Seventeen's God Of Dance : Maknae Dino Myanmar

Seventeen's God Of Dance : Maknae Dino Myanmar 춤의신 세븐틴 막내 디노의 미얀마 팬페이지입니다. 우리 디노에게 많은 사랑 부탁드려요. 캐럿들과 디노나라 모두 찬랑합니다.💎✨🦕💙💖

SeungKwannieနဲ့ ရည်းစားဖြစ်ချင်သူများ အီချန်းလို မွေးနေ့မှာ သုံးခေါက်ဆုတောင်းပေးနိုင်ရင် အီချန်းနောက်မှာ လာတန်းစီလို့ရပါ...
16/01/2025

SeungKwannieနဲ့ ရည်းစားဖြစ်ချင်သူများ အီချန်းလို မွေးနေ့မှာ သုံးခေါက်ဆုတောင်းပေးနိုင်ရင် အီချန်းနောက်မှာ လာတန်းစီလို့ရပါပြီနော် 😔☝🏻

HAPPY YEOBOO SEUNGKWAN DAY

15/01/2025

စိတ်မပူပါနဲ့ အဲ့တာ တကယ် ရန်ဖြစ်နေကြတာပါ😔

HAPPY YEOBOO SEUNGKWAN DAY

အချွဲတုံးလေးက KST 12PMကျော်တာနဲ့ အပြေးလေး လာဆုတောင်းပေးတာဗျား 🥺Happy Birthday again, Seungkwannie 🥳🫶🏻HAPPY YEOBOO SEUNGK...
15/01/2025

အချွဲတုံးလေးက KST 12PMကျော်တာနဲ့ အပြေးလေး လာဆုတောင်းပေးတာဗျား 🥺

Happy Birthday again, Seungkwannie 🥳🫶🏻
HAPPY YEOBOO SEUNGKWAN DAY

15/01/2025

Dino once said: “ကျွန်‌တော်ကတော့ အစ်ကိုသာ ပျော်နေမယ်ဆိုရင် ရပြီ”

ဒီ videoလေးကို ကြည့်ရင် ဒီနိုလေးက သူ့အစ်ကို ဆွန်းဂွမ်နီးလေးကို ဘယ်လောက်တောင်မှ ချစ်ရှာလဲဆိုတာကို မြင်ရပါလိမ့်မယ်။ 🥺

🦦: ပင်ပန်းတယ်‌ဆိုရင် ပင်ပန်းတယ်လို့ ပြောလည်း ရပါတယ်ဗျာ
🍊: ငါက အရမ်း ပြောလွန်းလို့ကို ခက်နေတာ
🦦: ဘာဖြစ်လဲ ပင်ပန်းတဲ့အကြောင်း အရမ်းပြောလည်း ရတယ်

ကျန်တဲ့အချိန်သာ တကျက်ကျက် တွတ်ထိုးရင် တွတ်ထိုးနေမယ်၊ အချင်းချင်းကတော့ အရိပ်တကြည့်ကြည့်နဲ့ သိပ်ချစ်ကြတာ။🩵

[InTheSoop S1က admin အကြိုက်ဆုံး moment လေးမို့ တမင်ကို Boo မွေးနေ့မှာမှ တင်ပေးလိုက်ပါတယ်။]🫶🏻

HAPPY YEOBOO SEUNGKWAN DAY

ဟက်ပီး ဘတ်ဒေးပါ Boo Boo🥳မွေးဖွားလာပေးလို့ ကျေးဇူး အများကြီး တင်ပါတယ်။🫶🏻ကျွန်တော်နဲ့ ယူပေးရင် ပိုပြီး ကျေးဇူးတင်မိမှာပါ😔🤍
15/01/2025

ဟက်ပီး ဘတ်ဒေးပါ Boo Boo🥳
မွေးဖွားလာပေးလို့ ကျေးဇူး အများကြီး တင်ပါတယ်။🫶🏻
ကျွန်တော်နဲ့ ယူပေးရင် ပိုပြီး ကျေးဇူးတင်မိမှာပါ😔🤍

20250116 Happy SEUNGKWAN’s Day🍊


#승관
#세븐틴

생일 축하해요 우리 관이🍊🐱ပျော်ရွှင်စရာမွေးနေ့ပါ အူရီ ဂွမ်နီး🩷‌မွေး‌ဖွားလာပေးလို့ ကျေးဇူး အများကြီး တင်ရပါတယ်။ရွေးချယ်စရာတွေ အများက...
15/01/2025

