Save Myanmar - gunner

Save Myanmar - gunner Save Myanmar

12/08/2024

တာမွေ အရိုးကုန်းလမ်းမှာ အနုကြမ်းစီးတဲ့ ၃ယောက်

ရန်ကုန်မြို့ တာမွေမြို့နယ် အရိုးကုန်းလမ်း အရှေ့ပိုင်း အရိုးကုန်းရပ်ကွက် မှာ နေ့ခင်းကြီး လမ်းထဲမှာက တိုက် ၃ လွှာကို အနုကြမ်းဝင်စီးပြီး အိမ်ရှင် သားကို ဒါးနဲ့ထိုးသွားတဲ့ ချာတိတ်တွေ လမ်းထဲက လူတွေ သိရှိရာကဝင်ဖမ်းမိထားပါတယ်။

16/07/2024

မြန်မာနိုင်ငံမှ လွဲ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးအပါအဝင် နိုင်ငံပေါင်း ၉၀ ကို ထိုင်းနိုင်ငံတွင် ဗီဇာမလိုဘဲ ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပြုသည့်အမိန့် ထိုင်းအစိုးရ အတည်ပြု

ရန်ကုန်၊ ဇူလိုင် ၁၆

မြန်မာနိုင်ငံမှ လွဲ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးအပါအဝင် နိုင်ငံပေါင်း ၉၀ ကို ထိုင်းနိုင်ငံတွင် ဗီဇာမလိုဘဲ ရက် ၆၀ နေထိုင်ခွင့်ပြုလိုက်ကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် Srettha Thavisin က မြန်မာနိုင်ငံမှ လွဲ၍ အာဆီယံနိုင်ငံများအားလုံး အပါအဝင် နိုင်ငံပေါင်း ၉၀ မှ လာရောက်မည့်သူများကို ဗီဇာမလိုဘဲ ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပြုလိုက်ကြောင်း၊ ထိုင်းနိုင်ငံသည် COVID-19 ကပ်ရောဂါကြောင့် နိုင်ငံ၏စီးပွားရေးအခြေအနေများကို ထိခိုက်စေပြီး စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားကဏ္ဍအတွက် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်နေသောကြောင့် နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်ရန်နှင့် ထိုင်းနိုင်ငံအတွင်း စီးပွားရေးအလားအလာမြင့်မားသော နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များကို မြှင့်တင်ရန် ထိုသို့ခွင့်ပြုခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံပေါင်း ၉၀ မှ ထိုင်းနိုင်ငံသို့ လာရောက်သူများကို ဗီဇာမလိုဘဲ ရက်ပေါင်း ၆၀ ခွင့်ပြုမှုသည် ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်အကျုံးဝင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အစီအစဉ်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံ ၈ နိုင်ငံပါဝင်ပြီး မြန်မာနိုင်ငံတစ်ခုတည်းကိုမှ ချန်ရစ်ထားခဲ့သည်။

ထိုင်းနိုင်ငံတွင် ဗီဇာမလိုဘဲ ရက်ပေါင်း ၆၀ နေထိုင်ခွင့်ရှိသည့် နိုင်ငံများစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

