A & P Entertainment

A & P Entertainment A & P Entertainment မှ ကြိုဆိုပါတယ်
မိတ်ဆွေတို့လိုတဲ့ service မှန်သမျှကို
အချိုသာဆုံးဈေးနဲ့ ဝယ်ယူနိုင

Ozark (Review)-------------Genre:Drama,Crime,Thriller---------------------ကျွန်တော်တို့ဘ၀မှာ 'ငွေဖြူငွေမဲ' ဆိုတဲ့စကားလုံ...
23/03/2022

Ozark (Review)
-------------
Genre:Drama,Crime,Thriller
---------------------
ကျွန်တော်တို့ဘ၀မှာ 'ငွေဖြူငွေမဲ' ဆိုတဲ့စကားလုံးကို ရင်းရင်းနှီးနှီးကြားဖူးနေကြမှာပါ။
ငွေဖြူငွေမဲဆိုတာ ငွေရရှိတဲ့အလုပ်ပေါ်ကိုမူတည်ပြီး ခွဲခြားပေးသွားတဲ့ စကားလုံးတွေပါ။အမေရိကန်လို ငွေကြေးတစ်ပဲတစ်စိကနေစပြီး စစ်ဆေးနေတဲ့နိုင်ငံမျိုးမှာ သင်ရှာထားတဲ့ပိုက်ဆံဟာငွေဖြူဆိုရင် သင်ဘယ်လောက်သုံးသုံး ဘယ်သူမှ ဘာမှ ပြောလို့မရပါဘူး။အဲ့လိုမဟုတ်ပဲ သင်သာငွေမဲတွေကို လက်ထဲထားပြီး လိုသလိုအသုံးပြုနေလိုက်မယ်ဆိုရင်...သုံးလို့မရတာမဟုတ်ပါဘူး။သုံးလို့ရပါတယ်။ဒါပေမဲ့ သင့်အနေနဲ့ အိမ်တို့၊ကားတို့လို ဒေါ်လာ၁သောင်းကျော်ထိ ကြီးကြီးမားမားဘာမှ၀ယ်သုံးလို့မရပါဘူး။ သုံးလိုက်မယ်ဆိုရင်တော့ မကြာခင်မှာပဲ FBIကသင့်အိမ်ရှေ့တံခါးကိုလာခေါက်မှာပါ။ အဲ့တော့ တရားမ၀င်ငွေထောနေတဲ့ ဘိန်းဖြူဂိုဏ်းတွေ၊မာဖီးယားတွေ၊Drugs Dealerတွေဟာ သူတို့ရှိတဲ့ ငွေမဲတွေကို ငွေဖြူဖြစ်အောင် အရာရှိတွေ၊ရှေ့နေတွေကိုလာဘ်ထိုး၊စီးပွါးရေးသမားတွေဆီရှယ်ယာ၀င်၊အထူးသဖြင့် ငွေကြေးပညာရှင်တွေကို ခိုင်းပြီး ငွေလျှော်ရပါတယ်။

ဇာတ်လိုက်Marty Byrdeဟာ ထက်မြက်တဲ့ ငွေကြေးပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့မိတ်ဆွေဘရုစ်နဲ့ ငွေကြေးဆိုင်ရာအကြံပေးကုမ္မဏီတစ်ခု တည်ထောင်ထားပါတယ်။ သူ့မှာသား၊သမီး၊ဇနီးရယ်လို့ ပြည့်ပြည့်စုံစုံရှိပေမဲ့လို့ မပျော်ရွှင်ရတော့တဲ့ အိမ်ထောင်သည်ခင်ပွန်းတစ်ယောက်ဖြစ်နေရပါတယ်။ဖောက်ပြန်နေတဲ့အမျိုးသမီးကိုလည်းအပြစ်မတင်၊ မကြိုဆိုတဲ့သားသမီးတွေကိုလည်း ချစ်ခင်နေရပြီး ငွေရှာတဲ့အလုပ်ကိုပဲ ဖိလုပ်နေရပါတယ်။တစ်နေ့တော့ သူ့မိတ်ဆွေဘရုစ်ဟာ ဘိန်းဖြူဂိုဏ်းတစ်ခုရဲ့ ငွေမဲဒေါ်လာ၈သန်းကို ခိုးထုတ်တဲ့ကိစ္စ မိတဲ့အထဲ ရောယောင်ကာပါသွားပြီး Martyရှေ့မှာတင်အကုန်လုံးကို ပစ်သတ် အလောင်းဖျောက်လိုက်ပါတယ်။သတ်လိုက်ပြီးတော့ သေနတ်ပြောင်းကMartyမျက်နှာရှေ့ရောက်လာတဲ့အခါ ငွေကြေးကျွမ်းကျင်သူပီပီ Martyဟာ အသက်နဲ့လဲပြီး အပေးအယူလုပ်လိုက်ရပါတယ်။Bruceကောင်းမှုကြောင့် ပျောက်သွားတဲ့ဒေါ်လာ၈သန်းကို ပြန်ပေးရုံတင်မက ၅နှစ်အတွင်း သန်း၅၀၀ရှာနိုင်အောင် Ozarkလို့ခေါ်တဲ့ အပန်းဖြေရေကန်ကြီး ရှိတဲ့နေရာမှာ ငွေလမ်း​ဖန်တီးပေးမဲ့အပြင် ရလာတဲ့ငွေမဲတွေကိုပါ လျော်ဖွတ်ပေးပါ့မယ်ဟု ကတိပြုကာ Ozarkသို့မိသားစုလိုက်အမြန်ပြောင်းရွှေ့ရပါတော့တယ်။တကယ်တော့ Ozarkလို တစ်နှစ်မှာ အပန်းဖြေရာသီတစ်ရာသီလောက် လူစည်တဲ့နေရာမှာ ပိုက်ဆံတွေအများကြီးလျော်ဖို့ဟာလည်း မလွယ်လှပါဘူး။ဒါ့အပြင် မလိမ္မာတဲ့မိသားစု၊နောက်ကလိုက်နေတဲ့FBIတွေ၊တခြားဂိုဏ်းကဏတွေနဲ့၊လူလည်၊လူအ တွေကြားမှာ Martyတစ်ယောက် ဘယ်လိုတွေ လွတ်မြောက်အောင် အကွက်ရွှေ့ရမလဲဆိုတာ အရမ်းစိတ်၀င်စားဖို့ ကောင်းပါတယ်။

Ratingတော်တော်လေးကောင်းပြီး သုတ၊ရသ၂မျိုးစလုံးပေးတယ်လို့ ကျွန်တော်ကတော့စုစည်းသုံးသပ်ပေးချင်ပါတယ်။Ozrakဟာ ငွေမဲတွေ ဘယ်လိုအလုပ်လုပ်လဲ? ဆိုတာကိုအဓိကPointထားပြီး ဇာတ်ရှိန်ကောင်းကောင်းနဲ့ တင်ဆက်ထားတဲ့ Netflix original Serie ကောင်းလေး တစ်ခုပါ။2017ထဲက Season1ထွက်ထားပြီး ယခုထိ Season3ခုထွက်ရှိထားပါတယ်။Emmyအပါအ၀င် ဆုပေါင်း 32ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ကြည့်ကြည့်ပါဗျ။ကြိုက်သွားပါလိမ့်မယ်။

Netflix မှာ ကြည့်စရာအရမ်းများပီးဘာကြည့်ရမလဲမသိ ဖြစ်နေသူတွေအတွက် လတ်တလော Trend အဖြစ်ဆုံး series 5ခုကို review လိုက်ပါတယ်🌟
20/03/2022

Netflix မှာ ကြည့်စရာအရမ်းများပီး
ဘာကြည့်ရမလဲမသိ ဖြစ်နေသူတွေအတွက်
လတ်တလော Trend အဖြစ်ဆုံး
series 5ခုကို review လိုက်ပါတယ်🌟

19/03/2022

Netflix နဲ့ Spotify က Video တွေ
သီချင်းတွေကို ဘယ်လိုဒေါင်းမလဲ ?