생일 축하해요 우리 관이🍊🐱

ပျော်ရွှင်စရာမွေးနေ့ပါ အူရီ ဂွမ်နီး🩷‌
မွေး‌ဖွားလာပေးလို့ ကျေးဇူး အများကြီး တင်ရပါတယ်။

ရွေးချယ်စရာတွေ အများကြီး ရှိတဲ့အထဲက SEVENTEENဖြစ်ဖို့ကို ရွေးချယ်ပေးခဲ့လို့လည်း သိပ်ကို ကျေးဇူးတင်ပါတယ်။

မွေးနေ့ကစပြီး နေ့ရက်တိုင်းမှာ အေးချမ်းပျော်ရွှင်ရပါစေ။

ချစ်ခြင်းမေတ္တာတွေပဲ လက်ခံရရှိပြီး စိတ်ရော ခန္ဓာကိုယ်ပါ ကျန်းမာကြံ့ခိုင်ပါစေ။

ဖြစ်ချင်တဲ့ ရည်မှန်းချက်၊ လုပ်ချင်မိတဲ့ ကိစ္စအရပ်ရပ်တိုင်းကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ပါစေ။

ဝမ်းနည်းအားငယ်ခြင်းတွေ ကြုံတွေ့ရရင်တောင် လက်ခံပြီး ကျော်ဖြတ်နိုင်တဲ့ အားအင်တွေ အပြည့်ရှိနေပါစေ။

ဒီအတိုင်း နေ့ရက်တိုင်းမှာ စိတ်ရင်းနဲ့ တစ်ခေါက်မက ပြုံးရယ်နိုင်ပါစေ Wuri Kwannie

မွေးနေ့ကို နောက်တစ်ခေါက် ထပ်ပြီး စိတ်ရင်းနဲ့ ဂုဏ်ပြုပါတယ်။🫶🏻
관랑해🤍

HAPPY YEOBOO SEUNGKWAN DAY

15/01/2025

ဖန်ဒမ်းနိမ်းက အရက်ဆိုင်ဖြစ်နေခဲ့သူများ 😔🙏🏻

250114 | SCHOOL OF LOCK 👨🏻‍🏫 မနေ့ညကတော့ Japan Tourအကြောင်းလေးကို ပြန်ပြောတာပါ။🦦: ဂျပန်ရောက်တော့ ကျွန်တော် ပထမဆုံး လုပ်တာ...
15/01/2025

250114 | SCHOOL OF LOCK 👨🏻‍🏫

မနေ့ညကတော့ Japan Tourအကြောင်းလေးကို ပြန်ပြောတာပါ။

🦦: ဂျပန်ရောက်တော့ ကျွန်တော် ပထမဆုံး လုပ်တာ ဘာလဲဆိုတော့ work outတန်း လုပ်ပြီးတော့ sauna ကို သွားဖြစ်တာရယ်။ တကယ်တော့ Japan Tourလုပ်တိုင်း ကျွန်တော်က sauna ကို အမြဲတမ်းသွားဖြစ်ပေမယ့် ဒီတစ်ခေါက် Japan Tourကျွန်တော့်မိဘတွေကလည်း အလည်လာတော့ အဖေနဲ့ အတူတူ saunaကို ပထမဆုံး သွားဖြစ်တာပဲဗျ။
အရင်ကဆိုလည်း အဖေနဲ့အမေ ကျွန်‌တော်တို့ ဂျပန်ရောက်တိုင်း လာလည်ကြပေမယ့် အဖေနဲ့ အဲ့လောက်ကြီး ရင်းရင်းနှီးနှီးနဲ့ မနေဖူးဘူးရယ်။

ဒီတစ်ခေါက် Japan Tourမှာ ကျွန်တော်က မပြောင်းလဲသွားသေးဘူးဆိုတာကို ခံစားရအောင် လုပ်ပြချင်ခဲ့တာဗျ။ Domeကြီး 5ခုထဲမှာလည်း ဖျော်ဖြေခဲ့ဖူးပြီ၊ Stadiumကြီးမှာလည်း ကျွန်တော်တို့ ဖျော်ဖြေခဲ့ဖူးပြီ။ အဲ့လို Artistဆိုပေမယ့် ဟိုးအစတုန်းကလိုပဲ မပြောင်းလဲသွားသေးဘူးဆိုတာကို ပရိသတ်တွေကို ပြသရင်း ‌'သူတို့က မပြောင်းလဲသေးပါလား'ဆိုတဲ့ ခံစားချက်နဲ့ ပျော်ရွှင်စေချင်မိတယ်ဆိုတဲ့ အတွေးလည်း တကယ် အများကြီး ဝင်ခဲ့တယ်ဗျ။

