတန်းထိုး

မင်းသားတွေ ကြည့်ရတာနဲ့တင် ရှယ်ဘဲနော်❤️

https://t.me/minkhantpaing2832000/3771

The Law Cafeအပိုင်း(၃) ကြည့်လို့ ရပါပီChannel ကို joinဖို့မေ့မယ်နော်https://t.me/minkhantpaing2832000/3758
14/09/2022

The Law Cafe
အပိုင်း(၃) ကြည့်လို့ ရပါပီ

Channel ကို joinဖို့မေ့မယ်နော်

https://t.me/minkhantpaing2832000/3758

အချစ်ဆုံး အားလုံးကို တစ်နေရာထဲမှာ ကြည့်လို့ရပါပီနော်Youth MT (2022)အပိုင်း၁ရပါပြီhttps://t.me/minkhantpaing2832000/3749
10/09/2022

အချစ်ဆုံး အားလုံးကို တစ်နေရာထဲမှာ ကြည့်လို့ရပါပီနော်

Youth MT (2022)

အပိုင်း၁ရပါပြီ

https://t.me/minkhantpaing2832000/3749

မကြည့်မိရင် နောင်တရသွားမယ်နော်GoodJob အပိုင်း၆ထိရပါပြီhttps://t.me/minkhantpaing2832000/3747
09/09/2022

မကြည့်မိရင် နောင်တရသွားမယ်နော်

GoodJob အပိုင်း၆ထိရပါပြီ

https://t.me/minkhantpaing2832000/3747

The Law Cafe (2022) https://t.me/minkhantpaing2832000/3744 ကားကောင်းများစွာနဲ့ မျက်စိမွဲစေမယ့် စက်တင်ဘာလလေးပါ Gcverse လေ...
06/09/2022

The Law Cafe (2022)

https://t.me/minkhantpaing2832000/3744

ကားကောင်းများစွာနဲ့ မျက်စိမွဲစေမယ့် စက်တင်ဘာလလေးပါ Gcverse လေးတိုရေ😝 Gcverse တိုကို ဒီလ ပထမအပတ်ရဲ့ ဒုတိယမြောက်ကားဖြစ်တဲ့ "Law Cafe" နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Big Mouse ကြည့်ရင်း Mouse ကြီးကို လွမ်းနေတဲ့သူတွေအတွက် အိုပါး Lee Seung Gi ကတော့ comeback ဒရာမာလေးနဲ့ ပရိသတ်ရှေ့ အလွမ်းပြေရောက်ရှိလိုလာခဲ့ပါပြီ။ အိုပါး Lee Seung Gi အပြင် Red Sleeve ရဲ့ ဇာတ်သိမ်းနဲ့ ပရိသတ်တွေကို ဟာ့တ်ထိသွားစေခဲ့တဲ့ မင်းသမီး Lee Se Young ပါ ပါဝင်ထားတာမို Law Cafe ကို ကြည့်ရှူကြဖို အထူးတိုက်တွန်းစရာ မလိုတော့ဘူးထင်ပါတယ်။

ဇာတ်လမ်းလေးကတော့...

Kim Jung-Ho (Lee Seung-Gi)ဟာ အင်မတန်မှ ထက်မြက်တဲ့ အမှုစစ်တစ်ယောက်ဖြစ်ပေမဲ့ ဖခင်ရဲ့ အကျင့်ပျက်ဖောက်ပြားမှုသတင်းဆိုးတွေကြောင့် အမှုစစ်အလုပ်က နှုတ်ထွက်ခဲ့ပြီး လက်ရှိ အလုပ်လက်မဲ့ဖြစ်နေသူတစ်ယောက်ပါ။ အလုပ်လက်မဲ့ဆိုပေမဲ့ ပိုင်ဆိုင်တဲ့ အဆောက်အဦတစ်ခုရှိကာ ထိုအဆောက်အဦကိုပဲ ငှားစားရင်း ခေါင်မိုးထပ်မှာ နေထိုင်တဲ့ အဆောက်အဦပိုင်ရှင်ကြီးပါ။