မကြာခဏ မီးပြတ်နေတဲ့ ဒီကာလကြီးမှာ
နေရထိုင်ရတာ အဆင်မပြေလှပါဘူး

ဒီ့ထက်ဆိုးတာကတော့ မီးပြတ်နေတဲ့အချိန်
ကြည့်စရာဇာတ်လမ်းမရှိ နားထောင်စရာ
ဘာသီချင်းမရှိတာက ပိုဆိုးလှပါတယ်

ဒီ Video လေးမှာတော့ Netflix က Video တွေ ဘယ်လိုဒေါင်းမလဲ ၊ Spotify က သီချင်းတွေ ဘယ်လိုဒေါင်းပီး သိမ်းထားမလဲ စတဲ့အချက်တွေကို အသေးစိတ် ပြောပြထားပါတယ်

ကြည့်ပီး နားမလည် မရှင်းတာရှိရင်
Comment မှာ ဖြစ်ဖြစ် cb မှာဖြစ်ဖြစ်
လာမေးလို့ရပါတယ်ခင်ဗျာ 🌟

Netflix ဆိုတာဘာလဲ ? Netflix လို့ဘာလို့ခေါ်တာလဲ ? ဒီနေ့တော့ Netflix က တစ်ကမ္ဘာလုံးမှာ No 1 Streaming Service ဖြစ်လာဖို့ဘယ...
17/03/2022

Netflix ဆိုတာဘာလဲ ?
Netflix လို့ဘာလို့ခေါ်တာလဲ ?

ဒီနေ့တော့ Netflix က တစ်ကမ္ဘာလုံးမှာ
No 1 Streaming Service ဖြစ်လာဖို့
ဘယ်လိုတွေရုန်းကန်ခဲ့ရလဲဆိုတာရယ်
Netflix ရဲ့ လူသိနည်းတဲ့ History တွေရယ်ကို
အကျဉ်းချုပ်ပြောပြသွားမှာ ဖြစ်ပါတယ်

◾Netflix ဆိုတာ Net နဲ့ Flix နဲ့ပေါင်းထားတာပါ
Net ကတော့ Internet ကို ရည်ညွှန်းတာဖြစ်ပီး
Flix ကတော့ Flick ကိုရည်ညွှန်းတာ ဖြစ်ပါတယ်
အနီးစပ်ဆုံး အဓိပ္ပာယ်ကတော့ interney ရှိရုံနဲ့
ဇာတ်လမ်းတွေ တစ်ပုံကြီးကြည့်လို့ ကြည့်လို့ရတဲ့နေရာ ဖြစ်ပါတယ်

◾Netflix ကို Marc Randolph နဲ့
Reed Hastings ဆိုတဲ့ entrepreneurs ၂ယောက်က 1997 August မှာ စတင်တည်ထောင်ခဲ့တာပါ

◾စစချင်း company base ကတော့
Scotts Valley, California မှာပဲ ဖြစ်ပါတယ်

◾Netflix စထောင်ထောင်ချင်းတုန်းကတော့
ခုလိုမျိုး ၁လချင်းစီ subscription သွင်းရုံနဲ့
ရှိသမျှ Movie/Series တွေ unlimited ကြည့်လို့ရတာမျိူး မဟုတ်ပါဘူး

◾DVD အခွေတွေကို online ကနေတစ်ဆင့်ငှားလို့ရတဲ့ website တစ်ခုမျှသာဖြစ်ပါတယ်
ဥပမာ - မိတ်ဆွေက Netflix website ကိုသွားပီး
ကိုယ်ကြည့်ချင်တဲ့ဇာတ်လမ်းကို Add To Cart လုပ်ပီးတာနဲ့ Rent လုပ်မလား Buy လုပ်မလား ရွေးရမှာပါ

ပီးတာနဲ့ မိတ်ဆွေရဲ့ လိပ်စာကိုယူပီး စာတိုက်ကနေ တစ်ဆင့်ပို့ပေးတာပါ
အဲ့ဒီအချိန်တုန်းကတော့ အခွေတစ်ခွေကို
2$ ဝန်းကျင်ကျပါတယ်

◾နောက်ပိုင်း Amazon ကပါလိုက်ပီး
DVD ခွေတွေရောင်းလာတာကြောင့်
Netflix က အခွေရောင်းတာကို ရပ်လိုက်ပီး
ငှားတာပဲ လုပ်တော့တယ်

◾အဲ့လို တစ်ခွေငှားလိုက် Netflix ရုံးကိုပြန်ပို့ပေးလိုက် လုပ်နေရာကနေ 1999 မှာတော့
Netflix က လစဉ်ကြေးပေးသွင်းရုံနဲ့ unlimited DVD အခွေတွေ စိတ်ကြိုက်ငှားလို့ရတဲ့ plan တစ်ခုကိုပါ Launch လုပ်လာပါတော့တယ်

◾အဲ့ဒီနောက်ပိုင်း လူတွေ DVD အခွေတွေဘက်ကို
စိတ်ဝင်စားမှု အားနည်းလာချိန်မှာ
Netflix က ခုကျွန်တော်တို့သိတဲဲ့ / ရင်းနှီးတဲ့
Netflix ဖြစ်လာဖို့ ခြေလှမ်းစတင်ခဲ့ပါတယ်

Warner Bros တို့ Columbia Pictures တို့လိုမျိုး Company ကြီးတွေနဲ့ Partnership ယူပီးတော့
ဘယ်မှာမှ ကြည့်လို့မရသေးတဲ့ဇာတ်လမ်းတွေကို
Netflix မှာ ကြည့်လို့ရဖို့ လုပ်ခဲ့ပါတယ်

◾ဒါ့အပြင် consumer electronics company တွေနဲ့ပါ partnership ယူပီး Xbox/Playstation/Android Boxes/Smart Tv တွေမှာပါ
Netflix App ကို Built in ထည့်နိုင်ဖို့အတွက်
ကြိုးစားခဲ့ပါတယ်

ဒါကြောင့်လည်း ယခူအချိန် electronic devices တော်တော်များများမှာ Netflix App ကို သက်သက်ထပ်ဒေါင်းစရာမလိုဘဲ အသင့်ပါလာပီးသားတွေ့ရတာ ဖြစ်ပါတယ်

◾လူသိနည်းတဲ့ fact တစ်ခုကိုပြောပြရမယ်ဆိုရင်တော့ Netflix က 2000 ခုနှစ်တုန်းက
Blockbuster ကို $50Million နဲ့ဝယ်ဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်

