Days biruma

Days biruma FYI �ဂျပန်က အကြောင်းအရာလေးတွေဝေမျှချင်ပါတယ်✍️

လက်ဆွဲပန်းခြံထည်းဆွဲခေါ် အဓမ္မပြုကျင့်တဲ့-တူရကီနိုင်ငံသားအဖမ်းခံရSaitama ခရိုင်ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးရေးဌာနခွဲနှင့် Ka...
21/02/2025

လက်ဆွဲပန်းခြံထည်းဆွဲခေါ် အဓမ္မပြုကျင့်တဲ့-တူရကီနိုင်ငံသားအဖမ်းခံရ

Saitama ခရိုင်ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးရေးဌာနခွဲနှင့် Kawaguchi ရဲစခန်းတို့က တိုကျိုမြို့၊ Hyakunincho 2-chome၊ Shinjuku မှ(၃၇) နှစ်ရွယ် အလုပ်လက်မဲ့ တူရကီနိုင်ငံသား အား သဘောတူညီမှုမရှိသော အဓမ္မပြုကျင့်မှု သံသယဖြင့် ဖမ်းဆီးခဲ့ပါသည်။

ရဲဌာနအဆိုရ ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကာဝါဂူချီမြို့နယ် နေထိုင်သူ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးကို ပန်းခြံတွင်းအဓမ္မလိင်ပိုင်းဆိုင်ရာ စော်ကားမှုသံသယဖြင့် ဖမ်းဆီးခံခဲ့ရပြီးတူးကီနိုင်ငံသားက စွဲချက်တွေကို ငြင်းဆိုထားပြီး “အချက်အလက်တွေကမမှန်ပါဘူး” လို့ ငြင်းဆိုပြောနေပါတယ်ဟုဆိုပါတယ်

ရဲဌာန ကနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး မသိရှိဘဲ တူရကီ အမျိုးသား က ဂျပန်အမျိုးသမီးကို“ဘာလုပ်နေလဲ” လို့မေးပြီး သူမလက်ကိုဆွဲကာ ပန်းခြံထဲကို ဆွဲခေါ်သွားကာပြုကျင့်ခဲ့တာဖြစ်ပါတယ်။ ထိုနေ့ ည ၁၁း၀၅ နာရီခန့်တွင် အမျိုးသမီး၏ ဆွေမျိုးများမှ 110 သို့ ဖုန်းခေါ်ဆိုပြီး ၎င်း၏ မိသားစုဝင်တစ်ဦးအား နိုင်ငံခြား အမျိုးသားတစ်ဦးမှ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ကြောင်း တိုင်ကြားခဲ့တာလို့ဆိုပါသည်။
ရဲဌာန က ပန်းခြံနှင့်အနီးတဝိုက်မှလုံခြုံရေး ကင်မရာ ကို စစ်ဆေး ထောက်လှမ်းကာ ဖမ်းဆီးရမီတာလို့ဆိုပါတယ်
အခြားပြစ်မှုများကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိကို ရဲစခန်းက သေသေချာချာ စစ်ဆေးနေပါတယ်။

ကျားဖြန့်ဂိုဏ်းမှာ ဂျပန်ကျောင်းသားလေးလျှပ်စစ်ကျဉ်စက်နဲ့ ကြောက်မက်ဖွယ်ရာနှိပ်စက်ခံခဲ့ရノルマを達成できないとスタンガンを当てられた」မြဝတီကျားဖြန...
19/02/2025

ကျားဖြန့်ဂိုဏ်းမှာ ဂျပန်ကျောင်းသားလေးလျှပ်စစ်ကျဉ်စက်နဲ့ ကြောက်မက်ဖွယ်ရာနှိပ်စက်ခံခဲ့ရ

ノルマを達成できないとスタンガンを当てられた」

မြဝတီကျားဖြန့်မှာလူကုန်ကူးခံရတယ်ဆိုတဲ့အသက်၁၆နှစ်နဲ့အသက်၁၇နှစ်အထက်တန်းကျောင်းသားနှစ်ယောက်မှာ
အအိချီ ကန် နေ အသက် ၁၆ နှစ်ကျောင်းသားက ကျားဖြန့်ဂိုဏ်းမှာ အလုပ်သေချာမပြီး စကားနားမထောင်ရင် လျှပ်စစ်ကျဉ်စက်နဲ့ ကြောက်မက်ဖွယ်ရာနှိပ်စက်ခံခဲ့ရတယ်လို့ ဂျပန်ရဲအရာရှိတွေကို ပြောကြားခဲ့ပါတယ်

