Dr. Nathan Marketing & Consultancy

Dr. Nathan Marketing & Consultancy A pioneering digital startup exclusively dedicated to the healthcare industry.
(7)

Dr. Nathan ရဲ့ လူသိနည်းတဲ့ Side Dish  လေးတစ်ခုက ဘာဖြစ်မလဲ 🤫ကဲ မိတ်ဆွေတို့ ဆိုင်တစ်ဆိုင်ရောက်လို့ စားစရာမှာတော့မယ်ဆို အဓိ...
30/10/2024

Dr. Nathan ရဲ့ လူသိနည်းတဲ့ Side Dish လေးတစ်ခုက ဘာဖြစ်မလဲ 🤫

ကဲ မိတ်ဆွေတို့ ဆိုင်တစ်ဆိုင်ရောက်လို့ စားစရာမှာတော့မယ်ဆို အဓိကဟင်းလျာက ဘာဖြစ်မလဲ အရင်ရှာမိကြတယ်ဟုတ်? 😉 ကျန်တဲ့ ဘာတွေရသေးလဲရော သိချင်ကြသေးတယ်မလား။

ဆိုတော့ Dr. Nathan ရဲ့ Main Dish ကြီးက Digital Marketing Services တွေဆိုရင် Side Dishes တွေကရော ဘာတွေဖြစ်မလဲ ? 🤩

Dr. Nathan မှာ အပြင်ပန်းကကြည့်ရင် ရှိလို့ရှိမှန်း မသိရဘဲ လူသိနည်းပေမယ့် အမြဲလစဉ် ဖန်တီးပေးဖြစ်နေတဲ့ Side Dish ကတော့ Event Management Service လေးဘဲဖြစ်ပါတယ်။

ကိုယ်တိုင် ဘာမှမလုပ်ဘဲ စားဖိုမှူးတွေကို လိုချင်တဲ့ အချဉ်အစပ်အရသာ ပြောပြလိုက်ရုံနဲ့ အရသာရှိတဲ့ ဟင်းတစ်ခွက် မှာယူပြီး အသင့်စားသောက်နိုင်သလို 🍱 Dr. Nathan မှာလည်း ကိုယ်လုပ်ချင်တဲ့ Event Style, Themes, Project Scope ကိုပြောပြပေးရုံနဲ့ Venue ကအစ Transportation အဆုံး၊ Promotional Materials တွေအပြင် Script, Moderator, KOL & Media Invitation တွေပါအပါ အဖက်ဖက်က ပြည့်စုံတဲ့ Event တစ်ခုလုံးကို လူကြီးမင်းတို့စိတ်တိုင်းကျ စီစဉ်ဖန်တီးပေးလျက်ရှိပါတယ်ခင်ဗျာ။ 👏

ကိုယ်ကျင်းပလိုတဲ့ ပွဲအမျိုးအစား ပေါ်မူတည်ပြီး လိုအပ်တဲ့အချက်အလက်တွေကို ပြည့်စုံစွာပေးနိုင်ရုံနဲ့ ကျန်တဲ့ကိစ္စတွေကို ကျွန်တော်တို့ Dr. Nathan က ကိုယ်စား တာဝန်ယူစီစဉ်ပေးပါရစေ။ ✊ မိတ်ဆွေတို့ စိတ်ရှုပ်စရာ၊ အလုပ်ရှုပ်စရာမလိုအောင် Dr. Nathan က အကောင်ဆုံး ပုံဖော်ပေးတာမို့ ပွဲအခမ်းအနားတွေလုပ်ချင်တယ် ၊ စိတ်အေးလက်သာလည်း နေချင်တယ်ဆို Dr. Nathan ကို သတိရလိုက်ပါနော်။

Dr. Nathan ကနေပြီး ဦးဆောင်ပြုလုပ်ပေးခဲ့တဲ့ Event Activities Photos လေးတွေကို ကြည့်ချင်ရင်တော့ Page Messenger မှာ လာရောက်စုံစမ်းလို့ ရပါတယ်ခင်ဗျာ။

Event Management နဲ့ ပတ်သတ်ပြီး အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက 𝗣𝗮𝗴𝗲 𝗖𝗵𝗮𝘁 𝗕𝗼𝘅 ကနေဖြစ်စေ📨၊ ဖုန်းကတစ်ဆင့်ဖြစ်စေ📞 အခုဘဲ ဆက်သွယ်လိုက်တော့နော်။

𝐶𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑡𝑜𝑑𝑎𝑦 𝑡𝑜 𝑙𝑒𝑎𝑟𝑛 𝑚𝑜𝑟𝑒 𝑎𝑏𝑜𝑢𝑡 ℎ𝑜𝑤 𝑤𝑒 𝑐𝑎𝑛 ℎ𝑒𝑙𝑝 𝑦𝑜𝑢!

☎️ 𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿: +959 456 429 259, +959 771 166 305
📧 𝗚𝗺𝗮𝗶𝗹 : [email protected] , [email protected]

>> 𝗙𝗼𝗿 𝘁𝗵𝗲 𝗱𝗼𝗰𝘁𝗼𝗿𝘀 𝗯𝘆 𝘁𝗵𝗲 𝗱𝗼𝗰𝘁𝗼𝗿𝘀

Marketing လုပ်တာနဲ့ Sale တက်ချင်လား ? 🏷️ကျွန်တော့ကိုသာ ဒီမေးခွန်းမေးလို့ကတော့ Marketing မလုပ်ဘဲတောင် ရောင်းအားတက်ချင်ပါတ...
14/10/2024

Marketing လုပ်တာနဲ့ Sale တက်ချင်လား ? 🏷️

ကျွန်တော့ကိုသာ ဒီမေးခွန်းမေးလို့ကတော့ Marketing မလုပ်ဘဲတောင် ရောင်းအားတက်ချင်ပါတယ် ဆိုပြီး ဂွက်ကျကျ ဖြေမိမှာဗျ။ ဟုတ်တယ်မလား Seller တိုင်း ကိုယ့်ပစ္စည်း များများရောင်းရချင်တာ ၊ မြန်မြန်ရောင်းထွက်ချင်တာ အိပ်မက်ဘဲဟုတ် 🤭

ဒါပေမယ့် ကျွန်တော်တို့ သိထားဖို့လိုတာ Sale မတက်တာနဲ့ဘဲ Marketingက အလုပ်မဖြစ်ပါဘူး လို့ တစ်ထစ်ချပြောလို့မရပါဘူး။ Sale အပြင် Marketing ကြောင့် ဖြစ်ပေါ်လာတဲ့ တစ်ခြား Positive Effect တွေလည်း ရှိပါသေးတယ်။ 💁🏻‍♂️

ဆိုတော့ ဒီနေ့ Dr. Nathan ကနေ Marketing က ရောင်းအားအပြင် ဘာတွေအကျိုးရှိစေသေးတာလဲဆိုတာလေးကို အနည်းငယ် ပြောပြပေးသွားပါမယ်ခင်ဗျာ။ 🙌

1️⃣ Marketing က ကိုယ့် Product ၊ ကိုယ့် Company image ကို Public Audience ရှေ့မှာ ကိုယ်မြင်စေချင်တဲ့အတိုင်း ပုံဖော်ပေးပါတယ်။ တစ်နည်းအားဖြင့် Brand awareness and Identity ပေါ့ဗျာ။

Marketing ခနခနလုပ်တဲ့ပစ္စည်းကို မိတ်ဆွေတို့ market ထဲမှာ ပိုသတိထားမိကြမှာပါ။ ခုချိန်မှာ ကိုယ်မလိုတဲ့ ပစ္စည်းဖြစ်ပါစေအုံးတော့ ၊ တစ်ချိန်လိုအပ်လာရင် အဲ့ပစ္စည်းကို အရင်ပြေးမြင်မိတော့တာမျိုး ကြုံဖူးကြမလားဗျ 🤔 ဒါဆို အဲ့ Brand က ကိုယ့်ကို Brand awareness ကောင်းကောင်းပေးလိုက်နိုင်ပြီဗျာ။ 👏 နောက်ပြီး Marketing လုပ်ရင်း ကိုယ်ပေးချင်တဲ့ message ကို Slogan တွေကနေတစ်ဆင့် ကိုယ့်ပစ္စည်းက ဒီစျေးကွက်မှာ ဘာအတွက်ရှိနေပါတယ်၊ ဘယ်အကြောင်းအရာကို ခိုင်ခိုင်မာမာ claim လုပ်ပါတယ်ဆိုတာကို ပြသလို့ရပါတယ်။

2️⃣ Customers တွေကို ကိုယ့် Product နဲ့ ပတ်သတ်တဲ့ Knowledge တွေကိုလည်း Market Education လုပ်လို့ရပါတယ်ဗျာ။

