Yadanapon - ရတနာပုံ

Yadanapon - ရတနာပုံ One of the leading publishing house in Myanmar.

Yadanapon - ရတနာပုံ  စာအုပ်တိုက်ကနေ လက်ရှိ မှာယူရရှိနိုင်တဲ့ စာအုပ်တွေနဲ့ ဈေးနှုန်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော် 🥰 စာချ...
27/05/2023

Yadanapon - ရတနာပုံ စာအုပ်တိုက်ကနေ လက်ရှိ မှာယူရရှိနိုင်တဲ့ စာအုပ်တွေနဲ့ ဈေးနှုန်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော် 🥰
စာချစ်သူများ ကျန်းမာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ🥰

12/04/2022
🔍"အမေး ရှိရင် အဖြေရှိတယ်"🔍 ဟုတ်ပါတယ် 🤩🔍စာချစ်သူတို့ရဲ့ 🕵️‍♀️ သားသား 🕵️‍♀️မီးမီးလေးတွေ ကိုယ်တိုင် မေးပြီး ကိုယ်တိုင် အဖြေ...
21/03/2022

🔍"အမေး ရှိရင် အဖြေရှိတယ်"🔍 ဟုတ်ပါတယ် 🤩

🔍စာချစ်သူတို့ရဲ့ 🕵️‍♀️ သားသား 🕵️‍♀️မီးမီးလေးတွေ ကိုယ်တိုင် မေးပြီး ကိုယ်တိုင် အဖြေရှာဖို့အတွက် Yadanapon - ရတနာပုံ စာအုပ်တိုက်ကနေ 𝐖𝐨𝐫𝐝 𝐏𝐫𝐨𝐛𝐥𝐞𝐦 - မေးခွန်းပုစ္ဆာ သင်္ချာလေ့ကျင့်ခန်းစာအုပ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော်... 🤩

🔍 သားသား မီးမီးတို့ မပျင်းမရိစေရတဲ့ ပုစ္ဆာတွေ လေ့ကျင့်တွက်ချက်ပြီးတဲ့အခါမှာ ကိုယ်တိုင်အဖြေတိုက်လို့ရမယ့် Answer Key စာမျက်နှာတွေလည်း ပါပါတယ်နော် 🤩

🔍ဒီစာအုပ်ကလေးကို ဝယ်ယူလိုတယ်ဆိုရင်တော့... 👇 Yadanapon - ရတနာပုံ စာအုပ်တိုက်ရဲ့ Facebook Messenger 📬ကတဆင့် အမည်၊ ဖုန်းနံပါတ်၊ ပေးပို့ရမယ့် လိပ်စာအပြည့်အစုံနဲ့ ဆက်သွယ် ဝယ်ယူနိုင်သလို ရန်ကုန်မြို့တွင်း စာအုပ်အရောင်းဆိုင်တွေမှာလည်း ဝယ်ယူနိုင်ပါတယ် 🤩

🔍 နယ်က မှာယူလိုသူတွေအတွက်ကတော့ ဆက်သွယ်ရမယ့် အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံ ပေးပို့ထားမယ်ဆိုရင် အနီးဆုံးစာတိုက်ကတဆင့် အိမ်အရောက် ဆက်သွယ်ပေးပို့သွားမှာ ဖြစ်ပါတယ်။

#ရတနာပုံစာအုပ်တိုက် #မူလတန်းသင်္ချာ #သင်္ချာလေ့ကျင့်ခန်း

ချစ်ခြင်းမေတ္တာကို ထပ်ပေါင်းထည့်ဖို့... ဒါမှမဟုတ် အမုန်းတရားတွေကို လျှော့ချပစ်ဖို့ သင်ကြားမပေးနိုင်ပေမယ့် ပြဿနာတွေတိုင်း...
31/01/2022

ချစ်ခြင်းမေတ္တာကို ထပ်ပေါင်းထည့်ဖို့... ဒါမှမဟုတ် အမုန်းတရားတွေကို လျှော့ချပစ်ဖို့ သင်ကြားမပေးနိုင်ပေမယ့် ပြဿနာတွေတိုင်းမှာ ဖြေရှင်းနည်းဆိုတာရှိတယ်ဆိုတာကိုတော့ သင်ပြပေးနိုင်ပါတယ်တဲ့”

ဒီတခါမှာတော့ Yadanapon - ရတနာပုံ စာအုပ်တိုက်က သားသား မီးမီးတို့အတွက် သင်္ချာပညာအခြေခံ “ပေါင်းခြင်း၊ နုတ်ခြင်း၊ မြှောက်ခြင်း၊ စားခြင်း”တွေကို လေ့ကျင့်နိုင်မယ့် လေ့ကျင့်ခန်းစာအုပ် ၄ အုပ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

သင်္ချာနဲ့ ပတ်သက်ရင် လေ့ကျင့်ခြင်းက ပြီးပြည့်စုံတယ်ဆိုတာ အထူးမှန်ကန်ပါတယ်။

ဒီစာအုပ်လေးတွေကတော့ တခြားသော စာအုပ်တွေနဲ့မတူဘဲ သင်္ချာစွမ်းရည်တိုးတက်ဖို့ တဆင့်ပြီးတဆင့် ထပ်ခါတလဲလဲ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေနဲ့ ပံ့ပိုးပေးထားပါတယ်။

အတွေးအခေါ် အယူအဆတွေ တဆင့်ပြီးတဆင့် တိုးတက်စေမယ့် ပုံစံကို အသုံးပြုထားတဲ့အတွက် သားသား မီးမီးတို့ကို စိတ်ဓာတ်ကျဆင်းတာမျိုးမဖြစ်စေဘဲ သင်ကြားတတ်မြောက်စေနိုင်မှာ ဖြစ်ပါတယ်။

ဒီစာအုပ်ကလေးတွေကို ဝယ်ယူလိုတယ်ဆိုရင်တော့ Yadanapon - ရတနာပုံ
စာအုပ်တိုက်ရဲ့ page messenger ကနေတဆင့် ပေးပို့ရမယ့်... အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံနဲ့ ဆက်သွယ်မှာယူနိုင်ပါတယ်။

နယ်ဝေးက ဝယ်ယူလိုသူတွေအတွက်ကတော့ အနီးဆုံးစာတိုက်ကတဆင့် ဆက်သွယ်ပေးပို့သွားမှာ ဖြစ်ပါတယ်။

****************

#ရတနာပုံစာအုပ်တိုက် #မူလတန်းသင်္ချာ #သင်္ချာလေ့ကျင့်ခန်း

Geometry & Measurement "ဂျီဩမေထြီ မရှိရင် ဘဝဟာဘာအဓိပ္ပါယ်မှရှိမှာ မဟုတ်ပါဘူး""ဂျီဩမေထြီဆိုတာ ထာဝရတည်ရှိခြင်းရဲ့ အသိပညာ အ...
25/01/2022

Geometry & Measurement "ဂျီဩမေထြီ မရှိရင် ဘဝဟာ
ဘာအဓိပ္ပါယ်မှရှိမှာ မဟုတ်ပါဘူး"

"ဂျီဩမေထြီဆိုတာ ထာဝရတည်ရှိခြင်းရဲ့ အသိပညာ အတတ်ပညာပါပဲ"

သင်္ချာပညာမှာ ဂျီဩမေထြီသင်ရမှာ ကြောက်ကြတဲ့ သားသား မီးမီးတို့အတွက်
ဒီတခါမှာတော့ Yadanapon - ရတနာပုံ စာအုပ်တိုက်က သားသား မီးမီးတို့အတွက် ဂျီဩမေထြီနှင့် အတိုင်းအတာ သင်္ချာလေ့ကျင့်ခန်းစာအုပ် ၄ အုပ်နဲ့
မိတ်ဆက်ပေးလိုက်ပါတယ်။

ဒီစာအုပ်ကလေးတွေကတော့ Grade 1 ကနေ 4 အထိ သင်ကြားနေကြတဲ့ သားသား မီးမီးတွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတာပါ။

ကျောင်းစာသင်ခန်းမှာဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အလွယ်တကူ သင်ကြားတတ်မြောက်နိုင်ဖို့ ဒီစာအုပ်ကလေးတွေက ကူညီပေးပါလိမ့်မယ်။

သင်္ချာနဲ့ ပတ်သက်ရင် လေ့ကျင့်ခြင်းက ပြီးပြည့်စုံတယ်ဆိုတာ အထူးမှန်ကန်ပါတယ်။ ဒီစာအုပ်လေးတွေကတော့ တခြားသော စာအုပ်တွေနဲ့မတူပဲ သင်္ချာစွမ်းရည်တိုးတက်ဖို့ တဆင့်ပြီးတဆင့် ထပ်ခါတလဲလဲ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေနဲ့ ပံ့ပိုးပေးထားပါတယ်။

အတွေးအခေါ် အယူအဆတွေ တဆင့်ပြီးတဆင့် တိုးတက်စေမယ့် ပုံစံကို အသုံးပြုထားတဲ့အတွက် သားသား မီးမီးတို့ကို စိတ်ဓာတ်ကျဆင်းတာမျိုးမဖြစ်စေဘဲ သင်ကြားတတ်မြောက်စေနိုင်မှာ ဖြစ်ပါတယ်။

စာအုပ်ရဲ့ အတွင်းစာမျက်နှာ နမူနာတချို့ကို comment တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

ဒီစာအုပ်ကလေးတွေကို ဝယ်ယူလိုတယ်ဆိုရင်တော့ ဆက်သွယ်မှာယူလိုပါက
Yadanapon - ရတနာပုံ စာအုပ်တိုက်ရဲ့ Page Messenger ကို တိုက်ရိုက်ဆက်သွယ် ဝယ်ယူနိုင်သလို...

