Thar Taw Lay

Thar Taw Lay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thar Taw Lay, Digital creator, BawDi Road, Insein.

05/05/2024

ဘယ်တော့မှ မပတ်သက်သင့်တဲ့ လူ ၄ မျိုးရှိတယ်၊

၁ /အကြွေးတောင်းရတာ လက်ခက်တဲ့သူရယ်၊

၂/ကျေးဇူးတရား နားမလည်တဲ့သူရယ်၊

၃/အားနားမူကို အခွင့်အရေးယူတတ်သူရယ်၊

၄/ယုံကြည့်မူကို အလွဲသုံးစားလုပ်တတ်သူရယ်၊

အဲ့လူ ၄ ယောက်နဲ့ တွေ့ရင် ဝေးဝေးရှောင်ပါ

Crd

နော်
28/01/2024

နော်

မန္တလေးရဲ့ ထူးခြားတဲ့အသုံးအနှုန်း (၁၀)ခု       မန္တလေးကို အလည်လာကြသူတွေ၊ မန္တလေးကို အသစ်လာရောက်အခြေချနေထိုင်သူတွေ နားမရှ...
02/01/2024

မန္တလေးရဲ့ ထူးခြားတဲ့အသုံးအနှုန်း (၁၀)ခု

မန္တလေးကို အလည်လာကြသူတွေ၊ မန္တလေးကို အသစ်လာရောက်အခြေချနေထိုင်သူတွေ နားမရှင်း၊ မျက်စိရှုပ်တတ်တဲ့ အသုံးအနှုန်း (၁၀) မျိုး ကို ရှင်းပြချင်လို့ပါ။ ဒီ post လေးကို အစအဆုံးဖတ်ပြီးရင် ဘာလို့ဒီလိုခေါ်တယ်ဆိုတဲ့အသုံးအနှုန်းလေးတွေကို သိသွားကြလိမ့်မယ်ထင်ပါတယ်နော်။

✳️ မုန့်တီ

မန္တလေးမှာ မုန့်တီစားရင် နန်းကြီးသုပ်စားမယ်လို့ တခါတည်းမမှာကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးချယ်စရာ မုန့်တီအမျိုးအစားအများကြီးရှိလို့ပါပဲ။ ကြက်သားနိုင်းချင်း၊ ငါးဖယ်လုံးတွေနဲ့ မန္တလေးမုန့်တီလား၊ ဂေါ်ဖီဖတ်၊ ဗယာကြော်တွေနဲ့ စေးနေအောင်သုပ်ထားတဲ့ ခိုတောင်မုန့်တီလားဆိုပြီး ရွေးချယ်နိုင်သလို မုန့်တီဖတ်အရွယ်အစားကိုလည်း ရွေးချယ်နိုင်ပါတယ်။

မန္တလေးမုန့်တီစားမယ်ဆိုရင်
နန်းသေး = 0.1 - 0.2 cm
နန်းလတ် =0.4 - 0.5 cm
နန်းကြီး = 0.7 - 0.8 cm ဆိုပြီး အရွယ်အစား (၃)မျိုးရွေးချယ်နိုင်ပြီး ခိုတောင်မုန့်တီမှာတော့
ခိုတောင်နန်းလို့ခေါ်တဲ့ 0.3-0.4 cm ဆိုဒ်ကိုအများဆုံးအသုံးပြုပါတယ်။ ခိုတောင်နန်းဟာ နန်းသေးနဲ့ နန်းလတ်ကြားက ဆိုဒ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ မန္တလေးမှာ နန်းကြီးသုပ်စားမယ်လို့မပြောကြဘဲ မုန့်တီစားမယ်လို့သာ မှာကြပြီး ကိုယ်ကြိုက်နှစ်သက်ရာ မုန့်တီအမျိုးအစားနဲ့ နန်းအမျိုးအစားကို ရွေးချယ်သုံးဆောင်ကြတာ ဖြစ်ပါတယ်။