၁-Republic of Albania
၂-Principality of Andorra
၃-Commonwealth of Australia
၄-Republic of Austria
၅-State of Bahrain
၆-Kingdom of Belgium
၇-Kingdom of Bhutan
၈-Federative Republic of Brazil
၉-Negara Brunei Darussalam
၁၀-Republic of Bulgaria
၁၁-Cambodia
၁၂-Canada
၁၃-People’s Republic of China (include Hong Kong, Macao, and Taiwan)
၁၄-Republic of Colombia
၁၅-Republic of Croatia
၁၆-Republic of Cuba
၁၇-Republic of Cyprus
၁၈-Czech Republic
၁၉-Kingdom of Denmark
၂၀-Commonwealth of Dominica
၂၁-Dominican Republic
၂၂-Republic of Ecuador
၂၃-Republic of Estonia
၂၄-Republic of Fiji
၂၅-Republic of Finland
၂၆-French Republic
၂၇-Georgia
၂၈-Federal Republic of Germany
၂၉-Republic of Guatemala
၃၀-Hellenic Republic (Greece)
၃၁-Hungary
၃၂-Republic of Iceland
၃၃-Republic of India
၃၄-Republic of Indonesia
၃၅-Ireland
၃၆-State of Israel
၃၇-Italian Republic
၃၈-Jamaica
၃၉-Japan
၄၀-Hashemite Kingdom of Jordan
၄၁-Republic of Kazakhstan
၄၂-Republic of Korea
၄၃-Republic of Kosovo
၄၄-State of Kuwait
၄၅-Lao People’s Democratic Republic
၄၆-Republic of Latvia
၄၇-Principality of Liechtenstein
၄၈-Republic of Lithuania
၄၉-Grand Duchy of Luxembourg
၅၀-Malaysia
၅၁-Republic of Maldives
၅၂-Republic of Mauritius
၅၃-Republic of Malta
၅၄-United Mexican States
၅၅-Principality of Monaco
၅၆-Mongolia
၅၇-Kingdom of Morocco
၅၈-Kingdom of the Netherlands
၅၉-New Zealand
၆၀-Kingdom of Norway
၆၁-Sultanate of Oman
၆၂-Republic of Panama
၆၃-Independent State of Papua New Guinea
၆၄-Republic of Peru
၆၅-Republic of the Philippines
၆၆-Republic of Poland
၆၇-Portuguese Republic
၆၈-State of Qatar
၆၉-Romania
၇၀-Russian Federation
၇၁-Republic of San Marino
၇၂-Kingdom of Saudi Arabia
၇၃-Republic of Singapore
၇၄-Slovak Republic
၇၅-Republic of Slovenia
၇၆-Republic of South Africa
၇၇-Kingdom of Spain
၇၈-Democratic Socialist Republic of Sri Lanka
၇၉-Kingdom of Sweden
၈၀-Swiss Confederation
၈၁-Kingdom of Tonga
၈၂-Republic of Trinidad and Tobago
၈၃-Republic of Turkey
၈၄-Ukraine
၈၅-United Arab Emirates
၈၆-United Kingdom of Great Britain and Northern Ireland
၈၇-United States of America
၈၈-Oriental Republic of Uruguay
၈၉-Republic of Uzbekistan
၉၀-Socialist Republic of Vietnam

08/07/2024
03/07/2024

ဖားကန့် အခြေနေ

23/06/2024

သူပြောပါပြီ 🖕🖕🖕

04/06/2024

VPN ပိတ်ပင်ရေး ပရောဂျက်ကို ဦးဆောင်သူ Mascots ကုမ္ပဏီပိုင်ရှင် ဒေါက်တာဝင်းကျော်။

Facebook ကိုပိတ်ပြီး My Space Myanmar နဲ့ အတင်းအဓမ္မ အစားထိုးမည့် စကစရဲ့အကြံအစည်ကို တွန်းလှန်ဖို့ အဲဒီ application ကို P...
04/06/2024

Facebook ကိုပိတ်ပြီး My Space Myanmar နဲ့ အတင်းအဓမ္မ အစားထိုးမည့် စကစရဲ့အကြံအစည်ကို တွန်းလှန်ဖို့ အဲဒီ application ကို Play Store ပေါ်မှာတောင် ရပ်တည်ခွင့်မရအောင် ပြည်သူတွေ တညီတညွတ်တည်း ဝိုင်းပြီး Report ထုကြပါ။

လုပ်ပုံလုပ်နည်းအဆင့်တွေ ပြထားပေးပါတယ်။
1. Play Store ကိုဖွင့်ပါ။

2. Search bar မှာ My Space Myanmar လို့ ရိုက်ပြီးရှာပါ။

3. (Install ကို လုံးဝမနှိပ်မိပါစေနဲ့။) အပေါ်ညာဘက်ထောင့်က အစက်သုံးစက် ကိုနှိပ်ပြီး Flag as inappropriate ကို ရွေးချယ်ပါ။

