Game နုင့် Gamer

Game နုင့် Gamer Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Game နုင့် Gamer, Media, Hlegu.

စီးပွါးရေးသမားနဲ့ အင်ဂျင်နီယာတို့ဂေါက်ကွင်းမှာဂေါက်ရိုက်ကြတယ်။စီးပွါးရေး သမား ဖြစ်သူက ၃ ၊ ၄ ချက်ရိုက်ပြီးတော့တစ်ချက်မှမဝ...
15/05/2023

စီးပွါးရေးသမားနဲ့ အင်ဂျင်နီယာတို့
ဂေါက်ကွင်းမှာဂေါက်ရိုက်ကြတယ်။
စီးပွါးရေး သမား ဖြစ်သူက ၃ ၊ ၄ ချက်ရိုက်ပြီးတော့
တစ်ချက်မှမဝင်လို့ ဆဲဆိုထူပူနေပါရော။

အဲ့နောက် အင်ဂျင်နီယာ ရိုက်ရမယ့်အလှည့် ရောက်လာတယ်။
သူ့အလှည့်ရောက်ရောက်ချင်း သူမရိုက်ဘူး။ Golf Buggy ကားပေါ်မှာပါလာတဲ့ ရေပြင်ညီတိုင်းကိရိယာနဲ့
သူ စရိုက်ရမယ့် နေရာကနေ အပေါက်ရှိတဲ့နေရာအထိ လိုက်တိုင်းတယ်။

တိုင်းပြီးသွားတော့ ကားပေါ်က ပေကြိုးထုတ်လာပြီး ထပ်တိုင်းပါလေရော။
စီးပွားရေးသမားဖြစ်သူကတော့ ဘာကိုတိုင်းနေမှန်းမသိလို့ ဒီတိုင်း ကြည့်နေတယ်။

ဒီလိုနဲ့ ထပ်တိုင်းပြီးသွားတော့ စာအုပ်တစ်အုပ်ထုတ်လာပြီးတြိဂံတွေ စတုဂံတွေ စက်ဝိုင်းတွေ မျဉ်းတွေ ဆွဲတယ်။

နာရီဝက်လောက်ကြာလာတဲ့အခါမှာတော့
စီးပွားရေးသမားဖြစ်သူက အင်ဂျင်နီယာကို ပြောတယ်။

" မင်းရဲ့ ဂေါက်သီးကို မင်းရိုက်မလား ငါရိုက်ရမလား " တဲ့။

အင်ဂျင်နီယာလည်း အကုန်တိုင်းတာလို့ ပြီးသွားဟန်နဲ့
ဂေါက်ရိုက်တံကိုကိုင်ပြီး မြက်ခင်းစိမ်းပေါ်က ဂေါက်သီးကို
ယုံကြည်မှုအပြည့်နဲ့ ကျင်းရှိရာကိုရိုက်ချလိုက်တယ်။
"မဝင်ပါဘူး ...."

"ဒါကြောင့် ဘဝမှာ မလိုအပ်ပဲ
သောက်ကြီးသောက်ကျယ်တွေ
သောက်ပို​တွေသိပ်မလုပ်ပါနဲ့"

crid.
23/01/2023

crid.

30/06/2021

GTA san ပါ game သရဲတေအကြိုက်ပေါ့ linkက cbမှာတောင်းပါ။😁😁comments တေလဲကြိုက် မကြိုက် ပြောခဲ့ကြပါဗျ

22/06/2021

Like & Share for game link. GTA san.

" ားလက်ဆောင်_တစ်ရာ_(၁၀၀)''(၀၀၁) စာဖတ်သည့် အလေ့အထ           လုပ်ပါ။(၀၀၂) အရာရာကို လေးလေးနက်နက်                တွေးခေါ်ပါ။...
29/04/2021

" ားလက်ဆောင်_တစ်ရာ_(၁၀၀)''

(၀၀၁) စာဖတ်သည့် အလေ့အထ
လုပ်ပါ။
(၀၀၂) အရာရာကို လေးလေးနက်နက်
တွေးခေါ်ပါ။
(၀၀၃) ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကို
ယုံကြည်မှုရှိပါ။
(၀၀၄) အကြောင်းအရာမှန်သမျှ
စေ့စေ့စပ်စပ် လေ့လာပါ။
(၀၀၅) ပြောတိုင်း ယုံသည့်အကျင့်
ဖျောက်ပါ။
(၀၀၆) စကားကို မပြောသင့်၊
ပြောသင့် အရင်စဉ်းစားပါ။
(၀၀၇) ဘယ်အခြေအနေမျိုးကိုမဆို
တည်ငြိမ်ရင့်ကျက်ပါ။
(၀၀၈) ဘယ်အချိန်မှာပဲဖြစ်ဖြစ်
အပြုံးဖြင့် ရပ်တည်ပါ။
(၀၀၉) ဘယ်နေရာဒေသပဲ
ရောက်ရောက် သတိ၊ဝီရိယနဲ့ နေပါ။
(၀၁၀) လူတိုင်းပေါ်မှာ
စိတ်ကောင်းထားပါ။
(၀၁၁) စေတနာသန့်သန့်နဲ့
ကူညီရိုင်းပင်းပါ။
(၀၁၂) လေကောင်းလေသန့် အမြဲရှူပါ။
(၀၁၃) သဘာဝရှုခင်းတွေကို
အမြဲကြည့်ပါ။
(၀၁၄) နှလုံးသားထဲကနေ
ထာဝရဘုရားတည်ပါ။
(၀၁၅) စိတ်ကူးတွေ လက်တွေ့
အကောင်ထည်ဖော်ပါ။
(၀၁၆) မိဘကျေးဇူးကိုတော့ သိပါ။
(၀၁၇) မိမိဝါသနာပါရာကိုတော့
မုချလုပ်ပါ။
(၀၁၈) လောဘတတ်သင့်သလောက်ပဲ
တတ်ပါ။
(၀၁၉) ဒေါသဖြစ်စေမည့်အရာမှန်သမျှ
ရှောင်ကြဉ်ပါ။
(၀၂၀) ဆင်းရဲတွင်းကနေ ရုန်းထွက်ပါ။
(၀၂၁) စိတ်ရွှင်လန်းစေမည့်
ဟာသကားလေးတွေ ကြည့်ပါ။
(၀၂၂) သူတစ်ပါးအပေါ် မနာလိုစိတ်
လျှော့ပါ။
(၀၂၃) မိမိကိုယ်ကို တုနိုင်အောင်
ကြိုးစားပါ။
(၀၂၄) အသက်အရွယ်မရွေး
ဆရာတင်ပါ။
(၀၂၅) အောင်မြင်သူတွေဆီကနေ
လေ့လာပါ။
(၀၂၆) လူကြီးသူမအပေါ် ရိုသေပါ။
(၀၂၇) ဝတ်စားဆင်ယင်မှုကို
ထိန်းသိမ်းပါ။
(၀၂၈) ဒုစရိုက်မှုမှန်သမျှ ရှောင်ကြဉ်ပါ။
(၀၂၉) ဒုက္ခဟူသမျှ သုခမှတ်ယူပါ။
(၀၃၀) လေးစားသင့်သူမှန်သမျှ
လေးစားပါ။
(၀၃၁) ချီးကျူးထိုက်သူကို ဂုဏ်ပြုပါ။
(၀၃၂) မိမိအပျော်ကို တစ်ပါးသူဝေမျှပါ။
(၀၃၃) စိတ်ထဲရှိသည့် ခံစားချက်မှန်သမျှ
စာအဖြစ် ချရေးသည့် အလေ့အထ
ပြုလုပ်ပါ။
(၀၃၄) အမှား/အမှန် ဝေဖန်ပိုင်းခြားပါ။
(၀၃၅) ကုသိုလ်ကောင်းမှု
များများလုပ်ပါ။
(၀၃၇) တစ်ယောက်တည်း
နေတတ်အောင် ကြိုးစားပါ။
(၀၃၈) သူတစ်ပါးရဲ့ အတွေးအခေါ်ကို
လက္ခံပါ။
(၀၃၉) အစားအသောက် ဆင်ခြင်ပါ။
(၀၄၀) နေ့တိုင်း မေတ္တာပို့ပေးပါ။
(၀၄၁) သည်းခံစိတ်မွေးမြူပါ။
(၀၄၂) ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။
(၀၄၃) သူတစ်ပါးနေရာကနေ
ဝင်ကြည့်ခံစားပေးပါ။
(၀၄၄) နှစ်သိပ့်ပေးရမည့်သူကို
နှစ်သိပ့်ပေးပါ။
(၀၄၅) ပရဟိတစိတ်လေး ရှင်သန်ပါ။
(၀၄၆) ကြီးနိုင်ငယ်နှင်း တိရစ္ဆာန်စိတ်
ဖျောက်ပါ။
(၀၄၇) မိမိခံစားချက်ကို
ရှေ့တန်းတင်တာလေး လျှော့ပါ။
(၀၄၈) ရိုးသားပွင့်လင်းပါ။
(၀၄၉) နေရာတကာမှာ ဆရာကြီး
မလုပ်သင့်ပါ။
(၀၅၀) စကားပြောနေရင်
ဖြတ်မပြောသင့်ပါ။
(၀၅၁) ကလေးငယ်များကို ချစ်ပါ။
(၀၅၂) တိရစ္ဆာန်လေးတွေလည်း
ဂရုဏာထားပါ။
(၀၅၃) အားလပ်ရက်ခရီးစဉ်လေးတွေ
စီစဉ်ပါ။
(၀၅၄) အကြောက်တရား လျှော့ပါ။
(၀၅၅) ရှက်သင့်တာကို ရှက်ပါ။
(၀၅၆) အတင်းတုတ်လေးတွေလည်း
လျှော့ပါ။
(၀၅၇) အပြစ်လုပ်မိရင် ဆေးကြောပါ။
(၀၅၈) သာသနာကို စောင့်ထိန်းပါ။
(၅၉) ရာထူးသည် မမက်သင့်ပါ။
(၀၆၀) သူတစ်ပါးမျက်ရည်ကျမှ
ထမင်းစား မဝင်သင့်ပါ။
(၀၆၁) အရာရာတိုင်းကို မ'အ'သင့်ပါ။
(၀၆၂) ကြင်နာတတ်သည့်နှလုံးသားရှိပါ။
(၀၆၃) ခေါင်းရှောင်တတ်တဲ့
အကျင့်ဖျောက်ပါ။
(၀၆၄) တာဝန်နှင့်ဝတ္တရားကို
ကျေပွန်အောင် ထမ်းဆောင်ပါ။
(၀၆၅) အပြောနှင့်အလုပ် ညီပါ။
(၀၆၆) သူတစ်ပါးကို မနှောက်ယှက်သင့်ပါ။
(၀၆၇) မိမိကိုယ်ကို ဝေဖန်သုံးသပ်ပါ။
(၀၆၈) မိမိချွေး၊ မိမိသွေးနဲ့ ရသည့်
ဝင်ငွေကိုပဲ တက်မက်ခုံမင်ပါ။
(၀၆၉) ကြွားဝါးလိုသည့်စိတ်ကို
စိတ်ဖျောက်ပါ။
(၀၇၀) အမုန်းမပွားသင့်ပါ။
(၀၇၁) အငြိုးမထားသင့်ပါ။
(၀၇၂) မိမိကိုယ်ကို ဂုဏ်မဖော်သင့်ပါ။
(၀၇၃) အနာဂတ်ကို ရှေ့ရှုပါ။
(၀၇၄) ဘဝကို စနစ္တက်
တည်ဆောက်ပါ။
(၀၇၅) စိတ်ဓာတ်၊ စည်းကမ်း၊
ပညာသည် လူ၏ တန်ဖိုးပါ။
(၀၇၆) နှုတ်ရိုင်း၊လက်ကြမ်းသည်းခံပါ။
(၀၇၈) သူတစ်ပါးကို မပြိုင်ပါနှင့်၊
မိမိကိုယ်ကို ပြိုင်ပါ။
(၀၇၉) ကလေးငယ်များကို
မြေတောင်မြှောက်ပေးပါ။
(၀၈၀) အများနှင့်မတူအောင်
တီထွင်မှုလေးတွေ ပြုလုပ်ပါ။
(၀၈၁) ဘယ်အရာကိုမှ မပေါ့ဆသင့်ပါ။
(၀၈၂) မတရားတာမှန်သမျှ
တရားနဲ့ ခြေဖျက်ပါ။
(၀၈၃) လူကောင်းတစ်ယောက်အဖြစ်
ဖြတ်သန်းပါ။
(၀၈၄) မပျင်းရိသင့်ပါ။
(၀၈၅) အလုပ်မရွေးသင့်ပါ။
(၀၈၆) သူတစ်ပါးအနာကို မဆွသင့်ပါ။
(၀၈၇) ခေါင်းဆောင်ကောင်း
ဖြစ်အောင် ကြိုးစားပါ။
(၀၈၈) ပြဿနာတိုင်းကို
မီးမွေးမသင့်ပါ။
(၀၈၉) မိမိကိုယ်ကို နားလည်ပါ။
(၀၉၀) လောကကြီးကို စိတ်မပျက်သင့်ပါ။
(၀၉၁) ကံကို အပြစ်ပုံမချသင့်ပါ။
(၀၉၂) အမြင်ကျယ်ပါ။
(၀၉၃) ဘေးပတ်ဝန်းကျင်ကို နားဆွင့်ပါ။
(၀၉၄) ပညာဂုဏ် မမောက်သင့်ပါ။
(၀၉၅) ဘဝင်လေ မဟပ်သင့်ပါ။
(၀၉၆) အနန္တောအနန္တ ငါးပါးကို
ဦးထိပ်ထားပါ။
(၀၉၇) ပန်းပျိုးလက်ဖြစ်အောင်
ကြိုးစားပါ။
(၀၉၈) အမှန်တရားကို ချစ်မြတ်နိုးပါ။
(၀၉၉) ဘယ်သူ့ကိုမှ မနှိမ့်ချသင့်ပါ။
(၁၀၀) လောကကြီးကို အလှဆင်ပါ။

