AIO Entertainment Channel

  • Home
  • AIO Entertainment Channel

AIO Entertainment Channel To Share Funny News and Sports News

“မအလ”ရဲ့ စေတနာ…ခွေးတွေသေပါစေ ငါ့စီးပွါးတော့ မထိနဲ့ဆိုတဲ့သဘော 🤣🤣🤣မင်းတို့အသက်ရဲ့ တန်ဖိုးက သုည ကျပ်ပါမင်းတို့သေတာကိစ္စမရှိ...
11/09/2021

“မအလ”ရဲ့ စေတနာ…

ခွေးတွေသေပါစေ ငါ့စီးပွါးတော့ မထိနဲ့ဆိုတဲ့သဘော 🤣🤣🤣

မင်းတို့အသက်ရဲ့ တန်ဖိုးက သုည ကျပ်ပါ

မင်းတို့သေတာကိစ္စမရှိဘူး Mytel ကိုထိတာ
ငါ့မိသားစု စီးပွါးရေးမို့အသဲ ဆက်ဆက်ခါ
ဖင်ဆီဗူး ဆက်ဆက်ခါအောင်နာတယ်တဲ့
မအလကြီးက။

လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တစ်ခါမှကတောက်ကဆ မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။ဒါကြော...
03/09/2021

လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တစ်ခါမှကတောက်ကဆ မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။
ဒါကြောင့် ...
နယ်ခံသတင်းစာရဲ့ အယ်ဒီတာက
အဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။
အယ်ဒီတာက...
"ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို အိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ကြပါသလဲ ခင်ဗျာ?"
ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်း ပြောပါတယ်...
"ကျတော်တို့တွေ Honeymoon မှာ
တောဖက်ကို သွားခဲ့ကြပါတယ်။
အဲဒီမှာ မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ"
"အဲဒီမှာ ကျတော့်မြင်းက စီးရတာ အဆင်ပြေပေမယ့် ကျတော့်မိန်းမစီးတဲ့ မြင်းကတော့ နည်းနည်းရိုင်းပုံရတယ်ဗျ"
"လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း ရုတ်တရက်ထခုန်လိုက်တာ ကျတော့်မိန်းမ ဒယိမ်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော"
"ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကို အသာလေးပွတ်ပေးရင်းနဲ့ မြင်းကို...
"ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်..." လို့
ပြောပါတယ်။
ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။
ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျတော့်မိန်းမက တည်တည်ငြိမ်ငြိမ်ပဲ ...
"ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်..." လို့ ပြောပြီး
ဆက်သွားကြပြန်ပါတယ်။
တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့ ကျတော့်မိန်းမက ဘာမှမပြောပဲ ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး မြင်းကို အသေပစ်သတ်လိုက်ပါလေရောဗျာ။
"ကျတော်လည်း ဒေါသထွက်ထွက်နဲ့ မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။ သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား!!!" လို့ အော်လိုက်မိတယ်။
အဲဒီအခါ ကျတော့်မိန်းမက ကျတော့်ကို
အေးစက်စက်ပြန်ကြည့်ပြီး နူးညံ့တဲ့လေသံလေးနဲ့
ဘာပြောလဲဆိုတော့ ...
"ယောက်ကျားရေ... ဒါ
ရှင့်ရဲ့ ပထမဆုံးအကြိမ်နော်..." တဲ့။
အဲဒီအချိန်ကစပြီး ကျတော်တို့တွေ
ဘာပြဿနာမှမရှိဘဲ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာ အခုအချိန်အထိပါပဲဗျာ..."
Credit

ဘဝတစ်သက်တာ    မှတ်သားစရာစာစုများ__________________________________စိတ်နဲ့ဘဝ   ……ဘဝဆိုတာ   စိတ်နဲ့တန်သလိုဖြစ်တယ်ဘဝကောင်းက...
30/08/2021

ဘဝတစ်သက်တာ မှတ်သားစရာ
စာစုများ
__________________________________

စိတ်နဲ့ဘဝ ……

ဘဝဆိုတာ စိတ်နဲ့တန်သလိုဖြစ်တယ်
ဘဝကောင်းကို ရချင်ရင်
စိတ်ကောင်းမွေးပါ ။

မနက်ဖြန်နှင့်နောင်ဘဝ ……
မနက်ဖြန်ရောက်ဖို့ နာရီပေါင်း ( ၂၄ )နာရီ
စောင့်ရဦးမယ် ။ နောက်ဘဝဆိုတာ
ကွေးတဲ့လက် မဆန့်မီ
ဆန့်တဲ့လက် မကွေးမီမှာလဲရောက်သွား
နိုင်တယ်။ မနက်ဖြန်ဆိုတာ အဝေးကြီး
နောင်ဘဝဆိုတာ အနီးလေ ။

ကောင်းနဲ့ခေါင်း ……
လူ့ဘဝဆိုတဲ့ ဘဝကောင်းကိုလည်း
နေရတယ် ။ ဗုဒ္ဓခေတ်လို့ခေါ်တဲ့
ခေတ်ကောင်းနဲ့လည်း ကြုံနေတယ်။
ဘာလုပ်သင့်သလဲဆိုတာ ခေါင်းသုံးပါ ။

ဒီနေ့ကောင်းဖို့ ……
မနေ့ကအရက်သမားဖြစ်ခဲ့တာနဲ့
ဒီနေ့တရားအားမထုတ်ရဘူးဆိုတာ
မဟုတ်ပါဘူး ။ မနေ့ကဘာပဲဖြစ်နေဖြစ်နေ
ဒီနေ့ကောင်းဖို့အဓိကဘဲ ။

စိတ်ကောင်းထားပါ ……
လူကြီးလူကောင်းဖြစ်ဖို့ထက်
စိတ်ကြီးစိတ်ကောင်းထားနိုင်ဖို့က
ပိုပြီး အရေးကြီးတယ် ။

သူများသိအောင်မလုပ်နဲ့ ……
သူတစ်ပါးကို မကောင်းမြင်တတ်တဲ့သူနဲ့
သူတစ်ပါးအကြောင်း မကောင်းပြောတဲ့သူ
ဒီနှစ်ဦးဟာ ကိုယ်မကောင်းကြောင်းကို
မောင်းခတ်ကြေငြာနေတဲ့
သူသာဖြစ်တယ် ။

ရေချိုးမပျ င်နဲ့ ………
ခန္ဓာကိုယ်မှာအပြင်က ဖြစ်ပေါ်လာရတဲ့
ဂျီးကပ်နေရင်တော့ ချက်ချင်းရေချိုးပစ်ကြ
တယ် ။ သံသရာက ကပ်ပါလာတဲ့
ကိလေသာဂျီးချွတ်ဖို့ကြတော့
နေ့ရွေးညရွေးနဲ့ ရွေးနေကြတယ် ။

သတိ ……
သတိမြဲနေရင်းအကောင်းဆုံးပါ ။
မမြဲရင်တော့ မမေ့ပါနဲ့
သတိမေ့နေရင် ထိတွေ့ရမှာက
မကောင်းမှု ဒုစရိုက်တရားတွေပါ ။

ဘဝ ……
ဘကုန်းနဲ့ ဝလုံးကြားမှာ
အက္ခရာတွေအများကြီးရှိသလို
ဘဝတစ်ခုနဲ့တစ်ခုကြားမှာ
ကိုယ်လုပ်တဲ့အတိုင်းခံစားရဖို့
ဘဝတွေအများကြီးရှိပါတယ် ။

အပြောနဲ့အလုပ် ……
လုပ်မယ်လုပ်မယ်ပြောပြီး
မလုပ်ဖြစ်တာက ကုသိုလ်တရား
ဘာမှမပြောဘဲ လုပ်ဖြစ်နေတာက
အကုသိုလ်တရား ဒီနှစ်ပါးကိုသတိထား ။

ဖိတ္စာ ……
သေမင်းကမရဏစစ်ပွဲတက်ရအောင်
ဖိတ်စာတစ်ဆောင်ပေးထားတယ် ဒါပေမယ့် နေ့ရက်အချိန်အတိအကျမပါတော့
ခပ်ပေါ့ပေါ့ဘဲနေကြတာပေါ့ ။

တံခါးပိတ်ထားသူ ……
ကျွန်တော်အားရင်တော့
ခင်ဗျာနဲ့တရားထိုင်လိုက်အုံးမှပဲ
ဆိုတဲ့လူအတွက် နိဗ္ဗာန်တံခါးဟာ
အမြဲတမ်းပိတ်ထားပြီးသားပါ ။

ရိပ်သာနဲ့အိမ်ယာ……
ရိပ်သာသွားပြီး တရားသွားရှာတယ်ဆိုတာ
နာဘေးဒုက္ခတွေ့ကြုံလာလို့
အိမ်ယာထဲမှာလဲနေပြီဆိုရင် အိမ်ယာကို
ရိပ်သာလုပ်ဖို့ပါဘဲ ။

စေတနာ ……
စေတနာကောင်းနဲ့ လုပ်တာမှန်ရင်
အဖျက်ဆိုတာ တွေ့ရစမြဲပါ
အဖျက်များများတွေ့ချိန်မှာ
စေတနာများများထားပြီးလုပ်ပါ ။

သစ္စာ ……
ရေခဲရေလိုသောက်ရင်အေးပြီး
ရင်ထဲပူတဲ့လိုချင်တပ်မက်မှုတွေထက်
စမ်းရေလို အသဲအေးစေတဲ့
သစ္စာတရားကိုချစ်ပါ ။

စံပြ ……
သူများကိုဆုံးမချင်ရင် ကိုယ်ကိုယ်တိုင်
အရင်လိမ္မာအောင်နေပါ ။
သူများလိမ္မာတာကိုကြည့်ချင်ရင်
ကိုယ်ကလိမ္မာမှဖြစ်မယ် ။

ရင့်ကျက်မှု ……
ဓားဟာသွေးဖန်များလာရင် ထက်လာသလို
စိတ်ဟာလည်း ခံနိုင်ဖန်များလာရင်
ရင့်ကျက်လာတတ်ပါတယ် ။

သခၤါရ ……
လိုချင်တာအားလုံးဘယ်တော့မှမရဘဲ
မလိုချင်တာအားလုံးဟာ အလိုလိုရနေတာ
ကိုက သင်္ခါရလောကကြီးဆိုတာသိထားဖို့
ပါ ။

သုဿာန် ……
တောင်တာရည်မှန်းတာက နိဗ္ဗာန်
မရည်မှန်ပဲ ရောက်သွားတာက
သုဿာန်ပါဘဲ ။

____________________

ဦးကုမာရ
ရွှေတမာတောရကျောင်း
ကောင်းမှုတစ်ခုနေ့စဉ်ပြု
စာအုပ်မှ ဓမ္မ ဒါန ကုသိုလ်
အမျှဝေသည်

ဒေါက်တာဟေမာမွှေး

Share

✅ ဖျက်စရာမလိုသော မျဉ်းကြောင်းများ  ✅တစ်ရက်မှာ ဆရာဖြစ်သူက စာသင်ခန်းထဲဝင်လာပြီး အတန်းသားတွေကို... " သားတို့ ... သားတို့ကို...
28/08/2021

✅ ဖျက်စရာမလိုသော မျဉ်းကြောင်းများ ✅

တစ်ရက်မှာ ဆရာဖြစ်သူက
စာသင်ခန်းထဲဝင်လာပြီး
အတန်းသားတွေကို...

