Kaung Tan

Kaung Tan " ကောင်တန် " သတင်းဌာနမှ ပြည်တွင်း ပြည်
(1)

18/01/2023
05/01/2023
22/12/2022

နီပအိုဝ်ႏ လိုꩻမျိုꩻ တွမ်ႏ
စဲ့ꩻစွိုꩻအာအာ ခေတ်ယိုခါ
ယူႏငါ ထီႏနဲင်ႏမုဲင်ꩻ







12/12/2022


11/12/2022

ဒီဇင်ဘာတဆီပုဲင်ထွူးဂုဏ်လွေꩻ ပအိုဝ်ႏေတာႏလန်ႏေရꩻမွူးနီꩻ

09/12/2022

တရုတ်နိုင်ငံ သမတရှီကျင်ဖင်နှင့်ဆော်ဒီဘုရင်တွေ့ဆုံမှု မှ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ၃၄ စောင်အထိ လက်မှတ်ရေးထိုးသည့် သမိုင်းဝင် တွေ့ဆုံဆွေးနွေးပွဲဖြစ်သည်။

08/12/2022

အနုပညာဆိုတာ
နေရာတိုင်းမှာ ရှိပါတယ် ။
ခံစားချက်ဖြင့် ဘဝရှင်သန့်ရပ်တည်ရေးအတွက် သီချင်းဖြင့် ရပ်တည်မယ်ဆိုတဲ့ အဖိုးသီချင်းပါ။

ထိုင်း ဗီဇာ  မနေ့ကစပြီး ထိုင်းနိုင်ငံလာရောက်လည်ပါတ်ကြတဲ့မြန်မာပါတ်စပို့ ကိုင်ဆောင်သူများကို Visa Free ဗီဇာကင်းလွတ်ခွင့် ...
30/11/2022

ထိုင်း ဗီဇာ

မနေ့ကစပြီး ထိုင်းနိုင်ငံလာရောက်လည်ပါတ်ကြတဲ့မြန်မာပါတ်စပို့ ကိုင်ဆောင်သူများကို Visa Free ဗီဇာကင်းလွတ်ခွင့် ၄၅ ရက်စတင်ပေးတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံမှာ ဗီဇာကင်းလွတ်ခွင့်ရသည့်၄၅ ရက်ထက်
ပိုမိုနေထိုင်ချင်သူများ က ထိုင်းမှာ ရေရှည်နေဖို့ Visa လျောက်ဖို့ လိုအပ်ပါတယ်။

Visa တွေကို

(a ) Tourist Visa

(b ) Non-immigrant Visa

(c) Marriage Visa နဲ့

(d) Retirement Visa ဆိုပြီး ၄ မျိုး ခွဲခြားထားပါတယ်။

ကျနော့ရဲ့မိတ်ဆွေတစ်ယောက် လွန်ခဲ့တဲ့ ၄ နှစကတည်းကTourist Visa ဖြင့် ထိုင်းမှာ ရက်ရှည်နေထိုင်ခဲ့ပါတယ်။ Covid ကာလတစ်လျောက်လုံးလည်း မြန်မာပြည်မပြန် တတိယနိုင်ငံလည်းမထွက် လွန်ခဲ့တဲ့ 2 လခန့်အထိTourist Visa ဖြင့်နေထိုင်သွားတဲ့အတွက်ဆောင်ရန် ရှောင်ရန်တစ်ချို့ကို ကျနော် သိသလောက်ပြောပြပေးပါမယ်။

ထိုင်းနိုင်ငံသို့ 45 ရက် ဗီဇာဖရီး သို့ Tourist Visa ၂ လ
ဖြင့်လာရောက်ပြီး အလုပ်ရှာမည့်သူ သို့မဟုတ်အကြောင်း အမျိုးမျိုးကြောင့် ထိုင်းမှာရက်ရှည် နေချင်သူများဟာ ထိုင်းနိုင်ငံအတွင်းမှာ Visa Extension ဆက်မတိုးသင့်ပါဘူး။