ဥပမာ - 👗Sustainable ဖြစ်တဲ့ Clothing လိုင်းကို Marketing လုပ်တယ်ဆိုပါစို့။ ခုနောက်ပိုင်းမှာ အရင်ကထက် Circular Economy ကို လူတွေအလေးထားလာကြပြီ။ ဒါကို Circular Economy အကြောင်းမသိသေးတဲ့သူတွေ သိအောင် educational contents, knowledge sharing contents တွေမျှဝေရင်း ကိုယ့် product ကလည်း Sustainable ဖြစ်အောင် resources တွေကို ဘယ်လိုပြန်သုံးထားကြောင်း တွဲပြောလို့ရပါတယ်။ ♻️ ဒါဆို ကိုယ့် brand ရဲ့ တန်ဖိုးကို မြှင့်တင်ရာရောက်ပြီး Sale ပါတက်လာနိုင်ပါတယ်ခင်ဗျာ။

3️⃣ Marketing ကနေ Partnership Opportunities ကောင်းတွေလည်း ရလာနိုင်ပါတယ်။

အခုလက်ရှိ အထင်သာအမြင်သာဆုံးကိုပြရရင်တော့ “Coca Cola x Marvel: The Heroes” 🥤 Partnership ပါ။ Cola သောက်နေကျသူတွေဆို ဘူးပေါ်မှာ Marvel Heroes ပုံတွေပါတာ သတိထားမိကြမယ်ထင်ပါတယ်။ ဒီ Collaboration ကို Deadpool & Wolverine (2024) Movie, July မှာမထွက်ခင် April လထဲက စခဲ့ပြီး ဇာတ်ကားအတွက် Promotion အနေနဲ့ရည်ရွယ်ခဲ့သလို Coca-Cola အတွက်လည်း Marvel Fans တွေစီ Marketing ချဲ့ခဲ့တာပေါ့ဗျာ။ 🤝 ခုထိလည်း ဒီ Partnership နဲ့ပတ်သတ်ပြီး Campaign တွေ run နေတာ မြင်တွေ့နိုင်ပါတယ်။

4️⃣ Marketing Campaigns တွေကနေ ကိုယ့် Target Customers တွေရဲ့ Data, Preferences, Insights တွေကို သိလာရပါတယ်။

Amazon တို့လို E-commerce platforms တွေမှာ ဒီလို Data တွေက သိပ်ကိုအသုံးဝင်တယ်ဗျ။ 📊 Campaigns join တဲ့ Customer တွေရဲ့ အကြိုက်က ဘာဖြစ်မလဲ ၊ ဘာတွေရှာကြည့်ကြလဲ ၊ ဘာတွေဝယ်သွားလဲ ဒါတွေကိုသိခြင်းအားဖြင့် Personalized Recommendation တွေ ၊ လူကြိုက်များတဲ့ ပစ္စည်းတွေကို ပိုထုတ်တာတွေတွေ စသဖြင့် ကိုယ့် Niche Market သဘောအလိုက် နောက်လုပ်မယ့်အရာတွေကို စီစဉ်ရာမှာ ထည့်သွင်းစဉ်းစားလို့ ရပါပြီ။ 💬

5️⃣ ကိုယ်နဲ့ Customer ကြားက Bonding လေးကို ကြာကြာထိန်းထားနိုင်ပါတယ်။

Marketing Campaigns တွေလုပ်တယ်။ Promotions တွေလုပ်တယ်။ သုံးနေကျ Customers တွေက promotion အချိန်ကို စောင့်ပြီး အခေါက်ခေါက်ပြန်လာဝယ်မယ်။ ကဲ ဆိုတော့ Sale တက်တဲ့အပြင် Customer Retention ကောင်းသွားပြန်တာပေါ့ဗျာ။ 👬

ဒီလောက်ဆိုရင်တော့ Marketing က ရောင်းအားတက်ဖို့ဆိုတာထက် ဘာတွေကိုလုပ်ဆောင်ပေးသေးလဲ ဆိုတာ စာဖတ်သူတို့ မြင်သာထင်သာလေးရှိသွားပြီလို့ ကျွန်တော်မျှော်လင့်ပါတယ်ဗျာ။ 🙆🏻‍♂️

အပေါ်က အချက်တွေကို ထိထိရောက်ရောက်ဖြစ်ဖို့အတွက်ကတော့ သေချာပိုင်နိုင်တဲ့ Market Experts တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့တော့ လိုမယ်ဗျ။ ဒါကြောင့် အကူအညီလိုအပ်ခဲ့ရင် ကျွန်တော်တို့ Dr. Nathan က Marketing Professionals တွေက မိတ်ဆွေတို့ကို ကူညီပေးဖို့ အသင့်ရှိနေပါတယ်ခင်ဗျာ။

𝐶𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑡𝑜𝑑𝑎𝑦 𝑡𝑜 𝑙𝑒𝑎𝑟𝑛 𝑚𝑜𝑟𝑒 𝑎𝑏𝑜𝑢𝑡 ℎ𝑜𝑤 𝑤𝑒 𝑐𝑎𝑛 ℎ𝑒𝑙𝑝 𝑦𝑜𝑢!

☎️ 𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿: +959 456 429 259, +959 771 166 305
📧 𝗚𝗺𝗮𝗶𝗹 : [email protected] , [email protected]

>> 𝗙𝗼𝗿 𝘁𝗵𝗲 𝗱𝗼𝗰𝘁𝗼𝗿𝘀 𝗯𝘆 𝘁𝗵𝗲 𝗱𝗼𝗰𝘁𝗼𝗿𝘀

Medical Business တော်တော်များများ ဘာလို့ Dr. Nathan နဲ့ လက်တွဲလုပ်ကြတာလဲ? 🤔Dr. Nathan ကရော Medical related Business တွေက...
10/10/2024

Medical Business တော်တော်များများ ဘာလို့ Dr. Nathan နဲ့ လက်တွဲလုပ်ကြတာလဲ? 🤔

Dr. Nathan ကရော Medical related Business တွေကိုဘဲ Marketing Services တွေ ပေးနေတာလား? 🤷🏻‍♂️

No no နော် 🙅🏻‍♂️ Dr. Nathan က Medical Field Only အတွက်ဘဲ Services ပေးနေတာမဟုတ်ပါဘူး။ ဒါပေမယ့် Dr. Nathan Team က ဆရာဝန်အများစုနဲ့ ဖွဲ့စည်းထားတာမို့ Medical Knowledge & Medical Field မှာ အင်မတန် strong ဖြစ်ပြီး Medical Business တွေအတွက် အကိုက်ညီဆုံး ဖြစ်နေတာပေါ့ဗျာ။

ဆရာဝန်တွေ ဖြစ်နေတာနဲ့ဘဲ Marketing ကျွမ်းကျင်တော့တာလား❓ ဆိုရင်တော့ မဟုတ်ပြန်ပါဘူး။

💡ကိုယ်တိုင်ကဆရာဝန်တွေ ဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းဆေးဘက်ဆိုင်ရာ Company ကြီးတွေမှာ နှစ်ရှည်လများကြာမြင့်စွာ လုပ်ကိုင်ခဲ့တဲ့ Experiences တွေ ရှိခဲ့တာမို့ Market အခြေအနေကို ကောင်းကောင်းနားလည်နေကြသူတွေ ဖြစ်နေတာကြောင့် တင့်သင့်လျောက်ပတ်တဲ့ Marketing Solutions တွေကို အကောင်းဆုံး ဖန်တီးပေးနိုင်နေတာပါ။ 💯

🧏🏻‍♂️ ဒီလိုပြောလို့ Dr. Nathan က တစ်ခြား Field တွေမှာ မကျွမ်းကျင်လောက်ပါဘူး ၊ Service မပေးဘူးထင်ရင်တော့ မှားသွားပါမယ်နော်။ Dr. Nathan ရဲ့ Creativity က ဆေးနယ်ပယ်တစ်ခုထဲအတွက်ဘဲ ဖြစ်တည်နေတာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း လက်ရှိမှာ လူသုံးကုန်ပစ္စည်းတွေ ၊ စားသောက်ဆိုင်တွေလည်း Dr. Nathan နဲ့ လက်တွဲလုပ်လျက် ရှိပါတယ်။

ခုဆို 360 Marketing Services တွေအပြင် Marketing Consultant ပါ လုပ်ပေးနေတာမို့ ကိုယ့် Business မှာ အခက်ခဲကြုံနေရရင် Dr. Nathan ဆီ အပြေးလာခဲ့ပါခင်ဗျာ။ ကျွန်တော်တို့ ဝိုင်းဝန်းကူညီပေးဖို့ စောင့်မျှော်နေပါတယ်ခင်ဗျ။ ဒါကြောင့် 𝗣𝗮𝗴𝗲 𝗖𝗵𝗮𝘁 𝗕𝗼𝘅 ကနေဖြစ်စေ📨၊ ဖုန်းကတစ်ဆင့်ဖြစ်စေ📞 အခုဘဲ ဆက်သွယ်လိုက်တော့နော်။

𝐶𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑡𝑜𝑑𝑎𝑦 𝑡𝑜 𝑙𝑒𝑎𝑟𝑛 𝑚𝑜𝑟𝑒 𝑎𝑏𝑜𝑢𝑡 ℎ𝑜𝑤 𝑤𝑒 𝑐𝑎𝑛 ℎ𝑒𝑙𝑝 𝑦𝑜𝑢!