" သားတို့ ...
သားတို့ကို ဒီနေ့ ဘဝအတွက်

အလွန် အရေးကြီးတဲ့သင်ခန်းစာ
တခု သင်ပေးမယ်။

အားလုံးငြိမ်ပြီး နားထောင်ပေးကြပါ "
လို့ပြောပြီး...

ကျောက်သင်ပုန်းပေါ်မှာ
မြေဖြူနဲ့ မျဉ်းဖြောင့်တကြောင်းကို
ခပ်ရှည်ရှည်လေး ဆွဲ လိုက်ပါတယ်။

ပြီးတော့ ...
သားတို့...
" ဒီမျဉ်းကို တိုသွားအောင်
ဘယ်သူ လုပ်နိုင်မလဲကွယ် "
လို့ မေးလိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ...
ကျောင်းသားတယောက်က
ကျောက်သင်ပုန်းရှေ့ထွက်လာပြီး
မျဉ်းကို အလယ်ကနေ တဝက်လောက်
ဖျက်လိုက်ပါတော့တယ်... ။

" ဆရာ..
အခု ဆရာဆွဲထားတဲ့မျဉ်းကြောင်း
တိုသွားပါပြီ ခင်ဗျာ " လို့
ပြောလိုက်ပါတယ်... ။

ဆရာက ခေါင်းကို ခါရမ်းလိုက်ပြီး
နဂိုမူလ အရှည်လောက် မျဉ်းကို
ပြန်ပြီး ရေးဆွဲလိုက်ပါတယ် ... ။

" ဒီလိုတော့ မလုပ်ပါနဲ့သားရယ်...
မျဉ်းကို တိုသွားအောင် လုပ်တဲ့နေရာမှာ
မူလ မျဉ်းကို မထိခိုက်စေချင်ဘူး "

တတန်းလုံးလည်း တော်တော်ကြာကြာ
ငြိမ်နေကြပြီးနောက်...

ကျောင်းသားတယောက်ထွက်လာပြီး
မူလမျဉ်းနဲ့ ယှဉ်လျက်
ပိုပြီး ရှည်တဲ့မျဉ်းတကြောင်းကို
ရေးဆွဲ ပြလိုက်ပြီး...

" ဆရာ ...
အခု ဆရာ့မျဉ်း တိုသွားပါပြီ ခင်ဗျာ "

အဲဒီတော့မှ
ဆရာကပြုံးပြီး... အားလုံးကို

" သားတို့...
ဒီမျဉ်းကြောင်း ၂ ခု အကြောင်း
ဆရာ သင်ကြားပေးတာလေးကို
တသက်လုံး မှတ်သားထားကြပါ "

" မျဉ်းရှည်တကြောင်းကို ဖျက်သလို
ကိုယ်ထက် သာနေတဲ့ သူတယောက်ကို
ဖျက်စီးတာမျိုး သားတို့ဘဝမှာ
မလုပ်မိကြပါစေနဲ့ "

ကိုယ်က သူ့ထက်ပိုသာအောင်
ကြိုးစားမယ်ဆိုတဲ့စိတ်မျိုးကိုသာ
မွေးမြူကြပါ။

ဒါမှသာ ...
သားတို့ဟာ လူ့ဘဝမှာ ယဉ်ကျေးလိမ္မာတဲ့
စိတ်ချမ်းမြေ့ရတဲ့လူသားတွေဖြစ်လာမှာပေါ့..

သူများကို ဖျက်စီးမဲ့လမ်းကိုရွေးမယ်ဆိုရင်
ထိုသူဟာ သမ္မတဖြစ်ဖြစ် ၊

ဝန်ကြီးဖြစ်ဖြစ် သူဌေး ဖြစ်ဖြစ်
ဘာသာရေးဆရာ ဖြစ်ဖြစ်
ဘာကြီးပဲဖြစ်နေ ဖြစ်နေ…

စိတ်ဓါတ်အောက်တန်းကျသူ
ဘဝမှာ ပျော်ရွှင်မှု တွေ
ဆိတ်သုန်းရသူ ဖြစ်ပြီး ...

တမလွန်မှာရော လက်ငင်းဘဝမှာပါ
မိမိပြုသည့်ကံ မိမိ ပြန်ခံစားရသူများ
ဖြစ်ကြမှာ စိုးရိမ်မိပါတယ်... ။

မှတ်ထားကြနော် ...။



မေတ္တာဖြင့် အညတရ ရဟန်း မန္တလေး

ပြန်လည်မျှဝေပေးပါသည်

"ပတ်ဝန်းကျင်ဟု ခေါ်တယ်"================လူတစ်ယောက် အမြင့်ကိုရောက်တဲ့အခါလေတိုက်တာ ခံရမယ်အနိမ့်ကို ကျသွားတဲ့အခါလှံစိုက်တာ ခ...
27/08/2021

"ပတ်ဝန်းကျင်ဟု ခေါ်တယ်"
================
လူတစ်ယောက် အမြင့်ကိုရောက်တဲ့အခါ
လေတိုက်တာ ခံရမယ်

အနိမ့်ကို ကျသွားတဲ့အခါ
လှံစိုက်တာ ခံရမယ်

အလယ်မှာ နေတဲ့အခါ
ပုခုံးချင်း ယှဉ်တိုက်တာ ခံရမယ်

ဘေးထွက်နေတဲ့ အခါ
မကောင်းကြောင်း ပြောကြလိမ့်မယ်

ကိုယ်က မနေနိုင်လို့ လိုက်လုပ်ပေးတဲ့အခါ
နေရာတကာပါတယ်လို့ ပြောကြလိမ့်မယ်

ဘာမှ ဝင်မပါပဲ မသိသလို နေလိုက်တဲ့အခါ
ငပျင်းလို့ ပြောကြလိမ့်မယ်

အောင်မြင်နေတဲ့အချိန် ကပ်ဖားကြလိမ့်မယ်
ကျရှုံးသွားတဲ့အချိန် နှာခေါင်းရှုံ့ကြလိမ့်မယ်

ပတ်ဝန်းကျင်ဆိုတာ ချီးမွှမ်းတဲ့စကားထက်
ကဲ့ရဲ့အပြစ်တင်ရှုံ့ချဖို့အတွက် မှားကွက်ကိုသာ
စောင့်နေတတ်ကြတာ များပါတယ်

ကိုယ်တကယ်သိထားရမှာက လောကကြီးထဲမှာ
မျက်နှာဖုံးစွပ်ထားတဲ့လူတွေ အင်မတန်များပြီး
မိတ်ဆွေကောင်းတွေ အင်မတန်ရှားတယ်ဆိုတာပါပဲ

ဆိုတော့ကာ
ကိုယ့်အတွက် တန်ဖိုးရှိတဲ့ အရာရဲ့တန်ဖိုးကိုသိဖို့နဲ့
တန်ဖိုးထားတတ်ဖို့ တော့ အထူးလိုအပ်လှပါတယ်။

သစ်ခုတ်သမား ကျော်ကြီး နှင့် ဇနီးသုံးယောက်''                                                       တနေ့ သောအခါ သစ်ခုတ်သမာ...
27/08/2021

သစ်ခုတ်သမား ကျော်ကြီး နှင့် ဇနီးသုံးယောက်'' တနေ့ သောအခါ
သစ်ခုတ်သမား ကျော်ကြီးသည်
မိတ္ထီလာကန် နဘေးရှိ သစ်ပင်ကိုခုတ်ရင်း
အရှိန်လွန်ကာ လက်ထဲကပုဆိန်ဟာ
ရေထဲသို့ ပြုတ်ကျသွားလေသည် ။ ပုဆိန်ကို ပြန်ရှာမရသည့်အဆုံး.. ကျော်ကြီးလည်း ၀မျးနညျးစှာ ငိုကြွေးလေ၏။

ထိုအခါ ကန်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..
''ဘာကြောင့် များ ငိုနေရတာလဲ အသင်လူသား'' ဟု မေးလေ၏။

''ကျွန်တော်မျိုးပုဆိန် ရေထဲပြုတ်ကျသွားလို့ပါအရှင်
ထိုပုဆိန်နဲ့ပဲ ကျွန်တော်မျိုး သက်မွေးရတာပါ အသစ်လဲမ၀ယ်နိုင်ပါဘူး ''ဟု
အမှန်အတိုင်းဖြေလိုက်သော်

ကန်စောင့်နတ်လည်း ကိုယ်ရောင်ဖျောက်ပြီး ..
ခဏအကြာ ရွှေပုဆိန် နဲ့ ပြန်ရောက်လာပြီး
" ဒါ သင့်ပုဆိန်လား "

ကျော်ကြီး - "မဟုတ်ပါဘူး "
ထိုအခါ ကန်စောင့်နတ် က ငွေပုဆိန်ကိုပြပြီး
"ဒါရော သင့်ပုဆိန်လား "

ကျော်ကြီး-" မဟုတ်ပါဘူး " ဟု ဆိုပြန်သော်
ထိုအခါ မြစ်စောင့်နတ်က သံပုဆိန်ကို ပြပြီး
" ဒါရော သင့်ပုဆိန်လား "

ကျော်ကြီး - "ဟုတ်ပါတယ် ..
ကျွန်တော်မျိုး ပုဆိန်ပါ "ဟုဖြေလိုက်သောအခါ
ကန်စောင့်နတ် လည်း ကျေနပ်ပြီး ကျော်ကြီး၏
ရိုးသားမှုကို အသိအမှတ်ပြုသော အားဖြင့်
ပုဆိန်သုံးလက်စလုံးကို ပေးလိုက်လေသည်....

နှစ်ကာလအတန်ကြာသော် ကျော်ကြီးတို့
လင်မယားသည် မိတ္ထီလာ ကန်ပေါင် တွင်
လမ်းလျှောက်နေစဉ် သူ၏ဇနီးမှာ ခြေချော်ပြီး
ရေထဲသို့ပြုတ်ကျပြီး မြုပ်သွားလေသည်...
ဇနီး ဖြစ်သူကိုပြန်ရှာမရသည့်အဆုံး၌ ကျော်ကြီးလည်း
ဝမ်းနည်းစွာ ငိုကြွေးလေ၏...

ထိုအခါ ကန်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..
"ဘာကြောင့်များ ငိုနေရတာလဲ အသင်လူသား "

" ကျွန်တော့်မိန်းမရေထဲပြုတ်ကျသွားလို့ပါ အရှင် "
ဟု အမှန်အတိုင်းဖြေလိုက်သော်
ကန်စောင့်နတ်လည်း ကိုယ်ရောင်ဖျောက်ပြီး ..
ခဏအကြာ "အိချောပို" နဲ့ အတူ ပြန်ရောက်လာ၍
"ဒါသင့် မိန်းမလား "ဟုမေးသော်

ကျော်ကြီးက - "ဟုတ်ပါသည် အရှင်နတ်မင်းကြီး" ဟု ဖြေလိုက်၏။
ထိုအခါ ကန်စောင့်နတ်လည်း ဒေါသထွက်ပြီး ..
"သင် လိမ်ပေသည် မမှန်စကားကိုဆိုလေသည်"
ဟု ပြောသော် ကျော်ကြီးက ....