အကယ်၍ ထိုင်းနိုင်ငံအတွင်းမှာ ဗီဇာသက်တမ်းသက်
တိုးပြီးနေထိုင်ခဲ့လျှင် နောက်တစ်ကြိမ်ထိုင်းကိုအဝင် မှာ
လေဆိပ်ကရစ်ခံရနိုင်တာကိုသတိပြုသင့်ပါတယ်။
လေဆိပ်လဝက ကို အကျိုးအကြောင်းကောင်းကောင်းမွန်မွန် ခိုင်ခိုင် လုံလုံ ရေရေလည်လည် ဖြေရှင်းနိုင်သူများ
အတွက်ကတော့ခြွင်းချက်ပေါ့ဗျာ။ သို့ပေမဲ့ အဲဒီသူများဟာလည်း ထိုင်းနိုင်ငံကို Tourist Visa & Visa Free 45 ရက်ကိုအကြိမ်ဖန် များစွာ ဝင်ထွက်ပြုလုပ်လို့မရပါဘူး။ ထိုင်းနိုင်ငံရဲ့ Stay တခုခုကို ဝယ်ဖို့ လေဆိပ် လဝကမှအကြုံပြုပါတယ်။

ရက်ကွာပြီးမှ ပြန်လည်ဝင်ရောက်လာသူများမှာပြသနာမရှိပေမဲ့ မိမိမှာမဖြစ်မနေ ထိုင်းမှာရက်ရှည် Tourist Visa ဖြင့် သက်တမ်းရနိုင်သလောက် နေထိုင်မည့် သူများအတွက်အထူးပင်ရှောင်ကြဉ် သင့်ပါတယ်။

ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းကုန်တဲ့အခါ မြန်မာနိုင်ငံ ပြန်မလား တတိယနိုင်ငံ ထွက်မလား စဉ်းစားတဲ့အခါကျနော့အမြင် ကတော့ တတိယနိုင်ငံထွက်တာ ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။ တတိယနိုင်ငံ ထွက်ပြီး Stay ရှောင်မည့် သူ ဟာထိုင်းနိုင်ငံအတွင်းမှာ မြန်မာသံရုံးသို့သွားပြီးထောက်ခံ
စာဖြင့် ဘဏ်အကောင့်တစ်ခုဖွင့်ထားဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဗီဇာကိစ္ စဝိစ္စရှိတဲ့သူတစ်ချို့ဟာ ထိုင်းရောက်တာနဲ့ ဘဏ်အကောင့်စတင်ဖွင့်သင့်ပါတယ်။

Stay တခုခုမဝယ်ဖို့ အလျှင်းမသင့်သေးတဲ့အချိန်မှာ တတိ
ယနိုင်ငံ သို့ Stay ရှောင်ကြပါ။ အခွင့်သာရင်တော့ Non-B ,Non-O ,Retirement Visa , စသဖြင့် Stay များဝယ်ယူကြပါလို့ အကြုံပြုတင်ပြအပ်ပါတယ်ခင်ဗျာ။

Photo-Zin Ko Oo

#ဘန်ကောက်လမ်းညွန်ကိုစိုင်

27/11/2022

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ
အလယ်ဗဟိုချက်မ၏ နေရာဖြစ်သည့်
ရွှေကျောင်းခေါ် ဝပ်ဖူလေါဝ်ထောင်း
ဟုခေါ်ပါသည်။
ခရီးသွား ဧည့်သည်များ သိထားသင့်
မြင်ထားသငိ့သည် ထိုင်းနိုင်ငံ၏
ဗဟိုချက်မ မှာ ဤနေရာဖြစ်သည်။
သွားရောက် ကုသိုလ်ပြု အပန်းဖြေ အနားနေနိုင်သည့်။