ဤအချက်တွေထဲကနေ
မိမိလက်လှမ်းမှီသလောက်
ကြိုးစားပြီးတော့ လိုက်နာကျင့်သုံးပါ.....။
ၩိမ_စတား

Credit; Original Writer

"ဘာကြောင့် စာဖတ်ဖို့လိုသလဲ" ======================ဆရာကြီးဦးအောင်သင်းရဲ့ အကြိုက်ဆုံးထဲက အကြိုက်ဆုံးစကား...  လူနဲ့တိရစ္ဆာန...
02/01/2021

"ဘာကြောင့် စာဖတ်ဖို့လိုသလဲ"
======================

ဆရာကြီးဦးအောင်သင်းရဲ့ အကြိုက်ဆုံးထဲက အကြိုက်ဆုံးစကား...
လူနဲ့တိရစ္ဆာန် ဘယ်သူသာလဲမေးရင်???လူကသာတယ်လိုပဲဖြေကြတယ်...
စဉ်းစားကြည့်ရအောင်...

- မြင်းလောက်အပြေးသန်သလား?

- ဆင်လောက်ခွန်အားကြီးသလား?

- ငါးလောက်ရေကူးကျွမ်းသလား?

- ကျီးကန်တို့လဒတို့လောက် မျက်စိလျှင် လား?

- အယ်ဇေးရှင်းခွေးလောက် အနံ့ခံကောင်းလား?

📗 အဖွဲ့အစည်းနဲ့ ဘာနဲ့ ညာနဲ့ စည်းလုံးတယ် ဘာညာနဲ့မပြောနဲ့...

📗 ပျားတွေလောက်မစည်းလုံးဘူးနော်...
ပျားတွေဟာသိပ်ဝီရိယကောင်းတယ်
ပန်းပွင့်မညိုးခင် မနက်စောစော ကတည်းက လုံ့လစိုက်ပြီး အလုပ်လုပ်တယ်။

📗 ပျားတစ်ကောင်ဟာ ပန်းဝတ်ရည်ကိုတွေ့လာရင် သတင်းလာပို့တယ်...
သူကဦးဆောင်ခေါ်သွားတယ်
နောက်ကပျားတွေကလည်း ထပ်ကြပ်မကွာလိုက်တယ်...
သူတို့ယူလာတဲ့ဝတ်ရည်ကို သိုလှောင်တဲ့နေရာမှ အတိတကျထားတယ်...

📗 ဘယ်ပျားကမှမခိုးဘူး ။
မှောင်ခိုမချဘူး
ကောင်းလိုက်တဲ့ဗီဇ...
ရှဉ့်လျှောက်လို့ရအောင် လမ်းချန်ပေးထားတယ်...
သူများသွားလမ်းပိတ်မထားဘူး။

📗 လူတွေလို ဘယ်သူသေသေ ပြီးပြီးရောဆိုတဲ့ စိတ်ယုတ်မရှိဘူး။

📗 ပျားအုံကိုထိရင် အသေခံကာကွယ်တယ်။
ပျားတွေ နိုင်ငံတော်သည် ဘယ်လောက်အားကျဖို့ကောင်းလဲ?
ဘယ်လောက်အတုယူဖို့ကောင်းလဲ

📗 ကောင်းပြီ ဆက်စဉ်းစားကြရအောင်

📗 လူတွေဟာ တိရစ္ဆာန်တွေထက် ဘယ်နေရာသာသလဲ အဖြေထုတ်ကြည့်ရင် သုံးမျိူးပဲရှိတယ်...

၁- အလှအပကိုခံစားတတ်ခြင်း ဖန်တီးတတ်ခြင်း။

၂- ကိုယ့်ကျင့်တရားရှိခြင်း။

၃- ကျိူးကြောင်းဆင်ခြင်နိုင်ခြင်း ဥာဏ်ပညာရှိခြင်း။

📗 လူတွေဟာ အလှအပကိုခံစားတတ်တယ် ဖန်တီးတတ်တယ်...

📗 တိရစ္ဆာန်တွေမှာကိုယ်ကျင့်တရားမရှိဘူး
ကြီးနိုင်ငယ်ညှင်းတယ်...

📗 မကောင်းတာကောင်းတာသူတို့မသိဘူး...
ကိုယ့်ကျင့်တရားဆိုတာလည်းမရှိဘူး...

📗 လူတစ်ယောက်မှာ ကိုယ်ကျင့်တရားမရှိရင် တိရစ္ဆာန်နဲ့မခြားနားဘူး...

📗 ကျိုးကြောင်းဆင်ခြင်ဥာဏ် ပညာကြီးတယ်။
ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာသိတယ်။

📗 ကိုယ့်ထက်အားကြီးတဲ့ဆင်ကို ချွန်ပေါက်ပြီးသစ်ဆွဲခိုင်းတယ်...

📗 မြင်းကိုပါးချုပ်တက်ပြီးခွစီးတယ် လှည်းတပ်ဆွဲခိုင်းတယ်...

📗 ရေကူးကျွမ်းတဲ့ငါးကို ငါးမျှားချိတ်နဲ့များတယ် ပိုက်နဲ့ဖမ်းတယ်...

