Gimpo Myanmar friends - Korea

Gimpo Myanmar friends - Korea ပရဟိတအဖွဲ့အစည်း

25/04/2025

ကျနော်တို့ ဂင်ဖိုရွှေညီကိုများ ရန်ပုံငွေပိုက်ကျော်

ခြင်းဖလားပြိုင်ပွဲမှ ရရှိငွေများကို တကယ်

လိုအပ်တဲ့နေရာတွေအတွက်

သေချာလေးရောက်အောင် ကူညီနိုင်ခဲ့ပါပီ

ကျနော်တို့နဲ့အတူ ပါဝင်ပေးကြတဲ့တယောက်ခြင်းစီ

တိုင်းလည်း ကျေနပ်ပီတိဖြစ်စေဖို့

ပုံလေးတွေတချို့နဲ့ ဗီဒီယိုအတိုလေး ကိုမျှဝေလိုက်ပါတယ်ခင်ဗျ

20-4-2025 နေ့တွင် ကျွန်တော်တို့ ဂင်ဖိုရွှေညီကိုများအဖွဲ့မှဦးဆောင်ကျင်းပသည့်ထောက်ပို့ ပိုက်ကျော်ခြင်းဖလား ဖိတ်ခေါ်ပြိုင်ပ...
22/04/2025

20-4-2025 နေ့တွင် ကျွန်တော်တို့ ဂင်ဖိုရွှေညီကိုများအဖွဲ့မှဦးဆောင်ကျင်းပသည့်ထောက်ပို့ ပိုက်ကျော်ခြင်းဖလား ဖိတ်ခေါ်ပြိုင်ပွဲတွင်ပါဝင်ယှဥ်ပြိုင်ကစားကြသော ညီအကိုတစ်ယောက်ချင်းစီအားလည်ကောင်း ၊ဂုဏ်ပြုဆုဆွဲပြားနှင့်စားသောက်ဖွယ်များအား စပွန်ဆာပေးပါသော ကိုကျော်မင်း+မစုလှိုင် ( ကိုဘားမား-စားသောက်ဆိုင် ) စပွန်ဆာပေးသော အမိမြေ စားသောက်ဆိုင်
၊စပွန်ဆာပေးသော E 9 PAY အားလည်ကောင်း၊စပွန်ဆာပေးကြသော ညီအကိုတစ်ယောက်ချင်းစီအားလည်ကောင်း ၊မနက်စာအဖြစ် မုန့်ဟင်းခါးချက်ကျွေးပါသော MULTI -I စက်ရုံညီအကိုများအားလည်ကောင်း၊ပွဲအစ ပွဲအဆုံး
အဖက်ဖက်မှ လူအား ၊ အကြံဉာဏ်အား ၊အစစအရာရာ အကူအညီပေးကြသူ တစ်ယောက်ခြင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း ကျွန်တော်တို့ ဂင်ဖိုရွှေညီကိုများမှ လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည် ခင်ဗျာ🙏🙏🙏

ပြိုင်ပွဲနေ့တွင် လိုအပ်တာများရှိခဲ့လျှင်လဲ အားလုံးရဲ့ကိုယ်စား ကျွန်တော်တို့ ဂင်ဖိုရွှေညီကိုများအဖွဲ့မှ တောင်းပန်အပ်ပါသည် ခင်ဗျာ🙏🙏🙏

ပြိုင်ပွဲမှရရှိလာသော ရန်ပုံငွေများကိုလည်း မြန်မာပြည်ရှိ လိုအပ်လျှက်ရှိသော ငလျင်ဘေးသင့်ပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများထံသို့အမြန်ဆုံး ပို့ဆောင်ထောက်ပံ့သွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါတယ် ခင်ဗျာ။

ကျွန်တော်တို့ ဂင်ဖိုရွှေညီကိုများ ဦးဆောင်ကျင်းပသော နွေဦးရန်ပုံငွေပိုက်ကျော်ခြင်းပြိုင်ပွဲကိုကွင်းအခြေနေကြောင့်နေရာပြောင်...
18/04/2025

