Burmese Football News

ခယောင်းလမ်းကို  ပါးပါးနပ်နပ် လျှောက်လမ်းခြင်း သို့မဟုတ် တအာင်းတပ် TNLAနိုင်ငံတကာ ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာပြီး၊ ဘယ်...
09/09/2023

ခယောင်းလမ်းကို ပါးပါးနပ်နပ် လျှောက်လမ်းခြင်း သို့မဟုတ် တအာင်းတပ် TNLA
နိုင်ငံတကာ ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာပြီး၊ ဘယ်လို ဘယ်ပုံ ဖြေရှင်းနိုင်မလဲ ဆိုတာကို သက်ဆိုင်သူ အဖွဲ့အစည်းတွေထံ အကြံပြုနိုင်ဖို့ ကမ္ဘာ့နယ်ပယ် အသီးသီးက ကျွမ်းကျင်သူ ပညာရှင်တွေ စုစည်းဖွဲ့ထားတဲ့ ဘရပ်ဆဲလ်စ်မြို့ အခြေစိုက် International Crisis Group အဖွဲ့က မြန်မာနိုင်ငံ ပြည်တွင်းစစ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာ နောက်ထပ် တစ်စောင်ကို အခု ရက်ပိုင်းထဲမှာပဲ ထုတ်ပြန်လာပါတယ်။
ဒီတစ်ခေါက်မှာတော့ ရှမ်းပြည်မြောက်ပိုင်းမှာ တအာင်း လက်နက်ကိုင် TNLA တပ်က ထိန်းချုပ်နယ်မြေတွေ တိုးချဲ့ ရယူလာတဲ့ အပေါ် ဆန်းစစ်ထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တကျော့ပြန် စစ်အာဏာ သိမ်းခံရပြီးတဲ့နောက်ပိုင်း အခု ၂ နှစ်ကျော် ကာလ အချိန် အတိုင်းအတာ အတွင်းမှာ၊ ရှမ်းပြည်နယ်ထဲ ထိန်းချုပ်နယ်မြေတွေ တိုးချဲ့ပြီး အင်အားကြီးထွားအောင် လုပ်ဆောင်လာနိုင်ခဲ့တဲ့ TNLA တပ်ရဲ့ ဆုံးဖြတ် ဆောင်ရွက်မှုတွေကို “ခယောင်းလမ်းကို ပါးပါးနပ်နပ် လျှောက်လမ်းခြင်း” ဆိုပြီး ICG က ခေါင်းစဥ် ပေးထားပါတယ်။
ဒီ လုပ်ဆောင်ချက်ဟာ တခြား လူမျိုးစု လက်နက်ကိုင် အဖွဲ့တချို့ အပါအဝင်၊ ရှမ်းမြောက်ပိုင်းမှာ နေထိုင်ကြတဲ့ တအာင်းမဟုတ်တဲ့ တခြား လူမှု အသိုင်းအဝိုင်းတွေနဲ့ကြားမှာပါ တင်းမာမှုတွေ ပေါ်ပေါက်လာစေတယ် ဆိုပြီး ICG က ထောက်ပြ ထားပါတယ်။
TNLA ရဲ့ တအာင်းနယ်မြေကို ဘယ်လို အဆင့်ထိ ထူထောင်ဖို့ နိုင်ငံရေးရည်မှန်းချက် ချမှတ်ထားလဲ ... တအာင်းမဟုတ်တဲ့ တခြား မျိုးနွယ်စုတွေရဲ့ သဘောထားကရော ဘယ်လို ရှိနေလဲ ... စတာတွေအကြောင်း သမိုင်းနဲ့ချီ လေ့လာဆန်းစစ်ရင်းမှာပဲ .... နိုင်ငံတဝန်း ပေါ်ပေါက်နေတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လက်နက်ကိုင် တော်လှန်ရေးနဲ့ရော ရှမ်းမြောက် အခြေအနေတွေဟာ ဘယ်လို ဆက်စပ်မှုတွေ ရှိနေလဲ ဆိုတာကိုပါ တပါတည်း သုံးသပ်သွားဖို့ ရှိပါတယ်။
ဒီတစ်ပတ်မှာတော့ ... အခု အစီရင်ခံစာကို အဓိကရေးသားတဲ့ ခရိုက်စစ်ဂရုပ်ရဲ့ မြန်မာအရေး အကြီးတန်း အကြံပေး သောမတ်စ် ကီးန်ရဲ့ ပြောဆို ရှင်းပြချက်တွေကို အဓိက နားဆင်ရဖို့ ရှိသလို၊ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော် ဘီဘီစီကို ဖြေဆိုထားတာတွေကိုလည်း ကြားကြရမှာ ဖြစ်ပါတယ်။
ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားတာကို စက်တင်ဘာလ ၉ ရက်၊ စနေည၊ မြန်မာစံတော်ချိန် ည ၈ နာရီမှာ ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ် စာမျက်နှာနဲ့ ည ၈ နာရီခွဲ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျုချန်နယ်တို့ကနေ ထုတ်လွှင့်ပေးမှာမို့ စောင့်မျှော် ကြည့်ရှုနိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

ပြိုင်ပွဲဝင်အမှတ်စဥ်(၁၈) Saw Daung Paing Hea (ကြာအင်းဆိပ်ကြီး)-----------------ကရင်သတင်းဌာန(KIC)၏ ၂၆နှစ်ပြည့် နှစ်ပတ်လည်...
04/09/2023

ပြိုင်ပွဲဝင်အမှတ်စဥ်(၁၈) Saw Daung Paing Hea (ကြာအင်းဆိပ်ကြီး)
-----------------
ကရင်သတင်းဌာန(KIC)၏ ၂၆နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်
“ကရင်ရိုးရာဓလေ့ လူနေမှုဘ၀” အလှဓာတ်ပုံပြိုင်ပွဲ
==========
ပြိုင်ပွဲ ရည်ရွယ်ချက်
၁။ ကရင်လူမျိုးတို့၏ ရိုးရာဓလေ့နှင့် လူနေမှုဘ၀ကို ဖော်ထုတ်ခြင်းအားဖြင့် ကရင်တို့၏ ရိုးရာဓလေ့၊ ယဉ်ကျေးမှုနှင့် ရိုးရှင်းသောလူမှုဘ၀ကို လေးစားတန်ဘိုးထားကြောင်း ပြသနိုင်စေရန်
၂။ ကရင်သတင်းဌာန(KIC)၏ အသင်းဝင်အစီအစဥ်(Membership Program)တွင် အသင်းဝင်များ တိုးလာရန်
၃။ အသင်းဝင်များ တိုးများလာခြင်းဖြင့် KIC ရေရှည် ရပ်တည်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးပေးရန်
အဆိုပါဓာတ်ပုံပြိုင်ပွဲကို အွန်လိုင်းအယ်လ်ဘမ်ပုံစံဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး Facebook Like, Love, Care ပထမ အများဆုံးမှ တတိယ အများဆုံးအထိ အွန်လိုင်းပရိဿတ်များထံမှ ရရှိသည့် မဲအရေအတွက်အပေါ် အခြေခံ၍ ဆုရှင်ကို ရွေးချယ်သွားမည်ဖြစ်သည်။
ဓာတ်ပုံပြိုင်ပွဲတွင် ချီးမြှင့်မည့်ဆုနှင့် ဆုကြေးများမှာ -
Facebook Like, Love, Care အများဆုံး ပထမဆု (ဆုကြေး - ထိုင်းဘတ်ငွေ ၁၀,၀၀၀) Sponsored by Saw Sine (USA)
Facebook Like, Love, Care ဒုတိယအများဆုံး ဒုတိယဆု (ဆုကြေး - ထိုင်းဘတ်ငွေ ၇,၀၀၀)Sponsored by Ayeyarwaddy Delta Karen (South Korea) https://bit.ly/3E9NKGG
Facebook Like, Love, Care တတိယအများဆုံး တတိယဆု (ဆုကြေး - ထိုင်းဘတ်ငွေ ၅,၀၀၀) Sponsored by Karen Swedish Community https://bit.ly/3Pcqk9V
ပြိုင်ပွဲအချိန်ကာလနှင့် ပြိုင်ပွဲဝင်ဓာတ်ပုံ ပေးပို့ရမည့်ပုံစံ
————————————
ပြိုင်ပွဲကာလ - သြဂုတ်လ (၃၀)ရက်နေ့မှ စက်တင်ဘာလ (၂၀)ရက်နေ့အထိ
မိမိဓာတ်ပုံ (၁)ပုံနှင့်အတူ အမည်၊ နေထိုင်ရာမြို့တို့ကို Karen Information Center – KIC Facebook Messenger သို့ တိုက်ရိုက် ပေးပို့ရပါမည်။
ဆုရရှိသူများကို စက်တင်ဘာလ (၂၀)ရက်၊ ညပိုင်းတွင် ရွေးချယ်ကာ ပြန်လည် အသိပေးသွားမည်ဖြစ်သည်။
ပြိုင်ပွဲစည်းကမ်းများ
၁။ ကရင်ရိုးရာဝတ်ဆင်မှု (သို့မဟုတ်) ကရင့်ဓလေ့ရိုးရာများကို ထင်ဟပ်စေရန် ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ရမည်။
၂။ မည်သည့်ဓာတ်ပုံပြိုင်ပွဲတွင်မှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ဖူးသော ဓာတ်ပုံ မဖြစ်စေရ။
၃။ အလင်းရောင်နှင့် အရည်အသွေး ကြည်လင်ကောင်းမွန်စွာ ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ရမည်။
၄။ ပြိုင်ပွဲဝင်သူအနေဖြင့် လူမျိုးမရွေး၊ အသက်အရွယ်မရွေး ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
၅။ ပြိုင်ပွဲဝင်သူများကို KIC Member အဖြစ် ကနဦး တစ်လစာ ပါဝင်ခွင့်ပြုပါမည်။
၆။ ပြိုင်ပွဲဝင်ကြေးအဖြစ် - ၁၀,၀၀၀ကျပ် သို့မဟုတ် ဘတ် ၁၀၀ သို့မဟုတ် ၅ ဒေါ်လာ သတ်မှတ်သည်။
၇။ ဆုများကို KIC က ရွေးချယ်ပြီး KIC ၂၆နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ချီးမြှင့်သွားမည်။