"ခွင့်လွတ်ပါ.. အရှင် နတ်မင်းကြီး ...
ကျွန်တော်လိမ်ချင်လို့ လိမ်ရခြင်းမဟုတ်ပါ...

အကယ်၍ "အိချောပို" ကို
ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် ..

နတ်မင်းကြီးက "သင်ဇာဝင့်ကျော်" ကို
ပြပေလိမ့်မည်...

အကယ်၍ "သင်ဇာဝင့်ကျော်" ကို
ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် ..

နတ်မင်းကြီးက ကျွန်တော့် မိန်းမကို
ပြပေလိမ့်မည်... ထိုအခါ ကျွန်တော်မျိုးက
အမှန်အတိုင်း ဟုတ်ပါသည် ဟုဖြေသော်
အရှင် နတ်မင်းကြီး က ကျွန်တော့်ကို
မိန်းမသုံးယောက်စလုံး ပေးပေလိမ့်မည် ...။

အရှင် နတ်မင်းကြီး ကျွန်တော်မျိုးသည်
အလွန်ဆင်းရဲပါသည် ထိုကြောင့် ဘယ်လိုမှ
မိန်းမသုံယောက်ကို၀မ်းဝအောင် ရှာမကျွေးနိုင်ပါ
ထိုကြောင့် "အိချောပို" ကို ကျွန်တော့်မိန်းမပါဟု
ဖြေလိုက်ရခြင်းဖြစ်ပါတယ် "

ထိုအခါ ကန်စောင့်နတ်လည်းလွန်စွာ ကျေနပ်ပြီး
ကျော်ကြီး၏ ရိုးသားမှုကို ဂုဏ်ပြုသောအားဖြင့်
မိန်းမသုံးယောက်လုံး ကိုပေးပြီး
တသက်စာ စားမကုန်သော
စည်းစိမ်တို့ကိုပါ ပေးလိုက်လေသည် 😁

ဤ ပုံပြင်လေး၏ အဓိက ရည်ရွယ်ချက်ကတော့ ...
ယောကျာ်းများ လိမ်ပြောသည်ဆိုရာတွင်
လိမ်ချင်၍ မဟုတ်ပဲ....
အများ ကောင်းကျိုးအတွက်
ရိုးသားစွာ လိမ်ခြင်း ဖြစ်ပါကြောင်း .....
"အဖြူရောင် မုသား" များသာဖြစ်ကြောင်း
သိစေလို၍ ဖြစ်ပါသည် .....

😁😁😁


 #"ကြီး"ဆိုတိုင်းမကောင်းကျနော်တို့ ရပ်ကွက်ထဲက အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ပြောင်းလာတဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်။...
26/08/2021

#"ကြီး"ဆိုတိုင်းမကောင်း

ကျနော်တို့ ရပ်ကွက်ထဲက
အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး
ပြောင်းလာတဲ့
မိတ်ဆွေတစ်ယောက် ရှိတယ်။

သူက တိုင်းရင်းသားဆိုတော့ မြန်မာစကားကို
သိပ်ပြီးလိပ်ပတ်လည်အောင်
နားမလည်သေးဘူး။
ကျနော်နဲ့က အိမ်နီးချင်းဆိုတော့
သူ သိပ်နားမလည်တဲ့ မြန်မာစကားဆို
ကျနော့် လာ လာ မေးလေ့ရှိတယ်။

တခါက...
ကျနော်တို့က ရပ်ကွက်အသင်း ဥက္ကဌကို
'ဥက္ကဌ' လို့ မခေါ်ဘဲ 'ဥက္ကဌကြီး' လို့ ခေါ်တာကို
သူစိတ်ထဲ သိပ်မရှင်းဘူး။

ဒါနဲ့ ကျနော့်လာမေးတယ်... ...

"သူက ဥက္ကဌ မဟုတ်ဘူးလား၊
ဘာလို့ ဥက္ကဌကြီး ဥက္ကဌကြီးလို့ ခေါ်ရတာလဲ''

"ဒို့မြန်မာတွေက လေးစားတယ် ချစ်ခင်တယ်
တန်ဖိုးထားတယ် ဆိုရင် နောက်က
'ကြီး' ထည့်ပြီး ခေါ်ကြတယ်ကွ''

"ဟုတ်လား''

"အေး... သမ္မတကို သမ္မတလို့ခေါ်ရင် ရိုင်းတယ်၊
သမ္မတကြီး လို့ ခေါ်ရတယ်၊ ကျောင်းအုပ်ဆရာကို
ကျောင်းအုပ်လို့ ခေါ်ရင် ရိုင်းတယ်၊
ကျောင်းအုပ်ဆရာကြီး လို့ ခေါ်ရတယ်၊
စခန်းမှူးကို စခန်းမှူးကြီး၊ နာယကကို
နာယကကြီး စသဖြင့် ခေါ်ကြတယ်''

"အော်...''

"ငါတို့သူငယ်ချင်းတွေတောင်
အချင်းချင်းခေါ်ကြတယ်မလား...
မိုးကြီးတို့ ရဲကြီးတို့ ထွဋ်ကြီးတို့၊
ဒါ ချစ်လို့ 'ကြီး' ထည့် ခေါ်ကြတာ''

"အော်... ဒလိုလား ကိုစိုးကြီးရ''

အမယ်... ကိုစိုးကြီး တဲ့၊ ချက်ချင်းကို
အသုံးချသွားတာပါလား၊

အဲ...
ဒလိုနဲ့ နေလိုက်တာ ညနေပိုင်းလောက်ကျတော့
သူတို့အိမ်ဖက်က ရန်ဖြစ်သံတွေ ကြားရရော၊
အိမ်နီးချင်းဆိုတော့ ပြေးဆွဲဖြန်ဖြေရတာပေါ့။

ဘာဖြစ်တာလဲ မေးကြည့်တော့... ...

"ဒီလို ကိုစိုးကြီးရ၊ ခုနက ဆိုင်မှာ
စျေးသွားဝယ်တုံး ကျနော့်အမျိုးတွေနဲ့ တွေ့လို့
ကျနော့်မိန်းမနဲ့ မိတ်ဆက်ပေးတာကိုဗျာ
စိတ်ဆိုးပြီး ကျနော့်ကို ပြသနာရှာနေတာ''

အဲ့ဒီမှာ သူ့မိန်းမက ငိုရင်း ဝင်ပြောတယ်... ...

"နင်က 'ဒါ ကျနော့်မယားကြီးလေ
ကျနော့်မယားကြီးလေ' နဲ့ ပြောရအောင်
နင့်မှာ ဘယ်မယင်ငယ်(မယားငယ်) ရှိနေလဲ
သေနာရဲ့ အခုရှင်း ရှင်း''

သူက ကျနော့်ကို မျက်နှာငယ်လေးနဲ့
ကြည့်ရင်းမေးတယ်... ...

"ကိုစိုးကြီး... ကျနော်က ကိုစိုးကြီး
သင်ပေးထားသလိုပဲလေ၊ သူ့ကို ချစ်လို့
တန်ဖိုးထားလို့ မယားလို့ မပြောဘဲ
မယားကြီးလို့ ပြောတာကို သူ ဘာလို့
ဒီလောက်ထိ စိတ်ဆိုးနေတာလဲဗျ''... တဲ့။

ဟိုက်ချ...!! 😮

အဲ့လိုလည်းပြောရော သူ့မိန်းမက
ကိုယ့်လှမ်းကြည့်ပြီး ပြောတယ်...

"အော်... လက်စသတ်တော့ဘိုစိုးလက်ချက်ကိုး''

ငရုတ်ကျည်ပွေ့စာ မမိခင်
အသာလှည့်ပြေးခဲ့ရတယ်။
😛
😛

Credit

The Voice Myanmar Season 4အတွက် အသံစစ်ထားပီးသားပါနော်ဟို  မအိန်လုံးကြောင့်မပြိုင်လိုက်ရတာ 😂😂
26/08/2021

The Voice Myanmar Season 4အတွက် အသံစစ်ထားပီးသားပါနော်ဟို မအိန်လုံးကြောင့်မပြိုင်လိုက်ရတာ 😂😂

"အပ်"ပျောက်ရင်"ဆင်"နဲ့ရှာပါ**** ဒီရှေးစကားလေးကို ငယ်စဥ်ထဲကကြားဖူးနားဝရှိခဲ့တာကြာပါပြီ သို့သော်ငြား အဲဒီစကားကို အရင်တုန်း...
26/08/2021