အသက် ၁၆ နှစ်ကျောင်းသားလေးကဖေဖေါ်ဝါရီလ၁၅ရက်နေ့က ဂျပန်ကိုပြန်ရောက်ခဲ့တာဖြစ်ပြီးမီယာဂီ ကန်က ၁၇နှစ်ရွယ် ကျောင်းသားလေးက ဇန်နဝါရီလမှာပြန်ရောက်ခဲ့ပါတယ်
နှစ်ယောက်လုံး က မိဘတွေကိုအကြောင်းကြားပြီးဂျပန်သံရုံးနဲ့ ထိုင်းရဲတွေပူးပေါင်းကယ်တင်ပြန်ပို့နိုင်တာပါ
အခုဂျပန်မှာခေတ်စားနေတဲ့ဂျပန်ကျားဖြန့်(闇バイト) やみバイト အလုပ်မှန်းမသိလို့ဆိုကြပေမယ့်
စဉ်းစားစရာက အသက်၁၆နှစ်အရွယ်က ပတ်စပို့ထုတ် နိုင်ငံခြားခရီးတယောက်ထည်းသွားကြတယ်ဆိုတာ စိတ်ဝင်စရာပါ

သူတို့နှစ်ယောက်အပြောအရ ဂျပန်လူမျိုးတွေ တော်တော်များများရှိနေကြတယ်လို့ဆိုပါတယ်

#ကျားဖြန့်

ဘာအတွင်းခံဝတ်လည်းသိချင်လို့ ဆိုင်ရုံးခန်းဝင်_သော့တူပွါး_အိမ်အတွင်းဝင်သူအဖမ်းခံရ===================❗️အသက် ၃၄ နှစ်အရွယ် ရု...
19/02/2025

ဘာအတွင်းခံဝတ်လည်းသိချင်လို့ ဆိုင်ရုံးခန်းဝင်_သော့တူပွါး_အိမ်အတွင်းဝင်သူအဖမ်းခံရ
===================

❗️အသက် ၃၄ နှစ်အရွယ် ရုံးဝန်ထမ်းတစ်ဦးဖြစ်သည့် Ryota Miyahara (၃၄)နှစ်ကိုဆယ်ကျော်သက်အမျိုးသမီးငယ်တစ်ဦးရဲ့ နေအိမ်ကို ဝင်ရောက်ပြီး အတွင်းခံဘောင်းဘီနဲ့ အခြားပစ္စည်းတွေကို ခိုးယူဖို့ ကြိုးစားမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

Totsuka ရဲစခန်း၏ အဆိုအရ အဆိုပါ သံသယရှိသူသည် တိုကျိုမြို့ Shinjuku ရှိ ဆယ်ကျော်သက် မိန်းကလေးနေ ထိုင်တဲ့သည့် တိုက်ခန်းးတွင်းဝငိရောက်ကာ အတွင်းခံများခိုးယူမှုနဲ့ဖမ်းဆီးခဲ့တာပါလို့ဆိုပါတယ်

👉သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် မသိကြပေမယ့် အဆိုပါအမျိုးသမီးငယ်ကတော့ Takadano babaရပ်ကွက်ထဲက ကော်ဖီဆိုင်မှာ စားပွဲထိုးဖြစ်ပြီး Miyahara ကတော့ အဲဒီ့ဆိုင်မှာ သောက်နေကျဖောက်သည်ဖြစ်ပါတယ်။