25/11/2022

ဘန်ကောက်
ဘူတာကြီး ဟိုလမ်ဖုန် ကနေ
အာဆီယံ နယ်စပ်ဒေသမှာ သွားချင်တဲ့ နေရာအသီးသီးကို ရိုးရှင်းလွယ်ကူစွာဖြင့် ရထားနဲ့ ဈေးနှုန်းသက်သာစွာဖြင့် ခရီးသွားနိုင်ပါသည်။
မြေအောက်ရထား။ မိုးပျံရထား စသည့်လည်း ချိတ်ဆက်သွားနိုင်သည်။
နားထောင်ကြည့်လိုက်ပါ။

24/11/2022

Bangkok art
Tan

အနပညာ၏ ခံစားချက်
23/11/2022

အနပညာ၏ ခံစားချက်

23/11/2022

Title - သေနန်းချာငါႏနာꩻ
Compose/Vocall - နင်ႏရက်ပဲင်ꩻ
Studio-ခွန်ခန်ထို
Edit - Kxun La Thar
မဲဉ်မိဉ်းသေစဲင်ꩻယင်း ကဒဲင်ႏလဲဉ်းဒါႏငေါဝ်းသꩻချင်ꩻဖုံးနောဝ်ꩻ
နျꩻ နား ဗွောင်ꩻ ထွား သွော့ꩻ
ယို 👇YouTube👇 ကို
https://www.youtube.com/c/7LTKhunLaThar?sub_confirmation=1

03/07/2020

🙏🙏 မင်္ဂလာႏဒျာႏသြ 🙏🙏
= = = = = = = = = = = = = =
Khun Thomas page
ယို တဗာႏနဝ်ꩻ ခွေသွဉ်းနမ်းပဲင်ႏ ပေစ့်
ဒျာႏသွူသြ ..... ။ 🥰

ကထွာခွေသွဉ်း ခွန်သောမတ်(စ်)အနေႏ
နမ်းရုဲင်ꩻတသွိုးမုဖုံႏယို ခမ်းသားမွိုးဖာအမျာꩻ
သီး ယံဖေႏနေး ကသေထွꩻနွောင်ꩻအီအတာႏ
ခွေသွဉ်ႏအနေႏ အီႏဒင်ႏလွေꩻဖေႏနဝ်ꩻမꩻ
ခမ်းသားမွိုးဖါ ပါတွမ်ႏ လောင်ꩻသွꩻရက်
ဖူးဝေးအမျာꩻသီးအနေႏ ဖေႏနေးကသေထွꩻအီႏ
Like & Share , Follow ဖေႏ ခွေသွဉ်ႏ
Khun Thomas page အကျောင်ꩻ
မေတ္တာႏရပ်ခံႏဗာႏနုဲင်းယိုသွူသြ ...... ။ 🥰


Politician

(30.5.2020) နံနက် (၇:၀၀) နာရီ**********************ကူးစက်လူနာသစ် - ၁၇ ဦးယနေ့ သေဆုံးသူ - မရွိကူးစက္လူနာ စုစုပေါင်း - ၂၂၄...
30/05/2020

(30.5.2020) နံနက် (၇:၀၀) နာရီ
**********************

ကူးစက်လူနာသစ် - ၁၇ ဦး

ယနေ့ သေဆုံးသူ - မရွိ

ကူးစက္လူနာ စုစုပေါင်း - ၂၂၄ ဦး

ရောဂါပိုးကင်းစင်သူ - ၁၃၀ ဦး

ဆေးရုံဆင်းခွင့်ရသူ - ၁၂၂ ဦး

သေဆုံးသူ စုစုပေါင်း - ၆ ဦး ရှိပါသည်။

Ref: Ministry of Health and Sports, Myanmar

ရောဂါပိုးရှိသူနဲ့ ထိတွေ့ခဲ့ခြင်း ရှိ / မရှိ သိနိုင်ဖို့ဖုန်းထဲမှာမဖြစ်မနေ ထည့်ထားသင့်အသုံးပြုသင့်တဲ့ CareTogether Apps =...
19/04/2020

