Myawaddy-မြို့သတင်းနှင့် ပြည်တွင်းပြည်ပ သတင်း စုံ

  • Home
  • Myanmar
  • Bago
  • Myawaddy-မြို့သတင်းနှင့် ပြည်တွင်းပြည်ပ သတင်း စုံ

Myawaddy-မြို့သတင်းနှင့် ပြည်တွင်းပြည်ပ သတင်း စုံ အမေစု ကျမ်းမာပါစေ အရေးတော်ပုံ အောင်ရမည်
(5)

ကူညီကြပါ
09/01/2022

ကူညီကြပါ

07/01/2022

တိုက်နေပြီးတဲ

06/01/2022

စနေပြီးတဲ့

06/01/2022

ok

06/01/2022

RIP

မဂ်လာသတင်းပါ
05/01/2022

မဂ်လာသတင်းပါ

04/01/2022

ဆော်နေပြီတဲ့

02/01/2022

😂😂😂

30/12/2021
30/12/2021

ဝါး😁😁

30/12/2021

အသိပေးချက်.......................၃၀.၁၂.၂၀၂၁

၂၉.၁၂.၂၀၂၁ နေ့လည်ပိုင်း Video ဖိုင်တွင်
ဗိုလ်မုတ်သိုလ် (BGF)
ဗိုလ်မှူးကြီး စောဆန်းအောင်(DKBA)
လေးကေ့ကော်မှ အုပ်ကြီး (စောဌေးမြင့်အောင်)
ခေါင်းကြီးပိုင်း Video ဖိုင် တက်နေချိန်တွင် လေးကေ့ကော်မှာ တိုက်ပွဲး ဖြစ်နေသည်

၂၉.၁၂.၂၀၂၁ ညနေပိုင်းတွင် တက်လာသော Video ဖိုင်တွင် စစ်ရှောင် ပြည်သူများ
အား နေရပ်များအား ပြန်စေရန်ရည်ရွယ်ပြီး
စကစ လက်အောက်ခံ မြို့နယ်မှူးမှ ဦးစီး၍

နေရပ်ပြန်များ ယုံကြည်စိတ်ချစွာပြန်နိူင်ကြောင်း

PDF များကြောင့်တိုက်ခိုက်ရခြင်း

တာဝန်ယူကာ မှဲ့တပေါက်မစွန်းရစေခြင်း

ဆိုသည့် Video ဖိုင် ပြည်သူတွေ ကြည့်ပြီးဖြစ်ပါတယ်
ယနေ့မနက် ၃၀.၁၂.၂၀၂၁ ၈am ဝန်းကျင်တွင် စကစ တပ်မှ စတင်ပစ်ခတ်ခဲ့ပါသည်

ထိုအတွက်ကြောင့် နေရပ်ပြန် ပြည်သူများ မိမိနေရပ်သို့ လုံးဝလုံးဝ #မပြန်ကြပါရန်

#အနှူးအညွှန့်တောင်ပန်အပ်ပါသည်
လူသားဒိုင်းပြုလုပ်ရန် ရည်ရွယ်ချက်ရှိသည်ဟု မြင်မိပါသည်

KNU ကြေညာချက်သည် လုံးဝ နောက်ဆုပ်မည်မဟုတ် ပြည်သူများအသိဖြစ်သည်

ထို့ကြောင့် စစ်ဘေးရှောင်ပြည်သူများ ဦးခေါင်းဖြင့် စဥ်းစား ဆုံးဖြတ်ကြပါခဗျား

MPDF

29/12/2021
အာရှလမ်း(ကော့ကရိတ်)နတ်စင်ကွေ့ ယာဉ်တိုက်မှုမြဝတီမှ ဆင်းလာတဲ့ ၁၂ ဘီးယာဉ် နတ်စင်ကွေ့ အရောက် ဘရိတ်ပေါက်ပြီး အတက်ယာဉ်ကြောမှ ၂...
27/12/2021

အာရှလမ်း(ကော့ကရိတ်)နတ်စင်ကွေ့ ယာဉ်တိုက်မှု

မြဝတီမှ ဆင်းလာတဲ့ ၁၂ ဘီးယာဉ် နတ်စင်ကွေ့ အရောက် ဘရိတ်ပေါက်ပြီး အတက်ယာဉ်ကြောမှ ၂၂ဘီးယာဉ် ကို ဝင်တိုက်ပြီး ချောက်နှုတ်ခမ်းပေါ် မှာ တွဲလောင်းကျနေတာ

၂၂ဘီးသာ မရှိရင် ချောက် အနက်ထဲကျမှာ

ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ မှ ရောက်ရှိပြီး ထိခိုက်ဒဏ်ရာ ရသူ ယာဉ်မောင်းအား တာဝန်သိယာဉ်မောင်းနှင့်အကူများ နှင့်ကယ်ထုတ်နိုင်ခဲ့ကြသည်။

လူနာ အား ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ထားပြီး
အခြေအနေ စိုးရိမ်စရာ ဖြစ်ပါသည်။

27.12.2021 မွန်းလွဲ ၄:၃၀နာရီ ကော့ကရိတ်မြို့။

#ပလဲဖြူလူမှူ့ကယ်ဆယ်ရေး

ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် တိုက်ပွဲဆက်ပွားပြီး စစ်ကောင်စီနှင့် BGF ပူး ပေါင်းတပ် ၁၀ ဦးထက်မနည်းကျဆုံးဒီဇင်ဘာလ ၂၆ ရက်၊ ၂...
26/12/2021

ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် တိုက်ပွဲဆက်ပွားပြီး စစ်ကောင်စီနှင့် BGF ပူး ပေါင်းတပ် ၁၀ ဦးထက်မနည်းကျဆုံး

ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ် မြဝတီ အာရှလမ်းသစ် လမ်းပိုင်းပေါ်ရှိ KNU-ကရင် အမျိုးသားအစည်းအရုံး မွေးမြူရေးခြံအနီးသို့ ကော့ကရိတ်ဘက်မှ စစ်ကောင်စီ တပ်နှင့် ကရင်နယ်ခြားစောင့်တပ်ပူးပေါင်းစစ်ကြောင်း များ တက်လာသဖြင့် ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ၊ နံနက် ၆နာရီကျော်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