နယ်မှ မှာယူလိုသူတွေအနေနဲ့ အမည်၊ ဖုန်းနံပါတ်၊ ပေးပို့ရမယ့်
လိပ်စာအပြည့်အစုံနဲ့အတူ Facebook Messenger ကတဆင့် မှာယူမယ်ဆိုရင် အနီးဆုံးစာတိုက်ကတဆင့် ဆက်သွယ်ပေးပို့သွားမှာ ဖြစ်ပါတယ်။

****************

#ရတနာပုံစာအုပ်တိုက် #မူလတန်းသင်္ချာ #သင်္ချာလေ့ကျင့်ခန်း #ဂျီဩမေထြီနှင့်အတိုင်းအတာသင်္ချာလေ့ကျင့်ခန်း

စာချစ်သူတို့ရေ... ဒီတခါမှာတော့ Yadanapon - ရတနာပုံ  စာအုပ်တိုက်ကနေသားသား မီးမီးတို့အတွက် သင်္ချာပညာအခြေခံ “အပိုင်းကိန်းန...
21/01/2022

စာချစ်သူတို့ရေ... ဒီတခါမှာတော့ Yadanapon - ရတနာပုံ စာအုပ်တိုက်ကနေ
သားသား မီးမီးတို့အတွက် သင်္ချာပညာအခြေခံ “အပိုင်းကိန်းနဲ့ ဒသမကိန်း”တွေကို လေ့ကျင့်နိုင်မယ့် လေ့ကျင့်ခန်းစာအုပ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော်... 🤩

သင်္ချာနဲ့ ပတ်သက်ရင် လေ့ကျင့်ခြင်းက ပြီးပြည့်စုံတယ်ဆိုတာ အထူးမှန်ကန်ပါတယ်။

ဒီစာအုပ်လေးတွေကတော့ တခြားသော စာအုပ်တွေနဲ့မတူဘဲ သင်္ချာစွမ်းရည်တိုးတက်ဖို့ တဆင့်ပြီးတဆင့် ထပ်ခါတလဲလဲ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေနဲ့ ပံ့ပိုးပေးထားပါတယ်။

အတွေးအခေါ် အယူအဆတွေ တဆင့်ပြီးတဆင့် တိုးတက်စေမယ့် ပုံစံကို အသုံးပြုထားတဲ့အတွက် သားသား မီးမီးတို့ကို စိတ်ဓာတ်ကျဆင်းတာမျိုးမဖြစ်စေဘဲ သင်ကြားတတ်မြောက်စေနိုင်မှာ ဖြစ်ပါတယ်။

သားသား မီးမီးတို့ လေ့ကျင့်ပြီးရင် အဖြေတိုက်ရမယ့် Answer Key စာမျက်နှာတွေလည်း ပါပါတယ်နော် 🤩

https://online.fliphtml5.com/hgdcq/vard/?1642927888444 ကလစ်တချက် နှိပ်လိုက်တာနဲ့ အပြင်မှာ စာအုပ်ကိုင် ဖတ်ရသလို စာတမျက်နှာချင်းကို ကြည့်လို့ရအောင် နမူနာအနေနဲ့ စာမျက်နှာ အနဲငယ်ကို First Comment မှာ ထည့်ထားပေးပါတယ်

ဒီစာအုပ်ကလေးကို ဝယ်ယူလိုတယ်ဆိုရင်တော့... 👇 Yadanapon - ရတနာပုံ စာအုပ်တိုက်ရဲ့ Facebook Messenger 📬ကတဆင့် အမည်၊ ဖုန်းနံပါတ်၊ ပေးပို့ရမယ့် လိပ်စာအပြည့်အစုံနဲ့ ဆက်သွယ် ဝယ်ယူနိုင်သလို ရန်ကုန်မြို့တွင်း စာအုပ်အရောင်းဆိုင်တွေမှာလည်း ဝယ်ယူနိုင်ပါတယ် 🤩

နယ်က မှာယူလိုသူတွေအတွက်ကတော့ ဆက်သွယ်ရမယ့် အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံ ပေးပို့ထားမယ်ဆိုရင် အနီးဆုံးစာတိုက်ကတဆင့် အိမ်အရောက် ဆက်သွယ်ပေးပို့သွားမှာ ဖြစ်ပါတယ်။

#ရတနာပုံစာအုပ်တိုက် #မူလတန်းသင်္ချာ #သင်္ချာလေ့ကျင့်ခန်း &Fractions

စာချစ်သူတို့ရေ...   #ဦးလှဝင်း(လေသူရဲတစ်ဦး) ရဲ့  #အညိုတို့ပတ္တမြားမြေ ဆီကို ခရီးဆက်ကြဦးစို့နော် 🤩🤩🤩 ဒီတပတ် အပိုင်း ၁၁ ကနေ...
24/12/2021

စာချစ်သူတို့ရေ... #ဦးလှဝင်း(လေသူရဲတစ်ဦး) ရဲ့ #အညိုတို့ပတ္တမြားမြေ ဆီကို ခရီးဆက်ကြဦးစို့နော် 🤩🤩🤩 ဒီတပတ် အပိုင်း ၁၁ ကနေ ၁၃ အထိ 🔎ဟောဒီလင့်ခ်မှာ 👇https://online.fliphtml5.com/eokdv/fyze/?1640355946560 🙏🙏🙏ကလစ်တချက် နှိပ်လိုက်တာနဲ့ အပြင်မှာ စာအုပ်ကိုင် ဖတ်ရသလို စာတမျက်နှာချင်း ခံစား ဖတ်ရှုနိုင်ပါတယ် 😊

🔎အပိုင်း ၉–၁၀ ကို မဖတ်ရသေးဘူးဆိုရင် ဒီမှာ 👇
https://online.fliphtml5.com/eokdv/dnne/?1639750561392
🔎အပိုင်း ၅–၈ ကို မဖတ်ရသေးဘူးဆိုရင် ဒီမှာ 👇https://online.fliphtml5.com/eokdv/mvca/?1639145487491
🔎အပိုင်း ၃–၄ ကို မဖတ်ရသေးဘူးဆိုရင် ဒီမှာ👇 https://online.fliphtml5.com/eokdv/gdah/
🔎အပိုင်း ၁–၂ ကို မဖတ်ရသေးဘူး ဆိုရင် 👇https://online.fliphtml5.com/eokdv/fyuj/?1637227562970...

စာချစ်သူအားလုံး ကိုယ် စိတ် နှစ်ပါး ကျန်းမာ ဘေးကင်းကြပါစေလို့ Yadanapon - ရတနာပုံ မိသားစုက ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🙏🙏

Ah Nyo Tot PaDaMyar Myar (Chap 11 - 13)

စာချစ်သူတို့ရေ...   #ဦးလှဝင်း(လေသူရဲတစ်ဦး) ရဲ့  #အညိုတို့ပတ္တမြားမြေ ဆီကို ခရီးဆက်ကြဦးစို့နော် 🤩🤩🤩 ဒီတပတ် အပိုင်း ၉ ကနေ ...
17/12/2021

စာချစ်သူတို့ရေ... #ဦးလှဝင်း(လေသူရဲတစ်ဦး) ရဲ့ #အညိုတို့ပတ္တမြားမြေ ဆီကို ခရီးဆက်ကြဦးစို့နော် 🤩🤩🤩 ဒီတပတ် အပိုင်း ၉ ကနေ ၁၀ အထိ ဆက်သွားကြမယ်နော်... ပတ္တမြားမြေကို မြန်မြန်သွားဖို့ စိတ်စောနေတဲ့ စာချစ်သူတွေရဲ့ ဆန္ဒကို တပတ်မခြားဘဲ နောက်ရက်တွေမှာလည်း အလျဉ်းသင့်သလို ဖော်ပြပေးနိုင်အောင် ကြိုးစားပါ့မယ်လို့ 🙏🙏🙏

🔎ဟောဒီလင့်ခ်မှာ 👇https://online.fliphtml5.com/eokdv/dnne/?1639750561392 🙏🙏🙏ကလစ်တချက် နှိပ်လိုက်တာနဲ့ အပြင်မှာ စာအုပ်ကိုင် ဖတ်ရသလို စာတမျက်နှာချင်း ခံစား ဖတ်ရှုနိုင်ပါတယ် 😊

🔎အပိုင်း ၅–၈ ကို မဖတ်ရသေးဘူးဆိုရင် ဒီမှာ 👇https://online.fliphtml5.com/eokdv/mvca/?1639145487491

🔎အပိုင်း ၃–၄ ကို မဖတ်ရသေးဘူးဆိုရင် ဒီမှာ👇 https://online.fliphtml5.com/eokdv/gdah/

🔎အပိုင်း ၁–၂ ကို မဖတ်ရသေးဘူး ဆိုရင် 👇https://online.fliphtml5.com/eokdv/fyuj/?1637227562970...
စာချစ်သူအားလုံး ကိုယ် စိတ် နှစ်ပါး ကျန်းမာ ဘေးကင်းကြပါစေလို့ Yadanapon - ရတနာပုံ မိသားစုက ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🙏🙏🙏

Ah Nyo Tot PaDaMyar Myar (Chap 9 - 10)

စာချစ်သူတို့ရေ...   #ဦးလှဝင်း(လေသူရဲတစ်ဦး) ရဲ့  #အညိုတို့ပတ္တမြားမြေ ဆီကို ခရီးဆက်ကြဦးစို့နော် 🤩🤩🤩 အရင်တပတ်က ခရီးတထောက် ...
10/12/2021

စာချစ်သူတို့ရေ... #ဦးလှဝင်း(လေသူရဲတစ်ဦး) ရဲ့ #အညိုတို့ပတ္တမြားမြေ ဆီကို ခရီးဆက်ကြဦးစို့နော် 🤩🤩🤩 အရင်တပတ်က ခရီးတထောက် နားလိုက်တာကြောင့် ဒီတပတ် အပိုင်း ၅ ကနေ ၈ အထိ ဆက်သွားကြမယ်နော်...

ဟောဒီလင့်ခ်မှာ 👇https://online.fliphtml5.com/eokdv/mvca/?1639145487491 🙏🙏🙏

ကလစ်တချက် နှိပ်လိုက်တာနဲ့ အပြင်မှာ စာအုပ်ကိုင် ဖတ်ရသလို စာတမျက်နှာချင်း ခံစား ဖတ်ရှုနိုင်ပါတယ် 😊

အပိုင်း ၃–၄ ကို မဖတ်ရသေးဘူးဆိုရင် ဒီမှာ👇 https://online.fliphtml5.com/eokdv/gdah/

အပိုင်း ၁–၂ ကို မဖတ်ရသေးဘူး ဆိုရင် 👇https://online.fliphtml5.com/eokdv/fyuj/?1637227562970...