👉Miyahara သည် ပထမဦးစွာ ကော်ဖီဆိုင်အတွင်း ရုံးခန်းဝင်ပေါက်အတွက် ပင်နံပါတ်ကုဒ်ကို အဝေးမှကြည့် မှတ်သားထားပြီး ဝန်ထမ်းမရှိချိန်တွင် ဝင်ရောက်ကာသူမရဲ့လက်ကိုင်အိတ်ထဲက IDက လိပ်စာနဲ့ သော့နံပါတ်ကို စစ်ဆေးပြီး ကူးယူပြီးသော့တူတစ်ခုကို ဖန်တီးပြီး အမျိုးသမီးရဲ့အိမ်ကို ဝင်ဖို့အခုလိုဖန်တီး အသုံးပြုခဲ့ပါတယ်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက အဆိုပါ အမျိုးသမီး၏ နေအိမ်သို့ “၁၀ ကြိမ်ခန့်” ဝင်ရောက်ခဲ့ကြောင်း ဝန်ခံခဲ့ကြောင်း သိရသည်။
အကြောင်းပြချက်က သူသဘောကျတဲ့အဆိုပါအမျိုးသမီးငယ် ဘယ်လိုအတွင်းခံဝတ်နေတယ်ဆိုတာသိချင်လိုပါတဲ့

盗み目的ではなく、女性がどんな下着を身につけているのか知りたかった」と容疑を一部否認しているという。

Miyahara သည် အခြားဆိုင်များ၏ ရုံးခန်းအတွင်းများသို့ ဝင်ရောက်ပြီး အခြားအမျိုးသမီးဝန်ထမ်းများ၏သော့များကို ပွါးယူထားတာကိုသူ၏နေအိမ်တွင်အများအပြား တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်းသည် အလားတူနည်းလမ်းကို အသုံးပြု၍ အခြားပြစ်မှုများကျူးလွန်ခဲ့သည်ဟု ယုံကြည်ကာ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်ဟုဆိုပါတယ်
‼️👉🫣သူ့ဆီက သော့အချောင်း၂၀ နီးပါတွေ့တယ်လို့ဆိုပ်တယ်

😂ဘာဘာ ကော်ဖီဆိုင်မှာလုပ်သူတွေရှိကြလားပဲ❓
‼️👉သော့ပျောက်သူတွေရှိကြလား❓

ဂျပန်အထက်တန်းကျောင်းသားအားလိမ်လည်လှည့်ဖြားခေါ်ဆောင်သွားကာထိုင်းမြန်မာနယ်စပ်ကကျားဖြန့်မှာခိုင်းစေခဲ့မှုဂျပန်အမျိုးသားတဦးဖ...
14/02/2025

ဂျပန်အထက်တန်းကျောင်းသားအားလိမ်လည်လှည့်ဖြားခေါ်ဆောင်သွားကာထိုင်းမြန်မာနယ်စပ်ကကျားဖြန့်မှာခိုင်းစေခဲ့မှုဂျပန်အမျိုးသားတဦးဖမ်းခံရ

=============
ဂျပန်အမျိုးသားတစ်ဦးကို အသက်၁၇နှစ်အရွယ်အထက်တန်းကျောင်းသားတဦးကိုလိမ်လည်လှည့်ဖြားခေါ်ဆောင်သွားကာထိုင်းမြန်မာနယ်စပ်ကကျားဖြန့်မှာခိုင်းစေခဲ့မှုနဲ့ထိုင်းရဲများက ဖေဖေါ်ဝါရီလ၁၃ရက်နေ့က ဖမ်းဆီးခဲ့သည်ဟုဆိုပါတယ်။

ဖမ်းဆီးခံရသူမှာ Tomoo Fujinuma (29) နှစ်ဖြစ်ပြီး ဂျပန်ရဲများက စွဲချက်အမျိုးမျိုးဖြင့် အလိုရှိနေသူဟုလည်းသိရပါတယ်

ထိုင်းအာဏာပိုင်များ၏ အဆိုအရ Fujinuma သည် ဂျပန်အထက်တန်းကျောင်းသားလေးအား အွန်လိုင်းဂိမ်းမှတဆင့်ထိုင်းနိုင်ငံသို့ ဖြားယောင်းကာ ဖမ်းဆီးခေါ်ဆောင်သွားကာ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြန်မာနိုင်ငံတွင် အွန်လိုင်းဂိမ်းတစ်ခုမှတစ်ဆင့်အထူးပြုလိမ်လည်မှုအစီအစဉ်တွင် ပါဝင်ခိုင်းခဲ့သည်ဟု ယူဆရပါသည်။
မိဘများက သိရှိသွားပြီးထိုသ်းသံရုံးမှတဆင့်အထက်တန်းကျောင်းသားလေးကို ယခုအခါ ကယ်နိုင်ခဲ့ပြီး ဂျပန်ကို ပြန်လည်ရောက်ရှိနေပြီဟုဆိုပါတယ်