မိုးလေကင်းစင်နေသော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဝါခေါင်လပြည့်နေ့ညခင်း ဖူးမြင်ရသော မြင်ကွင်းလေးပါCredit @ ဆရာ...
01/09/2023

မိုးလေကင်းစင်နေသော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဝါခေါင်လပြည့်နေ့ညခင်း ဖူးမြင်ရသော မြင်ကွင်းလေးပါ
Credit @ ဆရာတော်ဦးနန္ဒသာမိ

ယူကရိန်း လေ့ကျင့်ရေးလေယာဉ် ၂ စင်း တိုက်မိပြီး လေယာဉ်မှူး ၃ ဦး သေဆုံး DVBယူကရိန်းနိုင်ငံမြို့တော်ကိဗ်ရဲ့ အနောက်ဘက်ဒေသမှာ ...
29/08/2023

ယူကရိန်း လေ့ကျင့်ရေးလေယာဉ် ၂ စင်း တိုက်မိပြီး လေယာဉ်မှူး ၃ ဦး သေဆုံး
DVB
ယူကရိန်းနိုင်ငံမြို့တော်ကိဗ်ရဲ့ အနောက်ဘက်ဒေသမှာ L-39 လေ့ကျင့်ရေးလေယာဉ် ၂ စင်း တိုက်မိခဲ့ပြီး လေယာဉ်မှူး ၃ ဦး သေဆုံးခဲ့တယ်လို့ သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက သြဂုတ် ၂၆ ရက်မှာ အတည်ပြုပါတယ်။
https://burmese.dvb.no/archives/612059
#နိုင်ငံတကာသတင်း #လေ့ကျင့်ရေးလေယာဉ် #တိုက်မိ #ယူကရိန်း

အရုဏ်လင်းလက်အရှေ့ဘက်မှာရောင်နီဖြာပေါ့ကောင်းစွာနိုးထကြိုနိုင်ကြပါစေ.....
25/08/2023

အရုဏ်လင်းလက်
အရှေ့ဘက်မှာ
ရောင်နီဖြာပေါ့
ကောင်းစွာနိုးထ
ကြိုနိုင်ကြပါစေ.....

NUG၊ PDF နဲ့ ဆွေးနွေးရေးကိစ္စ စစ်ကောင်စီဘာပြောလဲတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားနိုင်ဖို့ အချက် နှစ်ချက်ကို စစ်ကောင...
23/08/2023

NUG၊ PDF နဲ့ ဆွေးနွေးရေးကိစ္စ စစ်ကောင်စီဘာပြောလဲ
တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားနိုင်ဖို့ အချက် နှစ်ချက်ကို စစ်ကောင်စီက ပြောခဲ့ပေမဲ့ NUG နဲ့ PDF ဘက်က မလိုက်လျောနိုင်မယ့် စကားလုံးမျိုးကို ရွေးချယ်သွားတယ် လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ဒီသတင်းအပြည့်အစုံအပါအဝင် သြဂုတ် ၂၂ ရက် ထိပ်တန်းသတင်းများ
https://www.bbc.com/burmese/articles/clez427d070o
#ဘီဘီစီမြန်မာပိုင်း #စစ်ကောင်စီ
ပုံစာ - PDF တပ်ဖွဲ့ဝင်တချို့
ဓာတ်ပုံ - Getty Images

ခါးပတ်ပွဲဆိုတော့ ခါးပတ်ယူရချင်တာပေါ့-ထွန်းမင်းအောင် ခါးပတ်ပွဲဆိုတော့ ခါးပတ်ယူရချင်တာပေါ့၊နိုင်ငံခြားသားဆိုတော့လည်း အလဲထိ...
22/08/2023

ခါးပတ်ပွဲဆိုတော့ ခါးပတ်ယူရချင်တာပေါ့-ထွန်းမင်းအောင်
ခါးပတ်ပွဲဆိုတော့ ခါးပတ်ယူရချင်တာပေါ့၊
နိုင်ငံခြားသားဆိုတော့လည်း အလဲထိုး အနိုင်ယူချင်ခဲ့ပေမဲ့
ကံကြမ္မာက ကျွန်တော့်ကို မျက်နှာသာမပေးတော့ သရေနဲ့ပဲကျေနပ်လိုက်ရတယ်
🔴 ကြော်ငြာကဏ္ဍ 🔴
"ဘောလုံးဝါသနာရှင်တွေအတွက်မင်မင်တို့ဆီ မှာ နိုင်ငံတကာဘောလုံးပွဲစဥ်တွေကို တိုက်ရိုက်ကြည့်ပြီး စိတ်ကြိုက်လောင်းလို့ရပါတယ်နော် 😮
🏆 ဘောဒီချမလား မောင်းလောင်းမလား ?
🏆 ဂိုးပေါ် ဂိုးအောက်ကိုဘဲ သီးသန့်လောင်းမလား?
🏆 ပထမပိုင်းရလဒ်နဲ့ ဒုတိယပိုင်းရလဒ်တွေကို ခွဲလောင်းမလား?
🏆 ဂိုးအရေအတွက် အတိအကျလောင်းမလား?
ပွဲစဥ်တစ်ခုကို အသေးစိတ်ကအစ လောင်းလို့ရလို့ အပိုင်တွက်ထားတဲ့ ပွဲစဥ်တွေရှိရင် Club388အွန်လိုင်းဂိမ်းမှာ အကောင့်ဖွင့်ပြီး ကိုယ်တိုင်လောင်းလိုက်တော့နော် ⚽🥰
ဆက်သွယ်ရန်📞📞📞""""""""
👇👇👇
""""""""အသေးစိတ်သိရှိလိုပါက

ရွှေစျေးနှင့်ဒေါ်လာစျေးနှုန်း ကျဆင်းရေး  တိုက်ပွဲဝင်မည့် Task Force ဖွဲ့စည်း ပြီး စသုံးလုံးက ဦးဆောင်မည်ဟု အကြမ်းဖက်စစ်ကေ...
21/08/2023