"မနက်စောစော သူတို့ အာရှလမ်းမဘေးတောလမ်းအတိုင်း စစ်ကြောင်း တက်လာတယ်။ KNU မွေးမြူရေးခြံ နဲ့ BGF ပိုင်တဲ့ တောနော်ရေတံခွန်စခန်းနားမှာ တိုက်ပွဲစဖြစ်တယ်။ စစ်ကောင်စီနဲ့ BGF တွေ ၁၀ယောက် ထက်မနည်း အာရှလမ်းပေါ် သေနေပြီ။ KNLA ပစ်တဲ့ RPG ထိမှန်တာရယ် ၊ သေနတ်မှန်တာရယ်ကြောင့် စစ်ကြောင်း ရပ်သွားတယ်။ "ဟု တိုက်ပွဲအတွင်း ပါဝင်နေသူ KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲ ဖြစ်နေရာသို့ ကော့ကရိတ်အခြေစိုက် ခမရ ၉၇ တပ်ရင်း နေပူခံ အမြှောက်ကုန်းမှ ၁၂၀ မမ အမြှောက်များဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ကူပေးနေကြောင်းလည်း ၎င်းတပ်ဖွဲ့ဝင်က ဆက်ပြောသည်။

ကရင်ပြည်နယ်အတွင်း ကော့ကရိတ်၊ မြဝတီဘက်အခြမ်း KNU တပ်မဟာ ၆ နယ်မြေအတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁၂ ရက်ခန့်ရှိ လာနေပြီး အဆိုပါ တိုက်ပွဲများကြောင့် ကော့ကရိတ်နယ်အတွင်း ကော့နွဲ၊ တတန်ကူး၊ အံကောင် ၊ ကမိုင်ကုန်း စသည့် ကျေးရွာများ မှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရသူ ၂၀၀၀ ကျော် ရှိနေပြီဟု ဒေသခံသတင်းအရင်းများအရ သိရသည်။

မြဝတီ တောင်ဘက်ခြမ်း လေးကေကော် ဒေသဘက်တွင်လည်း မယ့်ထော်သလေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊ အင်ကြင်းမြိုင်၊ လေးကေကော်၊ ဘဟိကလော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ၊ သေ့ဘောဘိုး ကျေးရွာများ မှ နေရပ်စွန်ခွာ စစ်ဘေးရှောင် နေရသူ ထိုင်းဘက်အခြမ်းနှင့် မြန်မာဘက်အခြမ်း သောင်ရင်းမြစ် နယ်စပ် တစ်လျှောက် စစ်ပြေးရှောင်နေရသူ တစ်သောင်းကျော်ရှိလာနေပြီဖြစ်ကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

စစ်ကောင်စီဘက်မှ လေကြောင်းမှ တိုက်လေယာဉ်၊ တိုက်ရဟတ်ယာဉ်များ အသုံးပြု ပစ်ခတ်ခြင်းအပါအဝင် မြေပြင်အမြှောက်ကုန်း ၇ နေရာ ခန့်မှ မော်တာစိန်ပြောင်းများ ဟောင်ဝှစ်ဇာ အမြှောက်များဖြင့် ကျေးရွာ များဘက်သို့ ပစ်ခတ်နေသည့်အတွက် အရပ်သား ထိခိုက်သေဆုံးမှုအချို့ နှင့် လက်နက်ကြီး အစမှန်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိသည်ဟု မြေပြင်သတင်းအရ သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ်များ၊ သာသနိက အဆောက်အအုံ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများ၊ ခရစ်ယန်ဘုရား ကျောင်းများအပြင် ထိုင်းနိုင်ငံ ဘက်အခြမ်း မဲ့ကိုကင်းကျေးရွာ၊ မယ်သောင် ကျေးရွာ၊ မော်လီချိုင်းကျေးရွာများရှိ နေအိမ်များ တောင်ယာစိုက်ခင်းများထိခိုက်ပျက်စီးခဲ့ကြောင်း စစ်ဘေးရှောင် ကူညီနေသည့် အရပ်ဖက် အဖွဲ့အစည်းများက ပြောသည်။

ယနေ့ နံနက် ၃ နာရီအချိန်မှစ၍ လေးကေကော် ဒေသသို့လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်။

Photo_Kahsaw Wah (KIC)

အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးထိုင်းနိုင်ငံအတွင်းရှိ လူနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲ...မြဝတီတောင်ဘက် သေဘေ...
25/12/2021

အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီး
ထိုင်းနိုင်ငံအတွင်းရှိ လူနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲ...

မြဝတီတောင်ဘက် သေဘောဘိုးတပ်စခန်းကုန်းမှ
ယနေ့ ဒီဇင်ဘာလ ၂၅ရက်၊ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်
အချိန်တွင် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်
တစ်လုံး ထိုင်းနိုင်ငံဘက်ခြမ်း မော်လီချိုင်းကျေးရွာ
အတွင်းနေအိမ်တစ်လုံးအပေါ်သို့ ကျရောက်ပေါက်
ကွဲ၍ ထိခိုက်ပျက်စီးသည့် မြင်ကွင်း။
(ပုံ-ဒေသခံ)

စကစ၏ သံချပ်ကာကား (၃)စီးနှင့် စစ်သုံးတီအီးကား (၃)စီး ကော့ကရိတ်မြို့တွင်းလှည့်လည်ပြသ**************(24-12-2021)ကော့ကရိတ်ပွင...
24/12/2021

စကစ၏ သံချပ်ကာကား (၃)စီးနှင့် စစ်သုံးတီအီးကား (၃)စီး ကော့ကရိတ်မြို့တွင်းလှည့်လည်ပြသ
**************
(24-12-2021)
ကော့ကရိတ်ပွင့်လင်းသတင်းစဉ်

ယနေ့ညနေ (၇:၀၀)နာရီအချိန်ခန့်တွင် ကော့ကရိတ်မြို့ လှိုင်ဝမှ မြို့အဝင်ဇိနသုခဘုရားလမ်းမှတစ်ဆင့် သံချပ်ကာကား (၃)စီးနှင့်အတူ စစ်သုံးတီအီးကား (၃)စီးဝင်ရောက်လာခဲ့ပြီး မြို့တွင်းဆေးရုံလမ်းဖက်အတိုင်းဦးတည်ကာ ကော့ကရိတ်အမြောက်တပ်(နေပူခံ)ကုန်းရှိရာ ခမရ (၉၇)တပ်တွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

၎င်းကားများသည် မြဝတီ၊ လေးကေ့ကော်မြို့သစ်သို့သွားရောက်ရန်အတွက် ယခင်ရက်ပိုင်းများကတည်းက ကော့ကရိတ် စကခ(၁၂)သို့ရောက်ရှိနေသော ယာဉ်များဖြစ်ပြီး ယခုည၌ ကော့ကရိတ်-မြဝတီလမ်းဟောင်းအတိုင်း သွားလာနိုင်ခြေများကြောင်း မြို့ခံများထံမှတစ်ဆင့် သိရှိခဲ့ရပါသည်။

