AungBan Media

AungBan Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AungBan Media, Media/News Company, pyi htaung so Road, Aungban.

မင်းတိုတွေ သူတို့မျက်နှာကိုကြည်ရဲကြလား
31/10/2022

မင်းတိုတွေ
သူတို့မျက်နှာကိုကြည်ရဲကြလား

24/10/2022

ခွေးအုပ်စုကြောင့် ဒုက္ခရောက်နေတဲ့ တိုင်းရင်းသားညီအစ်ကိုတွေကိုစာနာစိတ်မရှိဘူး မူးရူးအော်ဟစ်နေတဲ့ဆန်ကုန်မြေလေး ခွေးရူးတွေပေါတဲ့ အောင်ပန်းမြို့

လှိုင်မြို့နယ်တွင် ခွင့်ပြန်လာသည့် အောင်ပန်းအမြောက်တပ် ဗိုလ်ကြီးမြင့်ဆွေ ၊ ဇနီး ရတနာဦးနှင့် ဗိုလ်အောင်ကိုမင်းတို့ ပစ်သတ်...
20/10/2022

လှိုင်မြို့နယ်တွင် ခွင့်ပြန်လာသည့် အောင်ပန်းအမြောက်တပ် ဗိုလ်ကြီးမြင့်ဆွေ ၊ ဇနီး ရတနာဦးနှင့် ဗိုလ်အောင်ကိုမင်းတို့ ပစ်သတ်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၂၀

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သီရိမြိုင် ၁၃ ရပ်ကွက်တွင် ယနေ့ နံနက် ပိုင်း ခွင့်ဖြင့် ပြန်လာသည့် ဗိုလ်ကြီးမြင့်ဆွေ၊ ဇနီးရတနာဦး ၊ ဗိုလ်အောင်ကိုမင်းတို့ ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပစ်သတ်ခံရသော ဗိုလ်ကြီး မြင့်ဆွေ သည် အမြောက်တပ်-အောင်ပန်း၊ စစ် တက္ကသိုလ် အမှတ်စဉ်-၅၃ မှ ဖြစ်ကြောင်း၊ ဇနီးဖြစ်သူ မရတနာဦး နှင့် ဗိုလ် အောင်ကိုမင်း တို့ပါ ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် လှိုင်မြို့နယ်၊ သီရိမြိုင် ၁၃ ရပ်ကွက် ဗဟိုလမ်းနှင့် ပေါင်း စည်းလမ်းထိပ် သီရိမြိုင်မှတ်တိုင်အနီးတွင် ခွင့်ဖြင့် ပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးမြင့်ဆွေ၊ ဇနီး ရတနာဦးနှင့် ဗိုလ်အောင်ကိုမင်းတို့ စုစုပေါင်း မိသားစုဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေ ဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

" ပဲပြုတ်ရောင်းတဲ့အိမ်က စစ်ဗိုလ်က ခွင့်နဲ့ ပြန်လာတာ။ ဗဟိုလမ်းနဲ့ ပေါင်း စည်းလမ်းထိပ် သီရိမြိုင်မှတ်တိုင်နားမှာ ပစ်သတ်ခံရတယ်။ စစ်ဗိုလ်မိသားစုနဲ့ အမျိုးသားတစ်ဦး ၃ ဦးသေနေတယ်။ အခု စစ်တပ်က လမ်းတခြမ်းကို ပိတ်ထားတယ် ဗဟိုလမ်းကို။ စစ်ဗိုလ်က ခွင့်နဲ့ ပြန်လာပြီး သူ့အမျိုးတွေကို လာကန်တော့တာ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က ဗဟိုလမ်းနှင့် လှိုင်မြို့နယ်အတွင်းရှိ လမ်းများကို ပိတ် ဆို့ စစ်ဆေးနေပြီး ပြည်သူတချို့ ရိုက်နှက်ခံရကြောင်း သိရှိရသည်။

အောင်ပန်းမြို့မစျေးတွင်ပစ်ခတ်ဖမ်းဆီးခံရ​သောချိုးဖြူပျောက်ကြားတပ်ဖွဲ့ဝင်တစ်ဦးအဆက်အသွယ်မရဖြစ်နေအောင်ပန်းမြို့၊အောက်တိုဘာ(...
17/10/2022

အောင်ပန်းမြို့မစျေးတွင်ပစ်ခတ်ဖမ်းဆီး
ခံရ​သောချိုးဖြူပျောက်ကြားတပ်ဖွဲ့ဝင်
တစ်ဦးအဆက်အသွယ်မရဖြစ်နေ

အောင်ပန်းမြို့၊အောက်တိုဘာ(၁၂)။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ ပင်းတယမြို့နယ်နွားကွေ့ကျေးရွာမှ ကိုမောင်လေးအား အောင်ပန်းမြို့မစျေးတွင် စစ်ဘေးရှောင်များ ထောက်ပံ့လှူဒါန်းရန် စားသောက်ကုန်ပစ္စည်းများဝယ်ယူနေစဥ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှသေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟုသိရသည်။

ယခုအချိန်အထိ ကိုမောင်လေးအား စစ်ကောင်စီတပ်ဖွဲ့များမှ မည်သည့်နေရာတွင်ဖမ်းဆီးထိန်းသိမ်းထားသည် ကိုအဆက်အသွယ်မရရှိသေးကြောင်း ချိုးဖြူပျောက်ကြားတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ကိုမောင်လေးသည် ချိုးဖြူ(PST)တပ်ခွဲမှ ဖြစ်ပြီး စစ်ဘေးရှောင်များအားထောက်ပံ့လှူဒါန်းသော လုပ်ငန်းစဥ်တွင်သာပါဝင်ခဲ့သူတစ်ဦး​ဖြစ်သည်ဟုသိရသည်။ ယခင်အာဏာမသိမ်းခင်ကပင်ကိုမောင်လေးသည် ၎င်း၏ကျေးရွာ ပရဟိတလုပ်ငန်းများအား တက်ကြွစွာ ဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ်သည်ဟုလည်းသိရသည်။

ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အနေဖြင့် ရွာငံဒေသကို စွန့်ခွာတော့မည် ဖြစ်ကြောင်းနှင့် ပုံစံ အမျိုးမျိုးဖြင့် ဆက်လက် ...
10/06/2022

ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အနေဖြင့် ရွာငံဒေသကို စွန့်ခွာတော့မည် ဖြစ်ကြောင်းနှင့် ပုံစံ အမျိုးမျိုးဖြင့် ဆက်လက် တည်ရှိနေမည်ဟု ယမန်နေ့ ဇွန်လ ၉ ရက်၊ ညပိုင်းတွင် အသိပေး ထုတ်ပြန်ထားသည်။
PDF များပါမက ပြည်သူများပါ အစစအရာရာ ခက်ခဲ ကြပ်တည်းနေသော အချိန် ဖြစ်နေပြီး အခြေအနေအရ လုပ်ငန်းစဥ်များကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့်အတွက်ကြောင့် ရွာငံဒေသကို စွန့်ခွာတော့မည် ဖြစ်ကြောင်း YPDF က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
တော်လှန်ရေး၏ အောင်နိုင်ရေးသည် ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုနှင့် တိုက်ရိုက် အချိုးကျနေသည်ကို ပြည်သူများ အနေဖြင့် သတိထားစေလို‌ကြောင်းနှင့် လုံးဝ စိတ်ဓါတ် မကျပဲ မလျော့သော ဇွဲဖြင့် ပါဝင်နိုင်သည့် နေရာများတွင် ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်းထားသည်ကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ YPDF အနေဖြင့် တော်လှန်ရေးတွင် ပုံစံ အမျိုးမျိုးဖြင့် ဆက်လက် တည်ရှိနေမည် ဖြစ်ပြီး လုံးဝ ဇွဲလျော့သွားမည် မဟုတ်ကြောင်းနှင့် စုဖွဲ့မှုအသစ်ဖြင့် ပြည်သူများရှေ့ မားမားမတ်မတ် အရောက် ပြန်လာမည်ဟု ကတိသစ္စာပြုကြောင်းလည်း ဖော်ပြထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်နှင့် အောင်ပန်းမြို့တွင် မီးကြိုးဖြတ်ခိုးသူများကို ရဲကမဖမ်းပေးသဖြင့် ပြည်သူမျာ...
07/06/2022

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်နှင့် အောင်ပန်းမြို့တွင် မီးကြိုးဖြတ်ခိုးသူများကို ရဲကမဖမ်းပေးသဖြင့် ပြည်သူများဝိုင်းဝန်းဖမ်းဆီးမှုဖြစ်စဉ် ၂ခု ယနေ့၊ နံနက်အစောပိုင်းအချိန်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ‌ဒေသများတွင် ဆိုင်ကယ်ခိုးယူမှုများနှင့် ‌ဓာတ်တိုင်မှ နေအိမ်သို့သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားကြိုးများ မကြာခဏဖြစ်ပွားနေမှုကြောင့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာရဲစခန်းများထံ တိုင်ကြားသော်လည်း အရေးယူပေးမှုမရှိသည့်အတွက် ပြည်သူများကင်းစောင့်ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်ဟု ညောင်ရွှေမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

"ဒီမနက်က ၂ယောက်ဖမ်းမိတယ်။ ဒီကောင်တွေလာခိုးတာများနေပြီ။ ဘုန်းကြီးကျောင်းက မီးကြိုးဖြတ်ခိုးလို့ ဆရာတော်မိတယ်၊ ဘာလုပ်တာလဲလို့မေးတော့ ငါးမျှားတံပြပြီး ငါးမျှားဖို့တီကောင်လိုက်ရှာနေတာလို့ ဘုန်းကြီးကိုတောင် ကလန်ကဆန်ပြန်ပြောသေးတယ်။ အခုကတော့ ရွာဝင်ကတစ်အိမ်ကို ဖြတ်ခိုးနေတုန်း၊ ဝိုင်းဖမ်းလိုက်တာ။ မီးကြိုးခိုးခံရတာက ၁၀အိမ်မကတော့ဘူး၊ အုပ်ချုပ်ရေးမှူးကတဆင့် ရဲကိုတိုင်‌တာ အရေးတောင်မလုပ်ဘူး။ တစ်ခါမှလာမကြည့်ဘူး။ အခုတော့လာခေါ်သွားတာပဲ၊ ဘယ်‌နေ့ပြန်လွှတ်ပေးမလဲတော့ မသိဘူး"ဟု ၎င်းကပြောသည်။

ညောင်ရွှေမြို့နယ်၊ အောင်သုခရွာ၌ မီးကြိုးလာဖြတ်ခိုးသည့် အမျိုးသား ၂ဦးနှင့် အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်တွင် မီးကြိုးလာဖြတ်ခိုးသည့် အမျိုးသား ၅ဦးအနက် ၂ဦးကို ပြည်သူများဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း အောင်ပန်းမြို့၌ ဆိုင်ကယ်ခိုးယူသူ ၂ဦး၊ တောင်ကြီးမြို့၌ ဆိုင်ကယ်ခိုးယူသူ ၃ဦး၊ မေလအတွင်းက တောင်ကြီးမြို့၌ ဆိုင်ကယ်ခိုးယူသူ ၁ဦးတို့ကို ပြည်သူများဝိုင်းဝန်းဖမ်းဆီးခဲ့သေးကြောင်း သိရသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူချိန်မှစတင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းဒေသအပါအဝင် နိုင်ငံတဝန်းလုံး၌ ခိုးဆိုးလုနှိုက်မှုများ ပေါ်ပေါ်တင်တင်ဖြစ်ပွားလာနေသော်လည်း ဖမ်းဆီးအရေးယူခြင်းမရှိဘဲ ၎င်းတို့ကိုဆန့်ကျင်သူများကိုကာ အပူတပြင်းလိုက်လံရှာဖွေဖမ်းဆီးလျက်ရှိသည်။

