Go Go Zwae Hnyoon

Go Go Zwae Hnyoon Welcome from Go Go Zwae Hnyoon

Happy New Year ✨️새해복 많이 받으세용🫶
01/01/2025

Happy New Year ✨️
새해복 많이 받으세용🫶

2024 in South Korea Recap!!!၂၀၂၄ကတော့ မွေးပြီးကတည်းက တကယ်အပျော်ဆုံးနဲ့ အမှတ်ရဆုံးနှစ်လေးပါပဲ။ ဘဝမှာ တခါမှ မတွေ့ကြုံဖူးတဲ...
31/12/2024

2024 in South Korea Recap!!!

၂၀၂၄ကတော့ မွေးပြီးကတည်းက တကယ်အပျော်ဆုံးနဲ့ အမှတ်ရဆုံးနှစ်လေးပါပဲ။ ဘဝမှာ တခါမှ မတွေ့ကြုံဖူးတဲ့ အဖြစ်တွေရယ် လူတွေပေးတဲ့ သင်ခန်းစာကြောင့် နည်းနည်းလေး ပိုရင့်ကျက်သွားခဲ့တယ်။ ၁လပိုင်းအထိကို ကိုရီးယားမှာနေရတာ တကယ်မပျော်ခဲ့ဘူး။ ၂လပိုင်းကစပြီး တဖြည်းဖြည်းပျော်လာခဲ့တယ် ပိုက်ဆံမရှိတာကလွဲလို့ပေါ့။ အပျော်ဆုံးကတော့ Caratland သွားခဲ့ရတာပါပဲ။ ဘဝမှာ အဖြစ်ချင်ဆုံးအရာလေး ပြည့်ဝသွားခဲ့တာ။ မေမေ့ကို အမြဲပြောဖြစ်တယ် သမီးဘဝက SEVENTEEN သာမရှိရင် ရှင်သန်နေရတဲ့ အဓိပ္ပါယ်ဆိုတာ ရှာလို့ရမှာတောင်မဟုတ်ဘူးလို့။ အသက် ၁၂နှစ်က စပြီး ကိုရီးယားရူးခဲ့တာ အခု ၂၇ဆို ၁၅နှစ်ရှိပြီ။ အဲ့မှာမှ SVT ကို ကြိုက်ခဲ့တာ ၈နှစ်ဆိုတော့ ဘဝရဲ့ တစိတ်တပိုင်းလိုကို ဖြစ်နေတာ။ ကျောင်းမှာလည်း ပါမောက္ခတွေကအစ Audrey လို့ပြောတာနဲ့ SEVENTEEN ကို တန်းမြင်တယ်။ အတန်းထဲမှာ SEVENTEEN အကြောင်းကို တက်ရတဲ့အတန်းတိုင်းမှာ ပြောတယ်။ Presentation လည်း SEVENTEEN အကြောင်းပြောတယ်။ နောက်ဆုံး ဇာတ်ညွှန်းပုံစံ ဝတ္ထုတိုကိုတောင် SEVENTEEN အကြောင်းပဲ။ အချိန်ပိုင်းအလုပ်က Customer တွေနဲ့လည်း သူတို့အကြောင်းပြောရင်းပဲ ခင်သွားကြတယ်။ အရင်က ဇွဲဆိုတာ စကား၄လုံးကွဲအောင်မပြောဘူးရယ်။ အခုကျတော့ လူတိုင်းနီးပါးက social အရမ်းကောင်းတယ်လို့ ချီးကျူးခံရတယ်။ ဒါတွေက ကိုယ်မြတ်နိုးတဲ့အကြောင်းအရာကို ပြောရင်း ကိုယ်မသိလိုက်ခင်မှာ ပြောင်းလဲသွားတဲ့ personality ပဲရယ်။ အရင်ကဆို သူစိမ်းတွေကို စကားစပြောဖို့ဆိုတာ အဝေးကြီး