NCTV
- Home
- NCTV
click for Fight
Address
Website
Alerts
Be the first to know and let us send you an email when NCTV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to NCTV:
Videos
၂၆ ယောက်သတ်ခဲ့တယ်
"လူနှစ်ဆယ့်ခြောက်ယောက် သတ်ခဲ့တယ်" (RFA အထူးသတင်းဆောင်းပါး) ~~~ လူသတ်ကြောင်းကိုယ်တိုင်ပြောနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်သံနဲ့ဓာတ်ပုံများ (ခင်မောင်စိုး၊ နေရိန်ကျော်) ■ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက စစ်ဆင်ရေးလုပ်နေတဲ့ ကာလအတွင်း တပ်သားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သိသာပေါ်လွင်စေတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုကို RFA က ရရှိထားပါတယ်။ ရရှိထားတဲ့ဓာတ်ပုံပေါင်း ၁၄၄ ပုံဖြစ်ပါတယ်။ အဲဒီပုံတွေထဲမှာ အရပ်သား ၃ဝ လောက်ကို လက်ပြန်ကြိုးတုပ်ဖမ်းထားပြီး၊ ဘုန်းကြီးကျောင်းတစ်ကျောင်းအောက်မှာ စုပြီးထိုင်ခိုင်းထားပုံတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် မျက်လုံးတွေကို ပုဆိုးစနဲ့စည်း၊ လက်ပြန်ကြိုးတုတ်၊ နောက်စေ့ကနေ ပစ်သတ်ခံထားပြီး သွေးအိုင်ထဲမှာလဲနေတဲ့ အရပ်ဝတ်နဲ့လူငါးယောက် အလောင်းနံဘေးမှာ ရုပ်သံဖိုင်ထဲက စစ်သားန
ယင်းမာပင်တွင် စစ်ကြောင်း သုံးကြောင်းကိုမိုင်းဆွဲတိုက် အကြမ်းဖက် ၁၅ ဦးခန့်သေဆုံးနိုင် ရန်ကုန်၊ဇွန် ၁၈ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကားစီးရေ၁၀၀ ကျော်ဖြင့် ပုလဲဘက်ကနေ ဆင်းလာသည့် စစ်ကြောင်း သုံးကြောင်းကို ယမန်နေ့က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက် ၁၅ ဦးခန့်သေဆုံနိုင်သည်ဟု B-21KANI PDF တပ်ရင်းမှ ထုတ်ပြန်သည်။ မိုင်းခွဲပြီးနောက် အကြမ်းဖက်စစ်သားများတက်လာသည်ကို လက်နက်အင်အားမမျှတမှုကြောင့် ငေးကြည့်ခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။ ယင်းတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်က်မှ ရဲဘော် အနည်းငယ်ထိခိုက်ဒဏ်ရာရခဲ့သည်ဟုဆိုသည်။
စစ်ကောင်စီ ဆီသင်္ဘောလုံခြုံရေးမော်တော်ကို ဒရုန်းဖြင့်တိုက်ခိုက် --------------- ယမန်နေ့က စစ်ကောင်စီ ဆီသင်္ဘောကို လုံခြုံရေးလိုက်ပါလာသည့် စစ်မော်တော်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြောင်ပြည်သူ့ကာကွယ်ရးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။ ဒရုန်းဖြင့် ဗုံးကျဲရာတွင် စစ်သင်္ဘော အလည်တည့်တည့်သို့ကျရောက်ပေါက်ကွဲရ သင်္ဘောကုန်းပတ်ပေါ်ရပ်နေသော စစ်သား ၂ ဦးသာ သာထွက်ပြေးနိုင်တော့သဖြင့် အနည်းဆုံးစစ်သား ၈ ဦးသေဆုံးနိုင်ကြောင်း သိရှိရသည်။ ယင်းသင်္ဘောသည် ဆီမီးခုံရေနက်ဆိပ်ကမ်းမှ ထွက်ခွာလာခြင်းဖြစ်ပြီးလမ်းခရီးတစ်နေရာတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဘုန်းကြီးယောင်ဆောင်ကာ မိုင်းကွင်းများလိုက်ကြည့်နေသူဖမ်းမိ ဇွန် ၈ PRA ထောင်ထားသည့် မိုင်းကွင်းများကိ လိုက်လံကြည့်ရှုနေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းမိကြောင်း ထုတ်ပြန်သည်။ဆိုင်ကယ်တစ်ကို သင်္ကန်းဝတ်နှစ်ပါးက လိုက်လံကြည့်ရှုနေတာဖြစ်ပြီး မသင်္ကာ၍ ခေါ်စစ်ရာမှာ အယောင်ဆောင် ဘုန်းကြီးများဖြစ်နေကြောင်း PRA ကထုတ်ပြန်သည်။ အယောင်ဘုန်းကြီးတစ်ဦးသည် -ခလရ(၅၅၃)မှာ ကိုယ်ပိုင်နံပတ် ၊တတ/၁၂၆၇၃၁ အကြမ်းဖက်စစ်သား ဖြစ်နေကြောင်း ဖော်ထုတ်ရမိပြီး အခြား ဘုန်းကြီး တစ်ပါးကိုတော့ ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါသည်။ လက်ရှိ ပုလဲ -ဂန့်ဂေါ လမ်းမကြီးပေါ်တွင် (PRA နှင့် စကစ)တိုက်ပွဲပြင်းထန်နေသောကြောင့် စကစ မှ ရှေ့ပြေး သီတင်းထောက်( စခ)များကို ပုံစံ အမျိုးမျိုးဖြင့်စေလွှတ်ခါ မိုင်ကွင်းများကို ထောက်လှမ်းနေခြင်းလည်းဖြစ်သည်။
စစ်ကောင်စီ အမြန်ရေယာဥ်အုပ်စုအား ကနီ PDF တပ်ပေါင်းစုမှ တိုက်ခိုက်
စစ်ကောင်စီ အမြန်ရေယာဥ်အုပ်စုအား ကနီ PDF တပ်ပေါင်းစုမှ တိုက်ခိုက် ဇွန်လ ၆ ရက် စစ်ကိုင်းတိုင်း ကနီမြိုနယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်ကောင်စီ အမြန်ရေယာဥ်အုပ်စုအား သိန်းငှက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲနှင့်ဂျိုးငှက် pdf တပ်ဖွဲမှ ပြောက်ကျားရဲဘော်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြကြောင်းသိရသည်။ စစ်ကောင်စီရေယာဥ်အုပ်စုဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်ခဲ့သော်လည်း ကျွန်တော်တို တပ်ဖွဲမှ ရဲဘော်များ အထိခိုက်မရှိအောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲတွင် စစ်ကောင်စီရေယာဥ်အုပ်စုမှ ပစ်ခတ်သော လက်နက်ကြီးများ ကျရောက်ပီး ကိုင်းတောများမီးလောင်မှုဖြစ်ပွားခဲ့ရာမှ 2နာရီအကြာ မီးငြိမ်းသတ်ခဲ့ရကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါတိုက်ခိုက်မူကို ၅.၇.၂၀၂၂ ရက်နေ့တွင် သိ
ခမရ (၄၂၈) ကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တိုက်
ခမရ (၄၂၈) ကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တိုက် ----------------- ပြီးခဲ့တဲ့ ရက်ပိုင်း ကရင်နီပူးပေါင်းတပ်ဖွဲ့တွေဟာ ဖရူဆိုးအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ(၄၂၈) တပ်ရင်းကို သွားရာက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ KNDF တပ်ရင်း ၄ / KNDF တပ်ရင်း ၈ နှင့် ကရင်နီတပ်တော် (KA) သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖက်ဆစ်စစ်တပ်ဘက်က ထိခိုက်မှုတွေ ရှိပေမယ့် အတိအကျကို အတည်မပြုနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ KNDF အနေဖြင့် ပြည်သူနဲ့အတူ ဖက်ဆစ်စစ်တပ်ကို အဆုံးထိတော်လှန်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထာပါတယ်။
Shortcuts
- Address
- Alerts
- Contact The Business
- Videos
- Claim ownership or report listing
-
Want your business to be the top-listed Media Company?