WELCOME TO APTV!
Welcome to APTV !
We used to be Ayadaw Post, but after almost 4 years of revolutionary journey, we also had to go through some changes like many did. But, the stories we reported as a former news media are still on our channels, as our history and milestones. And they will be a testament for how we have grown and are still going strong.
We are APTV, where the past meets the future, and ideas ignite transformation.
We aim to be a catalyst of a cultural renaissance, of an intellectual revolution, and of profound change.
Our mission is clear: to challenge, to provoke, and to inspire.
With stories that shape societies, voices that spark movements, and perspectives that dare to question, APTV is your platform for the bold, the brave, and the brilliant.
This is more than media. This is a movement.
The world is changing—let’s change it together.
#APTV
THIS IS NOT A GOODBYE!
THIS IS NOT A GOODBYE!
WE WILL BE BACK, SOON.
#AyadawPost
အရာတော်နဲ့ ဘုတလင်နယ်က ကျေးရွာတွေကို မီးဝင်ရှို့ပြီး ဒေသခံတွေကို နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ဖမ်းဆီးခံ စစ်ကောင်စီသုံ့ပန်းများကိုယ်တိုင် ဝန်ခံထွက်ဆိုပြီး ပြည်သူလူထုကို တောင်းပန်ကြောင်းပြော (ရုပ်သံ)
စက်တင်ဘာ ၃၀ ရက်၊ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာတိုက်ပွဲမှာ တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများမှ ၎င်းတို့ စစ်ကြောင်းရောက်ခဲ့တဲ့ အရာတော်မြို့နယ်နဲ့ ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို မီးရှို့ခဲ့ပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးကာ နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ကျူးလွန်သူတွေကိုယ်တိုင် ဝန်ခံထွက်ဆိုထားပါတယ်။
ရုပ်သံမှတ်တမ်းများအားလုံးကို Battalion Of Budalin (BOB) စာမျက်နှာက တရားဝင်ထုတ်ပြန်ထားတာဖြစ်ပါတယ်။
Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost
#AyadawPost #အရာတော်ပို့စ်
#အရာတော် #Ayadaw
အရာတော် - မြင်းမူနယ်အစပ်ကို စစ်ကောင်စီဂျက်ဖိုက်တာက ဗုံးကြဲတိုက်ခိုက်
အရာတော် - မြင်းမူနယ်အစပ်ကို စစ်ကောင်စီဂျက်ဖိုက်တာက ဗုံးကြဲတိုက်ခိုက်
အောက်တိုဘာ ၂ | အရာတော်
ယနေ့ အောက်တိုဘာ ၂ ရက်၊ မွန်းလွဲ ၂ နာရီခွဲက အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ်အစပ် ကျေးရွာအချို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။
အရာတော်မြို့နယ်တောင်ပိုင်း၊ ညောင်ပင်ကျေးရွာအနီးတွင် စစ်တပ်ဂျက်ဖိုက်တာမှ ကြဲချခဲ့သော ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိပြီး ဒေသခံပြည်သူများ ထိတ်လန့်နေကြကြောင်း သိရှိရသည်။
ယနေ့ ညနေ ၄ နာရီခန့်ကလည်း အရာတော်မြို့၊ တကရ ၅၀၀၄ တပ်ရင်းအနီးမှ စစ်ကောင်စီတပ်ဖွဲ့များက ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိကြောင်း သတင်းရရှိပြီး မည်သည့်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းကို အတည်မပြုနိုင်သေးပါ။
ဆက်လက်တင်ပြပေးပါမည်။
ရုပ်သံ - Ko Kyaw ၊ ဓာတ်ပုံ - ပေးပို့
Subscribe Ayadaw Post on
အရာတော် - မုံရွာလမ်းမှ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကား ၃ စီး ပျက်စီး