#ကျားဖြန့်

ထိုင်းနယ်စပ်ကျားဖြန့်အဖွဲ့ဝင်လို့ယူဆရသူဂျပန်လုမျိုး၄ဦး မဲဆောက်မှာအဖမ်းခံရထိုင်းနိုင်ငံအနောက်ဘက် တာ့ခ်ခရိုင် မဲဆောက်ကနေ မ...
08/02/2025

ထိုင်းနယ်စပ်ကျားဖြန့်အဖွဲ့ဝင်လို့ယူဆရသူဂျပန်လုမျိုး၄ဦး မဲဆောက်မှာအဖမ်းခံရ

ထိုင်းနိုင်ငံအနောက်ဘက် တာ့ခ်ခရိုင် မဲဆောက်ကနေ မြန်မာနိုင်ငံ အရှေ့ဘက် မြဝတီအထိ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီးပြန်လာတဲ့ ဂျပန်အမျိုးသားလေးဦးကို ဖမ်းဆီးပြီး ဗီဇာရုပ်သိမ်းကြောင်း ၇ ရက်နေ့က ထိုင်းအာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။
၎င်းတို့လေးဦးသည် မြန်မာနယ်စပ်တွင် ပြဿနာဖြစ်ေနသော တရုတ်ရာဇ၀တ်ဂိုဏ်း၏ အဖွဲ့ဝင်များဟု ယူဆရသည်ဟုလည်းထိုင်းအာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။
အဆိုပါ ဂျပန်လေးဦးအား မြန်မာနိုင်ငံအတွင်းသို့နယ်စပ်ဖြတ်ကျော်ခဲ့တာကို လုံခြုံရေး ကင်မရာများဖြင့် သက်သေခံဖမ်းမိခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။ အဆိုပါ၄ဦးနယ်စပ်ဖြတ်ကျော်မှုတွင် မြန်မာနိုင်ငံသားတစ်ဦး ပါဝင်ပတ်သက်သည်ဟု လည်းအာဏာပိုင်များက ပြောသည်။

အဆိုပါဂျပန်လူမျိုးလေးဦးစလုံးသည် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သော ပြစ်မှုများ အပါအဝင် ရာဇ၀တ်မှု မှတ်တမ်းများ ရှိပြီး ၎င်းတို့အနက် တစ်ဦးမှာ ဂျပန်တွင် ဖမ်းဝရမ်း ထုတ်ခံထားသူလည်းဖြစ်ပါသည်။

👉‼️ကျားဖြန့်အွန်လိုင်းလိမ်လည်မှုမှာဂျပန်လူမျိုးများလည်းဖမ်းဆီးခိုင်းစေခံထားရ

မြန်မာနိုင်ငံအရှေ့ဘက်ခြမ်း ထိုင်းနယ်စပ်အနီးက ကျားဖြန့်အွန်လိုင်းလိမ်လည်မှုတွေကို အဓိကလုပ် ကိုင်နေတဲ့ နေရာမှာ ဂျပန်နိုင်ငံသား ၆ ဦးအမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးဖြစ်ပြီး ဖမ်းဆီးခိုင်းစေခံထားရတယ်လို့ လူကုန်ကူးခံရသူတွေအရေး ဆောင်ရွက်နေတဲ့ ထိုင်း အရပ်ဖက်အဖွဲ့အစည်းတခုက ဇန္နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာဖေါ်ပြ ထားပါတယ်။

#ကျားဖြန့်

🎍明けましておめでとうございます。🎍🇯🇵🎍今年もよろしくお願いします🎍(🇯🇵ဂျပန်မှာအခုလိုနှစ်ကူးနှုတ်ဆက်စကားကို ၁လပိုင်း၇ရက်နေ့လောက်အထိသုံးလို့ရပါတယ်တဲ့🇯🇵⛩️)...
02/01/2025