"မြို့ထဲကို တမင်များလှည့်ပြနေလားမသိဘူး။ မြို့ထဲဝင်လာတာကို အားလုံး‌တွေ့လိုက်တယ်။ ပြီးတော့ ဆေးရုံလမ်းကလာတာဆိုတော့ ကော့နွဲလမ်းကနေ လမ်းသစ်ဖက်ကို တက်မယ်လို့ထင်ထားတာ။ ဒါပေမယ့် (၉၇)တပ်ထဲကို ဝင်သွားပြီး။ တက်မယ့်တက် လမ်းဟောင်းဖက်ပဲတက်ဖို့များတယ်။"ဟု ယာဉ်တန်းအားတွေ့ရှိခဲ့သူတစ်ဦးမှ KO Newsသို့ ပြောကြားခဲ့ပါသည်။

ဓါတ်ပုံ - ပုံဟောင်း

မြ၀တီမြို့မြို့တောင်ဘက် လေးကေကော်ဒေသတွင် တိုက်ပွဲပြင်းထန် မြန်မာဘက်ကပစ်သည့် လက်နက်ကြီးကျည် (၅) လုံး ထိုင်းဘက်ခြမ်းကျရောက...
24/12/2021

မြ၀တီမြို့မြို့တောင်ဘက် လေးကေကော်ဒေသတွင် တိုက်ပွဲပြင်းထန် မြန်မာဘက်ကပစ်သည့် လက်နက်ကြီးကျည် (၅) လုံး ထိုင်းဘက်ခြမ်းကျရောက် ထောင်နှင့်ချီသည့် ဒေသခံများထိုင်းဘက်သို့တိမ်းရှောင်

ဒီဇင်ဘာ - ၂၄ - ၂၀၂၁
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ

ဒီကနေ့မနက် မြန်မာစံတော်ချိန် န့နက် ၁၀ နာရီလောက်မှာ ကင်းထောက်တိုက်လေယာဉ်တစီး လျာေရာက်ပျံသန်းပြီး မကြာမီအချိန်တွင် မြ၀တီမြို ပတောင်ဘက်ရှိ လေးကေကော်ဒေသအတွင် နှစ်ဖက်တပ်များအကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

ယနေ့တွင်ဖြစ်ပွားသည့် တိုက်ပွဲဂယက်ရိုက်ခတ်မှုကြောင့် မြန်မာဘက်ကပစ်လိုက်သည့် လက်နက်ကြီးကျည်များ ထိုင်းဘက်ခြမ်းမဲဆောက်နယ်စပ်သို့ (၅) လုံးထက်မနည်း ကျရောက်ခဲ့သည့်အပြင် မြန်မာဘက်ခြမ်းမှ ထောင်နှင့်ချီသည့် ဒေသခံများ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်နေကြဆဲဖြစ်သည်။

အခြေအနေများကို လေ့လာသုံးသပ်ထားသည့် ထိုင်းနိုင်ငံဘက်က မြန်မာစစ်ဘေးရှောင် (၁၀,၀၀၀) ကျော်အတွက် နေရာထိုင်ခင်းများ ထိုင်းဘက်ခြမ်းတွင် ကြိုတင်ပြင်ဆင်ထားသည်။

News

စစ်တပ်၏တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်းနှင့် လက် နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများ ညတွင်းချင်း ထိုင်းဘက်ထွက်ပြေးရရန်ကုန်၊...
24/12/2021

စစ်တပ်၏တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်းနှင့် လက် နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများ ညတွင်းချင်း ထိုင်းဘက်ထွက်ပြေးရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လေးကေ့ကော်ဒေသကို ညအချိန် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် စစ်ဘေးရှောင် ပြည်သူများမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးရပြီး ထိုင်းတော်ဝင် တပ်မတော်က စစ်ကားဖြင့် ခေါ်ယူ၍ စစ်ဘေးရှောင်စခန်းများသို့ ပို့ဆောင်ပေးကြောင်း ကရင်အမျိုးသားမီဒီယာက သတင်းဖော်ပြသည်။

ထိုင်းတော်ဝင်တပ်မတော်က ညအချိန် သောင်းရင်းမြစ်ကို ဖြတ်ပြေးလာသော မြန်မာစစ်ဘေးရှောင်များကို ထရပ်ကားဖြင့် သယ်ယူ၍ စစ်ဘေးရှောင်စခန်း ပို့ဆောင်ပေးခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ထပ်မံ ဝင်ရောက်လာမည့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများအတွက်လည်း ကြိုတင်ပြင်ဆင်မှုများစွာ လုပ်ဆောင် နေပြီဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်မှ စစ်ဘေးရှောင်ကူညီသူများက ပြောဆိုကြသည်။

ဓာတ်ပုံ- ညတွင်းချင်း ထွက်ပြေးကြရသည့် မြန်မာစစ်ဘေးရှောင်များကို ထိုင်းနိုင်ငံက ကူညီထားစဉ်။

Photo - ကရင်အမျိုးသားမီဒီယာ

23/12/2021

သတိပေးချက်..........................
ယနေ့ည ၂၃.၁၂.၂၀၂၁ ယနေ့ည ၁၀နါရီ

စကစဘက်မှ အလစ်အငိုက် လေယဥ်ပျံဖြင့်
ပျံသန်းပြီး ရုပ်မာစွာ တိုက်ခိုက်နေသည်

ပြည်သူများအနေဖြင့်လည်း သတိကြီးစွာ ထားပါရန်

စကစဘက်မှ စတင်ပစ်ခတ်သည့်အတွက်
အချိန်မရွေးတိုက်ပွဲးပြန်ဖြစ်နိူင်ပါသည်

ထိုအတွက်ကြောင့် စားနပ်ရိက္ခာတွေ အလွယ်တကူ အနားတွင်ထားပါရန်

မိသားစု အမာခံရှိသည့်နေရာတွင် တစုတစည်းထဲ နေကြပါရန်

ယခင်စစ်ဘေးရှောင်နေရာများ
သောင်ရင်းမြစ်ဘေးတွင် နေထိုင်ကြသော စစ်ဘေးရှောင်များ အမြန်ရှောင်ရှားပါရန်

မြဝတီမြို့တွင်းမှာလည်း သတိကြီးစွာ ထားပါရန် သတိပေးအပ်ပါသည်

MPDF

ရွှေပြည်သာမြို့နယ်၌ ဖရဲသီးရောင်းချပြီး မိသားစုဝင်များကို လုပ်ကျွေးနေသည့် အသက် ၁၁ အရွယ် မိန်းခလေး သေဆုံးလျက် ပြန်လည်တွေ့ရ...
23/12/2021

ရွှေပြည်သာမြို့နယ်၌ ဖရဲသီးရောင်းချပြီး မိသားစုဝင်များကို လုပ်ကျွေးနေသည့် အသက် ၁၁ အရွယ် မိန်းခလေး သေဆုံးလျက် ပြန်လည်တွေ့ရှိ
……………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ (People Media)