☎️ 𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿: +959 456 429 259, +959 771 166 305
📧 𝗚𝗺𝗮𝗶𝗹 : [email protected] , [email protected]

>> 𝗙𝗼𝗿 𝘁𝗵𝗲 𝗱𝗼𝗰𝘁𝗼𝗿𝘀 𝗯𝘆 𝘁𝗵𝗲 𝗱𝗼𝗰𝘁𝗼𝗿𝘀

Candid Myanmar 🤝 Dr. Nathan Marketing & Consultancy
02/10/2024

Candid Myanmar 🤝 Dr. Nathan Marketing & Consultancy

လူပျိုဖော်ဝင်စနှင့် ရှိုးပျက်သော ပေါင်ခြံမှို!!

🤧လူငယ်သဘာဝဂျင်းဘောင်းဘီလေးနဲ့ရှိုးထုတ်မယ်ဆိုကာမှ ကောင်မလေးတွေ ရှေ့လည်းရောက်ရော ပေါင်ခြံက ယားသလိုလိုဖြစ်နေပြီး ကုတ်ရခက်ဖြစ်နေပြီလား❓

🤢ပေါင်ခြံမှာ မှိုစွဲတာက လူငယ်လူလတ်ပိုင်း အမျိုးသားတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုပါ…

ဒီအရွယ်က နဂိုတည်းက ချွေးထွက်သန်တဲ့ အရွယ်ဖြစ်သလို
🏃🏻‍♂️အားကစားလိုက်စားပြီး ချွေးထွက်များတာ
🩲အတွင်းခံကျပ်ကျပ်တွေ ဝတ်တာ
🩳အဝတ်အစားတွေကို မျှဝေတတ်တဲ့ အကျင့်တွေကြောင့် ပေါင်ခြံမှိုစွဲတတ်ပါတယ်…

ပေါင်ခြံမှိုစွဲတဲ့အခါ သိသာတဲ့ လက္ခဏာတွေကတော့
⭕️ပေါင်ကြားမှာ အနီကွက်တွေ စဖြစ်ပြီး ပေါင်ရင်းနဲ့ တင်ပါးကို ပြန့်သွားတတ်ပါတယ်…
⭕️ပွေးကွက်ပုံစံ အနီရောင် အကွက်လိုက်၊ ကွင်းလိုက်တွေ ဖြစ်တတ်ပါတယ်…
⭕️ရံဖန်ရံခါမှာ အရည်ကြည်ဖုလေးတွေ ထွက်တတ်ပါတယ်…
⭕️အင်မတန်ယားပါတယ်…
⭕️အရေပြား အဖက်လေးတွေ ကွာတတ်ပါတယ်…
⭕️အသားရောင်ပေါ် မူတည်ပြီး အနီကွက်၊ အညိုကွက်တွေ ဖြစ်တတ်ပါတယ်…

🙌🏻ဒီလက္ခဏာတွေထဲက တော်တော်များများ တိုက်ဆိုင်နေရင် ဒါဟာ မှိုစွဲနေတာပဲ ဖြစ်ပါတယ်…

❤️ဒါဆိုရင်တော့ Clotrimazole 1%ပါဝင်တဲ့ Candid gel (သို့ မဟုတ်) Candid powderကို မှိုစွဲတဲ့နေရာမှာ တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်၊ ရောဂါပျောက်ပြီး ၂ပတ် မှ ၃ပတ်အထိ နေ့စဉ်ပုံမှန်လိမ်းပေးဖို့ လိုပါတယ်…
❤️Candid က မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း ၄၀ ကျော်မှ အရေပြားအထူးကုဆရာဝန်များနှင့် ကလေးအထူးကုဆရာဝန်များက သူတို့ရဲ့လူနာများအတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနေတဲ့ဆေးဖြစ်တာကြောင့် Candid ချစ်သူတို့ စိတ်ချစွာအသုံးပြုနိုင်ပါတယ်နော်…

"Candid ဖြင့်အရေပြားမှိုရောဂါများကို အပြီးအပိုင်နှုတ်ဆက်လိုက်ပါ" 👋🏻👋🏻


“ဒီစျေးနဲ့ ဒီတစ်ခါဘဲရတော့မယ်နော် နောက်တစ်သုတ်ကျ စျေးတက်တော့မယ်““Stock နဲနဲဘဲကျန်တော့တယ် လာမှာလိုက်တော့နော်”“ဒီ Batch သင်...
04/09/2024

“ဒီစျေးနဲ့ ဒီတစ်ခါဘဲရတော့မယ်နော် နောက်တစ်သုတ်ကျ စျေးတက်တော့မယ်“

“Stock နဲနဲဘဲကျန်တော့တယ် လာမှာလိုက်တော့နော်”

“ဒီ Batch သင်တန်းလူပြည့်ပါတော့မယ်။ ၂ ယောက်စာဘဲရပါတော့မယ်”

ကဲ Online Shopping တွေ သင်တန်းကြော်ညာတွေမှာ ဒီလိုစာသားလေးတွေ မြင်ဖူးကြတယ်ဟုတ် ? 🤓

စာလေးကတော့ ရိုးရိုးလေးပါဘဲ ။ ရောင်းသူက သူရောင်းစရာရှိတာကို ပုံမှန်ရောင်းနေပေမယ့် ဝယ်သူတွေစိတ်ထဲမှာကျ အဲ့လိုမျိုးလေးတွေ တွေ့တဲ့အခါ ဝယ်မယ်မဝယ်ဘူး စဉ်းစားနေရင် ချက်ချင်းကောက်မှာလိုက်တာမျိုး၊ မလိုအပ်သေးလည်း စျေးတက်တော့မှာ ဝယ်ထားမှ ဆိုပြီး ဝယ်လိုက်တာမျိုး ၊ ဒီအတန်း လူတက်များတာဘဲ ငါလည်းတက်လိုက်တော့မယ် ဆိုတာမျိုး ဒီလိုအတွေးလေးတွေနဲ့ သူတို့ရောင်းတဲ့ product ကို ဝယ်ဖို့ စိတ်ကပိုအားသာသွားကြပါတယ်။ ✅

ဒါကို တစ်နည်းအားဖြင့် Nudge Marketing လို့ ခေါ်လို့ရပါတယ်။ Customer ကို ဒါကောင်းတယ် ဒါဝယ် ဆိုပြီး တိုက်ရိုက်ညွှန်းလိုက်တာထက် Indirect နည်းလမ်းနဲ့ Customer Behavior ပြောင်းသွားအောင် ၊ ရွေးချယ်မှုတွေလုပ်တဲ့အခါ တွန့်ဆွန့်နေတဲ့ အတွေးတွေကို ပိုပြတ်သားသွားအောင် တိုက်တွန်းလိုက်တဲ့ သဘောပါ။ 💁🏻‍♂️

🍱 Foodpanda တို့ Grab တို့မှာ စားစရာမှာဖို့ ကိုယ်ရွေးထားပြီးမှ မမှာဖြစ်သေးရင် ခနအကြာမှာ Noti တက်လာတာ အားလုံးကြုံဖူးကြမယ်ထင်ပါတယ်။ အဲ့ message လေးက ဒီဆိုင်က စားရင်ကောင်းမလား ၊ အိမ်မှာရှိတာဘဲ စားရမလား တွေဝေနေတဲ့စိတ်ကို remind ပြန်လုပ်ပေးသလို ဖြစ်ပြီး ဝယ်စားလိုက်တော့တာမျိုးဆို သူတို့ရဲ့ Nudge Marketing အောင်မြင်တဲ့ သဘောလေးပေါ့။

👕 လူငယ်တွေကြား ရေပန်းစားတဲ့ Shein တို့ Amazon တို့လို Online Shopping Website ၊ E-commerce တို့မှာဆိုရင်လည်း Nudge Marketing ကို တွင်တွင်ကျယ်ကျယ် သုံးကြပါတယ်။ “Only 2 items left” ၊ “ Only 1 day left for promotion” ဒါတွေက Nudge သဘောတရားတွေဘဲ ဖြစ်ပါတယ်။

🛍️ Retail ဆိုင်တွေမှာကျ Product Display ကို ကောင်းကောင်းအသုံးချကြတယ်။ Customer မျက်မှန်းတန်းမိတဲ့နေရာ ၊ မြင်သာတဲ့နေရာတွေမှာ ကိုယ်ရောင်းထွက်ချင်တဲ့ ပစ္စည်းတွေကို ခင်းကျင်းပြသတာမျိုးပါ။ ကြီးကြီးမားမားလုပ်ရတာတွေမဟုတ်ဘဲ Small Action လေးတွေနဲ့သာ Customer ရဲ့စိတ်ကို ဝယ်ချင်လာအောင် လှုံ့ဆော်ပေးလိုက်တာပါဘဲ။