🎍明けましておめでとうございます。🎍

🇯🇵🎍今年もよろしくお願いします🎍

(🇯🇵ဂျပန်မှာအခုလိုနှစ်ကူးနှုတ်ဆက်စကားကို ၁လပိုင်း၇ရက်နေ့လောက်အထိသုံးလို့ရပါတယ်တဲ့🇯🇵⛩️)

🎍နှစ်သစ်မှစ🎍
❗️အားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းပြည့်စုံကြကာ လိုအင်ဆန္ဒတွေပြည့်ကြပါစေ ❗️
🇲🇲❗️အမိမြန်မာပြည် ကြီး စစ်မိစ္ဆာတွေအောက်က အမြန်ဆုံးလွတ်မြောက်အေးချမ်းပါစေ❗️
🙏🙏🙏

❌အရှင်ဘုရား 👉ဟို စွပု မအလ အပေါင်းအပါမပါဘူးနော်❌


#မအလအမြန်ကျဆုံးပါစေ

❌Shibuya နှစ်သစ်ကြိုဆိုတဲ့ကောင့်ဒေါင်းမရှိဘူးနော်🇯🇵တိုကျို Shibuya မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဟာ မြို့နယ်ရဲ့ အဓိကဘူတာရုံအန...
31/12/2024

❌Shibuya နှစ်သစ်ကြိုဆိုတဲ့ကောင့်ဒေါင်းမရှိဘူးနော်🇯🇵

တိုကျို Shibuya မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဟာ မြို့နယ်ရဲ့ အဓိကဘူတာရုံအနီးတစ်ဝိုက်မှာ countdown လုပ်ပြီး နှစ်သစ်ကြိုဆိုတဲ့ပွဲကို ရပ်ဆိုင်းဖို့ ၅ နှစ်ဆက်တိုက်အဖြစ် ဆုံးဖြတ်လိုက်ပါတယ်။

၂၀၁၉ ခုနှစ်အထိ Shibuya ဘူတာအနီးမှာ countdown လုပ်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်း အရက်သောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာတွေ၊ လူစုလူဝေးထဲမှာ ဖြစ်လာနိုင်တဲ့ မတော်တဆမှုတွေကြောင့် ရပ်ဆိုင်းခဲ့ပါတယ်။

နှစ်သစ်ကြိုဆိုတဲ့ အဲဒီပွဲကို ဖျက်သိမ်းလိုက်ပေမဲ့ နှစ်သစ်ကူးအကြိုနေ့ကျရင် ဘူတာအရှေ့က လူကူးမျဉ်းကြား အများအပြားရှိတဲ့လမ်းဆုံမှာ လူတွေ စုဝေးရောက်ရှိလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ အဲဒါကြောင့် အဲဒီဧရိယာတစ်ဝိုက်မှာ လုံခြုံရေးဝန်ထမ်းတွေ ချထားဖို့ အရာရှိတွေက စီစဉ်နေပါတယ်။

လူအများအပြား စုဝေးတာကို တားဆီးတဲ့အနေနဲ့ နာမည်ကျော် Hachiko ခွေးရုပ်တု အနီးတစ်ဝိုက်မှာလည်း အကာအရံတွေနဲ့ ဖုံးကွယ်ထားမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့ မနက် ၆ နာရီကနေ ဗုဒ္ဓဟူးနေ့မနက် ၁ နာရီအထိ အဲဒီလို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

Shibuya ဘူတာအနီးတစ်ဝိုက်ကို ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်လာအောင် ဖန်တီးဖို့အတွက် ပူးပေါင်းပါဝင်ကြဖို့ Shibuya မြို့နယ်အုပ်ချုပ်ရေးမှူး Hasebe Ken က တောင်းဆိုခဲ့ပါတယ်။

Card:အန်အိပ်ကေ

#ဂျပန်

🇯🇵ဂျမ်ဘိုထီပေါက်သူတွေရှိလားပဲ🎍🎍2024ခုအကုန် 年末ジャンボ宝くじ 当選番号ပါ🙏မင်မင် တော့မနက်ဖြန်မှတိုက်ရင်ကောင်းမလားလို့😷၂၀၂၄ က သိပ်အဆင်မ...
31/12/2024

