Hitadara Channel

Hitadara Channel ဟိတဓရဆရာတော်ဘဒ္ဒန္တဝိမလာဘိဝံသ ၏ သာသနာပြုမှတ်တမ်းများ
(1)

04/01/2025
(၁)သိန်းတန်ကျောင်းအလှူတော်🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷ဒေါ်ခင်မိုးမိုး​ရွှေ မိသားစုကောင်းမှု၊ ရန်ကုန်မြို့
03/01/2025

(၁)သိန်းတန်ကျောင်းအလှူတော်
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷
ဒေါ်ခင်မိုးမိုး​ရွှေ မိသားစုကောင်းမှု၊ ရန်ကုန်မြို့

03/01/2025
🌺🌺🌺 ပြည်တွင်း/ ပြည်ပ ဆွမ်းအလှူရှင်များအား                   ကျေးဇူးတင်ဂုဏ်ပြုလွှာ 🌺🌺🌺🌿🌹🌿🌹🌿🌹🌿🌹🌿🌹မွန်ပြည်နယ်၊ မော်လမြိုင်မ...
01/01/2025

🌺🌺🌺 ပြည်တွင်း/ ပြည်ပ ဆွမ်းအလှူရှင်များအား
ကျေးဇူးတင်ဂုဏ်ပြုလွှာ 🌺🌺🌺

🌿🌹🌿🌹🌿🌹🌿🌹🌿🌹

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက်သို့ (2022)ခုနှစ် တစ်နှစ်တာပတ်လုံးဆွမ်းစသောလှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းပေးကြပါသော International မှ ဆွမ်းအလှူရှင်များနှင့် ပြည်တွင်းမှ ဒါယကာ၊ ဒါယိကာမအပေါင်းတို့အား မဟာမြိုင်ပရိယတ္တိစာသင်တိုက်မှ
ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

🍀🍁အလှူရှင်အပေါင်းတို့သည် သက်ရှည်ကျန်းမာ
စိတ်ချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ
ပြည့်ဝကြပါစေ
🍀🍁မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီးကို
ဒီထက်မက ချီးမြှောက်ထောက်ပံ့လှူဒါန်းနိုင်ကြပါစေ

သာဓု သာဓု သာဓု
👍👍👍👍👍👍👍👍👍👍👍👍
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

#ပရိယတ္တိစာပေဆိုတာကို ဒို့ဒကာ၊ ဒကာမတွေနားလည်ထား‌စေချင်တယ်။
ရေကန်ကြီးတစ်ခုရဲ့ ကန်ဘောင်ကြီးတစ်ခုနဲ့ တူတယ်လို့မှတ်ထား။ရေကန်ကြီးတစ်ခုမှာ ကန်ဘောင်ရိုးကြီးကို ခိုင်ခိုင်ကာ အဲဒီအထဲမယ် ရေတွေထည့်မယ် ကန်ဘောင်းရိုးမခိုင်ရင် ရေမတည်ဘူး။ ရေမတည်ရင် ကြာမျိုးငါးပါးလည်း လန်းလမ်းဆန်းဆန်း မပွင့်နိုင်တော့ဘူး။ ဒီတော့ ကြာမျိုးငါးပါးပွင်ချင်ရင် ကန်ဘောင်ရိုးကြီးကို ခိုင်အောင်ဆယ်ရမယ်။

#ပရိယတ္တိဆိုတာကန်ဘောင်ရိုး
#ပဋိပတ္တိဆိုတာကန်ထဲကရေ
#ပဋိဝေဓဆိုတာအဲဒီကန်ထဲမှာပွင့်လာတဲ့ကြာတွေလို့မှတ်ရမယ်။

ပရိယတ္တိသာသနာ့ တာဝန်ကိုထမ်းဆောင်နေတဲ့ စာသင်တိုက်ကအရှင်မြတ်တွေဟာ သာသနာ့ကန်ဘောင်ရိုးကြီးကို ဖို့နေတာ ဆယ်နေတာ။
အဲဒီသာသနာ့ကန်ဘောင်ရိုးကြီးကို အပြင်းအထန် ခါးတောင်းကျိုက်ဖို့ဆယ်နေတဲ့ စာသင်စာချ အရှင်မြတ်တွေကို ဆွမ်းလေးတစ်ဇွန်း ဟင်းလေးတစ်ခွက် နေ့စဉ်လောင်းလှုနေတယ်ဆိုတာဟာ သာသနာ့ကန်ဘောင်ရိုးကို ဝိုင်းဝန်းဆယ်ဖို့နေတာ။