"အပ်"ပျောက်ရင်"ဆင်"နဲ့ရှာပါ
****

ဒီရှေးစကားလေးကို ငယ်စဥ်ထဲက
ကြားဖူးနားဝရှိခဲ့တာကြာပါပြီ သို့သော်ငြား အဲဒီစကားကို အရင်တုန်းကတော့
သာမန်အပေါ်ယံအတွေးလေးနဲ့တွေးမိခဲ့
ဖူးပါတယ်
"အပ်ကလေးတစ်ချောင်းပျောက်တာများ ဆင်စီးပြီးရှာစရာလား"
ဆိုတဲ့အတွေးထက်ပိုပြီး နက်နက်နဲနဲမတွေးမိ မစဥ်းစားမိခဲ့ဘူး
နောက်တစ်ဖြည်းဖြည်းနဲ့ စာပေဗဟုသုတတွေ ဖတ်မှတ်လေ့လာရင်းနဲ့
အမြင်မှန်ရသွားခဲ့ရပါတော့တယ်
(အပ်ပျောက်ရင် ဆင်နဲ့ရှာ)ဆိုတဲ့
ဝေါဟာရ စကားလေးဟာ အင်မတန်မှ
လေးနက်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ပညာရှိ
သူတော်ကောင်းတို့ရဲ့စကားဆိုတာ မိမိရဲ့
အသိဉာဏ်မှာ ပွင့်လင်းသွားပါတော့တယ်
တစ်ကယ်တော့"အပ်"ဆိုတာက
လူတွေရဲ့အသုံးအဆောင်တစ်ခုဖြစ်တဲ့
အဝတ်ချုပ်တဲ့အပ်ကို ဆိုလိုတာမဟုတ်
ပါဘူး ပညာရှိတွေပြောတဲ့"အပ်"ကတော့
လူတစ်ယောက်အတွက်နေ့စဥ်ကြုံတွေ့
ကြရတဲ့ လူမှုကိစ္စတွေများစွာထဲက မိမိ
မှာ ပြောစရာကိစ္စရှိလာတဲ့အခါ
ပြော"အပ်" မပြော"အပ်"
သွားစရာကိစ္စ ကြုံလာတဲ့အခါမှာ
သွား"အပ် မသွား"အပ်"
နေစရာကိစ္စများနဲ့ကြုံတဲ့အခါ
နေ"အပ်"မနေ"အပ်"
မိမိတို့ လိုအင်ဆန္ဒရဲ့ ပါတ်သက်တဲ့အခါ လို"အပ်" မလို"အပ်" အစရှိတဲ့လူမှု
ဝန်းကျင်မှာ နေ့စဥ်ထိတွေ့ ကြုံတွေ့နေရ
တဲ့ "အပ်" ပေါင်းများစွာတွေပါ
တစ်ခါတရံ မိမိတို့မှာ လုပ်အပ်
မလုပ်အပ် သွားအပ်မသွားအပ် စသည်တွေကို ဆုံးဖြတ်ရခက်ခဲနေတတ်ပါတယ်
အဲဒီလိုအခက်အခဲကြုံလာရင် တစ်နည်း
အားဖြင့် "အပ်" ပျောက်နေရင် ခုနကပြောတဲ့ "ဆင်"ဆိုတဲ့အရာနဲ့ ရှာရပါမယ်တဲ့
"ဆင်" ဆိုတာကလည်း ဆင်ကောင်ကြီးကို ဆိုလိုတာမဟုတ်ပါဘူး
(ယောနိသောမနသီကာရ) နည်းမှန်လမ်း
မှန်သင့်တင့်လျှောက်ပတ်တဲ့တွေးတော
မှုလို့ခေါ်ရမယ့် (ဆင်ခြင်တုံတရား)ကို
ဆိုလိုတာပါ
"အပ်"ပျောက်နေရင် တစ်နည်းအားဖြင့် မိမိမှာ လုပ်အပ် မလုပ်အပ်နဲ့
ပြောအပ် မပြောအပ် စသည် ဝေခွဲရခက်
နေရင် (ဆင်ခြင်တုံတရား)လေးနဲ့စဥ်းစား
ဆုံးဖြတ်ပါ
(ဆင်ခြင်တုံတရား)ကိုဖြစ်ပေါ်စေ
ဖို့ပံ့ပိုးပေးတဲ့အဓိကအကြောင်းတရားက
တော့ (သတိနဲ့ဉာဏ်ပညာ)ပါ အဲဒီတရား
၂ ပါးကသာ မိမိတို့ရဲ့ပျောက်နေတဲ့"အပ်"
ကို ရှာဖွေပေးနိုင်မှာပါ
ဒါကြောင့်မို့ ပျောက်နေတဲ့"အပ်"
ကိုရှာဖွေဖို့ မိမိတို့မှာ"ဆင်" ရှိဖို့လိုပါတယ် နည်းမှန်လမ်းမှန် သမာသမတ်ကျ
ကျစဥ်းစားတွေးခေါ် ချင့်ချိန်သုံးသပ်နိုင်
မှု(အခံ) ရှိရပါမယ်
အဲဒီနည်းမှန်လမ်းမှန်တွေးခေါ်
သုံးသပ်နိုင်စွမ်းဆိုတဲ့(အခံ)ကို ရရှိဖို့ရာ
မှာမိမိတို့အနေနဲ့ (ကလျာဏ)မိတ်ဆွေ
သူတော်ကောင်းမိတ်ဆွေရှိရပါမယ်ပညာရှိသူတော်ကောင်းဆရာများထံမှာ
ကောင်းမြတ်တဲ့ လေ့လာသင်ယူမှုတွေ
ပြုလုပ်ရပါမယ်
အဲဒီလိုလေ့လာသင်ယူနိုင်အောင်
လည်း နည်းမှန်လမ်းမှန်တွေကို လက်ဆင့်ကမ်းပြောပြ ဟောပြနိုင်တဲ့ သူတော်
ကောင်းပညာရှိတွေကို ပေါင်းဖော် ဆည်း
ကပ်ရပါမယ်
ပညာရှိ သူတော်ကောင်းတွေနဲ့
အဆွေခင်ပွန်းဖြစ်ရတာဟာ မိမိတို့အတွက် ပစ္စုပ္ပါန်ဘဝမှာရော တမလွန်
ဘဝတွေအထိ ကောင်းကျိုးချမ်းသာကို
ဖြစ်စေပါတယ်
ဒါကြောင့်မြတ်စွာဘုရားရှင်က
"အဆွေခင်ပွန်းကောင်းရှိသူဟာ မြင့်မြတ်တဲ့စရိုက်လက္ခဏာ မြင့်မြတ်တဲ့
အကျင့်သီလတွေ ဖြစ်ထွန်းစေရန်အတွက် ပြီးပြည့်စုံစေတယ်" လို့(သဂါထာဝဂ္ဂသံယုတ်ပါဠိကလျာဏမိတ္တ)
သုတ်မှာ ဟောကြားတော်မူခဲ့ပါတယ်
ထို့ကြောင့် ဓမ္မမိတ်ဆွေသူတော်
ကောင်းအပေါင်းတို့မှာလည်း ကောင်းမွန်
သောကလျာဏမိတ္တတို့ဖြင့်ပေါင်းမှီဝဲပြီး
တစ်ခါတရံ ပျောက်နေတတ်တဲ့မိမိတို့
"အပ်" ကို "ဆင်"စီးပြီးရှာဖွေ တွေ့ရှိနိုင်
ကြပါစေလို့ တောင်းဆုပတ္ထနာ အခါခါ
ပြုလိုက်ပါကြောင်း

စကစဘိုဂျုပ်တစ်ယောက် တရုတ်နိုင်ငံကို သွားရောက်စဉ်တရုတ်နိုင်ငံရဲ့ ဝန်ကြီးတစ်ယောက်အိမ်ကို သွားလည်တယ် ...။အိမ်ကြီးက တော်တော်...
25/08/2021

စကစဘိုဂျုပ်တစ်ယောက် တရုတ်နိုင်ငံကို သွားရောက်စဉ်တရုတ်နိုင်ငံရဲ့ ဝန်ကြီးတစ်ယောက်အိမ်ကို သွားလည်တယ် ...။

အိမ်ကြီးက တော်တော်လေးကို ကြီးကျယ်ခမ်းနား လွန်းတော့ ဝန်ကြီးက မနေနိုင်တော့ဘဲ မေးလိုက်တယ် " အဆွေတော်ရဲ့အိမ်ကို အဲလောက်ကောင်းအောင် ဘယ်လိုလုပ်ပြီး ဆောက်လိုက်တာလဲ?"

တရုတ်ဝန်ကြီး ပြန်ဖြေလိုက်တယ် "ဟိုး အရှေ့ က တံတားကြီးကို မြင်တယ်မဟုတ်လား! အဲဒီထဲက ၁၀ % နဲ့ ပေါ့ဗျာ ... ဟဲဟဲ"
အဲဒီလိုနဲ့ နောက် 6လလောက်အကြာမှာ တရုတ်ဝန်ကြီး မြန်မာပြည်ကို လာလည်တော့ စကစဘိုဂျုပ် အိမ်မှာ နေ့လည်စာလာစား တယ် ...

အိမ်ကိုကြည့်ပြီး တရုတ်ကြီး မျက်လုံး တော်တော်ပြူးသွားတယ် "ဒီလောက်ကောင်းတဲ့အိမ်မျိုး ကျွန်တော်တစ်သက်မှာ မမြင်ဖူးဘူးဗျာ ဘယ်လိုများဆောက်လိုက်တာလဲဗျာ?"

ဘိုဂျုပ်ကြီးက ရယ်လျက် ပြန်ဖြေလိုက်တယ် "ဟိုး အရှေ့က တံတာားကြီးကိုမြင်လားမိတ်ဆွေ? "

တရုတ်ကြီး (ဟိုဟို ဒီ ဒီ ကြည့်လျှက်) "မမြင်ရပါလား"
ဘိုဂျုပ်ကြီးက "ဘယ်မြင်ရမလဲ အဲဒါနဲ့ ဆောက်လိုက်တာပေါ့......"
Credit

18+ဒီနေ့ ဘဏ်ကိုငွေသွားအပ်တယ်၊ ဘဏ်စားရေးမလေးက ငွေထည့်ပြီးစာအုပ်ပြန်ပေးတော့ ကွန်ဒုံးနှစ်ခုပါ လက်ဆောင်ပေးခဲ့တယ်၊ ကွန်ဒုံးကြ...
25/08/2021

18+

ဒီနေ့ ဘဏ်ကိုငွေသွားအပ်တယ်၊
ဘဏ်စားရေးမလေးက ငွေထည့်ပြီးစာအုပ်ပြန်ပေးတော့ ကွန်ဒုံးနှစ်ခုပါ လက်ဆောင်ပေးခဲ့တယ်၊
ကွန်ဒုံးကြည့်လိုက်တော့ ကျနော့ကိုအထင်သေးသလို ခံစားမိတာနဲ့ စားရေးမကိုပြန်ပြောလိုက်တယ်
"ညီမ အကိုဒီဆိုဒ်နဲ့မရဘူး ဒီထက်နဲနဲကြီးတာပေးပါလား"ပေါ့၊
စားရေးမလေးက မျက်နှာနီရဲနဲ့ ကျနော့ကို ပြန်ပြောလိုက်တာက
"လက်ချောင်းကိုထည့်ပြီး ATM နှိပ်ဖို့ပေးတာပါ" တဲ့ 😖😖

Crd to david

စာရှည်လို့ မဖတ်ချင်ရင်တော့ အစကတည်းကကျော်သွားလိုက်ပါ ဖတ်ပြီးရင် တခုခုကျန်ခဲ့မယ်လို့ အာမခံပါတယ် အမိုက်အမှောင်ကျခဲ့တဲ့ တခါက...
24/08/2021

စာရှည်လို့ မဖတ်ချင်ရင်တော့ အစကတည်းကကျော်သွားလိုက်ပါ ဖတ်ပြီးရင် တခုခုကျန်ခဲ့မယ်လို့ အာမခံပါတယ်
အမိုက်အမှောင်ကျခဲ့တဲ့ တခါက ပြည်သူပိုင်သိမ်းပွဲကြီးအကြောင်း အပြည့်အစုံသိအောင်ပုံကိုနှိပ်ပြီးဖတ်ပါ

Zawgyi ပြည်သူပိုင်သိမ်းပွဲကြီး”(ကြေးမုံဦးသောင်း)သမိုင်းအစစ်တွေကိုသိရှိကြစေဖို့ဆရာ့ဆောင်းပါးအချို့ကိုဖော်ပြ...

မတော်တဆတီထွင်မှုများ တွေ့ရှိချက်များကနေ လူသားအကျိုးပြုစေခဲ့တဲ့ တီထွင်မှု 10 ခုအကြောင်း
24/08/2021

မတော်တဆတီထွင်မှုများ တွေ့ရှိချက်များကနေ လူသားအကျိုးပြုစေခဲ့တဲ့ တီထွင်မှု 10 ခုအကြောင်း

ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့သည့်မတော်တဆတီထွင်မှုများမတော်တဆတွေ့ရှိချက်ကနေတီထွင်မှုများဖြစ်စေပြီးလူသားအ...

ထမင်းရှင် ဘယ်သူလဲ ဆိုတာ မသိကြဘူး ‼️ရွာဦးကျောင်း ကိုယ်တော်က ဆွမ်းစားပြီးတိုင်း ကပ္ပိယ ကိုခေါ်ပြီး ကျောင်းက ခွေးတွေကိုအစာ...
24/08/2021

ထမင်းရှင် ဘယ်သူလဲ ဆိုတာ မသိကြဘူး ‼️

ရွာဦးကျောင်း
ကိုယ်တော်က ဆွမ်းစားပြီးတိုင်း
ကပ္ပိယ ကိုခေါ်ပြီး ကျောင်းက ခွေးတွေကို
အစာကျွေးဖို့ တာ၀န်ပေးတယ်...