Kim Yoo-Ri( Lee Se Young) ကတော့ တရားမျှတမှုကို ရူးသွပ်တဲ့ ရှေ့နေတစ်ယောက်ပါ။ အတိတ်ကအချစ်ရေးဖြစ်ရပ်ကြောင့် Single ဘဝနဲ့ အရိုးထုတ်တော့မယ်လို ဆုံးဖြတ်ထားသူတစ်ယောက်ပါ။ ယခင်က ရှေ့နေရုံးကြီးတစ်ခုမှာ အလုပ်လုပ်ခဲ့ပေမဲ့ လက်ရှိမှာ ရှေ့နေရုံးကထွက်ပြီး Kim Jung-Ho ရဲ့ အဆောက်အဦမှာ Law Cafe ဆိုတဲ့ Cafe ဆိုင်လေးဖွင့်ထားပါတယ်။

Kim Jung-Ho နဲ့ Kim Yoo-Ri ဟာ လွန်ခဲ့တဲ့ ၁၇နှစ်၊ အထက်တန်းကျောင်းသား ဘဝကတည်းက ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး Kim Jung-Ho ဟာ Kim Yoo-Ri ကို ‌ကျောင်းသားအရွယ်မှာတည်းက တစ်ဖက်သတ် ချစ်နေခဲ့တာပါ။

Kim Yoo-Ri ဖွင့်ထားတဲ့ Law Cafe ကတော့ မည်သူမဆို ကော်ဖီထိုင်သောက်ရင်း ဥပဒေအကြောင်းတွေ ဆွေးနွေးတိုင်ပင်လိုရမယ့် နေရာလေးတစ်ခုပါ။ ထို Law Cafe ကိုလာတဲ့ ဖောက်သည်တွေရဲ့ စုံစိနေတဲ့အမှုတွေကို ထက်မြက်လှတဲ့ အမှုစစ်ဟောင်းနဲ့ တရားမျှတမှုအတွက်ဆို လက်မနှေးတဲ့ ရှေ့နေဟောင်းတိုက ဘယ်လိုကိုင်တွယ်ဖြေရှင်းပေးသွားမှာလဲ... လက်ကျန်ဘဝကို Single အနေနဲ့ အရိုးထုတ်မယ်လို ဆုံးဖြတ်ထားတဲ့ Kim Yoo-Ri တစ်ယောက်‌ရော သူ့ကို အချိန်အကြာကြီး တစ်ဖက်သတ်ချစ်နေခဲ့တဲ့ သူငယ်ချင်း Kim Jung-Hoရဲ့ စိတ်ကို လက်ခံပေးလိုက်မှာလားဆိုတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှူခံစားရမှာပါ။

ပုံမှန်ဥပဒေကားတွေနဲ့ ကွဲထွက်ကာ အခွီပေါင်းစုံနဲ့ Lee Seung Gi နဲ့ Lee Se Young တိုကိုမြင်တွေ့ရမယ့် ဒီ "Law Cafe" ဟာ ပရိသတ်ကြီး အကြိုက်တွေ့စေမယ့် ဘယ်လိုဇာတ်ကားကောင်းလေး ဖြစ်ဦးမလဲဆိုတာကို အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ Gold Channelနဲ့ အတူတူ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။

The Good Detective (2022)အပိုင်း ၁၁ ထိရပြီChannel ကို joinဖို့ မေ့မယ်နော်https://t.me/minkhantpaing2832000/3741
05/09/2022

The Good Detective (2022)

အပိုင်း ၁၁ ထိရပြီ

Channel ကို joinဖို့ မေ့မယ်နော်

https://t.me/minkhantpaing2832000/3741

Alienoid /Alien+Human Part 1 (2022)Telegram linkhttps://t.me/minkhantpaing2832000/3713Review ***နန်းတွင်းရာဇဝင်ကားလို ဆိ...
25/08/2022

Alienoid /Alien+Human Part 1 (2022)

Telegram link
https://t.me/minkhantpaing2832000/3713

Review
***
နန်းတွင်းရာဇဝင်ကားလို ဆိုလိုက်တာနဲ့ သမားရိုးကျ ဘုရင် မိဖုရား မင်းသားတွေကြား ထီးနန်းလုတာပဲ ရိုက်တဲ့ ကားတွေချည်း ထပ်ခါတလဲလဲ ကြည့်နေရလို ငြီးငွေ့နေပြီလား
ဪ ဒါနဲ့ အဲ ၁၃၈၀ ခုနှစ်တွေထဲ အာကာသယာဉ်တွေ ဂြိုဟ်သားတွေ ရောက်လာမယ်လို တွေးကြည့်ဖူးလား
အင်တာနက်မရှိ မီးမရှိ ဖုန်းမရှိတဲ့ အဲခေတ်တွေမှာ ဂြိုဟ်သားတွေက ဘယ်လိုနေမှာလဲ နေလိုရောရလိုလား
သိချင်တယ်ဟုတ် တိုလဲသိချင်တယ်လေ
ဒါဆို ဂြိုဟ်သားတွေ အဲခေတ်မှာနေလိုရလား ပရမ်းပတာတွေဖြစ်လာမလားဆိုတာကတော့ ဒီ "alienoid" ဆိုတာလေးထဲ အဖြေရှာကြည့်လိုရပါပြီနော်