ရွှေစျေးနှင့်ဒေါ်လာစျေးနှုန်း ကျဆင်းရေး တိုက်ပွဲဝင်မည့် Task Force ဖွဲ့စည်း ပြီး စသုံးလုံးက ဦးဆောင်မည်ဟု အကြမ်းဖက်စစ်ကောင်စီက သွေးရူး သွေး တန်း ဆိုပြန်
ရန်ကုန်၊ ဩဂုတ် ၂၁
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ရွှေစျေးနှင့်ဒေါ်လာစျေးနှုန်း ကျဆင်းရေး တိုက်ပွဲဝင်မည့် Task Force ဖွဲ့စည်းပြီး အထူးစုံစမ်းစစ်ရေးဦးစီးဌာန(စသုံးလုံး) က ဦးဆောင်မည်ဟု အကြမ်းဖက်စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှု ဗဟို ကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နိုင်စိုးက သွေးရူးသွေးတန်း ပြောဆိုလိုက်သည်။
နေပြည်တော်တွင် ဩဂုတ်လ ၁၉ ရက်နေ့ ကျင်းပသည့် စီးပွားရေးလုပ်ငန်းရှင် များ နှင့် စစ်ကောင်စီဗဟိုဘဏ်တို့ တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြော ဆိုခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်က ရရှိထားသော အစည်းအဝေး မှတ်တမ်းအရ သိရှိရသည်။
လက်ရှိတွင် ပြည်တွင်းစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၀၀၀ ကျပ်ဝန်းကျင်အထိဖြစ်ပေါ်လာပြီး ရွှေစျေးနှုန်းများ မြင့်တက်လာမှုသည် အခြေအမြစ်မရှိဘဲ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ထိရောက်စွာ ကိုင်တွယ်နိုင်ရေး Task Force ဖွဲ့စည်းလိုက်ပြီး စသုံးလုံးက ဦးဆောင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြည်တွင်းတွင် ဒေါ်လာစျေးကိစ္စ မစိုးရိမ်ကြရန်နှင့် အချိန်တန်လျှင် ပြန်လည် ကျဆင်းသွားမည်ဖြစ်ကြောင်း၊ ဒေါ်လာစျေးသည် တက်စရာ အကြောင်းမရှိဘဲ တက်နေခြင်းဖြစ်ကြောင်း၊ ရွှေစျေးနှုန်းသည်လည်း ထိုနည်းအတူပင်ဖြစ် ကြောင်း၊ စစ်ကောင်စီက Task Force ဖွဲ့စည်းလိုက်ပြီး စသုံးလုံးက ဦးဆောင် မည် ဖြစ်ကြောင်း ဗိုလ်ချုပ်ရန်နိုင်စိုးက ဆိုသည်။
ဗိုလ်ချုပ်ရန်နောင်စိုးက ဒေါ်လာ စျေးတက်နေရသည့် အကြောင်းအရင်း များဖြစ်သည့် MFTB နှင့် MICB တို့ကို အမေရိကန်စီးပွားရေးပိတ်ဆို့လိုက်မှု၊ စင်ကာပူ UOB ဘဏ်က မြန်မာစီးပွားရေးသမားများနှင့် စစ်ကောင်စီ၏ ဘဏ်ငွေစာရင်းများကို ပိတ်ပင်လိုက်မှု၊ နှစ်သောင်းတန်များ လစာ စတင်ပေး တော့မည့် အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်တပ်ပိုင် ဘဏ်နှစ်ခု၏ ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းတို့ကို ထိန်းချုပ်လိုက်မှု စသည့် အကြောင်း အရင်းများကို မသိကျိုးကျွံ့ပြုပြီး ဒေါ်လာစျေးသည် အခြေအမြစ်မရှိဘဲ တက် နေသည်ဟု မျက်စိပိတ်နားပိတ် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေး သမားများက ဝေဖန်ကြသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန် ယူ၊မယူ စစ်ကောင်စီဘာပြောလဲ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံက လက်ခံဖို့ ...
18/08/2023

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန် ယူ၊မယူ စစ်ကောင်စီဘာပြောလဲ
၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံက လက်ခံဖို့ အသင့်မဖြစ်သေးဘူးဆိုတဲ့ သတင်းတွေအပေါ် စစ်ကောင်စီဘက်က ငြင်းချက်ထုတ်လိုက်ပြီး စဉ်းစားနေဆဲ အဆင့်မှာပဲ ရှိသေးတယ် လို့ ဆိုပါတယ်။
ဒီသတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘယ်လိုတုံ့ပြန်ပါသလဲ။
ဒီသတင်းအပြည့်အစုံအပါအဝင် သြဂုတ် ၁၇ ရက် ထိပ်တန်းရောက် ဘီဘီစီ သတင်းများ
https://www.bbc.com/burmese/articles/cjjz3vp207yo
#ဘီဘီစီမြန်မာပိုင်း #အာဆီယံ #အလှည့်ကျဥက္ကဋ္ဌ #စစ်ကောင်စီ
ပုံစာ - မြန်မာကိုယ်စားပြု ထိုင်ခုံလွတ်နေတဲ့ အာဆီယံ အစည်းအဝေး တစ်ခု

"ဗေဒါပျံ အံကိုခဲပန်းပန်လျက်ပဲ"
17/08/2023

"ဗေဒါပျံ အံကိုခဲ
ပန်းပန်လျက်ပဲ"

ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဖမ်းဆီးခံရ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကို စစ်ကောင်စီတပ်က နေ့လယ်ပိုင်းက စစ်...
16/08/2023

ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဖမ်းဆီးခံရ
ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကို စစ်ကောင်စီတပ်က နေ့လယ်ပိုင်းက စစ်တွေမြို့မှာရှိတဲ့ ကွန်ရက်ရုံးမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါ်ညိုအေးဟာ အမျိုးသမီးရေးရာကိစ္စရပ်တွေ၊ လူ့အခွင်အရေးဆိုင်ရာကိစ္စရပ်တွေအပြင် လူမှုကူညီရေးလုပ်ငန်းတွေမှာလည်း အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။
စစ်ကောင်စီက ဒေါ်ညိုအေးကို ဘာကြောင့် ဖမ်းဆီးတာပါလဲ။ ဒီသတင်းအပြည့်အစုံအပြင် သြဂုတ်လ ၁၅ ရက် ထိပ်တန်းသတင်းများ စုစည်းချက်
https://www.bbc.com/burmese/articles/cn4gv3r6q3mo
ဓာတ်ပုံ - DMG
#ဘီဘီစီမြန်မာပိုင်း #မြန်မာ #စစ်တပ် #ရခိုင် #ဒေါ်ညိုအေး #အမျိုးသမီးကွန်ရက်

Full TimeMyanmar U23 (0-1) Kuwait U23 (Salman Al Wadhi   90+5')
15/08/2023

Full Time
Myanmar U23 (0-1) Kuwait U23
(Salman Al Wadhi 90+5')

14/08/2023
မြန်မာ 🇲🇲(၁) vs (၅)🇨🇿 ချက် (ဆီမီးဖိုင်နယ်)Continental Futsal Championship 2023 🇹🇭  🇲🇲
12/08/2023

မြန်မာ 🇲🇲(၁) vs (၅)🇨🇿 ချက် (ဆီမီးဖိုင်နယ်)
Continental Futsal Championship 2023 🇹🇭
🇲🇲

ဒေါ်အောင်ဆန်းစုကြည်ထံမှ PDF နှင့် NUG ကို မထောက်ခံပါဆိုသော စကား ရပ် ၊ တည်ငြိမ်ရေးအတွက် စစ်တပ်နှင့် ပူးပေါင်း ဆောင်ရွက်ပါ...
11/08/2023

ဒေါ်အောင်ဆန်းစုကြည်ထံမှ PDF နှင့် NUG ကို မထောက်ခံပါဆိုသော စကား ရပ် ၊ တည်ငြိမ်ရေးအတွက် စစ်တပ်နှင့် ပူးပေါင်း ဆောင်ရွက်ပါမည်ဆိုသော ကတိရရှိရေး စစ်ကောင်စီက ကြိုးပမ်းခဲ့သော်လည်း အရာ မထင်
ရန်ကုန်၊ ‌ဩဂုတ် ၁၁
အကြမ်းဖက် စစ်ကောင်စီက လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ PDF နှင့် NUG ကို မထောက်ခံပါဆိုသော စကားနှင့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် စစ်တပ်နှင့်ပူးပေါင်း ဆောင်ရွက် ပါ မည်ဆိုသော ကတိပြုမှု ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း အရာ မထင်ခဲ့ကြောင်း နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။
ဇူလိုင်လ ၉ ရက်နေ့ စစ်တပ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့် တွေ့ဆုံခွင့်ပြုခဲ့စဉ် တိုင်းပြည်ငြိမ်းချမ်းရေးနှင့် တည် ငြိမ် ရေးအတွက် စစ်တပ်နှင့် ပြန်လည် ပူးပေါင်းဆောင်ရွက်ပါမည်ဆိုသော ကတိပြုမှု၊ PDF နှင့် NUG ကို လုံး၀ မထောက်ခံပါဆိုသော စကားကို ရရှိရန် ကြိုးစားခဲ့ကြောင်း၊ သို့ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက် တစ်စုံတစ်ရာ မပေးဘဲ တိတ်ဆိတ်နေခဲ့ကြောင်း သိရှိရသည်။
" ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်အတွက် တပ်မတော်နဲ့အတူ ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုတဲ့ Commitment ဒီဘက်က လိုချင်တယ်။ နောက်တစ်ခါ PDF နဲ့ NUG ကို ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံ ပါဘူးဆိုတဲ့ စကားမျိုးကို ပြောပေးဖို့ ဒီဘက်ကလိုလားတယ်။ အဲဒီနှစ်ခုရရှိဖို့ အမျိုးမျိုး နည်းလမ်းတွေနဲ့ ကြိုးစားခဲ့ ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘာမှ မှတ်ချက်မပေးခဲ့ဘူးလို့ သိရတယ်။ အခုအချိန်အထိ ဒေါ်အောင်ဆန်း စုကြည်က နေပြည်တော် အကျဉ်းထောင်ထဲမှာ ရှိနေပါတယ်" ဟု နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။
ဇူလိုင်လအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဒုဝန်ကြီးအဆင့်နေအိမ်သို့ ရွှေ့ပြောင်းလိုက်ပြီဟုလည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံ ဆွေး နွေးရန် အဆင်သင့်ရှိနေပြီဟုလည်းကောင်း ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းသတင်းများကို စစ်အုပ်စုဘက်က ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်ခဲ့ပုံရသည်ဟု စစ်ဘက် သတင်းရင်းမြစ်က ဆိုသည်။
"အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်က PDF နဲ့ NUG ကို မထောက်ခံပါ ဘူးဆိုတဲ့ သဘောမျိုးပြောလာတာ၊ အားလုံး တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် ရေး ပေါင်းလုပ်ကြပါစို့ ဆိုတာမျိုး ပြောရင် တပ်ဘက်ကနေ ချက်ချင်း နေအိမ် အကျယ်ချုပ်ပြောင်းတာ၊ သူတို့အပေါ်စီးကနေ ယူပြီး ဆွေးနွေးမယ့် လမ်း ကြောင်း ဖွင့်တာမျိုး လုပ်မယ့်ဟာမျိုးတွေ ကြောင့် ဒီသတင်းတွေကို ထုတ်ခဲ့ တာလို့ သုံးသပ်လို့ရတယ်။ အခြားတစ်ဖက်မှာလည်း NUG နဲ့ PDF ထဲကို ကြီး ကြီး မားမား ပြိုကွဲအောင် ဒီသတင်းတွေကို ထုတ်ခဲ့တာမျိုးပဲ။ ဒေါ်အောင်ဆန်း စုကြည်ဘက်က ဘာကိုမှ မှတ်ချက် မပေး တော့ သူတို့ဘက်မှာ လုပ်ရကိုင်ရ ကျပ်ပြီး ထောင်ဒဏ်တွေ လျှော့ပေးပါတယ်ဆိုတာမျိုးနဲ့ အဆုံး သတ်သွား တာလို့ သုံးသပ်လို့ရတယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။
သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်နှင့်တွေ့ဆုံစဉ် PDF နှင့် NUG ကို မထောက်ခံ ပါဘူးဟု ပြောဆိုသည်ဆိုသော သတင်းအမှားများကို ဝါဒဖြန့် လက်ကမ်း စာစောင် များအဖြစ် သန်းချီ ရိုက်နှိပ်၍ ပြည်သူလူထုအတွင်းသို့ ဖြန့်ဝေ ဝါဒဖြန်ခဲ့သည်။