ဒါပေမဲ့ Blockbuseter ဘက်က
လက်မခံဘဲငြင်းခဲ့ပါတယ်

ခုတော့ ငြင်းလိုက်တဲ့ Blockbuster က ဒေဝါလီခံသွားရပီဖြစ်ပီး $50Million တန် Netflix လေးကတော့ $215.85Billion တန်နေပါပီ
ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ဆိုတဲ့ စကားပုံလိုပဲအလှည့်အပြောင်းတွေကလည်း တကယ်အံ့အားသင့်စရာ ကောင်းလှပါတယ်

ကဲ Netflix နဲ့ ပက်သက်လို့ ရှင်းပြတာ ဒီလောက်ဆို
လုံလောက်ပီလို့ထင်ပါတယ်
သိချင်တာရှိရင်ဖြစ်စေ ကျွန်တော့် facts တွေမှားနေတာရှိခဲ့ရင်ဖြစ်စေ ဒီ post အောက်က comment မှာ ဒါမှမဟုတ် page cb မှာ လာရောက်မေးမြန်းလို့ရပါတယ်

အိမ်မှာနေရင်း သူငယ်ချင်းတွေနဲ့ တူတူတစ်ပြိုင်တည်းDisney+ က Movie/Series တွေ ဘယ်လိုကြည့်မလဲ⁉️ Disney+ မှာပါတဲ့ Group Watch...
06/02/2022

အိမ်မှာနေရင်း သူငယ်ချင်းတွေနဲ့ တူတူတစ်ပြိုင်တည်း
Disney+ က Movie/Series တွေ ဘယ်လိုကြည့်မလဲ⁉️

Disney+ မှာပါတဲ့ Group Watch ဆိုတဲ့icon လေးကို သုံးပီး တစ်ချိန်တည်းမှာ လူ၆ယောက်အထိ
မည်သည့် content ကို မဆို ပြိုင်တူ ကြည့်ရှုနိုင်ပါတယ်

Group Watch Feature ကို ဘယ်လိုသုံးရမလဲဆိုတာ
အောက်ကပုံ တစ်ပုံချင်းစီကို ထောက်ပီး ဖတ်ရှုနိုင်ပါတယ်

ဒီ post လေးနဲ့ ပက်သက်ပီး မရှင်းတာ နားမလည်တာရှိခဲ့ရင်
သိလိုတာမှန်သမျှကို comment မှာဖြစ်ဖြစ် page cb မှာဖြစ်ဖြစ်
လာရောက် မေးမြန်းနိုင်ပါတယ်♥️

"အဝိုင်းလည်တယ်ဆိုတာ ဂျိုနဲ့လားလို မေးရအောင်ထိလိုင်းဆွဲအားကောင်းတဲ့ 2022ရဲ့ အကောင်းဆုံး Vpn 3ခုကို A&P မှာ အချိူသာဆုံးဈေး...
06/02/2022

"အဝိုင်းလည်တယ်ဆိုတာ ဂျိုနဲ့လားလို မေးရအောင်ထိ
လိုင်းဆွဲအားကောင်းတဲ့ 2022ရဲ့ အကောင်းဆုံး Vpn 3ခုကို
A&P မှာ အချိူသာဆုံးဈေးနဲ့ ဝယ်ယူနိုင်ပါပီ"
🌟Express Vpn
🌟Nord Vpn
🌟Surfshark Vpn

Wifi သမားတွေ ကတော့
Vpn 3ခုလုံးနဲ့ အဆင်ပြေတာမို ကြိုက်တာယူပါ

အရင်က အရည်အသွေးမမှီတဲ့ Vpn တွေကြောင့်
ခေါင်းကိုက်နေတဲ့ Mobile Data သမားတွေလည်း
အကောင်းတကာ့ အကောင်းဆုံးဖြစ်တဲ့
Express နဲ့ Nord Vpn ကိုသုံးပီး
ဒုံးပျံလို အမြန်နှုန်းမျိူးနဲ့ internet သုံးနိုင်ပါပီ

Nord/Express စတဲ့ ကမ္ဘာ့နံပါတ်တစ် Vpn တွေကိုတောင်
လောလောဆယ် promo ကာလမှာဝယ်ရင်
6လကို တစ်သောင်းခွဲနီးပါးနဲ့ရတာဆိုတော့
တစ်လလကို ၂၅၀၀တောင်မကျဘူးနော်

ဒီလိုဈေးနဲ့ဘယ်အချိန်ထိရမလဲ မသိနိုင်တာမို
လိုင်းဆွဲအား အရမ်းကောင်းပီး ကမ္ဘာ့အကောင်းဆုံးဖြစ်တဲ့ Premium Vpn 3မျိုးကို ခုလို ဈေးချိုချိုလေးနဲ့ရတုန်းလေး
မြန်မြန်ဝယ်ထားလိုက်ကြရအောင်♥️

ဝယ်ယူရန် - m.me/AandPentertainment.inc

Spotify က သီချင်းတွေကို ဖုန်းထဲမှာ download လုပ်ပီး သိမ်းနည်း ‼️ ခုပြောပြမှာကတော့ Spotify က သီချင်းတွေကို  ဖုန်းထဲက Fold...
05/02/2022

Spotify က သီချင်းတွေကို
ဖုန်းထဲမှာ download လုပ်ပီး သိမ်းနည်း ‼️

ခုပြောပြမှာကတော့ Spotify က သီချင်းတွေကို
ဖုန်းထဲက Folder တွေထဲမှာ Download ဆွဲပီး
သိမ်းထားလိုရတဲ့ နည်းပဲဖြစ်ပါတယ်

နမူနာအနေနဲ့ Spotify က သီချင်း ၃ပုဒ်ကို
ဒေါင်းလုပ်,လုပ်ပီး ဖုန်းထဲမှာသိမ်းပုံသိမ်းနည်းအဆင့်ဆင့်ကို
ပြထားတဲ့ video လေးရှိပါတယ်
စိတ်ဝင်စားတယ်/သိချင်တယ်ဆိုရင်
Page cb မှာ လာယူလိုရပါတယ်ခင်ဗျာ📲📲

လမ်းကြုံတုန်းလေး
ကျွန်တော်တို ရောင်းပေးနေတဲ့
Spotify Acc လေးတွေနဲ့ မိတ်ဆက်ပေးပါရစေ

A & P Entertainmemt က
ရောင်းပေးနေတဲ့ Spoti Acc များသည်
🌟၆လယူယူ ၁နှစ်ယူယူ
premium လုံးဝမပြုတ်ပါ
🌟ပြုတ်ခဲ့ရင် ပေးထားတဲ့ငွေရဲ့
3ဆ ပြန်လျော်ပေးပါမယ်
🌟Lyrics ပါ/Podcast ရ
🌟ကိုယ်ပိုင် mail နဲ့ Acc ဖွင့်လိုရ
🌟သက်တန်းတိုးလို့ရ

ဈေးအနေနဲ့ကတော့
၁လ - ၃၅၀၀ ကျပ်
၆လ - ၁၅,၀၀၀ ကျပ်
၁၂လ - ၂၅,၀၀၀ ကျပ်
(၆လ/၁နှစ်ယူမဲ့သူတွေ အနေနဲ့တော့
၁လလုံးကိုမှ ၂ထောင်ကျပ်ပဲကျသင့်ပါတယ်)