ကပ္ပိယက နေတိုင်း ဘုန်းကြီးဆွမ်းစားပြီး ကျန်တဲ့
ဆွမ်းကျန်တွေ ခွေးကို အစာကျွေးရတယ်
ခွေးတွေကတော့
ကပ္ပိယကို သူတို့ရဲ့ အရှင်သခင်ထင်နေတယ်...
ကပ်ပိယ က
ဟဲ့ကောင်းကြီး
ဆင်းစမ်း.. တိတ်စမ်း.. ပြေးလာခဲ့.. စသဖြင့်
ယဥ်ပါးနေတယ်...

တနေ့
ဒကာ တယောက်က ဆရာတော်ဖုန်းပေးဖို့
ဆိတ်စွပ်ပြုတ်တွေ လာပို့တယ်
ဆရာတော်က ဆွမ်းဖုန်းပေးပြီး ကျန်တဲ့
အရိုး အသားတွေကို
ထမင်းနဲ့နယ်ကျွေးဖို့ ခွေးတွေ အားရှိအောင်ပေးလိုက်တယ်...

ဝေယျာ၀စ္စတွေ ဆောင်ရွက်အပြီး ကပ္ပိယက ခွေးစားကျွေးဖို့ သွားတဲ့
လမ်းမှာ
ဆိတ် အရိုးတခုကို ကပ္ပိယ က
ကောက်စုပ်လိုက်တယ်..
ဘေးမှာလဲ ခွေးတအုပ်က အမှီး
တနန့်နန့်နဲ့..

ဆရာတော်က တွေ့သွားတယ်.. ခွေးကျွေးခိုင်းတာကို ခိုးစားနေတဲ့ ကပ္ပိယ ရဲ့ ခေါင်း ပုတ်လိုက်တော့...

ခွေးတွေက ဆရာတော်ကို ကိုက်ပါလေရော..
သူတိုသိတာက ကပ်ပိယ ကို
ထိရင် ကိုက်မယ် ဆိုတာဘဲသိတယ်...

ဒီအစားက
ဘယ်သူကျွေးခိုင်လဲ ဆိုတာ
သူတို့မသိဘူး..
တချို့တလေက ခွေးအတွေး..

အသိတစ်ယောက်အိမ် သွားလည်မိတယ်။ခြံဝရောက်ရုံလေးရှိသေး "ဟိုကောင်မ လာစမ်း"မြတ်စွာဘုရား ပွဲကြမ်းနေပြီလား မသိဘူး"ရှင် ဟုတ်လာပြီ...
24/08/2021

အသိတစ်ယောက်အိမ် သွားလည်မိတယ်။
ခြံဝရောက်ရုံလေးရှိသေး
"ဟိုကောင်မ လာစမ်း"
မြတ်စွာဘုရား ပွဲကြမ်းနေပြီလား မသိဘူး
"ရှင် ဟုတ်လာပြီ"
"ငါ လျှော်ရမယ့် အဝတ်တွေက
ဒါအကုန်ပဲလား"
"ဟုတ်တယ်လေ"
ငှယ် ဘယ်လိုကြီးတုန်း
"သွားတော့
စားပွဲပေါ်မှာ ရှမ်းခေါက်ဆွဲပြင်ထားတယ်။
သွားစားလိုက်"
အန် ဘယ်လိုတွေတောင်လား
"ဇော်ကြီးရေ"
"ဟာ လာ ကျော်ကြီး အိမ်ပေါ်တက်"
"အေး"
"ဟာ ဒီမိန်းမ စားလို့ မပြီးသေးဘူးလား "
"ပြီးပြီ"
"ပြီးရင် ပန်းကန် ထားခဲ့လိုက်
ဒီမှာ ဧည့်သည်နဲ့လာ စကားပြောအုံး
ငါ ကော်ဖီဖျော်အုံးမယ်"
"လာပြီ"
ငါများ ငါများ တစ်ခုခုဖြစ်နေတာလား
"ရပြီ သွားတော့
အခန်းထဲမှာ အေးအေးဆေးဆေးသွားနေစမ်း"
"ဟုတ်"
"ဟျောင့်
မင်းက မိန်းမကို တော်တော်နိုင်တာပဲနော်"
"အေးဆေးပါကွာ
ငါပြောတဲ့အတိုင်း ဒီမိန်းမ လိုက်နာရမှာပေါ့
မယုံရင် ကြည့်နေ
ငါတစ်ချက်ဟောက်လိုက်တာနဲ့
ပြာယာခတ်သွားစေရမယ်"
"ဟေ တယ်ဟုတ်ပါလား"
"မိန်းမ"
"ရှင်"
"ရေချိုးတော့ ငါဧည့်သည်ရောက်နေလို့
ဂျီး မတွန်းပေးတော့ဘူး မြန်မြန်ချိုးခဲ့
ကြားလား ငါ သနပ်ခါးသွေးထားလိုက်မယ်"
အလိုလေး နိုင်ချက်က လန်ထွက်နေတာပဲ
"အေးကွာ ငါတောင် အတုယူရမယ့် ပုံစံပဲ"
"ဟားဟားဟား
ဒါ က အကင်းပဲ ရှိသေးတယ်"
"အေးဘာကွာ"
အံ့သြလောက်ပါတယ် မိန်းမနိုင်လိုက်တာ
😂😂😂
Saww As Can

အိမ်ထောင်ကျတာ စောသွားတယ်😂😂😂😂😂အိမ်ထောင်ပြုလို့အကောင်းဆုံးအရွယ်ကိုပြပါဆိုရင်......အသက်၆၀ကျော်၇၀အရွယ်ကိုပဲညွှန်းပါရစေ။ဘာလို...
24/08/2021

အိမ်ထောင်ကျတာ စောသွားတယ်😂😂😂😂

😂

အိမ်ထောင်ပြုလို့အကောင်းဆုံးအရွယ်ကိုပြပါဆိုရင်......

အသက်၆၀ကျော်၇၀အရွယ်ကိုပဲညွှန်းပါရစေ။

ဘာလို့လဲဆိုတော့ အဲ့ဒီအရွယ်က---
စုဆောင်းသင့်သလောက်စုဆောင်းမိပြီ
ဝန်ထမ်းဖြစ်ခဲ့မယ်ဆိုရင်လဲ ပင်စင်လစာလေးနဲ့
အလုပ်လဲဆင်းစရာမလိုတော့ဘူး👍

ပြီးတော့ ကလေးတွေဘာတွေလဲမွေးစရာမလိုတော့ဘူး
ထိန်းစရာလဲမလိုတော့ဘူး ကလေးစရိတ်လဲမလိုတော့ဘူး
နှစ်ဖက်မိဘမျက်နှာနာစရာထောက်စရာလဲမလိုတော့ဘူး
ယောက္ခမတွေလဲရှိမနေကြတော့လို့အတော့်ကိုစိတ်ချမ်းသာကြရတော့မယ်💯

စားတာသောက်တာကလဲ အဆီ အငန် အသားတွေလျော့စားနေရတော့ စားစရိတ်သက်သာသလို မီးဖိုချောင်ကိစ္စအချိန်ကုန်သက်သာလာလို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းတီတီတာတာတွတ်ထိုးချိန်လေးတွေပိုထွက်လာပြီ💕

အိမ်ပိုင်ရမယ် ကားပိုင်ရမယ်နဲ့ ဖိအားတွေဝင်နေစရာမလိုတော့တဲ့အရွယ်ဆိုတော့ TVလေးတစ်လုံးရှိရင်ကိုကျေနပ်စရာ(TVကလာတဲ့တရားအတူထိုင်နာမယ်၊ဇာတ်လမ်းတွဲတွေအတူကြည့်မယ်၊ဘောပွဲအတူကြည့်ပြီးလောင်းမယ်
ငါ့အသင်းနိုင်ရင်နင့်ကိုနမ်းမယ် ငါ့အသင်းရှုံးရင်နင်ကနမ်းပါပေါ့🙄)

တစ်ခါတလေကျတော့ ကိုယ်ဝါသနာပါတဲ့အနုပညာကိုအတူဖန်တီးကြရုံမယ်(ကဗျာရေးမယ်၊တယောထိုးမယ်၊ပန်းချီဆွဲမယ်၊ပန်းပင်လေးတွေရေအတူလောင်းမယ်၊ငှက်ကလေးတွေအစာကျွေးမယ်......အဖွားကြီးမင်းကအဖိုးကြီးငါ့ကို မောင်တွေဘာတွေခေါ်ပါအုန်းဆိုတဲ့ကိုင်ဇာသီချင်းသူကအသံတုန်တုန်နဲ့ဆိုရင် ကိုယ်ကသွားကျိုးလေးနဲ့ပြုံးပြီးစံပယ်ပန်းလေး ပန်ခိုင်းရုံပဲ😏)

ဟိုလူနဲ့စိတ်မချ ဒီလူနဲ့သဝန်တိုဆိုတဲ့အကုသိုလ်မစ္ဆရိယစိတ်လေးတွေလဲမရှိတော့သလောက်မို့ မင်းရဲ့လက်ကိုအတူတွဲရင်းနိဗ္ဗာန်သောင်ကမ်းအတူကူးဖြတ်နိုင်တဲ့အခွင့်အရေးလေးပါရမှာပါနော်☹

နောက်ဆုံးအချက်တွေးမိတာကတော့......
စပ်စလူးအရွယ်တုန်းကလို လက်ထပ်ပြီးရင် အိုးအောင်မင်းအောင်ပေါင်းရပါစေလို့ စိုးရိမ်သောကဗျာပါဒနဲ့ဆုတောင်းနေစရာမလိုတော့ဘူးလေ.....
အိုအောင်မင်းအောင်ပေါင်းပြီးသားလေ😌

ဒါရယ်စရာဟာသမဟုတ်ဘူး ဥာဏ်ကိုလွှာပြီးတွေးကြည့်ပါ
မပိန်းနဲ့
သင် မျှော်လင့်ချက်တွေနောက်မကျသေးဘူးဆိုတဲ့အတွေးနဲ့ကိုသင်ပီတိတွေတဝေဝေဖြစ်နေရမှာပါ။🙃🙃
ဓာတ်စာ


ြပန်လည်မျှဝေပေးပါသည်

⛔ဒညင်းသီး ဆိုတာရာဇဝင်ရှိတယ်ဗျ⛔ပုဂံခေတ် နရသီဟပတေ့မင်းလက်ထက်ဘုရင်ကတိုင်းခန်းလှည့်လည်ရင်းကောင်မလေးတစ်ယောက်ကို တော်ကောက်လာရာ...
23/08/2021

⛔ဒညင်းသီး ဆိုတာရာဇဝင်ရှိတယ်ဗျ⛔

ပုဂံခေတ် နရသီဟပတေ့မင်းလက်ထက်ဘုရင်ကတိုင်းခန်းလှည့်လည်ရင်းကောင်မလေးတစ်ယောက်ကို
တော်ကောက်လာရာမှအစပြုခဲ့ပါတယ်။