ယိုးဒယားပစ္စည်းတွေ ဈေးတွေတော့ တက်ကုန်တော့မယ်
10/08/2023

ယိုးဒယားပစ္စည်းတွေ ဈေးတွေတော့ တက်ကုန်တော့မယ်

 #မပြည့်စုံခြင်းကို မုန်းတယ်သို့ပေမယ့် စုံလင်ခဲ့ဖူးတဲ့မိသားစု ထမင်းဝိုင်းလေးကိုတော့လွမ်းမိတယ်..... 🌳🌳🌳🏡🏡🏡🏡🏡
09/08/2023

#မပြည့်စုံခြင်းကို မုန်းတယ်
သို့ပေမယ့် စုံလင်ခဲ့ဖူးတဲ့
မိသားစု ထမင်းဝိုင်းလေးကိုတော့
လွမ်းမိတယ်..... 🌳🌳🌳🏡🏡🏡🏡🏡

မုန်တိုင်းကြီးပြီးသွားရင်လေပြေလေညှင်းလေးတွေလာမယ်ဆိုတာကြိုသိလို့ စောင့်နှင့်နေခဲ့တာကြာသွားခဲ့ပေသည့် အခုရောက်ပြီလေလေညှင်းလ...
08/08/2023

မုန်တိုင်းကြီးပြီးသွားရင်
လေပြေလေညှင်းလေးတွေလာမယ်ဆိုတာ
ကြိုသိလို့ စောင့်နှင့်နေခဲ့တာ
ကြာသွားခဲ့ပေသည့် အခုရောက်ပြီလေ
လေညှင်းလေးက မောင်များလား☔️👩‍❤️‍👨

၂၀၂၃ သြဂုတ်လ ၇ ရက် တနင်္လာနေ့ (ယနေ့) ဖြစ်ပေါ်နေသော ကမ္ဘာ့ရွှေဈေး ၊မြန်မာ့ ရွှေဈေး ၊ ဒေါ်လာဈေး ၊ စက်သုံးဆီဈေးနှင့် ပြည်တွ...
07/08/2023

၂၀၂၃ သြဂုတ်လ ၇ ရက် တနင်္လာနေ့ (ယနေ့) ဖြစ်ပေါ်နေသော ကမ္ဘာ့ရွှေဈေး ၊မြန်မာ့ ရွှေဈေး ၊ ဒေါ်လာဈေး ၊ စက်သုံးဆီဈေးနှင့် ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းထားများ…

◼️လက်ရှိ ဒီမိုကရေစီအစိုးရလက်ထက်မှာ သဘောထားပြောင်းလဲခြင်းဖြစ်ဩဂုတ် ၅ ရက် ||| နွေဦးအသံ |||အာဆီယံအဖွဲ့ဟာ စစ်အာဏာရှင်နိုင်ငံ...
05/08/2023

◼️လက်ရှိ ဒီမိုကရေစီအစိုးရလက်ထက်မှာ သဘောထားပြောင်းလဲခြင်းဖြစ်
ဩဂုတ် ၅ ရက် ||| နွေဦးအသံ |||
အာဆီယံအဖွဲ့ဟာ စစ်အာဏာရှင်နိုင်ငံတွေကို ထိန်းချုပ်ဖို့တောင် မတတ်နိုင်တာကြောင့် တီမောလစ်စတေနိုင်ငံက အာဆီယံအဖွဲ့ကို ဝင်ရောက်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် ဇာနာနာ ဂတ်စ်မို က ဩဂုတ် ၄ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
"တီမောလစ်စတေနိုင်ငံဟာ အာဆီယံကိုဝင်ရောက်ဖို့ရှိခဲ့ပေမဲ့ ကျနော် ဝန်ကြီးချုပ်အဖြစ်ရှိနေတဲ့အချိန်မှာ စစ်အာဏာရှင်တွေကို ထိန်းချုပ်ဖို့တောင် မတတ်နိုင်တဲ့ အဖွဲ့လိုဟာမျိုးကို ကျနော်တို့လို ဒီမိုကရေစီနိုင်ငံအနေနဲ့ ဘယ်လို ဝင်ရောက်လို့ဖြစ်မှာလဲ"လို့ ဝန်ကြီးချုပ် ဇာနာနာ ဂတ်စ်မို က ဆိုပါတယ်။
တီမောလစ်စတေနိုင်ငံဟာ ဒီမိုကရေစီစံနှုန်းတွေကို အမြင့်ဆုံး ကိုင်ဆွဲထားပြီး ဒီမိုကရေစနစ်ကို လေးစားလိုက်နာတဲ့ နိုင်ငံဖြစ်တာကြောင့် အာဏာရှင်စနစ်ကို လက်မခံဘူးလို့ တီမောနိုင်ငံ သမ္မတ ဂျို့စ်ရာမို့စ်ဟော်တာ နဲ့ အစည်းအဝေးအတွင်းမှာ ဝန်ကြီးချုပ် ဇာနာနာဂတ်စ်မိုက ဆွေးနွေးပြောကြားခဲ့တာပါ။
"ကျနော်တို့ နိုင်ငံဟာ အာဏာရှင်ဆိုတာကို လက်မခံဘူး။ တရားနည်းလမ်းကျ ရွေးကောက်တင်မြှောက်ခြင်းကိုသာ လေးစားတယ်၊ ကျနော်တို့ရဲ့ စိတ်နှလုံးထဲမှာ ဒီမိုကရေစီယဉ်ကျေးမှုကို အမြင့်ဆုံး ဆုပ်ကိုင်ထားတယ်။ ကျနော်တို့က တိုက်ခိုက်တာတွေ၊ အချင်းချင်းသတ်ဖြတ်တာတွေ လုပ်မှာ မဟုတ်ဘူး"လို့ ဝန်ကြီးချုပ် ဇာနာနာ ဂတ်စ်မို က ပြောပါတယ်။
တီမောလစ်စတေနိုင်ငံဟာ အာဆီယံကို ဝင်ရောက်ဖို့အတွက် ၂၀၁၁ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ မူအားဖြင့် သဘောတူညီမှုရရှိထားတဲ့နိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။
သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။
©The Voice of Spring



✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

❝ကျွန်မခင်ပွန်း၏ လျှို့ဝှက်ချက်❞• Htv Channel နဲ့ Hey Play App မှာ အပတ်စဉ်စနေနေ့နှင့်တနင်္ဂနွေနေ့ (ည- ၇း၀၀ နာရီ ) မှာ ကြ...
04/08/2023

❝ကျွန်မခင်ပွန်း၏ လျှို့ဝှက်ချက်❞
• Htv Channel နဲ့ Hey Play App မှာ အပတ်စဉ်စနေနေ့နှင့်တနင်္ဂနွေနေ့ (ည- ၇း၀၀ နာရီ ) မှာ ကြည့်ရှုလို့ရနေပါပြီ ရှင် •

အတိုင်းမသိဝမ်းသာမိပါသည်    ကျွန်တော်အကြိုက်ဆုံ အဆိုတော်ကြီးအခုတော့ ပြန်ဆုံရပြီ
03/08/2023

အတိုင်းမသိဝမ်းသာမိပါသည် ကျွန်တော်အကြိုက်ဆုံ အဆိုတော်ကြီးအခုတော့ ပြန်ဆုံရပြီ

မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်ဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်လှသောနေ့တစ်နေ့ဖြစ်၍ အဆိုပါနေ့ထူးနေ့မြတ် “ဝါဆိုလပ...
01/08/2023

မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်လှသောနေ့တစ်နေ့ဖြစ်၍ အဆိုပါ
နေ့ထူးနေ့မြတ် “ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့”တွင်
ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ဓမ္မစကြာတရားတော်များကို
ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ကုသိုလ်ယူကြကုန်သည်....🙏🙏🙏

#ဝါဆိုလပြည့်နေ့

မေ​မေtre "အချစ်ရဲ့ရလဒ်" ကို ဆိုရင်းတီး​နေစဥ်..🥴BGL ​ဖေပူး- ​    နေပါဦး...ညည်း က ကျုပ်သီချင်း​တွေအကုန် ပြန်ဆိုမယ် စိတ်ကူ...
31/07/2023

မေ​မေtre "အချစ်ရဲ့ရလဒ်" ကို ဆိုရင်းတီး​နေစဥ်..
🥴BGL ​ဖေပူး- ​ နေပါဦး...ညည်း က ကျုပ်သီချင်း​တွေအကုန် ပြန်ဆိုမယ် စိတ်ကူးထားတာလား???
​😎မေ​မေtre - yes.. ..cover​တွေ စိတ်ကြိုက်ပြန်ဆိုဖို့ ပလူးတာဘုဂလန့် ​ဖေ့ ကို ယူထားရတာပါလို့😜😬😅
ဒါပဲ ဂွပ်☎️
PS.. အမှန် BGLကြီးက ပြုံးဖြီး​နေတာပါ​နော်..
သူ့မိန်းမ jellyတုန်းကြီး တ​နေ့တ​နေ့ you tubeနဲ့မအား​နေ​တော့ စိတ်ကျစရာ အချိန်မရှိ​တော့လို့​လေ..
လင့်ခ့်​လေးက ထုံးစံအတိုင်း😘🤟✌️
(ပုံ​လေးက​တော့ သူ့showကို လိုက်ကြည့်ခဲ့တုန်းက ​🥺 i miss those time..)

ဗီယက်နမ်ထိပ်တန်းအရာရှိတွေအပါအဝင် လူ ၅၀ ကျော်ထောင်ဒဏ်တွေချမှတ်ခံရ ဗီယက်နမ်မှာ ဝန်ကြီးဟောင်းတစ်ဦးနဲ့ ထိပ်တန်းအရာရှိတွေအပါအ...
30/07/2023

ဗီယက်နမ်ထိပ်တန်းအရာရှိတွေအပါအဝင် လူ ၅၀ ကျော်ထောင်ဒဏ်တွေချမှတ်ခံရ
ဗီယက်နမ်မှာ ဝန်ကြီးဟောင်းတစ်ဦးနဲ့ ထိပ်တန်းအရာရှိတွေအပါအဝင် လူပေါင်း ၅၄ ဦးဟာ ကိုဗစ်ကာလ ပြန်လည်ကယ်ဆယ်ရေးလေယာဥ်ခရီးစဥ်တွေအတွင်း လာဘ်စားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။
စွပ်စွဲခံရတဲ့အဲဒီအရာရှိတွေဟာ ကိုဗစ်ကပ်ရောဂါကာလအတွင်း နေရပ်ပြန်ခေါ်ရေး လေယာဥ်ခရီးစဥ်တွေမှာ လိုက်ပါသူတွေဆီကနေ ငွေညှစ်ခဲ့တယ်ဆိုပြီး တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။
ဝန်ကြီးဟောင်းတစ်ဦးဆိုရင် လာဘ်ငွေ ဒေါ်လာ ၉ သိန်းနီးပါးယူခဲ့လို့ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံရပါတယ်။
ဗီယက်နမ်အစိုးရအတွင်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအစီအစဥ်ဖော်ဆောင်နေတုန်းမှာပဲ တရားရုံးရဲ့အခုဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဟနွိုင်းမြို့မှာ သီတင်း ၂ ပတ်နီးပါးကြာ တရားရုံးကြားနာခဲ့ပြီးတဲ့နောက် ဗီယက်နမ်နိုင်ငံခြားရေးဒုတိယဝန်ကြီးဟောင်း၊ ထိပ်တန်းသံတမန်တွေအပါအဝင် အရာရှိ ၅၄ ဦးဟာ လာဘ်ယူမှု၊ လိမ်လည်မှု၊ အာဏာအလွဲသုံးမှုတွေနဲ့ အခုလို ထောင်ဒဏ်တွေ ချမှတ်ခံရတာဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံပိုင်သတင်းစာ VTC အရဆိုရင် နိုင်ငံ့ဝန်ထမ်းအရာရှိ ၂၅ ဦးဟာ အမေရိကန်ဒေါ်လာ ၇ သန်းခွဲနီးပါးကို လာဘ်ယူခဲ့တယ်လို့ဆိုပါတယ်။
နိုင်ငံခြားရေး၊ ကျန်းမာရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက ထိပ်တန်းအရာရှိ ၄ ဦး သေဒဏ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသလို စီးပွားရေးသမားနဲ့အရပ်သား နောက်ထပ် ၁၀ ဦးကတော့ ဆိုင်းငံ့ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။
၂၀၂၀ ပြည့်နှစ်အစောပိုင်းကာလမှာ ဗီယက်နမ်နိုင်ငံဟာ ကိုဗစ်ထိန်းချုပ်ဖို့ နိုင်ငံ့နယ်နိမိတ်တွေကို ပိတ်ခဲ့တဲ့အခါမှာ ကမ္ဘာတဝန်းကနေ ပြည်တွင်းပြန်လာဖို့ ကြိုးပမ်းတဲ့နိုင်ငံသားတွေအတွက် လေယာဥ်ခရီးစဥ် အခေါက်ရေ ၈၀၀ ကို အစိုးရက စီစဥ်ခဲ့ပါတယ်။
နေရပ်ပြန်သူတွေဟာ ပြည်တွင်းကို ပြန်ဝင်တဲ့အခါ လေယာဥ်ခစျေးကြီးကြီးပေးပြီး စီးနင်းခဲ့ရတာ၊ ရှုပ်ထွေးတဲ့လုပ်ငန်းစဥ်တွေကိုကြုံရတာနဲ့ ကွာရန်တင်းဝင်ခ ပေးရတာတွေ ကြုံခဲ့ရတယ်လို့ သတင်းတွေက အစောပိုင်းကတည်းက ဖော်ပြခဲ့ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ဗီယက်နမ် #ကိုဗစ် #အဂတိမှု #ကွန်မြူနစ်ပါတီ #ထောင်ဒဏ် #နိုင်ငံခြားရေး #ထိပ်တန်းသံတမန်

ကျော်ပြေးနေရပြီ
29/07/2023

ကျော်ပြေးနေရပြီ

တကယ် သိချင်နေလို့🙄
28/07/2023

တကယ် သိချင်နေလို့🙄

ဒီပုံလေး ကို တချို့က လှောင်ခဲ့ကြတယ်ဘာလို့များ ရီစရာ ထင်နေကြတလဲဗျာ😢ကျတော့်ကတော့ ဒီပုံလေးကို သိပ်သဘောကျတယ် သူတို့လေးတွေလည်...
27/07/2023

ဒီပုံလေး ကို တချို့က လှောင်ခဲ့ကြတယ်
ဘာလို့များ ရီစရာ ထင်နေကြတလဲဗျာ😢
ကျတော့်ကတော့ ဒီပုံလေးကို
သိပ်သဘောကျတယ် သူတို့လေးတွေလည်း အားလပ်ရက်မှာ ပျော်ရွင်နေကြတာလေ
ကလေးလေးကို ချီပြီး ဘယ်အရွှယ်မဆို
အချစ်ကို ထိတွေ့ခွင့်ရှိပါတယ်
အချစ်နဲ့တွေ့ရင် လူတွေက နုပျိူသွားကြတာပါပဲ ကြည်နူးစရာလေး
အချစ်မှာ ပျိူတယ် အိုတယ် မရှိပါဘူး
ချစ်ခြင်းတွေက သိပ်ကို ချိူမြိန်ပါတယ်
ချစ်ခြင်းမေတ္တာဟာ သိပ်ကိုလှပလွန်းပါတယ်
ကျတော်ကတော့ အချစ်ကို နွေးထွေးမူတစ်ခုလို့ မှတ်ယူထားတယ်. .
ဒီပုံလေးကိုကြည့်ပါဦး ဘယ်လောက်နွေးထွေးစရာကောင်းလဲ
တွဲလက်တိုင်းမြဲကြပါစေ
ချစ်သောသူတိုင်း ပေါင်းဖက်နိူင်ကြပါစေ ဗျ 💯
Love is so beautiful 💙🥀
True Love is never gone 👨‍❤️‍💋‍👨🥰
Crd.
#ဘဝရဲ့ခရီးသည် 🥀💙

ကျေးဇူးတင်ပါတယ်လို့
26/07/2023

ကျေးဇူးတင်ပါတယ်လို့

"ကြိုးစားနေတဲ့ "      အချိန်မှာ သည်းခံပါ။"ကျရူံးနေတဲ့ "          အချိန်မှာ ရဲရင့်ပါ။"အောင်မြင်နေတဲ့ "  အချိန်မှာ တည်ငြိမ...
25/07/2023