FUKUOKA ပွဲလည်း ပြီးသွားရော “ပင်ပန်းသွားခဲ့ပြီ ချန်းရေ”ဆိုတဲ့ အတွေးက တကယ်ကို အများဆုံး ဝင်လာခဲ့ပါပဲ။
Tour ဖျော်ဖြေတယ်ဆိုတာက အစကတည်း အချိန်အကြာကြီး လုပ်ရင်း Koreaကပွဲတွေ ပြီးလို့ Tour တကယ် စတာနဲ့ စိတ်ကို သေချာဆုံးဖြတ်ပြီး ဖျော်ဖြေခဲ့ပေမယ့် Japan Tourလည်း စရော 'အချိန်ကုန်တာက တကယ်ကို မြန်ပါလား'လို့ တွေးမိတဲ့အထိ Tourတစ်ခုစီကို စိတ်ရင်းနဲ့ ကြိုးကြိုးစားစား ဖျော်ဖြေခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်းညတကယ်ကို ကျေးဇူးတင်မိပြီးတော့ တာဝန်ကျေသွားပြီ လို့ ပြောပေးချင်မိပါတယ်ဗျာ။

FUKUOKA တုန်းက စန္ဒရားလည်း ခဏတီးပြလိုက်ဖြစ်သေးတော့ စင်ထောင့်လေးမှာပဲ တီးရတာဆိုပေမယ့် တကယ်တမ်း တီးရတော့ စိတ်တွေအရမ်း လှုပ်ရှားခဲ့တာ။ အဲ့တာလေးကိုလည်း ချစ်စရာကောင်းနဲ့အမြင်နဲ့ပဲ ကြည့်ပေးကြပါဗျာ။

Japan Tourရဲ့ အမှတ်တရဆိုရင်တော့ The8 Hyungနဲ့ တကယ်ကို စကားတွေ အများကြီး ပြောဖြစ်ခဲ့တယ်ဗျာ။ စင်ပေါ်မှာဆိုလည်း The8 Hyungက Mentရဲ့ အသွားအလာကို တကယ် လိုက်ညှိပေးတတ်လာတယ်ဗျ။ ဟိုရှီ Hyungက သူ့ကို စင်ပေါ်မှာ ဦးဆောင်ပြီး စကားပြောခိုင်းရင်လည်း သေချာပြောပေး‌ပြီးတော့ အခုဆို Concertရဲ့ MC ဖြစ်နေပြီလို့တောင် တွေးမိပါတယ်ဗျား။ The8 Hyungနဲ့ အတိုင်အဖောက်လည်း ညီပြီးတော့ ကျွန်တော်က တကယ်လည်း “အစ်ကိုက အခု ပွဲရဲ့ MCပါပဲဗျာ ကျွန်တော့်ကိုလည်း ကောင်းကောင်းစောင့်ကြည့်ပေးပါဦး”လို့တောင် ပြောခဲ့သေးတယ်ရယ်။

နောက်ထပ် အမှတ်တရလေးကို ထပ်ပြောရရင်
ကျွန်တော်က စင်ပေါ်ကနေ “ဆားရန်းငဲ”လို့ ပြောလိုက်ရင်
Carat‌တွေက “နွန်းဘိ”လို့ ပြောတာလေးရယ်၊
ကျွန်တော် စင်ပေါ်ကနေ ထပ်ပြီးတော့ “ဆယ်ဗွန်ထင်းရဲ့”လို့ ပြောလိုက်ရင်
Carat တွေက “ဒီနို”လို့ ပြန်ပြောပေးခဲ့တာလေးက တကယ်ကို ပျော်ဖို့ကောင်းခဲ့တယ်လို့ ထင်ပါတယ်ဗျာ။
ရှေ့လျှောက်လည်း အများကြီး စောင့်ကြည့်ပေးကြပါဦးဗျာ။

_⁠_⁠_⁠_⁠_⁠_⁠_⁠_⁠__⁠_⁠_⁠_⁠_⁠_⁠_⁠_⁠__⁠_⁠_⁠_⁠_⁠_⁠_⁠_⁠__⁠_⁠_⁠_⁠_⁠_⁠_⁠_⁠__⁠_⁠_⁠_⁠_

Japan Tourသွားတိုင်း နိုဒီလေးက စဉ်းစားစရာတွေ များလာပြီး ပိုပြီး ကောင်းတဲ့ဘက်ခြမ်းကို ပြောင်းလဲလာတတ်တာလေးကို သိပ်သဘောကျရတာပါပဲ။🥺
Eisa ကိုလည်း သူက ပြန်ပြီး အသဲယားနေတာ မသိရင် သူက အကြီးကျနေရော🤍