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်၊ နယ်မြေ(၁)နေ ရာအိမ်မှူး တစ်ဦး ယနေ့ ဇွန်လ ၆ ရက်၊ နေ့လယ်ပိုင်းတွ...
06/06/2022

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်၊ နယ်မြေ(၁)နေ ရာအိမ်မှူး တစ်ဦး ယနေ့ ဇွန်လ ၆ ရက်၊ နေ့လယ်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ် ခံခဲ့ရသည်ဟု သိရသည်။
ယင်း သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ ဦးကိုကိုမြင့် (ခ) ကိုဂျိုး ဆိုသူ ဖြစ်ပြီး ၎င်းသည် ရာအိမ်မှူး တစ်ဦး ဖြစ်သကဲ့သို့ တောင်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဟောင်း တစ်ဦးလည်း ဖြစ်ကာ ရပ်ကွက် ဘက်စုံခန်းမရှေ့ရှိ စားပွဲတွင် ထိုင်နေစဉ် အမျိုးသားတစ်ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ဝင်ရောက်၍ ပစ်ခတ်ခဲ့ရာ ယာဘက်ရင်အုံ နှင့် ဂျိုင်းတို့တွင် ကျည် ထိမှန်ပြီး နေရာတွင်ပင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိပြီး သေနတ်ဖြင့် ပစ်ခတ်သူမှာ မည်သူ ဖြစ်သည်ကို မသိရသေးပေ။
#ချယ်ရီမြေ
#ရွှေညောင်ရာအိမ်မှူး

05/06/2022

အခုဆိုရင် မိုးတွင်းကာလကိုရောက်နေပြီဖြစ်တဲ့အတွက် တောထဲကရဲဘော်လေးတွေအဖို့ နေရထိုင်ရတာ အရမ်းအေးချမ်းလှပါတယ်။ ဒါကြောင့် ရဲဘော်တွေအတွက်လိုအပ်တဲ့ အနွေးထည် ၊ မိုးကာ ၊ ကျောပိုးအိတ် ၊ စစ်သုံးဖိနပ် စတဲ့ အသုံးအဆောင်တွေဟာ အင်မတန်လိုအပ်နေပြီဖြစ်ပါတယ်။ သာမန်ကာလတွေမှာဆိုရင် စွပ်ကျယ်ချိုင်းပြတ် အားကစားဘောင်းဘီ ကြက်ပေါင်ဖိနပ်နဲ့နေလို့ရတယ်ဆိုပေမဲ့ အခုလိုမိုးတွင်းကာလမှာ ရဲဘော်တွေရဲ့ကျန်းမာရေးလိုအပ်ချက်အရ မဖြစ်မနေလိုအပ်လာတာမလို့ လူထုဆီကနေ အထောက်အပံ့ အကူအညီ တောင်းခံချင်ပါတယ်။

လိုအပ်ချက်တွေကတော့ -
(၁) မိုးကာတစ်ထည် - ၅၀၀၀ ကျပ်
(၂) အနွေးထည်တစ်ထည် - ၈၀၀၀ ကျပ်
(၃) စစ်သုံးကျောပိုးအိတ်တစ်လုံး - ၁၀၀၀၀ ကျပ်
(၄) စစ်သုံးဖိနပ်တစ်ရံ - ၁၀၀၀၀ ကျပ် တို့ပဲ ဖြစ်ပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့ UTF-ABN ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒါမှမဟုတ် တယ်လီဂရမ်အကောင့်တို့ကနေ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။ အဖွဲ့အစည်းအနေနဲ့ လှူဒါန်းသူတွေအတွက် ကျွန်တော်တို့က ဂုဏ်ပြုမှတ်တမ်းလွှာလေးတွေ ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။

Telegram - https://t.me/KyawSwarKyi

05/06/2022

စစ်ခွေး ရဲခွေးတွေကိုတစ်ဖက်တစ်လမ်းကထောက်ပံ့ပေးနေတဲ့ အောင်ပန်းမြို့က ၁လုံး ၂လုံး ၃လုံး နဲ့ ဆေးပြားရောင်းဝယ်သူများဂရုစိုက်ပါ

04/06/2022

အောင်ပန်းမြို့တွင် မိဘ ခွင့်ပြုချက်မရယူပဲ KG ကလေးငယ်များ အားမြန်မာထုတ် မြန်နိုဖန်း covid_19 ကာကွယ်ဆေးအား ကျောင်းစတင်ဖွင့်သည့် ၂ ၆ ၂၀၂၂ နေ့တွင်ထိုးပေး

16/05/2022

၆ လအထက်မီတာမဆောင်သူများမီးဖြတ်ပါမည် ကဲ ဘာလုပ်မလဲ

ပင်းတယနှင့်ရွာငံရှိ စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုသူ ၅ ဦးကို ရှမ်းတောင်မဟာမိတ်အဖွဲ့ ရှင်းလင်းလိုက်ကြောင်း ထုတ်ပြန်💢Z Fi...
15/05/2022

ပင်းတယနှင့်ရွာငံရှိ စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုသူ ၅ ဦးကို ရှမ်းတောင်မဟာမိတ်အဖွဲ့ ရှင်းလင်းလိုက်ကြောင်း ထုတ်ပြန်

💢Z Fighter May 15💢

ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်ရှိ စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုသူများအား ရှမ်းတောင်မဟာမိတ်အဖွဲ့များဖြစ်သည့် ပင်းတယမြို့ပြပြောက်ကျားအဖွဲ့(UPG)၊ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( YPDF ) နှင့် ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့ ( JPDF) အဖွဲ့များမှ ရှင်းလင်းခဲ့ကြောင်း မေလ ၁၄ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။