"ကြိုးစားနေတဲ့ " အချိန်မှာ သည်းခံပါ။
"ကျရူံးနေတဲ့ " အချိန်မှာ ရဲရင့်ပါ။
"အောင်မြင်နေတဲ့ " အချိန်မှာ တည်ငြိမ်ပါ။
သင်ကြိုးစားနေတာလား
•••••••••••••••••••••
ဒါဆို သည်းခံလိုက်ပါ။
ကြိုးစားနေတဲ့သူတွေကို တိုက်ခိုက်နေတဲ့
မကောင်းဆိုးဝါးဆိုတာ နေရာတိုင်းမှာ ရှိကြတယ်။.
ထိုသူတွေနဲ့ ယှဉ်ပြီး မတိုက်ခိုက်ပါနဲ့
ကိုယ်သွားမယ့် လမ်းကြောင်းတွေ
လွဲသွားတတ်ပါတယ်။.
မကောင်းတဲ့ သူတွေက မကောင်းတဲ့
လမ်းကြောင်းအတိုင်း ဆက်သွားပါလိမ့်မယ်။.
ဒါသင်သွားမယ့် လမ်းကြောင်းက အမိူက်တွေပါ
အမိူက်ကောက်ရမှာ သင့်အလုပ်မဟုတ်ဘူး။.
သည်းခံခြင်းသည် အောင်မြင်ခြင်းရဲ့ နိဒါန်းပါ
သင့် အခက်ခဲတွေကို အလှဆုံး
အပြုံးနဲ့ ရင်ဆိုင်ပြီး ဆက်ကြိုးစားပါ။
အောင်မြင်မှုက ကြိုးစားနေသူတွေအတွက်
လက်တကမ်းမှာပါ။.
လောကဓံကို ရင်ဆိုင်နေရတဲ့ လူသားခြင်း
စာနာစိတ်နဲ့ အကောင်းမြင်ပေးပါ။.
နေရာတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။
စိတ်ထားကောင်းကောင်းထားပြီး သည်းခံရင်း ကြိုးစားပါ။.
သင် ကျရူံးနေလား
•••••••••••••••
ဒါဆို ရဲရင့်ပြလိုက်စမ်းပါ
လှောင်ပြောင်ရယ်မော တိုက်ခိုက်နေတဲ့
အတုအယောင်တွေ ကြားထဲမှာ
ခြင်္သေ့ တစ်ကောင်အသွင်နဲ့
ရဲရင့်ပြလိုက်စမ်းပါ။.
လူဆိုတာ ကိုယ်ထက်သာ
မနာလိုကြတာ သဘာဝပါ။
သူတို့ထက် ညံ့ခဲ့ရင်တော့
ကဲ့ရဲ့ ပြီပေါ့။.
ဒါပေမယ့် သူတို့ထက် အဆပေါင်းများစွာ
သာတဲ့သူတွေကိုတော့ အားကျ အတုယူတက်ကြတယ်။
ဒီသဘာဝလည်း သင်နားလည်ထားပါ။.
နေပူပြီးရင် နေရိပ်လာတဲ့ အချိန်ရှိသလို
မုန်းတိုင်းပြီးလည်း လေပြေလာစမြဲပါ။
ဒါဆို သေချာတယ်။.
ကျရူံးချိန်တွေ ပြီးရင်
မလွဲမသွေလာမှာ အောင်မြင်မှုပါ။
ဒီအောင်မြင်မှုကို သင့်ရဲ့ ရဲရင့်တဲ့
အပြုံးတစ်ပွင့်နဲ့ ကြိုဆိုရမှာပါ။.
"ဆင်" ဖမ်းဖို့သွားတဲ့ လူတစ်ယောက်က
လမ်းမှာ ဟောင်နေတဲ့ "ခွေး" တွေကို ခဲနဲ့ပစ်နေရင်
"ဆင်" ရဖို့အချိန် နှောက်နှေးသွားပါလိမ့်မယ်။
ဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို
အောင်မြင်မှုအတွက်ပဲ အချိန်ကုန်ခံပါ။.
အရည်အသွေး နိမ့်တဲ့သူတွေကြောင့် ခေါင်းကိုက်မခံနဲ့။
သင့်ရဲ့ ကျရူံးမှုတွေကို ရဲရင့်မှုတွေနဲ့ စိန်ခေါ်ပါ။
ဒါဆို စိန်ခေါ်မှုတွေများတဲ့ လောကကြီးကို
သင် ကောင်းကောင်း ရင်ဆိုင်သွားနိုင်မှာပါ။.
သင် အောင်မြင်နေပြီလား
•••••••••••••••••••••
ဒါဆို တည်ငြိမ်နေလိုက်ပါ။
လုံလောက်တဲ့ ရင်ကျက်မှုရှိတဲ့ လူတိုင်းက
ကိစ္စတိုင်းကို ထည့်တွက်မနေတော့ပါဘူး။.
ပညာရှိတော်တော်များများကလည်း
ငြိမ်သက်နေတတ်ပါတယ်။.
စိန်နဲ့တူတဲ့ သဇင်ပန်းပေါ့ နေရာတိုင်းမှာ
မတွေ့ရတော့ပါဘူး။.
ပြည့်နေတဲ့ အိုးထဲက ဘောင်ဘင်
မခတ်တော့သလို တည်ငြိမ်သွားကြပါတယ်။.
သင့်ရဲ့ အောင်မြင်မှုကို အစစ်အမှန် ဂုဏ်ယူသူရှိမယ်။
အတုအယောင်တွေနဲ့ ကဲ့ရဲ့သူလည်းရှိမယ်။
ဒါတွေကို သင့်အနေနဲ့ ဂရုစိုက်စရာ မလိုပါဘူး။.
"လမင်း" ကို ခွေး ဟောင်တာ သဘာဝပါပဲ
အရာရာကို ဥပက္ခာပြုထားပါ။.
ဒီအချိန်မှာ အရေးကြီးဆုံးက
အောင်မြင်မှုကို ထိန်းသိမ်းနိုင်ဖို့ပဲ.
မောက်မာပြီး အောက်ခြေမလွတ်ဖို့လည်း
သိပ်ကိုအရေးကြီးတယ်။
မောက်မာပြီး အောက်ခြေလွတ်သူတွေက
အထိနာတက်ကြပါတယ်။
ဘယ်အရာမှ မတည်မြဲပါဘူး။.
"လ" သာဖို့အတွက် နေ ဝင်ပေးရသလို
"နေ" သာဖို့အတွက် လ ပျောက်ကွယ်ပေးရတဲ့
အချိန်တွေလည်း ရှိတယ်ဆိုတာ မမေ့နဲ့။.
နွေး မိုး ဆောင်း ပြောင်းလဲနေသလို
အရာရာလည်း အမြဲပြောင်းလဲ နေဦးမှာပါ။.
ဒီကမ္ဘာမှာ ဘယ်တော့မှ မပြောင်းလဲတဲ့ အရာတစ်ခုပဲ
ရှိတယ် ဒါက "ပြောင်းလဲခြင်းတရားပါ"။
ခေတ်မကောင်းရင် ရူးချင်ယောင်သာ
ဆောင်နေလိုက်ပါ။.
ဒါကြောင့် ဘာမှမတည်မြဲတဲ့ လောကကြီးမှာ
ဟန်ဆောက်မှု အရောင်တွေနဲ့ မရှင်သန်ပါနဲ့။.
ဖြူစင်မှု စိတ်ထားကောင်းမွန်မှု
တည်ငြိမ်ရင်း ရှင်သန်ကြည့်ပါ။.
ရေဗွတ်ပမာ ပျောက်သွားမယ့် အရာတွေပေါ်မှာ
မောက်မာပြီး အောက်ခြေလွတ်တဲ့
စိတ်တွေနဲ့ မသာယာမိစေနဲ့။
တစ်ဘဝစာလုံး အထိနာသွားတတ်တယ်။.
ဒါကြောင့် သင့်ရဲ့ အောင်မြင်မှုကို
တန်ဖိုးရှိရှိ ထိန်းသိမ်းတတ်ပါစေ။.
ဒီကမ္ဘာကြီး လည်နေတယ်ဆိုတာ
သင်ဘယ်တော့မှ မမေ့ပါနဲ့။.
Credit : Copy

အိုင်ဒေါနှစ်ယောက်ကို အပြင်မှာ မြင်ဖူးပြီ
24/07/2023

အိုင်ဒေါနှစ်ယောက်ကို အပြင်မှာ မြင်ဖူးပြီ

ကောင်းမြတ်သူ၊အာကာကျော်၊စိုးမင်းနိုင်တို့ရဲ့ သွင်းဂိုးများဖြင့် မဟာယူနိုက်တက်အသင်း နိုင်ပွဲရရှိခဲ့
23/07/2023

ကောင်းမြတ်သူ၊အာကာကျော်၊စိုးမင်းနိုင်တို့ရဲ့ သွင်းဂိုးများဖြင့် မဟာယူနိုက်တက်အသင်း နိုင်ပွဲရရှိခဲ့