စိတ်ဝင်စားတယ် သိချင်တာရှိခဲ့တယ်ဆိုရင်
cb မှာ လာရောက်မေးမြန်းနိုင်ပါတယ်♥️

ဆက်သွယ်ရန် - m.me/AandPentertainment.inc

The Crownဒီseriesကတော့အစကပျင်းစရာကောင်းမယ်ထင်တာ episode 3ခု​4ခုအပြီးမှာ အထင်နဲ့အမြင်တက်တက်စင်အောင်လွဲနေခဲ့ပါတယ်။ Histori...
01/02/2022

The Crown

ဒီseriesကတော့အစကပျင်းစရာကောင်းမယ်ထင်တာ episode 3ခု​4ခုအပြီးမှာ အထင်နဲ့အမြင်တက်တက်စင်အောင်လွဲနေခဲ့ပါတယ်။ Historical Dramaပေမယ့် ထိုင်ရာမထကိုကြည့်ချင်စရာကောင်းပါတယ်။

The Crownဆိုတဲ့ seriesကိုPeter MorganကရေးသားထားပြီးLeft Bank Pictures နဲ့Sony Pictures Television တို့က Netflixအတွက်ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးရဲ့အုပ်စိုးလာတဲ့နန်းသက်တစ်လျှောက် ဖြစ်ပျက်ခဲ့တဲ့ တော်ဝင်မိသားစုရဲ့ အတွင်းရေးကို အခြေခံရိုက်ကူးထားပါတယ်။

Season 4ခုအထိ ထွက်ရှိထားပြီး Season 1မှာ ဘုရင်မကြီးရဲ့ ကြင်ယာတော်နဲ့လက်ထပ်ပြီးခါစအချိန်ကာလကနေ ညီမတော်စေ့စပ်ပွဲပျက်သွားတဲ့အချိန်ထိ၊ Season 2မှာ 1956 Suez Crisis ကနေ 1963 ဝန်ကြီးချုပ် Harold MacMillan ပင်စင်ယူသွားချိန်၊ Season 3မှာ 1964နေ 1977 အထိ၊Season 4မှာတော့ Margret Thatcherရဲ့ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်ကာလ အစောပိုင်း 1990ခုနှစ်များအထိပါဝင်ပါတယ်။

ပြည်သူအချစ်တော်Dianaနဲ့ Charles မင်းသားတို့ရဲ့ဇာတ်လမ်းအပြင် တော်ဝင်မိသားစုထဲက မိသားစုနဲ့ အချစ်ဇာတ်လမ်းတွေကိုပါကြည့်ရှုရမှာဖြစ်ပါတယ်။ Budget ကောင်းကောင်းနဲ့ရိုက်ကူးထားတာဖြစ်လို့ set design,costume ကနေ castingအဆုံးထိ အရသာရှိရှိ ထိထိမိမိကြည့်ရှုရမယ့် seriesကောင်းတစ်ခုဖြစ်ပါတယ်။

The Guardian (Review)-----------------Genre:Horror,Crime---------------Netflix ရဲ့ Vietnam Horror ရုပ်ရှင် The Guardian ...
30/01/2022

The Guardian (Review)
-----------------
Genre:Horror,Crime
---------------
Netflix ရဲ့ Vietnam Horror ရုပ်ရှင် The Guardian Horror ကားလေး အပြောင်းအလဲအနေနဲ့ ကြည့်ကြည့်ဖို့ Review ပေးပါရစေ။လတ်တလော Plot Twist အများကြီးနဲ့ထွက်ထားတဲ့ Netflix ကထွက်ခဲ့တဲ့ Thai ရုပ်ရှင် The Whole Truth လိုမျိုး Crime ပုံစံမျိုးလေး The Guardian မှာတွေ့ရပါတယ်။ ကြည့်ကြည့်ရင်တော့ ဇာတ်သိမ်းမှာ အားလုံးရှင်းပြသွားမဲ့ရုပ်ရှင်မျိုးဖြစ်ပြီး ကြည့်နေရင်းနဲ့တော့ ကိုယ်သိနေတာရိုးရိုးလေးပါပဲလို့ ထင်နေမိမှာပါ။

ကျွန်တော်တို့ အာရှနိုင်ငံအများစုမှာ အထက်လမ်း၊အောက်လမ်း စသဖြင့် တမလွန်သားတွေနဲ့ ဆက်နွှယ်ပြီး ကိုယ့်အကျိုးစီးပွါးအတွက် ယုံကြည်ကိုးစားကြတဲ့ အကျင့်ရှိကြပါတယ်။အဲ့ဒီကိစ္စတွေထဲ ကူမာန်ထောင်ဆိုတဲ့ အစောင့်အရှောက် ကလေးအရုပ်လေးအပါအ၀င်ဖြစ်ပြီး The Guardian ရုပ်ရှင်ကတော့ အဲ့ဒီ ကူမာန်ထောင်အရုပ်နဲ့ နာမည်ကြီးအဆိုတော်တစ်ယောက်ရဲ့ သတ်သေမှုနဲ့ ဆက်နွယ်ပြီး ဇာတ်လမ်းဆင်ထားတာပါ။ ၂၅ နှစ်အရွယ် Pop Star မလေး Lum Phoung ဟာ အွန်လိုင်းပေါ်မှာ ပျံ့လွင့်ခဲ့တဲ့ S*x Tape တစ်ခုကြောင့် အဆုံးစီရင်သွားခဲ့ပြီး ကူမာန်ထောင်အရုပ်ကလေးချန်ထားခဲ့ပါတယ်။ ဒီအမှုထဲမှာ Lum ဟာ မတရားပြုကျင့်ခံရ​ခြင်းဖြစ်ကြောင်း သိသာပြီး အမှန်တရားကိုဖော်ထုတ်ရန် Ly ဆိုတဲ့ Lum ရဲ့ အချစ်ခင်ဆုံး နောက်ခံအဆိုတော်မလေးဆီ မိသားစုနဲ့ ရဲတို့ကတောင်းဆိုပေမဲ့ ကြောက်ရွံ့ပြီး ငြင်းဆိုနေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Ly ဟာ Lum မသေခင် လက်ဆောင်ပေးခဲ့တဲ့ ကူမာန်ထောင်အရုပ်လေးကို အသုံးချရင်း တဖြည်းဖြည်း အောင်မြင်လာအောင် မျိုးစုံလုပ်ယူခဲ့ပါတယ်။ အကုန်လုံးကိုရရှိလာခဲ့ပေမဲ့ အတောမသတ်နိုင်တဲ့အဆုံး ကူမာန်ထောင်အရုပ်ကြောင့် Ly တစ်ယောက်ဒုက္ခရောက်ပြီး အမှန်တရားတစ်ခုပေါ်ပေါက်လာမှာပါ။

Plot Twist တော်တော်လေးကောင်းတာကြောင့် ဇာတ်သိမ်းတော်တော်လေးလှပပြီး အမျိုးမျိုးတွေးတောလို့ရစေပါတယ်။ ဇာတ်လမ်းအနေနဲ့ တောက်လျောက်ရိုးရိုးနဲ့အေးအေး လောဘအကြောင်း၊လိပ်ပြာမလုံတဲ့အကြောင်း၊ကူမာန်ထောင်အကြောင်း ရိုက်ပြလာခဲ့ပေမဲ့ Surprise အကြီးကြီးကြောင့် ဝေဖန်မှုကောင်းကောင်းရရှိထားတဲ့ ဗီယက်နမ်ရုပ်ရှင်လေးမို့ ကြည့်စေချင်ပါတယ်။ ။

