Wholesome Blog-Htet Htet

Wholesome Blog-Htet Htet ကိုရီးယားနဲ့ပက်သက်တဲ့ သတင်းအချက်အလက် culture စတဲ့ စိတ်၀င်စားစရာများတင်ဆက်ပေးပါသည်
Share reliable information and facts about the Korean lifestyle

11/06/2024

ကိုရီးယားစာ မရလဲ ကိုရီးယားမှာ ကျောင်းတက်နိုင်ပြီ
Cheonju University Master Program

Cheongju တက္ကသိုလ်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အလယ်ဗဟိုတည့်တည့် Chungcheongbuk - do ၊ Cheongju မြို့နယ်မှာ တည်ရှိပြီး Seoul ကနေ 1နာရီနဲ့ မိနစ် 30 သာ ကြာမြင့်ပါတယ်။

Global Business Administration နဲ့ Hotel Management major နှစ်ခုကို မြန်မာဘာသာစကား (AI) နဲ့ သင်ကြားပေးမှာဖြစ်ပြီး

မြန်မာမှာ ၄နှစ်တာ တက္ကသိုလ် တက်ရောက်ခဲ့ပြီးသားသူ/ ဘွဲ့ကြိုလက်မှတ် ရရှိပြီးသော ကျောင်းသား/သူ လေးတွေအတွက် ကိုရီးယားမှာ ကျောင်းတက်နေသော 3နှစ်တာ ကာလပတ်လုံး 40% scholar ပေးသွားမှာပါ

ကိုရီးယားစာ အခြေခံမရှိသူများအတွက် အဆင်ပြေတဲ့အပြင်

ကျောင်းဝင်ခွင့်ကြေး - ဝမ် 416,000 ၊ Application fees ဝမ် 50,000 ၊ ကျောင်းလခ Semester တခုကို ဝမ် ၃၈သိန်း ၄သောင်း ၃ထောင် ကျသင့်မှာဖြစ်ပြီး ဘွဲ့ရတဲ့အထိ 40% scholar လည်း ပေးအပ်သွားဦးမှာပါ

လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ အကြောင်းအရာ အသေးစိတ်စုံစမ်းရန်

Myanmar
https://www.facebook.com/profile.php?id=100063983895124&mibextid=LQQJ4d

Phone- 09973382957 ၊ 09792237765

10/06/2024

တကယ် text book က ကိုရီးယန်း နဲ့ လက်တွေ့ ကိုရီးယားဘာသာစကားဘာတွေ ကွာခြားလဲ??
ဒီထဲမှာ စကားလုံးစိမ်းကတော့
국룰
국 (국가)နိုင်ငံ
룰- Rule
မဖြစ်မနေလုပ်ရမယ်ဆိုတဲ့ ဟာကို အတိသယအနေနဲ့သုံးထားတဲ့ စာလုံးဖြစ်ပါတယ်

오늘은 남산 구경 ဒီနေ့ကတော့ မရောက်တာနှစ်ချီနေပြီဖြစ်တဲ့ နမ်ဆန်တာဝါလေးသွားခဲ့ပါတယ်မကြာခင်  Vlog လေးလာမယ်နော်👀🌟
09/06/2024

오늘은 남산 구경
ဒီနေ့ကတော့ မရောက်တာနှစ်ချီနေပြီဖြစ်တဲ့ နမ်ဆန်တာဝါလေးသွားခဲ့ပါတယ်
မကြာခင် Vlog လေးလာမယ်နော်👀🌟

အဆမတန်မြင့်တက်လာတဲ့ Gross national income 국민총소득(GNI)GNI က 2023 တုန်းကထိ 44,051,000ဝမ်ထိ မြင့်တက်လာသော်လည်း လွန်ခဲ့တဲ့ ရက...
07/06/2024

အဆမတန်မြင့်တက်လာတဲ့ Gross national income 국민총소득(GNI)

GNI က 2023 တုန်းကထိ 44,051,000ဝမ်ထိ မြင့်တက်လာသော်လည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ပြန်ပြီး search လုပ်ကြည့်တာ 47,248,000 ဝမ် ထိကြောက်စရာကောင်းလောက်အောင် မြင့်တာလာခဲ့ပါတယ်

ဒါ့အပြင် 2022 အတွက် အတည်ပြုထားသော GNI သည် ယမန်နှစ်က ဝမ် 42.5 သန်းခန့်ရှိသော်လည်း ရုတ်တရက် ဝမ် 45.514 သန်းအထိ မြင့်တက်လာခဲ့သည်။
အကယ်၍ 2023 ခုနှစ်မှာအတည်ပြုထားတဲ့ GNI သည် 4,724.8အထိဖြစ်လာခဲ့ရင် နေထိုင်ခွင့် (F-2) ဗီဇာ၊ အမြဲတမ်းနေထိုင်ခွင့် (F-5) ဗီဇာ သို့မဟုတ် ကျွမ်းကျင်လုပ်သား ဗီဇာ (E-7-1) အတွက် ပြင်ဆင်နေကြတဲ့ ကိုရီးယားပြည်တွင်းနေ နိုင်ငံခြားသားတွေအတွက် တကယ်ကို ခက်ခဲလာဖို့ရှိပါတယ်

ဒီသတ်မှတ်ချက်တွေအတိုင်းသာ GNI အတည်ပြုလိုက်ပါက
F-5-1, F-5-16 비자: GNI*2= 9,456.8만 원
E-7-1: GNI*80%= 3,779.84만 원
F-2-R: GNI*70%= 3,307.36만 원
F-2-99(부부동반): GNI*1.5= 7,087.2만 원
F-5-2, F-5-4, F-5-6, F-5-9, F-5-10, F-5-15, F-5-18: GNI*1= 4,724.8만 원