တစ်ချို့လုပ်ငန်းတွေမှာ Nudge Marketing ကို Content ✍️ တွေမှာထည့်သုံးကြသလို တစ်ချို့ကျလည်း Graphic Design တွေမှာ သုံးကြပါတယ် ။ ပိုရောင်းအားတက်ချင်တဲ့ ပစ္စည်းကို တစ်ခြားဟာတွေနဲ့ ယှဉ်ထားတဲ့အခါ သိသိသာသာလေးပြထားပေးတာမျိုး ၊ Size မျိုးစုံရှိတဲ့ပစ္စည်းတွေမှာ Size ကြီးကိုရောင်းထွက်ချင်ရင် Size ကြီးက ဘယ်လိုပိုသက်သာကြောင်း highlight လုပ်ထားတာမျိုး စသဖြင့် Customer Buying Behavior အပေါ် မသိမသာ လွှမ်းမိုးပြီး Marketing လုပ်ကြပါတယ်။☝️

ဒါကြောင့် မိတ်ဆွေတို့အနေနဲ့လည်း ကိုယ့် Business မှာ ကိုယ့် product ကိုလည်းရောင်းရချင်တယ် Customer ကို စိတ်ရှုပ်အောင်ထိ အရမ်းလိုက်ပြောမိနေတာမျိုး မဖြစ်ရအောင် Nudge Marketing ကို ထည့်သုံးလို့ရပါတယ်ခင်ဗျာ။ ✨

Nudge သဘောတရားက Marketing မှာတင် ရှိတာမဟုတ်ဘဲ လူတွေရဲ့ Behavior ကိုပြောင်းလဲစေချင်တဲ့အခါမှာလည်း အင်မတန်အသုံးဝင်တာမို့ သိသာမြင်သာအောင် Google မှာ ပုံလေးတွေရှာကြည့်ဖို့ Recommend လုပ်ပါတယ်ခင်ဗျာ။ 🙆🏻‍♂️

Dr. Nathan အနေနဲ့ ဒီလိုမျိုး Knowledge လေးတွေ ဆက်လက်မျှဝေပေးသွားဦးမှာမို့ စိတ်ဝင်စားရင် Page လေးကို Like & Follow လုပ်ထားလို့ရပါတယ်ခင်ဗျာ ။ Marketing Solutions တွေကို အတွေ့အကြုံရှိ Market Experts တွေနဲ့ တိုင်ပင်ဆွေးနွေးချင်ရင်တော့ 𝗣𝗮𝗴𝗲 𝗖𝗵𝗮𝘁 𝗕𝗼𝘅 ကနေဖြစ်စေ📨၊ ဖုန်းကတစ်ဆင့်ဖြစ်စေ📞 အခုဘဲ ဆက်သွယ်လိုက်တော့နော်။

𝐶𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑡𝑜𝑑𝑎𝑦 𝑡𝑜 𝑙𝑒𝑎𝑟𝑛 𝑚𝑜𝑟𝑒 𝑎𝑏𝑜𝑢𝑡 ℎ𝑜𝑤 𝑤𝑒 𝑐𝑎𝑛 ℎ𝑒𝑙𝑝 𝑦𝑜𝑢!

☎️ 𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿: +959 456 429 259, +959 771 166 305
📧 𝗚𝗺𝗮𝗶𝗹 : [email protected] , [email protected]

>> 𝗙𝗼𝗿 𝘁𝗵𝗲 𝗱𝗼𝗰𝘁𝗼𝗿𝘀 𝗯𝘆 𝘁𝗵𝗲 𝗱𝗼𝗰𝘁𝗼𝗿𝘀

အခက်အခဲအမျိုးမျိုးကြောင့် ကိုယ့်လုပ်ငန်းကို ဘာဆက်လုပ်ရမယ်မသိဘဲ လမ်းပျောက်နေပြီလား? ခုခေတ်အခြေအနေအရ စီးပွါးရေးလုပ်ငန်း တေ...
22/08/2024

အခက်အခဲအမျိုးမျိုးကြောင့် ကိုယ့်လုပ်ငန်းကို ဘာဆက်လုပ်ရမယ်မသိဘဲ လမ်းပျောက်နေပြီလား?

ခုခေတ်အခြေအနေအရ စီးပွါးရေးလုပ်ငန်း တော်တော်များများ ဂရုတစိုက်နဲ့ အရှုံးမရှိအောင် ကြိုးစားရပ်တည်နေကြရတာ အားလုံးအသိပါဘဲခင်ဗျာ 😥

တစ်ချို့လုပ်ငန်းတွေဆို ဆက်လက်မရပ်တည်နိုင်တော့တာကြောင့် ဖျက်သိမ်းလိုက်ရတာမျိုး ၊ ရပ်တန့်ထားရတာမျိုးတွေကို ကြုံနေကြရပါတယ်။ ဒီလိုချိန်မှာ မိတ်ဆွေတို့အနေနဲ့လည်း ကိုယ့် Business ကို ဘယ်လိုဆက်လုပ်သင့်တယ် ၊ ကိုယ့်လုပ်ငန်းက စျေးကွက်ထဲမှာ ဘယ် Position မှာရှိနေတယ် သိရဖို့ ပြန်သုံးသပ်ရန် လိုအပ်နေပါပြီ။ 🙌

💁🏻‍♂️ ဒါကြောင့် ဒီနေ့မှာတော့ Dr.Nathan ကနေ ဒီလိုချင့်ချိန်သုံးသပ်တဲ့အခါမှာ အသုံးပြုလို့ရတဲ့ 𝗦𝗵𝗲𝗹𝗹 𝗗𝗶𝗿𝗲𝗰𝘁𝗶𝗼𝗻𝗮𝗹 𝗣𝗼𝗹𝗶𝗰𝘆 𝗠𝗮𝘁𝗿𝗶𝘅 (𝗦𝗗𝗣𝗠) အကြောင်းကို sharing လေးလုပ်ပေးသွားပါမယ်ခင်ဗျာ။

ကဲ ဆိုတော့ ဘယ်လိုသုံးသပ်ကြမလဲ ? 🤔

SDPM မှာဆိုရင် Horizontal မှာ Market Sector ရဲ့ မြတ်တန်စွမ်းဘယ်လောက်ရှိမှု နဲ့ Vertical မှာ ကိုယ့်လုပ်ငန်းရဲ့ ပြိုင်ဆိုင်နိုင်မှုအား ဆိုပြီး နှစ်ဖက်ချိန်ထိုးကြည့်လို့ရပါတယ်။

𝟏. 𝐃𝐢𝐬𝐢𝐧𝐯𝐞𝐬𝐭 ( 𝐔𝐧𝐚𝐭𝐭𝐫𝐚𝐜𝐭𝐢𝐯𝐞 𝐌𝐚𝐫𝐤𝐞𝐭, 𝐖𝐞𝐚𝐤 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐯𝐞 𝐂𝐚𝐩𝐚𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 )

🙅🏻‍♂️ ကိုယ့်လုပ်ငန်းဟာ ဒီနေရာမှာကျရောက်နေရင်တော့ စိတ်ပူရပါပြီ။ စျေးကွက်ဆွဲဆောင်မှုလည်းမရှိ၊ ကိုယ့်မှာ ပြိုင်ဘက်ကို ပြိုင်ဆိုင်နိုင်စွမ်းအားလည်း မရှိဘူးဆိုရင် ရှေ့ဆက်အရှုံးမကြီးအောင် ရပ်တန့်လိုက်တာအကောင်းဆုံးပါ။

𝟐. 𝐏𝐡𝐚𝐬𝐞𝐝 𝐖𝐢𝐭𝐡𝐝𝐫𝐚𝐰𝐚𝐥 ( 𝐔𝐧𝐚𝐭𝐭𝐫𝐚𝐜𝐭𝐢𝐯𝐞 𝐌𝐚𝐫𝐤𝐞𝐭, 𝐀𝐯𝐞𝐫𝐚𝐠𝐞 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐯𝐞 𝐂𝐚𝐩𝐚𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 )

🙍🏻‍♂️ ကိုယ့် Business က ပြိုင်ဆိုင်နိုင်စွမ်း အလယ်အလတ်ရှိပေမယ့် အမြတ်ရနိုင်ချေနည်းပါးသော စျေးကွက်ဖြစ်နေရင် ရုတ်တရက်ရပ်ပစ်လိုက်တာမျိုးမဟုတ်ဘဲ အရှုံးနည်းအောင် ဖြေးဖြေးချင်း sector by sector စျေးကွက်ကနေနှုတ်ထွက်လိုက်တာမျိုးက သင့်တော်ပါတယ်။

𝟑. 𝐂𝐚𝐬𝐡 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 ( 𝐔𝐧𝐚𝐭𝐭𝐫𝐚𝐜𝐭𝐢𝐯𝐞 𝐌𝐚𝐫𝐤𝐞𝐭, 𝐒𝐭𝐫𝐨𝐧𝐠 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐯𝐞 𝐂𝐚𝐩𝐚𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 )