ရောဂါပိုးရှိသူနဲ့ ထိတွေ့ခဲ့ခြင်း ရှိ / မရှိ သိနိုင်ဖို့
ဖုန်းထဲမှာမဖြစ်မနေ ထည့်ထားသင့်
အသုံးပြုသင့်တဲ့ CareTogether Apps
= = = = = = = = = =
CareTogether Apps ဆိုတာက Apps ကို
အသုံးပြုတဲ့အချင်းချင်းထဲမှ တစ်ဦးဦးက
COVID-19 ကူးစက်ခံရသူများ နှင့် နီးစပ်ခဲ့
သူများကို ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိ/မရှိဆိုတာ
သတိပေးနိုင်ပြီး Apps ကို အသုံးပြုတဲ့သူများထဲမှ
တစ်ဦးဦးက COVID-19 ကူးစက်ခံရကြောင်း
ကျန်းမာရေးဝန်းကြီးဌာနက အတည်ပြုလိုက်တဲ့
အခါ ၎င်းတို့နဲ့ နီးစပ်ခဲ့သူများထံကို သတိပေးနိုင်တဲ့
Application အမျိုးအစားဖြစ်ပါတယ်။ 😊

COVID-19 နဲ့ပတ်သက်လို့ ကိုယ့်မြန်မာနိုင်ငံရဲ့
Up to Date နောက်ဆုံးရ
သတင်းအချက်အလက်နှင့်တကွ

= မြန်မာနိုင်ငံအတွက်နေ့အလိုက်နှင့် အမျိုးအစားများအလိုက်အခြေပြဇယားများ

= ရုပ်သံဆောင်ရန်ရှောင်ရန်
= တစ်နိုင်ငံလုံးအတွက် အတည်ပြုလူနာနှင့်
ထိတွေ့ခဲ့ဖူးသူများ ဆက်သွယ်‌အကြောင်း
ကြားနိုင်ရန်ဖုန်းနံပါတ်စာရင်းများ

= Contact tracing အတွက် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ဆက်သွယ်ရန်ဖုန်းနံပါတ်များလဲ ပါဝင်တဲ့အတွက်
COVID-19 ပိုးတွေ့လူနားများနှင့် အနီးကပ်
ထိတွေ့ဆက်စပ်မှုရှိပါက လွယ်လွယ်ကူကူနဲ့ ဆက်သွယ်သတင်းပေးပို့နိုင်မှာပါ။ 😊

မြန်မာဘာသာစကားသာမက တိုင်ရင်းသား
ဘာသာစကားဖြစ်တဲ့ ရခိုင်၊ ရှမ်း၊ ကချင်တိုင်းရင်းသား ဘာသာစကားနဲ့ရော English Language နဲ့
ကြည့်လို့ရနိုင်တဲ့ apps တစ်ခုပါ။ 😊

အောက်ပါလင့်ကနေ တဆင့်
CareTogether Apps ကို ဒေါင်းယူပါ⤵⤵
https://bit.ly/2RP4Fq9

-19

COVID-19 အတည်ပြုလူနာ ၁၁ ဦး ထပ်မံတွေ့ရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်= = = = = = = =.မြန်မာနိုင...
13/04/2020

COVID-19 အတည်ပြုလူနာ ၁၁ ဦး ထပ်မံတွေ့ရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်
= = = = = = = =.
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၁၁ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ည ၈ နာရီအချိန်တွင် ကနဦး ထုတ်ပြန်ကြေညာခဲ့ပြီး အသေးစိတ်အချက်အလက် များကိုမူ ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်အရ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၉၂ ခုအား စစ်ဆေးခဲ့ ရာတွင် ၎င်းတို့အနက် ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သဖြင့် အသွားအလာကန့်သတ် ၍ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ဆောင်ရွက်ထားရှိသူ ၁၁ ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်းနှင့် ကျန်ဓါတ်ခွဲနမူနာ ၈၁ ခုတွင် COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်း ဖော်ပြထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး အတည်ပြုလူနာ ၂ ဦး စတင်တွေ့ရှိသည့် မတ်လ ၂၃ ရက်မှ ယနေ့ ဧပြီလ ၁၃ ရက်အထိ ရောဂါပိုး တွေ့ရှိသူ ၅၂ ဦး ရှိလာပြီဖြစ်ပြီး ယနေ့ နံနက် ၁ နာရီအချိန် ထုတ်ပြန်ချက်အထိ ဖော်ပြချက်များအရ သေဆုံးသူ ၄ ဦး၊ ပြန်လည်သက်သာလာသူ ၂ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။

 ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့လူနာအပါအဝင်ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၁-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအချိန်အထိ...
11/04/2020


ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့လူနာအပါအဝင်
ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၁-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၁) ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

   COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှု နှင့်ပတ်သက်၍ Positive လူနာအသစ် (၄) ဦး ထပ်မံ တွေ့ရှိပြီး 😢မြန်မာနိုင်ငံတွင် COVID...
10/04/2020


COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှု
နှင့်ပတ်သက်၍ Positive လူနာအသစ်
(၄) ဦး ထပ်မံ တွေ့ရှိပြီး 😢

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ
ဓာတ်ခွဲအတည်ပြုလူနာ (၂၇)ဦးအထိ
တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတ...
06/04/2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19)
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်
ဗဟိုကော်မတီ သတင်းထုတ်ပြန်ချက်

Myanmar State Counsellor Office page
မှ ပြန်လည် ကူးယူဖော်ပြပါသည် ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ COVID-19 နဲ့ ပတ်သက်ပြီး မိမိတို့ရဲ့ ပအိုဝ်းဘာသာစကားနဲ့ ဆောင်ရန် ရှောင်...
06/04/2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ
ထုတ်ပြန်ထားတဲ့ COVID-19 နဲ့ ပတ်သက်ပြီး မိမိတို့ရဲ့
ပအိုဝ်းဘာသာစကားနဲ့ ဆောင်ရန် ရှောင်ရန်
ကို ဖတ်ရှု့ မှတ်သား လိုက်နာကြဖို့ အသိပေးပါတယ်။

ပအိုဝ်းဘာသာစကားနဲ့ ထုတ်ထားတဲ့
ပုံအကြည်ကို ဒေါင်းယူချင်တယ် ဆိုရင်တော့
shorturl.at/CRS07 ဒေါင်းယူလို့ရပါတယ် ။

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
04/04/2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါရှာဖွေ ၍ ထိရောက်စွာကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော် ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ လိုအပ်ပါက ဆေးရုံတက်ရောက်ကုသမှု ခံယူနိုင်စေရေး ဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာ ဒေသ အာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍သတင်းရယူခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုမှ သတင်းမှန်များရရှိနိုင်ရေးအတွက် နေ့စဉ်သတင်းထုတ်ပြန်ခြင်းလုပ်ငန်းများအား အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိပါ သည်။

၂။ (၃-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၄-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၅၈) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၄-၄-၂၀၂၀) ရက်နေ့၊ ည (၅:၃၀) နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံ/ အိမ်/ ဟိုတယ်တွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသောသူ (၈၄) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေး ခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသောသူ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါ ပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၈၃) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိ ကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၄။ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-21) သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင် ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီး (၁) ဦးဖြစ်ပြီး မိခင်နှင့် မောင်တော်စပ်သူတို့နှင့်အတူ (၂၄-၃-၂၀၂၀) ရက်နေ့တွင် အမေရိကန်နိုင်ငံမှ ကိုရီးယား သမ္မတနိုင်ငံသို့ လေကြောင်းလိုင်းဖြင့်ထွက်ခွာခဲ့ကာ ကိုရီးယားသမ္မတနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံသို့ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ရောက်ရှိခဲ့ပါသည်။ ထိုင်းနိုင်ငံမှတစ်ဆင့် (၂၆-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ရာ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်ခြင်းပြုလုပ်ရန် ညွှန်းပို့ခဲ့ပါသည်။ အဆိုပါလူနာသည် (၂-၄-၂၀၂၀) ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း စသည့်ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ယင်း‌နေ့တွင်ပင် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ ထပ်မံညွှန်းပို့ခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးသို့ပြောင်းရွှေ့ရန် စီစဉ်လျက် ရှိပြီး လတ်တလောကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၅။ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၂၀) ဦးအနက် ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၀) ဦး နှင့် မန္တလေး မြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့တွင် ပြည်သူ့ဆေးရုံ၊ ပေါက်ခေါင်းမြို့မှ ပြောင်းရွှေ့လူနာ (၄)ဦး၊ စုစုပေါင်း (၁၈) ဦးတို့၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိဆေးကုသမှုပေးလျက်ရှိပါသည်။