✳️ မုန့်ဟင်းခါးသောက်မယ်

မန္တလေးမှာ မုန့်ဟင်းခါးသုံးဆောင်တာကို "မုန့်ဟင်းခါး စားတယ်"လို့ မသုံးနှုန်းဘဲ "မုန့်ဟင်းခါး သောက်တယ်"လို့ သုံးကြပါတယ်။ မန္တလေးရဲ့မုန့်ဟင်းခါးတွေဟာ ရန်ကုန်မုန့်ဟင်းခါးလို အရည်မပျစ်၊ ငါးအဖတ်မများဘဲ ပဲအရည်ကျဲကျဲ၊ ငါးအဖတ်နည်းနည်းနဲ့ ချက်ကြတာမို့ "သောက်တယ်"လို့ သုံးကြတာဖြစ်ပါတယ်။

✳️ မန္တလေးထမင်းပေါင်း

မန္တလေးမှာ ထမင်းပေါင်းတစ်ပွဲပေးပါလို့မှာလိုက်ရင် နီနီရဲရဲ ဆော့စ်နဲ့နယ်ထားပြီး မြေပဲဆံဖြူးထားတဲ့၊ အသားကြော်၊ အသားကင်များများပါတဲ့ ထမင်းတပွဲရောက်လာပါလိမ့်မယ်။ ရန်ကုန်ထမင်းပေါင်းလို ကော်ရည်နဲ့ အသီးအရွက်ကြော်ထားတာမျိုး တွေ့ရမှာမဟုတ်ပါဘူး။ ဒါကြောင့်မန္တလေးမှာ ထမင်းပေါင်းမှာစားရင် မန္တလေးထမင်းပေါင်းလား၊ ရန်ကုန်ထမင်းပေါင်းလားလို့ သေချာခွဲခြားပြောပေးဖို့လိုပါလိမ့်မယ်နော်။

✳️ တိုရ/ပဲပင်ပေါက်

မန္တလေးမှာ မြီးရှည်စားမယ်ဆို တချို့ဆိုင်တွေက "တိုရထည့်မလား"လို့ ပြန်မေးတတ်ကြပါတယ်။ "တိုရ"ဆိုတာ တကယ်တော့ ပဲပင်ပေါက်ပါပဲ။ ရှေးခေတ်တုန်းက မန္တလေးမှာ မြီးရှည်ဟာ ပြည်ကြီးတရုတ်တွေနဲ့အတူပါလာခဲ့တဲ့ စားသောက်ဖွယ်ရာတစ်မျိုး(တမျိုး)ပါ။ မြီးရှည် ဆိုတဲ့ စကားလုံးကိုက တရုတ်လို: 米線(Mǐxiàn) "မီရှန့်"ကနေ ဆင်းသက်လာတာပါ။ ဒါကြောင့် မြီးရှည်ထဲထည့်တဲ့ ပဲပင်ပေါက်ကိုလည်း တရုတ်လို 豆芽(Dòuyá)"တို့ရာ"ကနေ ဆင်းသက်လာပြီး မြန်မာလို "တိုရ" ဖြစ်သွားပါတယ်။

✳️ ခါကျက်ဥ

ခါကျက်ဥဆိုတာ ကြက်/ငှက် တိရစ္ဆာန်တွေရတဲ့ဥ မဟုတ်ပါဘူး။ မန္တလေးမှာ မုန်လာဥနီ (carrot) ကို ခါကျက်ဥလို့ ခေါ်ကြပါတယ်။ Hindi ဘာသာစကား (Gaajar Root) ဂါဂျာရု ကနေ မြန်မာလို ခါကျက်ဥ ဖြစ်လာတာပါပဲ။ ခါကျက်ဥလိုပဲ ဈေးကွက်ထဲက တချို့သီးနှံတွေအမည်ကလည်း Hindi ဘာသာစကားကနေ မွေးစားထားတာဖြစ်ပါတယ်။
(Gaajar Root)= ခါကျက်ဥ
(Aloo)= အာလူး
(Gobhee)= ဂေါ်ဖီထုပ် စတဲ့စကားလုံးတွေပါ