📗 ကိုယ့်ထက်စည်းလုံးပါတယ်ဆိုတဲ့ပျားကို ဖွတ်စားတယ်...

📗 ဒါဘာလို့လဲ???
လူတွေကတိရစ္ဆာန်တွေထက် အကျိူးအကြောင်းဆင်ခြင်နိုင်လို့ ဉာဏ်ပညာကြီးလို့ပေါ့

📗 လူတွေကတိရစ္ဆာန်တွေအပေါ် လွှမ်းမိုးနိုင်တာဟာ ဥာဏ်ပိုကြီးလို့
ဒါဆိုရင်လူအချင်းချင်းရော???
စဉ်းစားနော်သေချာစဉ်းစား...

📗 လူတွေမှာလည်း ပညာကြီးတဲ့လူက ပညာနည်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့...

📗 သူများနိုင်ငံမှာသွားပြီး ပညာသင်ရတယ်...

📗 သူများနိုင်ငံမှာသွားပြီး အောက်ကျို့ခံအလုပ်လုပ်ရတယ်
သူတို့လောက် ငါတို့ပညာမတတ်လို့ပဲ

📗 ဒါကို တို့နိုင်ငံက လူတွေက အခုချိန်ထိပညာကို တန်ဖိုးထားရကောင်းမှန်းမသိဘူး...

📗 အမြင်ကျယ်တဲ့သူက အမြင်ကျဉ်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့...

📗 အဲ့ဒီတော့ သူများလွှမ်းမိုးတာမခံရအောင်
သူများခေါင်းပုံဖြတ်တာမခံရအောင်
သူများလူလည်ကျတာမခံရအောင်
သူများအနိုင်ကျင့်တာမခံရအောင်
ပညာတတ်ဖို့ အမြင်ကျယ်ဖို့
အသိပညာရှိဖို့ ဗဟုသုတရှိဖို့လိုတယ်
ဘာလုပ်ရမလဲ???

📗 စာဖတ်ရမှာပေါ့...
စာဖတ်တယ်ဆိုတာ သူများအမှား ကိုယ်ဆက်မမှားအောင်လုပ်တာ...

📗 သူများအတွေအကြုံ ကိုယ့်အတွေအကြုံအဖြစ် ရယူတာ...

📗 စာဖတ်တဲ့နေရာမှာ ဦးနှောက်ကို ခွန်အားဖြစ်စေမယ့် စာမျိူး များများဖတ်ပါ ။

📗 ဘဝကိုဦးနှောက်ကဦးဆောင်တာ အသိပညာရစေမယ်စာတွေ များများဖတ်စေချင်တယ်...

ဆရာကြီးအားလေးစားလျက်

Credit-Photo
//

  ပါဗျ ခုနုစ်သစ်မှစ၍ အရာခပ်သိမ်း ကောင်းမွန်ကြပါစေဗျာ။
31/12/2020

 ပါဗျ ခုနုစ်သစ်မှစ၍ အရာခပ်သိမ်း ကောင်းမွန်ကြပါစေဗျာ။

ဝမ်းသာစရာပဲ
11/12/2020

ဝမ်းသာစရာပဲ

ဒီအချက်  #20ကတစ်ကယ် လိုအပ်ချက်တွေပါ  #သင့်အတွက်
19/10/2020

ဒီအချက် #20ကတစ်ကယ် လိုအပ်ချက်တွေပါ #သင့်အတွက်

နိုင်ငံတကာ ဆရာဝန်များညွှန်ကြားချက် နုင့် အတူနေကြမယ်လေ 😷😷😷😊  #သက်ရှိအပေါင်းဘေးကင်းကြပါစေ Covid-19လဲမြန်မြန် ပျောက်ပါစေ
03/10/2020

နိုင်ငံတကာ ဆရာဝန်များညွှန်ကြားချက် နုင့် အတူနေကြမယ်လေ 😷😷😷😊 #သက်ရှိအပေါင်းဘေးကင်းကြပါစေ Covid-19လဲမြန်မြန် ပျောက်ပါစေ

မြန်မာပြည် မှမေ့နေသောဆရာတော်ဦး ဥတ္တမ===============================စစ်တွေမြို့၊ ရူပရပ်ကွက်၊ ကုန်သည်ဦးမြနှင့် ဒေါ်အောင်က...
09/09/2020

မြန်မာပြည် မှမေ့နေသောဆရာတော်ဦး ဥတ္တမ
===============================
စစ်တွေမြို့၊ ရူပရပ်ကွက်၊ ကုန်သည်ဦးမြနှင့် ဒေါ်အောင်ကြွဖြူတို့က ၁၈၇၉ခု၊ ဒီဇင်ဘာလ(၂၇)ရက်၊ တနင်္ဂနွေနေ့တွင် မွေးဖွားသည်။ ငယ်စဉ်က လူနာမည်မှာ ပေါ်ထွန်းအောင် ဖြစ်သည်။ ငါးတန်းအထိ ကျောင်းနေခဲ့သည်။ စာသင်ကြားရာတွင် ထူးချွန်လွန်းသဖြင့် ရခိုင်တိုင်းမင်းကြီးက ဆုချီးမြှင့်သည်ကို နယ်ချဲ့သမား ချီးမြှောက်သောဆုကို အလိုမရှိသည့်ဆန္ဒဖြင့် ကုလားတန်မြစ်ထဲသို့ ပစ်ချလိုက်သည်။ ငယ်စဉ်ဘဝမှပင် နိုင်ငံရေးခံယူချက်နှင့် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်လိုစိတ်က ဤကဲ့သို့ ပြင်းထန်သည်။

စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်တွင် အသက်(၁၆)မှာ ရှင်သာမဏေ ဝင်သည်။ ရှင်`ဥတ္တမ´ဟု ဘွဲ့အမည်ကို ရသည်။ ပိဋကတ်စာပေများကို သင်ယူရာတွင်လည်း သူမတူအောင် ထူးချွန်ကာ ပထမဆုများ ရရှိသဖြင့် ရှမ်းတကာမတစ်ဦး၏ အကူအညီဖြင့် အသက်(၁၇)နှစ်တွင် အိန္ဒိယပြည် ကာလကတ္တားမြို့သို့ ပညာသင်သွားရောက်သည်။ (၁၉)နှစ်တွင် အင်္ဂလိပ်ပညာ ဆယ်တန်းအောင်ပြီး ပြန်လာသည်။ ၎င်းနှစ်တွင် ပခုက္ကူမြိူ့၊ ရေစကြိုတိုက် မဟာဝိသုတာရာမကျောင်းသို့ သွားရောက်ကာ ပိဋကတ်စာပေများကို ဆက်လက်သင်ယူသည်။ ၎င်းကျောင်းတွင်ပင် ဆွေမျိုးတော်စပ်သူ ဘုံဘေဘားမားကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ဒါယကာလုပ်ကာ ရဟန်းအဖြစ်သို့ ခံယူသည်။ တစ်ဖန် ကာလကတ္တားသို့ ပြန်ကြွပြန်သည်။

ဤခရီးသည် ဆရာတော်အား နိုင်ငံရေးနယ်ပယ်ထဲသို့ စတင်ဝင်ရောက်ဖြစ်မည့် ခြေလှမ်းအစဖြစ်သည်။ ထိုအချိန်က အိန္ဒိယတွင် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးအတွက် ထကြွနိုးကြားနေချိန် ဖြစ်သည်။ ရာဘင်ဒရာနက်သ်တဂိုးနှင့် အိန္ဒိယရှိ နိုင်ငံရေးခေါင်းဆောင်များ၊ ပညာတတ်များသည် လွတ်လပ်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြသည်ကို ဆရာတော် အားကျနေခဲ့သည်။ ထိုစဉ် `ဗင်နို့ဂိုရှ်´ဆိုသည့် ICSအရာရှိတစ်ဦးက အလုပ်ကထွက်ကာ `အမျိုးသားကောလိပ်´ တည်ထောင်ပြီး ကျောင်းအုပ်လုပ်သည်။

အင်္ဂလိပ်လက်အောက်တွင် ကျွန်…ကျွန်ချင်း အတူတူဟု အမြင်ရှိသော ဆရာတော်သည် ၎င်းအမျိုးသားကောလိပ်တွင် ပါဠိနှင့် ဗုဒ္ဓဘာသာကို သင်ပြပေးရင်း အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေးကို အိန္ဒိယတွင် စတင်ခဲ့လေသည်။

အိန္ဒိယတွင်နေစဉ် ကွန်ဂရက်အသင်းကြီးပြီးလျှင် ဒုတိယအကြီးဆုံး အသင်းဖြစ်သည့် `ဟိန္ဒူမဟာဆပ်ဘာ´ အသင်းကြီး၏ ဥက္ကဌရာထူးကို… မဒရပ်ပြည်နယ်မှ ဟိန္ဒူလူမျိုး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပဏ္ဍိတ်ဘွဲ့ရ `မာလာဗီးယား´နှင့် ပြိုင်ပြီး အနိုင်ရရှိသည်။ ဆရာတော်၏ အံဖွယ်သရဲ စွမ်းပကားပင် ဖြစ်သည်။ အိန္ဒိယနိုင်ငံက ဆရာတော်ကို တိုင်းခြားသားဟုမမြင်ဘဲ သူတို့၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုနေကြောင်း ထင်ရှားပေသည်။