အရာတော် - မုံရွာလမ်းမှ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကား ၃ စီး ပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိ
စက်တင်ဘာ ၁၀ | မုံရွာ
မနေ့ စက်တင်ဘာ ၉ ရက်က မုံရွာမြို့မှ အရာတော်မြို့နယ်သို့ ဦးတည်ထွက်လာသော စစ်ကား ၁၇ စီးပါ စစ်ယာဉ်တန်းကို မိုင်းအများအပြားနှင့် တူမီးပြောင်းလက်နက်ကြီးများ အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ စစ်ကား ၃ စီး နေရာတင် ထိုးရပ်၍ ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ကြောင်း Ayadaw Rocket LPDF က သတင်းထုတ်ပြန်ထားသည်။ တိုက်ခိုက်ခံ စစ်ယာဉ်တန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များတင်ဆောင်လာသည့်အပြင် သံပြားကာကား၊ စားနပ်ရိက္ခာကား၊ ဆီကားစသည်များလည်း ပါဝင်ကြောင်း သိရသည်။ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်ဟု Ayadaw Rocket LPDF က ပြောသည်။
အဆိုပါ တိုက
Breaking News | ဒီပဲယင်းမြို့နယ်၊ မကြီးအုပ်ကျေးရွာအနီးတွင် စစ်ကောင်စီဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မြင်ကွင်းအချို့ (ရုပ်သံ)
မေ ၁၁ | ဒီပဲယင်း
ယနေ့ မေလ ၁၁ ရက်၊ နေ့လည် ၂ နာရီ ၁၀ မိနစ်ခန့်တွင် ဒီပဲယင်းမြို့နယ်၊ မကြီးအုပ်ကျေးရွာအနီးကို စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစီးက လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိထားကြောင်း သတင်းရရှိပါသည်။
အဆိုပါ စစ်တပ်ဂျက်ဖိုက်တာမှာ တံတားဦးလေဆိပ်မှ ပျံတက်လာခဲ့ခြင်းဖြစ်ပြီး ဒီပဲယင်းမြို့နယ်နှင့် အရာတော်မြို့နယ်အစပ်တို့တွင် ပျံဝဲကာ မကြီးအုပ်ကျေးရွာနှင့် ကိုင်းကံကျေးရွာတို့အနီးတွင် ထိုးဆင်းတိုက်ခိုက်ခဲ့ပြီး ပေါင် ၅၀၀ ဗုံး (၄)လုံး ကြဲချသည့်အပြင် လေယာဉ်စက်သေနတ်နှင့်လည်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံတဦးထံမှ သိရသည်။
ရုပ်သံ/ဓာတ်ပုံ - က
Breaking News | ဒီပဲယင်းမြို့နယ်၊ မကြီးအုပ်ကျေးရွာအနီးတွင် စစ်ကောင်စီဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မြင်ကွင်းအချို့ (ရုပ်သံ)
မေ ၁၁ | ဒီပဲယင်း
ယနေ့ မေလ ၁၁ ရက်၊ နေ့လည် ၂ နာရီ ၁၀ မိနစ်ခန့်တွင် ဒီပဲယင်းမြို့နယ်၊ မကြီးအုပ်ကျေးရွာအနီးကို စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစီးက လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိထားကြောင်း သတင်းရရှိပါသည်။
အဆိုပါ စစ်တပ်ဂျက်ဖိုက်တာမှာ တံတားဦးလေတပ်မှ ပျံတက်လာခဲ့ခြင်းဖြစ်ပြီး ဒီပဲယင်းမြို့နယ်နှင့် အရာတော်မြို့နယ်အစပ်တို့တွင် ပျံဝဲကာ မကြီးအုပ်ကျေးရွာနှင့် ကိုင်းကံကျေးရွာတို့အနီးတွင် ထိုးဆင်းတိုက်ခိုက်ခဲ့ပြီး ဗုံး (၄)လုံး ကြဲချသည့်အပြင် လေယာဉ်စက်သေနတ်နှင့်လည်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံတဦးထံမှ သိရသည်။
ရုပ်သံ/ဓာတ်ပုံ - ကိုဂဏန်း
Subscr
သင်္ကြန်အကြိုနေ့မှာ အပူမီးတွေတောက်လောင်ခဲ့ရတဲ့ အရာတော်မြို့နယ်မြောက်ပိုင်းက ကျေးရွာ ၅ ရွာ
Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost
အရာတော်ပို့စ် - Ayadaw Post
#AyadawPost #အရာတော်ပို့စ်
#အရာတော် #Ayadaw
သင်္ကြန်မှာ ဒေသတွင်း စစ်ရေးတင်းမာနေတဲ့ကြားက မပျက်မကွက် တင်ဆက်လိုက်တဲ့ အရာတော်သံချပ်
ဧပြီ ၁၆ | အရာတော်
၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးကာလမှာ အရာတော်မြို့နယ်တွင်းကို စစ်ကောင်စီတပ်ဖွဲ့တွေက လေကြောင်းပစ်ခတ်ခဲ့တဲ့အပြင် ကျေးရွာတွေကို မီးဝင်ရှို့ပြီး စစ်ကြောင်းတွေထိုးနေပေမယ့် အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီနဲ့ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့က သင်္ကြန်သံချပ်ကို ဒီနှစ်မှာလည်း မပျက်မကွက်တင်ဆက်ပေးတာကို တွေ့ရှိရပါတယ်။ ကုန်ဈေးနှုန်းနဲ့ အထွေထွေအကြပ်အတည်း၊ ပ(၃)လုံး ခေါ် NUG ယန္တရားတွေနဲ့ ပတ်သက်တဲ့ ပြဿနာ၊ စစ်တပ်ရဲ့ အကြံကုန် ဂဠုန်ဆားချက်တဲ့ စစ်မှုထမ်းဥပဒေ၊ ညီညွတ်ရေးနဲ့ တပ်ပေါင်းစု စတဲ့အကြောင်းအရာတွေကို သံချပ်ထိုးလိုက် သရော်သီချင်းပြောင်တွေဆိုလိုက်နဲ့ တင်ဆက်ပေးသွားတာကို မြင်တွေ့နိုင်ပ
စစ်ကောင်စီ၏ ဟောင်ဝှစ်ဇာလက်နက်ကြီး တင်လာသည်ဟု ယူဆရသည့် ကားများ မိုင်းဆွဲတိုက်ခိုက်ခံရ၊ စ.ခ.တ (၁၀)မှ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ကျေးရွာများဖက်သို့ စမ်းသပ်ပစ်ခတ်နေ
မတ် ၂၂ | အရာတော်
မနေ့ မတ်လ ၂၁ ရက် နံနက်ပိုင်းက န.မ.ခမှ အရာတော်ဖက်သို့ ဟောင်ဝှစ်ဇာလက်နက်ကြီးများတင်လာသည်ဟု ယူဆရသော ၁၂ ဘီးကား တစ်စီး နှင့် ၆ ဘီးကားတစ်စီးကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Ayadaw Rocket LPDF မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီကားများကို ပဒေသာမိုင်း ၅လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ၁၂ ဘီးကားခေါင်းပိုင်းထိခိုက်ပျက်စီးခဲ့ပြီး ကျွန်းဖိုပင်ရွာ သုသာန်အနီးတွင် ကင်ပုန်းဝပ်ကာလုံခြုံရေးယူပေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Ayadaw Rocket LPDF အဖွဲ့က ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Ayadaw Rocket LPDF ၊ BGS Drone Force Ayadaw ၊ မို
မနေ့က ကမ်းပြူ၊တုံးတင်ကန်ကျေးရွာများကို စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်၊ ကမ်းပြူမှ စစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများ ယနေ့ထိတွေ့တိုက်ပွဲဖြစ်
မတ် ၂၂ | အရာတော်
မနေ့ မတ်လ ၂၁ ရက်နေ့က အရာတော်မြို့ အနောက်ဘက် အရာတော်-မုံရွာ ကားလမ်းမပေါ်ရှိ ကမ်းပြူကျေးရွာ နှင့် တုံးတင်ကန်ကျေးရွာများကို စစ်ကောင်စီစစ်ကြောင်းများ ဖြန့်ကျက်ဝင်ရောက်လာသဖြင့် ကမ်းပြူ၊ ချမ်းသာ ၊တုံးတင်ကန်ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ကမ်းပြူကျေးရွာသို့ဝင်ရောက်လာသော စစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများ ၂၁ ရက်နေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး စစ်ကောင်စီတပ်ဖွဲ့များကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်ကို ရုပ်သံတွင် တွေ့မြင်နိုင်သည်။ တိုက်ခိုက်ခံခဲ့ရသော စစ်ကောင်စီတပ်ဖွဲ့များက ကမ်းပြူ
အရာတော် - မုံရွာလမ်းပေါ်မှ စစ်ကောင်စီကားများ တိုက်ခိုက်ခံရပြီးနောက် အပြန်လမ်းတွင်လည်း ရမ်းသမ်းပစ်ခတ် (ရုပ်သံ)
မတ် ၅ | မုံရွာ
မတ်လ ၄ ရက်နေ့၊ မနက် ၅ နာရီခန့်တွင် စစ်ကောင်စီတပ်သားများ တင်ဆောင်လာသော စစ်ကား ၂ စီးသည် အရာတော် - မုံရွာလမ်းပေါ်ရှိ ထူးရာရသေ့ကျောင်းမှ အရာတော်မြို့သို့ ပြန်လည်ထွက်ခွာလာစဉ် ဒေသခံတော်လှန်ရေးအင်အားစုများက ဆီးကြိုတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စစ်ကားတစ်စီးကို အရာတော်မြို့ တကရ(၅၀၀၄) တင့်ကားတပ်ရင်းမှ သံချပ်ကာကားတစ်စီးက လာရောက်ဆွဲယူသွားရပြီး လမ်းကြောပေါ်မှ ပြည်သူ့ကုန်ကား ၃ စီးကိုလည်း ၎င်းတို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
Ayadaw Rocket LPDF က ယခု တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး "ကားအင်ဂျင်ပွင့်၍ လမ်းဘေးထိုးရပ်သွားခဲ့တာဖြစ်ပြီး ကားမှန်စများလည်း ကျကျန်ခဲ့ရာ တွေ