နန်းတော်ရောက်လို့ညဖက်ဆောင်တော်ကူးတော့ကောင်မလေးက သူ့ရီးစားကလွဲရင် No ပါ၊

ဘုရင်ဆိုလည်း မပေးနိုင်ဘူး ဆို​ြပီး ဇွတ်ငြင်းလေတော့ဘုရင်ကြီးခမျာ ဒေါ‌သတွေထွက် အရှက်တွေကွဲပြီးလက်မရွံ့တွေကို ချက်ချင်းခေါ်သူ့ကို ငြင်းတဲ့ နေရာကို ဓားနဲ့ကွက်လှီး​ြပီးသတ်စေဆိုပြီးအမိန့်ပေးတော့တာဘဲ။

လက်မရွံ့တွေကအလောင်းကိုမြို့ပြင်မှာမြှုပ်နှံပြီးပြန်ခဲ့တော့မှ
သူတို့ဓားနဲ့ ကွက်လှီးထားတဲ့ ပစ္စည်းနန်းတော်ထဲမှာမေ့ကျန်ရစ်ခဲ့တာကို ပြီးမှသိလိုက်ကြတယ် ။

ဒါနဲ့ မထူးပါဘူးကွာဆိုပြီးနန်းတွင်းထဲက ဒေါင့်တနေရာမှာမြှုပ်လိုက်ကြပါတော့တယ်။

လအတန်ကြာတော့အဲဒီနေရာက အပင်တစ်ပင်ပေါက်လာပါတယ်။အပင်ကြီးလာလို့အသီးသီးလာတော့စားလို့ ကောင်း,မကောင်း သိရအောင်
မြည်းကြည့်ကြတယ်။

ပြုတ်ပြီးစားလည်း Good
မီးဖုတ်ပြီး စားလည်း Good
ဆားရေစိမ်ပီးစားလည်း Good
သူ့အနံ့က တစ်မျိုးလဲထူးတယ်။

ဒါဘာသီးလည်းလို့ သိချင်လို့
ဘုရင်ကမေးမြန်း စုံစမ်းကြည့်တော့အကြောင်းစုံ ပေါ်လာတာပေါ့။

ဒါကြောင့် ဘုရင်က အဲဒီကိစ္စကို
အခုထိ အစာမကြေသေးလေတော့..

" အပင်ကို ငါကိုယ်တော်နာမည်ပေးမယ် ဒင်းက ငါ့ကိုငြင်းလို့ ဖြစ်လာတဲ့အပင်မို့ အဲဒီအပင်ကို

( ဒင်းငြင်းပင် ၊ အသီးကိုလည်း ဒင်းငြင်းခဲ့လို့ ဒင်းငြင်းသီး ) လို့ ခေါ်တွင်စေရမယ်ဆိုပြီးအမိန့်တော်ချမှတ်လိုက်ရာမှစတင်ခဲ့ပြီး

နောင်ကာလ အတန်ကြာသော်

( ဒညင်းပင် ၊ ဒညင်းသီး ) ဆိုပြီး ဖြစ်ပေါ်လာရပါကြောင်းနှောင်းလူအပေါင်းတို့ မှတ်သားကြပါကုန်။

😂😂😂

♥♥♥ အချစ်ဖြစ်တည်မှု့ ရဲ့ အစွန်းအဖျားတွင်♥♥♥လမိုက်ညမှာတေးဆိုတတ်တဲ့ ငှက်ငယ်လေးရေတွန်ကြူးသံရဲ့ အနက်အဓိပါယ်ကြားမှာလွဲချော်မူ...
23/08/2021

♥♥♥ အချစ်ဖြစ်တည်မှု့ ရဲ့ အစွန်းအဖျားတွင်♥♥♥

လမိုက်ညမှာတေးဆိုတတ်တဲ့ ငှက်ငယ်လေးရေ
တွန်ကြူးသံရဲ့ အနက်အဓိပါယ်ကြားမှာ
လွဲချော်မူတွေ နဲ့ အခါခါလွဲနေရလို့ 
စိတ်ဓါတ်တွေ ခြေမခိုင် ယိုင်လုလုဖြစ်နေခဲ့ပြီလား။

ဒီတစ်ညရဲ့ နှလုံးသားစစ်တူရင်ကစားပွဲမှာ
နယ်ရုပ်လေးတွေ မျက်ရည်ရွှဲ
အမုန်းကာရံတွေ အိပ်စက်ဖို့ 
အပင်ထက်ကငှက်ငယ် အပျံသင်ဖို့ မလိုအပ်ပါဘူး။

ငါက အိမ်မက်တွေကိုထုဆစ်နိုင်တဲ့
ဖန်ဆင်းရှင်မဟုတ်ခဲ့ပါဘူး
ဒါပေမဲ့လေ.. နင့်အတွက်နဲ့ ပတ်သတ်လာရင်တော့
အချစ်တစ်ခုကို ထုဆစ်
နှလုံးသားကိုရင်းနှီးထားနိုင်ပါတယ်ချစ်သူ....။

သိပ်တော့မချမ်းသာပါချစ်သူ.ဒါပေမဲ့လေ
ဂုဏ်ပကာသန မဖက်တဲ့ အချစ်တွေက
နင့်အတွက်ဆို ပေါပေါများများပေးထားနိုင်ပါတယ်။

အစွန်းနှစ်ဖက်ကြား မာနတရားတွေက
ချစ်သူနှစ်ဦးကို ခွဲရန်ရည်စူးနေခဲ့တာ
နင်သိသလို ငါလည်းသိခဲ့တယ်
ဖြစ်တည်မူ့ တိုင်းရဲ့ အနှစ်သာရတွေ
မှားမှန်းမသိ မှားလို့ 
အချစ်တွေ အမုန်းဇာတ်သွင်းရတော့မယ်ဆိုရင်တောင်
ငါလေ.... အချစ်ရဲ့ အစွန်းအဖျားမှာ ခဏလောက်တော့
ဖက်တွယ်ပါရစေ.. ပလိစ်..ကျေးဇူးပြုပြီ.ခဏလေးပါချစ်သူ။

♥♥♥ ကဗျာရိပ်♥♥♥

" ချစ်သုဝေ၏ဖခင် ဦးဇော်ဝင်း(Metal Zone)ကွယ်လွန်"သရုပ်ဆောင် တေးသံရှင် ချစ်သုဝေရဲ့ဖခင်ဖြစ်တဲ့ ဦးဇော်ဝင်း(Metal Zone)ဟာ ဒီကန...
23/08/2021

" ချစ်သုဝေ၏ဖခင် ဦးဇော်ဝင်း(Metal Zone)ကွယ်လွန်"

သရုပ်ဆောင် တေးသံရှင် ချစ်သုဝေရဲ့ဖခင်ဖြစ်တဲ့ ဦးဇော်ဝင်း(Metal Zone)ဟာ ဒီကနေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရှိရပါတယ်။
ဦးဇော်ဝင်းဟာ Metal Zone စတူဒီယိုကို စတင်တည်ထောင်သူဖြစ်ပါတယ်။

တော်ကီက သေလောက်တယ်
23/08/2021

တော်ကီက သေလောက်တယ်

" အသံတိတ်ဆုံးမပြီး တရားပြသွားသူ"တခါက ဆေးရုံတရုံမှာအမျိုးသမီးတစ်ယောက် ဆေးရုံလာတက်တယ်သူ့ကြည့်ရတာ နှုတ်ခမ်းနီဆိုး သနပ်ခါးတွ...
22/08/2021

" အသံတိတ်ဆုံးမပြီး တရားပြသွားသူ"

တခါက
ဆေးရုံတရုံမှာ
အမျိုးသမီးတစ်ယောက် ဆေးရုံလာတက်တယ်
သူ့ကြည့်ရတာ နှုတ်ခမ်းနီဆိုး
သနပ်ခါးတွေ အဖွေးသားနဲ့ဆိုတော့
တခြားလူနာတွေ လူနာစောင့်တွေ
သူနာပြုဆရာမအငယ်လေးတွေရဲ့
မျက်လုံးထဲမှာ cross ဖြစ်ကြပါလေကော ...

အလုပ်ကနေ ခွင့်ရအောင်လို့
နေမကောင်းတာအကြောင်းပြ
ဂယ်ရှာတာလား ဘာလား ညာလားပေါ့ ...

ဆရာဝန်ကြီးတွေက
သူ့ကို ပိုပြီးအရေးပေးသယောင်ရှိတော့
ငွေရှိလို့လား ဆွေမျိုးလား
ဘာလား ညာလားပေါ့ ...

ဟုတ်တော့လည်း ဟုတ်နေတာပဲလေ
သနပ်ခါးကိုခြေဆုံးခေါင်းဆုံးလိမ်း
နှုတ်ခမ်းနီတွေဆိုး
အဝတ်အစားအသစ်တွေဝတ်နဲ့
မင်းသမီးက ဟိုတယ်မှာလာတည်းတာကျနေတာပဲ
လုံဝအလန်း ...

ဒါ့အပြင်
လူနာစောင့်ကမပါတော့ အဝတ်အစားက
ကိုယ်တိုင်လျှော်သေးတာ
စာအုပ်ဖတ်လိုက် နားကြပ်လေးတပ်ထားလိုက်နဲ့
သူရောက်နေတဲ့ ICU အရေးပေါ်ခန်းနဲ့ လာလားမှမသက်ဆိုင်
အေးဆေးပဲ ...

နောက်နှစ်ရက်လောက်မှာ
သူသေသွားတော့မှ
အဖြေက ရှင်းသွားတော့တယ်
ကျောက်ကပ်နှစ်ခုလုံးပျက်စီးနေတဲ့
တခြားသော သွေးတိုး ဆီးချို
နှလုံးတွေပါမကောင်းတော့တဲ့

လင်ယောက်ျားရဲ့စွန့်ပစ်ခြင်းခံလိုက်ရတဲ့
အမျိုးသမီးတစ်ယောက်

သူ့ရဲ့နောက်ဆုံးအချိန်ထိ
သူတပါးရဲ့သနားတဲ့အကြည့်မခံခဲ့ဘူး

ပိန်ချုံးပိန်လှီပြီး
ကိုယ့်ကိုမြင်တဲ့သူတပါးကို စိတ်မညစ်ညူးစေခဲ့ဘူး

မိဘဆွေမျိုးတွေခေါ်ပြီး အလုပ်မရှုပ်စေခဲ့ဘူး

သူလျှော်ဖွတ်ထားတဲ့အဝတ်အစားတွေ ပစ္စည်းတွေမှာ
ဘယ်ကိုလှူပေးပါဆိုပြီး
စာတောင်ရေးထားကပ်ထားခဲ့သေး

သေဆုံးသွားတဲ့ခန္ဓာကိုယ်ကိုလည်း
မြေချပေးမယ့်သူတွေ လုပ်ကိုင်ပေးချင်စိတ်ရှိအောင်
ကြိုတင်နေထိုင်သွားတယ်

အိမ်မှာ သေဆုံးရင် ဘေးပတ်ဝန်းကျင်
အလုပ်ရှုပ်မှာစိုးလို့
စနစ်တကျရှိတဲ့နေရာကို အရောက်လာခဲ့တယ်

သူသေပြီးနောက်လှူထားခဲ့တဲ့
သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း
ဆေးရုံက အချိန်မီ ရရှိစေခဲ့တယ်