လောလောလတ်လတ်ကမှ ပရိတ်သတ်အားပေးမှုရခဲ့တဲ့ Twenty Five Twenty One ဇာတ်လမ်းတွဲက မင်းသမီးလေးနဲ့ မြန်မာပြည်မှာ ကိုရီးယားကားလို ခေတ်တစ်ခေတ်စကတည်းက ရွှေသရဖူလို လူငယ်တွေကြား နာမည်ကြီးခဲ့တဲ့ The Heirs ဇာတ်လမ်းတွဲထဲက မင်းသား ကင်ဝူဘင်တိုကို ပြန်တွေ့ကြရမှာပါ

Reviewed by Naysoe

ကဲ အသစ်ထွက်တဲ့ Netflixရဲ့ Seriesအသစ်လေးပါ ရှယ်မိုက်နော်A Model Family (2022)မြန်မာစာတန်းထိုး စဆုံး ရပါပီhttps://t.me/min...
23/08/2022

ကဲ အသစ်ထွက်တဲ့ Netflixရဲ့ Seriesအသစ်လေးပါ ရှယ်မိုက်နော်

A Model Family (2022)
မြန်မာစာတန်းထိုး စဆုံး ရပါပီ

https://t.me/minkhantpaing2832000/3699

Big Mouth အပိုင်း(7) ရပါပီChannel ကို joinဖို့မေ့မယ်နော်Channel link 👇🏻👇🏻https://t.me/minkhantpaing2832000/3709
20/08/2022

Big Mouth အပိုင်း(7) ရပါပီ

Channel ကို joinဖို့မေ့မယ်နော်

Channel link 👇🏻👇🏻
https://t.me/minkhantpaing2832000/3709

ကဲ အသစ်ထွက်တဲ့ Netflixရဲ့ Seriesအသစ်လေးပါ ရှယ်မိုက်နော်A Model Family (2022)မြန်မာစာတန်းထိုး စဆုံး ရပါပီhttps://t.me/min...
13/08/2022

ကဲ အသစ်ထွက်တဲ့ Netflixရဲ့ Seriesအသစ်လေးပါ ရှယ်မိုက်နော်

A Model Family (2022)
မြန်မာစာတန်းထိုး စဆုံး ရပါပီ

https://t.me/minkhantpaing2832000/3699

Carter (2022)မြန်မာစာတန်းထိုးTelegram linkhttps://t.me/minkhantpaing2832000/3685အက်ရှင်ဇာတ်ကားကောင်းတွေကို အဓိကကြည့်ချင်...
07/08/2022

Carter (2022)
မြန်မာစာတန်းထိုး

Telegram link

https://t.me/minkhantpaing2832000/3685

အက်ရှင်ဇာတ်ကားကောင်းတွေကို အဓိကကြည့်ချင်သူတွေအတွက် "IRIS" ဇာတ်ကားလို မင်းသားရဲ့လူဆိုးများစွာကို အကောင်းဆုံးချကွက်တွေနဲ့ပြသသွားမယ့်ကားမျိုးပဲဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ယောက်ျားတစ်ယောက်ဟာ မှတ်ဥာဏ်ပျောက်ဆုံးပြီးနိုးလာခဲ့ပါတယ်။ နိုးလာချိန်မှာ သူ့ရဲ့နားထဲကို အကြံတွေပေးနေတဲ့ ဆန်းကြယ်တဲ့အသံကိုကြားခဲ့ရပြီး အန္တရာယ်တွေကနေ ဓားစားခံတွေကိုကယ်တင်ပေးရတဲ့မစ်ရှင်တွေကို ဆောင်ရွက်ရတဲ့အကြောင်းပါနော်။

မင်းသား Joo Won က (Carter) နေရာကသရုပ်ဆောင်ထားပြီး Lee Sung Jae, Jung So Ri, Kim Bo Min တို့ပါပါဝင်ကာ အချိန်တွေကုန်မှန်းမသိကုန်သွားစေမယ့် Netflix ရဲ့ 2 နာရီကျော်ရုပ်ရှင်လေးပဲဖြစ်ပါတယ်။

