AK ... .

02/02/2025

Cloud Wings ဒရုန်းတွေ နေရာအနှံ့အပြားမှာ ဆက်တိုက်ပျံသန်းနိုင်ဖို့အတွက် တပ်သားအသစ်တွေ ထပ်မံခေါ်ယူနေပါပြီ

ပါဝင်မယ်ဆိုရင် Cloud Wings page Messenger နှင့် Telegram တို့တွင် တိုက်ရိုက်ဆက်သွယ်ပြီး လျှောက်ထားနိုင်ပါတယ်။

01/02/2025

ကျနော်တို့ရဲ့ ကလောက်ဝင်းကမ်ပိန်းရက်တွေကတော့ မနေ့ကပြီးဆုံးသွားခဲ့ပါပြီ

နောက်ရက်တွေမှာ ကမ်ပိန်းရလာဒ်တွေနဲ့အတူ အသေးစိတ်ကို ကြေညာပါ့မယ်

ဒီကမ်ပိန်းလေး အောင်အောင်မြင်မြင်ပြီးမြောက်သွားအောင် နည်းလမ်းပေါင်းစုံနဲ့ ဝိုင်းဝန်းပံ့ပိုးကူညီအားဖြည့်ပေးခဲ့သူ တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ 🫡

#အမှောက်ဗျင်းမယ့်ကလောက်ဝင်း

31/01/2025

"ကမ်ပိန်း နောက်ဆုံးရက် "

ကလောက်ဝင်းကမ်ပိန်းလေးကို (၁)လတာ သတ်မှတ်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနေ့ဟာ ကမ်ပိန်းနောက်ဆုံးရက် ဖြစ်ပါတယ်ခင်ဗျာ

နောက်ဆုံးပိတ် အိတ်နဲ့လွယ် ဆိုသလို အဆုံးပိတ်လေး ဝုန်းပေးကြပါဦးဗျို့

ဗျင်းကြမယ် ဗျင်းဖို့ရယ်ဒီပဲလား ✊

#အမှောက်ဗျင်းမယ့်ကလောက်ဝင်း

30/01/2025

စိတ်ချပါ 🫡

မနက်ဖြန် ၃၁ရက်နေ့ဆို ကလောက်ဝင်းကမ်ပိန်းရဲ့ နောက်ဆုံးနေ့သို့ ရောက်ရှိလို့လာပါပြီ

ကမ်ပိန်းတားဂတ်လေး ပြည့်မှီကျော်လွန်သွားအောင်လို့ အခုပဲ ကမ္ဘာ့နိုင်ငံအသီးသီးမှ FRများမှတဆင့် လာရောက်အားဖြည့်ပေးကြပါနော် ❤️

#တော်လှန်ကောမစ်
#အမှောက်ဗျင်းမယ့်ကလောက်ဝင်း

29/01/2025
28/01/2025
25/01/2025

ဘိုင့် ရီ 😁

Cloud Wingsနဲ့အတူ အမှောက်ဗျင်းနိုင်ဖို့အတွက် နိုင်ငံတကာအသီးသီးမှ FRများမှတဆင့် ပါဝင်ကြဖို့ ဖိတ်ခေါ်ပါရစေ 🖤

#တော်လှန်ကောမစ်
#အမှောက်ဗျင်းမယ့်ကလောက်ဝင်း

24/01/2025

ချဲလင့်လေးတစ်ခု ထပ်ခေါ်ပါရစေခင်ဗျာ

တော်လှန်ပြည်သူတွေရဲ့ ချစ်ခြင်းတွေနဲ့

$33333 ချဲလင့်ရော $44444ချဲလင့်ရော အောင်မြင်သွားပါပြီ

ဒါကြောင့်မို့ အခု$56789ချဲလင့်ကို တက်လှမ်းချင်ပါတယ်

အမြန်ဆုံးပြည့်မယ်လို့လည်း ယုံကြည်ပါတယ်ခင်ဗျာ 🖤

#အမှောက်ဗျင်းမယ့်ကလောက်ဝင်း

22/01/2025

အမှောက်ဗျင်းမယ့် ကလောက်ဝင်းကမ်ပိန်းပြီးဖို့ ၁၀ရက်သာ ကျန်ပါတော့တယ်

ကျနော်တို့ရဲ့ ပထမဦးဆုံးပြုလုပ်တဲ့ ကမ်ပိန်းလေးမို့ သတ်မှတ်ပမာဏ ပြည့်မှီချင်ပါတယ်

အခုထိတော့ Targetကို မထိသေးပါဘူးခင်ဗျာ

၁လပိုင်း ၃၁ရက်နေ့အထိပဲမို့ ဒီလကုန်ရက်လေးတွေမှာ ဝိုင်းဝုန်းလိုက်မယ်ဆိုရင် ကျော်လွန်ပြည့်မှီသွားမှာပါ