ဤသို့ အိန္ဒိယတွင် စာသင်ကြားရင်း ဆရာတော်သည် အီဂျစ်နှင့် ပြင်သစ်နိုင်ငံများသို့ ဥရောပခရီးစဉ် ထွက်နေစဉ် ၁၉၀၄ခုနှစ်တွင် ဂျပန်-ရုရှားစစ်ပွဲ၌ ဂျပန်တို့အောင်ပွဲခံ အနိုင်ရလိုက်သည်ကို အားကျပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဂျပန်တို့၏ နည်းဗျူဟာများကို အတုယူ၊ အားကျ၊ လေ့လာရန်လိုသည်ဟု မှတ်ချက်ပြုကာ ၁၉၀၇ခုနှစ်တွင် ဂျပန်သို့သွားရန်အတွက် ရန်ကုန်ကို ပြန်ခဲ့လေသည်။ ရန်ကုန်ရောက်ပြီး ၎င်းနှစ်တွင်ပင် ဂျပန်သို့ ကြွပြန်လေသည်။ ထိုအချိန်က ဆရာတော်အသက်မှာ (၂၈)နှစ် ဖြစ်ပါသည်။

ဂျပန်တွင်နေစဉ် အာရှတစ်ခွင်ကို စိုးမိုးသိမ်းပိုက်ထားသည့် အင်္ဂလိပ်တို့ကို တော်လှန်ရမည်ဟု ဂျပန်ရောက် အာရှတိုက်သားဟူသမျှကို စည်းရုံးလှုံ့ဆော်လေသည်။ ဂျပန်ရောက် တက္ကစီမောင်းသမား အိန္ဒိယသား(၃၀၀)တို့အား ဆွေးနွေးဟောပြောခြင်း၊ ဘုံဘေနယ်၊ ဘာဂိုးဒါစတိတ်က ကျွန်စာရင်းအသွင်းမခံလို၍ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးအတွက် ဆရာတော်ကဲ့သို့ ဂျပန်အကူအညီကိုယူရန် ထွက်ပြေးလာခဲ့သူ တရုတ်ခေါင်းဆောင်ကြီး ဒေါက်တာ`ဆွန်ယက်ဆင်´နှင့် ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့သည်။ဂျပန်နိုင်ငံအစိုးရ စက်မှုလက်မှုဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့် ဂျပန်စာနှင့်စကားကို နှစ်နှစ်တိတိသင်ယူကာ တတ်မြောက်သည်နှင့် ဂျပန်ရှိ ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီး၌ သက္ကတဘာသာ ပါမောက္ခအဖြစ် စာပြလေတော့သည်။

ဂျပန်၌တွေ့ကြစဉ် `ဆွန်ယက်ဆင်´မှာ ဆရာတော်၏ အရည်အချင်းကို ချက်ချင်းရိပ်စားမိကာ တရုတ်လူငယ်များကို အမျိုးသားစိတ်ဓာတ် ထက်သန်လာအောင်၊ လူတော်/ကောင်း ဖြစ်လာအောင် ဆုံးမပေးပါဆိုကာ ဆရာတော်ထံ ပို့ပေးနေတော့သည်။ တရုတ်လူငယ်များကလည်း ဆရာတော်၏ သြဝါဒစကားများကို လေးစားကြည်ညိုခြင်း ဖြစ်လွန်း၍ ဆရာတော်အား တရုတ်နိုင်ငံသို့ ပင့်ဆောင်ကာ တရုတ်ပြည်ရှိ တက္ကသိုလ်ကျောင်းသား လူငယ်များကို ဟောပြောခြင်းများ ပြုလုပ်ပေးရန် ဆောင်ရွက်ပါဟု ဒေါက်တာဆွန်ယက်ဆင်ကို ပြန်လည်၍တစ်ဖန် တောင်းဆိုလာပြန်သည်။ ထို့ကြောင့် ဒေါက်တာဆွန်ယက်ဆင် ကိုယ်တိုင် လျှောက်ထားပင့်ဆောင်မှုကြောင့် ဆရာတော်သည် ဂျပန်တက္ကသိုလ်မှ ခွင့်သုံးလယူကာ ၁၉၀၉ခုနှစ်တွင် ကိုးရီယား၊ မန်ချူးရီးယား၊ ကျိဖု၊ ရှန်ဟိုင်း၊ အမွိုင်မြို့များသို့ လှည့်လည်၍ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် နိုင်ငံရေးတရားများ ဟောကြားရလေသည်။

ဟောပြောပွဲတိုင်းတွင် အံ့မခန်းသည့် လူပေါင်းများစွာ တက်ရောက်ကြပြီး `အာရှတိုက်၏မီးရှူးတန်ဆောင်´ဟု အော်ဟစ်ကြိုဆို ကြလေသည်။ထို့ကြောင့် ဆရာတော်ဦးဥတ္တမအား `အာရှနေဝန်းအသျှင်´ `အာရှတိုက်၏မီးရှူးတန်ဆောင်´ဟု ခေါ်ဆိုသမုတ်ကြသည်မှာ ရခိုင်လူမျိုးက စတင်ခေါ်ဆိုခြင်း မဟုတ်ဘဲ တိုင်းခြားသားများကပင် အသိအမှတ်ပြု စတင်ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်ဟု သိမှတ်ထားရပါမည်။ ထိုစဉ်ချိန်က ဆရာတော်၏ အသက်မှာ(၃၀)နှစ်။

၁၉၁၀တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ လမ်းတွင် ကိုးရီးယာ၊ တရုတ်ပြည်မှတစ်ဆင့် ပြင်သစ်နိုင်ငံမှပိုင်သည့် `ဆေးဂုံ´သို့ဝင်ကာ မြန်မာရှင်ဘုရင် အနွယ်တော် `မြင်ကွန်းမင်းသားကြီး´နှင့် တော်လှန်ရေးအကြောင်းကို ဆွေးနွေးခဲ့သည်။ ထို့နောက် လွတ်မြောက်ရေးကိစ္စအတွက် မြန်မာပြည်သို့ မဝင်ရောက်သေးဘဲ အိန္ဒိယမှ `ဘာဂိုဒါမဟာရာဇာ´နှင့် တွေ့ဆုံရန် ယိုးဒယားမှတစ်ဆင့် အိန္ဒိယနိုင်ငံ၊ မဒရပ်သို့ ကြွပြန်သည်။ ဤအချိန်တွင် အင်္ဂလိပ်အစိုးရသည် ဆရာတော်၏ တော်လှန်းရေးခြေလှမ်းများကို သတိပြုမိလာပြီဖြစ်သည်။ ထို့ကြောင့် အခွင့်မသာတော့သဖြင့် `ဘာဂိုဒါ´နှင့် မတွေ့နိုင်ခဲ့ပေ။ သို့သော် အိန္ဒိယရှိ ဖမ်းဆီးခံ `သီပေါဘုရင်´နဲ့တော့ လျှို့ဝှက်စွာ တွေ့လိုက်ပြန်သေးသည်။

ဆရာတော်၏ မြန်မာ့မင်းဆွေမင်းမျိုးတို့အပေါ် အထင်ကြီးမျှော်လင့်စိတ်က တွက်ကိန်းလွဲသည်။ သူတို့သည် မြန်မာ့လွတ်လွပ်ရေးအတွက် #ဘာမှစိတ်မဝင်စားတော့။ အင်္ဂလိပ်တို့၏ ထားသလိုနေ ဘဝတွင် နေသားကျနေကြပြီ ဖြစ်သည်။ ထို့ကြောင့် ဆရာတော်လည်း မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် `ပြည်တွင်းကဘဲ´ လုပ်ဆောင်ရတော့မည်ဟု သဘောပေါက်ကာ မြန်မာနိုင်ငံထဲသို့ ပြန်ခဲ့လေတော့သည်။

၁၉၁၁၊ သက်တော်(၃၂)ခန့်တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်သည်။ ဆရာတော်သည် ဘာသာစကား (၁၀)မျိုး တတ်ကျွမ်းသည်။ ၎င်းတို့မှာ (1)မြန်မာ (2)ပါဋ္ဌိ (3)ဟိန္ဒူ (4)ဘင်္ဂါလီ (5)သက္ကတ (6)နာဂရီ (7)အင်္ဂလိပ် (8)ပြင်သစ် (9)ဂျပန် (10)တရုတ်တို့ ဖြစ်သည်။ ဆရာတော် ပြန်ရောက်ချိန်တွင် မြန်မာနိုင်ငံ၌ `သူရိယ´သတင်းစာကို ဦးဘဖေနှင့် ဦးလှဖေတို့က ထုတ်ဝေနေကြသည်။ ဘာသာရေး အသင်းအဖွဲ့ငယ်များ ပေါင်းစုထားသည့် ရခိုင်လူမျိုး ဦးမေအောင် ခေါင်းဆောင်ပါဝင်သော YMBAအသင်းကြီးလည်း ဖွဲ့စည်း၍ရှိသည်။ သို့သော် သတင်းစာရော အသင်းကြီးပါ မည်သည့် နိုင်ငံရေး၊ တိုင်းရေးပြည်ရေးမှ မပါဝင်ပါ။ ဘာသာရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ ခြိုးခြံချွေတာရေး၊ ပညာဗဟုသုများလောက်သာ ဟောနေချိန်၊ ရေးနေကြချိန် ဖြစ်သည်။