🇯🇵ဂျမ်ဘိုထီပေါက်သူတွေရှိလားပဲ🎍

🎍2024ခုအကုန် 年末ジャンボ宝くじ 当選番号ပါ
🙏မင်မင် တော့မနက်ဖြန်မှတိုက်ရင်ကောင်းမလားလို့
😷၂၀၂၄ က သိပ်အဆင်မပြေလို့😂

年末ジャンボ宝くじ

【1等 7億円】110組106348

【前後賞 1億5000万円】1等の前後の番号

【組違い賞 10万円】1等の組違いの同番号

2等 1000万円】52組151307/49組135439/139組167124/65組138164/60組122015/46組116185/60組110493/84組120749

【3等 100万円】各組共通103265/164169

【4等 5万円】下4ケタ6135

【5等 1万円】下3ケタ896

【6等 3000円】下2ケタ64

【7等 300円】下1ケタ6


#ဂျပန်
#年末ジャンボ

တရုတ်ကနေလာအကြိမ်ကြိမ်လာနိုက်သူဟုသံသယရှိသူခါး ဖမ်းမိ‼️⚠️ဂျပန်အရင်လိုမဟုတ်တော့လို့ခရီးဆောင်အိတ် များကို ဂရုစိုက်ကြရန်သတိပေ...
30/12/2024

တရုတ်ကနေလာအကြိမ်ကြိမ်လာနိုက်သူဟုသံသယရှိသူခါး ဖမ်းမိ

‼️⚠️ဂျပန်အရင်လိုမဟုတ်တော့လို့ခရီးဆောင်အိတ် များကို ဂရုစိုက်ကြရန်သတိပေး‼️

ဖမ်းဆီးရမိသူမှာ Shen Kailiang အမည်ရှိ(၄၆)နှစ်အရွယ်တရုတ်နိုင်ငံသားဖြစ်သည်။

၂၉ ရက်နေ့ နံနက် ၇ နာရီခန့်က JR Tokyo ဘူတာရုံတွင် မထွက်ခွာမီရပ်နားထားသော ရှင်ကန်ဆန်ရထားTokaido Shinkansen "Nozomi" ၏ ခရီးသည်တစ်ဦးရဲ့ခရီးဆောင်အိတ်အတွင်း ထည့်ထားသော ငွေများနှင့် ပစ္စည်းများ နောက်ခုံမှလှမ်းယူကာအိတ် ကိုဖွင့်နေစဉ် လက်ပူးလက်ကြပ်မိပြီး ခိုးယူရန် ကြိုးပမ်းမှုဖြင့်ဖမ်းဆီးခဲ့ကြောင်း မြို့တော်ရဲဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Shinkansen တွင် အလားတူ ခိုးယူခံရမှုများ တနေ့တခြားများပြားလာ၍စုံစမ်းစစ်ဆေးရေးမှူးများ စောင့်ကြပ်နေစဉ်တွင် သံသယ ရှိသူShen ကရှေ့ခုံမှခရီးသည်၏ ကျောပိုးအိတ်ကို နောက်ထိုင်ခုံတွင် ထိုင်ကာ လှမ်းယူဖွင့်နေစဉ် ဖမ်းဆီးမိတာဟုဆိုပါတယ်

မြို့တော်ရဲဌာန၏ အဆိုအရ သံသယရှိသူ Shim သည် 27 ရက်နေ့တွင် အချိန်တို ဧည့်သည်အဖြစ် ဂျပန်နိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံတွင်းသို့ အကြိမ်ပေါင်း ယခုနှစ်အတွင်းအကြိမ်တစ်ဒါဇင်ကျော် ဝင်ရောက်ခဲ့ပြီး ၎င်း၏ ဂျပန်လာတဲ့အခြေအနေ တွေကိုအသေးစိတ်ကို လက်ရှိတွင် စုံစမ်းစစ်ဆေးလျက်ရှိသည်ဟြဆိုပါတယ်

ခရီးသည်များအနေနဲ့မိမိတို့အဖိုးတန်ပစ္စည်းများသို့မဟုတ် အခြားပစ္စည်းများကိုထည့်ထားသော ခရီးဆောင်အိတ်များကို အထူးဂရုစိုက်ကြရန် မြို့တော်ရဲဌာနက သတိပေးထားပါသည်။