အခုပဲ စီဘီကနေ ကလောက်ဝင်းအတွက် လာရောက်အားဖြည့်ပေးပါနော်

ယုံကြည်အားကိုးပါတယ်ခင်ဗျာ 🖤

#အမှောက်ဗျင်းမယ့်ကလောက်ဝင်း

21/01/2025

အစိတ်အပိုင်းလေးတစ်ခု 😁

#တော်လှန်ကောမစ်
#အမှောက်ဗျင်းမယ့်ကလောက်ဝင်း

19/01/2025

ဂျန်ဘာဆိုတဲ့ သတ်ကွင်းကြား
အသက်ကို အပ်နှင်းထားတဲ့ ရဲဘော်တွေ

အကြိမ်ကြိမ် အတက်အဆင်းမှာ
ငြီးငြူခြင်း မပြုတဲ့ ရဲဘော်တွေ

ဒလက်တွေမှာ အသက်တွေပါခဲ့ရင်
ငှက်တွေပမာ အိပ်တန်းပြန်စေချင် ။ ။

နိုင်ငံတကာအသီးသီးမှ FRများမှတဆင့်
တိုက်စစ်မှူးတွေကို အားဖြည့်ပေးပါခင်ဗျာ ❤️

#တော်လှန်ကောမစ်
#အမှောက်ဗျင်းမယ့်ကလောက်ဝင်း

18/01/2025

ဇာမဏီငှက်တစ်ကောင်ရဲ့ ရာဇဝင် ( သို့မဟုတ် )
Phoenix Cloud Wings တပ်ဦး - ကဗျာရှည်
--------------------------------------------

ဟော... ဟိုမှာ

တိမ်စိုင်ကြားထဲ လူးလာတုံ့ခေါက်
ငှက်တစ်အုပ်နဲ့ရောပြီး
Drone တစ်စီး
လွတ်လပ်မှုအတွက် စကြာဝဠာထိ ပျံဝံ့ပုံရတယ် ။

အိမ်ပြန်ချင်တဲ့ ငှက်ကလေး နာမည်မေးတော့
ဇာမဏီတဲ့

ငှက်ဆိုတာ
ဘယ်လောက်ဝေးဝေး ပျံသန်းပါစေ
အချိန်တန်ရင်
နားခိုနေကြ အသိုက်ထံ ပြန်လာသလိုမျိုး
ယုတ်ကန်းမှုအပေါင်း သရဖူဆောင်းတဲ့ သင်တို့ထံ
ဝဋ်ဟာ ရွပ်ရွပ်ချွံချွံ ပြန်လာပြီ

ငှက်လို
လေလို
တိမ်လို

လွတ်လပ်ခြင်းအတွက်
Cloud Wings တပ် ပျံလာပြီ ။

မုန်တိုင်းရှည် ဘယ်လောက်ရိုင်းရိုင်း
သမိုင်းကိုတော့ ဆံချည်တစ်မျှင်စာမျှ ထိပါးလို့မရဘူး

အသက်ရှူသူ လူချင်းအတူတူ
ဘယ်ကောင်မှ အခွင့်ရေး ပိုမယူကြေးဆိုတဲ့
ခံယူချက်နဲ့ လူငယ်တွေ

AI ခေတ်ကြီးထဲ
စစ်ပွဲကို
ဂိမ်းကစားသလို နည်းပညာနဲ့ တိုက်ကြပေါ့ ။

သိမ်းငှက်တစ်ကောင် အစာသုတ်သလိုမျိုး
တေးတစ်ပုဒ်နဲ့ နားချမရတဲ့
ခွေးအုပ်ကို ပြေးသုတ်ဖို့
Cloud Wings Drone ပျံတက်ခဲ့ပြီ

ခေါင်းမှာ ကြယ်နီဦးထုပ်နဲ့
လက်ဖျံဓါးထစ်ပြီး
ယုံကြည်ချက်ကို အလံလုပ် လွှင့်ထူ

တိုက်စစ်မှူးလို့ တင်စားရမယ့်
Drone ပဲ့ကိုင်သူ လူငယ်တွေ

အကိုက်ခဲပျောက်ဆေးလို
တစ်ယောက်ခံယူချက် တစ်ယောက်မော့သောက်ပြီး
တစ်ယောက်နာကျင်မှု တစ်ယောက်ကအကြောထဲထိုးသွင်း
ရင်ဘတ်ချင်းနီးတဲ့ လူငယ်တွေ

စစ်ဖိနပ်အောက် ပြားပြားမှောက်နေတဲ့
ကြောက်စိတ်ကို တစ်လွှာခြင်းဆွဲထုတ်
ယုတ်ကန်းသူမှန်သမျှ
ဒီမြေပေါ်က အပြီးတိုင် မောင်းချရမယ် ။

ခြေလျင်ကူးလို့ရတဲ့
သောင်ရင်းမြစ်ကလေးရဲ့
ဟိုဘက်၊ သည်ဘက်ကမ်းမှာတင်
လူနေမှုဘဝတွေ ဆီနဲ့ရေ

