15/01/2025
🎶 Musician တွေသိထားသင့်တဲ့ Live Streaming အချက် ၆ ချက်
Digital ခေတ်ရောက်လာတာနဲ့ Digital ခေတ်ကို အမှီလိုက်ရင်း Online ကပြုလုပ်တဲ့ Live Stream, Session အရေအတွက်တွေလည်းပိုမိုများပြားလာပါတယ်။ Online ကနေ Show တစ်ခုကိုအလွယ်တကူ Hosting လုပ်နိုင်တဲ့အတွက်ကြောင့် Festival Vibe ကိုလွမ်းနေတဲ့သူတွေအတွက်လည်း မပျင်းရတော့ဘူး၊ Musician တွေအတွက်လည်း ဝင်ငွေအခက်အခဲတစ်ခုကို အတန်သင့်အဆင်ပြေအောင် Live Stream တွေက ကူညီပေးနိုင်ခဲ့ပါတယ်။ အခုတစ်ခေါက်မှာလည်း ဂီတသမားတွေအတွက် Live Streaming လုပ်တဲ့အခါ အထောက်အကူဖြစ်စေမယ့် Tips ၆ခုကို ဖော်ပြပေးလိုက်ပါတယ်။
1. ဆိတ်ငြိမ်တဲ့နေရာရွေးပါ
ဘေးပတ်ဝန်းကျင် အရမ်းဆူညံတဲ့နေရာမျိုးမှာဆို ပြင်ပက မလိုအပ်တဲ့အသံတွေ Mic ထဲကို ဝင်နိုင်တယ်။ ဥပမာ - အိမ်မွေးတိရစ္ဆာန်ရှိရင် ကြောင်အော်သံ, ခွေးအော်သံ၊ ကလေးရှိရင် ကလေးငိုတဲ့အသံ၊ လမ်းမပေါ်က ကားဟွန်းသံ စသည်ဖြင့်အများကြီးရှိတယ်။ အဲဒီအသံတွေဝင်လာရင် သီချင်းသံ၊ Instrument အသံတွေတိုးသွားပြီး ကိုယ်စကားပြောရတာလည်း အနှောင့်အယှက်ဖြစ်ပါတယ်။
2. အသံ Quality သေချာချိန်ပါ
Mic ကို Laptop မှာပါတဲ့ Built-in Mic ထက်စာရင် အပြင်က Usb နဲ့သုံးရတဲ့ External Mic တွေကပိုကောင်းတယ်။ တစ်ချို့ Mic တွေ ဥပမာ - Audio Technica AT2020USB+ Model ဆို ဖုန်းနဲ့ချိတ်သုံးလို့လည်းရတယ်။ ပြီးတော့ Pop Filter တစ်ခုခံထားရင် မဆိုးဘူး။ Mic ကိုသန့်ရှင်းရေးလုပ်ရတာ လွယ်တာပေါ့။ Live Stream မှာ Monitor Speaker နဲ့ Headphone ၂ခုယှဥ်လိုက်ရင် Headphoneနဲ့က ကိုယ့်ဆီကထွက်တဲ့အသံကို Viewer ဘယ်လိုကြားရလဲဆိုတာ မြန်မြန်စစ်လို့ရတယ်။ နောက်ပြီးအရေးကြီးတဲ့တစ်ချက်က Live Streaming Software တွေဖြစ်တဲ့ OBS, Streamlab တို့မှာ Plugin Feature သုံးဖို့အကြံပေးချင်တယ်။ ဥပမာ - ကိုယ်စကားပြောတဲ့အသံ ကြည်ကြည်လင်လင်ဖြစ်အောင် EQ Plugin နဲ့ Low Cut လုပ်ပြီး Mid ကို Boost လုပ်တာမျိုး။
3. Live Stream လုပ်မယ့်နေရာသန့်ရှင်းနေပါစေ
ကိုယ် Stream နေတဲ့အချိန် ကိုယ့်နောက်က Background မှာ အဝတ်အစားပုံကြီးရှုပ်ပွနေတာတို့၊ PC ကဝါယာကြိုးတွေ ရှုပ်နေတာတို့ဆို Live လုပ်တဲ့သူရော, ကြည့်တဲ့သူပါ အနှောက်အယှက်ဖြစ်တယ်။ Live မစခင် အခန်းကိုသေချာ သန့်ရှင်းထားပါ။
4. Lighting အရေးကြီးတယ်
ကိုယ်ထိုင်မယ့်နေရာကို Lighting သေချာပေးထားပါ။ Studio Lighting လိုမျိုးလည်းမလိုဘူး။ ကိုယ့်မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်နေရရင် အဆင်ပြေတယ်။
5. Internet လိုင်းကောင်းမကောင်းစစ်ပါ
Live Streaming လုပ်မယ့် Video Quality နဲ့ ကိုယ့်ရဲ့ Internet Bandwidth Speed ကိုသေချာကြည့်ပါ။ ပုံမှန်အားဖြင့် 720p Live Stream တစ်ခုကို 12Mbps လောက်ဆိုအဆင်ပြေပေမယ့် Live ပဲသီးသန့်လုပ်မယ်ဆိုပြသနာမရှိဘူး။ ဒါပေမယ့် Stream နေတုန်း တစ်ဖက်က Youtube ကြည့်ဖို့လိုတာမျိုးဆို Bandwidth မနိုင်တော့ Youtube Video တစ်ခုဖွင့်လိုက်တဲ့အချိန်မှာ Live ထစ်သွားတာ၊ Quality ကျသွားတာ၊ နောက်ဆုံး Live တစ်ခုလုံး Disconnect ဖြစ်သွားတာမျိုး ဖြစ်တတ်တယ်။
6. Live Stream မစခင် Test Run များ Run ပါ
Test Run ဆိုတာ အပေါ်ကအချက်တွေအကုန် အိုကေပြီ။ ဒါပေမယ့် ချက်ချင်းကြီး Viewer နဲ့ Stream တာမဟုတ်ဘဲ ကိုယ်တစ်ယောက်တည်း အရင်စမ်းကြည့်တာကိုခေါ်တယ်။ ဥပမာ - Facebook မှာဆို Live ကို Public နဲ့အရင်မလုပ်ဘဲနဲ့ Only Me နဲ့အရင်ဆုံး Stream တာ။ အကုန်လုံး သေချာစစ်ထားတာဆိုပေမယ့် တစ်နေရာမှာ ချို့ယွင်းတာရှိရင် ပြင်လို့ရအောင် Test Run လုပ်တာဖြစ်တယ်။
အခု Post ကတော့ ဒီလောက်ပါပဲ။ ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ နောက်တစ်ခေါက်မှာ ဘာအကြောင်းတွေရေးမယ်ဆိုတာ စောင့်ကြည့်ပါဦးဗျာ။
.......................
Audio, Music,Filmmaking ဆိုင်ရာ အတန်းတွေကို AES Myanmar မှာတက်ရောက်နိုင်ပါတယ်။
🏛 မိမိစိတ်ဝင်စားတဲ့ အတန်းနဲ့ပတ်သက်လိုသိလိုတာရှိရင် Page Chat Box Or Phone ကနေတဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ် 💬
☎️ Phone: 09973079408
🔹 Enhance your Creativity with AES Myanmar 🔹