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သံဒင်း (၁၉) ရပ်ကွက်၊ ဝင်္ကပါအိမ်ရာအနီး၌ နေထိုင်ပြီး မိသားစု ဝင်များကို ဖရဲသီးရောင်းချ၍ အလုပ်အကျွေးပြုလျက်ရှိသည့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်သည် ၃ ရက် ပျောက်ဆုံးသွားပြီးနောက် ၎င်း၏ အလောင်းကို တံတားအောက်၌ ပြန်လည်တွေ့ရှိခဲ့သည်။

Website တွင် ဝင်ရောက်ဖတ်ရှုရန် >> https://bit.ly/32mxov9

ဖူးပွင့်သခင်အိမ်မှ ပစ္စည်းများခိုးယူထွက်ပြေးသည့် လင်မယား ဖမ်းဆီးရမိ- - - - - -သရုပ်ဆောင် ဖူးပွင့်သခင်အိမ်တွင် နေစရာမရှိလ...
23/12/2021

ဖူးပွင့်သခင်အိမ်မှ ပစ္စည်းများခိုးယူထွက်ပြေးသည့် လင်မယား ဖမ်းဆီးရမိ
- - - - - -
သရုပ်ဆောင် ဖူးပွင့်သခင်အိမ်တွင် နေစရာမရှိလို့ သနားပြီး အိမ်အကူခေါ်ထားမိရာက အိမ်တွင်းပစ္စည်းတွေ တစ်ခုမကျန် ခိုးယူထွက်ပြေးသွားသော လင်မယားနှစ်ယောက်အား ထန်းတစ်ပင်မြို့နယ်တွင် ဖမ်းဆီးရမိသည်ဟု သိရသည်။

Photo : Original Uploder

ဖားကန့်တွင် ယနေ့ မြေပြိုမှု အလောင်း ၁ လောင်းသာ ဆယ်နိုင်သေး၊ အများအပြား ပျောက်ဆုံးနေဆဲရန်ကုန်၊ ဒီဇင်ဘာ ၂၂ ကချင်ပြည်နယ်၊ ဖ...
22/12/2021

ဖားကန့်တွင် ယနေ့ မြေပြိုမှု အလောင်း ၁ လောင်းသာ ဆယ်နိုင်သေး၊ အများအပြား ပျောက်ဆုံးနေဆဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီဆာကျေးရွာ အောင်သာယာမှော် ၂ တွင် ယနေ့ နံနက် မြေစာပုံ ပြိုကျမှု ကြောင့် သေဆုံးသူ အလောင်း ၁ လောင်းကို ညနေပိုင်းတွင် ဆယ်ယူရရှိပြီး အများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖားကန့်ဒေသခံများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ် အချိန် ဖားကန့် မှော်ဆီဆာကျေးရွာ အောင်သာယာမှော် ၂ အနီး ရေကန်ထဲ စွန့်ပစ်မြေစာ ပစ်သည့် နေရာတွင် မြေပြိုကျမှု့ ကြောင့်ရေမဆေးကျောက် ရှာနေသူ အများအပြား ပျောက်ဆုံးခဲ့ကြောင်း သိရှိရသည်။

"အခု ညနေပိုင်းအထိ အလောင်း ၁လောင်း ဆယ်ယူရရှိထားပါတယ်။ အနည်းဆုံး ၂၀ လောက်သေဆုံးနိုင်တယ်။ မနက် မြေစာပစ်တာ နားတဲ့အချိန်ဖြစ်တာမို့လို့ လူအသေအပျောက်နည်းနိုင်တာပါ။ အဲဒီအချိန်ထက်စောမြေပြိုရင် လူရာ ဂဏာန်းသေဆုံးနိုင်ပါတယ်။ မြေပြိုတဲ့အချိန်မှာ ရေကန်ထဲ က ဖောင်တွေပေါ် တွယ် တက် လိုက်နိုင်တာကြောင့် ရေမဆေးကျောက်ရှာသူ တချို့ အသက်ဘေးက လွယ်မြောက်ပါတယ်။ လွတ်မြောက်လာသူ ၅၀ခန့်ရှိပါတယ်။ တချို့က ရေလိုင်းပုတ်ပြီး ကမ်းပေါ် တင်ပြီး အသက်ရှင်တဲ့လူလည်းရှိပါတယ်။
မြေစာပစ်တာ နားလိုက်တဲ့အချိန်မို့သေတာနည်းသွားတာ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း ဖားကန့်တွင် မြေပြိုမှု ဖြစ်ပွားပြီး ယနေ့ အလောင်း ၃ လောင်း ဆယ်ယူရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်ဘေးရှောင် ကိုယ်ဝန်သည်တစ်ဦး မဲဆောက်စစ်ရှောင်စခန်းမှာ ကလေးမွေးဖွားဒီဇင်ဘာ-၂၀၊ ၂၀၂၁လေးကေကော်တိုက်ပွဲကြောင့် ထိုင်းနိုင်င...
21/12/2021

စစ်ဘေးရှောင် ကိုယ်ဝန်သည်တစ်ဦး မဲဆောက်စစ်ရှောင်စခန်းမှာ ကလေးမွေးဖွား

ဒီဇင်ဘာ-၂၀၊ ၂၀၂၁

လေးကေကော်တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ရှောင်တိမ်းနေခဲ့ရတဲ့ စစ်ရှောင်စခန်း ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးဟာ ဒီကနေ့ညပိုင်းမှာ ကလေးမွေးဖွားခဲ့တယ်လို့ မဲဆောက်သတင်းမီဒီယာထံကနေ သိရပါတယ်။

မဲဆောက်မြို့ မဲတောင်စစ်ရှောင်စခန်းထဲမှာ ရောက်ရှိခိုလှုံနေစဉ် ဗိုက်နာလာလို့ စခန်း တာဝန်ရှိသူတွေ၊ ကျန်းမာရေးအဖွဲ့တွေက လာရောက် ပြုစုခဲ့ပြီး စခန်းထဲမှာ မွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။

“စစ်ပြေးရင်းနဲ့ရောက်လာတာ။ ပြေးရင်းဗိုက်နာလို့။ ထိုင်းဆေးအဖွဲ့က မွေးပေးလိုက်တာ” လို့ မဲဆောက်သတင်းမီဒီယာမှာ ရေးသားဖော်ပြထားပါတယ်။