#ဂျပန်

27/12/2024

လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ခံ
၂၀ အရွယ် ဗီယက်နမ်မိန်းခလေးတိုင်ကြားခဲ့တဲ့ဗဒီယို
===========

Fukuoka စီရင်စုရှိ စိုက်ပျိုးရေးလယ်ယာတစ်ခုတွင် အလုပ်လုပ်နေသော အသက် ၂၀ အရွယ် ဗီယက်နမ် နည်းပညာဆိုင်ရာ အလုပ်သင် အမျိုးသမီးတစ်ဦးသည် သူမ၏ ရင်သားနှင့် ဝမ်းဗိုက်အောက်ပိုင်းကို ထိကိုင်ခြင်း အပါအဝင် သူမ၏အသက် ၆၀ရွယ် အလုပ်ရှင်မှ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ခံခဲ့ရကြောင်း သက်ဆိုင်ရာကိုတိုင်ကြားခဲ့သည်ဟုဆိုပါတယ်

ဂျပန်-ဗီယက်နမ် Tomoiki Support Association (Tokyo-based NPO) ၏အဆိုအရ အဆိုပါမိန်းခလေးသည် ဇူလိုင်လအစောပိုင်းတွင် ဂျပန်နိုင်ငံသို့လာရောက်ခဲ့ပြီး သြဂုတ်လမှစတင်ကာ အဆိုပါစီရင်စုတောင်ပိုင်းရှိ ဂန္ဓမာပန်းပင်များစိုက်ပျိုးရေးသို့အလုပ်သင်အလုပ်သမားအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီးအလုပ်စဝင်ပြီးမကြာခင်မှာပင်လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ခံခဲ့ရတယ်လို့ဆိုပါတယ်

お金をあげるからホテルに行こう」と言われ、ငါပိုက်ဆံပေးမယ်ဟိုတယ်သွားရအောင်ပြောခြင်း
作業中に胸や下腹部を触られたり、下着を外されたりするようになったという。
အလုပ်ချိန်အတွင်းခန္ဓာကိုယ်ကိုကိုင်တွယ်ခြင်း(ဘာသာမပြန်တော့ဘူးနော်)များပြုလုပ်ခဲ့ပြီး
အဆိုပါပြုလုပ်မှုများကိုသူမ ကလက်ကိုင်ဖုံးတွင် ရိုက်ကူးမှတ်တမ်းယူထားသဖြင့်သက်သေအဖြစ်များစွာရှိသည်ဟုဆိုပါတယ်

ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် တရားရေး ဝန်ကြီးဌာနတို့ ကိုလည်း အဆိုပါ အခြေအနေကို အကြောင်းကြားထားပြီး ဂျပန် နည်းပညာ အလုပ်သင် သင်တန်းကျောင်း ကြီးကြပ်ရေး အဖွဲ့ကလည်း အရေးယူ ဆောင်ရွက်ရန်ရှိသည်ဟုဆိုပါတယ်

#ဂျပန်

ရင်ခုန်စရာ ၂၀၂၅ခုနှစ်=======၂၀၂၅ နှစ်ဆန်း က စ ဆန်စျေးနှုန်းတွေတက်လာမှာဖြစ်ပြီးအခြားပစ္စည်း ၂သောင်းကျော်များလည်းတက်လာမည်ဟ...
27/12/2024

ရင်ခုန်စရာ ၂၀၂၅ခုနှစ်
=======

၂၀၂၅ နှစ်ဆန်း က စ ဆန်စျေးနှုန်းတွေတက်လာမှာဖြစ်ပြီးအခြားပစ္စည်း ၂သောင်းကျော်များလည်းတက်လာမည်ဟုဆိုပါတယ်