✳️ ဒူးမလိုင်

မန္တလေးမှာ ဒူးမလိုင်လို့ မှာလိုက်ရင် ဒူးရင်းသီးတဖတ်မှမပါတဲ့ မလိုင်စစ်စစ်တခွက်ရောက်လာပါမယ်။ ဒါကိုမှ ဘာလို့ဒူးရင်းသီးမပါတာလဲမေးချင်ရင် ဒူးမလိုင်ဟာ ဒူးရင်းမလိုင် မဟုတ်လို့ပါလို့ ပြန်ဖြေရပါမယ်။ ဒူးမလိုင်ဆိုတာဟာ အိန္ဒိယအချိုပွဲ တစ်မျိုးဖြစ်ပြီး Doodh Malai ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပါတယ်။ ဒါကြောင့် ဒူးမလိုင်ဟာ ဒူးရင်းမလိုင်ကို အလွယ်တကူခေါ်တဲ့စကားလုံးမဟုတ်တာကြောင့် ကိုယ်သောက်ချင်တာဟာ ဒူးမလိုင်လား၊ ဒူးရင်းမလိုင်လား သေချာသိပြီး မှာဖို့လိုပါတယ်နော်။

✳️ Co Co /ခေါခေါ

မန္တလေးမြို့အနှံ့မှာတွေ့ရတဲ့ Co Co ဆိုတဲ့ Convenient store ဆိုင်ငယ်လေးများကို မန္တလေးသူ မန္တလေးသားများက "ခေါခေါ"လို့သာ ခေါ်ကြပါတယ်။ တခြားမြို့ကလာသူများက ကိုကို/ စီအိုစီအို စသဖြင့် ခေါ်ကြပေမယ့် မန္တလေးမှာ ဘာကြောင့် ခေါခေါ လို့ခေါ်ရသလဲဆိုတာကလည်း သမိုင်းကြောင်းရှိပါတယ်။ Co Co ဟာ မူလက "ခေါခေါ"ဆိုတဲ့နာမည်နဲ့ လွန်ခဲ့တဲ့ နှစ်(၃၀)ဝန်းကျင်ကတည်းက မန္တလေး မန်းမြို့ဈေးအနီး 84လမ်း 38-39 ကြားမှာ စတင်ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီဆိုင်ကို ခေါခေါ လို့သာ လူသိများခဲ့တာမို့ နောက်ပိုင်းမှာ Co Co လို့နာမည်ပြောင်းပြီး ဆိုင်ခွဲတွေ တိုးချဲ့ဖွင့်လှစ်ပေမယ့် နှုတ်ကျိုးနေတဲ့အတိုင်း ခေါခေါလို့သာ ဆက်လက်ခေါ်ဆိုနေကြခြင်းဖြစ်ပါတယ်။

✳️ တပြ၊ နှစ်ပြ

နေရာတခုခုကို မသိလို့ မန္တလေးသူ၊ မန္တလေးသားတွေကို လမ်းညွှန်မေးရင် ဟောဟိုဘက် တပြ၊ နှစ်ပြ လို့ ရည်ညွှန်းတတ်ကြပါတယ်။ တခြားမြို့တွေလို တလမ်း/နှစ်လမ်း၊ တဘလောက်/နှစ်ဘလောက်လို့မသုံးဘဲ ဘာလို့ "ပြ"ဆိုတဲ့ အသုံးအနှုန်းကို သုံးကြတာလဲဆိုတော့ မန္တလေးရဲ့လမ်းတွေဟာ မင်းတုန်းမင်းလက်ထက်ကတည်းက မြနန်းစံကျော်ရွှေနန်းတော်ကို ဗဟိုပြုလို့ လမ်းတွေကို မြို့ရိုးရဲ့ ပြအိုးတခုစီတိုင်းနဲ့တည့်တည့် ဖောက်လုပ်ထားလို့ပါပဲ။ လေးထောင့်မြို့ရိုးတွေဟာ တဘက်ကို တာ(၆၀၀)ရှိပြီး (၁၂)ခုအတိအကျခွဲထားတာမို့ ပြအိုး တခုနဲ့တခုဟာ တာ(၅၀)ကွာဝေးပါတယ်။ အခုခေတ်အတိုင်းအတာနဲ့ဆို ပေပေါင်း (၅၅၀)ဝန်းကျင်ပါ။ ဒါကြောင့် ပြအိုးတခုခြားတိုင်း လမ်းတခုရှိတဲ့အတွက် တပြအိုး၊ နှစ်ပြအိုး ရေတွက်ခေါ်ဆိုရာကနေ တပြ၊ နှစ်ပြ ဖြစ်လာခဲ့ပါတယ်။ မန္တလေးနန်းတော်ကို အလယ်ဗဟိုထားလို့ အရှေ့ဘက်အရပ်ကို နန်းရှေ့၊ မြောက်ဘက်အရပ်ကို မြောက်ပြင်၊ အနောက်ဘက်ခြမ်းကိုအနောက်ပြင်၊ အမရပူရကို တောင်မြို့ ခေါ်ဆိုကြသလို အရပ်မျက်နှာ လမ်းညွှန်ရာမှာလည်း ဘယ်-ညာမသုံးဘဲ အရှေ့၊အနောက်၊တောင်၊မြောက်ကို ရည်ညွှန်းပြောတတ်ကြပါတယ်။