၆။ ယခုအခါ (၂၃-၃-၂၀၂၀) ရက်နေ့မှ (၄-၄-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၂၁) ဦး တွေ့ရှိလာရပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူ များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ် ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိသာမက မိမိ၏ မိသားစုနှင့်ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်း ဆောင်ရွက်ပေးနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
02/04/2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၁-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၂-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၃) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂-၄-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံ (သို့မဟုတ်) အိမ်တွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံယူနေသူ (၆၂)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသောသူ (၄) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၅၈) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၄။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case- 015) ၏ အနီးကပ်ထိတွေ့ဆက်စပ်သူ မိသားစုဝင် (၄)ဦးအား ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ရှိ ၎င်းတို့၏နေအိမ်တွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုပြီး ဓာတ်ခွဲနမူနာရယူ၍ စစ်ဆေးခဲ့ရာ ၎င်း၏ ခင်ပွန်းဖြစ်သူ အသက် (၄၇)နှစ်၊ သားဖြစ်သူ အသက် (၁၀)နှစ်၊ သမီးဖြစ်သူ အသက် (၈)နှစ်နှင့် တူမဖြစ်သူ အသက် (၁၈)နှစ်၊ စုစုပေါင်း (၄)ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။ ၎င်းတို့အား သတ်မှတ်ဆေးရုံသို့ စနစ်တကျလွှဲပြောင်း၍ သီးခြားထားရှိ ကုသမှုပေးသွား မည် ဖြစ်ပါသည်။

၅။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၉) ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၉) ဦး နှင့် မန္တလေး မြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ သတ်မှတ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနိုင်ရေး စီစဉ်လျက်ရှိသည့် လူနာသစ် (၄)ဦး၊ စုစုပေါင်း (၁၇) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိဆေးကုသမှု ပေးလျက်ရှိပါသည်။ ယနေ့အတွက် ဓာတ်ခွဲစမ်းသပ်အဖြေ ထပ်မံထုတ်ပြန်ရန် မရှိပါ။

၆။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာသဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော် အပ်ပါသည်။

 COVID-19 ရောဂါပိုး ကူးစက်ခံရသူ (၁) ဦးကို ထပ်မံ စစ်ဆေးတွေ့ရှိ=============================စစ်ဆေးချက်များအရ မြန်မာပြည်၌ ရ...
31/03/2020


COVID-19 ရောဂါပိုး ကူးစက်ခံရသူ (၁) ဦးကို ထပ်မံ စစ်ဆေးတွေ့ရှိ
=============================
စစ်ဆေးချက်များအရ မြန်မာပြည်၌ ရောဂါပိုး ကူးစက်ခံထားရသူပေါင်း (၁၅) ဦးအထိ ရှိလာ

ဟိုပုံးမြို့မစျေး နှင့် နမ့်ခုတ်ကျေးလက်စျေးကို၄ လပိုင်းကုန်ထိ ၅ ရက်လျှင့် (၁) ကြိမ် စျေးဖွင့်လှစ် ရောင်းချခြင်းမပြုရန် အ...
31/03/2020

ဟိုပုံးမြို့မစျေး နှင့် နမ့်ခုတ်ကျေးလက်စျေးကို
၄ လပိုင်းကုန်ထိ ၅ ရက်လျှင့် (၁) ကြိမ်
စျေးဖွင့်လှစ် ရောင်းချခြင်းမပြုရန်
အသိပေးကြေငြာ

Address

Hopong

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Kaung Tan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share