💰 မက်လောက်စရာစျေးကွက်တော့မဟုတ်ဘူး ဒါပေမယ့် ကိုယ့်လုပ်ငန်းက နေရာတစ်ခုရထားနေပြီ။ တစ်ခြားသူတွေထက်အားသာနေပြီဆိုရင်တော့ စျေးကွက်ကနေ ရနိုင်သလောက် အမြတ်ကို ကြိုးစားယူထားလို့ရပါသေးတယ်။

𝟒. 𝐏𝐡𝐚𝐬𝐞𝐝 𝐖𝐢𝐭𝐡𝐝𝐫𝐚𝐰𝐚𝐥 ( 𝐀𝐯𝐞𝐫𝐚𝐠𝐞 𝐌𝐚𝐫𝐤𝐞𝐭, 𝐖𝐞𝐚𝐤 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐯𝐞 𝐂𝐚𝐩𝐚𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 )

🥺 ဒါကလည်း နံပါတ် 1 အခြေအနေနဲ့သိပ်မထူးမခြားနားပါဘူး။ စျေးကွက်အခြေနေ အနည်းငယ် ပိုကောင်းသွားတာလေးဘဲရှိပါတယ်။

𝟓. 𝐂𝐮𝐬𝐭𝐨𝐝𝐢𝐚𝐥 𝐆𝐫𝐨𝐰𝐭𝐡 ( 𝐀𝐯𝐞𝐫𝐚𝐠𝐞 𝐌𝐚𝐫𝐤𝐞𝐭, 𝐀𝐯𝐞𝐫𝐚𝐠𝐞 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐯𝐞 𝐂𝐚𝐩𝐚𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 )

👌 လုပ်ငန်းက ပုံမှန်လေးဘဲ ဆက်သွားနေတယ်၊ အရှုံးမရှိအောင်ထိန်းထားနိုင်သေးတယ် ဆိုရင်တော့ ကြီးကြီးမားမား risk တွေထပ်ယူတာမျိုးမလုပ်ဘဲ Growth ဖြစ်နေအောင် လက်ရှိအခြေအနေလေးကို ဆက်လက်ထိန်းထားတာအကောင်းဆုံးပါ။

𝟔. 𝐆𝐫𝐨𝐰𝐭𝐡 𝐋𝐞𝐚𝐝𝐞𝐫 ( 𝐀𝐯𝐞𝐫𝐚𝐠𝐞 𝐌𝐚𝐫𝐤𝐞𝐭, 𝐒𝐭𝐫𝐨𝐧𝐠 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐯𝐞 𝐂𝐚𝐩𝐚𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 )

✊ သာမန်စျေးကွက်ပေမယ့် ကိုယ့်လုပ်ငန်းက strong ဖြစ်တယ် ၊ လုပ်နိုင်စွမ်းမြင့်မားတယ်ဆိုရင် ပြိုင်ဘက်တွေ အားနည်းနေချိန်မို့ ဒီထက် market share ပိုရအောင် ၊ ဒီထက်ပိုတိုးတက်ပြီး market leader ဖြစ်အောင် ကြိုးစားဖို့အကောင်းဆုံးအချိန်ပါ။

𝟕. 𝐃𝐨𝐮𝐛𝐥𝐞 𝐨𝐫 𝐐𝐮𝐢𝐭 ( 𝐀𝐭𝐭𝐫𝐚𝐜𝐭𝐢𝐯𝐞 𝐌𝐚𝐫𝐤𝐞𝐭, 𝐖𝐞𝐚𝐤 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐯𝐞 𝐂𝐚𝐩𝐚𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 )

🤩 ရှယ်ကောင်းတဲ့ စီးပွါးရေးစျေးကွက်ကို ကိုယ်ဝင်ထားတယ်၊ ဒါပေမယ့် ကိုယ့်ပြိုင်ဆိုင်မှုအားက အရမ်းအားနည်းနေသေးတယ်ဆိုရင်တော့ များများရင်းနှီးမြှုပ်နှံပြီး ကိုယ့် position မြင့်အောင် နှစ်ဆကြိုးစားရင်ကြိုးစား ၊ မဟုတ်ရင် ငွေအားလူအား support ဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ နှုတ်ထွက် ဒီနည်းလမ်းနှစ်မျိုးထဲက တစ်မျိုးရွေးချယ်လို့ရပါတယ်။

𝟖. 𝐓𝐫𝐲 𝐇𝐚𝐫𝐝𝐞𝐫 ( 𝐀𝐭𝐭𝐫𝐚𝐜𝐭𝐢𝐯𝐞 𝐌𝐚𝐫𝐤𝐞𝐭, 𝐀𝐯𝐞𝐫𝐚𝐠𝐞 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐯𝐞 𝐂𝐚𝐩𝐚𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 )

💪 ဒီအခြေအနေမှာတော့ ကိုယ့်လုပ်ငန်းပြိုင်ဆိုင်မှုအားက စျေးကွက်ကောင်းတစ်ခုမှာ အလယ်အလတ်အဆင့်မှာရှိနေပြီဆိုရင် ပိုအားစိုက်ထုတ်လိုက်တာနဲ့ နေရာကောင်းတစ်ခုကိုရနိုင်ပါပြီ။

𝟗. 𝐋𝐞𝐚𝐝𝐞𝐫 ( 𝐀𝐭𝐭𝐫𝐚𝐜𝐭𝐢𝐯𝐞 𝐌𝐚𝐫𝐤𝐞𝐭, 𝐒𝐭𝐫𝐨𝐧𝐠 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐯𝐞 𝐂𝐚𝐩𝐚𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 )

📈လုပ်ကွက်အကောင်းဆုံး market မှာ ထိပ်ကနေရာယူထားပြီမို့ စျေးကွက်ထပ်ချဲ့ရင်း အားထပ်စိုက်ရင်း market leader ဆက်ဖြစ်နေဖို့သာ ထိန်းထားဖို့လိုပါတော့တယ်။

ဒီလောက်ဆို မိတ်ဆွေတို့ ကိုယ့် business ကို ဘယ် Position မှာရှိနေတယ်၊ ဘာဆက်လုပ်ရမလဲ သုံးသပ်ဖို့ ပိုလွယ်ကူသွားမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

လုပ်ငန်းအတွက် Marketing side ကနေ ဘယ်လိုလုပ်သင့်လဲ ဆက်လက်သိရှိလိုရင်တော့ ကျွန်တော်တို့ Dr.Nathan Team ကနေ ကူညီဆောင်ရွက်ပေးပါရစေခင်ဗျာ။ ဒါကြောင့် 𝗣𝗮𝗴𝗲 𝗖𝗵𝗮𝘁 𝗕𝗼𝘅 ကနေဖြစ်စေ📨၊ ဖုန်းကတစ်ဆင့်ဖြစ်စေ📞 အခုဘဲ ဆက်သွယ်လိုက်တော့နော်။

𝐶𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑡𝑜𝑑𝑎𝑦 𝑡𝑜 𝑙𝑒𝑎𝑟𝑛 𝑚𝑜𝑟𝑒 𝑎𝑏𝑜𝑢𝑡 ℎ𝑜𝑤 𝑤𝑒 𝑐𝑎𝑛 ℎ𝑒𝑙𝑝 𝑦𝑜𝑢!

☎️ 𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿: +959 456 429 259, +959 771 166 305
📧 𝗚𝗺𝗮𝗶𝗹 : [email protected] , [email protected]

>> 𝗙𝗼𝗿 𝘁𝗵𝗲 𝗱𝗼𝗰𝘁𝗼𝗿𝘀 𝗯𝘆 𝘁𝗵𝗲 𝗱𝗼𝗰𝘁𝗼𝗿𝘀

13/08/2024

Bio-Oil Myanmar အတွက် ကျွန်တော်တို့ Dr. Nathan ကနေ တာဝန်ယူရိုက်ကူးပေးခဲ့တဲ့ Video လေးပါ။

Dr. Nathan မှာ Digital Marketing Services တွေအပြင် Video Production နဲ့ပတ်သတ်ပြီးလည်း အစအဆုံး လိုချင်တဲ့ Scope ပေါ်မူတည်ပြီး အကောင်းဆုံးရိုက်ကူးပေးနေတာမို့ လိုအပ်ပါက Page Chat Box ကဖြစ်စေ၊ Phone ကနေဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Dr.Nathan ဆီကနေ 3 Months Package စမ်းယူရင်း နောက် 6 Months Agreement ထပ်ချုပ်ဖြစ်သွားတဲ့ Home Doctor Myanm...
08/08/2024

ကျွန်တော်တို့ Dr.Nathan ဆီကနေ 3 Months Package စမ်းယူရင်း နောက် 6 Months Agreement ထပ်ချုပ်ဖြစ်သွားတဲ့ Home Doctor Myanmar ရဲ့ Service Review လေးပါခင်ဗျာ ✨

🥼Home Doctor Myanmar ဟာဆိုရင် ဂျပန်နိုင်ငံအခြေစိုက် အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ Home Doctor Japan ရဲ့ ရုံးခွဲဖြစ်ပြီး မိသားစုပေါင်းများစွာ ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ် 🥼

