15/12/2024
မွေးမေမေ ရဲ့ မွေးနေ့ဆို အမှတ်တရ အမေ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ရွှေလက်ကောက် တစ်ကွင်းစီ ဝယ်ပြီး ကန်တော့လေ့ရှိတယ်ပေါ့~
မများပါဘူး။ အရင်ခေတ်ဈေးနဲ့ဆို တစ်ကွင်း ၂သိန်းတန်လောက်ပေါ့~
တနေ့တော့ အမေ့ရဲ့ ပိုက်ဆံအိတ်ထဲကနေ ပန်းရောင် ဘောင်ချာတွေ တွေ့တယ်~
ဂဏန်းတွေ ရေးထားတာ~
၂ လုံး ၃လုံးပေါ့~
အမေကတော့ ပျင်းလို့ အပျော်အပျက်အနေနဲ့ ဈေးဖိုးထဲက ဆော့တယ်ပဲ ပြောတယ်~
နေ့လည်ဆို တမှေးတမောအိပ်တတ်တဲ့ အမေက
ခုတလော ကျွန်မ စာသင်ပြီး ပြန်ရင် မအိပ်တော့ပဲ~
ဘရသေ့ အဘ ဘယ်သူဆိုလားပဲ~
စာရွက်တွေ ဖတ်ပြီး ဂဏန်းတွက်တာ တွက်တာများ~
ငါ့အမေ ဘယ်တုန်းက သခ်ျာအဲလောက် တော်သွားပါလိမ့်လို့ မေးယူရတဲ့ထိပါပဲ~
အဘ မူးလဲ ဆိုလား အစိမ်းရောင်စာရွက်နဲ့ မှတ်မှတ်ရရ
အမေ ၅၀၀ ဖိုးပေါက်တယ်ဆိုလိူ့ ~
အဲနေ့က တရုတ်ဆိုင်မှာ ဘဲကင်လိုက်ဝယ်ကျွေးတာလည်း ခုထိ သတိရဆဲ~
သိူ့ပေမယ့် ၁၀၀ ဖိုး ၂၀၀ ဖိုးကနေ ၅၀၀ ဖိုး ပေါက်တဲ့နေ့ကစ အမေ့လက်က ကြမ်းကြမ်းလာသည်။
၁၀၀၀ ဖိုးတွေပါ ပါလာသည်။
အပိုင်ပဲလို့ဆိုပြီး R တာပါ လုပ်သည်။
မောမောပမ်းပမ်း စာသင်ပြီး အပြန် ~
အမေက သမီးရေ ဒီနေ့တော့ ဟင်းမရှိဘူး~
အမေ ဈေးဖိုးထဲက ထိုးတာ ဟင်းဖိုးကုန်သွားလို့ဆိုပြိး~
ချဉ်ပေါင်ရွက်ဟင်းရည်တစ်မျိုးနဲ့~
အမေ့ကို ဈေးဖိုးပေးထားတာ အာ့တွေထိုးဖို့မှ မဟုတ်တာပြောတော့~
၂။ လုံး ရှူံးလို့ အကဲဆတ်နေတဲ့ အမေက ~
" နင့်ပိုက်ဆံနဲ့ ထိုးတယ်ဆိုပြီး နင်က လူပါးဝ တာလားဆိုပြီး"
သားအမိနှစ်ယောက် စကားများကြတာ ~
ငိုပါငိုရတယ် အဆိုပါနေ့ကို တစ်သက်မမေ့~
နောက်တော့ အမေအိပ်နေစဉ် နှိပ်ပေးရင်း အမေ့လက်က လက်ကောက်ကို ကိုင်ကြည့်ရာ လက်ကောက်က အရင်ကနဲ့ မတူ ~
ပေါ့ပြိး ချလွင်လို့ မမြည်တော့ပဲ ကော်သံလိုလိုနဲ့ ~
လက်ကောက်ရဲ့ နောက်မှာ အသားတံဆိပ်ပါတာ
အဲ အသားတံဆိပ်လည်း မရှိတော့ ~
သေချာပြီ ။တခုခုတော့ လွဲနေပြီ~~
အမေ ဒီလက်ကောက်တွေက အတုတွေမလား??