ယခုအချိန်အထိ GNI သည် ယခင်နှစ်နှင့် ယခင်နှစ်ကြား ကွာခြားချက်မှာ ဝမ် ၅ သန်းထက် မကျော်လွန်ခဲ့သေးပေမယ့်လည်း ~~~~~

KOREAN
아침에 네이버 검색창에 2023년 GNI를 검색했더니 4,405.1만 원으로 떴는데 조금전에 검색을 다시해보니 4,724.8만 원으로 떴네요.
뿐만 아니라 2022년 확정 GNI도 작년에 4,250만 원 정도 였는데 갑자기 4,551.4만 원으로 상승했네요.
2023년 확정 GNI가 4,724.8만 원으로 되면 거주(F-2)비자, 영주(F-5)비자나 특정활동(E-7-1)비자를 준비하고 있는국내 체류 외국인에게는 엄청 어려운 상황이 될거 같습니다.
이 기준대로 2023년 확정 GNI를 적용하면,
F-5-1, F-5-16 비자: GNI*2= 9,456.8만 원
E-7-1: GNI*80%= 3,779.84만 원
F-2-R: GNI*70%= 3,307.36만 원
F-2-99(부부동반): GNI*1.5= 7,087.2만 원
F-5-2, F-5-4, F-5-6, F-5-9, F-5-10, F-5-15, F-5-18: GNI*1= 4,724.8만 원
지금까지 전전년도와 전년도의 GNI 차이가 500만 원을 넘은 적이 없는데….

SOURCE: 장행닷컴행정사 VISA In KOREA

삼가 고인의 명복을 빕니다😓
05/06/2024

삼가 고인의 명복을 빕니다😓

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်နေ ဦးအေးမင်းလှိုင်၊ ဒေါ်ခင်ထွေးတင့်တို့၏ သမီး၊ ကိုပြည်စုံအောင်၏ အမ

မစုမြတ်ရတနာ အသက် ၂၇နှစ်သည်

၂၀၂၄ခု ဇွန်လ ၂ရက် တနင်္ဂနွေနေ့ နံနက် ၄နာရီကျော်ခန့် (ဆရာဝန်၏ ဆေးစစ်ချက်
အရ) ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘုဖြောင်းမြို့နယ်ရှိ သူမ၏ နေအိမ် အခန်းတွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ပါသည်။

မစုမြတ်ရတနာ၏ ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို အောက်ပါအတိုင်း မီးသင်္ဂြိုဟ်မှာ ဖြစ်ပါသဖြင့် အသုဘရှု တရားနာ ကြွရောက်ကြပါရန် ညှိုးငယ်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။

ရက်စွဲ။
၂၀၂၄ခု ဇွန် ၈ ရက် စနေနေ့

၁။ နံနက် ၁၁နာရီ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘုဖြောင်းမြို့နယ်ရှိ ဆဲလင်းဆေးရုံ အအေးတိုက်မှာ အခေါင်းသွင်းကာ အသုဘရှု တရားနာကြပါမည်။

၂။ နေ့လယ် ၁နာရီ ဘုဖြောင်း ဆဲလင်းဆေးရုံ အအေးတိုက်မှ ကားစတင် ထွက်ခွါပါမည်။

၃။ နေ့လယ် ၂နာရီ ၃၀မီနစ် အချိန် ဘုဖြောင်း မိသားစု သုဿာန်မှာ မီးသင်္ဂြိုဟ်မှာ ဖြစ်ပါသည်။

인천 부평구 부평대로 175
세림병원 장례식장

ကျန်ရစ်သူ မိသားစု

()()()()()()()()

ဇော်မိုးအောင်(ကိုရီးယား)
၀၁၀၈၈၉၄၄၇၇၀

Study date မလား?스터디 데이트할까요? 👀🫶
04/06/2024

Study date မလား?
스터디 데이트할까요? 👀🫶

삼성 코엑스  #별마당
27/05/2024

삼성 코엑스 #별마당

26/05/2024

ညဘက် မောင်လေးနဲ့ laundry room က random shot လေးတဖြတ်😁😂

🌺beside Han River
23/05/2024

🌺beside Han River

21/05/2024

줄임말 အပိုင်း(၂) Video

Mobile App/ Web Developer recruitmentဗီဇာပေးမည်ခေါ်ယူသည့် Company- (주)쓰리웨이https://www.web2002.co.krPosition - web & mobi...
17/05/2024

Mobile App/ Web Developer recruitment
ဗီဇာပေးမည်
ခေါ်ယူသည့် Company- (주)쓰리웨이
https://www.web2002.co.kr
Position - web & mobile front-end and back-end.
အရည်အချင်း
• 2+ years အတွေ့အကြုံ (သို့) Freelance အတွေ့အကြုံ
• PHP, MariaDB (MysQL), Linux, jQuery AJAX ကျွမ်းကျင်သူ
• IT နှင့်ပတ်သက်သော အသိအမှတ်ပြုလက်မှတ်ကိုင်ဆောင်ထားသူများ (AWS, CSD, MCSD etc)
• သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသူ
• ကိုးရီးယားနှင့် အင်္ဂလိပ်စကားပြောနိုင်သူများ
Resume ပေးပို့ရန် - [email protected]
Deadline - 2024/05/20 ရက်နေ့ထိ
First Interview at G*T-Global
Permanent လုပ်ရမှာဖြစ်ပြီး Visa ပေးအပ်သွားမည်
အလုပ်တည်နေရာ: 서울시 금천구 벚꽃로 298
အလုပ်ချိန်: Mon to Fri (မနက် 7am မှ ည10 pm အတွင်း လွတ်လပ်စွာ)
လစာ- at interview တွင်ညှိနှိုင်းနိုင်ပါသည်
D2, D10, E7, F2 visa ကိုင်ဆောင်ထားသူများလျှောက်ထားနိုင်သည်
CV form + 자기소개서- Korean or English ဖြင့်သာ