Taxi Driver (Review)---------------Genre: K Drama,Crime,Comedy------------------------Netflix ကိုရောက်ရှိလာတဲ့ Taxi Driv...
30/01/2022

Taxi Driver (Review)
---------------
Genre: K Drama,Crime,Comedy
------------------------
Netflix ကိုရောက်ရှိလာတဲ့ Taxi Driver ဆိုတဲ့ K Series ကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ။ တကယ်ဖြောင့်တဲ့မင်းသား Lee je-hoon က သွေးအေးဟီးရိုး Taxi Driver အဖြစ်သရုပ်ဆောင်ထားပြီး အမှုတိုင်းက Heart Touching ဖြစ်စေတဲ့ ဇာတ်လမ်းတွဲလေးပါ။

ဇာတ်လမ်းအကျဥ်းအနေနဲ့ လျှို့၀ှက်အဖွဲ့အစည်းတစ်ခုပေါ်မှာ ကျောရိုးတည်ထားပါတယ်။ ကမ္ဘာပေါ်မှာ တရားဥပဒေဆိုတာ တခါတလေ နည်းနည်းအားပျော့ပြီး တခါတလေမှာလည်း လိုတာထပ်ပိုပြီး အားပြင်းတတ်ပါတယ်။ အဆင့်မြင့် Taxi အသွင်ယူပြီး တရားမျှတမှုမရရှိတဲ့ နစ်နာသူတွေအတွက် ရွေးချယ်ခွင့်ပေးပြီး လက်စားချေပြစ်ဒါဏ်ပေးတဲ့ လျှို့၀ှက်အဖွဲ့တစ်ခုကိုမြင်တွေ့ရမှာဖြစ်ပြီး မတရားခံခဲ့ရတဲ့အတိုင်း သေချာအကွက်ကျစီမံပါတယ်။ Secret Identity ပုံစံမျိုးသွားထားတာကြောင့် Hero ဆန်ပေမဲ့ အကုန်နည်းစနစ်ကျကျ လက်တွေ့ဆန်အောင် ဖန်တီးရိုက်ကူးထားတာ တော်တော်မိုက်ပါတယ်။ Rainbow Taxi ကုမ္မဏီတည်ထောင်ထားသူ အဖိုးကြီး Jung Sung Chul ဦးဆောင်ပြီး မင်းသား Kim Do Ki က Taxi နဲ့လှုပ်ရှားပါတယ်။ နောက်အဖွဲ့၀င် ၃ ယောက်ကတော့ Hacker မလေး Ahn Go နဲ့ ငပြောင် ၂ကောင်ပါ။ တရားခံတွေ ပျောက်လာတဲ့အမျှ ရဲတွေဘက်ကလည်း ထူးဆန်းတဲ့ အဆင့်မြင့် Taxi နောက်ကိုတဖြည်းဖြည်းလိုက်ပါတော့တယ်။ အဖိုးကြီး Jung Sung Chul ရဲ့ လျှို့၀ှက် Taxi နောက်ကွယ်မှာ Lawbreaker တချို့နဲ့ ပူးပေါင်းထားရတဲ့အတွက်ကြောင့် တဖြေးဖြေး ဇာတ်လမ်းဟာ ရာဇ၀တ်သား၊နစ်နာသူ၊ရဲတပ်ဖွဲ့၊မြေအောက်ဂိုဏ်း နဲ့ လျှို့၀ှက် Taxi တို့ကြား ရောယှက်လာပါတော့တယ်။

ဇာတ်အိမ်ခိုင်ခိုင်နဲ့ တော်တော်ကြည့်တန်တဲ့ စီးရီးလေးပါ။ အပိုင်း ၁၆ ပိုင်းပါ၀င်ပြီး စိတ်၀င်စားဖို့တော်တော်ကောင်းပြီး အားရပါးရကြည့်ရမှာပါ။
Rating တော်တော်လေးကောင်းပြီး Revenge Feel တစ်မျိုးရတာမို့ Crime Fighter Mood လေးကို Drama လေးနဲ့ ခပ်ကောင်းကောင်းလိုချင်ရင်ကြည့်သင့်ပါတယ် ။ ။

January 28 ရက်နေ့က အသစ်ထွက်ရှိလာတဲ့ Netflix ရဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ All Of Us Are Deadပထမဆုံးအနေနဲ့ ဇာတ်လမ်းအကြောင်းမ...
30/01/2022

January 28 ရက်နေ့က အသစ်ထွက်ရှိလာတဲ့ Netflix ရဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ All Of Us Are Dead

ပထမဆုံးအနေနဲ့ ဇာတ်လမ်းအကြောင်းမပြောခင် Cast တွေရဲ့ Chemistry အတော်မိတယ်လို့ပြောရမယ်။ နောက်ပြီး ဇာတ်ကောင်နေရာရွေးထားတာတွေက သူ့နေရာနဲ့သူ အံဝင်ခွင်ကျတယ်လို့ ပြောရမလားပဲ။ ကြည့်နေရင်းနဲ့ တစ်စက်ကလေးမှ ပျင်းမသွားရဘူး။

Hyosan အထက်တန်းကျောင်းက သိပ္ပံဆရာတစ်ယောက်က စမ်းသပ်တီထွင်ထားတဲ့ Virus။
အဲ့ဒီ Virus ထည့်ထားတဲ့ ဓာတ်ခွဲခန်းသုံးကြွက်ကလေးကို ကျောင်းသူတစ်ယောက်က မထင်မှတ်ဘဲ တွေ့သွားတယ်။ အဲ့ဒီကျောင်းသူဟာ ကြွက်ကိုဆော့ကစားရင်းနဲ့ပဲ မတော်တဆ အကိုက်ခံလိုက်ရတယ်။ ဒါကို သိပ္ပံဆရာသိသွားတော့ ကျောင်းသူကို ဖမ်းချုပ်ထားပြီး သီးသန့်ခွဲထားပေမယ်​့ အဲ့ဒီကျောင်းသူလေး လွတ်မြောက်သွားတဲ့အခါ....