သိတဲ့သူတွေနဲ့တောင် လေးလုံးကွဲအောင် မပြောဘူး။ မသိတဲ့သူတွေကတော့ ဇွဲ cover dance ကတာကို မြင်ပြီး နဂိုတည်းက ခပ်သွက်သွက်ကောင်မလေးလို့ပဲ ထင်ကြမှာ။ တချို့ဆို အပြင်မှာခင်ပြီး social media ပေါ်မှာ friend မဖြစ်ခင်အထိ ဇွဲကို cover dance ကမယ့်သူလို့ ဘယ်သူမှတောင်မထင်ဘူးရယ် ခပ်အေးအေးနဲ့ သူ့ဘာသူနေတာလို့ပဲ အပြောခံရတာ။ မလိုတဲ့သူတချို့ကျတော့လည်း အဲ့လိုပုံစံကိုမြင်ပြီး ကဲ့ရဲ့တာတွေရှိတာပဲ။ ဇွဲအတွက်ကတော့ အနေအေးတာက ကိုယ့်ပင်ကိုယ်ပုံစံဖြစ်ပြီး cover dance တို့ သီချင်းဆိုတာတို့ကို ဇွဲရဲ့ဝါသနာ သတ်သတ်စီပါ။ လူတစ်ယောက်ရဲ့ ဝါသနာနဲ့ personality က ဘာမှမဆိုင်ပါဘူး။ ဇွဲက မွေးကတည်းက ဆိုတာ ကတာ သရုပ်ဆောင်တာ ဝတ္ထုရေးတာကရယ် ကိုရီးယားရယ်ကလွဲပြီး ဘာမှစိတ်မဝင်စားခဲ့ပါဘူး။ မြန်မာပြည်မှာနေတုန်းက ဒီပုံစံကြောင့် ကဲ့ရဲ့တာပဲခံခဲ့ရပေမယ့် ကိုရီးယားမှာတော့ ကိုရီးယားလူမျိုးတွေက ဒီပုံစံကို သူတို့အရမ်းသဘောကျကြတယ်။ ချီးကျူးဖို့ ဝန်မလေးဘူး။ ဘာလုပ်လုပ်အားပေးတယ်။ လူအမျိုးမျိုး စိတ်အထွေထွေမို့လို့ အားလုံးကိုတော့မဆိုလိုပါဘူး။ ဇွဲလည်း စရိုက်တော်တော်ဆိုးတဲ့ ကိုရီးယားတွေနဲ့ အများကြီးတွေ့ဖူးခဲ့ပြီး အိမ်အပြီးပြန်ဖို့အထိပါ လုပ်ခဲ့ဖူးတာကြောင့်ပါ။ ဒါ့ကြောင့် ၁နှစ်ဆိုတဲ့အချိန်အတွင်း ဇွဲရဲ့ လူတွေနဲ့ဆက်ဆံပုံတွေ အရမ်းပြောင်းလဲသွားပြီး အများအမြင်မှာ အရမ်းဖော်ရွေပြီး တက်ကြွတဲ့ မိန်းကလေးအနေနဲ့ ပြောင်းလဲသွားတာပါ။ အဓိကကတော့ ဇွဲက တစ်ဦးတည်းသောသမီးဖြစ်လို့ အချစ်ခံရတာ အသေးအဖွဲလေးကအစ ချီးကျူးခံရတာကို အရမ်းကြိုက်တယ်။ ကိုယ့်အတွက် ခွန်အားဖြစ်စေတယ်။ ဒီလို personality ပြောင်းလဲသွားရတဲ့ အဓိကအရာက SVT ဖြစ်တာမို့ ကိုယ့် idol တွေကို အရမ်းကျေးဇူးတင်ပါတယ်။ မေမေကပြောတယ် သမီးက အဲ့စိတ်နဲ့ပဲ တောင့်ခံနေနိုင်တာတဲ့။ ဇွဲအကြောင်း သေချာသိတဲ့သူတွေဆို အခုလို ရေခြားမြေခြားမှာ တစ်ယောက်တည်းနေနိုင်နေတာကို အံ့သြမိမှာပါပဲ။ အိမ်မှာဆို ထမင်းခူးပေးထားတာတောင် "မေမေ့ ဇွန်းရော"လို့ ပြောတဲ့သူမို့လိ့ပါ။ ထမင်းပွဲရှေ့ရောက်ကို ဇွန်းတပ်ပေးမထားရင် မေမေ့ကို စိတ်ဆိုးတတ်တဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်လို့ပါ။ ဒီနှစ်ထဲက ပထမဆုံး ကိုရီးယားလို ဝတ္ထုရေးခဲ့ရတာက ပီတိအဖြစ်ဆုံးပါ။ ဘာလို့လဲဆိုတော့ ဇွဲက ၄တန်းကတည်းက ကျောင်းမှာ ဗလာစာအုပ်နဲ့ ဝတ္ထုခိုးခိုးရေးခဲ့တာမို့ အခုလို လွတ်လွတ်လပ်လပ်ရေးလို့ရပြီး အစအဆုံးပြီးအောင် ရေးဖူးတာလည်း ပထမဆုံးပါ။ ၃၀ပြည့်ဖို့ ၃နှစ်အလိုမှာ Bucket List ထဲက တဝက်လောက်ပြည့်အောင်လုပ်နိုင်သွားတာမို့ အများကြီး ကြိုးစားချင်သေးတယ်။ ကြိုးစားမှုရဲ့ အရသာက ဘာနဲ့မှမလဲနိုင်အောင် ချိုမြိန်ပါတယ်။ ၂၇နှစ်အတွင်း နောင်တရတာရှိလားဆိုရင် ရည်းစားတစ်ခါမှ မထားခဲ့ဖူးတာလို့ တွေးဖူးတယ်။ ငယ်တုန်းမှာ တစ်ခါလောက်တော့ ရည်းစားထားကြည့်ခဲ့လိုက်ရမှာဆိုတော့ အတွေးလေးတော့ဝင်မိတယ်။ ဒါပေမယ့် အဲ့၂၇နှစ်မှာ ရည်းစားအစား ကိုရီးယားကို ဖက်တွယ်ပြီးပဲနေလာခဲ့ပြီး တကယ်အကောင်အထည်ဖော်လာနိုင်ခဲ့တာမို့ နောင်တလို့ပြောရအောင်ထိတော့ ဟုတ်မနေပြန်ဘူးရယ်။ တချို့က မေးကြတယ် ဘယ်လိုတောင် တစ်ယောက်တည်း နေနိုင်ခဲ့လဲပေါ့ အထီးမကျန်ဘူးလားပေါ့။ ဒါကတော့ နေဖူးတဲ့သူပဲသိမှာပါ။ ပန်းတိုင်အတွက် ကြိုးစားနေတဲ့အချိန်မှာ အိပ်လည်းဒီစိတ် သွားလည်းဒီစိတ် သူများတွေလို support လုပ်ပေးမယ့်သူလည်း မရှိခဲ့တာမို့ ၄ဆလောက် ပိုကြိုးစားခဲ့ရတယ်။ အရင်ကလည်းပြောဖူးပါတယ် ဇွဲက ကိုရီးယားစာကို self study လုပ်ခဲ့တာပါလို့။ အိမ်က support လုပ်ပေးခဲ့တဲ့ တစ်ခုတည်းသောအရာက Show Money ပြပေးတာပါပဲ။ ကျန်တာ ဇွဲလက်ဇွဲခြေချည်းပါပဲ။ ဒါ့ကြောင့် သူများတွေလို ရည်းစားလိုချင်တာတို့ အဖော်မဲ့တာတို့ အထီးကျန်တာတို့အစား idol နဲ့ ညားဖို့ပဲ လုံးပန်းနေခဲ့တာပါ😁။ ပင်ကိုယ်ကလည်း သူငယ်ချင်းက ဟိုမှာ အဆင်လို့ပြတောင် လှည့်မကြည့်တဲ့သူပါ။ ကိုယ့် idol လွဲပြီး ဘယ်ယောကျ်ားလေးကိုမှ စိတ်မဝင်စားတဲ့အထိ ရူးတာပါ။ ဒီစာဖတ်နေတဲ့အထဲမှာ ကိုရီးယားကို လာဖို့ ပြင်ဆင်နေတဲ့သူရှိရင် ဒါမှမဟုတ် တခြားနိုင်ငံ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ထွက်ဖို့ရည်ရွယ်ထားတဲ့သူတွေများပါခဲ့ရင် ကိုသွားမယ့်နိုင်ငံရဲ့ ဘာသာစကားကို ရအောင်လုပ်လာခဲ့ပါလို့ပဲ အကြံပေးချင်ပါတယ်။ သူများစကားကို နားမယောင်ပါနဲ့။ ကိုရီးယားတွေ အကျင့်မကောင်းဘူးတို့ ဘာတို့ဆိုတာ မဟုတ်ဘူးလို့တော့ မပြောချင်ပေမယ့် နေရာတိုင်းက အကောင်းအဆိုး ဒွန်တွဲနေတာပါ။ လူ့အောက်ကျို့လို့ လူပိမသေဘူးလို့ ဇွဲမေမေက အမြဲဆုံးမတယ်။ (ဒါပေမယ့်လည်း ဇွဲသူဌေးနဲ့တော့ ခဏခဏ စကားနိုင်လုတယ်ရယ် အမြဲကိုယ့်ကို လက်မြှောက်ပါတယ်။ သူ့ထက် စကားမွှတ်နေလို့ပါ။) ဒါ့ကြောင့် ဘာသာစကားကို perfect ဖြစ်အောင်သာ လုပ်ခဲ့ပါ။ ကျန်တာက ကိုယ့်စိတ် ထားတတ်တဲ့အပေါ်မှာပဲ မူတည်ပါတယ်။၁နှစ်ကြာသွားတဲ့ အချိန်မှာ မြန်မာပြည်ကို အရမ်းလွမ်းတယ် မိသားစုကိုလည်း လွမ်းပေမယ့် အခုထိတော့ တသက်လုံးနီးပါး ကိုရီးယားမှာပဲနေချင်နေသေးတယ်။ ကိုရီးယားကနေ ဇွဲဘဝရဲ့ သက်တမ်းတဝက်က ကိုရီးယားကို ဖက်တွယ်ပြီးနေလာတာဖြစ်လို့ ကိုရီးယားကို အရမ်းချစ်တာလည်းပါတယ်ရယ်။ ကဲ~~၂၀၂၄မှာ အရမ်းပင်ပမ်းသွားခဲ့ပြီ ဇွဲရေ။ အဓိက personality ပြောင်းလဲသွားတာကို အရမ်းပျော်မိတယ်။ နှစ်သစ်မှာလည်း ပျော်ရွှင်ဖို့အတွက် ကြိုးစားဖို့ ပြင်ဆင်ထားပါ။ လုပ်ချင်တဲ့အရာတွေကို လုပ်ခွင့်ပြုထားတဲ့ မေမေနဲ့ ဇွဲရဲ့ မိသားစုဝင်တွေကို ကျေးဇူးအရမ်းတင်ပါတယ်။ မိသားစုဝင်တွေကို ကျေးဇူးအများကြီးဆပ်ချင်သေးတာမို့ အသက်၁၀၀လောက်အထိတော့ နေပေးကြပါလို့ တောင်းဆိုချင်တယ်။ ရေခြားမြေခြားမှာ မိသားစုလို အဖော်ပြုပေးတဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဇွဲ ဘဝရဲ့ Headliner ဖြစ်တဲ့ ပျော်ရွှင်မှုတွေ အမြဲပေးတဲ့ SEVENTEEN ရဲ့အနားမှာ သက်ဆုံးတိုင် နေချင်ပါတယ်။