ဆရာတော်က ၎င်းအရာတွေထက် လွတ်မြောက်ရေးကို နိုးဆွပေးသည့် တရာတွေကို ရေးသည်၊ ဟောသည်။ ကြီးပွားရေး၊ တိုးတက်ရေး၊ ကျန်းမာပျော်ရွှင်ရေး၊ လူတန်းစေ့နေနိုင်ရေး၊ အသက်ရှင်သန်ရေးတို့ထက် တိုင်းပြည်လွတ်လပ်ရေးကိုသာ ပထမဦးဆုံး ညီညီညွတ်ညွတ် စုပေါင်းလုပ်ကြပါဟု ရဲရဲတောက် လွတ်လပ်ရေးတရားများကို မပြတ်ဟောခဲ့သည်။ ရန်ကုန်ရှိ သူရိယနှင့် မန္တလေးမှ မြန်မာ့တာရာ သတင်းစာများတွင် နိုင်ငံရေးဆောင်းပါးများ မပြတ်ရေးခဲ့သည်။ ၁၉၁၇တွင် အင်္ဂလိပ်တို့က အိန္ဒိယကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးလိုက်သောအခါ YMBAသည် ဆရာတော်၏ လုပ်ရပ်နှင့် တရားများအပေါ် ပို၍ယုံကြည်လာသည်။ ထို့ကြောင့် ဆရာတော်နောက်ကိုလိုက်၍ နိုင်ငံရေးအသွင် ပိုဆောင်နိုင်ရန် YMBAကိုလည်း မဖျက်ဘဲ GCBAဟု ဆင့်ပွားဖွဲ့စည်းလိုက်သည်။

ဆရာတော်သည် လွတ်လပ်ရေးတရားများကို မြို့ကြီး၊ မြို့ငယ်ပေါင်း အမြောက်အမြားသို့ အကြိမ်ကြိမ်အခါခါ လှည့်လှည် ဟောပြောနေသည်။ နှိင်ငံခြားဖြစ် အဝတ်အထည်တွေကို ပယ်ရှား၍ ဝံသာနုပင်နီနှင့် ယောထမီကိုသာ ဝတ်ဆင်ကြရန် လှုံ့ဆော်သည်။ ကမာရွတ်ရှိ ကျောင်းခန်းတစ်ခုတွင် တစ်ပါးတည်းနေကာ တိုင်းရင်းဖြစ်ဝတ်စုံကို ဆင်မြန်းလာသူကိုမှ လက်ခံစကားပြောသည်။ မြန်မာတွေကို ဝံသာနုစိတ်ဓာတ်တွေ ရိုက်သွင်းကာ ဝံသာနု ဖြစ်စေခဲ့သည်။ ဆရာတော်၏ ပေါ်လစီများကို GCBAက ဆင့်ပွားလှုံ့ဆော် ဆောင်ရွက်သည်။ ထို့ကြောင့်လည်း အချိန်တိုအတွင်းမှာ မြန်မာနိုင်ငံ၌ ဝံသာနုအသင်းများ ပေါ်ပေါက် တိုးတက်လာသည်။

ဆရာတော် တရားဟောလျှင် နားရှင်းအောင် ဟောသည်။ ရယ်စရာ၊ ပုံပြင်များ ကြားညှပ်ပါသဖြင့် နားထောင်သူများ မပျင်းရိကြ။ သဘောကျ နှစ်သက်ကြသည်။ မှန်တာတွေကို မထောက်မညှာတာ ဒဲ့ဟောသည်။ စင်ပေါ်မှနေ၍ အင်္ဂလိပ်အစိုးရကို စကားလုံးများဖြင့် တိုက်ခိုက်ရာတွင် စူးရှပိုင်နိုင် ပြင်းထန်လှ၍ နောင်တစ်ခေတ် သခင်များအတွက် စံထားအတုယူစရာ ရှေ့ပြေးအလင်းရောင် ကိုယ်တော်တစ်ပါး ဖြစ်လာခဲ့သည်။ ရခိုင်သံဝဲဝဲဖြင့် တရားဟောရာတွင် အပိုအလိုမရှိ တက်ကြွ၍ မာန်ရှိသည့် ဟန်ပန်များက ဆရာတော်၏ အောင်မြင်မှုအထိမ်းအမှတ် သင်္ကေတများ ဖြစ်သည်။

ဆရာတော်၏ တရားပွဲများတွင် တရားနာသူတွေ တစ်စတစ်စ အလွန်များလာသည်။ သူရိယသတင်းစာမှလည်း ဆရာတော်အကြောင်းကို မြှောက်စားရေးသား ဖော်ပြသည်။ အင်္ဂလိပ်အစိုးရကလည်း ဘာမှမလုပ်သေးသဖြင့် နိုင်ငံရေးတရားနာ၍ `အဖမ်းမခံရဘူး´ဟု ဖြစ်လာကာ မြန်မာလူမျိုး အစိုးရလူကြီးများကပင် သူတို့မြို့နယ်တွေမှာ နိုင်ငံရေးတရား ဟောကြားရန် ဆရာတော်ကို ပင့်ဆောင်လာကြသည်။ ဆရာတော်ကလည်း ပင့်ဆောင်သမျှ မငြင်းပယ်ဘဲ အပင်ပန်းခံ တရားလိုက်ဟောသည်။ ထို့ကြောင့် ဆရာတော်၏ နိုင်ငံရေးတရားများသည် နိုင်ငံတစ်ဝှမ်း ပျံနှံ့လာကာ မြန်မာတစ်ပြည်လုံး နိုင်ငံရေးစိတ်ဓာတ်များ စတင်နိုးကြားလာကြသည်။

၁၉၁၂ခုနှစ်တွင် မြန်မာလူငယ်အချို့ကို ဂျပန်သို့ ပညာတော်သင် ပို့ဆောင်သည်။ ဂျပန်တို့၏ အလုပ်ကြိုးစားပုံ၊ စည်းကမ်းရှိပုံ၊ တာဝန်ယူစိတ်ရှိကြပုံများကို လက်တွေ့ပြသခြင်း ဖြစ်သည်။ ပြီးနောက် ထိုခရီးစဉ်မှ အတွေ့အကြုံ သိမှတ်ဖွယ်ရာများကို မြန်မာပြည်သူတိုင်း သိကြစေရန် စာအုပ်ထုတ်ဝေ ရေးသားဖြန့်ချီသည်။ အင်္ဂလိပ်အစိုးရသည် ဆရာတော်၏ ခြေလှမ်းများကို စိုးရိမ်ကြီးစွာ မျက်ခြေမပြတ် စောင့်ကြည့်နေသည်။ အစိုးသည် ဆရာတော်ကို မြှောက်ပေါင်းသော်လည်း မရ၊ ခြောက်သော်လည်း မကြောက်ဖြင့် ရပ်တန့်မရ ဖြစ်နေသည်။

၁၉၂၀ပြည့် ဒီဇင်ဘာလတွင် ဆရာတော်၏ နိုင်ငံရေးမျိုးစေ့ ချပေးခဲ့သည့် အရှိန်အဟုန်သည် စတင် အညှောင့်ထွက်လာကာ တက္ကသိုလ်ကျောင်းသားသပိတ် ဖြစ်ပေါ်လာသည်။ ထိုအချိန်က ဘုရင်ခံမှာ `ဆာရယ်ဂျီနယ်ကရက်ဒေါက်´ ဖြစ်သည်။

ဆရာတော်မှာ ``ငါသေပျော်ပြီ။ ငါတို့လူမျိုးတွေ ကိုယ့်အခွင့်အရေးကို တောင်းတတ်ပြီ´´ ဟု ဝမ်းသာစွာပြောခဲ့သည်။ ၎င်းအချိန်က ဗိုလ်ချုပ်အောင်ဆန်းမှာ (၅)နှစ်သားအရွယ်ဖြစ်သည်။

ဆရာတော်ကလည်း အမြို့မြို့အရွာရွာသို့ ကြွချီကာ လွတ်လပ်ရေးတရားကို ဟောနေသည်။ ထိုစဉ်အချိန်က ဝေလမင်းသား မြန်မာနိုင်ငံသို့ ရောက်လာမည်ဖြစ်၍ ဤသည်ကို မည်သူမျှမကြိုဆိုကြရန် YMBA အသင်းကြီးက လှုံ့ဆော်သည်။ အစိုးရက `ဘွိုင်ကောက်´ ဥပဒေ ထုတ်ပြန်ကာ ခေါင်းဆောင်အချို့ကို အဖမ်းပြလိုက်သည်။ ပြည်သူများလည်း တစ်ဖန် ကြောက်သွားပြန်သည်။ ပြည်သူများ၏ ကြောက်စိတ်ကို ဆရာတော်က သိမြင်လာ၍ `ဆာရယ်ဂျီနယ်ကရက်ဒေါက် မင်းမြန်မာပြည်က ထွက်သွား´ ဟူ၍ စာတစ်စောင်ရေးပို့ကာ ၎င်းကို သူရိယသတင်းစာတွင် ဖော်ပြလိုက်သည်။ ၎င်းကို ဖတ်ရှူရသူ ပြည်သူတိုင်းက မျက်လုံးပြူးသွားကာ ဇာတိသွေး/မာန်တို့လည်း တစ်ဖန် တက်ကြွလာပြန်သည်။

၁၉၂၁ခု မတ်လ(၁၀)ရက်နေ့တွင် ကျောက်ကုန်းမြို့၌ ဆရာတော်ကို အင်္ဂလိပ်အစိုးရက ပထမဆုံးအကြိမ် ဖမ်းဆီးလိုက်လေသည်။ အကြောင်းပြချက်က… ယခင် ဆူးကလပ်ရွာကြီးတွင် တရားဟောသည့် `လိပ်အခွံခွာမည်´ တရားပါ အကြောင်းအရာများသည် အစိုးရကို အကြည်အညို ပျက်စေသည် ဟူသည့် စွဲချက်ဖြစ်ပါသတဲ့။ အလုပ်ကြမ်းနှင့် ထောင်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခံရသည်။ ဆရာတော်ဦးဥတ္တမကဲ့သို့ နိုင်ငံတော်အဆင့် တိုင်းပြည်နှင့် နိုင်ငံအကျိုးကို ဆောင်ရွက်နေသူ တစ်ဦးအား အင်္ဂလိပ်အစိုးရလက်ထက်တွင် `ပထမဆုံး´ ထောင်ချပြခြင်း ဖြစ်ပါသည်။ ဆရာတော်အသက်မှာ (၄၁)နှစ်ကျော် ဖြစ်သည်။