ဒီ Virus က လူရဲ့ နှလုံးကို ရပ်သွားစေပြီး ဦးနှောက်နဲ့အာရုံကြောကိုတော့ လှုံ့ဆော်ခိုင်းစေတာကြောင်​့ zombie လိုမျိုး မကောင်းဆိုးဝါးတွေဖြစ်လာစေတယ်။ ဒီ virus ကူးစက်ခံရသူ ကိုက်တာခံရတာဖြစ်စေ၊ virus ရှိသူရဲ့သွေး ခန္ဓာကိုယ်ထဲဝင်တာဖြစ်စေ zombie အဖြစ်ကူးပြောင်းသွားမယ်။

ခုနကလွတ်မြောက်သွားတဲ့ကျောင်းသူလေးဟာ ကျောင်းဆေးခန်းကိုအပို့ခံလိုက်ရပြီး လူနာတင်ကားနဲ့ ဆေးရုံကိုအပို့ခံလိုက်ရတယ်။
ဒါပေမယ့် ပြဿနာက အဲ့ဒီကောင်မလေးကို ထိန်းရင်းနဲ့ ကျောင်းဆေးခန်းက သူနာပြုဆရာမလည်း အကိုက်ခံရပြီး Zombie အဖြစ်ပြောင်းသွားတယ်။ ဒီလိုနဲ့ ဆေးရုံရော၊ ကျောင်းတစ်ခုလုံးမှာ ပွက်လောတွေရိုက်ပြီး zombie တွေဖြစ်ကုန်ကြတော့တာပဲ။ ဆေးရုံကနေတစ်ဆင့် အကုန်ပြန့်ကုန်တာကြောင့် Hyosan တစ်မြို့လုံးလည်း zombie တွေနဲ့ ပြည့်နေတယ်။

အဲ့ဒီအချိန်မှာ ဒီ virus ကို တီထွင်ခဲ့တဲ့ဆရာကတော့ ကျောင်းသူလေးကို ပြန်ပေးဆွဲတဲ့အမှုနဲ့ ရဲစခန်းမှာ ရောက်နေလေရဲ့။ သူက ကျောင်းသူလေးကို သီးသန့်ခွဲထားဖို့နဲ့ virus အကြောင်းကို ရှင်းပြဖို့ ကြိုးစားပေမယ့် ဘယ်သူကမှ နားမထောင်ခဲ့ကြဘူး။ နောက်ဆုံး ပိုးအရမ်းပြန့်သွားတဲ့အချိန်မှာမှ ရဲအရာရှိက ဆရာ့စကားကို ယုံသွားတယ်။ ဒီဆရာက သူတို့ကျောင်းက သိပ္ပံဓာတ်ခွဲခန်းထဲက သူ့ရဲ့ laptopထဲမှာ solution ရှိတယ် ရအောင်ရှာဖို့ ရဲကိုပြောလိုက်တယ်။ ဆရာကတော့ zombie တွေအကိုက်ခံလိုက်ရတယ်။

ရဲအရာရှိကရော ဒီအကြောင်းအရာကို စစ်တပ်နဲ့အထက်အရာရှိတွေကို ပြောနိုင်ပါ့မလား။ နောက်ပြီး laptop ထဲက အဖြေကရော ဒီပြဿနာတွေအကုန်လုံးကို ဖြေရှင်းနိုင်ပါ့မလား။ နောက်ဆုံး ဘယ်သူတွေက အသက်ရှင်ကျန်ရစ်ခဲ့မှာလဲ။
အစရှိသဖြင့် မေးခွန်းတွေကို ၁၂ပိုင်းစာ ဇာတ်လမ်းတွဲကို မနားတမ်းကြည့်ရင်း အဖြေရှာကြည့်ဖို့ ညွှန်းချင်ပါတယ်။

ဒီဇာတ်လမ်းမှာ ကျောင်းသားလေးတွေက အဓိကဇာတ်ဆောင်တွေလို့ ပြောလို့ရမယ်ဆိုတော့ လူငယ်ပိုင်းသရုပ်ဆောင်တွေများတာကိုတွေ့ရတယ်။ (park solomonလည်း အရမ်းချောပါတယ်။ ဤကားစကားချပ်)
Zombie ဇာတ်ကားဆိုပေမယ်​့ Vibe က အမျိုးမျိုးရတယ်။ အခုကာလကြီးနဲ့လည်း ခပ်ဆင်ဆင်ဆိုတဲ့ ခံစားချက်မျိုး ကြည့်နေရင်း ခဏခဏတွေးမိတယ်။
အသက်တောင်မရှူချင်လောက်အောင် ခြောက်ခြားစရာကောင်းတဲ့ အ​ခြေအနေတွေဆိုပေမယ့် လူငယ်သဘာဝအတိုင်း တစ်ခါတလေ အနှောက်လေးတွေ၊ ပျော်စရာလေးတွေ ရှာကြံတတ်တာမျိုးရိုက်ပြပြီး ကြည့်တဲ့သူကိုပါ ခဏ စိတ်သက်သာရာရစေတယ်။

Zombie ကားဆိုပေမယ့် သွေးသံရဲရဲနဲ့ ​ပြေးလိုက်၊ ကိုက်လိုက်ချည်းပဲ မဟုတ်ဘဲ side story အားကောင်းတယ်လို့ ပြောရမယ်။
Loveline တွေကလည်း အတော်လေး နှစ်ခြိုက်စရာကောင်းပါတယ်။
တစ်ယောက်နဲ့တစ်ယောက်ကြားကသံယောဇဥ်တွေ၊ မေတ္တာတွေအပြင် နာကြည်းမှုတွေ၊ ကြောက်ရွံ့မှုတွေကိုလည်း သေချာပုံဖော်သွားနိုင်တယ်။ ကျောင်းတွင်းအနိုင်ကျင့်မှုကို အခြေတည်ထားတဲ့ ဇာတ်လမ်းမို့ အစပိုင်းမှာတော့ မနှစ်မြို့စရာ အနိုင်ကျင့်တဲ့ ဇာတ်ကွက်တွေ ပါတယ်။

ကြည့်ရတဲ့ခံစားချက်ကတော့ Train To Busan ကို School series version နဲ့ ကြည့်ရသလိုမျိုးလို့ ပြောရမလား။
နောက်ဆုံးမှာ တစ်ယောက်ကို sacrifice လုပ်လိုက်တာကိုတော့ မလိုအပ်ဘူးလို့ထင်မိတယ်')
နှမြောတာလည်းပါတာပေါ့။ ယုတ်တိမရှိတာမျိုးတော့ မဟုတ်လှပါဘူး။

Netflix က ထွက်ထားတဲ့ Korean zombie movie တွေထဲမှာဆိုရင် ကျွန်တော့်အနေနဲ့ ဒီကားကို သဘောအကျဆုံးပဲ။ Rating 10 out of 10 ပေးတဲ့အပြင် မကြည့်မဖြစ်ကြည့်သင့်တဲ့ကားလို့ကို ပြောချင်တယ်။ ဘယ်လိုပြောရမလဲ၊ စိတ်ရှုပ်စရာကားကြီးထဲမှာ မျှော်လင့်ချက်တွေ အများကြီးရှာတွေ့လိမ့်မယ်။ ဒါပေမယ့် မကြည့်ခင် trailer တော့အရင်ကြည့်စေချင်တယ်။ အဲ့လိုက ပိုပြီးစိတ်ဝင်စားစရာဖြစ်လိမ့်မယ်။

Peace Maker (Review)-----------------Genre:Super Hero,Action,Drama,Comedy------------------------------- Sucide Squad Fa...
29/01/2022

Peace Maker (Review)
-----------------
Genre:Super Hero,Action,Drama,Comedy
-------------------------------
Sucide Squad Fan တွေရဲ့ မျှော်လင့်ကြီးစောင့်စား Peace Maker Series ကတော့ HBOmax မှာ အဖွင့်ကြမ်းကြမ်းနဲ့ ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ Director ကြီး James Gunn ရဲ့လက်ရာချည်းပဲ စိတ်ကြိုက်ချယ်လှယ်ပြသသွားမဲ့ Show ဖြစ်ပြီး R Rated ဖြစ်ပါတယ်။