GOOD LUCK 2025😉
SEE YOU GUYS IN 2025 LOVE U ALL🫶😘

30/12/2024

SEE YOU GUYS IN 2025 LOVE U ALL🫶

နှလုံးသားရဲ့ ခံစားချက်တွေမှာ သက်တမ်းကုန်ဆုံးရက်သာရှိမယ်ဆိုရင် ရှင်သန်နေရခြင်းရဲ့ အဓိပ္ပါယ်ဟာ ပျောက်ဆုံးသွားမှာပါ🎵🎶
28/12/2024

27/12/2024

2024 Relationship Status‼️‼️

I don't need to move LOL🤭

Merry Christmas 🤶🎄❄️အားလုံးကျန်းမာပျော်ရွှင်ကြပါစေ❤️😍🫶
25/12/2024

Merry Christmas 🤶🎄❄️
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ❤️😍🫶

Final exam is over🥳🥳이번학기도 정말 재밌는 일이 많았고 공부하고 일하느라 너무 고생많았다 원희야!!!!이제 맘껏 쉬자🥰
20/12/2024

Final exam is over🥳🥳
이번학기도 정말 재밌는 일이 많았고 공부하고 일하느라 너무 고생많았다 원희야!!!!
이제 맘껏 쉬자🥰

It's snowing again❄️
16/12/2024

It's snowing again❄️

ဒီလို အချိန်ဆို ကိုယ့်ကိုယ်ကို social အရမ်းကောင်းတယ်လို့ ခံစားရတယ်🥰လွန်ခဲ့တဲ့ ၁လလောက်ကစပြီး ဆိုင်ကို မနက်တိုင်း ကောင်မလေ...
14/12/2024

ဒီလို အချိန်ဆို ကိုယ့်ကိုယ်ကို social အရမ်းကောင်းတယ်လို့ ခံစားရတယ်🥰
လွန်ခဲ့တဲ့ ၁လလောက်ကစပြီး ဆိုင်ကို မနက်တိုင်း ကောင်မလေး၂ယောက်လာပြီး မနက်စာစားကြတာရယ် ကိုယ်က ဖော်ဖော်ရွေရွေ နှုတ်ဆက်တော့ စကားစပ်မိပြီး သူ့အကြောင်းကိုယ့်အကြောင်းပြောရင်း ကိုယ့်ကိုခင်နေတာရယ်~~
သူတို့က မြန်မာမှာ သူငယ်ချင်းရှိတယ် သွားလည်ချင်တာကြာပြီတဲ့ အာ့ကြောင့် အခုလို မြန်မာလူမျိုးနဲ့တွေ့ရတာ အရမ်းဝမ်းသာတာပဲတဲ့🥰
ဒီအပတ်လည်း လာတော့ ကိုယ်နေမကောင်းဖြစ်နေတာသိပြီး အားပေးသွားကြတာရယ်~~
စိတ်ထဲ ပီတိတွေဖြစ်လို့~~
ကိုရီးယားရောက်ပြီးကာမှ ကိုယ့်အကျင့်စရိုက်က အကုန်ပြောင်းပြန်ဖြစ်သွားသလိုပဲ~~
လူတိုင်းကလည်း အရမ်းဖော်ရွေတာပဲလို့ ပြောကြတော့ တကယ် ဟုတ်ရဲ့လားလို့ သံသယဝင်မိတဲ့အထိပဲ~~
အစက ကိုရီးယားလူမျိုးတွေကို သိပ်သဘောမကျမိပေမယ့် အခုတော့ နေရာဒေသတိုင်းမှာ ကောင်းတဲ့သူရော ဆိုးတဲ့သူရော ရှိတာပဲလို့ သဘောပေါက်သွားတယ်🫶
မြန်မြန်နေကောင်းချင်ပြီ🤒

09/12/2024

BABYMONSTER // DRIP✨️❄️
Short Cover By Zwe

ကျောင်းခေါင်မိုးပေါ် မသွားတာ တပတ်လောက်ရှိပြီ နှင်းကျထားတာတွေက အခုထိမပျောက်ဘူး ခဲနေတုန်းပဲ❄️⛄️

07/12/2024

BABYMONSTER // DRIP ✨️✨️
Short Cover By Zwe

I really love this song❤️

SM Kwangya ကို သွားလည်ခဲ့တာ ၁နှစ်တောင် ပြည့်သွားရောပေါ🫶အခုတော့ စာတစ်ဖက် အလုပ်တစ်ဖက်နဲ့ ဘယ်မှမသွားနိုင်သေးဘူး🤧
06/12/2024

SM Kwangya ကို သွားလည်ခဲ့တာ ၁နှစ်တောင် ပြည့်သွားရောပေါ🫶
အခုတော့ စာတစ်ဖက် အလုပ်တစ်ဖက်နဲ့ ဘယ်မှမသွားနိုင်သေးဘူး🤧

05/12/2024

[Vlog] The First Snow in Korea
❄️⛄️

Final Exam is Coming🤧I'm so happy with thousands of presentations🙄
04/12/2024

Final Exam is Coming🤧
I'm so happy with thousands of presentations🙄

Address

안양로
Anyang

Alerts

Be the first to know and let us send you an email when Go Go Zwae Hnyoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category