အေး
22/07/2023

အေး

21/07/2023

Kaw Thoo Lei ❤️

အတွေးလွန် ကျွန်ဖြစ်…………………………………(လယ်တွင်းသားစောချစ်)ဖားတစ်ကောင်ဟာ ကင်းခြေများတစ်ကောင် လမ်းလျှောက်လာတာကိုမြင်တော့ ဒီလိုစဉ...
20/07/2023

အတွေးလွန် ကျွန်ဖြစ်
…………………………………
(လယ်တွင်းသားစောချစ်)
ဖားတစ်ကောင်ဟာ ကင်းခြေများတစ်ကောင် လမ်းလျှောက်လာတာကိုမြင်တော့ ဒီလိုစဉ်းစားမိတယ်
"ငါ့မှာ ခြေနှစ်ချောင်း လက်နှစ်ဖက်ရှိတာတောင် လမ်းလျှောက်ရတာ ခက်ခဲတယ် တခါတစ်လေ ဘယ်ညာမှားပြီး ခြေလှမ်းတွေ လွဲနေတတ်သေးတာ။ ဒါပေမယ့် ဒီကောင်ကြီးက ခြေထောက်တွေ မရေမတွက်နိုင်အောင်ရှိနေတာ။
ဘယ်လိုများလမ်းလျှောက် သလဲမသိဘူး တော်တော်ထူးဆန်းတာပဲ ဒီကင်းခြေများ ဒီခြေထောက်က အရင်လှမ်း ဟိုခြေထောက်က နောက်မှလမ်းဆိုပြီး သူ့ခြေထောက်တွေကိုသူ ဘယ်လိုများထိန်းချုပ်လဲ မသိဘူး"
အဲ့ဒါနဲ့ … ဖားက ကင်းခြေများကို သွားပြီး ဒီလိုမေးလိုက်တယ် …
"ဒီလောက်များတဲ့ ခြေထောက်တွေနဲ့ မင်း ဘယ်လို လမ်းလျှောက်သလဲ ငါ သေသေချာချာ စဉ်းစားကြည့်ပြီးပြီ ဘယ်လိုမှ တွေမရဘူး ခြေထောက်တစ်ချောင်းချင်းစီကို ထိန်းချုပ်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပဲ"
"ငါလည်း မွေးကတည်းက ဒီလိုပဲ လျှောက်လာခဲ့တာ ဒီကိစ္စနဲ့ပတ်သတ်ပြီး တစ်ခါမှ မတွေးဖူးပါဘူး ။ ဘာပဲဖြစ်ဖြစ်မေးလာပြီ ဆိုတော့လည်း အဖြေရှာရမှာပေါ့ ။ နေအုန်း … ငါစဉ်းစားကြည့်လိုက်အုန်းမယ်" ဆိုပြီး တစ်အောင့်လောက် ရပ်ပြီး တွေးကြည့်နေရောတဲ့ …!
အဲ့ဒီအတွေးမျိုးဟာ ကင်းခြေများ အတွက် ပထမဆုံးသော အတွေးဖြစ်သလို ဘယ်ခြေထောက်ကို အရင်ရွေ့ရမလဲ ဘယ်ခြေထောက်ကိုကျတော့ နောက်မှရွေ့ရမလဲ ဆိုပြီး ခြေထောက်တွေတစ်ချောင်းခြင်းစီနဲ့ စမ်းစစ်ကြည့်လိုက်တဲ့အခါ ခြေလှမ်းတွေမှားကုန်ပြီးတည့်တည့်တောင်လျှောက်လို့မရတော့ပဲ ကို့ယို့ကားယားတွေ ဖြစ်ကုန်ပါလေရော
ဒါနဲ့ ဖားကိုပြောတာ ပေါ့ " မင်းနောက်တစ်ခါ တခြား ကင်းခြေများတွေကို ဒီလိုမေးခွန်းမျိုး ဘယ်တော့မှ သွားမမေးမိစေနဲ့ နားလည်လား …! ငါ့ဖာသာ ဒီပုံစံအတိုင်း လမ်းလျှောက်လာခဲ့တာ ဘာပြသနာမှမရှိခဲ့ဖူးဘူး ။အခုမင်းမေးခွန်းကြောင့် ငါလမ်းလျှောက်ရတာတောင် ခက်ကုန်ပြီ ။ ဘယ်ခြေထောက်အရင်စလှမ်းရမှန်းမသိတော့ဘူး ဘယ်လိုလုပ်မလဲ"?
ကျွန်တော်တို့ လူတွေလည်း ဒီအတိုင်းနေ နေကြတာ အေးချမ်းနေကြပြီ ။ ဒါပေမဲ့ တခြားလူတွေက သူတို့ပြသနာအသီးသီးတွေ ယူလာပြီးပြောကြတဲ့အခါ ကိုယ်သွားနားထောင်ပြီး သူတို့နဲ့အတူ သွားပြီး စိတ်ရှုပ်စိတ်ညစ်ရရော ။
ဘဝက နေလို့ရ စားလို့လောက်ငှနေရင် ဘာမှပူလောင်စရာမရှိဘူး ။တစ်ခြားလူတွေ ဘဝကောင်းစားနေတာမြင်ရော… ဟိုလူကဒီလိုကောင်းစားနေတာ ။
ဒီလူက ဒီလို
စိန်ရွှေ ရတနာ ပိုက်ဆံတွေ ချမ်းသာတာ အိမ်ရှိတာ … ကားရှိတာရည်းစားချောချောလေးရှိတာဆိုတာတွေလည်း မြင်ရော … ကိုယ့်ဖာသာကိုယ် လျှောက်ပြီးတွေးတော့တာ …! နောက်ဆုံးတော့ သောကတွေက ကိုယ့်စိတ်ကို ကူးစက်ပူလောင်စေတော့တာပါပဲ… ။
ဘယ်သူဘာပြောပြော ကိုယ့်လမ်းကိုယ် မှန်မှန်လေးလျှောက်လှမ်းသွားပါ သူများပြောစကားတွေနဲ့ လမ်းမှားမရောက်ပါစေနဲ့ မတွေဝေပါနဲ့ ။
#လယ်တွင်းသားစောချစ်
#လူတိုင်းအပေါ်စေတနာထားပါ #ခွန်အားဖြစ်စေသောစာများ #မေတ္တာဖြင့်_စာပေမျှဝေသူ #ကြိုးစားနေချိန်မှာ #လူငယ်
#လောကနိယာမ777

YAWN HKYEN SHIGA➕➕➕➕➕➕➕➕ July 13, 2023📌 ◼  Hkahku Mung Ginwang,  Bawm Wang Buga Hpung a Magam gun Usa, Rev. Bau Sin Wa T...
19/07/2023

YAWN HKYEN SHIGA
➕➕➕➕➕➕➕➕
July 13, 2023📌
◼ Hkahku Mung Ginwang, Bawm Wang Buga Hpung a Magam gun Usa, Rev. Bau Sin Wa Tu ( Asak- 78 ) Ning gaw, 2023 Ning July 13 ya shana maga Hkying 12:15 Pm ten , Madu Yesu hta yup pyaw mat wa sai lam chye lu ga ai. Ni ai/Tsan ai kaw nga ai nta masha Jinghku/Jingyu ni, Mayu, Dama, Hpunau ni, Hpung Magam gun manaw manang ni hte Hpung masha yawng hpe lasu su shana dat ga ai law.
■ KBC Hpung Magam gun Sara Langai bai yawm mat ai majaw, ngam nga ai nta masha ni hte maren yawn nga ga ai. Ngam nga ai nta masha ni hpe, Hpan Karai Kasang matut nna shalan shabran ya nga u ga.
■R I P Sara Kaba◼

ကျောင်းနှင့် အလှမ်းမဝေးလှတဲ့ ထမင်းဆိုင်သေးသေးလေးတစ်ဆိုင်မှာ ကောင်လေးတစ်ယောက်က ထမင်းလာမှာစားတယ် ဆိုင်ရှင်နားကပ်ပြီး လေသံတ...
17/07/2023