အဲဒီပရိယတ္တိကိုမှ အားပေးချင်တဲ့သဘောမရှိရင်
ဘုရားတွေဘယ်လောက်ပဲပြင်နေနေ စေတီတွေတစ်တိုင်းပြည်လုံးဖွေးချင်တိုင်းဖွေးနေပါစေ စာချစာသင် မရှိခဲ့လျင် ဒီတိုင်းပြည်ကြီးမှာ ကျင့်စဉ်ဆိုတာလဲ ရှိမှာမဟုတ်‌တော့ဘူး။

ဘုရားရှင်ပွင့်တော်မူတဲ့ မဇ္ဈိမဒေသ အိန္ဒိယပြည်ကြီးမှာ ဘုရားပုထိုးတွေအများကြီး ကျန်ခဲ့သားပဲ။
ပုဂံနေပြည်တော်ကြီးမှာ ဘုရားတွေနည်းတာမှ မဟုတ်ဘဲ။
အဲဒီစေတီတွေပြည့်နေတဲ့ ပုဂံနေပြည်တော်ကြီးမှာ စာသင်တိုက်ကြီးကြီးကျယ်ကျယ် ခန်းခန်းနားနားရှိသေးရဲ့လား။

စေတီတွေပြုပြင်နေရုံနဲ့ ထီးတွေတင်နေရုံနဲ့ သာသနာပြုတယ်လို့ မဆိုနိုင်သေးဘူး။
သာသနာရဲ့ အခက်အလက် အသီးအပွင့် တစ်စုံတစ်ရာကို ဆွတ်ယူစားနေတာတော့မှန်တယ်။
သာသနာ့သစ်ပင်ကြီးက သီးပွင့်လာတဲ့ အသီးအပွင့်တွေ စားသုံးနေတာတော့ မှန်တယ်။
ကုသိုလ်ရေးလုပ်ငန်းတစ်ခု အနေနဲ့တော့မှန်တယ်။
ဘုန်းကြီးတို့အနေနဲ့ ဘာမှအပြစ်မတင်ဘူး။ရပါဦးမလား။
သာသနာပြုတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ခြေခြေမြစ်မြစ်နားလည်စေချင်လို့ ပြောနေတာပါ။
ဘုရားပြင်တာကိုလည်း ပြင်ကြ ဒါပြင်ရမှာပဲ။

ဒီတော့ သာသနာပြုတယ်ဆိုတာ ဒို့ပရိတ်သတ် ကန်ဘောင်ရိုးကြီးကို ခိုင်ခိုင်ဆယ်မှ သာသနာအရှည်ခံ၍ တည်တန့်မယ်။
ကန်ဘောင်ရိုးကြီး မခိုင်ခန့်ရင် အဲဒီကန်ထဲ ရေတွေနေဦးမလား။
ပရိယတ္တိမခိုင်ခဲ့ရင် ပဋိပတ္တိဆိုတဲ့ကျင့်စဉ်တွေ ခိုင်ပါဦးမလား။
ပဋိပတ္တိကျင့်စဉ်မခိုင်လုံရင် ပဋိဝေဓဆိုတဲ့ မဂ်ဉာဏ်ဖ်ိုလ်ဉာဏ်ဆိုတာလဲ ရဖို့မလွယ်ဘူး။ ဒါကြောင့်

ပရိယတ္တိကန်သင်း ဉာဏ်ရင်းခိုင်ကျည်

ရေကြည်ဆင့်လောင်း ကျင့်ကောင်းကြသည်

မဂ်ဖိုလ်သိရေး ပဋိဝေးကြာတည်

အဲဒါမှ သာသနာ့ကန်တာရှည်။

 #ဒုတိယဂုဏ်ထူးဆုရှင်ရှင်ရေဝတလှည်းကူးမြို့ မဇ္စျိမာင်္လကာရသာမဏေကျော်စာမေးပွဲပထမဆင့်တွင် ရှင်ရေဝတသည် မြန်မာတစ်နိုင်ငံလုံးဒ...
01/01/2025

#ဒုတိယဂုဏ်ထူးဆုရှင်ရှင်ရေဝတ
လှည်းကူးမြို့ မဇ္စျိမာင်္လကာရသာမဏေကျော်စာမေးပွဲပထမဆင့်တွင် ရှင်ရေဝတသည် မြန်မာတစ်နိုင်ငံလုံးဒုတိယဂုဏ်ထူးဆုရလျက်အောင်မြင်ပါသည်။
ယခုနှစ်တွင်ဗီယက်နမ်နိုင်ငံတွင်ပညာသင်ကြား၍မြန်မာနိုင်ငံသို့ပြန်လာလျက်စာမေးပွဲဖြေဆိုရသည်။
မဟာမြိုင်စာသင်တိုက်မော်လမြိုင်မှအောင်မြင်သူစာရင်း