Translated by TPPM,J.M & Imyour Sandi

Boar Hunt (2022)Telegram link Episode 1 https://t.me/minkhantpaing2832000/3681?single"အဲနေ့ညက ငါပစ်ခဲ့တဲ့‌အကောင်က တောဝက်...
03/08/2022

Boar Hunt (2022)

Telegram link

Episode 1 https://t.me/minkhantpaing2832000/3681?single

"အဲနေ့ညက ငါပစ်ခဲ့တဲ့‌အကောင်က တောဝက်မဟုတ်ခဲ့ဘူးပဲ"
Closet , Anna , My Holo Love စတဲ့ နာမည်ကြီးကားတွေမှာ
ဇာတ်ပို့မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Kim Soojin
နဲ့အတူ ဗီလိန်‌ရော ဇာတ်ပို့ရော ပိုင်နိုင်တဲ့ အာဂျောရှီး Park Hosan
ဦးဆောင် ပါဝင်ထားတဲ့ ရင်တမမကြည့်ရမယ့် သည်းထိပ်ရင်ဖိုဒရာမာ
ကောင်းလေး လာပါပြီ။

ဒီမင်းသားကြီး Park Hosan ကို မမှတ်မိမှာစိုးလို့ ပြန်လင်းပါရစေ...
Penthouse S 2,3 မှာ ဗီလိန်ဆန်ဆန် ဖခင်ကောင်းဆန်ဆန် ဇာတ်ရုပ်နဲ့
ယူဂျယ်နီရဲ့ အဖေ ၊ အခုလွှင့်နေတဲ့ Today's Webtoon ထဲက မင်းသမီး
ဆယ်ဂျောင်းကိုလက်ခံပေးတဲ့ သဘောကောင်းတဲ့ ဒါရိုက်တာ, True Beauty
ထဲက မင်းသမီးဂါယောင်းရဲ့ အဖေ စသဖြင့် ဇာတ်ရုပ်အမျိုးမျိုးနဲ့ ကျမတို့ကို
ဖမ်းစားခဲ့တဲ့သူပေါ့နော်။

ကဲ...ကဲ လိုရင်းဖြစ်တဲ့ ဇာတ်လမ်းအကျဉ်းကို ‌ပြောပါတော့မယ်...
ဒီကားက နည်းနည်းတော့ ထူးဆန်းတယ်၊ ကြောက်စရာလည်း ကောင်းတယ်၊
သာမန် တောနားနီးတဲ့ရွာလေး တစ်ရွာမှာ လူအများစုက အသက်မွေးဝမ်းကြောင်း
အဖြစ် အမဲလိုက်လုပ်ငန်းကို လုပ်ကိုင်ကြတယ်။ ဒီတောထဲမှာပေါတဲ့ တောဝက်ကို
အဓိက ဖမ်းကြတာပေါ့ဗျာ။ အဲလို တော‌တောင်ထဲမှာ တောဝက်ဖမ်းရင်း အမဲလိုက်
သမားတွေ ပျောက်‌ကုန်ကြတယ်။ ပျောက်သွားတဲ့ရွာသားတွေရဲ့ လျှို့ဝှက်ချက်
တွေလည်းတစ်ခုချင်းစီ ထူးဆန်းစွာပေါ်လာပါတော့တယ်။

Young-Soo (Park Ho-San) နဲ့ Chae-Jung (Kim Soo-Jin) တို့က ရွာထဲမှာ
နေတဲ့ အသက်လတ်ပိုင်း လင်မယားတွေဖြစ်ပါတယ်။ တစ်နေ့မှာ Young-Soo နဲ့
သူငယ်ချင်းတစ်စုတို့ တောဝက်ဖမ်းဖို့ တောင်‌ပေါ်ကို အမဲလိုက်ခဲ့ကြတယ်။
တောင်ပေါ်မှာ မထင်မှတ်ထားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတော့တယ်...