ကျွန်တော်တို့ ဂင်ဖိုရွှေညီကိုများ ဦးဆောင်ကျင်းပသော နွေဦးရန်ပုံငွေပိုက်ကျော်ခြင်းပြိုင်ပွဲကိုကွင်းအခြေနေကြောင့်နေရာပြောင်းထားပါတယ်ခင်ဗျ။အရင်ကွင်းဟောင်း တစ်လမ်းကျော် 쿠팡 ရုံးနောက်ကျောမှာဖြစ်ပါတယ်။
စပွန်စာ အနေနဲ့ စောဂူ အမိမြေ စားသောက်ဆိုင် နှင့်E9pay တို့မှပါဝင်ပေးထားပါတယ်ခင်ဗျ🙏မနက်စာအဖြစ် 7နာရီမှ9နာရီထိMULTI -I စက်ရုံညီကိုများ မှ မုန့်ဟင်းခါး ဧည့်ခံကျွေးမွေးပါမည်။ရေသန့်ဘူး၂၀၀ကိုလာရောက်လှူဒါန်းထားပါတယ်။
နောက်ထပ်လည်းစပွန်စာများလက်ခံပါတယ်ခင်ဗျ။E9pay အကောင့်ဖွင့်ခြင်းတဲ့ညီကိုများ လာရောက်ဖွင့်နိုင်ပါတယ်ခင်ဗျ။အသင်း ပါဝင်ခြင်တဲ့ညီကိုများလည်း ပါဝင်အားဖြည့်ပေကြပါဦး အအသင်းနည်းနေလို့ပါခင်ဗျ🙏🤝🤝

ကျွန်တော်တို့ ဂင်ဖိုရွှေညီကိုများ ဦးဆောင်ကျင်ပသော နွေဦးရန်ပုံငွေပိုက်ကျော်ခြင်းပြိုင်ပွဲကိုကွင်းအခြေနေကြောင့်နေရာပြောင်း...
14/04/2025

ကျွန်တော်တို့ ဂင်ဖိုရွှေညီကိုများ ဦးဆောင်ကျင်ပသော နွေဦးရန်ပုံငွေပိုက်ကျော်ခြင်းပြိုင်ပွဲကိုကွင်းအခြေနေကြောင့်နေရာပြောင်းထားပါတယ်ခင်ဗျ။အရင်ကွင်းဟောင်း တစ်လမ်းကျော် 쿠팡 ရုံးနောက်ကျောမှာဖြစ်ပါတယ်။
စပွန်စာ အနေနဲ့ စောဂူ အမိမြေ စားသောက်ဆိုင် နှင့်E9pay တို့မှပါဝင်ပေးထားပါတယ်ခင်ဗျ🙏
နောက်ထပ်လည်းစပွန်စာများလက်ခံပါတယ်ခင်ဗျ။E9pay အကောင့်ဖွင့်ခြင်းတဲ့ညီကိုများ လာရောက်ဖွင့်နိုင်ပါတယ်ခင်ဗျ။အသင်း ပါဝင်ခြင်တဲ့ညီကိုများလည်း ပါဝင်အားဖြည့်ပေကြပါဦး အသင်းနည်းနေလို့ပါ။17သင်းပဲ ရှိပါသေးတယ်ခင်ဗျ🙏🤝🤝

ဂင်ဖိုရွှေညီကိုများ ဦးဆောင်ကျင်းပတဲ့ ရန်ပုံငွေရှာဖွေရေးနွေဦးပိုက်ကျော်ခြင်းပြိုင်ပွဲဟာ ရက်အနည်းငယ်သာလိုပါတော့တယ်ခင်ဗျာယခ...
07/04/2025

ဂင်ဖိုရွှေညီကိုများ ဦးဆောင်ကျင်းပတဲ့ ရန်ပုံငွေရှာဖွေရေး

နွေဦးပိုက်ကျော်ခြင်းပြိုင်ပွဲဟာ ရက်အနည်းငယ်သာလိုပါတော့တယ်ခင်ဗျာ

ယခုချိန်ဟာ ငလျင်သဘာဝဘေးအတွက်နဲ့ စစ်ဘေးရှောင်တွေအတွက် ဦးတည်ပြီးလုပ်တဲ့ ရန်ပုံငွေရှာဖွေရေးဖြစ်တာမို့ ညီကိုတို့အနေနဲ့ စပွန်စာဖြစ်စေ။
ပြိုင်ပွဲဝင်အသင်းအနေနဲ့ဖြစ်စေ
တတက်တအားပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။
လက်ရှိအချိန်ထိ ပြိုင်ပွဲဝင်အသင်းအရေအတွက်ဟာ အရမ်းနည်းနေသေးတဲ့အတွက်ကြောင့် ဝါသနာရှင်ညီအကိုများအနေဖြင့် တဆင့်စကားတဆင့်နားဖြင့် လက်ကမ်းပြီး အသင်းလေးတွေပါဝင်ပေးကြပါအုံးခင်ဗျာ။

ပါဝင်ယှဉ်ပြိုင်မဲ့အသင်းကအရမ်းအားနည်းနေသေးလို့ ပါဝင်ပေးကြဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ

TEAM KOREA

ငလျင်သဘာဝဘေး(ပျော်ဘွယ်)အတွက်လှူဒါန်းမှူ့ မှတ်တမ်းလေးတေ ပါတအိမ်လျင်၂၅၀၀၀ကျပ်ဖြင့်အိမ်ခြေ၈၀စာ သိန်း၂၀တိတိကိုကျနော်တို့ GMF...
06/04/2025