မေလ ၁၄ ရက် ညနေပိုင်း ၄:၀၀နာရီဝန်းကျင်ခန့်က ရွာငံမြို့နယ်နှင့်သာစည်မြို့နယ်အစပ်ရှိ မင်းပလောင်ကျေးရွာရှိအင်အား(၄၀)ကျော်ရှိ...
15/05/2022

မေလ ၁၄ ရက် ညနေပိုင်း ၄:၀၀နာရီဝန်းကျင်ခန့်က ရွာငံမြို့နယ်နှင့်သာစည်မြို့နယ်အစပ်ရှိ မင်းပလောင်ကျေးရွာရှိအင်အား(၄၀)ကျော်ရှိသော ပျူစောထီးအဖွဲ့ခေါင်းဆောင်(၂)ဦးဖြစ်သူ ယခင်ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးများဖြစ်ကြသော ခင်မောင်သိန်းနှင့် ကျော်သိန်းတို့အား အမည်မသိအဖွဲ့တစ်ခုမှ ရွာတွင်းဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ ၎င်းတို့၏ အလောင်းများကို ရွာဦးဘုန်းကြီးကျောင်းဝန်းအတွင်း ထားရှိပြီး ယနေ့ ရွာငံမှ စစ်သားများမှ လာရောက်သယ်ယူ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

၎င်းသေဆုံးသူ ပျူစောထီးခေါင်းဆောင်(၂)ဦးကြောင့် အပစ်မဲ့ရွာသူရွာသား အမြောက်အများဖမ်းဆီးခံခဲ့ရပြီး နေအိမ်ချိတ်ပိတ်ခံရသူများ စစ်ကြောရေးသို့ပို့ခံလိုက်ရသူများလည်း ရှိကြောင်း သိရသည်။ ထို့အပြင်စစ်တပ်နှင့်ပေါင်း၍ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူခြင်း ၊ အိမ်မွေး ကြက်/ဝက်များအား သတ်ဖြတ်စားသောက်ခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးလမ်းပြမှုကြောင့် ပြီးခဲ့သည့်လက ပန်းလောင်မြစ်ရိုးတလျှောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု ဝင်စီးခံခဲ့ရပြီး ရိက္ခာနှင့်ဖောက်ခွဲရေးပစ္စည်းများ ဆိုင်ကယ်များဆုံးရှုံးခဲ့ရသည်။ တောင်ဦးရွာတိုက်ပွဲ၌လည်း ပြည်သူ့ကာကွယ်ရေးဘက်တော်သား(၅)ဦး ကျဆုံးခဲ့ရသည်။



ရှမ်းတောင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၇)ခု မဟာမိတ်အဖြစ်ဖွဲ့စည်း ၊ စစ်ဆင်ရေးအရှိန်မြင့်လာနိုင် ကေတီအမ် ၊ မေ ၁၃ ၊ ၂၀၂၂ရှမ်...
13/05/2022

ရှမ်းတောင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၇)ခု မဟာမိတ်အဖြစ်ဖွဲ့စည်း ၊ စစ်ဆင်ရေးအရှိန်မြင့်လာနိုင်

ကေတီအမ် ၊ မေ ၁၃ ၊ ၂၀၂၂

ရှမ်းတောင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော

(1)Taunggyi People Defense Force
(2)Ye-Ngan Urban Guerrillas Force
(3)Urban Task Force - Aung Ban
(4)Ywa Ngan People Defense Force
(5)Red Ants Guerrillas Force
(6)DaNu People Defense Force
(7)Pa O National Defense Force စသည့်အဖွဲ့များသည် ယနေ့မှစ၍ မဟာမိတ်တပ်ဖွဲ့များအဖြစ် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မဟာမိတ်တပ်များအနေဖြင့် ရှမ်းတောင်အတွင်းရှိ စစ်ကောင်စီထောက်တိုင်များအား အဓိကထား၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‼ တောင်ကြီးမြို့တွင်နေထိုင်သောပြည်သူများအားအထူးသတိပေးချက် ‼တောင်ကြီးမြို့ပေါ်ရှိလမ်းများအားလုံးကို မိမိတို့SYFDA Rangers...
13/05/2022

‼ တောင်ကြီးမြို့တွင်နေထိုင်သောပြည်သူများအားအထူးသတိပေးချက် ‼

တောင်ကြီးမြို့ပေါ်ရှိလမ်းများအားလုံးကို မိမိတို့
SYFDA Rangers အဖွဲ့မှသွားလာခွင့်တစ်ရက်ပိတ်သည်။

တောင်ကြီးမြို့ပေါ်တွင်နေထိုင်သောပြည်သူများအနေဖြင့် 14.5.2022 (စနေ) တွင်မည်သူမျှအရေးကြီးကိစ္စမရှိပဲမိမိ၏နေအိမ်တွင်သာ နေထိုင်ပေးပါရန်အထူးအသိပေးတောင်းဆိုအပ်ပါသည်။မြို့ပေါ်တွင် သေနတ်ပစ်ခတ်သံများဖောက်ခွဲသံများကြားပါက မစပ်စုပဲမိမိတို့၏နေအိမ်တွင်သာလုံလုံခြုံခြုံနေပေးပါ။အချိန်မရွေးပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားနိုင်သောကြာင့်အထူးအသိပေးအပ်ပါသည်။

ပြည်သူများအန္တရာယ်ကင်းရှင်းရေးကိုပထမဦးစားပေးလုပ်ဆောင်မှာဖြစ်လို့ပြည်သူများအနေဖြင့်လဲအတတ်နိုင်ဆုံးမိမိနေအိမ်တွင်သာနေထိုင်ပေးကြပါ။


အောင်ပန်း ၊ မေ ၁၃ ယနေ့ အောင်ပန်းမြို့ ရိုးမဘဏ်လမ်းဆုံ ၊ အထက(၈)ကျောင်းအနီး စသည့်နေရာများအပြင် မြို့ပေါ်နေရာအတော်များများ၌...
13/05/2022