မိခင်နဲ့ ကလေးဖြစ်သူကတော့ ကျန်းကျန်းမာမာရှိနေတယ်လို့ သိရပါတယ်။

FM

🟢 PDF ကို ပစ်ခတ်တဲ့ လက်နက်ကြီး စစ်ကောင်စီတပ်ထဲ ပြန်ကျပြီး (၁၅)ဦး သေဆုံးရွှေဖီမြေ၊ နိုဝင်ဘာ ၁၂ ရက်၊ ကောလင်းစစ်ကိုင်းတိုင...
12/11/2021

🟢 PDF ကို ပစ်ခတ်တဲ့ လက်နက်ကြီး စစ်ကောင်စီတပ်ထဲ ပြန်ကျပြီး (၁၅)ဦး သေဆုံး

ရွှေဖီမြေ၊ နိုဝင်ဘာ ၁၂ ရက်၊ ကောလင်း

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲမှာ ကောလင်း PDF ကို စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ စစ်ကောင်စီတပ်ထဲ ပြန်ကျတာကြောင့် (၁၅)ဦး သေဆုံးသွား​ပါတယ်။

မနေ့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက ကောလင်းအနောက်ခြမ်း ချောင်းနားကျေးရွာအုပ်စု ဥက္ကံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အား (၂၀၀)ခန့်ဟာ ဥက္ကံအနောက်​သို့ စစ်ကြောင်းထွက်ရာ ကောလင်း PDF က ပျောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းပစ်ခဲ့တယ်လို့ Kawlin Revolution က မနေ့ည ၈ နာရီကျော်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ အချင်းချင်းကြားထဲ ကျကွဲရာ သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေလည်းရှိပြီး ချောင်းနားတိုက်နယ် ဆေးရုံမှာ အလောင်းတွေ ပြန်သယ်ပြီးတော့ ဒဏ်ရာရသူအချို့ကို ဆေးကုနေကြောင်း ဖော်ပြထားပါတယ်။

#တိုက်ပွဲ #စစ်ကောင်စီ #လက်နက်ကြီး #ထိမှန်သေဆုံး #ကောလင်း
#ဓာတ်ပုံ- Google (ပုံဟောင်းကို အသုံးပြုထားတာ ဖြစ်ပါတယ်)
https://www.facebook.com/451214215694715/posts/1073163616833102/

ဝမ်းတွင်းမြို့နယ်၊ မူလတန်းကျောင်းအုပ်ဆရာမကြီး သေနတ်ပစ်ခံရ၍ သေဆုံးမန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာနေ မူလ...
12/11/2021

ဝမ်းတွင်းမြို့နယ်၊ မူလတန်းကျောင်းအုပ်ဆရာမကြီး သေနတ်ပစ်ခံရ၍ သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာနေ မူလတန်းကျောင်းအုပ်ဆရာမဒေါ်စိန်ကြည်နိုဝင်ဘာလ ၁၁ရက်နေ့ နေ့လည်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားသည်။

ဆရာမကြီးသည် ခင်ပွန်းဖြစ်သူနှင့် နေအိမ်အတွင်း ထိုင်နေစဉ် ...

ဆက်လက်ဖတ်ရှုရန် >> https://wp.me/paRxJm-gwK

12/11/2021

ယနေ့ သတင်းထူး
ယနေ့ မြန်မာ တံခါးပိတ် ဆွေးနွေးပွဲးမှာ
ဒုဗိုလ်ချုပ် တကောင်ကို အထက် psoက သေနတ်ဖြင့်ပြစ်
၁၂.၁၁.၂၀၂၁

ထားဝယ်က အမျိုးသမီး မှုခင်းသတင်းထောက်  သေနတ်နဲ့ ပစ်သတ်ခံရထားဝယ်၊ နိုဝင်ဘာလ ၁၂တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆန်းချီ...
12/11/2021

ထားဝယ်က အမျိုးသမီး မှုခင်းသတင်းထောက် သေနတ်နဲ့ ပစ်သတ်ခံရ

ထားဝယ်၊ နိုဝင်ဘာလ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ ပုံကျွန်းရပ်မှာ နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လည်ပိုင်းက အမျိုးသမီးမှုခင်းသတင်းထောက် တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

သေဆုံးသူမှာ ပုံကျွန်းရပ်နေ ဒေါ်ဇာခြည်ဦး ၄၅ နှစ်ဆိုသူဖြစ်ပြီး စစ်ကောင်စီသတင်းပေး တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ယနေ့ နေ့လည် ၁၂ နာရီခန့်မှာ ဒေါ်ဇာခြည်ဦး ဟာ ပုံကျွန်းရပ်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုမှာ ရှိနေချိန်မှာ ဆိုင်ကယ်နဲ့လာတဲ့ အမည်မသိ အမျိုးသား ၂ ဦးက သေနတ်နဲ့ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဒေါ်ဇာခြည်ဦးမှာ ရရှိသေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။

"သူက မှုခင်းသတင်းထောက်လဲ လုပ်တယ်လို့ သိရတယ်။ ခုတော့ လုပ်မလုပ် မသိရဘူး။ ဒီနေ့လည်မှာ သေနတ်နဲ့ပစ်ခံရပြီး သေသွားတယ်လို့ သိရတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒေါ်ဇာခြည်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လမ်းသွားလမ်းလာတွေနဲ့အနီးအနားက ပြည်သူတွေကို စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်ဇာခြည်ဦးကို ပိုကျွန်းရပ်အတွင်း သေနတ်နဲ့ ဦးခေါင်း၊ခန္ဓာကိုယ်တို့ကို ၉ ချက်တိတိ ပစ်ခတ်ရှင်းလင်းသုတ်သင်လိုက်တယ်လို့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့(Guerilla Dawei)က ထုတ်ပြန်ထားပါတယ်။

သတင်း - သံလွင်တိုင်းမ်

မြန်မာသံအဆိုတော် မိုးသက်နိုင် ကွယ်လွန် Covid ရောဂါနဲ့ ကွယ်လွန်သွားတာလို့သိရပြီး ယနေ့ ၁၂ ရက် နိုဝင်ဘာ ၂၀၂၁ နေ့မှာ ကွယ်လွန...
12/11/2021

မြန်မာသံအဆိုတော် မိုးသက်နိုင် ကွယ်လွန်

Covid ရောဂါနဲ့ ကွယ်လွန်သွားတာလို့သိရပြီး ယနေ့ ၁၂ ရက် နိုဝင်ဘာ ၂၀၂၁ နေ့မှာ ကွယ်လွန်သွားတယ်လို့ သရုပ်ဆောင် ဒေါင်းဝေ နှင့် အဆိုတော် ဗညားဟန်တို့က စိတ်မကောင်းစွာ လူမှုကွန်ယက်မှာ ဝေမျှထားကြပါတယ်။