ဆရာတော်ကို ထောင်ချလိုက်သဖြင့် သံဃာရော လူထုပါ အုံကြွလာသည်။ သံဃာသာမဂ္ဂီ အဖွဲ့များ ဖွဲ့လာကြသည်။ ထိုမှတစ်ဆင့် မဟာသံဃာသာမဂ္ဂီအဖွဲ့ဟု ဖြစ်ပေါ်လာသည်။ အမျိုးသမီး ကုမ္မာရီအဖွဲ့တွေ မြို့တိုင်းလိုလိုတွင် ပေါ်ပေါက်လာသည်။ ထိုမှတစ်ဆင့် ဆရာတော်အား ဖမ်းဆီးမှုကို ဆူပူအုံကြွ ကန့်ကွက်ကြသည်။ ထို့ကြောင့် ၁၉၂၂ ဇွန်လ၂၆ရက်တွင် ဆရာတော်ကို ထောင်မှ လွှတ်ပေးလိုက်ရသည်။

ထိုစဉ်အချိန်က ဆရာတော် ဖမ်းဆီးခံရသည့်နေ့ကို `အမျိုးသားနေ့´ အဖြစ် သတ်မှတ်ရန် ၁၉၂၁ အောက်တိုဘာလတွင် ကျင်းပခဲ့သည့် GCBAညီလာခံတွင် ပျဉ်းမနားမှ ဦးဒွေးဆိုသူက တင်ပြခဲ့သည်။ သို့သော် ၎င်းနေ့သည် မြန်မာတို့အတွက် အနိုင်ရသည့်နေ့မဟုတ်၊ အရှုံးပေါ်သည့်နေ့သာ ဖြစ်သဖြင့် မသတ်မှတ်ခဲ့ကြဘဲ ပထမဆုံး ကျောင်းသပိတ် ပေါ်ပေါက်သည့်နေ့ကိုသာ အမျိုးသားနေ့အဖြစ် သတ်မှတ်လိုက်ရခြင်း ဖြစ်ပါသည်။

ဇွန်လတွင် ထောင်မှလွတ်ပြီး ဇူလိုင်လ (၁၅)ရက်တွင် ရန်ကုန် ဂျူဗလီဟော၌ မြန်မာအသင်းချုပ်ကြီး၏ အစည်းအဝေးတွင် အင်္ဂလိပ်တို့၏ အခြေအနေမကောင်းပြီဖြစ်၍ တစ်ဆင့်လျှော့ နည်းပရိယာယ်ဖြစ်သည့် ဒိုင်အာခီကောင်စီသို့ မြန်မာနိုင်ငံရေးသမားများ မဝင်ကြရန် မေတ္တာရပ်ခံ ဟောပြောသည်။ `ဒိုင်အာခီ´ ဆိုသည်မှာ အင်္ဂလိပ်နှင့် မြန်မာများက အုပ်ချုပ်မှု အခွင့်အာဏာကို ခွဲဝေယူကြခြင်း ဖြစ်ပါသည်။ သို့သော် မြန်မာ့နိုင်ငံရေးသမားတို့ကြားတွင် `ထိုင်ခုံမက်သည့်´ နိုင်ငံရေးသမားများ ရှိနေပြီဖြစ်သည်။

ဤဒိုက်အာခီ အုပ်ချုပ်ရေးစနစ်ကြောင့် GCBA အသင်းကြီး ထက်ခြမ်းကွဲသည်။ ဦးဘဖေ ခေါင်းဆောင်သည့် (၂၁)ဦးအဖွဲ့က ဒိုင်အာခီကို လက်ခံပြီး၊ ဦးချစ်လှိုင် ခေါင်းဆောင်သည့် ဝံသာနုအဖွဲ့က သပိတ်မှောက်သည်။

ဆရာတော်မှာ သူ၏လုပ်ငန်းစဉ်အတိုင်း အုပ်ချုပ်ရေးလမ်းစဉ်တွင် လိုက်မပါဘဲ တော်လှန်ရေး၊ လုံးဝလွတ်မြောက်ရေး တရာများကိုသာ နယ်လှည့်ဟောကြားနေခဲ့သည်။ ဤကြားထဲ ဥရောပနိုင်ငံများသို့လည်း သွားရောက်လေ့လာ နေခဲ့ပြန်သေး၏။ သို့သော် ဤကာလတွင် အင်္ဂလိပ်အစိုးရ၏ နိုင်ငံရေး လှည့်ကွက်များကြောင့် ဆရာတော်ကို မလိုလားသည့် ထိုင်ခုံမက် နိုင်ငံရေးသမားများ ရှိနေကြပြီ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ၁၉၂၄ခု သြဂုတ်လ(၆)ရက်တွင် မန္တလေးသို့ ဆရာတော်တရားဟော ကြွရောက်လာမည်ကို ဦးဘဖေဦးဆောင်သည့် (၂၁)ဦးအဖွဲ့က ``ငါတို့ အစည်းအဝေးကျင်းပချိန်နှင့် တိုက်ဆိုင်နေသည်။ ဆူပူမှုမဖြစ်ရ´´ ဟူသော အကြောင်းပြချက်ဖြင့် ဆရာတော်အား စီတန်းလှည့်လည် ကြိုဆိုကြမည့် ပြည်သူများကို ပုလိပ်ဖြင့် ကြမ်းတမ်းစွာ လူစုခွဲခိုင်းသဖြင့် ရဟန်းတစ်ပါး ကွယ်လွန်သည်အထိ ဖြစ်ခဲ့ကာ ဆရာတော်၏ တရားပွဲလည်း ပျက်ခဲ့ရသည်။

ဆရာတော်ကိုလည်း ပုလိပ်များခြံရံလျှက် ရန်ကုန်သို့ ပြန်ပို့လိုက်သည်။ ထို့နောက် များမကြာမှီ ရန်ကုန်၊ လမ်းမတော် မြို့လုံးကျွတ်အစည်းအဝေးတွင် `အင်္ဂလိပ်အစိုးရက တုတ်နဲ့ခေါက်ရင် မြန်မာတွေ အစွယ်ပေါက်ကြပါ´စသော အစိုးရဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးတရားကို ရဲရဲတောက် ဟောကြားလေသည်။ ထို့ကြောင့် (၇)ရက်ကြာသည်နှင့် ဆရာတော်အား ဒုတိယအကြိမ် ဖမ်းဆီးလေသည်။ ထောင်ဒဏ်(၃)နှစ် ချမှတ်သည်။ သက်တော်(၄၅)နှစ်။

၁၉၂၇ခုနှစ် ဖေဖေါ်ဝါရီလတွင် နှစ်စေ့၍ ပြန်လွတ်လာသည်။ ထောင်မှထွက်သည်နှင့် အမျိုးသားလွတ်မြောက်ရေး တရားဟောတိုက်ပွဲက ပြန်စမြဲပင် ဖြစ်သည်။ ပဲခူးမြို့တွင်ကျင်းပသည့် လူထုအစည်းအဝေးကြီးတွင် သင်္ကန်းကိုချွတ်ပြီး ထောင်ဝတ်စုံဖြင့် တက်ရောက် တရားဟောပြသဖြင့် လူထုပရိဿတ်မှာ ငိုကြွေးကြသည်။ အစည်းအဝေးကို ဦးဆောင်ကျင်းပသူ ဦးစိုးသိမ်းက စင်ပေါ်တက်လာကာ ``ပရိဿတ်များ မျက်ရည်ကျရုံလောက်ဖြင့် အိမ်ပြန်သွားကြမည်လား။ ယခု ဆရာတော်ကိုမြင်၍ မျက်ရည်ကျခြင်းသည် အမျိုးသားရေးအတွက် ဗုဒ္ဓသာသနာအတွက် ကျလာသည့်မျက်ရည်သာ ဖြစ်စေရမည်။ ဘုရားရှင်ခွင့်ပြုထားသည့် သင်္ကန်းကိုတောင် မဝတ်ဆင်ရအောင်အထိ အင်္ဂလိပ်အစိုးရက ငါတို့ခေါင်းဆောင် ဆရာတော်ဦးဥတ္တမကို ညှဉ်းပန်းနှိပ်စက်သည်။ ထို့ကြောင့် ယခုအချိန်မှစ၍ အမျိုးဘာသာ သာသနာအတွက် မိမိအသက်ကိုတောင် မငဲ့ကွက်တော့ဘဲ ဆရာတော် လမ်းပြသည့်အတိုင်း လိုက်ပါလုပ်ဆောင်ကြ´´ဟု သူကိုယ်တိုင် စင်ပေါ်မှ ငိုယိုကာ ပြောကြားလေသည်။

၁၉၂၇ မတ်လ(၂၀)ရက်နေ့တွင် ဦးစိုးသိမ်း၏ ၁၄ကြိမ်မြောက် GCBA အစည်းအဝေးတွင် ဆရာတော်က မိန့်ခွန်းပြောကြားသည်။ ထို့နောက် အိန္ဒိယပြည် မဒရပ်ရှိ အိန္ဒိယအမျိုးသား ကွန်ဂရက်သို့ ဖိတ်ကြားမှုကြောင့် တက်ရောက်ခဲ့ပြန်သည်။ အိန္ဒိယမှပြန်လာပြီး ဆထက်တပိုး နိုင်ငံရေးတရားများ ဟောပြောလေရာ မန္တလေးတွင် အဓိကရုန်း ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ၁၉၂၈ခုနှစ်တွင် ကျိုက်ထီးရိုးမှအပြန် ကျိုက်ထိုဘူတာတွင် တတိယအကြိမ် ဖမ်းဆီးခံရသည်။ အလုပ်ကြမ်းနှင့် ထောင်၃နှစ် ချမှတ်သည်။ သက်တော်(၄၉)နှစ်။ ဗိုလ်ချုပ်အောင်ဆန်းက (၁၃)နှစ်အရွယ်။