စာချစ်သူအားလုံး ကိုယ် စိတ် နှစ်ပါး ကျန်းမာ ဘေးကင်းကြပါစေလို့ Yadanapon - ရတနာပုံ မိသားစုက ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🙏🙏🙏

စာချစ်သူတို့ရေ... ပြီးခဲ့တဲ့တပတ်ကစပြီး ခရီးထွက်ခဲ့တဲ့  #အညိုတို့ပတ္တမြားမြေ ဆီကို ခရီးဆက်ကြဦးစို့နော် 🤩🤩🤩 #ဦးလှဝင်း(လေသူ...
26/11/2021

စာချစ်သူတို့ရေ... ပြီးခဲ့တဲ့တပတ်ကစပြီး ခရီးထွက်ခဲ့တဲ့ #အညိုတို့ပတ္တမြားမြေ ဆီကို ခရီးဆက်ကြဦးစို့နော် 🤩🤩🤩

#ဦးလှဝင်း(လေသူရဲတစ်ဦး) ရဲ့ #အညိုတို့ပတ္တမြားမြေ ဝတ္ထုရှည်ကို ဖတ်ရှုချင်ပါတယ်လို့ တောင်းဆိုကြတဲ့ စာချစ်သူတွေအတွက် Yadanapon - ရတနာပုံ ကနေ အပတ်စဉ်... အပိုင်း ၂ ပိုင်းချင်း တင်ဆက်ပေးနေတာ အခုဆို အပိုင်း ၃–၄ ကို ရောက်လာပါပြီနော်😊

အပိုင်း ၃–၄ ကို ဒီမှာ👉 https://online.fliphtml5.com/eokdv/gdah/

အပိုင်း ၁–၂ ကို မဖတ်ရသေးဖူးဆိုရင် 👉https://online.fliphtml5.com/eokdv/fyuj/?1637227562970...

ကလစ်တချက် နှိပ်လိုက်တာနဲ့ စာမျက်နှာတရွက်ချင်း လှန်ဖတ်ပြီး အပြင်မှာ စာအုပ်ကိုင် ဖတ်ရသလို ခံစား ဖတ်ရှုနိုင်ပါတယ် 😊

စာချစ်သူအားလုံး ကိုယ် စိတ် နှစ်ပါး ကျန်းမာ ဘေးကင်းကြပါစေလို့ ရတနာပုံ စာအုပ်တိုက် မိသားစုက ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🙏

စာချစ်သူတို့ရေ... ကိုယ်စိတ်နှစ်ပါး မချမ်းမြေ့ရတဲ့အချိန်တွေကို အတူကြိုးစားပြီး ကျော်ဖြတ်ရင်းနဲ့ “အညိုတို့ပတ္တမြားမြေ”ကို ...
19/11/2021

စာချစ်သူတို့ရေ... ကိုယ်စိတ်နှစ်ပါး မချမ်းမြေ့ရတဲ့အချိန်တွေကို အတူကြိုးစားပြီး ကျော်ဖြတ်ရင်းနဲ့ “အညိုတို့ပတ္တမြားမြေ”ကို ခေတ္တအလည်သွားကြစို့နော်... 🥰 #ဦးလှဝင်း(လေသူရဲတစ်ဦး) ရဲ့ #အညိုတို့ပတ္တမြားမြေ ဝတ္ထုရှည်ကို ဖတ်ရှုချင်ပါတယ်လို့ တောင်းဆိုကြတဲ့ စာချစ်သူတွေအတွက် Yadanapon - ရတနာပုံ စာအုပ်တိုက်ကနေ အပတ်စဉ်... အပိုင်း ၂ ပိုင်းချင်း တင်ဆက်ပေးပါမယ်နော် 😊

ဟောဒီ လင့်ခ်ကနေ 👉https://online.fliphtml5.com/eokdv/fyuj/?1637227562970... ကလစ်တချက် နှိပ်လိုက်တာနဲ့ စာမျက်နှာတရွက်ချင်း လှန်ဖတ်ပြီး အပြင်မှာ စာအုပ်ကိုင် ဖတ်ရသလို ခံစား ဖတ်ရှုနိုင်ပါတယ် 😊

စာချစ်သူအားလုံး ကိုယ် စိတ် နှစ်ပါး ကျန်းမာ ဘေးကင်းကြပါစေလို့ ရတနာပုံ စာအုပ်တိုက် မိသားစုက ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🙏

စာချစ်သူတို့ရေ... ဒီကာလမှာ စာချစ်သူတွေကို တစိတ်တပိုင်းလေးပဲဖြစ်ဖြစ် စိတ်အေးချမ်းမြေ့စေချင်တာကြောင့် Yadanapon - ရတနာပုံ ...
04/11/2021

စာချစ်သူတို့ရေ... ဒီကာလမှာ စာချစ်သူတွေကို တစိတ်တပိုင်းလေးပဲဖြစ်ဖြစ် စိတ်အေးချမ်းမြေ့စေချင်တာကြောင့် Yadanapon - ရတနာပုံ မိသားစုကနေ #ဦးလှဝင်း(လေသူရဲတစ်ဦး) ရဲ့ #စိတ္တဇအလွမ်း ဝတ္ထုတိုလေးကို မျှဝေလိုက်ပါတယ်...