RIP
#မိုးသက်နိုင်
#မိုးသောက်ကြယ်

အမေရိကန်ဂျာနယ်လစ် Danny Fenster ကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်ချမှတ်ရန်ကုန်၊ နိုဝင်ဘာ ၁၂ အမေရိကန်ဂျာနယ်လစ် Danny Fenst...
12/11/2021

အမေရိကန်ဂျာနယ်လစ် Danny Fenster ကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်ချမှတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၂

အမေရိကန်ဂျာနယ်လစ် Danny Fenster ကို အကြမ်းဖက်စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက်ကြောင်း ရိုက်တာက သတင်းဖော်ပြသည် ။

ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ပြီး Danny Fensterကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၊ ဗီဇာစည်းကမ်းချိုးဖောက်မှု ၊အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၊ တရားမဝင် အ သင်း ဆက်သွယ်မှုများဖြင့် ဖက်ဆစ်စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဆူဒန် အာဏာသိမ်း စစ်ခေါင်းဆောင်က အချုပ်အခြာအာဏာကောင်စီသစ် ဖွဲ့စည်းကာ သူ့ကိုယ်သူ ဥက္ကဋ္ဌ ခန့်---အကုန်သိ သတင်းဌာန---       ...
12/11/2021

ဆူဒန် အာဏာသိမ်း စစ်ခေါင်းဆောင်က အချုပ်အခြာအာဏာကောင်စီသစ် ဖွဲ့စည်းကာ သူ့ကိုယ်သူ ဥက္ကဋ္ဌ ခန့်
---အကုန်သိ သတင်းဌာန---
ဆူဒန်နိုင်ငံ စစ်တပ်အကြီးအကဲ အဗ္ဗဒယ် ဖာတက် အယ်ဘူရ်ဟန်ဟာ အသွင်ကူးပြောင်းရေးကောင်စီသစ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး သူ့ကိုယ်သူ ကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်တယ်လို့ နိုင်ငံပိုင် မီဒီယာက ကြာသပတေးနေ့(နိုဝင်ဘာ ၁၁) မှာ ကြေညာပါတယ်။
အဖွဲ့ဝင် ၁၄ ဦးပါဝင်တဲ့ အချုပ်အခြာအာဏာကောင်စီသစ်မှာ ဆူဒန်ဒေသအသီးသီးကို ကိုယ်စားပြုတဲ့ အရပ်သားတွေ ပါဝင်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ်ကစလို့ စစ်တပ်နဲ့ အာဏာခွဲဝေကျင့်သုံးခဲ့တဲ့ နိုင်ငံရေးညွန့်ပေါင်းအဖွဲ့- လွတ်လပ်မှုနဲ့အပြောင်းအလဲအင်အားစု (FFC) မှ တာဝန်ရှိသူတွေ မပါဝင်ခဲ့ပါဘူး။
အာဏာသိမ်း ဗိုလ်ချုပ်ကြီး ဘူရ်ဟန်ရဲ့ လက်ထောက်အဖြစ် အင်အားကောင်း အရန်တပ်တစ်ခုဖြစ်တဲ့ Rapid Support Forces(RSF) ရဲ့ တပ်မှူး မိုဟာမက် ဟမ်ဒန် ဒါဂလို ဆက်ရှိနေမှာဖြစ်ကာ ၎င်းတို့နှစ်ဦးစလုံးဟာ အာဏာသိမ်းမှုမတိုင်ခင်က ရာထူးနေရာတွေကို ဆက်လက်ချုပ်ကိုင်ထားကြပါတယ်။
ကောင်စီသစ်ဖွဲ့စည်းလိုက်တဲ့ လုပ်ရပ်ကြောင့် အရပ်ဖက်အုပ်စုများရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ ပိုပြင်းထန်လာဖွယ်ရှိပါတယ်။ စစ်တပ်အာဏာသိမ်းမှုအပေါ် လူထု အာဏာဖီဆန်ခြင်း(CDM) သပိတ်မှောက်ခြင်း၊ လူထု ဆန္ဒပြခြင်းတွေနဲ့ တွန်းလှန်သွားမယ်လို့ အရပ်ဖက်အုပ်စုတွေက ကတိပြုထားကြပြီး စနေနေ့မှာ ဆန္ဒပြပွဲလုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်က အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရထားတဲ့ သူပုန်အုပ်စုတွေရဲ့ ကိုယ်စားလှယ်တွေလည်း ကောင်စီသစ်မှာ ပါဝင်ခဲ့ပါတယ်။ သို့ပေမယ့် စစ်အာဏာသိမ်းမှုကို လက်မခံဘူးလို့ ယင်း သူပုန်အုပ်စုတွေက ယခုသီတင်းပတ်အတွင်း ကြေညာထားခဲ့ပါတယ်။
အောက်တိုဘာ ၂၅ ရက်မှာ စစ်တပ်ရဲ့ အာဏာသိမ်းလိုက်မှုကြောင့် စစ်ဖက်-အရပ်ဖက် အာဏာခွဲဝေကျင့်သုံးတဲ့ နိုင်ငံရေးအစီအစဉ်ကို အဆုံးသတ်သွားစေခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ သမ္မတဟောင်း အိုမာ အယ်ဘာရှားကို ဖြုတ်ချခဲ့ပြီးနောက် ယင်း စစ်ဖက်-အရပ်ဖက် အသွင်ကူးပြောင်းရေးကောင်စီကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွေ ကျင်းပချိန်အထိ ကောင်စီက တိုင်းပြည်ကို ဦးဆောင်သွားဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ The Hindu

(zawgyi)