တတိယအကြိမ် ထောင်မှလွတ်ပြီးနောက်လည်း နိုင်ငံရေးတရားများကို ဟောကြားနေခဲ့သည်။ ပျံလွန်တော်မမူမှီ တစ်နှစ်အလို ၁၉၃၈ခုနှစ်တွင် တရုတ်၊ ဂျပန်တို့၏ စည်းကမ်းရှိပုံများကို မြန်မာတို့အားကျစေရန် ဓာတ်ပုံများ ဝေဝေဆာဆာဖြင့် စာအုပ်ထုတ်ခဲ့သေးသည်။ ဤသို့ဖြင့် ဇရာ၊ ဗျာဒိ၊ နှိင်ငံရေးခံစားချက် စိတ်ဒဏ်ရာများ ဖိစီမှုဖြင့် ဆီးချိုရောဂါ၊ ခြေထာက်ကင်ဆာ ရောဂါဒဏ်များကို ခံစားရင်း လူအင်အား၊ ဦးနှောက်အင်အား ချို့တဲ့လာကာ ၁၉၃၉ စက်တင်ဘာလ (၉)ရက်နေ့ ညည့်သန်းခေါင်ကျော် ၁နာရီ ၃၅မိနစ် (စနေနေ့သို့အဝင်)တွင် ပျံလွန်တော်မူခဲ့သည်။ သက်တော်(၆၀)။

ဆရာတော်ပျံလွန်သည့်နေ့ကို ဦးဥတ္တမနေ့ဟု ထိုခေတ်က ပြည်သူ့လွှတ်တော်မှ တရားဝင်သတ်မှတ် ကြေငြာပေးသည်။ ကန်တော်မင်း ပန်းခြံကို ဦးဥတ္တမပန်းခြံဟု ပြောင်းလဲသတ်မှတ်သည်။ ဆရာတော်မွေးဖွားရာ စစ်တွေမြို့တွင်လည်း ဦးဥတ္တမ ပန်းခြံတစ်ခုကို ပြုလုပ်ပေးခဲ့သည်။

#ဆရာတော်ဘဝနိဂုံးပိုင်းသည်ဝမ်းနည်စရာကောင်းလှသည်။

နိုင်ငံရေးသမားတို့၏ လူမှုရေးမရှိမှု၊ ကျေးဇူးတရား မသိတတ်မှုများကို သိသာထင်ရှားစေသည်။ သင်ခန်းစာ ယူစရာများ ပြည့်နှက်နေသည်။ ခေတ်ကလည်း ဗိုလ်ချုပ်အောင်ဆန်းခေတ် ရောက်နေပြီကို…။ ၁၉၃၇-၃၈တွင် ကိုအောင်ဆန်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မဂ ဥက္ကဌ ဖြစ်နေပြီ ဖြစ်သည်။ ဆရာတော်က ၁၉၃၉တွင် ပျံလွန်သည်။

တတိယအကြိမ် ထောင်မှလွတ်လာပြီး အသက်အရွယ်ရ၊ ရောဂါဘယ ထူပြောလာသော ဆရာတော်ကို မြန်မာနိုင်ငံရေးသမားများသည် လွန်စွာ ဂရုမစိုက်ချင်တော့ပေ။ မိမိမျှော်မှန်းသလို ဖြစ်မလာသည့် မြန်မာ့နိုင်ငံရေးကို ဆရာတော်ကလည်း စိတ်ကုန်လာသဖြင့် မြန်မာ့နိုင်ငံရေးသမားများနှင့်ဝေးရာ အိန္ဒိယရှိတပည့်များထံ သွားရောက် အနားယူနေသည်။

ဤသည်ကို ၁၉၃၅ခုနှစ်တွင် ၉၁ဌာနအုပ်ချုပ်ရေးအတွက် ရွေးကောက်ပွဲ ဖြစ်ပေါ်လာရာ `ငါးပွင့်ဆိုင်´အဖွဲ့က သူတို့အတွက် မဲဆွယ်ပေးပါရန် အိန္ဒိယထိ လာရောက် အကူအညီတောင်းသည်။ မရအရခေါ်သည်။ ပုဂ္ဂိုလ်ရေး ခင်မင်မှုနှင့် နိုင်ငံရေးစိတ် ရှိနေသေးသည့် ဆရာတော်မှာ ကိုယ့်နှိင်ငံသားတွေ လာခေါ်တော့ မြန်မာနိုင်ငံသို့ ပြန်ကြွလာခဲ့သည်။

ဆရာတော်၏ မဲဆွယ်မှုကြောင့် ငါးပွင့်ဆိုင်အဖွဲ့ အနိုင်ရသည်။ အနိုင်ရတော့ အစိုးရလုပ်လိုသူ ဝန်ကြီးဖြစ်လိုသူ များသဖြင့် အစိုးရမဖွဲ့နိုင်သည့်အထိ ရှက်ဖွယ်လိလိ ဖြစ်ခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ်ကပင် ဒေါက်တာဘမော်ကို ညွန့်ပေါင်းအစိုးရ ဖွဲ့ခိုင်းရသည်။ ဤလောက်ထိ ထိုင်ခုံမက်ခဲ့ကြသည်။ ငါးပွင့်ဆိုင်အဖွဲ့သည် လွှတ်တော်ကို အမတ်ဦးရေ အများဆုံးဖြင့် ထိန်းချုပ်နိုင်ခဲ့သည်။ ဤသို့ ငါးပွင့်ဆိုင်အဖွဲ့ အောင်မြင်သွားတော့ ဆရာတော်ကို လှည့်ပင်မကြည့်တော့။ ဂရုစိုက်မည့်သူ မရှိတော့။

`ငါးပွင့်ဆိုင်အဖွဲ့´ဆိုသည်မှာ (1)ပြည်သူပြည်သားအဖွဲ့၊ (2)လွတ်လပ်ရေးအဖွဲ့၊ (3)ဗဟိုအဖွဲ့၊ (4)သပိတ်မှောက်အဖွဲ့၊ (5)၂၁ဦးအဖွဲ့တို့ ပေါင်းစည်းထားခြင်း ဖြစ်ပါသည်။

ဆရာတော်တွင် ဆီးချိုရောဂါလည်း ပိုဆိုးလာကာ ခြေထောက်တစ်ဖက်မှာလည်း ကင်ဆာဖြစ်နေ၍ ဖြတ်ပစ်ရမလို အခြေအနေဆိုးလာသည်။ နိုင်ငံရေးတရားများလည်း မဟောနိုင်တော့သဖြင့် အနားတွင် ကိုးကွယ်မည့်သူ မရှိဖြစ်လာကာ ဟောင်းနွမ်းစုတ်ပြတ်နေသည့် သင်္ကန်းကို ဝတ်လျှက် ထီး ဖိနပ်မပါဘဲ လွယ်အိတ်တစ်လုံးလွယ်ကာ အရူးပမာ ဘဝကိုကြံကြံခံရင်း ကြေကွဲစရာ ဖြတ်သန်းနေခဲ့သည်။ ထိုအချိန်တွင် သူသင်ပေးလိုက်သည့် တပည့်များက နိုင်ငံတော်အဆင့် လူကြီးများဖြစ်လျှက်၊ အစိုးရအဖွဲ့တွင် ပါဝင်လျှက်…။

ဆွမ်း၊ ကွမ်း၊ ကူညီမည့်သူမရှိဘဲ ရောက်ချင်တိုင်းရောက် ပေါက်ချင်တိုင်းပေါက် လျှောက်သွားကာ လမ်းပေါ်တွင် မူးမေ့လဲကျ၊ ပြန်ထလျှောက်နှင့် နောက်ဆုံး မထနိုင်သည့် အခြေအနေကိုရောက်မှ မမြင်နိုင်သူ ပြည်သူအချို့၏ ပို့ဆောင်ပေးမှုဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးပေါ် ရောက်လာခဲ့သည်။ ထိုအချိန်ကျမှ သူရိယသတင်းစာတိုက်ပိုင်ရှင် ဦးဗကလေး ဦးဆောင်ကာ ဆေးဝါးကုသပြီး ရဟန်းအချင်းချင်း ပြုစုနိုင်ရန် ညောင်တုန်းကျောင်းတိုက်သို့ ရွှေ့ပြောင်းခဲ့သည်။

သို့သော်လည်း ရောဂါအခြေအနေမှာ ဆိုးသထက်ဆိုးဝါးလာကာ ၎င်းကျောက်တိုက်၌ပင် ပျံလွန်ခဲ့လေသည်။ ဆရာတော်မပျံလွန်မှီ အနီးကပ်ပြုစုခဲ့ကြသည့် သံဃာများမှာ ရမ်းဗြဲနယ်မှ သံဃာတော်များ ဖြစ်ပါသည်။

ပျံလွန်ပြီး၍ စျပနာ၌မူကား ဆရာတော်၏ ခန္ဒာသည် တစ်ဖန်ပြန်လည်၍ သေပန်းပွင့်ခဲ့သည်။ စျာပနသည် နိုင်ငံတော်အဆင့် စျာပနဖြစ်ခဲ့သည်။ အဖွဲ့အစည်း အသီးသီးနှင့် နိုင်ငံခေါင်းဆောင်များက လာရောက် ပို့ဆောင်ခဲ့ကြသည်။ သူရိယသတင်းစာတွင် သတင်းဖော်ပြလိုက်သဖြင့် တစ်နိုင်ငံလုံး သိရှိသွားကြသည်။ စစ်တွေမှ သံဃာအပါး(၃၀၀)ခန့်သည် အိန္ဒိယရှိ ဆင်ဒီးယားကုမ္ပဏီ၏ အကူအညီဖြင့် ပင်လယ်ကူးသင်္ဘောဖြင့် ရန်ကုန်သို့ လိုက်ပါလာသည်။