ကျောင်းနှင့် အလှမ်းမဝေးလှတဲ့ ထမင်းဆိုင်
သေးသေးလေးတစ်ဆိုင်မှာ ကောင်လေးတစ်ယောက်က ထမင်းလာမှာစားတယ် ဆိုင်ရှင်နားကပ်ပြီး လေသံတိုးတိုးလေးနှင့်
* ဟိုလေ...
သားကို ထမင်းအလွတ်တစ်ပွဲလောက် ရောင်းပေးလို့
ရလားခင်ဗျ သားပိုက်ဆံမလောက်လို့ပါ...
" ရပါတယ်သားရယ်
ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်အဒေါ် ကြီးက
ယောက်ျားရေ ထမင်းအလွတ်တစ်ပွဲလောက်
လုပ်ပေးပါဦး
အော်...ဟင်းချိုနဲ့ ငါးပိရည်လည်း
ထည့်ပေးဖို့မမေ့နဲ့နော်...
ယောက်ျားဖြစ်သူက ထမင်းအဖြူတစ်ပွဲကို
ကောင်လေးထိုင်နေတဲ့ ခုံမှာသွားချပေးလိုက်တယ်
ကောင်လေးက သူ့ကိုထပ်မှာတယ်
ဟိုလေ...
သားအတွက်နောက်ထပ်
ဟင်းမပါတဲ့ ထမင်းဗလာတစ်ထုတ်
ထပ်လုပ်ပေးလို့ ရလားခင်ဗျ..
ကောင်းလေးခမျာ ပြောသာပြောနေရတယ်
သူ့မျက်နှာက အတော်လေး အားနာနေတဲ့ပုံပါ....
#ရပါတယ်သားရယ်
ဒါနဲ့ ဒီထမင်းထုတ်က မင်းဘာသွားလုပ်ဖို့လည်း
* သား ညနေကြရင် စားဖို့ပါ....ဦး
ဆိုင်ရှင်အဖိုးကြီးက သူ့ကိုဂရုနာသက်တဲ့
မျက်လုံးနှင့်ကြည့်ပြီး....
အင်း..!ကောင်လေးကြည့်ရတာ မြို့မှာသာ
ကျောင်းလာတက်တယ် အိမ်ကမိဘတွေက
ငွေကြေးအခက်ခဲ ရှိပုံရတယ်...!
အမှန်တကယ်တော့ သူတို့လင်မယားကလည်း
တစ်နေ့လုပ် တစ်နေ့စားပါ ဒီဆိုင်နေရာလေးကို
သူများငှားပေးလို့သာ ကံကောင်းပြီးစျေးရောင်းရတဲ့ဘဝပါ မရှိသူမို့လည်း မရှိသူကိုစာနာတတ်တဲ့စိတ်က
သူတို့လင်မယားမှာ ရှိပြီးသားပါလေ...
ဟင်းအိုးမှ ဟင်းတွေကိုခတ်ပြီး ထမင်းများနဲ့
သူဖုံးဖိပြီးထည့်နေမိသည် ဒါကို မိန်းမဖြစ်သူကမြင်တော့ ...
"ရှင်ဘာလုပ်နေတာလည်း ...
#ကောင်းလေးအတွက် ထမင်းထည့်ပေးနေတာလေ
" အော်..ရှင်ကလည်းတုံးလိုက်တာ
ပေးချင်နေမှတော့ ဝှက်ပြီးပေးစရာလား
ဒီအတိုင်းပေးလည်း ရလျှက်သားနဲ့ ဘာလဲ ရှင်က
ကျွန်မမြင်မှာ ကြောက်လို့လား
ကြောက်စရာမဟုတ်တာရှင်
ကျွန်မလည်း စာနာထောက်ထားတတ်တဲ့
မိန်းမသားတယောက်ပါ
#ဟာ...!
ဒီမိန်းမ ဘာတွေလာပြောနေတာလည်း
ဒီအတိုင်း ဗြောင်ပေးတော့ သူ့ကို အထင်သေးရာ
ရောက်သွားမှာပေါ့ဟ ပြီးတော့လည်း သူရှက်သွားရင်
နောက်ဆို တို့ဆိုင်ကို သူဘယ်လိုလုပ်ပြီး လာရဲတော့မလည်း
မိန်းမဖြစ်သူက လင်ယောက်ျားကို ကြည့်ပြီး
ပီတိဖြစ်မိသည် အမလေး ငါ့ယောက်ျားက
သနားတတ်ရုံ တစ်မျိုးတည်းမဟုတ်ပဲ
လူတစ်ယောက်ကို အဖက်ဖက်က
စာနာစိတ်ကလည်း ကြီးမားပါလေရဲ့ .....
ဒီလိုနဲ့ပဲ ကောင်းလေးဟာ သူတို့ဆိုင်မှာလာပြီး
ကျောင်းပြီးသည်အထိ ထမင်းလာစားခဲ့တယ်
သူတို့လင်မယားကလည်း တစ်နေ့တစ်မျိုး
မရိုးလေအောင် ဟင်းအမျိုးမျိုးကို
ထမင်းဖုံး၍ ပေးလေ့ရှိခဲ့တယ်...
ကျောင်းပြီးသွားတော့ ကောင်လေးကသူတို့ဆိုင်ကို
၁၀ နှစ်ကြာမျှတောင် တစ်ခါမှ ရောက်မလာတော့ပါ
တစ်နေ့တော့ မြေပိုင်ရှင်က
မြေကိုရောင်းလိုက်ပြီးဖြစ်ကြောင်း
ဒီနေရာက ရွေ့ပြောင်းရတော့မည်ဖြစ်ကြောင်း
လာပြောသောအခါ
လင်မယားနှစ်ယောက်သား
စိတ်ပျက်လက်ပျက်ဖြစ်ပြီး
အိမ်မှာ ထိုင်မိူင်နေကြစဉ် သူတို့နေတဲ့ အိမ်နားသို့
ကားတစ်စီးက လာ၍ထိုးရပ်လာသည်
လူတယောက်က ကားပေါ်မှ ဆင်းပြီး
သူတို့ရှိရာ လျှောက်၍လာသည်..
ကျွန်တော်က ကုမ္မဏီတစ်ခုရဲ့
မန်နေဂျာတစ်ဦးပါခင်ဗျ
ကျွန်တော့်သူဌေးက
အဒေါ်တို့လင်မယားချက်တဲ့ ဟင်းကို
အရမ်းကြိုက်တဲ့ သူတစ်ယောက်ပါ အဲဒါကြောင့်
ကျွန်တော်တို့ ကုမ္မဏီအနီးမှာ ဆိုင်ဖွင့်ပေးဖို့ တောင်းဆိုထားလို့ပါ
လင်မယားနှစ်ယောက် အံ့အားသင့်သွားသည်
သူတို့ဆိုင်စုတ်စုတ်လေးမှာ ဘယ်လိုသူဌေးကများ
လာပြီးစားဖူးပါလိမ့် ပြီးတော့လည်း သူတို့မှာရှိတာက
အိုးစုတ်ခွက်စုတ်တွေမို့ ကုမ္မဏီကြီးအနား
ထမင်းဆိုင်သွားဖွင့်ရမှာ
ဘယ်လိုမှ မဖြစ်နိုင်လို့ သူတို့ငြင်းဆိုခဲ့တယ်
အဲဒီအတွက် မပူပါနဲ့ဗျာ ကျွန်တော့်သူဌေးက
အစစ အရာရာ ပြင်ဆင်ထားပြီးသားပါ သွားပြီး
ချက်ပြုတ်ရုံသက်သက်ပါ...
အဲဒီသူဌေးက ဘာဖြစ်လို့ သူတို့အပေါ် ဒီလောက်
ကောင်းနေရတာလည်းဆိုတာ သူတို့နားမလည်ခဲ့
နောက်ဆုံးတော့ သူတို့အပေါ်
ကောင်းတဲ့သူဌေးကြီးက တစ်ချိန်က သူတို့ဆီက
ထမင်းတစ်ထုပ် လုပ်ကျွေးခဲ့ဖူးတဲ့
ကျောင်းသားလေးမှန်းသိရတော့သည်....
ဦးနဲ့အဒေါ်သာ ကျွန်တော့်ကို မကူညီပေးခဲ့ရင်
ကျွန်တော်ဒီလိုဘဝမျိုး ရောက်လာမည်မဟုတ်
အခုလို ပြန်လည်ကျေးဇူးဆပ်ခွင့်ရတာ ကျွန်တော်
အရမ်းဝမ်းသာတယ်ဗျာ လိုတာရှိရင်ပြောပါ
ဘာမှ အားမနာကြပါနဲ့ ....
(စေတနာထားတတ်ရုံနဲ့ မလုံလောက်ဘူး
အဖက်ဖက်ကကြည့်ပြီး စာနာမူ့လည်း
ထားတတ်ရမယ်
ယခုလို IT ခေတ်မှာ မရှိသူကို ကူညီတတ်ကြတဲ့
သူတစ်ချို့သတိထားသင့်တယ်
သူတစ်ပါးကိုကူညီးလိုလျှင်
သူ့ရဲ့ဂုဏ်သိက္ခာကိုလည်း ထည့်တွေးသင့်တယ်
ကိုယ့်ရဲ့စေတနာကို ပုံရိုက်ပြီး တင်ပြနေစရာမလိုဘူး
စေတနာအောက်မှာ သူတစ်ပါးရဲ့ဂုဏ်သိက္ခာတွေ
နစ်ပျောက်သွားတတ်လို့ပါ.....)
Credit မူရင်း

ဇူလိုင်လ ၅ရက်နေ့ ရန်ကုန် မင်္ဂလာဒုံ မှာ အခု ကမ္ဘာပျက်နေပြီ အခြေနေတော်တော်ဆိုးနေပါတယ် သိပြီးကြပြီလား
13/07/2023

ဇူလိုင်လ ၅ရက်နေ့ ရန်ကုန် မင်္ဂလာဒုံ မှာ အခု ကမ္ဘာပျက်နေပြီ အခြေနေတော်တော်ဆိုးနေပါတယ် သိပြီးကြပြီလား

Address

#45. Ho. 89. Phnom Penh. Cambodia
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Burmese Football News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burmese Football News:

Videos

Share


Other News & Media Websites in Phnom Penh

Show All