ဆူဒန် အာဏာသိမ်း စစ်ခေါင်းဆောင်က အချုပ်အခြာအာဏာကောင်စီသစ် ဖွဲ့စည်းကာ သူ့ကိုယ်သူ ဥက္ကဋ္ဌ ခန့်
---အကုန်သိ သတင်းဌာန---
ဆူဒန်နိုင်ငံ စစ်တပ်အကြီးအကဲ အဗ္ဗဒယ် ဖာတက် အယ်ဘူရ်ဟန်ဟာ အသွင်ကူးပြောင်းရေးကောင်စီသစ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး သူ့ကိုယ်သူ ကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်တယ်လို့ နိုင်ငံပိုင် မီဒီယာက ကြာသပတေးနေ့(နိုဝင်ဘာ ၁၁) မှာ ကြေညာပါတယ်။
အဖွဲ့ဝင် ၁၄ ဦးပါဝင်တဲ့ အချုပ်အခြာအာဏာကောင်စီသစ်မှာ ဆူဒန်ဒေသအသီးသီးကို ကိုယ်စားပြုတဲ့ အရပ်သားတွေ ပါဝင်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ်ကစလို့ စစ်တပ်နဲ့ အာဏာခွဲဝေကျင့်သုံးခဲ့တဲ့ နိုင်ငံရေးညွန့်ပေါင်းအဖွဲ့- လွတ်လပ်မှုနဲ့အပြောင်းအလဲအင်အားစု (FFC) မှ တာဝန်ရှိသူတွေ မပါဝင်ခဲ့ပါဘူး။
အာဏာသိမ်း ဗိုလ်ချုပ်ကြီး ဘူရ်ဟန်ရဲ့ လက်ထောက်အဖြစ် အင်အားကောင်း အရန်တပ်တစ်ခုဖြစ်တဲ့ Rapid Support Forces(RSF) ရဲ့ တပ်မှူး မိုဟာမက် ဟမ်ဒန် ဒါဂလို ဆက်ရှိနေမှာဖြစ်ကာ ၄င်းတို့နှစ်ဦးစလုံးဟာ အာဏာသိမ်းမှုမတိုင်ခင်က ရာထူးနေရာတွေကို ဆက်လက်ချုပ်ကိုင်ထားကြပါတယ်။
ကောင်စီသစ်ဖွဲ့စည်းလိုက်တဲ့ လုပ်ရပ်ကြောင့် အရပ်ဖက်အုပ်စုများရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ ပိုပြင်းထန်လာဖွယ်ရှိပါတယ်။ စစ်တပ်အာဏာသိမ်းမှုအပေါ် လူထု အာဏာဖီဆန်ခြင်း(CDM) သပိတ်မှောက်ခြင်း၊ လူထု ဆန္ဒပြခြင်းတွေနဲ့ တွန်းလှန်သွားမယ်လို့ အရပ်ဖက်အုပ်စုတွေက ကတိပြုထားကြပြီး စနေနေ့မှာ ဆန္ဒပြပွဲလုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်က အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရထားတဲ့ သူပုန်အုပ်စုတွေရဲ့ ကိုယ်စားလှယ်တွေလည်း ကောင်စီသစ်မှာ ပါဝင်ခဲ့ပါတယ်။ သို့ပေမယ့် စစ်အာဏာသိမ်းမှုကို လက်မခံဘူးလို့ ယင်း သူပုန်အုပ်စုတွေက ယခုသီတင်းပတ်အတွင်း ကြေညာထားခဲ့ပါတယ်။
အောက်တိုဘာ ၂၅ ရက်မှာ စစ်တပ်ရဲ့ အာဏာသိမ်းလိုက်မှုကြောင့် စစ်ဖက်-အရပ်ဖက် အာဏာခွဲဝေကျင့်သုံးတဲ့ နိုင်ငံရေးအစီအစဉ်ကို အဆုံးသတ်သွားစေခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ သမ္မတဟောင်း အိုမာ အယ်ဘာရှားကို ဖြုတ်ချခဲ့ပြီးနောက် ယင်း စစ်ဖက်-အရပ်ဖက် အသွင်ကူးပြောင်းရေးကောင်စီကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွေ ကျင်းပချိန်အထိ ကောင်စီက တိုင်းပြည်ကို ဦးဆောင်သွားဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ The Hindu

ရေး-မော်လမြိုင် ကားလမ်းတွင် ယာဉ်နှစ်စီးတိုက်မိ၊  ၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရDVBရေး-မော်လမြိုင် လမ်းမကြီးမှာ နိုဝင်ဘာ ၁၁ ...
12/11/2021

ရေး-မော်လမြိုင် ကားလမ်းတွင် ယာဉ်နှစ်စီးတိုက်မိ၊ ၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ
DVB
ရေး-မော်လမြိုင် လမ်းမကြီးမှာ နိုဝင်ဘာ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲလောက်က ရာဘာသစ်တင်တဲ့ ကုန်ကား နဲ့ Light truck ကား တိုက်မိတာကြောင့် ၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
http://burmese.dvb.no/archives/499787
#ယာဉ်နှစ်စီးတိုက်မိ #ရေး-မော်လမြိုင်ကားလမ်း

ကသာတိုက်ပွဲတွင် PDF မှ အသက် ၂၁ အရွယ် မောင်အောင်မိုးကျဆုံးရန်ကုန်၊ နိုဝင်ဘာ ၁၂ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် နိုဝင်ဘာလ...
12/11/2021

ကသာတိုက်ပွဲတွင် PDF မှ အသက် ၂၁ အရွယ် မောင်အောင်မိုးကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် နိုဝင်ဘာလ ၁၀ ရက်နေ့ ဖြစ်ပွားသော စစ်ကောင်စီနှင့် PDF ၊ KIA ပူးပေါင်းတိုက်ပွဲတွင် အသက် ၂၁ နှစ်အရွယ် PDF ရဲဘော် မောင်အောင်မိုးကျဆုံးခဲ့ကြောင်း Kathar Revolution က ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၄နာရီ ခန့်တွင် ကသာမြို့နယ် မိုးတားလေး ဥယျာဥ်စုတွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDFတို့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားရာ တိုက်ပွဲ ဖြစ်နေစဥ်အတွင်း ကျေးရွာများသို့ လက်နက်ကြီးများထိမှန်မည်စိုးရိမ်ရသောကြောင့် စစ်ကြောင်းပြန်ဆုတ်ခဲ့ရာမှ ထိုလူငယ်လေး ၏ နောက်​ကျောမှတစ်ဆင့် သေနတ်ထိမှန်ပြီးကျဆုံးခဲ့ကြောင်း Kathar Revolution က ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှလည်း ၅ ဦးကျဆုံးကြောင်း သိရှိရသည်။

ရှဒူးဇွပ်ကျေးရွာတွင် တောဝက်ပက်သဖြင့် တစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရဖားကန့် - နိုဝင်ဘာ ၁၁၊ ၂၀၂၁။ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရ...
12/11/2021

ရှဒူးဇွပ်ကျေးရွာတွင် တောဝက်ပက်သဖြင့် တစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရ

ဖားကန့် - နိုဝင်ဘာ ၁၁၊ ၂၀၂၁။

ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာတွင် ယနေ့ မနက် ၁၀ ဝန်းကျင်ခန့်က တောဝက်တစ်ကောင်ပက်သဖြင့် ဒေသခံ အမျိုးသားတစ်ဦးသဆုံးပြီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တောထဲတွင် ထောင်ထားသည့်ထောင်ချောက်တွင် တောဝက်တစ်ကောင်ဖမ်းမိရာမှ အဆိုပါ တောဝက်မှ ပြန်ရန်ပြုခဲ့သောကြောင့် သေဆုံးဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့ သုံးယောက် က တောထဲ ထောင်ချောင်ထောင်ထားတာပေါ့ ၊ အဲ့တာ ဝက်တစ်ကောင်မိနေတာ၊ ဝက်ကတော်တော်ကြီးတယ်၊ သူတို့က ဝက်ကို ဓားနဲ့သွားခုတ်တော့ ဓားလည်း ပြန်ကိုက်တာပဲ၊ ဆုံးသွားတဲ့သူက ထောင်ချောက်ကြိုးပျက်တော့မယ် ထွက်ပြေးဆိုတာကို မထွက်ပြေးလိုက်နိုင်ဘူးပေါ့၊ တောဝက်က အသားကုန်အစွယ်နဲ့ပက် သွားတာ” ဟု သူကပြောသည်။