ဒီလိုမျိုး ဟိုဟိုဒီဒီလေးတွေ အများကြီး ပြောဖြစ်ပြီး TMIတွေလည်း အများကြီး သိရလို့ SOLကို လတိုင်း မျှော်နေမိတာပါပဲကွယ်🫶🏻

#세븐틴 #디노 #이찬 #ディノ #李灿

အချစ်တွေတော့ အများကြီး ပေးနိုင်တယ်ထမင်းတော့ ဝယ်မကျွေးနိုင်တဲ့ ကပ်စေးနှဲလေး တစ်အူးရှိနေ😔☝🏻 #세븐틴    #디노    #이찬  #ディノ  #李灿
14/01/2025

အချစ်တွေတော့ အများကြီး ပေးနိုင်တယ်
ထမင်းတော့ ဝယ်မကျွေးနိုင်တဲ့ ကပ်စေးနှဲလေး တစ်အူးရှိနေ😔☝🏻

#세븐틴 #디노 #이찬 #ディノ #李灿

14/01/2025

Dino to Hansol : Dun worry buddy, I got cha!

Hansolလေးကို အမြဲတမ်း ဂရုတစိုက်နဲ့ကို ဖမ်းဆုပ်ထားတတ်တာ 🥺
My VerDi Buddy is so precious 🤍

#세븐틴 #디노 #이찬 #ディノ #李灿

💎: ဒီနှစ် 2025ရဲ့ Goalကတော့ သဘောကျနေတဲ့ ကောင်လေးကို ဖွင့်ပြောဖို့ပါ။🦦 : တကယ်ကို ရင်ခုန်စရာကောင်းတဲ့ Goalပါပဲလား။ ကျွန်တေ...
14/01/2025

💎: ဒီနှစ် 2025ရဲ့ Goalကတော့ သဘောကျနေတဲ့ ကောင်လေးကို ဖွင့်ပြောဖို့ပါ။

🦦 : တကယ်ကို ရင်ခုန်စရာကောင်းတဲ့ Goalပါပဲလား။ ကျွန်တော်ကတော့ ကျောင်း‌တက်ရတဲ့ အချိန်တုန်းက Trainee ဖြစ်နေပြီမို့ အဲ့လို ခံစားချက်မျိုးကို မခံစားဖူးပေမယ့် သဘောကျရတဲ့ ကောင်လေးက ပေးလာတဲ့ ရင်ခုန်ရမှုမျိုးက တကယ်ကို တန်ဖိုးရှိလိမ့်မယ်လို့ တွေးမိပါတယ်ဗျာ။ ဖွင့်‌ပြောဖို့ကို Goalအ‌နေနဲ့ သတ်မှတ်ထားတာ‌ဆို‌တော့ တကယ်ကို တော်တာပါဗျာ။

တစ်စုံတစ်ယောက်ကို ဖွင့်ပြောတဲ့အခါ ဘယ်လိုမျိုး ဖွင့်ပြောလိုက်တယ်ဆိုတာထက် ကိုယ့်ရဲ့ ခံစားချက်ကို တစ်ဖက်လူက နားလည်သွားအောင် စကားလုံးတွေနဲ့ ဖော်ပြရမှာက ပိုပြီး အရေးကြီးတယ်မလား။

အဲ့တာကြောင့် ‌သဘောကျရတဲ့ ကောင်လေးကိုလည်း ကောင်းကောင်း ‌ဖွင့်ပြောပြီး နှစ်ယောက်သား အဆင်ပြေသွားပါစေလို့ တကယ်ကို စိတ်ရင်းနဲ့ ဆုတောင်းပေးပါတယ်နော်။ ကောင်းကောင်းလုပ်နိုင်မှာပါလို့ ကျွန်တော်က ယုံကြည်ပါတယ်။ Dino Senseiက အားပေးနေပါတယ်နော်!!!
_⁠_⁠_⁠_⁠_⁠_⁠_⁠_⁠__⁠_⁠_⁠_⁠_⁠_⁠_⁠_⁠__⁠_⁠_⁠_⁠_⁠_⁠_⁠_⁠__⁠_⁠_⁠_⁠_⁠_⁠_⁠_⁠__⁠_⁠_⁠_⁠_

မနေ့က Classမှာ Caratလေး‌ တစ်ယောက်က သူ သဘောကျရတဲ့ ကောင်လေးကို ဖွင့်ပြောနိုင်ဖို့ အားအင်တွေ ပေးပါဦးဆိုလို့ ဘေဘီလေးက အားပေး,ပေးတာဗျာ။