✳️ ဘူတာကြီး

မန္တလေးသူ၊ မန္တလေးသားတွေက သူတို့မြို့က ဘူတာကို "ကြီး"ထည့်ပြီး ဘာလို့ခေါ်ကြတာလဲရယ်လို့ တခြားမြို့သူမြို့သားတွေက တအံ့တဩဖြစ်တတ်ကြပါတယ်။ တကယ်တော့ မန္တလေးမှာ ပါတော်မူပြီးစကာလများက ဘူတာကြီးနဲ့ ဘူတာလေး ရယ်လို့ နှစ်မျိုးရှိခဲ့လို့ပါပဲ။ ပါတော်မူပြီးစက မန္တလေးမှာ အိန္ဒိယလူမျိုး Manetji "မနန့်ဂျီ"က ပြေးဆွဲတဲ့ ပုဂ္ဂလိကပိုင် ရထားငယ်တမျိုးရှိခဲ့ပါတယ်။ မနန့်ဂျီ ဓာတ်ရထားဟာ ပုံမှန်မြင်တွေ့နေကျ ရထားအရွယ်အစားထက်သေးသလို အသုံးပြုတဲ့သံလမ်းအမျိုးအစားကလည်းပိုသေးပါတယ်။ ဒါကြောင့် မနန့်ဂျီရထားကို မနှင်းဆီရထားလို့လည်းခေါ်ကြသလို မနှင်းဆီ ရထားဆိုက်ရာဘူတာကို ဘူတာလေးလို့ခေါ်ပါတယ်။ မနှင်းဆီရထားဟာ ဈေးချို-မတ္တရာပြေးဆွဲပြီး ကုန်စိမ်းတွေအဓိက သယ်ဆောင်ပါတယ်။ ဘူတာလေးဟာ ယခု မန်းသီရိဈေးနေရာမှာပါ။ မနန့်ဂျီရထားနဲ့ ဘူတာလေးဟာ ၁၉၂၀ ကျော်ခုနှစ်များကတည်းက ဖျက်သိမ်းလိုက်ပြီမို့မရှိတော့ပါဘူး။ လမ်း ၃၀ - ၇၈ လမ်းဆုံမှာတည်ရှိပြီး တမြို့ကနေတမြို့ ပြေးဆွဲတဲ့ ရေနွေးငွေ့စက်ခေါင်းသုံးမီးရထားကြီးများဆိုက်ကပ်ရာကိုတော့ ဘူတာကြီးလို့ ခေါ်ပါတယ်။ ဘူတာနှစ်မျိုးရှိခဲ့တာမို့ ဘူတာကြီးနဲ့ ဘူတာလေးလို့ ခွဲခြားခေါ်ဝေါ်ရာကနေ နောက်ပိုင်းမှာ မနှင်းဆီရထားနဲ့ ဘူတာလေးမရှိတော့ပေမယ့် ဘူတာကြီးကို "ဘူတာကြီး"လို့ပဲ ဆက်လက်ခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။