အားလုံး ဘေးအန္တရာယ်ကင်းပြီး သောကကင်းကွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပြီး အားလုံး လိုလားတဲ့ပန်းတိုင်ကို အမြန်ရောက်ဖို့ အစဉ်အမြဲ ဆုတောင်းမေတ္တာပို့သနေပါတယ်နော်... 🥰

~~~~~~~~~~~

#ဦးလှဝင်း(လေသူရဲတစ်ဦး)__စိတ္တဇအလွမ်း

အချိန်မှာ တပို့တွဲလပြည့် ကျော်ခဲ့ပြီ။ မကြာမီ တပေါင်းလဘက်သို့ ကူးတော့မည်။

နေရာမှာ၊ ဖော့တောရွာ မြောက်ဘက် မိုးကုတ်ကားလမ်း လက်ပန်လှ လမ်းခွဲကျွန်းတောကြီးတွင် ဖြစ်၏။ ကျွန်းတောဟု ဆိုသော်လည်း အခြားအပင်မျိုးစုံမှာလည်း ပါဝင်ရောယှက်ပေါက်လျက် ရှိကြ၏။

အမှန်တော့ တပို့တွဲလပြည့်ကျော်အချိန်မှာ ဆောင်းဥတု ကုန်ဆုံးသောအချိန် မဟုတ်သေးပါ။ သို့သော် ယခုနှစ်၊ နွေဦးရောက်ချိန် စောသည်ဟု ဆိုရမည်။
ဆောင်းထွက်တော့မည်။

နံနက်ခင်းများ၌ပင် နှင်းငွေ့များကို လုံးဝ မမြင်ရတော့။

အပူလှိုင်းများလည်း ပတ်ဝန်းကျင်တခုလုံးကို လွှမ်းခြုံစပြုလေပြီ။ လေညင်းများမှာ ရေခဲတောင်များ ရှိသော၊ မြောက်အရပ်ဘက်မှ တိုက်ခတ်လာခြင်း မရှိတော့။ ပင်လယ်သမုဒ္ဒရာ ရှိသည့် တောင်အရပ်ဘက်မှ တိုက်ခတ်စပြု၍နေပြီ။
ပူသောရာသီ၊ သို့မဟုတ် နွေ… ။

နွေဦး…

မှန်သည်။

မြန်မာနိုင်ငံ နွေဦး၏ သင်္ကေတတခုဖြစ်သော ရွက်ဟောင်းများ၊ မြေခကြသည့် မြင်ကွင်းမှာ ရှုကြည့်လိုက်ရသည့် အရပ်မျက်နှာတိုင်းတွင် မြင်တွေ့နေရ၏။
ကျွန်းတောကြီးတခုလုံး၏ မြေပြင်တွင် ရွက်အိုများ စုပုံနေ၏။ အချို့အရွက်များမှာ အဝါ၊ အချို့မှာ အညို၊ အချို့မှာ ရွှေအိုရောင်၊ အချို့မှာ သင်္ကန်းရောင်၊ အချို့မှာ အဝါဘက်သို့ လုနေသည့် အရောင်မျိုးစုံနှင့် ရောနေ၏။ သီးခြားအရောင်အမည်တပ်၍ မရ။

ဤကျွန်းရွက်များမှ အချို့မှာ နေ့ဘက်တွင် ကြွေခဲ့ကြခြင်း ဖြစ်၏။ အချို့မှာ ညဘက်တွင် ကြွေခဲ့ကြခြင်း ဖြစ်၏။ အချို့မှာ လေဒဏ်ကြောင့် မြေခခဲ့ကြခြင်း ဖြစ်၏။ အချို့မှာ နှင်းဒဏ်ကြောင့် မြေခခဲ့ကြခြင်း ဖြစ်၏။

မြေခလျက်ရှိသော ကျွန်းရွက်များ၏ သဏ္ဌာန်မှာ ရင့်ရော်အိုမင်းသော ရွက်အိုများ၏ သဘော သဘာဝအတိုင်း စိုသော၊ အရည်ရွှမ်းသောအသွင် လုံးဝမရှိ။ ခြောက်သွေ့တွန့်လိမ်နေ၏။ သို့သော် အံ့စရာကောင်းသည်မှာ ဤမြေခ ရွက်အိုများ၌ မူလ နုပျိုစဉ် ကျွန်းရွက်နုများ၌ရှိသော သင်းပျံ့ပျံ့ ကျွန်းရနံ့လေးများမှာ ကျန်နေကြဆဲပင် ဖြစ်၏။

နေထွက်ချိန်၌ နေရောင်သည် ဤမြေပေါ်မှ ရွက်အိုများပေါ်သို့ ကျလာတတ်၏။ ကျွန်းရွက်အိုများကို ပူနွေးစေ၏။ မြေပြင်ကို ကျွန်းရွက်လွှာစောင်ဖြင့် လွှမ်းခြုံထားပေးသကဲ့သို့ ဖြစ်စေ၏။ ထို့ကြောင့် ခြများ၊ နွားချေးပိုးများမှာ ဤရွက်အိုများအကြားတွင် ပျော်နေ၏။ ဤရွက်အိုများမှာ သူတို့အတွက် စားကျက်သစ်၊ အိုးအိမ်သစ်ကို ဖန်တီးပေးကြသကဲ့သို့ ရှိ၏။

ကျွန်းတောကြီးအလယ်မှ ကျွန်းပင်ကြီးတပင်၏ အကိုင်းတခုအထက်တွင် ယနေ့အထိ မြေမကျသေးသော ရွက်အို နှစ်ရွက် ရှိသည်။
တရွက်မှာ အညိုရောင်ဘက်ကို သမ်းနေ၏။

ကိုညို…

တရွက်မှာ အဝါရောင်ဘက်ကို သမ်း၏။

မဝါ…

ကိုညိုနှင့် မဝါ မှာ ကျွန်းရွက်များ ပတ်ဝန်းကျင်တွင် ဘိုးသက်ရှည် ဘွားသက်ရှည်များပင် ဖြစ်၏။ သူတို့ အဘယ်ကြောင့် ခုအချိန် မြေမခဘဲ အကိုင်း၌ တွယ်ကပ်နေနိုင်ကြသေးသည့် အကြောင်းကို မည်သူမျှ မသိ။

အကြောင်းတော့ ရှိရမည်။

မိုးကုတ်ဝန်းကျင်မှာ ဆောင်း၌လည်း မိုးရွာချင် ရွာတတ်၏။ လေပြင်းကျချင်လျှင်လည်း ကျတတ်၏။ သူတို့ ဤမိုးဒဏ်၊ လေပြင်းဒဏ်များကိုလည်း ကြံ့ကြံ့ခံနိုင်ခဲ့၏။

အခြားကျွန်းရွက်များ ကြွေပြီး ကိုညိုနှင့် မဝါ တို့က မကြွေ။

ဘာကြောင့်နည်း။

အခြားရွက်များ မသိသော်လည်း ကိုညိုနှင့် မဝါတို့ကမူ သိ၏။

သူတို့နှစ်ရွက်၏ ခိုင်မြဲသော ချစ်ခြင်းမေတ္တာ၊ သစ္စာတရားကြောင့်ပင် ဖြစ်၏။
ကိုညိုမှာ မဝါထက် အရွယ်ပိုကြီးသကဲ့သို့ အသက်လည်း ရက်အနည်းငယ်မျှ ပိုကြီး၏။ သို့သော် မဝါ၏ သဏ္ဌာန်က ပိုလှ၏။ ပို၍ လေအဝှေ့တွင် နွဲ့နိုင်၏။
သို့သော် မဝါမှာ ဟန်ပန်နွဲ့သကဲ့သို့ စိတ်ဓာတ်ကလည်း ပျော့၏။ ထို့ကြောင့် မိုးရွာချိန်၊ လေပြင်းတိုက်ချိန်၊ လျှပ်လက်ချိန်များ၌ ကိုညိုက မဝါကို အမြဲအားပေးခဲ့ရ၏။

“မဝါရေ… တွယ်ထားနော်၊ အကိုင်းက မလွတ်သွားစေနဲ့၊ တွယ်ထား ကြိုးစားပြီးသာ တွယ်ထား အချစ်ရယ်”

ညအချိန်…

အလင်းရောင်မဲ့ချိန်…

ကျွန်းတောတခုလုံး ငြိမ်သက်ချိန်များ၌လည်း မဝါသည် မကြာခဏ ညည်းတတ်၏။ အားလျော့စကားကို ဆိုတတ်၏။

“ကိုညိုရေ… ကျွန်မ ကြွေရမယ့်အချိန် ရောက်လာပြီ ထင်တယ်၊ ရှင်ကတော့ မကြွေနဲ့ဦးနော်”

“ဘာ… မင်း ကြွေပြီး ငါ မကြွေရသေးဘူး ဟုတ်လား၊ ဒီမှာ မဝါ… ဒီကျွန်းပင်ကြီးမှာ မင်း မရှိတော့ဘဲ ငါ တယောက်တည်း ဆက်ရှင်သန်နေလို့ ဘာအဓိပ္ပာယ်ရှိတော့မလဲ မဝါ၊ မင်း အသည်းထဲမှာ အမြဲစွဲနေအောင် မှတ်ထား၊ မင်း ကြွေပြီးတာနဲ့ ငါ လိုက်ကြွေမှာပဲ၊ ဒီကျွန်းပင်ကြီးမှာ အထီးကျန်ဘဝကြီးနဲ့တော့ ငါ ဆက်မနေဘူး”

“ကိုညို… ရှင် အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောပါနဲ့၊ ကျွန်မတို့ ကျွန်းရွက်ဘဝဟာ တရွက်ကြွေတာနဲ့ နောက်တရွက်ကသာ ကြွေနေရရင် မခက်ဘူးလား၊ ဘဝဆိုတာ ရှင်သန်နိုင်သမျှ အမြဲရှင်သန်အောင် ကြိုးစားရမယ်၊ အထီးကျန်ဘဝ ဆိုတာ မလွှဲမရှောင်သာတော့တဲ့အချိန်မှာ နေတတ်ရမယ်၊ နေနိုင်ရမယ်”

“အဲဒါ တခြားလူအတွက်တော့ ဖြစ်ချင် ဖြစ်မယ်၊ ငါ့အတွက်တော့ ဖြစ်မယ် မထင်ဘူး၊ ငါ့ဘဝ ရှင်သန်နေနိုင်ခြင်းတွေကတော့ မင်းအပေါ်မှာ လုံးဝတည်နေတယ်၊ နေ့ဘက်မှာလည်း မင်းအလှကို ကြည့်ရင်း အချိန်ကုန်စေခဲ့တာ၊ ညဘက်မှာလည်း မင်းအနံ့၊ မင်းအတွေ့လေးတွေအပေါ် ကြည်နူးရင်း အချိန်ကုန်နေရတာ၊ တယောက်တည်း တရွက်တည်း ဟုတ်လား၊ ဒီကျွန်းပင်ကြီးပေါ်မှာ တယောက်တည်း တရွက်တည်းတော့ ဘယ်တော့မှ မနေဘူး”

“အင်း… ကိုညိုရယ်၊ ရှင့်စကားလေးတွေ လှလိုက်တာ၊ ကျွန်မ ဝမ်းသာလိုက်တာ၊ ဒါပေမဲ့ ကိုညိုရယ်… ဒီစကားတွေက အမှန်မှ မဟုတ်ဘဲ၊ ရှင် ညာပြောနေတာ၊ ကျွန်မ အခု အိုနေပြီ၊ ကြည့်စမ်း၊ ကျွန်မအရောင်က ငယ်ငယ်ကလို စိမ်းသေးရဲ့လား၊ အကြောတွေလည်း ပေါ်နေပြီး အသားတွေကလည်း တွန့်လိမ်လို့၊ အရင်တုန်းကလို လှတော့တာမှ မဟုတ်ဘဲ ကျွန်မခန္ဓာကိုယ်မှာလေ ရှင့်အတွက် ကျန်သေးတာဆိုလို့ တခုပဲ ရှိတော့တယ်၊ ဘာလဲ… ရှင် သိလား၊ အချစ်… ဒီအချစ်ပဲ ရှိတော့တယ်”