သေဆုံးသူ အသက် (၆၆) နှစ်အရွယ် သင်းထောက် ဦးမန်ရှန်ရော်ထန့် (MangShang Yaw Htang) သည် သူ၏ ခြေထောက်နှစ်ဖက်လုံးတွင် ဒဏ်ရာများရရှိခဲ့သည့်အပြင် သူ၏ အသဲတွင်လည်း ဒဏ်ရာပြင်းထန်စွာရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တောဝက်ကို စစ်ကောင်စီတပ်က သေနတ်ဖြင့် လေးကြိမ်ပစ်သတ်ခဲ့ရကြောင်း သူက ဆက်ပြောသည်။

“သူတို့အော်လို့ အသံကြားလို့ ကားလမ်းမှာ ရှိနေတဲ့ သူတွေကိုခေါ်ပြီး ပြန်သွားကယ်ရတာပေါ့၊ စစ်တပ်က လူတွေကို အကူအညီယူပြီး သွားပစ်ပြီး ဖမ်းခဲ့တာပေါ့ လေးကြိမ်လောက် သေနတ်နဲ့ပစ်လိုက်ရတယ်၊ ဝက်က အလောင်းနားမှာကို စောင့်နေတာလေ” ဟု သူကပြောသည်။

ဒဏ်ရာပြင်းထန်သည့် အသက် ၅၀ အရွယ် ဦးဒေါင်ခေါင်ကို မြစ်ကြီးနား ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သူကဆက်ပြောသည်။

ကောက်ရိတ်သိမ်းချိန်ဖြစ်သောကြောင့် ယခုကဲ့သို့ တောဝက်များ ထွက်ပေါ်လာတတ်လေ့ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ဖြစ်ပွားမှုသည် အဆိုပါ နေရာတွင် မဖြစ်ပွား သည်မှာ နှစ်အတော်ကြာပြီဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာသည် ရွာနှင့် နှစ်မိုင်ခန့်ဝေးသည့် နေရာဖြစ်သည်။

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ - https://bit.ly/3vPLY7e

အင်းတကော်တွင် ပေါက်ကွဲမှု ၃ နေရာ ဆက်တိုက်ဖြစ်KTM နိုဝင်ဘာ ၁၁ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ်တွင် ဒီနေ့ညနေ ပေါက်ကွဲမှ...
11/11/2021

အင်းတကော်တွင် ပေါက်ကွဲမှု ၃ နေရာ ဆက်တိုက်ဖြစ်
KTM နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ်တွင် ဒီနေ့ညနေ ပေါက်ကွဲမှု ၃ နေရာ ဆက်တိုက်ဖြစ်ကြောင်း ဒေသခ့များထံမှ သိရပါသည်။

၁။ ထွေအုပ်ရုံး၊
၂။ ထောက်ပို့တပ်ဂိတ်
၃။အမှတ်၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး

ပေါက်ကွဲမှုတွေ ယနေ့ည 7နာရီမထိုးခင်လောက်က ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံများက KTM သို့ပြောပါသည်။

အဆိုပါ ပေါက်ကွဲမှုကြောင်း အထိအခိုက် ရှိမရှိတော့ မသိရသေးဘူးလို့ ပြောပါသည်။

ထိုင်းကပဲဖမ်းနှိုင်မလား?၊မြန်မာတွေကပဲ ဘတ် (၂ဝဝဝဝ) ကျော်ပေးပြီးသွားနှိုင်မလား?။ဖမ်းလေသွားလေပဲ။..............................
11/11/2021

ထိုင်းကပဲဖမ်းနှိုင်မလား?၊မြန်မာတွေ
ကပဲ ဘတ် (၂ဝဝဝဝ) ကျော်ပေးပြီး
သွားနှိုင်မလား?။ဖမ်းလေသွားလေပဲ။...............................................
နိုဝင်ဘာ ၁၁ ရက်။

ယနေ့နိုဝင်ဘာ ၁၁ ရက်နေ့ ၁၁းဝဝ နာရီ
ချိန်က ထိုင်းနိုင်ငံကန်ကျနဘူရီခရိုင် ဆိုင်း
ယုတ် မြို့နယ် စီမုန်ခွန် ရွာအနီး နာနတ်
တောထဲတွင်တရားမဝင် ခိုးဝင်လာသည့်
မြန်မာနိုင်ငံသား အမျိုးသား ၅၈ ဦး အမျိုး
သမီး (၄၃) ဦး ပေါင်း(၁ဝ၁) ဦးကို အမှတ်
၁၃၆ ထိုင်းနယ်ခြားစောင့်တပ်မှဖမ်းဆီးခဲ့
ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ.....မူရင်းပိုင်ရှင်အား(Credit.)

ကော့ကရိတ်မြို့တွင်း ဆိုင်ကယ်နှင့်၃ဘီးဆိုင်ကယ်(ဘေးတွဲ)တိုက်ကြောင်းသတင်းရတာနဲ့ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ မှ ထွက်ခွာပြီး ...
11/11/2021

ကော့ကရိတ်မြို့တွင်း ဆိုင်ကယ်နှင့်၃ဘီးဆိုင်ကယ်(ဘေးတွဲ)တိုက်ကြောင်း

သတင်းရတာနဲ့ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ မှ
ထွက်ခွာပြီး ထိခိုက်ဒဏ်ရာ ရသူ အမျိုးသမီး ၂ဦး တို့အား ဆေးရုံသို့ ပို့ဆောင်ထားပါသည်။

အောင်မင်္ဂလာလမ်း နှင့် ကန်လမ်းဆုံ (တောင်ပေါ်ကျောင်း)အနီး

၁၁.၁၁.၂၀၂၁ ည၅:၅၀နာရီ ကော့ကရိတ်မြို့။

Address

မြဝတီမြို့
Bago
MYAWADDY

Telephone

+959677765651

Website

Alerts

Be the first to know and let us send you an email when Myawaddy-မြို့သတင်းနှင့် ပြည်တွင်းပြည်ပ သတင်း စုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Newspapers in Bago

Show All