Dr. Nathan အနေနဲ့ Home Doctor Myanmar ရဲ့ အရွေ့တစ်ခုမှာ တစ်ဖက်တစ်လှမ်းကနေ ပါဝင် support ခွင့်ရပြီး ခုလို feedback လေး​ကြားရတာ အတိုင်းမသိ ဝမ်းသာရပါတယ် 👏

ရှေ့ဆက်ပြီးလည်း Clients တွေရဲ့ Marketing ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ကျွန်တော်တို့ Dr. Nathan Team ကနေ အကောင်းဆုံးဝန်ဆောင်မှုတွေ ဆက်လက်ပေးဆောင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားပါ့မယ်ခင်ဗျာ 🙆🏻‍♂️

ကိုယ့်လုပ်ငန်းအတွက် Marketing Solutions တွေလိုအပ်နေပြီဆိုရင် Professionals တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ 𝗣𝗮𝗴𝗲 𝗖𝗵𝗮𝘁 𝗕𝗼𝘅 ကနေဖြစ်စေ📨၊ ဖုန်းကတစ်ဆင့်ဖြစ်စေ📞 ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

𝐶𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑡𝑜𝑑𝑎𝑦 𝑡𝑜 𝑙𝑒𝑎𝑟𝑛 𝑚𝑜𝑟𝑒 𝑎𝑏𝑜𝑢𝑡 ℎ𝑜𝑤 𝑤𝑒 𝑐𝑎𝑛 ℎ𝑒𝑙𝑝 𝑦𝑜𝑢!

☎️ 𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿: +959 456 429 259, +959 771 166 305
📧 𝗚𝗺𝗮𝗶𝗹 : [email protected] , [email protected]

>> 𝗙𝗼𝗿 𝘁𝗵𝗲 𝗱𝗼𝗰𝘁𝗼𝗿𝘀 𝗯𝘆 𝘁𝗵𝗲 𝗱𝗼𝗰𝘁𝗼𝗿𝘀

WeCare နိုင်ငံခြားဆေးရုံများဝန််ဆောင်မှု 🤝 Dr. Nathan Marketing & Consultancy
06/08/2024

WeCare နိုင်ငံခြားဆေးရုံများဝန််ဆောင်မှု 🤝 Dr. Nathan Marketing & Consultancy

📢Apollo ဆေးရုံကြီးက ဆရာဝန်ကြီးတွေရဲ့ ကျန်းမာရေး ဟောပြောပွဲကို (အခမဲ့) တက်‌ရောက်နိုင်ဖို့ စာရင်းပေးသွင်းနိုင်ပါပြီ 📢

လာမယ့် သြဂုတ်လ ၁၁ရက်နေ့မှာ India နိုင်ငံ၊ Apollo ဆေးရုံကြီးက ဆရာဝန်ကြီးတွေရဲ့ ကျန်းမာရေး ဟောပြောပွဲ ရှိတာကြောင့် စာရင်းသွင်းကြဖို့ ထပ်ပြီး သတိပေးပါရစေနော်။

Apollo ဆေးရုံကြီးက နှလုံးအထူးကု သမားတော်၊ ကင်ဆာအထူးကုသမားတော်နဲ့ အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးတို့က ဆွေးနွေးပေးသွားမှာ ဖြစ်ပြီး စာရင်းသွင်း အခမဲ့တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေး‌ပေးသွားမယ့် ဆရာကြီးတွေကတော့
• Dr. Amit Mittal (နှလုံးနှင့်နှလုံးသွေးကြောအထူးကုသမားတော်ကြီး)
MD-Medicine, Cardiology
Cardiologist, Interventional Cardiologist
ဆေးကုသမှုသက်တမ်း ၂၄နှစ်ကျော်နဲ့ နှလုံးအထူးကုသမှု ၁၃နှစ်သက်တမ်းရှိတဲ့ ဝါရင့်နှလုံးအထူးကုသမားတော်ကြီး ဖြစ်ပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောချဲ့ခြင်း၊ သွေးကြောကတစ်ဆင့် နှလုံးအပေါက်ပိတ်ခြင်း၊ နှလုံးခုန်မမှန်ခြင်းစတဲ့ ရောဂါတွေအတွက် လူနာပေါင်းများစွာကို အောင်အောင်မြင်မြင်ကုသပေးခဲ့တဲ့ ဆရာဝန်ကြီးဖြစ်ပါတယ်။

• Dr. Havind Tandon (အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး)
MBBS
MS(Orthopedic)
ဆေးကုသမှုသက်တမ်းအနှစ် ၂၀ကျော်ရှိပြီး ဒူးဆစ်ရိုး၊ ပေါင်ရိုးအစားထိုးခွဲစိတ်မှုများ၊ ကွန်ပြူတာနည်းပညာသုံး အရိုးအစားထိုးခွဲစိတ်မှုများကို အသုံးပြုကာ လူနာပေါင်းများစွာကို အောင်မြင်စွာ ခွဲစိတ်ကုသ‌ပေးခဲ့တဲ့ ထိပ်တန်းအရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး ဖြစ်ပါတယ်။

• Dr. Dipanjan Panda (ကင်ဆာအထူးကုသမားတော်ကြီး)
MBBS
MD, DM (Medical Oncologist)
ဆေးကုသမှုသက်တမ်း၁၈နှစ်ကျော်ရှိတဲ့ ကင်ဆာအထူးကုသမားတော်ကြီးဖြစ်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာများ၊ သည်းခြေလမ်းကြောင်းဆိုင်ရာကင်ဆာများ၊ သွေးကင်ဆာ၊ ရင်သားနဲ့ ရင်ခေါင်းပိုင်းကင်ဆာ ခံစားနေရတဲ့ မြန်မာပြည်မှ လူနာများစွာကို ကုသပေးနေတဲ့ ထိပ်တန်းဆရာဝန်ကြီးဖြစ်ပါတယ်။

နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အရိုးခွဲစိတ်မှုနဲ့ ပတ်သက်ပြီး ဆရာဝန်ကြီးများက အခမဲ့ ဆွေးနွေးပွဲ လုပ်မှာဖြစ်တာကြောင့် ဆွေးနွေးလိုတယ်ဆိုရင် အောက်ပါလင့်ကနေတဆင့် စာရင်းပေးတက်ရောက်နိုင်ပါတယ်⤵️

စာရင်းသွင်းရန်လင့်- https://docs.google.com/forms/d/e/1FAIpQLSdR6sUBpjpr2IY5NSZSK9SMYCc7xOm1Jom97GKood09kvYy7w/viewform?usp=sf_link

🗓️ပွဲကျင်းပမည့်နေ့ရက်-11.08.2024(Sunday)
🕛အချိန်-12:30PM ~5:00PM
🏨နေရာ-Zealax Hotel, Ballroom,4th Floor
အမှတ် (၁၆) ကမ်းနားလမ်း၊အလုံမြို့နယ်။



ြန်မာပြည်ကိုယ်စားလှယ်ရုံးရန်ကုန်
ြန်မာပြည်ကိုယ်စားလှယ်ရုံးမန္တလေး

ပစ္စည်းတွေပြတ်နေချိန်မှာ Digital Marketing ကို ဆက်လုပ်သင့်လား? 🤯Business Owner တွေ ၊ Marketer တွေအနေနဲ့ ခုချိန်မှာ ခေါင်...
01/08/2024

ပစ္စည်းတွေပြတ်နေချိန်မှာ Digital Marketing ကို ဆက်လုပ်သင့်လား? 🤯

Business Owner တွေ ၊ Marketer တွေအနေနဲ့ ခုချိန်မှာ ခေါင်းအစားရဆုံးကိစ္စကတော့ ကိုယ့်ပစ္စည်းOut of Stock ဖြစ်နေချိန်မှာ ကိုယ့် Product Page ကို ဆက်ဘဲ run ရမလား ၊ ရပ်ဘဲထားသင့်လား ဇဝေဇဝါ ဖြစ်နေကြမယ်ထင်ပါတယ်… 💭

Business တော်တော်များများမှာ ပုံမှန်အားဖြင့် ပစ္စည်းပြတ်တာနဲ့ ကြုံလာတဲ့အခါ marketing ပိုင်းကို ရပ်လိုက်ဖို့ တွေးတတ်ကြပါတယ်။ မှားလားဆိုလည်း မမှားပါဘူး။

သို့ပေမယ့် scenario လေးတစ်ခုနဲ့ တစ်ဖတ်ကပြန်စဉ်းစားကြည့်ရအောင် 💁🏻‍♂️

ကိုယ့် Customer က ပစ္စည်းဝယ်ချင်လို့ Page ကိုဝင်ကြည့်မယ် ။ Out of Stock ဖြစ်နေကြောင်း တင်ထားတဲ့ Post ကိုတွေ့မယ်။ နောက်တစ်ပတ်လောက်နေတော့ ပြန်ဝင်ကြည့်မယ် ။ ဘာ update မှာတင်ထားတာမရှိဘူး။ အချိန်တစ်ခုလောက်ကြာသွားတဲ့အချိန်မှာ ကိုယ့် Product အစား တစ်ခြား Similar Product တစ်ခုကို ပြောင်းသုံးလိုက်တယ် ။

ဒါမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ Customer Behavior တစ်ခုပါ။ ဒါဆို ပစ္စည်းမှ မရှိတာ ဘယ်လို Marketing လုပ်ရမလဲ ??? 🤷🏻‍♂️

✅ Branding Content တွေလုပ်ဖို့ အကောင်းဆုံးအချိန်ပါ။

Restock ပြန်ဖြစ်တဲ့အခါ ကိုယ့်ပစ္စည်းကို Customers တွေပြန်သုံးစွဲအောင် Customer Trust ကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ဉပမာအားဖြင့် Collagen ရောင်းတယ်ဆိုကြပါစို့၊ ကိုယ့် Product ရဲ့ သူမတူတဲ့ ထူးခြားချက်လေးတွေနဲ့ ပတ်သတ်ပြီး Content ရေးတာမျိုးပေါ့။

(1) ငါးမှထုတ်လုပ်သော >>> လူမျိုးဘာသာမရွေး သောက်သုံးနိုင်သော Collagen
(2) နွားမှ ထုတ်လုပ်သော >>> High Dose Collagen
တစ်နေ့တာ လိုအပ်ချက်ကိုသာ ဖြည့်စည်းပေးသော >>> Low Dose Collagen
(3) FDA Recommendation/ WHO Recommendation စတဲ့ အချက်တွေကို အသားပေးပြီး Impression ကောင်းအောင် ရေးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

📖ကိုယ့် Product Category နဲ့သက်ဆိုင်တဲ့ Knowledgeable Content တွေ မျှဝေလို့ရပါတယ်။

ဥပမာ - Clothing Brand ဆို Fashion Style လေးတွေအကြောင်း ၊ Food Industry ဆို သက်ဆိုင်ရာ Food History လေးတွေ ၊ Healthcare Brand ဆို ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလေးတွေနဲ့ ဘယ်လိုကာကွယ်လို့ရတယ်ဆိုတဲ့အကြောင်း စသဖြင့် ကိုယ့် Product Scope ကနေ သွေဖယ်သွားတာမျိုးမဟုတ်ဘဲ ဗဟုသုတရစရာ ၊ စိတ်ဝင်စားစရာကောင်းတဲ့ Content လေးတွေ ဖန်တီးလို့ရပါတယ် ။ ✨

Reader တစ်ယောက်အနေနဲ့ ဒီ Page ၊ ဒီ Brand က စျေးရောင်းနေတာချည်းမဟုတ်ဘဲ ဒီလို Knowledge ရတဲ့ Content လေးတွေမျှဝေတတ်ပါလား ဆိုပြီး အသိအမှတ်ပြုခံရတာမျိုးလေးတွေပါ ကြုံရနိုင်ပါသေးတယ်။ 🏅

⏳ကြိုတင်ပြင်ဆင်ချိန် လုံလုံလောက်လောက်ရပါတယ်။

ဒီအချိန်မှာ အပေါ်က ပြောတဲ့အချက်လေးတွေကို လုပ်ထားရင်း တစ်ဖက်မှာ Stock ပြန်ရရင် လုပ်မယ့် Marketing Campaigns တွေ၊ Influencers Partership ၊ Events တွေ စတဲ့ ကိုယ်ချထားတဲ့ Plan တွေကို ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။ ဒီလိုဆို ပစ္စည်းရတာနဲ့ အားလုံးအဆင်သင့် ကိုယ်မှန်းထားတဲ့ timeline နဲ့ အချိန်ကိုက် ဆက်သွားလို့ရပါပြီ။

ကျွန်တော်ပြောတဲ့အချက်လေးတွေကို ဖတ်ပြီးပြီဆိုတော့ Digital Marketing ပိုင်းကို ဘာဆက်လုပ်ရမယ် ခေါင်းရှုပ်နေရင် နည်းလမ်းလေးတွေ ရသွားမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ ။ 🙆🏻‍♂️

အဲ့လိုမှမဟုတ်ဘဲ Marketing ကို စနစ်တကျ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ Market Expert တွေနဲ့ အသေးစိတ်ဆွေးနွေးချင်တယ်ဆိုရင်တော့ Dr. Nathan မှာ Free Marketing Consulting တွေလုပ်ပေးနေပြီမို့ ကိုယ့်လုပ်ငန်းနဲ့ပတ်သတ်တာလေးတွေ တိုင်ပင်ဖို့ 𝗣𝗮𝗴𝗲 𝗖𝗵𝗮𝘁 𝗕𝗼𝘅 ကနေဖြစ်စေ📨၊ ဖုန်းကတစ်ဆင့်ဖြစ်စေ📞 ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

𝐶𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑡𝑜𝑑𝑎𝑦 𝑡𝑜 𝑙𝑒𝑎𝑟𝑛 𝑚𝑜𝑟𝑒 𝑎𝑏𝑜𝑢𝑡 ℎ𝑜𝑤 𝑤𝑒 𝑐𝑎𝑛 ℎ𝑒𝑙𝑝 𝑦𝑜𝑢!

☎️ 𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿: +959 456 429 259, +959 771 166 305
📧 𝗚𝗺𝗮𝗶𝗹 : [email protected] , [email protected]

>> 𝗙𝗼𝗿 𝘁𝗵𝗲 𝗱𝗼𝗰𝘁𝗼𝗿𝘀 𝗯𝘆 𝘁𝗵𝗲 𝗱𝗼𝗰𝘁𝗼𝗿𝘀

Medical related contents တွေအတွက် Target Audience တွေစီကို အမြန်ဆုံးနဲ့ အထိရောက်ဆုံးရောက်စေချင်ရင်တော့ Dr. Nathan နဲ့ လက...
30/07/2024

Medical related contents တွေအတွက် Target Audience တွေစီကို အမြန်ဆုံးနဲ့ အထိရောက်ဆုံးရောက်စေချင်ရင်တော့ Dr. Nathan နဲ့ လက်တွဲဖို့ ဖိတ်ခေါ်ပါတယ်နော် 🤝

🤷‍♀️ ဆီးချို စစ်ဆေးနည်း ဘယ်နှစ်နည်းရှိလဲ??

👇 ဆီးချို ဘယ်လောက်ရှိရင် တက်နေတာလဲ?
ကျနေတာလဲ? …ခဏခဏမေ့တတ်တဲ့ သူတွေအတွက် ဒီ အောက်က ပုံလေးကို မိတ်ဆွေရဲ့ ဖုန်းထဲမှာ (Save) ထားလိုက်ပါနော်....

✔ Hb A1c - နောက်ဆုံး (၃) လအတွင်း သွေးတွင်း အချိုဓာတ်

✔ FBS - အနည်းဆုံး (၈) ကြာ အစာမစားပဲ လက်ထိပ်သွေးဖောက်စစ်ဆေးသော အချိုဓာတ်

✔ RBS - အစားစားပြီး (သို့) ဘယ်အချိန်တိုင်းတိုင်း ရှိသင့်သော အချိုဓာတ်

✔ 2HPP - အစာစားပြီး ၂ နာရီအကြာ ရှိသင့်သော အချိုဓာတ်

👨‍⚕️ သင့်ရဲ့ ဆီးချိုသွေးချိုနဲ့ ပတ်သတ်ပြီး သိလိုသမျှကို တိုင်ပင်ဆွေးနွေး မေးမြန်းလိုတယ်ဆိုရင်တော့ အောက်က လင့်ခ်လေးကို နှိပ်ပြီး
The Art of Managing Diabetes Group လေးကို Join ထားဖို့လိုမယ်နော်... https://www.facebook.com/share/sYXYdU2f3fBmueFx/?mibextid=lOuIew

ကျွမ်းကျင်တဲ့ ဆရာဝန်တွေကိုယ်တိုင် သင်နဲ့ တိုက်ရိုက် စကားပြောပေးနေပါပြီနော် ...