ညာဏ်ကောင်းတဲ့ အမေက ၆ကွင်းထဲ ၃ကွင်းကို အတုဝတ်ထားတာ~
ဟိုတနေ့ကလိုပဲ စိတ်ဆိုး မာန်ဆိုးနဲ့ ကျွန်မကို ရန်တွေ့ပြန်သည်။
နောက်တော့မှ ဝန်ခံသည်။
၂။ လုံး ရှုံးပြီး ပေါင်လိုက်တာတဲ့~~
ယုံကြည်မှုကော စိတ်ပျက်မှုကော ဝမ်းနည်းမှုကောနဲ့အတူ
မည်သည့်စကားမျှ မဆိုနိုင်တော့ပါ~
မိဘမျက်ရည် ဘာဖြစ် ညာဖြစ် ကြားဖူးထားတော့~
သူလည်း ပေါက်လိုပေါက်ငြား လုပ်ကြည့်တာဆိုပြီး
ငိုပြီး ပြောသည့် အမေ့အား ကြည့်ပြီး မည်သည့်စကားမျှ မဆိုနိုင်~
တနေကုန် မိုးလင်းက မိုးချုပ် တစ်အိမ်ဝင် တစ်အိမ်တက် စာလိုက်သင်ရတာ အရမ်းပင်ပန်းသည်။
ကလေးတွေက စာမလုပ်ရင် ကိုယ့်ခေါင်းပေါ်ကျသည့်အတွက် လူပင်ပန်းသည်ထက် စိတ်က ပိုပင်ပန်းသည်။
အမေရယ် ရက်စက်လိုက်တာ ~~
တစ်ခွန်းပဲ ပြောပြီး ကျွန်မ ဘာမှ ဆက်မပြောတော့~
ကျွန်မကိုယ်ကျွန်မ အလှလည်းမပြင်နိုင်~
အကျီကစ ပွင့်ပွင့်လင်းလင်းပြောရရင် ဘေထုတ်ဝတ်ပြီး အိမ်အတွက် ကြိုးစားခဲ့တာ~ ကျွန်မဘဝမှာ စာရယ် မိသားစုရယ်ပဲရှိတယ်။ ရည်းစားတောင်မထား~
ကျွန်မ ဘယ်နရက်မှန်းမသိ အမေ့မျက်နှာကို ရင်မဆိုင်ခဲ့ဘူး~
ကိုယ်ရှာပေးတာကို လုပ်လို့ဆိုတာထက် ထိုးသားနဲ့ ဒိုင် ဘယ်သူနိုင်နေလဲ အမေသိသင့်တယ်~ စဉ်းစားသင့်တယ်~
အမြဲ ဈေးထဲက ဖြတ်ပြီး အိမ်ပြန်တိုင်း ~
ရွှေဆွဲကြိုး တနေ့ထက်တနေ့ ထူထူလာတဲ့ ဒိုင် ဦးလေးကြီးနဲ့~ စုတ်တိစုတ်ဖတ် နွမ်းနွမ်းပါးပါးလေးတွေနဲ့ လာထိုးနေကြ သူတွေကို ကြည့်ရင် အမေသိသင့်တယ်~
ပြီးပြီးသား ကိစ္စတွေကို အပြစ်မတင်တော့ပါ~
ရှေ့လျောက် မပြင်ဆင်နိုင်ရင် ကိုယ့်အမှားပဲ~
မိဘက သားသမီးကို ဆုံးမရမှာ ခုက ပြောင်းပြန်လို့ တခွန်းပဲ ပြောလိုက်သည်။
ထိုနေ့မှ စ အမေ
အကုန်စွန့်လွှတ်လိုက်လေသည်။
ရွှေလက်ကောက် ၃ကွင်းကတော့ မရွေးနိုင်တော့ဘူးပေါ့~
အဲအစား အဘမူးလဲတို့ ဘာတို့ ဝယ်ထားတဲ့ စာရွက်တွေ ပိသာချိန်နဲ့ရောင်းတာ ၃၀၀ လား ပြန်ရသည်။
နောင်တကတော့ တစ်ပွေ့ကြီးပေါ့~
လောင်းကစားတဲ့~
ရောင်လို့တောင် မစသင့်တဲ့အရာ~
ဘဝတွေ ပျက်ကြတယ်။
လင်မယားတွေ ကွဲကြတယ်။
ရလာတာက နောင်တတွေပဲ~~