ဆိုးလ်မြို့ကရေတံခွန် Cafe🌟ဆိုးလ် Hongjaeက လူလုပ်ရေတံခွန် cafe홍제 폭포 카페 တဲ့ ပိတ်ရက်မှာ လေကောင်းလေသန့်လည်းရှု ကော်ဖီလေးသောက...
16/05/2024

ဆိုးလ်မြို့ကရေတံခွန် Cafe🌟
ဆိုးလ် Hongjaeက လူလုပ်ရေတံခွန် cafe홍제 폭포 카페 တဲ့

ပိတ်ရက်မှာ လေကောင်းလေသန့်လည်းရှု ကော်ဖီလေးသောက်ပြီး ရေတံခွန်ဘေးမှာလမ်းလည်းလျှောက်လို့ကောင်းတာမို့သွားကြည့်သင့်တယ်နော်
တည်နေရာလေးကတော့ -서울 서대문구 연희동 170-181
#폭포카페

ကိုရီးယားစကားပြောသီးသန့်ZOOM LIVE CLASS ▪️Saturday+Sundayည 8:30 pm ~ 10:00pm (၁နာရီခွဲ)▪️တက်ရောက်နိုင်သူ - Basic ရှိထားပ...
14/05/2024

ကိုရီးယားစကားပြောသီးသန့်ZOOM LIVE CLASS
▪️Saturday+Sunday
ည 8:30 pm ~ 10:00pm (၁နာရီခွဲ)
▪️တက်ရောက်နိုင်သူ - Basic ရှိထားပြီး ကိုရီးယားပြည်တွင်းနေထိုင်သူများ
▪️လက်ခံမည့် ဦးရေ - 10 ယောက် အများဆုံး
▪️သင်တန်းကြေး - ၁လ 70,000 ဝမ် နဲ့ 2လ

* နေ့စဉ်သုံး ကိုရီးယားစကားပြော
* (ဈေးဝယ် /ဘဏ်ကိစ္စ/ ဆေးရုံ)
* ကိုရီးယားပြည်တွင်း Culture ပိုင်း

ကျောင်းသားများအတွက်
*အတန်းတွင်း 토론 발표 usage နဲ့ နည်းလမ်းများ

အသေးစိတ်ကိုတော့ချက်ဘောက်မှာမေးမြန်းနိုင်ပါတယ်

စာသင်နေရရင် ရုပ်က ဘူနေရော🥹တယောက်ထဲ စိတ်ကောက် မှုန်ကုပ်ပြီး အရေးထဲ နှုတ်ခမ်း မွှေးတွေတောင်ပါလိုက်သေး🤧နောက်ဆုံး 표정 ကအသက်🥲
12/05/2024

စာသင်နေရရင် ရုပ်က ဘူနေရော🥹
တယောက်ထဲ စိတ်ကောက် မှုန်ကုပ်ပြီး
အရေးထဲ နှုတ်ခမ်း မွှေးတွေတောင်ပါလိုက်သေး🤧
နောက်ဆုံး 표정 ကအသက်🥲

11/05/2024

반말하자 ❌ 말 놓자 ✅
말을 놓다- ဘာအဓိပ္ပါယ်လဲ
စာလုံးအသစ်လေး လေ့လာလိုက်ကြမယ်
Video လေးကိုကြည့်ပြီး share ပေးဖို့လည်း မမေ့နဲ့နော်

sub title စာလုံးပေါင်းမှားတာခွင့်လွှတ်ပေးပါ🥹ရထားပေါ်မှာ edit ကိုင်ရလို့ပါ

tiktok-https://www.tiktok.com/?_t=8mGOF9wdDia&_r=1
YouTube -https://youtube.com/?si=wjbtRw9psaBTNeIM

ကိုရီးယားတွေ IT industry မှာလိုနေကြပြီ IT သမားတွေလည်း ကိုရီးယားစာ သင်ထားဖို့လိုသလို Korean ကျွမ်းတဲ့ သူတွေလည်း IT စိတ်ဝင...
07/05/2024

ကိုရီးယားတွေ IT industry မှာလိုနေကြပြီ
IT သမားတွေလည်း ကိုရီးယားစာ သင်ထားဖို့လိုသလို Korean ကျွမ်းတဲ့ သူတွေလည်း IT စိတ်ဝင်စားရင် အခွင့်အရေးတွေက ပြေးမလွတ်ပါပဲနော်🌟

03/05/2024

HTET HTET ရဲ့ Korean Language skill နဲ့ပက်သက်ပြီး အတိုချုံးမိတ်ဆက်
ရုံးက ရိုက်ထားတဲ့ Video Project ကနေ ပြန်တင်ထားပေးတာပါ🖤

💫လက်ရှိကတော့ G*T-Global ရဲ့ Sub G*T-Myanmar မှာ Product Marketing Manager, G*T Myanmar ရဲ့ Branding, Design ပိုင်းအနေဲ့လုပ်ကိုင်နေပါတယ်

💫YUFL (နိုင်ငံခြားဘာသာတက္ကသိုလ်) 2014 batch Korean မေဂျာနဲ့ ကိုရီးယားဘာသာစကားကို စတင်လေ့လာခဲ့ပြီး 2017~2018 ထိ Seoul Women University မှာ Student Exchange ၁နှစ် အဲ့နောက်မှာတော့ 2018~2019 YUFL မှာ BA Korean ဘွဲ့ရခဲ့ပါတယ် (အဲ့ကြောင့် ၅နှစ်ပါ)