Young-Soo ရဲ့ မိန်းမဖြစ်သူ Chae-Jung ကတော့ ဒေါသကြီးပေမဲ့ နွေးထွေးကြင်နာတဲ့
လူတစ်ယောက်ပါ။ ရွာသူရွာသားတွေလည်း သူမကို ချစ်ခင်ကြတယ်။ Young-Soo
အမဲလိုက်သွားတဲ့တစ်နေ့မှာ သူမရဲ့ သားဖြစ်သူ In Sung ပျောက်ဆုံးသွား‌တာကြောင့်
သူမလည်း စိတ်ထိခိုက်ပြိုလဲသွားခဲ့ပါတယ်။

ရွာထဲက အဘွား Ok-Soon (Ye Soo-Jung) ကတော့ သူမရဲ့ သားနဲ့ချွေးမ မီးလောင်
မှုကြောင့် ဆုံးသွားကတည်းက ကျန်ရစ်တဲ့မြေးလေးနဲ့အတူ နေထိုင်ခဲ့ပါတယ်။
မီးလောင်တာဟာ ရွာသားတွေ တမင်လုပ်တယ်လို့ ယူဆထားတဲ့အတွက် သူမဟာ
ရွာသားတွေကို လွယ်လွယ်မယုံတဲ့သူဖြစ်ပါတယ်။ သူမ အယ်ဇိုင်းမားရောဂါဖြစ်ကြောင်း
သိလာပြီးနောက်မှာလည်း ရွာသားတွေအပေါ် အမြင်မကြည်မှု ပိုတိုးလာပါဝောာ့တယ်။
ဒီလိုကျေးလက်ရွာလေးမှာ ဘာကြောင့် လူတွေပျောက်ပျောက် သွားရတာလဲ၊ Young Soo
တောင်ပေါ်မှာ တွေ့ခဲ့တာကဘာဖြစ်မလဲ၊ သားဇောနဲ့ စိတ်ထိခိုက်နေတဲ့ Chae-Jungရော
ဘယ်လိုကြိုးစားပြီး သားလေးကိုရှာမလဲ၊ လူတိုင်းကို မယုံနိုင်တဲ့ အယ်ဇိုင်းမားဝေဒနာရှင်
အဘွားရော မီးလောင်မှုရဲ့တရားခံကို ဖော်ထုတ်နိုင်မလား။

ဒီ ထူးခြားဆန်းကြယ်တဲ့ရွာလေးရဲ့ လျှို့ဝှက်ချက်‌တွေကို စူးစမ်းရင်း သည်းထိတ်ရင်ဖို
Vibes အပြည့်နဲ့ ကြည့်ချင်သူတွေအတွက် Perfect ဖြစ်မယ့် ကားသစ်လေးကို စောင့်မျှော်ကြည့်ရှုကြပါဦး။

The killer (2022)==============မြန်မာစာတန်းထိုး (တစ်ပိုင်းထဲအပီး)IMDb Rating : 6.1/10 ရရှိထားသော Action,Crimeအမျိုးအစား ...
02/08/2022

The killer (2022)
==============
မြန်မာစာတန်းထိုး (တစ်ပိုင်းထဲအပီး)

IMDb Rating : 6.1/10 ရရှိထားသော Action,Crime
အမျိုးအစား လေးပါ

ဇာတ်လမ်းအညွှန်း
××××××××××××
အက်ရှင်ကားငတ်နေတဲ့သူတွေအဖို့တော့ နင်းကန်လန်းပါတယ်..

မင်းသားက အရေးအကြောင်းဆိုရင် မိန်းကလေးဖြစ်နေလည်း

မျက်နှာတွေဖြတ်ရိုက်သလို ကျောင်းသားအရွယ်ဖြစ်နေလည်း သူ့ရန်ရှာရင်

ခြေထောက်တွေ လက်တွေ မျက်တောင်တစ်ချက်မခတ်ဘဲ ရုက်ချိုးပစ်ပါတယ်..

တကယ့်လူမိုက်တွေဆိုရင်တော့ပြောမနေနဲ့တော့…

ဘန်ဝီဂန်ဆိုတဲ့ ဘဲတစ်ပွေဟာ သူ့ကောင်မလေး အပျော်ခရီးမထွက်ခင်

ကလေးမလေးတစ်ယောက်ကို သွားတဲ့ကာလအတွင်း စောင့်ရှောက်ပေးဖို့

မှာသွားခဲ့တယ်…

သူကလည်း မကောင်းတတ်လို့သာ လက်ခံလိုက်ရတယ်..၁၇ နှစ်အရွယ်ကလေးမလေးဆိုတော့

အရာရာစူးစမ်းချင်စိတ်တွေပြည့်နေတဲ့အရွယ်လေး..