“မဝါ… တယ်ခက်တဲ့ ရွက်မလေးပါလား၊ လောကဓာတ်ကြီးအကြောင်း မင်း ဘာမှ မသိပါလား၊ လောကကြီးမှာ အချစ်ဆိုတာ ကျန်နေသေးရင် ဘာလိုတာရှိသေးလဲ၊ တို့မှာ အချစ်ဆိုတာ ကျန်သေးရင် ဒီကျွန်းပင်ကြီးရဲ့ အကိုင်းမှာ ယှဉ်တွဲပြီး ဆက်တွယ်နေကြဦးမယ်၊ ဘယ်တော့မှ မကြွေသေးဘူး၊ လောကမှာ အချစ်ထက်ကြီးမားတဲ့ စွမ်းအားဆိုတာ ဘာကျန်သေးတာ ရှိလို့လဲ၊ တို့ မိုးဒဏ်ကိုလည်း ဆက်ကြံ့ကြံ့ခံမယ်၊ လေဒဏ်ကိုလည်း ဆက်ကြံ့ကြံ့ခံမယ်၊ ဘယ်မုန်တိုင်းမှလည်း တို့ဘဝကို ပျက်စီးအောင် မဖျက်ဆီးနိုင်ပါဘူး၊ နောက်တခု ကိုယ့်နှလုံးသားထဲမှာ ရှိတာကို ပြောပြရဦးမယ် မဝါ၊ ကိုယ်လေ မင်းကို ချစ်တာ ငယ်ငယ်တုန်းကထက်တောင် ပိုချစ်သေးတယ်”

“ဟင်… ကိုညို.. ရှင် ကျွန်မကို အရင်ကထက်တောင် ပိုချစ်သေးတယ် ဟုတ်လား၊ ဒီမှာ ကြည့်ပါဦး၊ ကျွန်မအရောင်က အစိမ်းရောင်က အဝါရောင်ကို လုံးဝ ပြောင်းသွားပြီ”

“ပြောင်းရော ဘာဖြစ်လဲ မဝါ၊ အစိမ်းရောင်က အဝါရောင်ထက် ပိုလှတယ်လို့ ဘယ်သူ ပြောလဲ၊ အရောင်တိုင်းဟာ သူ့ဟာနဲ့သူတော့ လှတာတွေချည်းပဲ”
မဝါသည် ကိုညို၏ စကားကြောင့် အလွန်ကြည်နူး၍သွား၏။ တချိန်တည်းတွင် ရင့်ရော်၍ ကြွေချိန်တန်ပြီဖြစ်သော ကိုညို၏ ဘဝအတွက်လည်း စိတ်တွင်းမှ တွေးပူနေမိ၏။ မှန်သည်။

ရက်ပိုင်းအတွင်း၌ လေပြင်းတချက် ဝှေ့လိုက်ချိန်တွင် ကိုညိုသည် သူ တွယ်နေသော အကိုင်းထက်မှ ဖယ်ခွာ၍ လေတွင် လွင့်ပါသွား၏။ လွင့်ပါသွားသော ကိုညို၏ ခန္ဓာကိုယ်မှာ လေတွင် လွန့်လူးပြီး ညင်သာစွာ မြေပြင်ပေါ်သို့ သက်ဆင်း၏။

တရွက် ကြွေခဲ့ပြီ။

မဝါသည် ကိုညို ခွဲခွာသွားချိန်မှစ၍ သူသည်လည်း ကျွန်းပင်ထက်၌ ကြာရှည်ခိုင်မြဲစွာ နေနိုင်တော့မည် မဟုတ်သည့်အဖြစ်ကို သူ သိ၏။ ကိုညိုကိုလည်း သူ လွမ်းလှဘိ၏။ အထီးကျန်ဘဝမှာ လောကကြီးတွင် အလွန်နေရခက်လှပါလား။
မှောင်စပျိုးခဲ့ပြီ။

ညအချိန်ရောက်တော့မည်။

မိုးလေးများ စရွာလာ၏။

မဝါသည် မိုးပွင့်များကြား၌ သူ့လွမ်းစိတ်များကို အမျိုးမျိုး အားတင်း၍ သူ ခိုနေသော အကိုင်းဖျားကို ဆက်၍ ခိုင်မြဲစွာ တွယ်ထား၏။

သူ၏ရင်တွင်း၌လည်း ကုသိုလ်ကံမကောင်းလှသော သူတို့၏ ကျွန်းရွက်များ၏ ဘဝကို အမျိုးမျိုး တွေး၏။ တကယ်တော့ သူတို့ ကျွန်းရွက်များမှာ အမြဲမြေခ၊ ကြွေကျနေကြရရှာသော်လည်း သူတို့ တွယ်ကပ်ထားကြသည့် ကျွန်းပင်၊ ကျွန်းကိုင်းများမှာမူ ဘယ်အခါမျှ မလဲ။

တရက်နှင့်တရက်… တလနှင့်တလ… တနှစ်နှင့်တနှစ် ပို၍ပင် ကြံ့ခိုင်သန်မာလာကြသေး၏။

သူတို့၏ အမြစ်များမှာ ပို၍ပင် မြေတွင်း ခိုင်မြဲစွာ ကုပ်တွယ်နိုင်ကြသေး၏။ ဘယ်လေဒဏ်၊ ဘယ်မိုးဒဏ်မှလည်း သူတို့ကို ပျက်စီးအောင် မလုပ်နိုင်ကြ။
မဝါကဲ့သို့ ကျွန်းရွက်တရွက် အမြင်တွင် ကျွန်းပင်စည်နှင့် ကျွန်းအကိုင်းများမှာ ထာဝစဉ် ခိုင်မြဲသော အရာဝတ္ထုများ ဖြစ်သည်ဟု ထင်မိ၏။ မှန်သည်။

သူတို့သည် နှစ်စဉ် ရွက်သစ်များကို မွေးထုတ်ကြ၊ နောက် ရွက်အိုများကို စွန့်ပစ်ကြ၊ အရွက်များမှ သူတို့သည် အားသစ်အင်သစ်များကို မွေး၏။ အရွက်များကို သူတို့အကျိုးအတွက် အမျိုးမျိုး အသုံးချနေ၏။

နောက် အသုံးချ၍မကောင်းသော အချိန်၊ အိုမင်းလာချိန်၌ သူတို့ခန္ဓာကိုယ်အထက်မှ မြေပြင်ပေါ်သို့ စွန့်ခါပစ်ချ၏။ မဝါ၏ အမြင်တွင် ကျွန်းပင်၏ ပင်စည်နှင့် အကိုင်းအခက်များမှာ တန်ခိုးရှင်များကဲ့သို့ မြင်မိပါ၏။ မှန်သည်။
သူမကဲ့သို့ အရွက်များကို ဖန်ဆင်းပေးသော တန်ခိုးရှင်များပင် မဟုတ်လား။
မဝါသည် ဤတန်ခိုးရှင်များကို စိတ်ဝယ် ရည်စူး၍ ဆုတောင်း၏။ သူ့ချစ်သူ ကိုညို.. သူ့အနီးသို့ အမြန်ပြန်လာပါစေ။

ညသည် အလွန်ရှည်လှ၏။

မှန်သည်။ အထီးကျန်ဘဝ၌ အမှန်ပင် ညသည် အလွန်ရှည်လျားလှဘိ၏။
မဝါသည် ရုတ်တရက် အိပ်ပျော်သွားသလို ရှိ၏။ အမှန်တော့ အိပ်ပျော်သွားသည်နှင့် မတူပါ။ သတိမေ့သွားသည်နှင့် ပိုတူလှ၏။ သူ သတိပြန်ရချိန်၌ သူသည် ကျွန်းကိုင်းပေါ်၌ တွယ်ကပ်နေသောဘဝ မဟုတ်တော့။ မြေပေါ်သို့ ရောက်၍နေလေပြီ။

သူ သတိမေ့နေချိန်တွင် လေပြင်းတချက် ဝှေ့လိုက်ဟန်ရှိ၏။ ထိုလေအဝှေ့တွင် သူ မြေသို့ သက်ခဲ့ရခြင်း ဖြစ်၏။

ယခု သူ မြေပြင်ပေါ်၌ သတိပြန်လည်ရရှိလာခြင်းမှာ ကျွန်းပင်၌ တွယ်ကပ်နေရသည့်ဘဝ၌ ပြန်လည်ရရှိလာခြင်းနှင့် လုံးဝ မတူပါ။

ကျွန်းပင်၌ သူ တွယ်ကပ်နေရသည့် အရွက်ဘဝတွင် နေ့စဉ် တနေ့ ကူးလာတိုင်း ရွက်ကြွေမည့်ဘဝကို တွေးပြီး စိုးရိမ်ခြင်း၊ ပူပန်ခြင်းများဖြင့် ရက်ကူးခဲ့ရ၏။
ယခု ဤသောကများ သူမတွင် မရှိတော့။ ယခင်က သူမဘဝသည် ကျွန်းပင်၊ ကျွန်းကိုင်းကို တွယ်ကပ်ပြီးနေရသောဘဝ။

ယခု သူမဘဝမှာ မည်သူ့ကိုမျှ မှီခိုကပ်ရပ်ပြီး နေရသောဘဝ မဟုတ်တော့။
သီးခြားလွတ်လပ်စွာ ရပ်တည်နေနိုင်သော ဘဝ။

အနှောင်အဖွဲ့မှ လွတ်မြောက်သော ကမ္ဘာလောကကြီး၏ အပိုင်းတပိုင်းအဖြစ် သတ်မှတ်ပြီး နေနိုင်သောဘဝ။

တကယ်တော့ သူမ သိနိုင်စွမ်းမရှိသော စွမ်းအားကြီးတခုက သူမဘဝကို ဘဝသစ်တခုသို့ ပြောင်းလဲပစ်လိုက်လေပြီ။

မဝါသည် မြေပြင်ပေါ် မလှမ်းမကမ်းမှ ကျွန်းရွက်တရွက်ကို လှမ်းကြည့်လိုက်၏။

“ကိုညို…”

မှန်သည်။ မလှမ်းမကမ်းတွင် လဲလျောင်းနေသူမှာ ကိုညို။

မဝါ၏ ရင်တွင်း၌ အလွန်ဝမ်းမြောက်၍သွား၏။

အဘယ်သို့ သူမသည် သူမ၏ ချစ်သူအနီး မြေပြင်၌ အတူယှဉ်တွဲနေနိုင်သော ဘဝသစ်ကို ရနိုင်ခဲ့ပါသနည်း။

သူမနှင့် ကိုညို တို့ အကြွင်းမဲ့ ယုံကြည်သောအချစ်ဟူသော မမြင်နိုင်သည့် စွမ်းအားကြီး၏ စွမ်းဆောင်မှုကြောင့်ပင် ဖြစ်ရမည်။

ထိုအချိန်၌ လေပြင်းတချက် ဝှေ့တိုက်လိုက်၏။

ကိုညိုနှင့် မဝါ ဟူသော ကျွန်းရက်ကလေး နှစ်ရွက်လုံး လေတွင်းသို့ လွင့်တက်သွား၏။

လေတွင်း၌ တအိအိ ယှဉ်တွဲမျောသွား၏။ ထိုအချိန်၌ သူတို့ချစ်သူနှစ်ဦး၏ ရင်တွင်း၌ မည်သို့ ရှိကြမည်ဟူသော ချမ်းမြေ့မှုမှာ အနှောင်အဖွဲ့မှ လွတ်ခဲ့ဖူးသူ၊ နှလုံးသားအတွင်းမှ မြတ်နိုးစွာ၊ ချစ်ခဲ့ဖူးသူများမှလွဲ၍ မည်သူမျှ ခံစားနိုင်၊ သိနိုင်ကြမည် မဟုတ်ပါ။

#ဦးလှဝင်း(လေသူရဲတစ်ဦး)
မြတ်လေးမဂ္ဂဇင်း၊ မတ်လ၊ ၁၉၈၇ ခုနှစ်

photo:wallpaperaccess

📌  #မုန်တိုင်းနှင့်သစ္စာ -  #ဦးလှဝင်း(လေသူရဲတစ်ဦး)📌 #အပိုင်း_၈ ဇာတ်သိမ်းပိုင်း👼 စာချစ်သူတို့ရေ... ဇာတ်လမ်းပြီးဆုံးတဲ့အထိ...
23/10/2021

📌 #မုန်တိုင်းနှင့်သစ္စာ - #ဦးလှဝင်း(လေသူရဲတစ်ဦး)📌
#အပိုင်း_၈ ဇာတ်သိမ်းပိုင်း

👼 စာချစ်သူတို့ရေ... ဇာတ်လမ်းပြီးဆုံးတဲ့အထိ စိတ်ရှည်ရှည် ဖတ်ရှုအားပေးခဲ့တဲ့ စာချစ်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်နော်... 🥰🥰🥰စာချစ်သူတွေ ကျန်းမာ ဘေးကင်းဖို့လည်း Yadanapon - ရတနာပုံ မိသားစုတွေက ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော် 👼