လူငယ်တွေအတွက်
ဒီမြေဟာ ဘယ်ပန်းမှမပွင့်တဲ့ ဖုန်းဆိုးမြေ ။

ဒေါနတောင်ကို သက်သေထူပြီး
သစ္စာတိုင်တယ်

အရိုးပြာကို မြေအိုးနဲ့ထုပ်
သူရဲကောင်းတို့အုတ်ဂူမှာ
အမိန့်စာ မဖတ်ဝံ့တဲ့ အိုးစားဖက်ရဲ့ မျက်ရည်အတွက်

ဗုံးခိုကျင်းထဲက ကလေးတွေ လွတ်မြောက်ဖို့
စစ်ရှောင်စခန်းက သက်ကြီးရွယ်အိုတွေ အသက်ရှူချောင်ဖို့

ဘုရားကျောင်းခေါင်မိုးပေါ် ကျွံကျနေတဲ့ ဗုံးဆန်နဲ့
လူ့အသက်ပေါ်တက်ထိုင်ပြီး ဇိမ်ခံချင်တဲ့
အတ္တဘောတွေ ပပျောက်ဖို့

လူ့အသက်တွေ ဆုံးရှုံးပြီးနောက်
စိတ်ထင်တိုင်းရမ်းကားတဲ့ စနစ်ဆိုးကြီးကို
အပြီးတိုင်ဖြိုဖို့ ပိုသေချာခဲ့ပြီ ။

လူထုကို သူတို့နဲ့အတူ ငရဲကို ဆွဲချ
တိုင်းပြည်တစ်ခုလုံး ပြာပုံထဲ ဆွဲသွင်း
ဒင်းတို့က... ပြာကျရင် နိုင်ပြီထင်နေကြ

ပြာပုံထဲက ရုန်းထပြီး
ဇာမဏီငှက်လို ရှင်သန်တတ်တဲ့ လူငယ်တွေရှိကြောင်း

မီးလျှံထဲမှ ပိုသန်မာတဲ့
ဇာမဏီစိတ်ဓါတ်နဲ့ လူငယ်တွေရှိကြောင်း
ဒင်းတို့... မသိကြ ။

အခု
ကောင်းကင်မှာ
သေမင်းရယ်သံလို အတောင်တဖျပ်ဖျပ်ခတ်
ဇာမဏီငှက်တွေ ပျံလာပြီ

ရှင်သန်ခြင်းနှင့် အောင်နိုင်ခြင်းကို
တပ်ဦးမှာ လွှင့်ထူ
Cloud Wings အဖွဲ့ လာနေပြီ ။

ကောင်းကင်ပေါ် တက်သွားတဲ့ Drone ထံမှ
သတင်းစကား ပါးလိုက်တယ်
တိမ်ထူထူ၊ တောင်ထပ်ထပ်
ကမ္ဘာပျက်နေတဲ့ အရပ်ဖြစ်ပါစေ
အာဏာရှင်အောက်ဆွဲတွေအပေါ်
ဗုံးမိုးတွေ ရအောင် ရွာပေးပါ့မယ်တဲ့ ။

ဟိုး... အရှေ့က ကောင်းကင်မှာ
လွတ်လပ်ခြင်း ရောင်နီသန်းနေပြီ

တက်ညီလက်ညီ ရုန်းကြစို့ရဲ့

အတောင်ပံတစ်စုံမှာ ယုံကြည်ချက်ထည့်
လူထုကို ဦးညွှတ်ပြီး
အာဏာရှင် အညွှန့်တုံးကို ခူးဆွတ်ရုံမက
အမြစ်ပါ တူးဆွ ဖြတ်တောက်ဖို့

ဇာမဏီလို
ဖီးနစ်လို

အမှောက်ဗျင်းမယ့်
Cloud Wings အဖွဲ့ လာနေပြီ

ဒေါနတောင်ရိုးမှာ
လွတ်လပ်ခြင်း ပန်းခင်းတွေ ပျိုးလိမ့်မယ်

လူငယ်တွေရဲ့ အနာဂတ်မြေမှာ
ဘယ်လို အာဏာရှင်မှ
ခြေချခွင့် မရစေရ ။

#တော်လှန်ကောမစ်
#အမှောက်ဗျင်းမယ့်ကလောက်ဝင်း

17/01/2025

Day - 21 အထိ ရရှိထားငွေ ဖြစ်ပါတယ်

ကျနော်တို့မှာ နောက်ထပ်အချိန် ၁၀ရက်လောက်ပဲ ကျန်ပါတယ်

မျှော်မှန်းပမာဏအထိ ရောက်ချင်မိတာမို့

အားဖြည့်ပေးကြပါဦးခင်ဗျာ ❤️

#အမှောက်ဗျင်းမယ့်ကလောက်ဝင်း

Address

Hinthada

Website

Alerts

Be the first to know and let us send you an email when AK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share