💫လက်ရှိကတော့ စီးပွားရေး MBA နောက်ဆုံးနှစ်ပါ

💫လာမယ့်အပတ်ထဲမှာ Speaking သင်တန်းလေးဖွင့်မှာမို့ Stay Tunned ပါနော်
(မှတ်ချက် သင်တန်းကတော့ ကိုရီးယားနေ မြန်မာများအတွက် စကားပြောသီးသန့်ပဲဖြစ်ပါတယ်
💫Htet Htet Basic မသင်ပါဘူး Basic ရှိပြီးသားသူများသာတက်ရောက်လို့အဆင်ပြေပါလိမ့်မယ်
တောင်းဆိုမှုလေးတွေကြောင့်လူအနည်း စုပြီး သင်ဖြစ်တာပါ

💫Speaking သင်တန်းအတွက် အချိန်စာရင်း သီးသန့်ပြန်ကြေညာပေးမှာမို့ Page ကို follow ထားပြီး Post share ထားဖို့တော့လိုမယ်နော်

follow on tiktok- yuhyunn_7

ကျောင်းဖွင့်ရက်လေးပါပေါ့🖤
02/05/2024

ကျောင်းဖွင့်ရက်လေးပါပေါ့🖤

Off day
01/05/2024

Off day

29/04/2024

ဘာမှမလိမ်းရင်တောင် သဘာဝအတိုင်းလေးလှချင်တယ်ဆိုရင် skin care ဖို့လိုတယ်နော်🫢
Htet Htet လဲအဲ့လို ပါးပါးကြည်ကြည်လှတာလေးကို ပိုသဘောကျတာကြောင့် APLB brand ရဲ့ Skin care productလေးတွေသုံးကြည့်တာဖြစ်ပြီး result လေးကတော့ Video ပါအတိုင်းပဲနော်😉

စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ APLB Myanmar Page မှာခုပဲမှာယူနိုင်ပါပြီ

ကိုရီးယားမှာနေပြီးတော့ skin care ချင်တယ် ပြီးတော့ ဘယ်လိုပြောဝယ်ရမလဲမသိဘူးဆိုတဲ့သူတွေအတွက်ရောBeauty usage တွေ ခုပဲလေ့လာလိုက်ရအောင်

(1) 주름개선 - အရေးအကြောင်းသက်သာစေခြင်း
(2) 미백효과- အသားဖြူစေတဲ့အကျိုးအာနိသင်
(3) 세럼 - serum
(4) 선크림- Sun cream
(5) 토너- toner
(6) 모공축소 - ချွေးပေါက်ကျဉ်းစေ
(7) 피부 관리 - skin care

26/04/2024

အစမ်း😁
သီချင်းစာသားက ကွကိုယ်ဘာသာပြန်ထားတာမို့ translation လန်းရင် share သွားနိုင်ပါသည်🫶
TikTok : www.tiktok.com/

24/04/2024

ကိုရီးယားကိုရောက်လာလို့ ဘဏ်အကောင့်ဖွင့်မယ်ဆို ဒါလေးတွေက အခြေခံနော်
ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရင်တော့ လက်တွေ့ဘဏ်မှာ သုံးရတဲ့ဝေါဟာရတွေရော ဘဏ်အကောင့်ဖွင့်တဲ့ လုပ်ထုံးလုပ်စဥ်တွေပါ သိနိုင်မှာပါ
နောက် Video မှာ ဘာနဲ့ပက်သက်ပြီးပြောပြသွားမလဲသိချင်ရင်တော့ video ကို Like and share ထားဖို့လိုမယ်နော်
#ကိုရီးယား #은행 #단어

ဘူဆန်တွင် နိုင်ငံခြားသားကျောင်းသားများအတွက် F-2-R Visa ဖွင့်ပေးနေ🌟🌟ဘူဆန်တွင် F-2-R ဒေသဆိုင်ရာ အထူးပြုနေထိုင်ခွင့်ဗီဇာအတွ...
22/04/2024

ဘူဆန်တွင် နိုင်ငံခြားသားကျောင်းသားများအတွက် F-2-R Visa ဖွင့်ပေးနေ🌟🌟

ဘူဆန်တွင် F-2-R ဒေသဆိုင်ရာ အထူးပြုနေထိုင်ခွင့်ဗီဇာအတွက် နိုင်ငံတကာကျောင်းသားများထံမှ လျှောက်လွှာများကို စတင်လက်ခံနေပြီဟု သောကြာနေ့တွင် ကြေညာခဲ့ပါတယ်

လောလောဆယ်တွင် F-2-R ဗီဇာအတွက် လျှောက်လွှာများကို သောကြာနေ့မှ မေလ ၁၀ ရက်အထိ လက်ခံနေပြီး ယခုနှစ်အတွက် ဗီဇာခွဲတမ်း ၁၂၀ ထိသတ်မှတ်ထားပေမယ့် ပထမအကြိမ်လျှောက်ထားသည့်ကာလအတွင်း မပြည့်မီပါက ဒုတိယအကြိမ် လျှောက်လွှာတင်ခွင့်ရမည်ဖြစ်သည်
သတ်မှတ်ချက်များ-
Busan တွင်း University တွင် BA ဘွဲ့ရပြီးသူ (သို့) နောက်ဆုံးနှစ်
-Topik Level (3) အနည်းဆုံး (သို့) KIIP level (3)
ရရှိထားသူများဖြစ်ရမှာဖြစ်ပြီး ကျောင်းရုံးခန်းမှ ထောက်ခံစာ ထပ်မံရယူနိုင်ပါသည် Busan National University ကတော့ မေလ 1 ရက်နေ့ထိထောက်ခံစာများထုတ်ပေးနေပါသည်။
ဒါ့အပြင် ဗီဇာအတွက် အရည်အချင်းပြည့်မီရန် လက်ရှိတွင် အလုပ်လုပ်နေဆဲ၊ သို့မဟုတ် အလုပ်ကမ်းလှမ်းမှုကို လက်ခံရရှိထားရမည်ဖြစ်သည်။