~~~~~~~~~~~~~~~~~~~~~~~~~~~

အပိုင်း_၁ ဒီမှာ👉https://www.facebook.com/YadanaponPublishing/posts/559034585549639
အပိုင်း_၂ ဒီမှာ👉 https://www.facebook.com/YadanaponPublishing/posts/563420768444354
အပိုင်း_၃ ဒီမှာ👉 https://www.facebook.com/YadanaponPublishing/posts/567894927996938
အပိုင်း_၄ ဒီမှာ👉https://www.facebook.com/YadanaponPublishing/posts/572154960904268
အပိုင်း_၅ ဒီမှာ👉https://www.facebook.com/YadanaponPublishing/posts/576694583783639
အပိုင်း_၆ ဒီမှာ👉https://www.facebook.com/YadanaponPublishing/posts/577457057040725
အပိုင်း_၇ ဒီမှာ👉
https://www.facebook.com/YadanaponPublishing/posts/581366933316404
မဖတ်ရသေးရင် ဖတ်ရှုနိုင်ပါတယ်နော် ☺️☺️☺️
~~~~~~~~~~~~~~~~~~~~~~~~~~~

⏩▶️

အပိုင်း-၈ (ဇာတ်သိမ်း)

မိုးသောက်ခဲ့ပြန်လေပြီ။

ဗိုလ်ကြီးထွန်းမြင့်နှင့် မိအုန်းသည် နံနက်အစောကြီး ငါးထောင်ရန်အတွက် ပလိုင်းတခုစီနှင့် ကမ်းစပ်သို့ ဆင်းသွားခဲ့ကြသည်။ ကိုကျော်ဒင်နှင့် အရဲမှာ တဲရှေ့တွင် ရင်းနှီးစွာ ဒိုးခွေတမ်း ကစားလျက်ရှိ၏။

“ဦးလေး… ကျွန်တော် နိုင်တာ သုံးပွဲရှိပြီနော်။ နောက်နှစ်ပွဲ နိုင်လို့ ငါးပွဲပြည့်ရင် ကျွန်တော် စီးရတော့မယ်။ ဦးလေး မညာနဲ့နော်”

“မညာပါဘူး အရဲရဲ့၊ မင်း လေးပွဲဆက် နိုင်အောင်ပဲ ကစားစမ်းပါဦး”

ကိုကျော်ဒင်မှာ ကလေးများ အကြိုက်ကို အလွန်သိသူ ဖြစ်၏။ အရဲနှင့် သူ ရင်းနှီးချင်သည်။

အရဲနှင့် ရင်းနှီးချင်သည်မှာ အကြောင်းမဲ့ မဟုတ်။ အရဲနှင့် ရင်းနှီးမှ ဗိုလ်ကြီးထွန်းမြင့်တို့ အိမ်တွင်းရေးအကြောင်း၊ အလွှတ်ကျွန်း လျှို့ဝှက်ချက်များအကြောင်းကို စုံစမ်းနိုင်မည် မဟုတ်လား။

အရဲသည် အလွှတ်ကျွန်းပေါ်၌ ကစားဖော် မရှိ။ တဦးတည်း နေရသူ ဖြစ်၏။ ကစားဖော်ကို အလွန်လိုချင်နေသည်။ ကိုကျော်ဒင် သူနှင့် အရောတဝင် ရင်းနှီးစွာ ကစားသောအခါ သူ အလွန်ဝမ်းသာသည်။ ကိုကျော်ဒင် အလွှတ်ကျွန်းမှ ပြန်သွားမည်ကိုပင် စိတ်ထဲမှ စိုးရိမ်လျက်ရှိ၏။

“ဦးလေးကို ကျွန်တော် တခု မေးရဦးမယ်။ မနေ့က ချောင်းကူးကြတုန်း ဦးလေးကို ကျွန်တော် မေးခဲ့တယ် မဟုတ်လား။ ကျွန်တော် မုန်တိုင်းကျတဲ့ညက ဘာတွေ့ခဲ့တယ် ဆိုတာလေ”

အရဲသည် ဒိုးစိမ်ရန် ဟန်ပြင်နေသော ကိုကျော်ဒင်ကို ဘေးမှ ရပ်၍ မနေ့က မပြတ်သေးသော စကားကို ပြန်စလိုက်၏။

“မင်း ဘာတွေ့ခဲ့တယ်ဆိုတာ ငါ ဘယ့်နှယ် ပြောနိုင်မှာလဲ အရဲရဲ့။ မင်း တွေ့ခဲ့တယ် ဆိုတဲ့ဟာက စိတ်ဝင်စားဖို့ ကောင်းမယ်လား၊ ငါ မထင်ပါဘူး”

ကိုကျော်ဒင်သည် သူ့လက်ထဲမှ ဒိုးကို သဲပေါ် ဆွဲထားသော စည်းဝိုင်းလေးအတွင်းသို့ ပစ်သွင်းလိုက်၏။ ဒိုးမှာ တဝက်ဝင် တဝက်ထွက် ဖြစ်နေသည်။

“အို… စိတ်ဝင်စားဖို့ ကောင်းပြီလား ဦးလေးရဲ့၊ ဦးလေး သိရင် သိပ်အံ့ဩသွားမယ်”

အရဲမှာ မခံချင်စိတ်ဖြင့် ပြန်ပြောလိုက်သည်။

ကိုကျော်ဒင်မှာ ဒိုးကြောင့် ပေသွားသော သူ့လက်ဖဝါးမှ ဖုန်မှုန့်များကို ခါရင်း အရဲ ပို၍ မခံချင်အောင်...

“ငါ အံ့ဩစရာဆိုလို့ မင်းတို့ကျွန်းပေါ်မှာ မရှိနိုင်ပါဘူး၊ လောကမှာ ငါ မမြင်ဖူးတာမှ မရှိဘဲကွ”

“အမယ်… ဦးလေးက ကြွားလိုက်တာ၊ ကျွန်တော် မြင်ခဲ့တာ ဦးလေး မမြင်ဖူးပါဘူး”
“ကဲ… ဒါဆိုရင် ပြောစမ်း”

“ဟင့်အင်း… ကျွန်တော်က အလကား မပြောနိုင်ဘူး။ ဦးလေး ကျွန်တော့်ကို အိမ်တပတ် ကုန်းပိုးစီးခွင့်ပေးမှ ပြောမယ်”

အရဲက ကိုကျော်ဒင်ကို ဈေးဆစ်လိုက်သည်။

ကိုကျော်ဒင်မှာ အရဲ စကားများ ထူးဆန်းနေသလိုလို သူ့စိတ်ထဲတွင် ထင်လိုက်မိ၏။ ဒီကလေး ဘာများ တွေ့ထားပါလိမ့်။

“ကိုင်း… စီးခွင့်ပေးမယ်တဲ့ဗျ၊ ပြောစမ်းပါဦး”

“ဦးလေး ဘယ်သူ့ကိုမှ ပြန်မပြောရဘူးနော်”

“မပြောပါဘူး ကလေးရဲ့”
“ကျွန်တော် ပင်လယ်ဖျံနီတွေ တွေ့လာတယ်”

ကိုကျော်ဒင့်နားသို့ ကပ်ပြီး အရဲသည် အသံကို နှိမ့်၍ ပြောလိုက်၏။ ကိုကျော်ဒင့်ခန္ဓာကိုယ်မှာ ရုတ်တရက် လေထဲ မြောက်တက်သွားသကဲ့သို့ ရှိ၏။

“ဟုတ်ရဲ့လား အရဲရဲ့”

“သိပ်ဟုတ်တာပေါ့ ဦးလေးရဲ့၊ ကျွန်တော့်အဘကိုတောင် ပြပြီးပြီ”

“အင်း… မင်း အဘကိုတောင် ပြပြီးပြီ၊ သူ မပစ်လိုက်ဘူးလား”

“မပစ်ပါဘူး၊ ကျွန်တော့်ကို မပစ်ပါဘူးလို့ ကတိပေးထားတဲ့အတိုင်း မပစ်ဘဲ ကြည့်ပြီး ပြန်လာခဲ့တယ်”

“ဒါဖြင့် ငါ ဘယ်မှာ သွားကြည့်ရမလဲ”

ကိုကျော်ဒင် စိတ်ဝင်စား၍လာလေပြီ။

သူသည် ဘီလူးကျွန်းတဝိုက် ပင်လယ်ပြင်တွင် ကျက်စားလျက်ရှိသူမို့ ပင်လယ်ဖျံနီများအကြောင်းကို အထိုက်အလျောက် ကြားထားဖူးသည်။

ပင်လယ်ဖျံတကောင် သားရေမှာ အဘယ်မျှ တန်ဖိုးရှိသည်ကို သူ ကောင်းစွာသိ၏။

မုဆိုးလောကတွင် ဤဖျံတကောင် ရအောင် ပစ်ခတ်နိုင်ခြင်းမှာ မည်မျှ ဂုဏ်သရေရှိသည်ကိုလည်း သူ ကောင်းစွာ နားလည်သည်။

သူသည် အမဲလိုက်ခြင်းကို ဝါသနာပါလှသူ မဟုတ်။

သို့သော် ဖျံနီတကောင်ကို ပစ်ပြလိုက်ခြင်းဖြင့် သူ့အရည်အချင်းကို သူ့ပြိုင်ဘက်များ၊ သူ့ငယ်သားများအပေါ်တွင် ကြွားလိုက်ချင်သည်။

“နေရာကိုတော့ ဘယ်ပြောလို့ ဖြစ်မလဲ၊ ဦးလေး သွားပစ်မှာပေါ့”

“ငါ မပစ်ပါဘူး ကလေးရဲ့၊ ငါ တခါမှ မမြင်ဖူးလို့ ကြည့်ချင်လွန်းလို့ပါ၊ ကဲ… ပြောစမ်းပါ အရဲရယ်”

အရဲသည် ခေတ္တ တွေဝေ၍ စဉ်းစားနေသည်။ သူသည် လူစိမ်းများများနှင့် တွေ့ဖူးသူ မဟုတ်။ တခါ လူစိမ်းအားလုံးကိုလည်း သူ့အဖေကဲ့သို့ ကတိတည်မည်ဟု ထင်သည်။

“ဦးလေး တကယ် မပစ်ဘူးနော်”

“ဪ… မပစ်ပါဘူး ဆိုမှ”

“ဒါဖြင့် ဦးလေး ကတိပေး၊ ကျိန်”

“ဘယ်လို ကျိန်ရမှာလဲ”

“ကျွန်တော် ဖျံနီလေးတွေကို မပစ်ပါဘူးလို့ ကတိပေးပါတယ်၊ ဒီကတိ ချိုးဖောက်ခဲ့ရင် ချက်ချင်း သေပါစေလို့”

ကိုကျော်ဒင်သည် အရဲ ကျိန်စေလိုသည့်အတိုင်း ကျိန်လိုက်သည်။

“ဟိုမှာ တောင်ကုန်လေးတခု မြင်တယ် မဟုတ်လား ဦးလေး”

“အေး”

“အဲဒီတောင်ကုန်လေးရဲ့ အနောက်ဘက်နားမှာ ကန်လေးတခု ရှိတယ်။ အဲဒီကန်လေးမှာ ဖျံနီ တကောင်တည်း မဟုတ်ဘူး၊ အဖေ ဖျံနီကြီးရယ်၊ အမေ ဖျံနီကြီးရယ်၊ ဖျံသားလေး သုံးကောင် ရှိတယ်”

ကိုကျော်ဒင်သည် ဖျံနီများ ရှိသည်ဟု ဆိုသော ကန်ကလေးသို့ ချက်ချင်းပြေး၍ သွားလိုက်ချင်သည်။ သို့သော် ချက်ချင်း မသွားသေး။

ရှေးဦးစွာ အရဲကို ဗိုလ်ကြီးထွန်းမြင့်တို့ ရှိရာ ရေဆိပ်သို့ ညာ၍ လွှတ်လိုက်ပြီး တဲအတွင်းမှ ဗိုလ်ကြီးထွန်းမြင့် အမဲပစ်သေနတ်ကို ရှာယူပြီးမှ ကန်ကလေး ရှိရာသို့ သုတ်ခြေတင်သွားခဲ့၏။