၁-ရှင်ရေဝတ (ဒုတိယဂုဏ်ထူး)
၂-ရှင်သုန္ဒရ
၃-ရှင်တိက္ခဓမ္မ
၄-ရှင်ပဏ္ဍိတ
၅-ရှင်ပဏ္ဍိစ္စဝံသ
၆-ရှင်သုဇာတ
၇-ရှင်သုဝဏ္ဏ
၈-ရှင်ဇောတိဿရ
၉-ရှင်ခန္တီစာရ

ဟိတဓရဆရာတော်၏ ညအထူးတရားပွဲ🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷မော်လမြိုင်၊သိရီမြိုင်ရပ်ကွက်
28/12/2024

ဟိတဓရဆရာတော်၏ ညအထူးတရားပွဲ
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷
မော်လမြိုင်၊သိရီမြိုင်ရပ်ကွက်

25.12.2024ဟိတဓရဆရာတော်နှင့်            တပည့်သာဝကများသည်အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မြေမြတ်မဟာမှ …      အမိမြန်မာနိုင်ငံ … သိ...
25/12/2024

25.12.2024

ဟိတဓရဆရာတော်နှင့်
တပည့်သာဝကများသည်

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မြေမြတ်မဟာမှ …
အမိမြန်မာနိုင်ငံ … သို့ …

ယနေ့ …
ပြန်လည်ကြွရောက်ပါပြီ ။

4.12.2024 မှ 25.12.2024 ထိ
ရက်(၂၀) အဓိဌါန်ခရီးစဉ်

အားလုံးကျန်းမာကြပါစေ။
ချမ်းသာကြပါစေ။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

လောက သဘာဝ ဖြစ်တတ်တဲ့ သဘောလေးတွေပဲဖြစ်ပါတယ်။ မိမိ တို့ဘဝ လှပအောင် သူတပါးတို့ဘဝ လှပအောင်ရှောင်နိုင် ဆောင်နိုင်ကြစေဘို့ပါ။
25/12/2024

လောက သဘာဝ ဖြစ်တတ်တဲ့ သဘောလေးတွေပဲ
ဖြစ်ပါတယ်။
မိမိ တို့ဘဝ လှပအောင် သူတပါးတို့ဘဝ လှပအောင်
ရှောင်နိုင် ဆောင်နိုင်ကြစေဘို့ပါ။

မရိုးသားတဲ့ သူတစ်ယောက်ဆီကနေ
နားလည်မှုကို တောင်းခံနေမိရင်
ကိုယ်ပဲ ပင်ပန်းရပါလိမ့်မယ်။

မယဥ်ကျေးတဲ့ သူတစ်ယောက်ဆီကနေ
သိတက်မှုကို မျှော်လင့်နေမိရင်
ကိုယ်ပဲ နာကျင်ရပါလိမ့်မယ်။

မဖြူစင်တဲ့ သူတစ်ယောက်ဆီကနေ
စာနာမှုကို စောင့်စားနေမိရင်
ကိုယ်ပဲ ဝမ်းနည်းရပါလိမ့်မယ်။

မစာနာတက်သူကို
မတောင်းပန်နေပါနဲ့။

မခံစားတက်သူကို
မခယနေပါနဲ့တော့။

သူနဲ့ တန်တဲ့သူဆီသွားချင်တဲ့
သူတစ်ယောက်ကို
လက်လွှတ်လိုက်ပါ။

တစ်ချို့သူတွေဟာ
စေတနာကို စော်ကားတက်ကြတယ်။

တစ်ချို့သူတွေဟာ
အကြင်နာကို နင်းချေတက်ကြတယ်။

တစ်ချို့သူတွေဟာ
နားလည်မှုကို တလွဲသုံးတက်ကြတယ်။

တချို့သူတွေဟာ
ယုံကြည်မှုကို အခွင့်ကောင်းယူသွားတက်ကြတယ်။

ဒါကြောင့်
တစ်ယောက်ယောက်ကို
ဇွတ်တရွတ် ဖက်တွယ်ထားမိရင်
ကိုယ်ပဲ နောင်တရမှာပါ။

ဘဝမှာ တစ်စုံတစ်ခုကို
ပိုင်ဆိုင်ဖို့ဆိုရင်
တစ်ခုခုကိုတော့ စွန့်လွှတ်လိုက်ရစမြဲပါ။

ပိုကောင်းတဲ့အရာ တစ်ခုအတွက်
ကိုယ့်ကို လေးလံစေတဲ့အရာ
နောက်ကျစေတဲ့အရာ
နာကျင်စေတဲ့အရာ
ရှုံးနိမ့်စေခဲ့တဲ့အရာတွေကို
အတိတ်မှာ ဒီနေ့ပဲ
ထားခဲ့လိုက်ပါ။

Crd

Address

Yangon _Mandalay, Highway , 46miles
Bago

Alerts

Be the first to know and let us send you an email when Hitadara Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share