ဘယ်လို ကိစ္စပဲဖြစ်ဖြစ် Dino Senseiကတော့ တကယ်ကို သေချာ ခံစားပြီး သေချာတွေးပေးပြီး နှစ်သိမ့်‌အားပေးတတ်ရှာတာပါပဲ။
တကယ်ကို ချစ်စရာလေး🥺🤍

#세븐틴 #디노 #이찬 #ディノ #李灿

14/01/2025

250113 School Of Lock 👨🏻‍🏫

2025မှာ ကျွန်တော်တို့တွေကို ကျန်းမာပါစေဆိုပြီး ဆုသာ တောင်းပေးနေတာ။ ဆုတောင်းပေးတဲ့လူက အအေးမိနေတာများ နှာသံလေးတောင် မပျောက်သေးဘူး😔🥺

အိုင်တို့ ဘေဘီလေးလည်း 2025မှာ နေမကောင်းထပ်မဖြစ်ဘဲ ကျန်းမာတဲ့နေ့ရက်တွေနဲ့ပဲ ပြည့်နှက်နေပါစေလို့ ဆုတောင်းပေးပါတယ်🫶🏻

ကမ္ဘာပေါ်မှာ အကောင်းဆုံး ‌အီချန်းလေးပါပဲ🥺🤍
#세븐틴 #디노 #이찬 #ディノ #李灿

When အီချန်း ကဗျာရေး and သူ့ရဲ့ မျှော်လင့်ချက်နဲ့ အကောင်းမြင်စိတ်ကို လုယူကြတဲ့ အစ်ကိုများ -  #세븐틴    #디노    #이찬  #ディノ  #...
13/01/2025

When အီချန်း ကဗျာရေး and သူ့ရဲ့ မျှော်လင့်ချက်နဲ့ အကောင်းမြင်စိတ်ကို လုယူကြတဲ့ အစ်ကိုများ -

#세븐틴 #디노 #이찬 #ディノ #李灿

အီချန်း ဘီ လိုက်ခ် : ငွေကိုင် လုပ်ရတာလည်း မလွယ်ပါဘူးဗျာ
13/01/2025

အီချန်း ဘီ လိုက်ခ် : ငွေကိုင် လုပ်ရတာလည်း မလွယ်ပါဘူးဗျာ

12/01/2025

Performance Teamကတော့ တကယ်ကို Performance Teamပါပဲ။

CBZ MV reactionလုပ်နေရင်း rhythmအတိုင်း ခေါင်းလှုပ်နေတာတောင်မှ တစ်ညီတည်း synchronize ဖြစ်နေတာနော်။ အရမ်း လန်းသော 🫠☝🏻

#세븐틴 #디노 #이찬 #ディノ #李灿

12/01/2025

DINO once said ❝ကိုယ် လိုချင်တဲ့ အရာ၊ ကိုယ် သွားချင်တဲ့ နေရာ၊ ကိုယ် လုပ်ချင်တဲ့ အရာမျိုး‌‌တွေက အရေးကြီးတယ်လို့ ကျွန်တော် ထင်တယ်ဗျ..
အဲ့လို အရာတွေ မရှိရင် ဘဝကြီးမှာ ရှင်သန်ရတာက စိတ်ဝင်စားဖို့ မကောင်းလောက်ဘူး လို့ ကျွန်တော် ထင်မိတယ်❞

နိုဒီလေး ပြောသလိုပဲ အဲ့တာမျိုးတွေက လောဘဆိုတာမျိုးထက် ကိုယ်လုပ်ချင်တဲ့ အရာလေးတွေ၊ လိုချင်တဲ့ အရာလေးတွေ ရှိနေတာက တကယ်ကို အရေးကြီးတာပါပဲ။ အဲ့တာတွေကပဲ ကျွန်တော်တို့ကို ငြီး‌ငွေ့စရာ နေ့ရက်တိုင်းမှာ ရှင်သန်ချင်စိတ် ဖြစ်‌ပေါ်လာစေတာမလား။🤍

#세븐틴 #디노 #이찬 #ディノ #李灿

12/01/2025

အရမ်းလိမ္မာသော ကလေးလေး တစ်ယောက်🤣🙏🏻

11/01/2025

ဖီးချောလင်း အာဂျူးရှီးကတော့ လူတိုင်းရဲ့ အချစ်ခံလေးပါပဲ။ သူ့ကို မြင်တာနဲ့ကို လူတိုင်းက ပျော်ရွှင်သွားရတာ🥺🤍

#세븐틴 #디노 #이찬 #ディノ #李灿

Address

Korea
Iksan

Alerts

Be the first to know and let us send you an email when Seventeen's God Of Dance : Maknae Dino Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share