အောင်ပန်း ၊ မေ ၁၃

ယနေ့ အောင်ပန်းမြို့ ရိုးမဘဏ်လမ်းဆုံ ၊ အထက(၈)ကျောင်းအနီး စသည့်နေရာများအပြင် မြို့ပေါ်နေရာအတော်များများ၌ စစ်ကောင်စီတပ်သားများ အရပ်ဝတ်များ ခြေရှုပ်နေကြကြောင်း သတင်းရရှိပါသဖြင့် မိဘပြည်သူများ သွားသတိ လာသတိဖြင့် နေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။


12/05/2022

တယ်လီဂရမ်ကနေ တိုးတိုးတိတ်တိတ် Donate ကြမယ်....🙌

မင်္ဂလာပါ မိဘပြည်သူအပေါင်းတို့ခင်ဗျာ။ တော်လှန်ရေးကာလကြန့်ကြာလာသည်နှင့်အမျှ ပြည်သူတွေမှာလည်း အစစအရာရာခက်ခဲနေကြမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့လည်း အားမလျှော့ကြပါနဲ့။ ဓမ္မကသာ အဓမ္မကိုနိုင်ရိုးထုံးစံပဲ ရှိပါတယ်။ အဓမ္မက ဓမ္မကိုနိုင်ရိုးထုံးစံမရှိပါဘူး။

ဒီလိုမျိုး ဓမ္မနဲ့ အဓမ္မ လွန်ဆွဲကြတဲ့အခါမှာ ပြည်သူ့ဘက်တော်သားတွေအဖို့ ပြည်သူရဲ့ ထောက်ခံအားပေးမှု၊ ထောက်ပံ့မှုတွေကို လိုအပ်ပါတယ်။ ဒါကြောင့် ပြည်သူတွေကလည်း မိမိတတ်နိုင်တဲ့ထောက်ပံ့နည်းနဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို ထောက်ပံ့ကူညီကြပါလို့ မေတ္တာရပ်ခံ ပြောကြားလိုပါတယ်။

ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရေး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေးတို့အတွက် ရည်ရွယ်ပြီးဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ရဲ့တပ်ဖွဲ့ကို လှူဒါန်းချင်တယ်ဆိုရင်လည်း အောက်ပါ Telegram Chat Botလေးကနေတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပြောကြားလိုပါတယ်။

Chat Bot လေးထဲကို ရောက်ပြီဆိုရင် ဘယ်ဖက်က Menu barလေးမှာ လှူဒါန်းရန်ဆိုတဲ့ Optionလေးကို နှိပ်လိုက်တာနဲ့ အလိုအလျောက်စာပြန်တဲ့စနစ်လေး ပေါ်လာမှာဖြစ်ပါတယ်။

ဆက်သွယ်ရန် Telegram Bot - https://t.me/UTF_ABN_Fundraiser_bot

လက်နက်ကိုင် အဖွဲ့တွေထဲမှာ အရယ်ရဆုံးက ပအိုဝ်း ၂ ဖွဲ့(Crd : Nay Linn)▪️ အောင်ခမ်းထီ ရဲ့ PNO ဟာ ပအိုဝ်း အချုပ်အခြာအာဏာ ရဖို...
12/05/2022

လက်နက်ကိုင် အဖွဲ့တွေထဲမှာ အရယ်ရဆုံးက ပအိုဝ်း ၂ ဖွဲ့
(Crd : Nay Linn)
▪️ အောင်ခမ်းထီ ရဲ့ PNO ဟာ ပအိုဝ်း အချုပ်အခြာအာဏာ ရဖို့ လက်နက်ကိုင်တယ်။ သူလည်း ဗိုလ်သံမဏိလိုပဲ ဘုန်းကြီးလူထွက်။

တော်လှန်လာလိုက်တာ .. ၂၀၀၈ ခြေဥရေးဆွဲတဲ့ ညောင်နှစ်ပင် ညီလာခံ တက်ပါ ဆိုရော... ပျော်ပျော်ကြီး သွားတက်ပလိုက်တယ်။

၂၀၀၃ မှ ၂၀၀၇ အထိ သတင်းစာတွေမှာ ညောင်နှစ်လိမ် အစည်းအဝေးတိုင်းမှာ အောင်ခမ်းထီ မျက်နှာချည်းပဲ

ဖက်ဒရယ် ၊ ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် မောင်းတင်သွားလိုက်တာ ... သိန်းစိန် ဟောက်တော့ .. မျက်နှာငယ်လေးနဲ့ ငြိမ်ငြိမ်သွားရတယ်။

သိန်းစိန်ကလည်း စွကြောတင်းတယ်။ " တပ်မတော်အစိုးရဟာ ယာယီအာဏာ ထိန်းသိမ်းတာ ... ဖြစ်လို့ ဖက်ဒရယ် ကိစ္စ မဆွေးနွေးဘူး။ ၂၀၀၈ ခြေဥဟာ အကူးအပြောင်းကာလ အတွက် ပြဒါန်းတာ.. အရပ်သား အစိုးရ လက်ထက်မှာ ပြင်ကြ" ဆိုပြီး ... မှင်မောင်းနဲ့ ဟောက်ပါလေရော

တိုင်းရင်းသား တွေလည်း မျက်စိလေး ကလယ်ကလယ် နဲ့ " ဟုတ်သားပဲ .. နောင်မှ ပြင်တာပေါ့ " ဆိုပြီး ညောင်နှစ်ပင်မှာ ဖွင့်ပေးတဲ့ အနှိပ်ခန်း သွားကြ၊ ဝင်းသူဇာမှာ ဈေးဝယ်ကြနဲ့။ အချို့ ဘဲကြီးတွေဆို small ဆွဲရင်း A ကိုက်သွားကြတယ်။