လာမယ့်မေလ 23 ရက်နေ့တွင် နိုင်ငံတကာကျောင်းသားများအတွက် အလုပ်အကိုင်ပြပွဲကို ကျင်းပမည်ဖြစ်ပြီး ခရိုင်သုံးခုမှ ကုမ္ပဏီများပါဝင်သွားမည်ဖြစ်သည်

ကိုရီးယားမှာ ပိုကောင်းတဲ့ ဗီဇာတွေ တဖြည်းဖြည်းဖွင့်ပေးနေပြီမို့ မြန်မာကနေ လာမယ်ဆိုလည်း ဆုံးဖြတ်ချက်မှားမျာမဟုတ်ဘူးလို့ အကြံပေးလိုပါတယ်😉😉
#ဗီဇာ #ကိုရီးယား

18/04/2024

အသုံးများတဲ့ 줄임말 အစုအဝေးများ
အခြား 줄임말 တွေလည်း ထပ်ရှိသေးတာမို့ Video အပိုင်း (၂) ကို ကြည့်မယ်ဆိုရင်တော့ Page ကို Like Follow ပြီ video လေးကို share လုပ်ထားဖို့တော့လိုမယ်နော်
#줄임말

16/04/2024

ကိုရီးယား life style အကြောင်း တစိတ်တပိုင်း withKyaw Ko Vlogg

13/04/2024

네ကို သဘာဝကျကျ ပြောကြမယ်🤩
practice လေး လုပ်ပေးရင်သေချာပေါက်အကျိုးရှိမှာနော်🌟

ဟုန်းဒယ်က HarryPotter Cafe Potterheads တွေအတွက် Hongdae က Cafe 934 King's cross ကတော့ Hogwarts ရဲ့ Studio အသေးလေးထဲရောက်...
11/04/2024

ဟုန်းဒယ်က HarryPotter Cafe
Potterheads တွေအတွက် Hongdae က Cafe 934 King's cross ကတော့ Hogwarts ရဲ့ Studio အသေးလေးထဲရောက်သွားစေရမယ့် Feeling မျိုးလေးပေးနိုင်မှာပါ
B1 ကနေ အပေါ်ကို 6th floor ထိရှိပြီး 4ထပ်မြောက်ထိကတော့ Cafe ဖြစ်ပါတယ်

1st floor
ပထမဆုံးဝင်သွားရင် Olivanders Wand shop ပုံစံလေးကိုတွေ့ရမှာပါ
၁ယောက်ကိုသောက်စရာ ၁မျိုးမှာပြီးမှ အထဲကို ဝင်လို့ရပါတယ်
ဈေးအနည်းဆုံးကတော့ 10000 ဝမ် ပါ
အာအာ တခွက်ကို 10000ဆို ဈေးကြီးတယ် ထင်ရပေမယ့် ဝင်ကြေးရော အအေးရောလို့သတ်မှတ်လိုက်ရင်တော့ အရမ်းကြီးတဲ့ထဲတော့မပါဘူး
ကော်ဖီသာမဟုတ် အအေး မက်ဂျူ cocktail လဲရတာမို့ ကော်ဖီိ မကြိုက်တဲ့ သူတွေအတွက်လည်း ရွေးoption တွေများတော့အဆင်ပြေတယ်
butter beer လည်းရတာမို့ try ချင်တဲ့သူတွေဆို အဲ့တာလေးလည်း စမ်းသောက်လို့ရတယ်
(suggestion: ချိုပြီးပေါ့လို့ နောင်တမရချင်ရင်တော့ မစမ်းသင့်)
Basement ကိုဆင်းကြည့်ရင်တော့ ဘားပုံစံ feeling လေးရတယ်
2nd Floor - Wizard Cafe
lighting ကတော့ Magic and wizadry theme ဆိုတော့ မှောင်တယ်
3rd Floor- Banquet Hall
Hogwarts ရဲ့ ညစာစားတဲ့ မိန်းဟောခန်းကြီးလို interior လုပ်ထားလို့ စားပွဲတွေလည်း တော်တော်ကျယ်တယ် ထိုင်ရတာသက်တောင့်သက်သာရှိပါတယ်
4th Floor ကတော့ Grinffindor အဆောင်
기숙사 ဆိုတော့ beds တွေ Lobby တွေမှာထားတဲ့ အသုံးအဆောင်တွေနဲ့ ပြင်ဆင်ထားတာတွေ့ရမှာပါ
Robe ဝတ်လို့ရတဲ့နေရလည်းရှိတော့ robe လေးဝတ်ပြီး ပုံရိုက်ရင်တော့ အရမ်းလှတယ်

အထပ်တွေလည်းများတော့ တခါဝင်ပြီးရင်တော့ တန်အောင်ပုံတွေ စိတ်ကြိုက်ရိုက်လို့ရတဲ့အတွက်သွားမယ်ဆို Photograoher လေးခေါသွားဖို့တော့လိုမယ်နော်
လိပ်စာ
📍 943 킹스크로스CAFE
서울 마포구 양화로16길 24 B1층~4
https://naver.me/5aVtIqGW

ကိုရီးယားကနေ ဂျပန်သွားလည်ချင်တဲ့သူများအတွက်🥳🥳ကိုရီးယားမှာကျောင်းတက် အလုပ်လုပ်ရင်းဂျပန်သွားလည်ချင်တယ်ဆိုတဲ့သူတွေအတွက် ဂျပ...
27/02/2024

ကိုရီးယားကနေ ဂျပန်သွားလည်ချင်တဲ့သူများအတွက်🥳🥳

ကိုရီးယားမှာကျောင်းတက် အလုပ်လုပ်ရင်းဂျပန်သွားလည်ချင်တယ်ဆိုတဲ့သူတွေအတွက် ဂျပန်ကိုအလည်ဗီဇာဘယ်လိုလျှောက်လဲဆိုတာကို Htet Htet အတွေ့အကြုံအရ သိသမျှ Sharing ပေးချင်ပါတယ်