သူဖတ်ခဲ့တဲ့စာအုပ်တွေက
မျက်နှာဖုံးတွေကပ်ထားတော့
နောက်မှ သိရတာက ပါချုပ်ဆရာတော်ကြီးရဲ့
တရားဓမ္မ အဆုံးအမတွေ

သူနားထောင်ခဲ့တဲ့တရားတွေက
မိုးကုတ်ဆရာတော်ကြီးရဲ့
ဝိပဿနာကမ္မဋ္ဌာန်းတရားတော်တွေ

နောက်ဆုံး
သူ့ကိုကြည့်ပြီးဝေဖန်နေတဲ့သူတွေကိုတောင်မှ
အသံတိတ်ဆုံးမပြီး တရားပြသွားသေးတယ်

မြင်ရုံ
ကြားရုံ
ထိတွေ့ ရုံနဲ့ ဝေဖန်လေကန်ခဲ့တဲ့သူတွေကတော့
အဲ့ဒီအချိန်မှာ
တရားပဲနာရမလိုလို
တရားစာပဲကျက်ရမလိုလိုနဲ့
အံသြ ထိတ်လန့် တရားရသလိုလိုဖြစ်သွားခဲ့တယ်
နောက်ကြာလာတော့လည်း မေ့ပျောက်သွားပြီး
ဒုံရင်း ဒုံရင်းပါပဲ

ကိုယ့်အခြေအနေကိုယ်သိ
ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ခိုင်မာတဲ့သူက
သူ့အလုပ်သူသေချာလုပ်သွားသလို

သူတပါးကိုလိုက်ကြည့် လိုက်ဝေဖန်တဲ့သူက
သူတို့ချစ်ရင်ကောင်း
သူတို့မုန်းရင်မကောင်း
ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့သူဆိုရင်တော့
ကောင်းကွက်ထက်
ဆိုးကွက် အားနည်းချက်ကိုပဲ မြင်ဖို့များသလို

ကိုယ့်ကိုယ်ကိုယ်ကျ
ပြီးပြည့်စုံနေတယ်လို့ မသိစိတ်ကနေ
ထင်တတ်ကြတာက သဘာဝတရားပဲလေ 😅

Credit: ချစ်ဖုန်းကို

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း၏ခင်ပွန်း ကိုတာတာမျိုး ကိုဗစ်ဖြင့် ကွယ်လွန်----------------------------------သရုပ်ဆောင် နန်း...
21/08/2021

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း၏ခင်ပွန်း ကိုတာတာမျိုး ကိုဗစ်ဖြင့် ကွယ်လွန်
----------------------------------
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးဟာ ဒီကနေ့(သြဂုတ်လ ၂၁ ရက်နေ့)မှာ ကိုဗစ်နဲ့ ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါတယ်။

နန်းမြတ်ဖြိုးသင်းရဲ့အနုပညာမိတ်ဆွေတွေက စိတ်ထိခိုက် ဝမ်းနည်းကြောင်းတွေ ရေးသားဖော်ပြထားပြီး ကိုတာတာမျိုး ကွယ်လွန်ချိန်မှာ နန်းမြတ်ဖြိုးသင်းနဲ့အတူ ရင်သွေးနှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

မိသားစုနဲ့ထပ်တူ စိတ်ထိခိုက်ဝမ်းနည်းရပါတယ် နန်းမြတ်ရေ😔
ကိုတာ ကောင်းရာမွန်ရာဘုံဘဝရောက်ပါစေ🙏🙏🙏

အရမ်းကောင်းလွန်းလို့ဆုံးအောင်ဖတ်ကြည့်ပါ÷•÷•÷•÷•÷•÷•÷•÷•÷•÷•÷•÷•÷•÷•÷•ဟာ သေမင်းလာထိုင်....လက်ဖက်ရည်လေး ဘာလေး သောက်ပါဦးမင်...
20/08/2021

အရမ်းကောင်းလွန်းလို့ဆုံးအောင်ဖတ်ကြည့်ပါ
֥֥֥֥֥֥֥֥֥֥֥֥֥֥֥

ဟာ သေမင်း
လာထိုင်....
လက်ဖက်ရည်လေး ဘာလေး သောက်ပါဦး
မင်းက ငါ့ကို သေမင်းမှန်း
ဘယ်လို သိတုန်း
ဟာ ခများ ဟာ အတော်သိသာနေတာကြီးကို
စာအုပ်ကြီး တစ်အုပ်နဲ့
ဘေးလွယ်အိပ်ကြီး လွယ်လို့
လူတွေကို တစ်မေ့တစ်မော လိုက်ကြည့်နေတာ
ခများ လူတစ်ယောက်ကို သေသေချာချာ စူးစိုက်ကြည့်နေတာ တစ်နေ့ကတွေ့တယ်၊
ဟော အခု အဲ့လူသေပြီလေ...
အဲ့တော့ ခများသေမင်း လို့ ထင်မိတာနဲ့
စကားလှမ်းပြောကြည့်တာ...
အခုလို ပြန်ပြောတော့ ပိုသေချာသွားတာပေါ့..

သူတစ်ချက်ပြုံးရင်း အနီးနား ဝင်ထိုင်သည်၊
လက်ဖက်ရည် ကျကျလေး တစ်ခွက်ဟေ့..
မင်းက အတော်လာတဲ့ကောင်ပဲ
အချို ဆို ငါ့ကိုပတ်ပြေးလို့
အချို့များ ငါမှန်းသိရင်ကို
အနားမကပ်ခံကြတော့ဘူး
မင်းကျတော့ တစ်မျိုးကြီး..

ဟာ ဘာဆိုင်လဲ သေမင်းရ
ခများက ခများ အလုပ်လုပ်တာပဲ
ပြီးတော့ ခများက
ကျနော်လေးစားတဲ့
ထမင်းချက်ကြီး
ဦးဂွမ်တီ နဲ့ အတော်တူလို့

ဟဲဟဲ ဟုတ်တယ်ကောင်လေး
ငါ့ကို လူတွေက မြင်ချင်သလို
မြင်ကြတယ်
မင်းက ဦးဂွမ်တီလို မြင်တော့လည်း
ငါက မင်းကို ကောက်တွဲ လို့ခေါ်မယ်ကွာ..

ဘာတုန်းဗျ ကောက်တွဲ

ကောက်တွဲဆိုတာ
ကောင်လေးကို တရုတ်မကျ ဗမာမကျ ခေါ်တာကွာ

သူပြုံးရင်း လက်ဖက်ရည် တစ်ကျိုက်မော့ချလိုက်သည်။

နေပါဦးဗျ ကျနော်မေးမလို့
ဦးလေး အခုတစ်လော
ဒီဘက်ပိုင်း
အတော်အလုပ်ကျနေတာလား

ဘာလဲ
အတော်သေကြလို့လား

အင်း

မင်းအသိတွေ ပါလို့မဟုတ်လား

အင်း

မင်းက မင်းအသိတွေပါမှ
သတိထားမိတာကိုးကွ
ငါကတော့ ငါ့အလုပ်ငါလုပ်နေတာပဲ
လူတွေက ဒီလိုပဲ ကောက်တွဲ
ဌားတုန်းက ဌားပြီး
ပြန်တောင်းတော့ မသိချင်ယောင်ဆောင်
မေ့ချင်ယောင်ဆောင်နေကြတယ်..

ဘာကို ဌားတာတုန်းဗျ။

ခန္ဓာလေ ကောက်တွဲ
မင်းတို့မှာ ရှိနေတဲ့
ခန်ဓာက ငါဌားထားတာ
အချိန်နည်းနည်းလေးကြာတာနဲ့
မင်းတို့ကမေ့တော့တာပဲ
ဒါပေမယ့် ငါကတော့
မေ့လို့မရဘူးကွ
အချိန်အတိအကျ
စေ့ပြီဆိုတာနဲ့
တစ်စက္ကန့်တောင်
နောက်မကျစေဘဲ
ပြန်သိမ်းရတာပဲ
ဒီထဲမှာ အသေအချာ
မှတ်ထားရတာ

စာရင်းစာအုပ်ကြီး ပုတ်ပြရင်း ပြောလေသည်။

ဒါဆို ကျနော်လည်း ပါတာပေါ့..

အေးပါတာပေါ့...

ဘာလဲ အချိန် ဘယ်လောက် ကျန်သေးလဲ
မေးမလို့လား...
ကောက်တွဲ ငါ့ကို လက်ဖက်ရည် တစ်ခွက်နဲ့
လာအစ်နေတယ်..

အဟီး မဟုတ်ပါဘူး ဦးလေးရယ်
အချိန်ကျန်တော့လည်း
ကျန်သလောက်ပေါ့
မကျန်တော့လည်း အရေးကြီးတာလေး
မြန်မြန် လုပ်ရအောင်...

မရဘူး ကောက်တွဲ..
Side effect သိပ်များတယ်..
အချိန်နည်းရင် မင်းဘာမှ မလုပ်နိုင်
သေမှာကြောက်တဲ့စိတ် နှင့် နေရမယ်
အချိန်များရင် မင်းပျင်းရိအေးဆေးသွားမယ်..
မရဘူးကောက်တွဲ..
ဒါပေမယ့် မင်းသိဖို့က
အရေးကြီး မကြီးတာတွေက
မင်းဆုံးဖြတ်လို့လဲမရဘူး...
ငါလည်း မပြောနိုင်ဘူး..
ငါသေချာပေါက်ပြောနိုင်တာက
ငါလာခေါ်တဲ့အချိန်
မင်းအတွက် အရေးကြီးဆုံး
အလုပ်ဖြစ်တဲ့
အသက်ရှူတဲ့ကိစ္စကိုတောင်
ရပ်ပြီး ငါ့နောက်လိုက်ရမှာပဲ..
စဉ်းစားကောက်တွဲ
လောကမှာ အသက်ရှင်သန်ဖို့
အသက်ရှူရတာထက်
အရေးကြီးတာ ဘာမှ မရှိဘူး..
အဲ့အလုပ်တောင် ပစ်ချခဲ့ရမှာ...

အင်း ဟုတ်သားဗျ..

ဟုတ်တယ်ကောက်တွဲ၊
မင်း နောက်အပတ်ထဲ ချောင်းသာသွားရမယ်ဆိုပါတော့
မင်းဘာတွေလုပ်မလဲ...

ဟိုတယ် ဘိုကင်ချိတ်တာတို့
ကားလက်မှတ်ဝယ်တာတို့
အဝတ်အစားရွေးတာ ထည့်တာ
ပစ္စည်းတွေ ဝယ်တာ အာ အများကြီးပေါ့..
ပြင်ရဆင်ရမှာတွေ..

အဲ့တာတောင် နီးနီးနားနား
ချောင်းသာနော်..
ပြင်ရတာတွေ များတယ်မို့လား..
ဒီနေ့သွား နောက်နေ့ရောက်မယ့်
နေရာလေးတောင် ပြင်ရဆင်ရသေးရင်
ဘယ်နေ့မှ ရောက်မယ်မှန်းမသ်ိတဲ့
တမလွန် ခရီး ကိုကော ဘာတွေပြင်ပြီးပြီလဲ..
ဟိုမှာ ငွေရှိတိုင်း တည်းလို့ရတဲ့ ဟိုတယ်တွေမရှိဘူး..
ငွေကြေးတွေ သုံးမရဘူး..
ဝိတ်တွေလည်း သုံးမရဘူး..
အဲ့ဒီအတွက်ကော ဘာတွေပြင်ပြီး ပြီလဲ
ကောက်တွဲ..
ဘယ့်နေ့မှ သွားရမယ်
ဘယ်နေ့အထိ မသွားရဘူးဆိုပြီး
သေချာနေတဲ့ ဆုံးဖြတ်ချက်တွေ
မင်းတို့မှာ ရှိလို့လား...