▪️ သန်းရွှေ ညွန်ကြားချက်နဲ့ အောင်တိုးက ပုဒ်မရေး၊ နဲ့ သိန်းစိန်က ၂၀၀၈ ခြေဥထဲမှာ ပုဒ်မ ၄၃၆ ထည့်တယ်။ တိုင်းရင်းသားတွေက "ဟုတ်".. စစ်တတပ် ၂၅% ထည့်တယ်။ တိုင်းရင်းသားတွေက " အိုခေ"

အံမယ် .. တချို့ဆို အသင့်ရေးပေးတဲ့ စာရွက်ကြီး ဟန်ပါပါတောင် ဖတ်ပြကြသေးတယ်။ ဖတ်မိတာက တပ်မတော် အခန်း တဲ့။

အဲဒီလိုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွေ ပါလာတယ်။ အောင်ခမ်းထီတို့ ပအိုဝ်း အချုပ်အခြာအာဏာ ရပြီ ထင်နေတုံး. ဗြုန်း ဆို .. ပြည်သူ့စစ် အသွင်းပြောင်း ၊ တပ်မတော်အောက် ဝင်စမ်းတဲ့။ ပအိုဝ်းရဲဘော်တွေဟာ နေရင်းင်းထိုင်ရင်း မအလစစ်တပ် အမိန့်အာဏာအောက်ရောက်သွားတယ်။

အောင်ခမ်းထီက မဖြုံဘူး။ ပတ္တမြားနဂါး ကုမ္ပဏီကြီး က စီးပွါးလုပ်ကွက်နဲ့ အဝှါ တွေက ရတဲ့ ငွေနဲ့ ငြိမ့်နေပြီ။ ပြည်သူ့စစ် လုပ်ပလိုက်တယ်။

▪️ ခွန်ဥက္ကဌက တခန်းထပြီ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟာ အတုကြီးတဲ့။ ပအိုဝ်းတွေ တော်လှန်ရမယ်တဲ့။ ဒါနဲ့ PNLO ပေါ်လာရော။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရကို ပအိုးဝ်က ပြန်တော်လှန်သတဲ့။

ခွန်ဥက္ကာက တော်လှန်ပုံက အဆန်းကြီး။ မြန်မာစစ်တပ်နဲ့ ပလူးပြီး ပအိုဝ်းအမျိုးသားအစိုးရကို တော်လှန်တာ။

▪️ ခွန်ဥက္ကာက ပအိုးဝ် လက်နက်ကိုင် အဖွဲ့ ဆိုပြီး NCA တွေ ထိုး၊ ပြည်ငြိမ်းညီလာခံတက်၊ ခပ်တည်တည်နဲ့ ပအိုးဝ် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုနေပြန်ရော။

အဲဒါဆို ..၂၀၀၈ ဥပဒေဝင် အောင်ခမ်းထီ PNO အစိုးရကြီးက ဘာဖြစ်သွားသလဲ။ အလိုလိုနေရင်း .. အဝှါ ဖြစ်မသွားဘူးလား

▪️ အော်ခမ်းထီ PNO က နိုင်ငံရေး ပါတီဖြစ်ပြီး ရွေးကောက်ပွဲတောင် ဝင်တယ်။ နိုင်တယ်။ ဒီမိုကရေစီလည်း ဟုတ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း ရ။ ပြည်သူ့စစ်တွေလည်း မအလ ခိုင်းတာလုပ်ပေး (###) ဘုရားတည် ဘာညာ။

အိုခေပြီ ထင်နေတုံး။ မအလ အာဏာ သိမ်းလိုက်တာ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ပအိုဝ်းအမျိုးသားအစိုးရကြီး ပါ အာဏာသိမ်းခံရတယ်

ပအိုဝ်း အချုပ်အခြာအာဏာဟာ မအလဆီမှာ ဆိုတာ ဘွါးကနဲ ပေါ်လာတယ်

အောင်ခမ်းထီ ကုတ်ကုတ်ကလေး အစိုးရ ရုံးကြီးပေါ်က ဆင်းလာရတယ်။

ဘာသာရေးပဲ လုပ်နေသလိုလို ဘာလိုလိုနဲ့ ဟန်ကိုယ့်ဖို့ နေရင်း မအလ ဆရာ ဂူကြီး လာဆရာလုပ်တာ ခံလိုက်ရသေးတယ်။

▪️ အခုလည်း ခွန်ဥက္ကာ PNLO က မအလနဲ့ တွေ့မယ်တဲ့။ တွေ့ပြီး ဘာကို တောင်းဆိုမှာလဲ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရပြီး မင့်ဟာ။ ရယ်ရတယ် ဗြဲ။

တော်တော်နောက်တဲ့ လူရှုပ်ကြီးတွေ

ယီးစား RCSSပထွေးဘောပြေးမ #ခွေးRCSS
12/05/2022

ယီးစား RCSS
ပထွေးဘောပြေးမ
#ခွေးRCSS

ရွာငံမြို့နယ်အတွင်း စစ်ကောင်စီ ပြုလုပ်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှမ်း လူ့အခွင့်အရေးမဏ္ဍိုင် ထုတ်ပြန်......
11/05/2022

ရွာငံမြို့နယ်အတွင်း စစ်ကောင်စီ ပြုလုပ်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှမ်း လူ့အခွင့်အရေးမဏ္ဍိုင် ထုတ်ပြန်.....