The Sucide Squad ရဲ့ Starfish Project အပြီးမှာတော့ Bloodsport ကြောင့် ဒါဏ်ရာရရထားခဲ့တဲ့ Peace Maker ကို Waller က Butterfly Project ဆိုတဲ့ Mission ထပ်လုပ်ခိုင်းပါတယ်။ Peace Maker အနေနဲ့ Comic ထဲကလို ဖခင်ရဲ့လွှမ်းမိုးမှုတွေထဲမှာ ခေါင်းစွပ်နဲ့တူ Drama ဆန်ဆန်မြင်တွေ့ရဖို့ရှိပြီး Dark Comedy နဲ့ Scenes တွေအားလုံးမှာ John Cena အနေနဲ့ ကြိုးစားပြီးလိုက်ဖက်အောင်သရုပ်ဆောင်ထားပါတယ်။ ငြိမ်းချမ်းရေးအတွက်ဆို ကလေး၊မိန်းမ ဘယ်သူ့မဆို သတ်ပါတယ်ဆိုတဲ့ Peace Maker ရဲ့ Character အပြင် Peace Maker ရဲ့ Mental Illness နဲ့ Humanity ကို Team အသစ်နှင့်အတူပြသသွားမဲ့ပုံပါ။ Musical ပိုင်းလည်း ကြည့်ရင်းနဲ့ Fun အရမ်းဖြစ်အောင် သုံးထားပြီး သွေးထွက်သံယို တော်တော်များမှာပါ။အဓိကတော့ Peace Maker ဆိုတဲ့ ရူးသွပ်လွန်းတဲ့ Anti-hero Character တစ်ယောက်ကို James Gun လို Director တစ်ယောက်အနေနဲ့ လုပ်ချင်သလိုလုပ်ပြီး ပုံဖော်သွားမှာပါ။

Personal Rating အနေနဲ့ 9/10 ပေးပါတယ်။ အခုတလော အငြင်းပွါးခံရဆုံး Series တစ်ခုဖြစ်တာကြောင့် Peace Maker အပေါ်ကို သုံးသပ်ပုံခြင်းတော့ မတူပါဘူး။ DC Fan တွေအနေနဲ့တော့ Peace Maker က ရေငတ်နေသူ ရေတွင်းထဲပြုတ်ကျသလိုပါပဲ။ R Rated Comedy Super Hero Genre တွေထဲ Deadpool လောက်နီးပါး Peace Maker ကို အမှတ်ရနေစရာဖြစ်အောင် James Gunn က ဒီ Peace Maker Series ကိုဖန်တီးခဲ့သလား? ဆိုတာကိုတော့ Final Episode ရောက်ရင်သိရမှာပါ။ ။

How to get away with murderBingeပြီးတဝကြီးကြည့်လို့လည်းရမယ် လောင်လည်းလောင်ရမယ့် seriesမျိုးလိုက်ရှာနေတယ်ဆိုရင် ဒီseriesက...
29/01/2022

How to get away with murder

Bingeပြီးတဝကြီးကြည့်လို့လည်းရမယ် လောင်လည်းလောင်ရမယ့် seriesမျိုးလိုက်ရှာနေတယ်ဆိုရင် ဒီseriesကိုညွှန်းချင်ပါတယ်။နာမာ်အတိုင်းပဲ ဒီseriesဟာ ဥပဒေလောက ကအရှုပ်အထွေးတွေကိုဇာတ်အိမ်တည်ထားပြီး plotကောင်းကောင်းနဲ့ ရိုက်ကူးထားတဲ့ ခိုင်မာတဲ့series တစ်ခုဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Annalise Keatingဆိုတဲ့အမျိုးသမီးရှေ့နေတစ်ယောက်ကို အခြေပြုထားပါတယ်။နာမည်ကြီးပြီးထူးချွန်တဲ့Philadelphia တက္ကသိုလ်ရဲ့ ဥပဒေပါမောက္ခလည်းဖြစ်၊ကိုယ်တိုင်လည်း Law firmတစ်ခုမှာ လုပ်ကိုင်နေတဲ့ရှေ့နေတစ်ယောက်လည်းဖြစ်တဲ့ Annaliseဟာ ရှေ့နေအလုပ်မှာလည်းထူးချွန်တဲ့အပြင် တပည့်တွေကို သင်ကြားတဲ့နေရာမှာလည့်း တင်းကြပ်သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမရဲ့law firmမှာ intershipဆင်းဖို့ အတန်းထဲက အတော်ဆုံး lawကျောင်းသားကျောင်းသူငါးယောက်ကိုရွေးချယ်ပြီး သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ law firmမှာ တကယ့်အမှုတွေကိုအတူတကွ ကိုင်တွယ်ကြပါတော့တယ်။အစပိုင်းမှာ လက်တွေ့internshipဆင်းနေတဲ့ရိုးသားတဲ့အခြေအနေတစ်ခုကနေ ဥပဒေကိုထုံးလိုချေရေလိုနှောက်ပြီးလက်တစ်လုံးလုပ်ရာမှာကျွမ်းကျင်တဲ့annaliseရဲ့ အမှုဖြေရှင်းပုံတွေ annaliseရဲ့ personal caseတွေကြောင့် Annalise ရဲ့ကျောင်းသားတွေဘဝဟာ တစ်စတစ်စရှုပ်ထွေးလာပါတယ်။

ဒီရှုပ်ထွေးမှုတွေကို season ခြောက်ခုအထိ ကြည့်ရှုသူတွေလောင်မြိုက်ပြီးကြည့်ရမှာပါ။ တော်တော်ကိုဇာတ်လမ်းကကောင်းမွန်ပါတယ်။
season တစ်ခုမှာ episode ဆယ့်ငါးခုပါဝင်ပြီး episodeတစ်ခုကို တစ်နာရီနီးပါးကြာမြင့်တာကြောင့်တဝကြီးကိုကြည့်ရှုရမှာပါ။

Archieve 81 Netflix Series (Review)--------------------------Genre:Horror,Mystery,Drama----------------------Horror Seri...
29/01/2022

Archieve 81 Netflix Series (Review)
--------------------------
Genre:Horror,Mystery,Drama
----------------------
Horror Series တွေအတွက် နေရာပျောက်နေတဲ့ Main Stream ကြီးမှာ ပြစရာရှားနေတဲ့အထဲ အသစ်ထွက်ရှိခဲ့တဲ့ Archieve 81 Netflix Series ကတော့ ရွေးချယ်စရာတစ်ခုလိုဖြစ်နေပါတော့တယ်။ Mystery စစ်စစ်ဖြစ်ပြီး ဒီလို Series မျိုးက ထွက်လာဖို့ခဲယဥ်းပြီး ကျိန်းသေပေါက်ကြည့်လို့ကောင်းမဲ့ Series တစ်ခုပါ။