ဟင့်အင်း ။ကျနော်တို့မေ့နေ ကြတာ..

မဟုတ်ဘူး ကောက်တွဲ
မေ့ထားကြတာ..
စစ်အစိုးရ လက်ထက်က နိုင်ငံရေးသမားတွေဟာ
အိပ်ယာခေါင်းရင်းမှာ
လွယ်အိတ်လေး တစ်လုံး ထားထားပြီး အိပ်တယ်။
အဲ့အိပ်ထဲ လိုတဲ့ တစ်ကိုယ်ရေ တစ်ကာယ
ပစ္စည်းလေးတွေ ထည့်ထည့်ထားတယ်..
ဘယ်အချိန်လာခေါ်ခေါ်
ထောင်ထဲလိုက်ရရင် အဆင်သင့်လေးဖြစ်အောင်ပေါ့..
အဲ့ လိုပဲ ကောက်တွဲ အဲ့ဥပမာလေးလိုပဲ..
မင်းတို့လည်း ဘယ်တော့ သွားရမယ်မှန်း
မသိပေမဲ့့်၊ကြိမ်းသေ သွားရမဲ့ ခရီး တစ်ခုအတွက်
အထုပ်ကလေးတော့ ပြင်ထားသင့်တယ်ထင်တယ်။
ငါ လူတွေသွားခေါ်တဲ့အခါ ပြင်ဆင်မှု မရှိတဲ့ လူတွေဟာ အတော်လေး ဒုက္ခရောက်ကြတာကို မြင်နေရတယ် ကောက်တွဲ..
လမ်းတစ်လျောက် တစ်ငိုငို နဲ့..
အချို့ကြတော့ အတော်လေး တည်ငြိမ်ကြတယ်
အေးအေးလူလူ ပဲ လိုက်လာတယ်
လမ်းခရီးမှာလည်း အတော်လေး အဆင်ပြေတယ်။
မင်းမြင်အောင် ပြောရရင်
နိုင်ငံခြား သွားသလို ပေါ့ ကောက်တွဲ
မင်းကို အခု ငါ အမေရိကန် လွှတ်လိုက်မယ်။
ခနနေ လေယဉ်ကွင်းဆင်းရမယ်။
အဆင်ပြေပါ့မလား..

ဟာ ဘယ်ပြေမှာတုန်း ..

အေး ပြင်ဆင်ထားတဲ့ လူကတော့
အဆင်ပြေတာပေါ့ကွ။
ဘယ်အချိန်ထသွားသွား အိုကေလေ..
သူတို့မှာ မမြင်ရတဲ့ ခရီးအတွက် ပြင်ဆင်ထားမှုတွေ သိပ်အားကောင်းတယ် ကောက်တွဲ..
မင်းမြင်အောင် သေချာပြောရရင်
တမလွန် ခရီး ကို မကြောက်တဲ့သူတွေက
သူတို့အတွက် သေချာပြင်ဆင်ထားကြလို့ပဲ..
ဒါန သီလ ဘာဝနာပေါ့... ကောက်တွဲ..

အေးဗျာ ကျုပ်လည်း လုပ်ဦးမှပါ...

လုပ်ဦးမှ ဆိုတာ နောက်မှလို့
အဓိပ္ပါယ်ရတယ် ကောက်တွဲ....
Will ပဲ ရှိသေးတယ် ကောက်တွဲ
Vbe going to.. အဆင့်မရောက်သေးဘူး..

အတော်လာတဲ့ သေမင်းလို့
ထင်နေပြီလားကောက်တွဲ
မင်းတို့တွေ မသိနိုင်တဲ့ အချက်က
ငါ မင်းတို့ကို ခန္ဓာ ဌားစဉ်မှာ
Warranty တွေ ထည့်မပေးလိုက်ဘူး
ကောက်တွဲ။ဘယ်နှစ်နှစ် အထိ ကျန်းမာနေပါ့မယ်ဆိုပြီး
ငါ အာမမခံပေးလိုက်ဘူး...
မင်းတို့ရဲ့ကောင်းမှု ကုသိုလ် အစဉ်လိုက် ရရှိတဲ့
ခန္ဓာကို ကောက်စွပ်သွားကြတာ..
ဘယ်အချိန်မှာ ဘာဖြစ်မယ် မသ်ိနိုင်ဘူး..
ငါက ပုတ်ပြတ်ဌားလိုက်တာ...
အဲ့တော့ ကျန်းမာစဉ်..
လုပ်နိုင်ကိုင်နိုင်ရှိစဉ် တစ်ခါတည်း လုပ်ထားကောက်တွဲ...
အချိန်တိုင်းမှာ အာမခံမပါဘူး....

ဂျပန်မှာ သေဒါဏ်ကျတဲ့ လူတွေကို
ဘယ်နေ့မှာ သတ်မယ်လို့ မပြောထားဘူး
ကောက်တွဲ..
မနက်တိုင်း ရဲ နှစ်ယောက်က လာခေါ်ထုတ်တယ်..
သေဒါဏ်ပေးမယ့်အခန်းထဲလား..
ရေချိုးခန်း လားဆိုတာ မသိရဘူး..
လမ်းက တစ်ကြောင်းတည်း...
ရေချိုးခန်းထဲ ရောက်မှပဲ သက်ပြင်းချပြီး..
တစ်ရက်တာ အသက်ရှင်ခွင့်ရတယ်...
နေ့ရက်တိုင်းက သူတို့အတွက် နောက်ဆုံးရက်လိုပဲ..

ဟာ သူတိူ့နဲ့ ဘာဆိုင်လဲ ဦးလေးရာ..
သူတို့က ဥပဒေအရ သေဒါဏ်ကျနေတဲ့သူတွေလေ..

မင်းတို့ကကော ကောက်တွဲ ဘာထူးလည်း...
ငါသေဒါဏ်ချပြီး သားသူတွေလေ..
ကြာတာဆိုလို ့...
စကားအဖြစ်ကပ်ပြောရရင်..
သူတို့ကမှ ဒီမနက် မသေရင်
တစ်ရက်တာ အသက်ရှင်ခွင့် ရသေးတယ်..
မင်းတို့က မနက်မသေပေမယ့်
ညနေ ရှင်ပါ့မယ် ဘယ်သူ မှ အာမမခံနိုင်ဘူး...

ကောက်တွဲ...မင်းစဉ်းစား စရာတွေ သိပ်များသွားပြီလား....

ဟုတ်တယ်ဦးလေး..
အဲ့တာဆို ဘဝကြီးက တစ်မျိုးကြီး ဖြစ်သွားမှာပေါ့
ဦးလေး...ဟာတာတာကြီးလိုလို...ဝမ်းနည်းလာသလိုလို...

ဟဲဟဲ ကောက်တွဲ ... ဘဝကြီးက ဘဝကြီးပဲ
လောကကြီးက လောကကြီးပဲ...
ခန္ဓာရလာတော့ သေမှာပဲ...
မသေခင် ပြင်ချိန်ရတယ်လို့မှတ်
ရသလောက် ဒါန သီလ ဘာဝနာတွေ ကယ့်ယူ..
ခရီးရှည် တစ်ခု ထွက်ဖို့ရှိတယ်ဆိူတာ မမေ့နဲ့...
ပြင်ဆင်မှုတွေ အားကောင်းလာလေလေ..
မင်းပျော်ရွှင်လာလေ ဖြစ်လာလိမ့်မယ်...
ခရီးအတွက် စိတ်အေး သွားရင်..
မင်းပေါ့ပါး လန်းဆန်းလာလိမ့်မယ်...
တစ်ခုတော့ ရှိတယ်..
ဒီဘဝ တစ်ခုတည်းနဲ့ ခရီးဆုံးကို ရောက်နိုင်ရင်တော့..
တစ်ခါတည်း ကိစ္စပြတ်တာပေါ့...
ပြတ်လောက်တဲ့ အားထုတ်မှုမျိုး မရနိုင်ဘူးဆိုရင်တော့..
အကောင်းဆုံး ပြင်ဆင်မှုလေးတွေ
လုပ်ထားဖို့တော့ လိုမယ်...
သွားမယ် ကောက်တွဲ...
လက်ဖက်ရည် တစ်ခွက် အတွက်
မင်းပြန်ရတာတွေ တန်ရောပေါ့.....

ဦးလေးက လုပ်ပြီ..
ဘာတွေ ရဖို့ဆိုပြီး ကျနော် လက်ဖက်ရည် တိုက်တာ
မှ မဟုတ်တာ..
ဦးလေးကို မြင်တာနဲ့...
ခင်ချင်စဖွယ် လေးစားသဖွယ်ကြီး
ဖြစ်နေလို့....

ငါလည်း မင်းကို အဲ့လို မြင်ပါတယ်..
ခင်ပါတယ်...ဒါ့ကြောင့်လည်း
စိတ်လို လက်ရ
ိမင်းအတွက် လိုအပ်တာတွေ
ပြောပြတာပေါ့...

ခင်ရင် မြန်မြန် ခေါ်မှာလား
နှေးနှေး ခေါ်မှာလား....
ဟဲဟဲ...

ဟားဟား တစ်ကယ်လာတဲ့ကောင်
လစ်တာနဲ့အစ်တာပဲ...
ဒါတော့ မပြောနိုင်ဘူးမောင်..
ဒါပေမယ့် ပြောနိုင်တာ တစ်ခုကတော့..
ငါအခု ပြောသွားတာတွေ..
မင်းသေချာနားလည်မယ်ဆိုရင်..
ငါလာခေါ်တဲ့အခါ..အဆင်သင့်ကောက်လိုက်နိုင်တဲ့
လူတစ်ယောက်ဖြစ်လာမယ်ဆိုတာပဲ...
မင်းကို လာခေါ်တဲ့အခါ..
အပြန်လမ်း တစ်လျောက်
အခုလို အေးအေးလူလူ
လက်ဖက်ရည် ထိုင်သောက်ချင်ပါသေးတယ်...........

ပြောပြောဆိုဆို ဖြုတ်ခနဲ အပျောက်
ဘေးဝိုင်းက ဆေးလိပ်မီးခိုးတွေကြား
ရောရောင်ပြီး ပျောက်သွားလေရဲ့.....

ဘဝမှာ တန်ဖိုး အရှိဆုံး မနက်စာကို ပြောပါဆိုရင်တော့
ဘုရားရှင်ကို မဖူးတွေ့ရခင်အချိန်ထိ..
ဒီ လက်ဖက်ရည် တစ်ခွက် ဖြစ်နေ ပါလိမ့်မယ်
Thanks alot Death..
See u Later...

Credit
ခံစားရေးဖွဲ့သည်
မောင်စီ။

မူရင်းပိုင်ရှင်များကို Credit ပေးပါသည်။

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when AIO Entertainment Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share