4. ရွေးချယ်စရာ Options တွေထဲက မိမိနှစ်သက်ရာ ရွေးချယ်ပြီး Report ထုနိုင်ပါတယ်။

myspace messenger ကိုလဲ အလားတူ report ထုကြပါ။

ပြည်သူလက်မခံရင် ဘယ်သူမှ ရပ်တည်လို့မရဘူးဆိုတာ တညီတညွတ်တည်း ပြကြရအောင်။

#မတရားဖိနှိပ်မှုမှန်သမျှတွန်းလှန်ကြ
#ပြည်သူ့တော်လှန်ရေးကြီးအောင်ရမည်

Play store မှာရောက်လာပြီ
လက်မခံဖို့ ဘာလုပ်ရမယ်
သိကြတယ်မို့လား 💪🏻💪🏻💪🏻

04/06/2024
29/05/2024

Rangoon UG Column ရဲ့ ပထမဆုံး ရန်ကုန်မြို့ပြစစ်ဆင်ရေးအဖြစ် မရမ်းကုန်းမြို့နယ် ရဲစခန်းကို ဗုံးဖောက်ခွဲတိုက်ခိုက်

မေ ၂၈၊ ၂၀၂၄

ရန်ကုန်မြို့ပြစစ်ဆင်ရေး ခြေလှမ်းစတင်တဲ့အနေနဲ့ မရမ်းကုန်းမြို့နယ်၊ စွယ်တော်အိမ်ရာဝန်းထဲက ရဲစခန်းကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Rangoon UG Column က သတင်းထုတ်ပြန်ပါတယ်။ မေလ ၂၈ရက် ဒီနေ့ မနက်အစောပိုင်းမှာ ပြင်းအားမြင့်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းအတွင်း ထိခိုက်သေဆုံးတာတွေ ရှိနိုင်ပြီး UG ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ Yangon Federal Army (Y.F.A) နဲ့ God of Death Army (G.O.D) UG ၂ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ Rangoon UG Column ရဲ့ ပထမဆုံး ရန်ကုန်မြို့ပြစစ်ဆင်ရေး ခြေလှမ်းတစ်ခုဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း အရှိန်အဟုန်နဲ့ စစ်ဆင်ရေးလုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

“လက်ရှိရထားတဲ့ မြေပြင်သတင်းအရဆို စခန်းထဲကကောင်တွေ အထိအခိုက်ရှိပါတယ်။ ရှေ့မှာ Y.F.A နဲ့ G.O.D တို့တုန်းက ရန်ကုန်မြို့ပြတိုက်ပွဲပေါင်းများစွာကို ကျနော်တို့ ဖော်ဆောင်ခဲ့ဖူးပါတယ်။ RUC စစ်ကြောင်းအနေနဲ့ကတော့ ဒီတိုက်ခိုက်မှုက ပထမဆုံးခြေလှမ်းပါ။ ကျနော်တို့ စစ်ကြောင်းအနေနဲ့ မြို့ပြစစ်ဆင်ရေးတွေ ဖော်ဆောင်တဲ့နေရာမှာ ရန်ငါ ပြန်သားစွာနဲ့ ဆောင်ရွက်သွားမှာပါ။ ဘာလုပ်လို့ ဘာဖြစ်လို့ဆိုတာမျိုးထက် ပြည်သူ့ရန်သူဖြစ်တဲ့ စကစဒေါက်တိုင် မှန်သမျှကို အကြောင်းပြချက်မရှိ စစ်ဆင်ရေးဆောင်ရွက်သွားမှာမို့လို့ ပြည်သူတွေအနေနဲ့လည်း စစ်ရေးပစ်မှတ်နေရာတွေနဲ့ အတတ်နိုင်ဆုံး ရှောင်ရှားစေလိုပါတယ်” လို့ Rangoon UG Column ရဲ့ ရဲဘော်တစ်ယောက်က ပြောပါတယ်။