ဆရာတော်၏ ရုပ်ကလာပ်ထားရှိရာ ညောင်တုန်းကျောင်းတိုက်တွင် ညစဉ်ညတိုင်း နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေး၊ လွတ်လပ်ရေး၊ နိုင်ငံရေး၊ တရားပွဲများဖြင့် အထူးစည်ကားနေသည်။

စျပနအခမ်းအနားကို ၁၉၄၀ခုနှစ် မတ်လ(၂၀)ရက် ညနေ(၃)နာရီအချိန်တွင် ပုဇွန်တောင်ရှိ ညောင်တုန်းကျောင်းတိုက်မှ ရွှေတိဂုံဘုရား ခြေတော်ရင်းသို့ ပို့ဆောင်ပြီး မီးသဂြိုလ်ခဲ့သည်။ ရုပ်ကလာပ်တော်ကို နဂါးနှစ်ကောင် လိမ်နေသည့်ခေါင်းတွင် ထည့်သွင်းပြီး ကရဝိတ်ဖောင်တွင် တင်ကာ လွတ်လပ်ရေးအမျိုးသမီးအဖွဲ့က ကြိုးဖြင့်ဆွဲငင်သည်။ ဖောင်ပေါ်တွင် အမျိုးသမီးအဖွဲ့က ဧယင်ကျူး၍ လိုက်ပါသည်။ လမ်းတစ်လျှောက်တွင် ဆရာတော်အား နောက်ဆုံးဖူးမျှော်ရန် စောင့်ဆိုင်းနေကြသည့် ပြည်သူများဖြင့် အထူးစည်ကားလှသည်။

ဆရာတော်၏ရုပ်ကလပ်ကို မြန်မာနိုင်ငံတွင် ထိုစဉ်က နာမည်ကြီးသည့် အဖွဲ့ပေါင်း (၂၄)ဖွဲ့က လိုက်ပါပို့ဆောင်သည်။ ၎င်း(၂၄)ဖွဲ့တွင် သခင်ကိုယ်တော်မှိုင်း ကြီးမှုးသည့် ဒို့ဗမာအစည်းအရုံး အဖွဲ့၊ သက်ပန်ဂဠုန် ဂျီစီဘီအေ၊ ရန်ကုန်လွတ်လပ်ရေး အမျိုးသားအသင်း၊ ရန်ကုန်လွတ်လပ်ရေး အမျိုးသမီးအသင်း၊ သူရိယသတင်းစာတိုက်နှင့် သတင်းစာတိုက်အသီးသီးမှ မျိုးချစ်ပုဂ္ဂိုလ်များ၊ ရခိုင်သံဃာတော်များအဖွဲ့၊ စစ်တွေကိုယ်စားလှယ် ရဟန်းအဖွဲ့၊ သာသနာ့ဝေပုလ္လ ရဟန်းပျိုအဖွဲ့၊ မြန်မာတရုတ် ဗုဒ္ဓဘာသာအစည်းအရုံး၊ တရုတ်-မြန်မာ သမဂ္ဂအသင်း၊ တရုတ်လူငယ် သမဂ္ဂအသင်း၊ ဟိန္ဒူ ဘော်လံတီယာအသင်း၊ မြန်မာမျိုးချစ်ပုဂ္ဂိုလ်များ နှင့် နိုင်ငံခြားတိုင်းပြည်များမှ ပုဂ္ဂိုလ်များ စသဖြင့် ပါဝင်သည်။
…………………………………………………………………

``သင်ဖြစ်ရသော လူ့ဘဝသည် အများ၏အကျိုးစီးပွားကို ဆောင်ရွက်နိုင်မှု မရှိလျှင် သင်၏ဘဝတန်ဖိုးသည် ဘာမျှ အဓိပ္ပာယ်မရှိ´´

#ဆရာတော်ဦးဥတ္တမ

To day covid -19(Myanmar)24/8/20
24/08/2020

To day covid -19(Myanmar)
24/8/20

Covidသတင်းလေးတေဗဟုသုတအနေနဲ့ တင်ပေးပမယ်နော်  &shareလေးလုပ်ပေးကြပါ pageလေးကိုတော့followလေးလုပ်ပေးထားကြပါအုံး
23/08/2020

Covidသတင်းလေးတေဗဟုသုတအနေနဲ့ တင်ပေးပမယ်နော် &shareလေးလုပ်ပေးကြပါ pageလေးကိုတော့followလေးလုပ်ပေးထားကြပါအုံး

Covid - 19 ရခိုင်ပြည်မှ ပြည်သူများကျန်းမာကြပါစေဗျာ
21/08/2020

Covid - 19 ရခိုင်ပြည်မှ ပြည်သူများကျန်းမာကြပါစေဗျာ

15/08/2020
01/08/2020
28/07/2020

We Are The World.

ကမ္ဘာနှင့် ဂျူပီတာဂြိုလ် တတန်းတည်းကျရောက်မည်**************************************၂၀၂၀ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့ ညမှာတ...
14/07/2020

ကမ္ဘာနှင့် ဂျူပီတာဂြိုလ် တတန်းတည်းကျရောက်မည်
**************************************

၂၀၂၀ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့ ညမှာတော့ နေ၊ ကမ္ဘာ နဲ့ ဂျူပီတာ (ကြာသပတေးဂြိုဟ်) တို့ဟာ တတန်းတည်းအနေအထား ကျရောက်မှာဖြစ်လို့ ဂျူပီတာကို ညကောင်းကင်မှာ တညလုံး ထွန်းလင်းစွာ မြင်တွေ့နေရမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုကတော့ Opposition လို့ခေါ်ပါတယ်။

ကမ္ဘာဟာ နေမှ ပျမ်းမျှ မိုင်ပေါင်း ၉၃ သန်း (ကီလိုမီတာ သန်း ၁၅၀) (တနည်း) ၁ နက္ခတ်ယူနစ် 1 AU ကွာဝေးပါတယ်။ နေကို ပျမ်းမျှ ၃၆၅ ရက်လျှင် တစ်ပါတ် နှုန်းဖြင့် လှည့်ပတ်ပါတယ်။ ဂျူပီတာ (ခ) ကြာသပတေးဂြိုဟ်ကြီးကတော့ နေမှ မိုင်ပေါင်း ၄၈၄ သန်း (ကီလိုမီတာ ၇၇၈ သန်း) ကွာဝေးပြီး နက္ခတ်ယူနစ်အရ ပြောလျှင်တော့ ၅.၂ နက္ခတ်ယူနစ် (5.2 AU) ဝေးကွာပါတယ်။ ဒီတော့ ကမ္ဘာနဲ့ ဂျူပီတာဟာ ပျမ်းမျှ ၄.၂ နက္ခတ်ယူနစ် (4.2 AU) ခန့် ကွာဝေးတယ်လို့ ပြောလို့ရပါတယ်။

ဂျူပီတာဂြိုဟ်ဟာ နေကို တစ်ပါတ်ပြည့်အောင် ပတ်ဖို့ ကမ္ဘာနှစ် (၁၂) နှစ်ခန့် ကြာမြင့်ပါတယ်။ တနည်းအားဖြင့် ဆိုရလျှင် ဂျူပီတာက နေကို တစ်ပါတ် ပတ်ပြီးချိန်မှာ ကမ္ဘာက ၁၂ ပါတ်လောက် ပတ်ပြီးနေပါပြီ။ အခုလိုမျိုး ပါတ်လမ်းကြောင်းမှာ တတည်းတည်းကျရောက်ဖို့ကတော့ ၁၃ လ မှာ တစ်ကြိမ် ဖြစ်ပေါ်တတ်ပါတယ်။

မြန်မာနိုင်ငံ (မည်သည့်ဒေသမှမဆို) သာမန်မျက်စိဖြင့် ကြည့်ရှုမည်ဆိုပါက ဂျူပီတာ (ကြာသပတေးဂြိုဟ်) ကို ည (၇) နာရီ မှ မနက် (၅) နာရီအထိ အရှေ့(တောင်) အရပ်မှ အနောက် (တောင်) အရပ်သို့ ရွေ့လျားသွားမည့် ဓနုရာသီ (sagittarius) ကြယ်တာရာများအတွင်းမှာ အလင်းအား (-၂.၇) မဂ္ဂနီကျူ့ နဲ့ ထွန်းလင်းတောက်ပစွာ တွေ့မြင်ရနိုင်ပါတယ်။ လက်ရှိ ကမ္ဘာနဲ့ ဂျူပီတာ အကွာအဝေးဟာ ၄.၁၄ နက္ခတ်ယူနစ် (4.14 AU) ဖြစ်ပါတယ်။

ဂျူပီတာနဲ့ မလှမ်းမကမ်းမှာတော့ စေတန် (ခ) စနေဂြိုဟ်ကိုပါ မြင်တွေ့ရနိုင်ပြီး လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာတော့ ကမ္ဘာနဲ့ စေတန်တို့ အခုလို တတန်းတည်းကျရောက်ဦးမှာ ဖြစ်ပါတယ်။

့်ဦး
#အာကာသနှင့်စကြဝဠာ မှ😍😍😍

Address

Hlegu

Website

Alerts

Be the first to know and let us send you an email when Game နုင့္ Gamer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category