Dan ဆိုတဲ့ ရှေးဟောင်းတိပ်ခွေတွေနဲ့ ပတ်သက်ပြီးကျွမ်းကျင်တဲ့ ကောင်လေးကို တစ်နေ့တော့ မီးလောင်သွားတဲ့ တိပ်ခွေတွေပြန်ပြင်ဖို့ဆိုပြီး ဒေါ်လာ ၁၀ သိန်းတန် လျှို့၀ှက်အလုပ်အဖြစ် ကမ်းလှမ်းပါတယ်။ Dan ရဲ့ နောက်ကြောင်းရာဇ၀င်ကို သိနေတဲ့အလုပ်ရှင်ကို မကြိုက်ပေမဲ့လည်း လူတွေရဲ့အဝေး အင်တာနက်မရှိတဲ့ သီးသန့်နေရာတစ်ခုမှာ တစ်ကိုယ်တည်းအလုပ်လုပ်ဖို့ လက်ခံလိုက်ပါတယ်။ တိပ်ခွေတွေကို ပြင်ပြီးဖွင့်ကြည့်တဲ့အခါမှာတော့ Dan ငယ်စဥ်က နေခဲ့တဲ့ Viser ဆိုတဲ့အဆောက်အဦးတစ်ခုတည်းမှာရှိခဲ့ပြီး မီးထဲသေဆုံးခဲ့တဲ့ Melody ဆိုတဲ့ကျောင်းသူတစ်ယောက်ရဲ့တိပ်ခွေဖြစ်နေပါတယ်။ ပိုပြီးထူးဆန်းတာတော့ သူ့ရဲ့အစ်မ ငယ်စဥ်က ပုံရိပ်များကိုပါတွေ့လာရပြီး သူ့ရဲ့မိသားစုနဲ့ ပတ်သက်နေတဲ့အပြင် Viser ဆိုတဲ့ တိုက်ကြီးအတွင်းမှာ ဖြစ်ပျက်နေတဲ့ မသတီစရာသဘာ၀လွန်ဖြစ်ရပ်ဆန်ဆန် ကိစ္စတွေကိုတဖြည်းဖြည်းသိလာပါတော့တယ်။

ဇာတ်ကောင် Dan ပြင်နေတဲ့ Tape တစ်ခုပြီးရင်းတစ်ခု တဖြည်းဖြည်းသိလာရမှာပါ။ Horror Mystery Type ကြိုက်တဲ့သူတွေအတွက် အားလပ်တဲ့အချိန်မှာ အဆုံးထိကြည့်ပြီးရင် ချီးကျူးစရာ ဇာတ်လမ်းတွဲတစ်ခုဖြစ်မှာပါ။ ပျင်းစရာလို့ထင်ပြီးကြည့်ရာမှ သဘောကျလို့ Personal Rating 7/10 ထိပေးမိပါတယ်။ ရှားမှရှား ဇာတ်လမ်းဆင်ပုံလေးနဲ့မို့ ကြည့်ကြည့်ဖို့တိုက်တွန်းပါရစေ။

ပိုက်ဆံတစ်ပြားမှမကုန်ဘဲNetflix စိတ်ကြိုက်ကြည့်နည်း⁉️ခုချိန်ထိ Netflix ကို ပိုက်ဆံပေးပီး ကြည့်နေတုန်းလား ?မိတ်ဆွေအိတ်ထဲက ...
27/01/2022

ပိုက်ဆံတစ်ပြားမှမကုန်ဘဲ
Netflix စိတ်ကြိုက်ကြည့်နည်း⁉️

ခုချိန်ထိ Netflix ကို
ပိုက်ဆံပေးပီး ကြည့်နေတုန်းလား ?

မိတ်ဆွေအိတ်ထဲက တစ်ပြားတစ်ချပ်မှ သုံးစရာမလိုဘဲ
Netflix ကြည့်လိုရမဲ့နည်းရှိတယ်ဆိုရင်ရော
စိတ်ဝင်စားကြမလား ?

ပိုက်ဆံမကုန်ဘဲ Netflix အလကားကြည့်ရဖို
ဘာတွေလုပ်ရမလဲဆိုရင်

✅ကျွန်တော်တို Page ကို
Like & Follow လုပ်ရပါမယ်

✅ဒီ post ကို
Public or Friends နဲ့ share ပေးရပါမယ်

✅share ထားတာကို ss ရိုက်ပီး
ယခု post အောက်မှာလာမန့်ပေးပါ

ကျွန်တော်တို Page စ run တဲ့ အထိမ်းအမှတ်အနေနဲ့
Netflix (4K Ultra HD ရ) profile များကို
လူအယောက် 200စာ giveaway ပေးမှာပါ

comment မန့်ထားသူများထဲကမှ
အယောက် ၂၀၀ ကို Random ရွေးချယ်ပီး
လက်ဆောင်များပေးအပ်သွားပါမယ်🎁🍀

ဒီ gw ပီးသွားရင်လည်း
Spotify / Express Vpn စတာတွေကိုပါ
အလကား ထပ်ပေးသွားဖိုရှိသေးတဲ့အကြောင်းကိုလည်း
သတင်းကောင်းပါးအပ်ပါတယ်

မိတ်ဆွေတို ပိုက်ဆံတစ်ပြားမှမကုန်ဘဲ
Netflix ကြည့်ဖိုအတွက် ခုပဲ ဒီ post ကို
public နဲ့ share သွားလိုက်ပါ ♥️🙋

ကြိုက်တာယူ ၅ထောင်‼️ ကြိုက်တာယူ ၅ထောင် ‼️ ြန်မာငွေ 5ထောင်ကျပ်ရှိရုံဖြင့်ဝယ်ယူနိုင်မဲ့ service တွေကို အောက်ကပုံတစ်ပုံချင်း...
25/01/2022

ကြိုက်တာယူ ၅ထောင်‼️ ကြိုက်တာယူ ၅ထောင် ‼️

ြန်မာငွေ 5ထောင်ကျပ်ရှိရုံဖြင့်
ဝယ်ယူနိုင်မဲ့ service တွေကို
အောက်ကပုံတစ်ပုံချင်းစီကိုထောက်ပီး
အသေးစိတ်ဝင်ကြည့်နိုင်ပါတယ်🙋🌟

Official Site ကနေ တိုက်ရိုက်ဝယ်ထားတာဖြစ်လို့
acc တွေ premium ခဏ,ခဏပြုတ်တာ
error တက်တာစတဲ့ ပြသနာမျိုးတွေရှိမှာမဟုတ်ဘဲ
စိတ်အေးလက်အေး သုံးလို့ရမှာဖြစ်ပါတယ်

Payment အနေနဲ့လည်း
Kpay/Wave Pay/Cb Pay/Aya Pay/...
အားလုံးရတဲ့အတွက် မိမိအဆင်ပြေရာဖြင့်
ရွေးချယ်ဝယ်ယူနိုင်ပါတယ် ♥️

Customer အယောက်စီတိုင်းကို
အကောင်းဆုံးဝန်ဆောင်မှုတွေပေးပီး
သိချင်တာမှန်သမျှကို မငြီးမငြူစိတ်ရှည်လက်ရှည်
ရှုင်းပြပေးမဲ့ Admin ကိုကြီးတွေ မမတွေရှိတာကြောင့်
Reply ကလည်း ဒုံးပျံလိုမြန်ပါတယ်

ဒါ့အပြင် မိတ်ဆွေဝယ်ယူထားတဲ့ Acc တွေကိုလည်း
15မိနစ်အတွင်း ရရှိမှာဖြစ်ပါတယ်

စိတ်ဝင်စားတယ် သိချင်တာရှိခဲ့တယ်ဆိုရင်
ခုပဲ Page cb ကို လာခဲ့ပါခင်ဗျ📲📲

ဆက်သွယ်ရန် - m.me/AandPentertainment.inc

Address

Ahlone
11121

Telephone

09780762508

Website

Alerts

Be the first to know and let us send you an email when A & P Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share