အခုရက်ပိုင်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်လာနိုင်တယ်ဆိုပြီး စစ်ကောင်စီက ဧည့်စာရင်းစစ်တာတွေ ကြမ်းတမ်းနေချိန်မှာပဲ အခုလို လူထူထပ်တဲ့ မရမ်းကုန်းမြို့နယ်က ရဲစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၅ရက်တုန်းက ရန်ကုန်၊ အောက်မင်္ဂလာဒုံ လမ်းပေါ်က အာမီရမ်စက်ရုံရှေ့ ရဲကင်းတိုက်ခိုက်ခံရသလို မေလ ၂၇ရက် မနေ့ညတုန်းက လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ထဲက စည်ပင်သာယာရုံးလည်း ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။

ပုံစာ - ရန်ကုန်တိုင်း မြို့နယ်တစ်ခုမှာ ဗုံးပေါက်ပြီးနောက် မြင်ကွင်း (ပုံဟောင်း)

28/05/2024
27/05/2024

ရေစက်ရှိရင် FW ဒရုန်းတွေလည်း စကစဗျူဟာမှူးကားကိုစီးပြီး Battle ဝင်ရတာပဲ

Cobra Column က KNDO တပ်ရင်း (၈) FW ကို လက်ဆောင်ပေးလိုက်တာပါ

်ရင်း၈FW

Gifted by

24/05/2024

မန္တလေးက ဗုံးခွဲတိုက်ခိုက်မှုအတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရ
~~~
■ မန္တလေးမြို့က စစ်တပ်ကင်းတဲနဲ့ ရဲစခန်းတို့ မေလ ၂၁ ရက်နေ့က ဗုံးခွဲတိုက်ခိုက်မှုလုပ်ခဲ့ချိန် မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျား တပ်ဖွဲ့တစ်ခုဖြစ်တဲ့ No More Dictatorship People Defence Force (NMD) တာဝန်ရှိသူတွေက ပြောပါတယ်။

မေလ ၂၁ ရက်နေ့ တစ်ရက်တည်းမှာ NMD အဖွဲ့က ချမ်းမြသာစည်မြို့နယ် မြဝတီဘဏ်ရှေ့က စစ်တပ်ကင်းတဲနဲ့ မဟာအောင်မြေမြို့နယ် အမှတ်(၇) ရဲစခန်းတို့ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အမှတ် (၇) ရဲစခန်းတိုက်ခိုက်ချိန်မှာတော့ ဗုံးချို့ယွင်းမှုကြောင့် မြို့ပြပြောက်ကျားရဲဘော်တွေကို ဗုံးစပြန်ထိမှန်ဒဏ်ရာရခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ချိန် မရခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာလို့ NMD ရဲ့ တာဝန်ရှိသူ ကိုချာလီ က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ရဲဘော်နှစ်ယောက်ထဲက တစ်ယောက်ကတော့ ဖမ်းဆီးခံလိုက်ရတယ်။ တိုက်ခိုက်တဲ့အချိန်မှာ ပစ္စည်း error (အမှားအယွင်း) ဖြစ်လို့ ရဲဘော်တွေကိုပြန်ပြီး ဗုံးစထိမှန်တာပေါ့။ များစွာ စိတ်မကောင်းဖြစ်မိတယ်။ များစွာနှမြောတယ်။ ကျွန်တော်တို့အနေနဲ့ စိတ်ဓာတ်ခိုင်ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်သွားနေပါတယ်။ လုပ်စရာရှိတာတွေ ဆက်လုပ်သွားမှာပါ”

မေလ ၂၄ ရက် ဒီနေ့အထိ ဖမ်းဆီးခံရသူ တပ်ဖွဲ့ဝင်ရဲ့ နောက်ဆက်တွဲအခြေအနေတွေကို မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာ၀န်ကြီး ဦးသိန်းဌေးကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

No More Dictatorship People Defence Force (NMD) ဖွဲ့စည်းခဲ့တဲ့ နှစ်နှစ်ဝန်းကျင်အတွင်းမှာ တပ်ဖွဲ့ဝင် နှစ်ဆယ်ကျော် ဖမ်းဆီးခံခဲ့ရတာနဲ့ သေဆုံးတာတွေရှိခဲ့တယ်လို့ NMD အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