တောင်ကြီးမြို့သည် ​SYFDA Rangers နဲ့အတူ ပြန်လည် နိုးထလာပြီ ဖြစ်ကာ အချိန်/နေရာ မရွေး ဖောက်ခွဲ တိုက်ခိုက်မှုများ ဖြစ်ပွားန...
11/05/2022

တောင်ကြီးမြို့သည် ​SYFDA Rangers နဲ့အတူ ပြန်လည် နိုးထလာပြီ ဖြစ်ကာ အချိန်/နေရာ မရွေး ဖောက်ခွဲ တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သဖြင့် ပြည်သူများ အသွားလာ ဆင်ခြင်ရန် SYFDA Rangers က ယနေ့ မေလ( ၁၁ ) ရက်နေ့တွင် သတိပေးထုတ်ပြန်ထားပါသည်။
ကျွန်တော်တို့ အဖွဲ့သည် တိုက်ပွဲများ ကိုယ်တိုင် ဆင်နွှဲရန်အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း၊ အချိန်မရွေး နေရာမရွေး ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သောကြောင့်ပြည်သူများ အသွားလာများ ဆင်ခြင်ကြရန် အသိပေးအပ်ပါသည်။ ဟူ၍ SYFDA Rangers က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ထို့အတူ အပျော်အပါးဖြင့် လူငယ်များကို တော်လှန်ရေးတွင် မပါဝင်ရန် ဆွဲဆောင်နေသည့် Play House club အား ပိတ်ထားရန်နှင့် မပိတ်ပါက ပစ်ခတ် ဖောက်ခွဲမည်ဟု SYFDA Rangers က ထုတ်ပြန်ထားသည်။
ပြည်သူများ အနေဖြင့် ဖောက်ခွဲရေး ပစ္စည်းများထောင်ထားသော နေရာများတွင် မစပ်စုသင့်ဘဲ မိုင်းများသည် Upgrade မိုင်းများ ဖြစ်သဖြင့် ပြင်းအား များသောကြောင့် မသင်္ကာသော အရာများ တွေ့ရှိပါက ဝေးဝေးက အမြန်ဆုံး ရှောင်ပေးရန် အသိပေးထားသည်ကိုလည်း တွေ့ရသည်။
Shan Youth's Federal Democratic Army (SYFDA Rangers) ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ တပ်ဖွဲ့ဝင်များသည် အာဏာသိမ်း စစ်ကောင်စီအား လက်နက်ကိုင် တော်လှန်ရန်အတွက် EAOs နယ်မြေများတွင် စစ်သင်တန်းများကို Commando အဆင့်ထိ စနစ်တကျ သင်ကြားကာ လက်တွေ့ တိုက်ပွဲ အတွေ့အကြုံများ ရယူခဲ့ပြီး‌ ဖြစ်ကြောင်း သိရသည်။



UTF_ABN
11/05/2022

UTF_ABN

⭕️ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ တတန်ကူးကျေးရွာရှိ ကယန်းလူမျိုးများ သက်ဝင်ယု...
10/05/2022

⭕️ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ တတန်ကူးကျေးရွာရှိ ကယန်းလူမျိုးများ သက်ဝင်ယုံကြည်ရာ မယ်တော်ရုပ်တု ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက မယ်တော်ရုပ်တုကို ယနေ့ မေလ ၁၀ ရက်၊ နံနက်ပိုင်းတွင် လာရောက်ဖျက်ဆီးသွားခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းများတွင် ဖော်ပြထားကာ ယင်းလုပ်ရပ်အပေါ် KNDF တပ်ရင်း(၃)ကလည်း ပြစ်တင်ရှုတ်ချထားသည်ကို တွေ့ရသည်။
ငါတို့ဒေသက မိန်းကလေးတွေကို မတရား ပြုကျင့်တယ်၊ ငါတို့ လူငယ်တွေကို သတ်တယ်၊ ငါတို့ အိမ်ကို မီးရှို့တယ်၊ ငါတို့ ယုံကြည်ရာကို ဖျက်စီးတယ်။ ဆိုးတယ်၊ မိုက်တယ်၊ ရိုင်းတယ် ဆိုတာတွေ အားလုံးကို ငါတို့ ပြည်နယ်သားတွေအပေါ် ကျူးလွန်ခဲ့တာ နှစ်ပေါင်း ၇၀ ကျော် ကြာတာတောင် အားမရသေးဘူးလား။ ငါတို့မျိုးဆက်မှာ မင်းတို့ရဲ့ မိုက်ရိုင်းမှုတွေကို အဆုံးသတ်မယ်။ စစ်ဖိနပ်အောက်က ဘဝတွေ ဖြစ်မှာ ငါတို့မျိုးဆက်က နောက်ဆုံးပဲ။ " ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ တပ်များသည် " PDF များနှင့် မပတ်သတ်နဲ့ " ၊ " No connect with PDF " စာသားကိုပါ ရေးသားချန်ထားခဲ့ပြီး ကက်သလစ်ဘာသာဝင်များ ချစ်မြတ်နိုးသော မယ်တော်ရုပ်တုကို ဖျက်ဆီး ပြခြင်းမှာ ယုတ်ညံ့လွန်း‌သည်ဟုလည်း KNDF က ဆိုသည်။
အဆိုပါ ဖျက်ဆီးခံရမှုကြောင့် မယ်တော်ရုပ်တု၏ မျက်နှာနှင့် လက်များ ကျိုးပဲ့ပျက်စီးခဲ့ရသည့် အပြင် ရုပ်တုမှာ မြေပေါ်လဲကျသည်အထိ ဖျက်စီးခံခဲ့ရကြောင်း သိရသည်။
#ကမ္ဘောဇတိုင်းနယူး

10/05/2022


#ပင်းတယမြို့နယ်
#မေ၁၀

ယနေ့မနက် ၆ နာရီဝန်းကျင်ခန့် ပင်းတယမြို့နယ် ပန်းစစ်ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးရွှေဖီဆိုသူ အသတ်ခံရတယ်လို့ သတင်းရင်းမြစ်က VoP ကိုသတင်းပေးပို့လာပါတယ်။

ဘယ်အဖွဲ့ကလုပ်ဆောင်သွားတယ်လို့ လက်ရှိအချိန်ထိ သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။


10/05/2022

အင်းလေးမြေအောက်တော်လှန်ရေးအဖွဲ့ မှ ပြည်သူစစ်အမာခံသတင်းပေး စစ်ထွက် ရဲမြင့်နှင့်သမက်ဖြစ်သူကျော်စွား တို့အား ၉ ရက်နေ့မနက်ခင်းသံတောင်စျေးတွင်သုတ်သင်ခဲ့သောရုပ်သံ