✳️ ကျွန်တော်

မန္တလေးသူတွေက စကားပြောရာမှာ ကိုယ့်ကိုကိုယ် "ကျွန်တော်/ကျနော်"ဆိုတဲ့နာမ်စား သုံးလေ့ရှိကြပါတယ်။ သီချင်းတွေထဲမှာတောင် "ကျွန်တော် ကျွန်တော်နဲ့ ပြောတတ်တဲ့ မန္တလေးသူ"ဆိုပြီး ထည့်သွင်းဖွဲ့ဆိုခဲ့ပါတယ်။ နိုင်ငံကျော် သင်္ကြန်မိုးရုပ်ရှင်ဇာတ်လမ်းမှာ မင်းသမီးခင်သန်းနု (ထား) က မန္တလေးဆန်တဲ့ "ကျွန်တော်"ဆိုတဲ့ နာမ်စားထည့်သုံးပေမယ့် ဆင်ဆာအဖွဲ့က ပြန်လည်ဖြုတ်ချခဲ့ဖူးပါတယ်။ ကျွန်တော်ဆိုတဲ့နာမ်စားဟာ ယခုခေတ်မှာတော့ အမျိုးသားသုံး နာမ်စားအဖြစ်သာယူဆနေကြပေမယ့် တကယ်တော့ ရှေးအစဉ်အဆက်ကတည်းက မန္တလေးမှာတော့ အမျိုးသားရော၊ အမျိုးသမီးရော အသုံးပြုတဲ့နာမ်စားဖြစ်ပါတယ်။ မန္တလေးဟာ မြန်မာဘုရင်မင်းဆက်ရဲ့ နောက်ဆုံးစိုးစံခဲ့တဲ့မင်းနေပြည်တော်ဖြစ်တာနဲ့အညီ ရှေးက မန္တလေးသူ၊ မန္တလေးသားတွေဟာ ဘုရင်မင်းမြတ်ဆီ အခစားဝင်ရတဲ့အခါ ကျေးတော်မျိုး၊ ကျွန်တော်မျိုးအဖြစ် မိမိကိုယ်ကိုနှိမ့်ချသုံးနှုန်းတာပါ။ ခုချိန်မှာ မန္တလေးဟာ မင်းနေပြည်တော်အဖြစ်မရှိတော့ပေမယ့် မန်းသူ၊ မန်းသားများကတော့ ကျွန်တော်ဆိုတဲ့စကားကို ဒီနေ့ထိ အမျိုးသားရောအမျိုးသမီးပါ ဆက်လက်သုံးနှုန်းနေကြဆဲဖြစ်ပါတယ်။

စာလည်းရှည်သွားပြီဆိုတော့ အခုဆိုရင် မန္တလေးက တခြားမြို့နဲ့မတူတဲ့ အသုံးအနှုန်းတွေဟာ ဘယ်ကနေဘယ်လိုဆင်းသက်လာတယ်ဆိုတာ သိသွားကြလောက်ပြီထင်ပါတယ်။

(Mandalarian ယဉ်ယဉ်နှောင်း)

အိမ်ရှင်မ မှတ်စု

သူတပါးကိုပေးရန်ရှိသည့်ကြွေးမြီကို မဆပ်ဘဲနေ့ရွှေ့ညရွှေ့ အချိန်ဆွဲရာမှ ဒီလူကို မဆပ်လဲရတယ်သူက ငါ့ထက်ရှိနေပြီး အကြွေး တောင်း...
02/01/2024