_________

မန္တလေးမြို့ အရှေ့ဘက် မြို့ပတ်လမ်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

22/05/2024

ဂျပန်အကူအညီများ မြန်မာစစ်တပ်ကိုအကျိုးပြုနေဆဲ

စစ်ကောင်စီပိုင်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ဂျပန်လုပ်ငန်းတစ်ခုက ဒေါ်လာ ၂ သန်းလွှဲပေး

Salween Press
မေလ ၂၂ ရက်နေ့ ၂၀၂၄

မြန်မာစစ်တပ်ပိုင်ဆိုင်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏စီမံကိန်းတစ်ခုအတွက် ဂျပန်ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Yokogawa Bridge Corp ကော်ပိုရေးရှင်းက အမေရိကန်ဒေါ်လာ ၂ သန်းကျော် လွှဲပေးခဲ့တယ်လို့ Human Rights Watch ကပြောပါတယ်။

အဆိုပါ ဒေါ်လာ ၂ သန်းကို ဂျပန်ဆောက်လုပ်ရေးကော်ပိုရေးရှင်းက အမေရိကန်အစိုးရ၏သဘောတူညီမှုဖြင့် ဇူလိုင် ၂၀၂၂ ခုနှစ်မှ ဇန်နဝါရီ ၂၀၂၃ ခုနှစ်အတွင်းမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကိုလွှဲပေးခဲ့တာတွေ့ရှိရကြောင်း Human Rights Watch က ဆိုပါတယ်။

ငွေလွှဲမှတ်တမ်းအရ အဆိုပါဒေါ်လာ ၂ သန်းကျော်ကို နှစ်ကြိမ်ခွဲ၍ လွှဲပေးခဲ့တာဖြစ်ပြီး ဒေါ်လာ ၁ သန်းကျော်အား မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကိုလွဲပေးခဲ့ပါတယ်။ နောက်ထပ် ဒေါ်လာ ၁.၃ သန်းခန့်အား ရန်ကုန်မှဆောက်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Bago River Bridge Construction Project အတွက်လွှဲပေးခဲ့တာလို့ဆိုပါတယ်။

အဆိုပါ Bago River Bridge Construction Project အတွက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် သံမဏိထုပ်လုပ်သည့်စက်ရုံတစ်ခုက သံမဏိများရောင်းချပေးနေပြီး အကျိုးအမြတ်များစွာရရှိတယ်လို့ မြန်မာနောင်းသတင်းဌာနက လွန်ခဲ့တဲ့ မတ်လ ၂၀၂၁ ခုနှစ်မှာ သတင်းရေးသားခဲ့ကြောင်း Human Rights Watch ကဆိုပါတယ်။

Yokogawa Bridge Corp အနေနဲ့ မြန်မာကိုအကူအညီပေးသည့်စီမံကိန်းတစ်ခုအတွက်လွှဲပေးရမည့်ငွေများသည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကိုလွှဲပေးမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ယခုအပတ်မှာပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံကိုအကူအညီပေးအပ်ရာမှာ မှန်မှန်ကန်ကန် ကိုင်တွင်လုပ်ဆောင်မယ်လို့ ဂျပန်ဝန်ကြီးချုပ်ကပြောဆိုခဲ့ပေမဲ့ ဂျပန်နိုင်ငံခြားရေးတာဝန်ရှိသူက ယခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့ Human Rights Watch က ထောက်ပြပါတယ်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလတွင် ဂျပန်ဝန်ကြီးချုပ် Fumio Kishida က မြန်မာကိုပေးမည့်အကူအညီများကို သင့်တော်မှန်ကန်သည့်နည်းလမ်းမှစီးဆင်းနိုင်အောင် ကိုင်တွယ်ဆောင်ရွက်မယ်လို့ ကတိပေးပြောဆိုခဲ့ပါယတ်။

(Photo: Myanmar Military)

22/05/2024
22/05/2024

住所

18-20, Sanei-cho
Shinjuku-ku, Tokyo
105-0002

ウェブサイト

アラート

Save Myanmar - gunnerがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Save Myanmar - gunnerにメッセージを送信:

ビデオ

共有する

メディア会社付近