Glucomeal (ဆီးချိုသွေးချိုကို ထိန်းညှိပေးသော ဖြည့်စွက်အာဟာရ)




Art of Managing Diabetes

Haresol 🤝 Dr. Nathan Marketing & Consultancy
29/07/2024

Haresol 🤝 Dr. Nathan Marketing & Consultancy

✅Haresol ဆိုတာ WHO အသိအမှတ်ပြု New formula နဲ့ ထုတ်လုပ်ထားသော ဓာတ်ဆားဖြစ်ပြီးရေကျက်အေး 200ml တစ်ခွက်နဲ့ ဖျော်စပ် ရုံပါပဲနော်…

✅Haresolကို ခန္ဓာကိုယ်က ဆုံးရှုံးသမျှအတွက် လုံလောက်အောင် သောက်ပေးမယ်ဆိုရင်

☘️ဝမ်းသွားလို့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးတာကို ၂၅%သက်သာစေသလို
☘️အန်တာဆိုရင် ၃၀% သက်သာစေတဲ့အပြင်
☘️မလိုအပ်ဘဲ ပုလင်းကြီးချိတ်ရတာာလည်း နည်းသွားစေပါတယ်။

🌟ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတာကို ဖြည့်တင်းဖို့ Haresolတစ်ထုပ် ရေ200mlနဲ့ စတင်လိုက်ကြစို့🌟



#ရေနဲ့ဓာတ်ဆားကုန်ရင်ကွယ်ဟယ်ရီဆောနဲ့အားဖြည့်မယ်

Marketing ကို In-house team နဲ့ လုပ်ရမလား ? Agency အပ်လိုက်သင့်လား ? 🤔Business တော်တော်များများမှာ Marketing လုပ်တော့မယ်...
26/07/2024

Marketing ကို In-house team နဲ့ လုပ်ရမလား ? Agency အပ်လိုက်သင့်လား ? 🤔

Business တော်တော်များများမှာ Marketing လုပ်တော့မယ်ဆိုတာနဲ့ စပြီးခေါင်းစားတာကတော့ ကိုယ့် team နဲ့ကိုယ်ဘဲ internally run သင့်လား ၊ အပြင် agency ကိုဘဲအပ်လိုက်သင့်လား ဆိုပြီး ဇဝေဇဝါဖြစ်ကြပါတယ် ။

ဒီလိုစဉ်းစားတဲ့အခါ နှစ်မျိုးလုံးမှာ ကောင်းကျိုး ၊ ဆိုးကျိုး ကိုယ်စီရှိကြတာမို့ ကိုယ့်ရဲ့ Business Natureနဲ့ ဘယ်ဟာက ပိုအဆင်ပြေမလဲ ၊ ဘယ်လိုသွားရင် ပိုမိုလွယ်ကူပြီး အကျိုးထိရောက်မှုရှိမလဲ အပေါ်မူတည်ပြီး ရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။

ပထမဆုံးအနေနဲ့ In-house team ရဲ့ pros & cons ကိုကြည့်လိုက်ရအောင်

In-house teamရဲ့ ကောင်းကျိုးတွေအနေနဲ့

📌 ကိုယ်ပိုင် team နဲ့ ကိုယ့် business တစ်ခုထဲကိုဘဲ အာရုံစိုက်ပြီး run ရတဲ့အတွက် ကိုယ့် brand အကြောင်းကို ပိုမိုသိကျွမ်းနားလည်တယ်။

📌 တစ်ခုထဲကို တစ်တသမတ်ထဲ ကောင်းကောင်းလုပ်နိုင်ပြီး လုပ်ပိုင်ခွင့်အပြည့်အဝရှိတယ်။

📌 အဆင့်ဆင့်ပြန်လည်ညွှန်းကြားရတာတွေ၊ ရှင်းပြရတာမျိုးတွေ နဲတဲ့အတွက် ဆုံးဖြတ်ချက်ချရာမှာ ပိုမိုလျင်မြန်ပြီး အကောင်ထည်ဖော်နိုင်တယ်။

📌 တစ်ခုခုပြသနာဖြစ်ခဲ့ရင်လည်း မြန်မြန်ဖြေရှင်းနိုင်တယ်။

ဆိုးကျိုးအနေနဲ့ဆို

💢 ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကို စပြီး recruiting လုပ်ရတဲ့အတွက် team build up process တွေလုပ်ဖို့ အချိန်ယူရတယ်။ ဝန်ထမ်းစရိတ်တွေကုန်တယ်။

💢 ဝန်ထမ်းအပြောင်းအလဲတွေ ကြုံလာတဲ့အခါမှာ workflow ကိုနှောင့်နှေးစေတယ်။

💢 ကိုယ့် team ကလုပ်နိုင်တဲ့ capabilities ထက်ကျော်သွားတဲ့အခါ training တွေစီစဉ်ပေးရတာမျိုး၊ လုပ်ဖို့လိုအပ်နေလည်း မလုပ်နိုင်တာမျိုး ၊ agency ထပ်အပ်ရတာမျိုးတွေ ဖြစ်လာနိုင်တယ်။

💢 ကြာလာတဲ့အခါ creative ideas တွေမထွက်တော့တာ ၊ market အခြေအနေအရ လိုက်ပြောင်းလဲမလုပ်နိုင်တာမျိုးတွေ ကြုံရနိုင်တယ်။

တစ်ဖက်မှာ Agency နဲ့ လက်တွဲလုပ်ဆောင်တဲ့အခါ

📌 ကျွမ်းကျင်သူတွေရဲ့ လက်ထဲကိုထည့်ပေးလိုက်ရတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ အကြံဉာဏ်တွေ ၊ ideas တွေနဲ့ အချိန်တိုအတွင်း ထိထိမိမိ လုပ်ဆောင်နိုင်တယ်။

📌 Market changes တွေကို ပိုပြီးလိုက်လျောညီထွေအောင် တုံ့ပြန်နိုင်တယ်။

📌 Marketing tools တွေ strategies တွေကို ကောင်းကောင်းအသုံးချနိုင်ပြီး မတူညီတဲ့ specialist တွေဆီကနေ အဆက်မပြတ် suggestions တွေရနိုင်ပါတယ်။

📌 Ageny fee တစ်ခုရှိပေမယ့် In-house team တစ်ခုလုံးကို set up လုပ်ချိန် ၊ ဝန်ထမ်းစရိတ် ၊ facilities စရိတ် ၊ training & turnover ကိစ္စ ဒါတွေ လုံးလုံးမရှိတော့တဲ့အတွက် ရေရှည်ပြန်ချိန်ကြည့်တဲ့အခါ အလုပ်ရှုပ်သက်သာပြီး cost effective ဖြစ်စေတယ်။

Agency အပ်လိုက်လို့ ကောင်းတာတွေရှိသလို သတိထားရမှာတွေကတော့

💢 Marketing နဲ့ပတ်သတ်တဲ့ strategy & operations control ကို Agency ကိုပေးလိုက်ရတဲ့အတွက် Daily run တာတွေ အသေးစိတ်လိုက် monitor လုပ်တာမျိုးတော့မရနိုင်ပါဘူး။

💢 Agency မှာ ကိုယ့်အပြင် တစ်ခြား client တွေလည်းရှိတာမို့ ရံဖန်ရံခါ delay ဖြစ်တာမျိုးတွေ၊ Idea ခပ်ဆင်ဆင်ဖြစ်တာမျိုးတွေ ကြုံရနိုင်တယ်။

💢 စစချင်း ကိုယ့် brand အကြောင်းကို Agency ဘက်က အပြည့်အဝနားမလည်သေးရင် နားလည်မှုလွဲတာမျိုးတွေဖြစ်နိုင်တယ်။

Marketing Agency ကိုရွေးချယ်တဲ့အခါမှာလည်း

📍Agency ရဲ့ ကိုယ့် product industry or ဆင်တူတဲ့နယ်ပယ်မှာ လုံလောက်တဲ့ knowledge နဲ့ ကျွမ်းကျင်မှု

📍ကိုယ့်ရဲ့ marketing needs တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ စွမ်းဆောင်ရည်

📍 ဘယ်လိုလုပ်ငန်းတွေရဲ့ ယုံကြည်မှုကိုရထားလဲ

📍ကိုယ့် Budget နဲ့ ကိုက်ညီပြီး Cost effective ဖြစ်နိုင်ခြေရှိ / မရှိ

စသဖြင့် သေချာစဉ်းစားရွေးချယ်တတ်ဖို့ လိုပါသေးတယ်။

Dr. Nathan Marketing & Consultancy မှာဆိုရင်လည်း မတူညီတဲ့ Client တွေရဲ့ Marketing ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို အကောင်းဆုံး 360 Services ပေးနေပြီဖြစ်တဲ့အတွက် အသေးစိတ်သိရှိလိုရင်တော့ 𝗣𝗮𝗴𝗲 𝗖𝗵𝗮𝘁 𝗕𝗼𝘅 ကနေဖြစ်စေ📨၊ ဖုန်းကတစ်ဆင့်ဖြစ်စေ📞 ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

𝐶𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑡𝑜𝑑𝑎𝑦 𝑡𝑜 𝑙𝑒𝑎𝑟𝑛 𝑚𝑜𝑟𝑒 𝑎𝑏𝑜𝑢𝑡 ℎ𝑜𝑤 𝑤𝑒 𝑐𝑎𝑛 ℎ𝑒𝑙𝑝 𝑦𝑜𝑢!

☎️ 𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿: +959 456 429 259, +959 771 166 305
📧 𝗚𝗺𝗮𝗶𝗹 : [email protected] , [email protected]

>> 𝗙𝗼𝗿 𝘁𝗵𝗲 𝗱𝗼𝗰𝘁𝗼𝗿𝘀 𝗯𝘆 𝘁𝗵𝗲 𝗱𝗼𝗰𝘁𝗼𝗿𝘀

Address

Botahtaung Pagoda Road, Botahtaung Township
Botataung
11161

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959771166305

Alerts

Be the first to know and let us send you an email when Dr. Nathan Marketing & Consultancy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr. Nathan Marketing & Consultancy:

Videos

Share

Nearby media companies


Other Social Media Agencies in Botataung

Show All