သူတပါးကိုပေးရန်ရှိသည့်ကြွေးမြီကို မဆပ်ဘဲ
နေ့ရွှေ့ညရွှေ့ အချိန်ဆွဲရာမှ
ဒီလူကို မဆပ်လဲရတယ်
သူက ငါ့ထက်ရှိနေပြီး အကြွေး တောင်းနေရသေးတယ် စတဲ့
အတွေးဝင်လာသောအခါ
(သူ့ငွေသူရစရာရှိသဖြင့်တောင်းသူကို ငြိုငြင်စိတ်ဖြစ်မိသောအခါ)
မိမိအလုပ်အကိုင်လူမှူရေးနှင့်
လာဘ်လာဘတို့လဲ
အလိုလို အဆင်မပြေ ပြဿနာများ
ရစရာများနှောင့်နှေးသထက်နှေးလာသည်ကိုတွေ့ရပေမည်။
မရှိလို့မပေးရာမှ...မပေးလို့မရှိ ဖြစ်လာစေမည်။

ဒါ့ကြောင့်ကြွေးမြီရှိက ဆပ်ပါ။
မဆပ်နိုင်သေးက မသိချင်ယောင်ဆောင်ခြင်း
ခေါင်းရှောင်နေခြင်းထက်
ပြေလည်အောင်ရှင်းပြခြင်း
အားနာတတ်သောခံစားမှုရှိခြင်း
ခွဲဆပ်ခြင်း တို့ တခုမဟုတ်တခု ရှိသင့်ပါတယ်။
ငွေမပေးနိုင်က ပစ္စည်းတခုခု နဲ့ အစား ထိုးမလားမေးသင့်ပါတယ်။

မိတ်ဆွေ.... အပေါ် ငြိုငြင်စိတ် ရှိပါ က...

သင် ထိုအကြွေး တသက်လုံး မဆပ်နိုင်ပါ။

တသက်လုံး မဆပ်နိုင်သောအဓိပ္ပါယ်မှာ
ထို အချိန် ကစသင် ဘယ်လိုကြိုးစား ကြိုးစား
မပြေလည်တော့ပါနှင့် အတူတူ ပါဘဲ။

Crd

မင်မင့်လို မုန့်ဟင်းခါးကြိုက်သူလေးတွေရှိလားကြာရှည်ခံဆေးလုံးဝမပါတဲ့ မုန့်ဟင်းခါးအနှစ်ထုပ်300g$5.50 Sunday တိုင်း Pen*sula...
29/11/2023

မင်မင့်လို မုန့်ဟင်းခါးကြိုက်သူလေးတွေရှိလား
ကြာရှည်ခံဆေးလုံးဝမပါတဲ့ မုန့်ဟင်းခါးအနှစ်ထုပ်
300g
$5.50
Sunday တိုင်း Pen*sula plaza မှာ ယူလို့ရမယ်နော်

(တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့)ဆွေတော်မျိုးတော်အပေါင်းမင်္ဂလာနံနက်ခင်းပါဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ကိုယ်စိတ်နှစ်ဖြ...
27/11/2023

(တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့)
ဆွေတော်မျိုးတော်အပေါင်းမင်္ဂလာနံနက်ခင်းပါ
ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍
ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ
သဘာဝဘေး၊ကပ်ရောဂါဘေးကင်းဝေးကြပါစေ
ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ
မြန်မာပြည်+ကမ္ဘာကြီးအေးချမ်း၍ငြိမ်းချမ်းပါစေ

21/11/2023

Wednesday & Friday တိုင်း

ရန်ကုန်မှ စင်ကာပူသို့ လေယာဥ်ထွက်ပါတယ်ရှင့်

Happy Thadingyut Festival ပါရှင့်!!! ချစ်ရတဲ့ မိဘဆွေမျိုးမိတ်သဂ်ဟများ သီတင်းကျွတ်လပြည့်နေ့မှစ၍ လိုအင်ဆန္ဒများ ပြည့်၀ပါစေ...
29/10/2023

Happy Thadingyut Festival ပါရှင့်!!! ချစ်ရတဲ့ မိဘဆွေမျိုးမိတ်သဂ်ဟများ သီတင်းကျွတ်လပြည့်နေ့မှစ၍ လိုအင်ဆန္ဒများ ပြည့်၀ပါစေရှင်.........

Address

BawDi Road
Insein
11011

Website

Alerts

Be the first to know and let us send you an email when Thar Taw Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share