ဒါ့ကြောင့် အိမ်မလိုက်ချင်ဘူး သူငယ်ချင်းအိမ်မှာပဲနေမယ်ဆိုတော့

သူက ပိုက်ဆံတောင် သုံးဖို့စွဲဖို့ ထည့်ပေးလိုက်သေးတယ်…

အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံတက်တော့တာပါပဲ…

ဘာတွေလဲဆိုတာကိုတော့ …………………

Rating : 6.1/10
Country :Korea
Genre :Action,Crime,Korea Movie,
Released Date : 2022
Duration : 1h 35min



Telegram link
https://t.me/minkhantpaing2832000/3678

Fb link
https://www.facebook.com/groups/606570367426367/permalink/620195486063855/

Poong, The Joseon Psychiatrist Episode 1https://t.me/minkhantpaing2832000/3677Episode 2 https://t.me/minkhantpaing283200...
02/08/2022

Poong, The Joseon Psychiatrist

Episode 1
https://t.me/minkhantpaing2832000/3677

Episode 2 https://t.me/minkhantpaing2832000/3683

ဒီတစ်ခါတော့ Dali and Cocky Prince အပြီး Comeback မယ့် ဂင်မင်ဂျယ်နဲ့ At Eighteen အပြီး ပထမဆုံး comeback မယ့် Kim Hyang-Gi တိုရဲ့ နန်းတွင်းဟာသဇာတ်မြူးလေးကို ကြည့်ရှုခံစားရမယ့် Poong, The Joseon Psychiatrist လေးကို Gc ချစ်သူများအတွက် တင်ဆက်ပေးလိုက်ပါပြီ။

Yoo Se-Poong (Kim Min-Jae) ဟာ တော်ဝင်မိသားစုရဲ့ သမားတော်တစ်ဦးပါ။ တော်ဝင်မိသားစုအရှုပ်အထွေးကြား ပဲလှော်ဆားညှပ်ဖြစ်ရာကနေ ဂရယ်ဆူဆိုတဲ့ ဆန်းကြယ်သောတောရွာလှလှလေးကို ရောက်ရှိလာတဲ့ နာမည်ကျော်သမားတော်ပါ။

ထိုရွာလေးမှာ Se-Poong တစ်ယောက် မုဆိုးမတစ်ဦးဖြစ်တဲ့ Seo Eun-Woo (Kim Hyang-Gi) နဲ့ ဆရာတစ်ဦးဖြစ်တဲ့ Gye Ji-Han (Kim Sang-Kyung) တိုနဲ့ တွေ့ဆုံပြီး ရွာသားတွေကို ဆေးကုပေးဖို စတင်လုပ်ကိုင်ရပါတော့တယ်။

အခြေမြင့်မြင့် နန်းတွင်းသမားတော်ဘဝကနေ စစ်မှန်ပြီး လူနာတွေရဲ့စိတ်ဒဏ်ရာတွေကိုပါ ကုစားပေးမယ့် သမားတော်ဘဝကို Yoo Se-Poong တစ်ယောက် ဘယ်လိုကူးပြောင်းလာမလဲ။ ရွာမှာရော ဘယ်လိုဗရုတ်သုတ်ခတွေနဲ့ ကြုံပြီး ခွီရမလဲဆိုတာကို GC Drama က အကောင်းဆုံးတင်ဆက်ပေးသွားမှာမို လက်မလွတ်တမ်း ကြည့်ရှုလိုက်ရအောင်ပါ။
Review by Athena
Translated by Winnie Ngoon

Today's Webtoon (오늘의 웹툰)ကဲ ပေါ့ပေါ့ပါးပါး Dramaလေးတွေ မျှော်နေသူများအတွက်Comedy dramaလေး လာပါပီနော်၊ ဒီလိုအချိန်မျိုးမှာ...
30/07/2022

Today's Webtoon (오늘의 웹툰)

ကဲ ပေါ့ပေါ့ပါးပါး Dramaလေးတွေ မျှော်နေသူများအတွက်

Comedy dramaလေး လာပါပီနော်၊ ဒီလိုအချိန်မျိုးမှာ ဒီလိုကားလေးတွေ ကြည့်ပေးသင့်ပါတယ်

Today's Webtoon အပိုင်း(၁) ရပါပီ

👇🏻👇🏻👇🏻👇🏻 clip

https://t.me/minkhantpaing2832000/3660

Address

Insein
Insein

Alerts

Be the first to know and let us send you an email when Kdrama Series and movies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kdrama Series and movies:

Share

Category