~~~~~~~~~

အချိန်မှာ နံနက် ၁၀ နာရီခန့်ရှိပေပြီ။

ကိုကျော်ဒင်သည် ဖျံနီများကို ပစ်ရန် အလွန်စိတ်စောလျက်ရှိ၏။

ကန်လေးသို့ သွားရမည့် သမားရိုးကျလမ်းမှာ အရဲ နေ့စဉ် သွားသကဲ့သို့ သောင်ပြင်ဘက်မှ မြေပြန့်အတိုင်း ကွေ့ပတ်သွားရမည် ဖြစ်၏။

ကိုကျော်ဒင်သည် ကန်ရှိရာသို့ အမြန်ရောက်ချင်နေသည်။ သူသည် လမ်းရိုးအတိုင်း မသွားချင်။ ဖြတ်လမ်းလိုက်ချင်သည်။ ဖြတ်လမ်းမှာ ဗိုလ်ကြီးထွန်းမြင့်တို့ တနေ့က သွားသည့် တောင်ကြားအတိုင်း လိုက်ရမည် ဖြစ်၏။

ကိုကျော်ဒင်မှာ တောလိုက်ဝါသနာပါသူ မဟုတ်သဖြင့် တောတွင်း သွားရမည့်လမ်းကို မရွေးတတ်။ ထို့ကြောင့် အရှေ့ဘက် ကောင်းကင်ပြင်တွင် နေ ရှိ၍ အရိပ်လွတ်သော အနောက်ဘက်တောင်ကြောကို ရွေးရမည့်အစား အရှေ့ဘက်တောင်ကြောကို ရွေး၍ ဆောလျင်စွာ လျှောက်သွားနေခဲ့၏။

ကန်အနားသို့ နီးလာလေပြီ။ ကိုကျော်ဒင်မှာ ကန်အနားသို့ နီးလာလေ စိတ်စောလာလေ ဖြစ်၏။ သူသည် ကန်စပ်မှ ဆယ်ပေခန့်အကွာ ရောက်သည်နှင့် ခြေဖွ၍ နင်းပြီး ကန်ပြင်တွင် ပင်လယ်ဖျံနီများကို ရှာဖွေကြည့်သည်။

သူ တွေ့လေပြီ။

ပင်လယ်ဖျံနီ မိသားစုတခုလုံးမှာ ကန်လယ်တွင် ရေကူး ကစားလျက်ရှိ၏။ လိုက်သူ လိုက်၊ ပြေးသူ ပြေး၊ ရေငုပ်သူ ငုပ်နှင့်။

ကိုကျော်ဒင်သည် သူ့အမဲပစ်သေနတ် ချိန်တိုင်မှ ချိန်ပေါက်လေးကို ကိုက်တရာ အမှတ်သို့ ရွှေ့ချလိုက်၏။ ထို့နောက် သေနတ်ဒင်ကို ပခုံးတွင် ကပ်ပြီး ဖျံနီ မိသားစုထဲတွင် အကြီးဆုံးဖြစ်သော ဖျံထီးကြီးကို ရွေး၍ ချိန်လိုက်၏။

ဖျံထီးကြီးမှာ သတ်ကွင်းအတွင်းသို့ ရောက်၍နေလေပြီ။

သူသည် သေနတ်၏ ပထမမောင်းကို ဆွဲလိုက်သည်။

“ချွတ်”

သူ့နောက်ဘက်မှ ရုတ်တရက် သစ်ကိုင်းခြောက် နင်းမိ၍ ထွက်လာဟန်ရှိသော အသံတသံကို ကြားလိုက်ရ၏။ သူသည် ရုတ်ခြည်း နောက်သို့ လှည့်လိုက်၏။

“အောင်မယ်လေးဗျ”

“ဒိုင်း…”

လန့်အော်လိုက်သံနှင့် သေနတ်သံမှာ တချိန်တည်းလိုလိုပင် ထွက်ပေါ်လာကြသည်။

ဝက်ဝံကြီး…

ဝက်ဝံညိုကြီး…

တနေ့က ဗိုလ်ကြီးထွန်းမြင့်တို့ သားအဖ တွေ့ခဲ့ကြသော ဝက်ဝံအိုကြီးမှာ အဘယ်သို့ ရောက်လာခဲ့သည် မသိပါ။

ကိုကျော်ဒင် လှည့်ကြည့်၍ မြင်လိုက်ရသောအခါ၌ သူ့ထံမှ သုံးပေခန့်သာ ဝေးပေတော့မည်။ သူသည် စက္ကန့်မျှမဆိုင်းဘဲ လက်တွင် အသင့်ယမ်းထိုးထားသော သေနတ်နှင့် ပစ်ထည့်လိုက်၏။

ဝက်ဝံကြီး ရင်အိုတည့်တည့်ကိုလည်း ထိမှန်သွား၏။

သို့သော် သူ ကိုင်ထားသည့် အမဲပစ်သေနတ်မှာ ဒသမ-၃၀၃ ရိုင်ဖယ်သေနတ် ဖြစ်သဖြင့် ထိုသေနတ်၏ ကျည်မှာ ဖောက်အား သာကောင်းသည်။ ထိချက်မကောင်း။

ထို့ကြောင့် ဝက်ဝံကြီးမှာ ချက်ချင်း မသေ။ လဲမသွား။

ကိုကျော်ဒင်ထံသို့ အရှိန်အဟုန်ပြင်းစွာဖြင့် တိုးကပ်လာပြီး သူ၏ ကြီးမားသော လက်သည်းရှည်ကြီးများဖြင့် ကိုကျော်ဒင့် တကိုယ်လုံးကို ကုတ်ဖဲ့ပစ်လိုက်တော့သည်။

သေနတ်သံကြောင့် ရေကန်အတွင်းရှိ ပင်လယ်ဖျံနီ မိသားစုမှာလည်း ဘယ်ရောက်ကုန်ကြသည် မသိ။ အစအနမျှ ရှာ၍မရအောင် ကြောက်ကြောက်နှင့် ပြေးကြပေပြီ။

ဗိုလ်ကြီးထွန်းမြင့်နှင့် မိအုန်းမှာ ငါးတန်းချနေကြရာမှ ဒိုင်းခနဲ သေနတ်သံကို ကြားလိုက်ရသောအခါ ရင်ထဲတွင် ထိတ်ခနဲ ပြိုင်တူဖြစ်သွားခဲ့ကြ၏။

ရုတ်တရက် သူတို့နှစ်ဦးလုံး ဘယ်အရပ်ဒေသမှ လာသော သေနတ်သံဟူ၍ မခွဲခြားနိုင်ကြ။ တမိနစ်ခန့်ကြာမှ တောင်ကုန်းလေးအနီးမှလာသော သေနတ်သံဖြစ်မှန်း တွေးဆနိုင်ကြပြီး…

“ဟေ့ ဟိုလူ၊ အရဲ မိတ်ဆွေတွေကို သွားပစ်နေပြီ ထင်တယ်၊ အရဲကော ပါသွားသေးလား မသိဘူး၊ လိုက်ကြဦးစို့”

နှစ်ဦးသား အတူ တောင်ကုန်းလေးရှိရာသို့ အပြင်းပြေးသွားခဲ့ကြသည်။

မွန်းတည့်လုပေပြီ။

ကောင်းကင်ပြင်တွင် တိမ်ဟူ၍ မရှိပါ။ သမင်မ၏ မျက်လုံးကဲ့သို့ ကြည်လင်ပြာလဲ့လျက်ရှိ၏။

ဗိုလ်ကြီးထွန်းမြင့်သည် တောင်ကုန်းအနီးသို့ ရောက်သောအခါ၌ ဘေးမှပန်းပြီး ကန်လေးရှိရာသို့ ဦးတည် ပြေးသွားခဲ့သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် ကိုကျော်ဒင်နှင့် ဝက်ဝံအိုကြီးတို့ လဲလျက်ရှိသော နေရာသို့ ရောက်သွားခဲ့ကြသည်။

“ဟင်… သူ သေပြီ၊ အို… ဟိုမှာ ဝက်ဝံကြီး သေနေပါလား”

မိအုန်းသည် ဗိုလ်ကြီးထွန်းမြင့်နှင့် ရှေ့ဆင့်နောက်ဆင့် ရောက်လာခဲ့ပြီး ဗိုလ်ကျော်ဒင်၏အဖြစ်ကို ကြည့်၍ အံ့ဩစွာ ဗိုလ်ကြီးထွန်းမြင့်ကို လှမ်းပြောလိုက်၏။