ငလျင်သဘာဝဘေး(ပျော်ဘွယ်)အတွက်

လှူဒါန်းမှူ့ မှတ်တမ်းလေးတေ ပါ

တအိမ်လျင်၂၅၀၀၀ကျပ်ဖြင့်

အိမ်ခြေ၈၀စာ သိန်း၂၀တိတိကိုကျနော်တို့ GMF TEAM Korea အနေနဲ့ ကူညီနိုင်ခဲ့ပါပြီ။
ပါဝင်လှူဒါန်းပေးကြသူတယောက်ခြင်းစီအားလည်းအထူးကျေးဇူးတင်ရှိပါတယ်။

အိမ်တိုင်ရာရောက် သွားရောက်ပြီး ကူညီပေးနိုင်ခဲ့ပါပြီ။
နေပူကျဲကျဲမှာ အပူခံပင်ပန်းခံပြီး ကူညီလှူဒါန်းပေးသော သူငယ်ချင်းDaw Khaing Zar Aungနှင့် အဖွဲ့ကိုလည်း
ကျနော်တို့ GMF TEAMကကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

စစ်ကိုင်းအတွက်အလှူမှတ်တမ်းပုံလေးတွေကိုလည်း မြေပြင်ကပေးပို့တဲ့အခါတင်ပေးပါ့မယ်ခင်ဗျ

#အန္တရာယ်အပေါင်းမှအမြန်ကင်းလွတ်နိုင်ကြပါစေ

#အတ္တဟိတပရဟိတမျှတစွာနေထိုင်နိုင်ကြပါစေ

Korea

ငလျင် သဘာဝဘေးအတွက် အလှူခံခြင်းစာရင်းပိတ်ပါပီခင်ဗျာ။၂၉.၃.၂၀၂၅ ~၄.၄.၂၀၂၅အထိ အလှူခံရငွေစုစုပေါင်းကိုရီးယားဝမ် ~၂၀၅၀၀၀၀ (သိန...
05/04/2025

ငလျင် သဘာဝဘေးအတွက် အလှူခံခြင်း

စာရင်းပိတ်ပါပီခင်ဗျာ။

၂၉.၃.၂၀၂၅ ~၄.၄.၂၀၂၅အထိ

အလှူခံရငွေစုစုပေါင်း

ကိုရီးယားဝမ် ~၂၀၅၀၀၀၀ (သိန်းနှစ်ဆယ်ငါးသောင်း) နှင့်

မြန်မာကျပ်ငွေ~၁၀၀၀၀၀၀(သိန်းတစ်ဆယ်)

တိတိ လက်ခံရရှိပါတယ်ခင်ဗျာ။

လူကြီးမင်းတို့ရဲ့ ယုံကြည်စွာပူးပေါင်းပါဝင်ပေးမှူ့အတွက် အထူး(အထူး)ပဲကျေးဇူးတင်ရှိပါတယ်။

လူကြီးမင်းတို့ရဲ့ ကြင်နာတဲ့နှလုံးသား

နွေးထွေးသောမေတ္တာတရားနဲ့ လှူဒါန်းမှူ့ ပူးပေါင်း

ပါဝင်ပေးကြသူတို့ရဲ့ ချွေးနဲ့စာနဲ့ သဒ္ဒါတရားကို

အချည်းနှီးမဖြစ်ရအောင် ကျနော်တို့ GMF TEAM

Korea မှသေချာ ထိရောက်စွာနဲ့ လှူဒါန်းပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

(လှူဒါန်းမှူ့ပုံလေးတွေနဲ့ လှူဒါန်းခဲ့သည့်နေရာများကိုတော့ မြေပြင်က ပုံလေးတွေရမှ ထပ်တင်ပေးပါ့မယ်ခင်ဗျ)

ပူးပေါင်းပါဝင်လှူဒါန်းသူများလည်း စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒဟူသမျှ ပြည့်ကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျ။

#ရဲရင့်ထက်မြတ်



#အန္တရာယ်အပေါင်းမှအမြန်ကင်းလွတ်နိုင်ကြပါစေ

#အတ္တဟိတပရဟိတမျှတစွာနေထိုင်နိုင်ကြပါစေ

နွေရာသီခြင်းဖွင့်ပွဲ ကျင်းပရန် ချစ်ခင်လေးစားရပါသော ခြင်းခတ်ဝါသနာရှင် ညီအကိုများ အားလုံးကိုဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာဂင်ဖိုရ...
16/03/2025

နွေရာသီခြင်းဖွင့်ပွဲ ကျင်းပရန် ချစ်ခင်လေးစားရပါသော ခြင်းခတ်ဝါသနာရှင် ညီအကိုများ အားလုံးကိုဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ

ဂင်ဖိုရွှေညီကိုများ ရဲ့ စတုတ္ထအကြိမ်မြောက် စစ်ဘေးရှောင် ထောက်ပံ့ရေး ရန်ပုံငွေ ပိုက်ကျော်ခြင်းပွဲလေးမှာ ညီကိုတို့ရဲ့ခြင်း ဝါသနာနဲ့ မြန်မာပြည်မှ စစ်ဘေးရှောင် ပြည်သူများအတွက် ညီအကိုတို့အနေနဲ့ဝါသနာအရင်းခံပိုက်ကျော်ခြင်းခတ်ရင်း အလှူဒါနတစ်ခုကိုလဲပြုလုပ်ရာ ရောက်ပါတယ်ခင်ဗျာ။
ရလာတဲ့ အလှူငွေများကို စစ်ကိုင်းနဲ့ကရင်နီ စစ်ဘေးရှောင်ပြည်သူများအတွက်လှူဒါန်းသွားမှာဖြစ်ပါတယ်။


20.4.2025 ရက်နေ့မှာကျင်းပမယ့် ရံပုံငွေပိုက်ကျော်ခြင်းဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် ညီအကိုတို့အနေနဲ့ ပါဝင်ဆင်နွှဲပေးပါရန် လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ
အစားအစာ အနေ့နဲ့ ဂင်ဖိုရွှေညီကိုများရဲ့ အိမ်ချက်လက်ရာနဲ့အသားဟင်း ဘူဖေးကျွေးမှာ ဖြစ်ပါတယ်။
အသင်းဝင်ကြေးအနေနဲ့ကတော့ တစ်သင်းလျှင်ဝမ်250000ပါခင်ဗျာ

ဆုကြေးအနေနဲ့ကတော့

ပထမဆု-ရွှေဖလား-ဆွဲပြားနှင့်ဝမ်7သိန်း
ဒုတိယဆု-ငွေဖလား-ဆွဲပြားနှင့်ဝမ်5သိန်း
တတိယဆု-ကြေးဖလား-ဆွဲပြားနှင့်ဝမ်3သိန်း
ပါဝင်တဲ့အသင်းသားတိုင်းအတွက် အစားအစာများလည်းပြင်ဆင်ပေးထားပါတယ်ခင်ဗျာ...

စပွန်ဆာပေးမယ့်သူများကိုလဲ စောင့်မျှော်ကြိုဆိုနေပါတယ်... ခင်ဗျာ

အသင်းအုပ်စုများကို စနေနေ့ ညနေ ၆နာရီနောက်ပိုင်းမှာ page ကနေ Live လွှင့်ပြီး အသင်းအုပ်စုများကို မဲခွဲပေးမှာပါ ခင်ဗျာ

ပြိုင်ပွဲစည်းကမ်းချက်များ----
-ဆားဗစ်နောက်စည်းအဖွင့်ထိုး(ခုန်ထိုး /ခေါင်းချုပ်ပိတ်)
-ပါစားအောက်ခံ
-ပိုက်အမြင့်5ပေ6လက်မ

နံနက် 8နာရီထက် နောက်မကျပဲလာရောက်ပေးပါရန်🙏

နေ့ရက် - 20.4.2025(Sunday)
အချိန် - 08:00 AM To 08:00 PM
နေရာ - 경기도 김포시 양촌읍 황금로 23번길 245

ဂင်ဖိုရွှေညီကိုများရဲ့ စာသင်ကျောင်းအလှူလေးပါခင်ဗျ။ကျနော်တို့တွေ လက်တွဲညီစွာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်...
26/10/2024

ဂင်ဖိုရွှေညီကိုများရဲ့ စာသင်ကျောင်းအလှူလေးပါခင်ဗျ။

ကျနော်တို့တွေ လက်တွဲညီစွာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။
စနေနေ့တိုင်း
ဂင်ဖိုမြို့ ဒဲဂို့ဆာဂေါရီမှာ အလှူခံပုံးနှင့်အတူ ညီအကိုတို့ရဲ့ပါဝင်ကူညီပေးမှူ့ကို အထူးပင်လက်ခံနေပါကြောင်း ဝန်းရံပေးကြဖို့လည်း တောင်းဆိုပါရစေခင်ဗျာ။

22/09/2024

စစ်ကိုင်းတိုင်းနှင့်ကရင်နီဒေသ
စစ်ဘေးရှောင်များအားလှူဒါန်းနိုင်ရန်အတွက်ချစ်ကြည်ရေးဖူဆယ်ဖိတ်ခေါ်ဖလားပြိုင်ပွဲ။ အုပ်စုခွဲ မဲနှိုက်ခြင်းအခန်းအနား

Address

Gimpo

Website

Alerts

Be the first to know and let us send you an email when Gimpo Myanmar friends - Korea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category