ကိုရီးယားက ဂျပန်သံရုံးကတော့ 1:1 တိုက်ရိုက်လျှောက်တာကို ကိုရိုနာနောက်ပိုင်းကစပြီးလက်မခံသေးပဲ သံရုံးအသိအမှတ်ပြု Agency တွေကနေ ကိုယ်နေတဲ့နေရာနဲ့ နီးတဲ့ Agency ကိုဆက်သွယ်ပြီး လျှောက်နိုင်ပါတယ်
Agency List: https://www.kr.emb-japan.go.jp/what/visaagencylist.pdf

လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့

✅ Passport (မူရင်း/မိတ္တူ)- သက်တမ်း (၆) လနဲ့အထက်ကျန်ဖို့တော့လိုပါတယ်

✅ ARC card (မူရင်း/မိတ္တူ)- သူလည်းသက်တမ်း (၆) လအနည်းဆုံးကျန်ရပါမယ် တချို့သက်တမ်းတိုးပြီး ကတ်နောက်မှာ သက်တမ်းမရိုက်ထားဘူးဆို နီးစပ်ရာ လ၀ကရုံးမှာသက်တမ်း တိုးထားတာသွားရိုက်ဖို့လိုပါတယ် မဟုတ်ရင် Immigration မှာ အခက်တွေ့နိုင်ပါတယ်

✅ Visa Application Form
https://www.kr.emb-japan.go.jp/people/ryouzibu/visaform_en.pdf

✅ Passportပုံ (4.5cm x 3.5cm) - ၆လအတွင်းရိုက်ထားတဲ့ passport ပုံဖြစ်ရပါမယ်

✅ Bank Statement - ခရီးသွားမယ့် ရက်ပေါ်လိုက်ပြီး ၁ ရက်ကို ၀မ် ၁၀ သိန်းပြရပါတယ် (Nationality ပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်
ပြီးတော့ ၃ လအတွင်း ငွေအဝင်အထွက် Transactionsစာရင်းအကုန် ပြရမှာပါ ဝမ်သိန်း၁၀၀ အထက်ရှိရင် visa ရဖို့လွယ်ပါတယ်)
အရေးကြီးဆုံးကတော့ကျောင်းသားဆိုရင် ၁၀ သိန်းအထက် Transation ရှိလို့ရှိရင် အဲ့ ငွေအ၀င်အထွက်က ဘာလို့လဲဆိုတာပါပြနိုင်ရပါတယ်
ဖြစ်နိုင်ရင်တော့ ငွေအ၀င်အထွက် Clear ဖြစ်တဲ့ ဘဏ်အကောင့်နဲ့ပဲတင်စေချင်ပါတယ်

✅재정증명서 (Bankstatement) -visa မလျှောက်ခင် ၁ပတ်အတွင်း ထုတ်ထားတဲ့ bank statement ဖြစ်ရပါမယ်
နာမည်, ရက်စွဲ, ငွေအမောင့်ရှင်းလင်းတဲ့ Statement ဖြစ်ရပါမယ်

✅ ကျောင်းသူကျောင်းသားတွေအနေနဲ့ အချိန်ပိုင်းအလုပ်က ဝင်တဲ့လစာတွေ
ရှိရင် အချိန်ပိုင်းအလုပ်ကရတာဖြစ်တဲ့အကြောင်း သံရုံးကနေ 증명서 ထပ်တောင်းပါတယ် (알바 신고လုပ်ထားရင်ပိုချော့မွေ့ပါတယ်) သံရုံးက 출입국 က 시간제 근로 허가서 ပါတောင်းတတ်ပါတယ်

✅ ထောက်ခံစာ
(ကျောင်းသူ/ကျောင်းသား ဆိုရင် ကျောင်းတက်နေကြောင်းထောက်ခံစာ - 재학증명서
အလုပ်လုပ်နေသူကတော့ -재직증명서(ကုမ္ပဏီမှတောင်းရန်) ပြပေးရပါတယ်
လစာစာရွက်လေးပါတင်ရင်ပိုကောင်းပါတယ်

✅ လေယာဉ်လက်မှတ် Booking- အသွားအပြန်တခါထဲ၀ယ်ပြီး Visa တင်တဲ့အခါ တခါထဲပြရပါတယ်
Skyscanner App ကတော့ simple user interface မို့ ထက်ထက်ကတော့ ဘယ်သွားသွားဒီကနေ ၀ယ်ဖြစ်တာများတယ်
https://www.skyscanner.co.kr/?previousCultureSource=GEO_LOCATION&redirectedFrom=www.skyscanner.net&locale=en-US

✅ Trip Plan (ဘယ်နေ့ ဘယ်သွားမယ်ဆိုတာ အသေးစိတ် ရေးရပါမယ်/ Free format)
Trip schedule ကတော့ ကိုယ်သွားမယ့်ရက်အတိုင်း အသေးစိတ်ရေးရပါမယ်
၂မြို့ ၃မြို့သွားမယ်ဆို (eg., တိုကျိုမှာတော့ဘယ်နေ့ ဘယ်သွားမယ်, အိုဆာကာမှာတော့ ဘယ်နေရာတွေသွားမယ်ဆိုတာမျိုးရေးရပါတယ်)

✅ Hotel Booking

Hotel booking လုပ်တာလဲ Booking.com, Trip.com App တွေကနေ အဆင်ပြေပါတယ်။ ကိုယ်က Kyoto, Osaka ကနေ Tokyo လည်းသွားမယ်ဆိုရင်တော့ ကိုယ်သွားမယ့်မြို့တွေမှာ ဘိုကင်လုပ်ထားရပါတယ်
ဘိုကင်လုပ်ထားတာလည်းပြရပါတယ်

✅ဗီဇာကြေးကတော့ 80,000 won ပါ (2023 တုန်းက)
(2018 တုန်းကတော့ 50,000 won ပါ)