09/05/2022

ပင်းတယမြို့နယ် ပညာရေးမှူးရုံးကို ပင်းတယမြို့ပြ ပြောက်ကျားတပ်စု (UTF-PDY) က ယနေ့ မေလ ၉ ရက်၊ နံနက်ပိုင်းတွင် အပျော့စားမိုင်းဖြင့် ဖောက်ခွဲ သတိပေးခဲ့သည်ဟု သိရသည်။
အသံမိုင်းသာသာ အပျော့စားမိုင်းဖြင့် အသိပေးသော အနေဖြင့် ဖောက်ခွဲမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူများအား အသိပေး ကြေညာအပ်ပါသည်။ " ဟု UTF (PDY) က ရုပ်သံဖိုင်နှင့်အတူ ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။
ထို့အတူ ဌာနဆိုင်ရာအဆောက်အဦများကို ပိုမိုအားကောင်းသော ဖောက်ခွဲရေးများ ပြုလုပ်ဆောင်ရွက်သွားမည်ဟု ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။


အင်းလေး မြေအောက်တော်လှန်ရေးအဖွဲ့ကို ယနေ့ မေလ ၉ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်းနှင့် စစ်ကောင်စီ ဒလန် ၂ ဦးကို သုတ်သင်ခဲ့ကြောင...
09/05/2022

အင်းလေး မြေအောက်တော်လှန်ရေးအဖွဲ့ကို ယနေ့ မေလ ၉ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်းနှင့် စစ်ကောင်စီ ဒလန် ၂ ဦးကို သုတ်သင်ခဲ့ကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည်။
အဖွဲ့ စတင် ဖွဲ့စည်းသည့်နေ့တွင် ညောင်ရွှေမြို့နယ်၊ ကလေးငယ်ကျေးရွာရှိ စစ်ကောင်စီ ဒလန် ပြည်သူ့စစ်အမာခံ ရဲမြင့် နှင့် ကျော်စွာ တို့အား သုတ်သင်ရှင်းလင်းပြီး ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြ ပါရှိသည်။
အကြောင်း အမျိုးမျိုးကြောင့် အင်းလေး မြေအောက်တော်လှန်ရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိဘဲ မြေအောက် တော်လှန်ရေး လှုပ်ရှားမှု ဆောင်ရွက်ရန်အတွက် ယခုမှ ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်ရန် ပြည်သူ လူထု၏ လှူဒါန်းငွေဖြင့်ဝယ်ယူခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ရွာငံမြို့ပြပျောက်က...
07/05/2022

အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်ရန် ပြည်သူ လူထု၏ လှူဒါန်းငွေဖြင့်ဝယ်ယူခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ရွာငံမြို့ပြပျောက်ကျားတပ်ဖွဲ့က ထုတ်ဖော်ပြသသည်။

M16 သေနတ်တစ်လက်အပါအဝင် လက်နက် ၆လက်၊
ကျည်ငါးရာကို ပြည်သူလူထုက ဧပြီအတွင်း လှူဒါန်းငွေဖြင့် ဝယ်ယူခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ယနေ့(မေ ၇ရက်) သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ဝယ်ယူထားသော လက်နက်ခဲယမ်းအချို့လည်း ကျန်ရှိနေသေးပြီး ငွေမချေရသေးကြောင်း ရွာငံမြို့ပြပျောက်ကျားတပ်ဖွဲ့ - Ye Ngan Urban Gierrillasက အသိပေး ထားသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ရှမ်းပြည် နယ်တောင်ပိုင်းတွင် ဧပြီလမှစတင်ကာ စစ်ကောင်စီအား တန်​ပြန်တိုက်ခိုက်ရေး အရှိန်မြင့်လာနေသည်။

ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၇ ဖွဲ့က ပူးပေါင်းပြီး ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ (SSRY)ကိုဧပြီ ၂၁ရက်က ဖွဲ့စည်းခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားသော မူဝါဒများနှင့်အညီရပ်တည်သွားမည်ဟု SSRYက ထုတ်ပြန်ထားသည်။

ထို့အပြင် ပင်းတယမြို့ပြပြောက်ကျားတပ်စု( Urban Task Force- Pindaya)ကိုလည်း မေလ ၄ရက်က ထပ်မံဖွဲဲ့စည်းခဲ့သည်။


ရွာငံမြို့စျေးတန်းရပ်ကွက်နေ ဒလန်အကြီးစား တင်အို ကိုဓနုပြောက်ကျားတပ်ဖွဲ့မှ  🔫ဒွန့်စ်💀 #ဓနုပြောက်ကျား
06/05/2022

ရွာငံမြို့စျေးတန်းရပ်ကွက်နေ ဒလန်အကြီးစား တင်အို ကိုဓနုပြောက်ကျားတပ်ဖွဲ့မှ 🔫ဒွန့်စ်💀

#ဓနုပြောက်ကျား

ဖွင့်ပွဲကအမှိုက်တောင်မသိမ်းရသေးဘူး ဘူးလက်လှဆွေ ၈လကြာဖန်တီးထားရတဲ့ MRTV App ကို google ကော apple ကပါ ban လိုက်ပြီ #ကြင်စိ...
05/05/2022

ဖွင့်ပွဲကအမှိုက်တောင်မသိမ်းရသေးဘူး ဘူးလက်လှဆွေ ၈လကြာဖန်တီးထားရတဲ့ MRTV App ကို google ကော apple ကပါ ban လိုက်ပြီ
#ကြင်စိုးနဲ့ဘူးလက်ပုလင်းတူဘူးစို့ဘဝကဏ္ဍ

Address

Pyi Htaung So Road
Aungban

Website

Alerts

Be the first to know and let us send you an email when AungBan Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Media/News Companies in Aungban

Show All