“အေး… တော်တော်မိုက်တဲ့လူပဲ၊ ဒသမ-၃၀၃ ရိုင်ဖယ်နဲ့ ဝက်ဝံညိုကို လှမ်းပစ်လို့ ဘယ် ချက်ချင်း သေနိုင်ပါ့မလဲ။ ကိုယ်ပါ ဒုက္ခရောက်တော့မှာပေါ့။ ငါ မနေ့ကတည်းက ဒီ ဝက်ဝံအိုကြီးကို မြင်ခဲ့သားပဲ၊ ရိုင်ဖယ်ပဲ ပါလို့ မပစ်ဘူး၊ နောက်မှ နှစ်လုံးပြူးနဲ့ နံပါတ်ခြောက်ကျည် သုံးပြီး ပစ်မယ်လို့ စိတ်ကူးထားတာ”

“သူ ဒီကို ဘာလာလုပ်တာလဲ”

“အရဲ ပြောပြလိုက်လို့ ဒီကန်ထဲမှာ ဖျံနီတွေ ရောက်နေတာ သိပြီး လာပစ်တာ ဖြစ်မှာပေါ့”

“ဖျံနီတွေ ဟုတ်လား… ဒီဖျံတွေက ဘယ်တုန်းက ရောက်နေကြတာလဲ”

ဗိုလ်ကြီးထွန်းမြင့်သည် မုန်တိုင်းကျသည့်ညက အရဲ စတွေ့ခဲ့ပုံမှစ၍ မိအုန်းကို အကျဉ်းရှင်းပြလိုက်၏။

မိအုန်းသည် ခေါင်းတညိတ်ညိတ်နှင့် ငြိမ်သက်စွာ နားထောင်နေပြီး ဗိုလ်ကြီးထွန်းမြင့် စကားဆုံးသွားသောအခါမှ…

“အင်း… ဒါကြောင့် ဖြစ်မှာပဲ၊ ကျွန်မတို့ အိမ်ထောင်စုမှာ ချက်ချင်း ကံဆိုးမိုးမှောင်ကျလာကြတာ၊ ခု ဒီဖျံတွေ ဘယ်ရောက်ကုန်ပြီလဲ၊ ကောင်းတယ်၊ ကောင်းတယ်၊ ကျွန်မတို့ မွန်တံငါတွေမှာ အယူရှိတယ်၊ ကျွန်မလည်း ဒီအယူကို ယုံတယ်။ ပင်လယ်ဖျံနီကို တွေ့ရင် ဘယ်တော့မှ ကံမကောင်းဘူး၊ ကံဆိုးမိုးမှောင် အန္တရာယ်ဆိုးတခုခုနဲ့ အမြဲ ရင်ဆိုင်ရတာပဲ”

ဗိုလ်ကြီးထွန်းမြင့်သည် မိအုန်း၏ အယူအစွဲကို ယုံကြည်လှသည် မဟုတ်သော်လည်း မည်သို့မျှ အငြင်းမပွားတော့ပါ။

ကမ္ဘာပေါ်ရှိ အရပ်ဒေသအမျိုးမျိုးကို ရောက်ခဲ့ဖူးပြီး ကြမ်းတမ်းသော ပင်လယ်ပြင်တွင် နှစ်ပေါင်းများစွာ နေလာခဲ့ဖူးသော သင်္ဘောသားတယောက်အနေဖြင့် ဒေသအလိုက် လူတို့ စွဲလမ်းနေသော အယူအစွဲ အမျိုးမျိုးအကြောင်းကို ကြားဖူးသည်။

ဤအယူအစွဲများသည် တခါတရံ ထူးဆန်းတိုက်ဆိုင်စွာ ဖြစ်လာတတ်သည်ကိုလည်း သူ အကြိမ်ကြိမ် တွေ့ဖူးပေပြီ။

သူ့အတွက် အထူးအဆန်း မဟုတ်တော့။

~~~~~~~~~

ဗိုလ်ကြီးထွန်းမြင့်သည် မိအုန်းကို လက်တွဲ၍ ရေစပ်မှ သောင်ပြင်အတိုင်း ငါးမျှားတန်းများ ရှိရာသို့ အေးဆေးစွာ ပြန်လျှောက်လာခဲ့ကြသည်။

စင်ရော်ငှက်ကလေးများမှာ သူတို့ခေါင်းပေါ်မှာ လေဟုန်စီးပြီး ကနွဲ့ကလျ ပျံသန်းသွားလျက်ရှိ၏။ ဖွေးဖွေးဖြူလျက်ရှိသော လှိုင်းလုံးကြီးများမှာ ကမ်းခြေသို့ သူ့ထက်ငါဦးအောင် ပြေး၍လာနေကြသည်။

“ဟင်… အမူ၊ ဟိုမှာ ကြည့်စမ်း”

မိအုန်းသည် တလမ်းလုံး ငြိမ်၍လိုက်ခဲ့ရာမှ ပင်လယ်ပြင်၏ တနေရာသို့ ဗိုလ်ကြီးထွန်းမြင့်ကို ထိုးပြလိုက်၏။

ဗိုလ်ကြီးထွန်းမြင့်သည် မိအုန်း လက်ညှိုးထိုးပြသော‌ နေရာသို့ စိုက်ကြည့်လိုက်ပြီး ချက်ချင်း နှုတ်က ဘာမျှ မပြောသေးဘဲ တမိနစ်ခန့်ကြာမှ…

“ဪ… သူတို့ ကျက်စားရာ ပစိဖိတ်သမုဒ္ဒရာဘက်ကို ပြန်ကူးသွားနေကြတာနဲ့ တူပါတယ်”

ဗိုလ်ကြီးထွန်းမြင့်သည် အလွန်ဝမ်းနည်းဟန်ဖြင့် ညည်းတွားလိုက်၏။

မှန်ပါသည်။

သူတို့ရှိရာမှ မိုင်ဝက်ခန့်အကွာ ပြာလဲ့လျက်ရှိသော ပင်လယ်ပြင်ပေါ်တွင် ရွှေရောင်တောက်လျက်ရှိသည့် ဖျံနီများမှာ အနောက်တောင်အရပ်ဆီသို့ ဦးတည်ပြန်သွားလျက်ရှိကြ၏။

“အမူ… ဒီဖျံနီတွေ မရလိုက်လို့ သိပ်ဝမ်းနည်းနေလားဟင်”

မိအုန်းသည် ချစ်လှစွာသော သူ့ခင်ပွန်းသည် မျက်နှာကို ကြည့်ပြီး မေးခွန်းထုတ်လိုက်၏။

“ဝမ်းတော့နည်းတာပေါ့ မိအုန်းရယ်၊ ငါ တသက်လုံး တောင့်တမျှော်လင့်လာခဲ့တာ မဟုတ်လား”

“ဝမ်းမနည်းပါနဲ့ အမူရယ်၊ ကျွန်မကတော့ စိတ်မှာရှိတဲ့အတိုင်း ပြောရရင် ဒီဖျံနီတွေကို အမူ မရစေချင်ဘူး၊ ဒီလို မရစေချင်တာက ကျွန်မတို့ မွန်တွေ ယုံသလို၊ ဒီဖျံတွေကြောင့် ကျွန်မတို့အပေါ် အန္တရာယ်ဆိုးတခုခု ကျမှာကို ကြောက်လို့ မဟုတ်ဘူး။ ဒီဖျံနီတွေကို အမူ ရရင် ငွေတွေအများကြီး ရမယ်၊ ငွေတွေအများကြီး ရရင် အမူ မြို့ပေါ် ပြန်ချင်ပြန်သွားမယ်။ ကျွန်မကို ပစ်ချင် ပစ်သွားမယ်။ ကျွန်မ ငွေလည်း မလိုချင်ပါဘူး အမူရယ်၊ ကျွန်မကိုလည်း ဘယ်တော့မှ အမူ ပစ်မသွားပါနဲ့။ ဒီကျွန်းမှာပဲ တသက်လုံး အမူ ကျွန်မနဲ့အတူ နေစေချင်ပါတယ်”

ဗိုလ်ကြီးထွန်းမြင့်သည် မိအုန်းကို ဘာမျှ ပြန်မပြောပါ။ သို့သော် အမြဲတမ်း တင်းလျက်ရှိသော သူ့မျက်နှာမှာ သွားများပေါ်အောင်ပင် နှစ်ခြိုက်စွာ ပြုံးလိုက်မိ၏။

သူတို့နှင့် မလှမ်းမကမ်းတွင် တင်ကျီးငှက် သုံး လေး ကောင်မှာ ငါးဖမ်းလျက်ရှိကြ၏။ တောခွေး သုံး လေးကောင်မှာမူ သောင်ပြင်ပေါ်တွင် နပန်းလုံးတမ်း ကစားလျက်ရှိကြသည်။

ထိုအချိန်၌ အရှေ့ဘက် ကောင်းကင်ပြင်တွင် ရောင်စုံသက်တံကြီးတခု ပေါ်လျက်ရှိပြီး သက်တံကြီးမှာ ကောင်းကင်ပြာကြီးနှင့် ရေပြင်ပြာကြီးကို ဆက်စပ်ပေးလျက် ရှိပေသည်။

#ဦးလှဝင်း(လေသူရဲတစ်ဦး)
၁၉၇၀ ပြည့်နှစ်၊ နိုဝင်ဘာလ၊ ငွေတာရီမဂ္ဂဇင်း

Yadanapon - ရတနာပုံ စာအုပ်တိုက်

Address

46/1, Bo Yar Nyunt Street
Dagon
11191

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+9518373761

Website

Alerts

Be the first to know and let us send you an email when Yadanapon - ရတနာပုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yadanapon - ရတနာပုံ:

Share

Category

ရတနာပုံစာအုပ်တိုက်အကြောင်း

စာပေချစ်သူ ပရိသတ်များအားလုံးပဲ

မင်္ဂလာပါ။

ဒါကတော့ ရတနာပုံစာအုပ်တိုက်ရဲ့

တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာပဲ ဖြစ်ပါတယ်။

Nearby media companies


Other Publishers in Dagon

Show All