ကိုယ်သွားမယ့်ရက်ထက် ၃ပတ်လောက်ကြိုရှာကြိုလျှောက်ထားဖို့လိုပါတယ် လ်ုအပ်တဲ့စာရွက်စာတမ်းတွေ ကြိုတင်ပြင်ဆင်ဖို့အချိန်ရအောင်ပါ

✅Sim Card- Esim သုံးလို့ရပါတယ်
My Real Trip App ကနေ၀ယ်ရတာလွယ်ပါတယ်
Data unlimited Plan ကိုမှ သောင်းဂဏန်းပဲပေးရတာမို့ ကိုယ်နေမယ့်ရက်နဲ့ကိုက်ပြီး 1 ပတ်စာ Unlimited plan ဘာညာရွေးပြီး၀ယ်လို့ရပါတယ်

ကိုရီးယားဆင်းမ်ကတ်ကိုဖုန်းထဲက မထုတ်ပဲ Esim သုံးနည်းကို ချက်ဘောက်ကနေ မေးမြန်းနိုင်ပါတယ်
(ဆင်းမ်ကတ်ထုတ်ပြီး ပြန်ထည့်ရင်လိုင်းမတက်တဲ့ပြဿနာတွေကြုံနိုင်လို့ပါ)

ပုံနောက်ဆုံးမှာ ဘယ်သွားသွားအဆင်ပြေရအောင် htethtet သုံးနေတဲ့ Travel App Folder လေးထည့်ပေးထားပါတယ်

တခြားသိချင်တာတွေကိုတော့ ချက်ဘောက်ကနေ မေးလို့ရပါတယ် 💌

ကိုရီးယားမှာနေတဲ့နိုင်ငံခြားသားကျောင်းသားကျောင်းသူတွေအတွက် Accomodation외국인 유학생들을 위한 한국의 주거형태မကြာခင်မှာပဲ ၃လပိုင်း intake...
18/02/2024

ကိုရီးယားမှာနေတဲ့နိုင်ငံခြားသားကျောင်းသားကျောင်းသူတွေအတွက် Accomodation
외국인 유학생들을 위한 한국의 주거형태
မကြာခင်မှာပဲ ၃လပိုင်း intake နဲ့ မောင်လေး ညီမလေးတွေကျောင်းနဲ့ရောက်လာတော့မယ်
ကိုရီးယားကိုရောက်လာပြီဆိုရင်တော့ နေစရာအတွက် တွေးရတော့မယ်

✅ ပထမ တစ်ခုက ကျောင်းထဲမှာရှိတဲ့ 기숙사 (Dormitory) မှာနေတာပါ။ ကျောင်းအဆောင်တွေက ၂ ယောက်ခန်း ၃ ယောက်ခန်း ဆိုပြီးရှိကြပါတယ်။ အဆောင်လခကတော့ Semester 1ခုကို (၃)လကို ၇ သိန်းကနေ ၈သိန်းခွဲ ဝန်းကျင်ထိ ရှိတတ်ပြီး ၂ယောက်ကနေ ၃ယောက်ထိ တူတူနေရတာများပါတယ်။ Uni Campus ထဲက အဆောင်မှာပဲ ၁ယောက်ခန်းလည်းရှိနိုင်ပေမယ့် Semester ၁ခုကို ၁၇ သိန်းလောက်ထိကျနိုင်ပါတယ်
ကျောင်းတစ်ကျောင်းနဲ့တကျောင်းအဆောင်လခ မတူနိုင်တာမို့ ကိုယ်တက်ရောက်တဲ့ကျောင်းမှာအသေးစိတ်စုံစမ်းနိုင်ပါတယ်

ကျောင်းဆောင်နေတာရဲ့ ကောင်းကျိုး
☑️ အဆောင်ခပေးပြီးရင် ရေဖိုး၊ မီးဖိုး၊ Gas ဖိုး Heater ဖိုး တွေတွက် ပူစရာမလိုပါဘူး
☑️ကျောင်းဝန်းထဲမှာရှိတဲ့အတွက်ကြောင့် အတန်းတက်ဖို့သွားရလာရ နီးတယ်
☑️၂ယောက်/၃ယောက်စုနေရတာမို့ စရောက်ရောက်ချင်း သူငယ်ချင်းတွေနဲ့ ခင်ဖို့အခွင့်အလမ်းများတယ်
☑️ဈေးသက်သာပြီး လုံခြုံတယ်, တခုခုဆို လုံခြုံရေးအခန်းရှိလို့ မေးမြန်းလို့ရတယ်ကျောင်းဆောင်ရုံးခန်းကိုပြောပြလို့ရတယ်
🔻မကောင်းတာကတော့
ကျောင်းဆောင်တွေက အဆောင်ပိတ်ချိန်ရှိလို့
အပြင်မှာထွက်အိပ်ချင်တဲ့အခါ ခွင့်တိုင်ရတာ
ကျောင်းဆောင်အများစုက ဘုံသုံး Kitchen(공용 조리실) ပါပါတာမို့မီးဖိုချောင်မျှသုံးရတာတွေတော့ရှိပါတယ်။

✅ဒုတိယတစ်ခုကတော့ 원룸 (one room) လို့ခေါ်တဲ့ တစ်ယောက်ခန်းကျောင်းနဲ့အနီးအနားမှာအခန်းငှားနေတာပါ
☑️ဒီအခန်းလေးတွေငှားနေရင်တော့ စပေါ်ငွေ ၁၀ သိန်း၊ သိန်း ၂၀ စသည်ဖြင့် စပေါ်တင်ရပါတယ်။ အခန်းကောင်းချင်၇င်တော့ သိန်း ၅၀ လောက်ထိရှိိနိုင်ပါတယ်
☑️၆လ/ ၁နှစ် / ၂နှစ် စာချုပ်နဲ့ ကိုယ်အဆင်ပြေသလို အိမ်ရှင်နဲ့ညှိနှိုင်းပြီးစာချုပ်ချုပ်နိုင်ပါတယ်
☑️စာချုပ်ပြည့်လို့အခန်းထွက်ရင် စပေါ်ငွေပြန်ရပါတယ်(အနည်းအများတော့နှုတ်နိုင်ပါတယ်)
ဆိုးလ်မြို့က အခန်းတွေကတော့ 20meter square ၀န်းကျင်လောက်ကိုမှ ၄သိန်းကနေစပြီးရှိတတ်ပါတယ် မီးဖိုချောင် ရေချိုးခန်းအိမ်သာ အကုန် private ပါပါတယ်
ပိုသက်သာတဲ့ 고시원 တွေရှိပါတယ် ရေချိုးခန်းအိမ်သာ share သုံးရပါတယ်
မီတာခ ရေခွန် Gas ဖိုးအပြီးပါတဲ့အခန်းတွေရှိသလို ကိုယ်သုံးသလောက်ပေးဆောင်ရတဲ့အခန်းတွေလည်းရှိပါတယ်
အခန်းရွေးရင်တော့ Full Option (풀옵션) အခန်းကိုရွေးစေချင်ပါတယ်
မဟုတ်ရင် ပစ္စည်းတွေလည်းလိုက်၀ယ်ပြီး နောက်တအိမ်ပြောင်းရင်အရမ်းဒုက္ခများပါတယ်

-투룸 스리룸 (two room three room)
ခုနောက်ပိုင်းလာတဲ့ မြန်မာကလေးတွေ တစ်ခန်းကို ၂ ယောက် ၃ ယောက် share နေကြတာ တွေ့ပါတယ်။ ကိုယ်နဲ့ အဆင်ပြေတဲ့လူရှိလို့ share နေကြရင် အိမ်စားရိတ်သက်သာတယ် တယောက်နဲ့တယောက်အဖော်ပြုနိုင်ပြီး နေမကောင်းထိုင်မကောင်းဖြစ်ရင် သူငယ်ချင်းတွေနဲ့ဆို safeဖြစ်ပါတယ်

ဒီအခန်းလေးတွေကိုဘယ်ကနေလွယ်လွယ်ကူကူကြည့်လို့ရလဲဆိုရင် 집방
https://apps.apple.com/app/id503098735
Peterpan -https://www.peterpanz.com
ဒီကနေကြည့်လို့၇ပါတယ်
App တွေကနေ ကိုယ်ကြိုက်တဲ့နေရာမှာ အခန်းကောင်းကောင်းလေးကိုအဆင်ပြေတဲ့ဈေးနဲ့ တွေ့ပြီဆို သူတို့ဆိုင်ရာဆိုင်ရာ 부동산 တွေနဲ့ဆက်သွယ်ပြီး အခန်းလေးတွေကိုကိုယ်တိုင်လိုက်ကြည့်ပြီးမှ စာချုပ်ချုပ်စေချင်ပါတယ် (စာချုပ်ချုပ်တဲ့အခါမှာလည်း စာချုပ်ပါအချက်အလက်တွေနဲ့ 건물 등기부등본 တွေပါတောင်းကြည့်သင့်ပါတယ်)

Htet Htet အတွေ့အကြုံအရ အကြံပေးချင်တာကတော့ စစရောက်ခြင်းကျောင်းဆောင်မှာနေပြီး 원룸 အတွက် စပေါ်ငွေ+လခလုံလုံလောက်လောက်စုနိုင်ပြီဆိုမှ အပြင်မှာထွက်နေဖို့အကြံပေးချင်ပါတယ်
ဒီကိုလာတော့မယ့် ဂျူနီယာလေးတွေအတွက်အကူအညီဖြစ်မယ်ထင်ပါတယ်

ကိုရီးယားမှာနေတဲ့သူတွေအတွက်🥰2024 Seoul Festa ပွဲချိန်အတိအကျထွက်လာပါပြီ 🎉မေလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်မယ်လို့ ...
17/02/2024

ကိုရီးယားမှာနေတဲ့သူတွေအတွက်🥰
2024 Seoul Festa ပွဲချိန်အတိအကျထွက်လာပါပြီ 🎉
မေလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
Seoul Festa ဆိုတာကတော့ K Wave, Drone Light Show နဲ့ ရှော့ပင်းအားလုံးကို တနေရာထဲမှာ ပြုလုပ်နိုင်မယ့် တကယ်စည်ကားတဲ့ပွဲပါ
မနှစ်ကလည်းလုပ်သွားတယ် ဒီနှစ်လည်းမသွားရသေးတဲ့သူတွေအတွက် သွားရောက်လည်ပတ်သင့်တယ်နော် 💖
🎉 Seoul Festa 2024
📍 Jamsil၊ Han River၊ Gwanghwamun
📆 5/1~5/6 အတွင်းလို့သိရပါတယ်

확정난 2024 서울페스타 일정 대공개🎉
5월 1일 ~ 6일 열릴 예정이라고 함!!!🌟
매년 역대급 갱신한다는 화려한
K-POP 개막식부터, 한강마켓, 드론라이트쇼 등
다양한 볼거리, 즐길거리 가득한 대규모 축제라고👀
벌써부터 넘 설레잖아,,💖
@@미리 일정 체크해둬!

🎉 서울페스타 2024
📍 잠실, 한강, 광화문 등 서울 곳곳
📆 5/1 ~ 5/6 예정

#서울축제 #서울축제일정 #한강축제 #축제일정

Address

Seoul

Website

https://linktr.ee/yuhyun.hna

Alerts

Be the first to know and let us send you an email when Wholesome Blog-Htet Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wholesome Blog-Htet Htet:

Videos

Share

Category