ဂျုံနှင့်ပတ်သတ်တဲ့မုန့်နှင့်ဆန်နဲ့ပတ်သတ်များ သည် ဇန်နဝါရီ၁ရက်ကစ အမျိုးအစား၁၂၀၀ကျော် အရင်ထက်ထပ်မံမြင့်တက်လာမည်ဖြစ်ပြီး
၂၀၂၅ခုနှစ်အတွင်းကုန်ပစ္စည်း အမျိုး20,000 (၂သောင်းကျော် )စျေးနှုန်းမြှင့်တက်လာမည်ဖြစ်ပြီး အကြောင်းရင်းက
ဂျပန်ယန်းစျေး၊ကုန်ကြမ်းစရိတ် ကြီးမြင့်မှုလာနှင့် လုပ်သားစရိတ်များ မြင့်တက်လာမှုကြောင့်ဟုဆိုပါတယ်
ဆန်သစ်ထွက်မယ့်၂၀၂၅ခုနှစ်၁၀လပိုင်းအထိ ဆန်စျေးဘယ်လောက်အထိ တက်မယ်ဆိုတာခန့်မှန်းလို့မရပါဘူးတဲ့

အင်တာဗျူးတခုမှာ
ဆန်စျေးတက်လို့ ထမင်းလျော့စားနေတယ်မနက်စာကို ပေါင်မုန့်နဲ့အစားထိုးစားနေတယ်လို့ ဆိုတဲ့လူလည်းရှိပါတယ်

Teikoku Databank ၏ အဆိုအရ 2024 ခုနှစ်တွင်အစားအသောက်နှင့် အဖျော်ယမကာ ပစ္စည်း အမျိုးပေါင်း12,520 သည် 2024 ခုနှစ်တွင် ၎င်းတို့၏ ဈေးနှုန်းများ တိုးလာခဲ့သည်ဟုဆိုပါတယ်လာမည့်၂၀၂၅ခုနှစ်မှာ အမျိုးအစား၂၀၀၀၀ကျော်တက်မှာဖြစ်တယ်လို့ဆိုပါတယ်။

#ဂျပန်

⚠️‼️ပိုက်လာလာတဲ့ရေ သတိထားဖို့လို⚠️‼️👉အချို့သော ကင်ဆာဖြစ်စေနိုင်သော သံသယရှိသော PFAS ဓာတ်များပိုက်ကလာတဲ့ရေမှာ မြင့်တက်လာနေ...
25/12/2024

⚠️‼️ပိုက်လာလာတဲ့ရေ သတိထားဖို့လို⚠️‼️

👉အချို့သော ကင်ဆာဖြစ်စေနိုင်သော သံသယရှိသော PFAS ဓာတ်များပိုက်ကလာတဲ့ရေမှာ မြင့်တက်လာနေတာကိုတွေ့ရှိလို့
ကျွမ်းကျင်သူတွေစံသတ်မှတ်ဖို့ ဒီဇင်ဘာ၂၄ရက်နေ့ကတောင်းဆိုလိုက်ပါတယ်❗️

発がん性疑いPFASの一部、水道水の検査や濃度順守を義務化 「水質基準」に格上げ、専門家会議が了承

ပိုက်ကလာတဲ့ရေတွေကို
အော်ဂဲနစ်ဖလိုရင်းဒြပ်ပေါင်းအုပ်စုဖြစ်တဲ့ PFAS ဓာတုပစ္စည်းတွေပါဝင်မှုအတွက် ပုံမှန်စမ်းသပ်မှုပြုလုပ်ဖို့လိုအပ်ပြီး တရားဝင်စံသတ်မှတ်ဖို့ ဂျပန်ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ပါတယ်။

PFAS မှာ အန္တရာယ်ဖြစ်နိုင်တယ်လို့ ယူဆရတဲ့ PFOS နဲ့ PFOA ပါဝင်ပါတယ်။
အစိုးရက ၂၀၂၀ ခုနှစ်မှာ ပိုက်ကလာတဲ့ရေ တစ်လီတာမှာ အဲဒီဓာတုပစ္စည်း ၂ မျိုး စုစုပေါင်း ပါဝင်ပမာဏကို ယာယီသတ်မှတ်ချက်အဖြစ် ၅၀ နာနိုဂရမ် ဆိုပြီး သတ်မှတ်ခဲ့ပါတယ်။
အဲဒီစံနှုန်းဟာ ကျန်းမာရေးထိခိုက်မှု မရှိဘူးလို့ အစိုးရကယူဆထားတဲ့ လက်ရှိ ယာယီသတ်မှတ်ချက်နဲ့ တူညီနေမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ စမ်းသပ်တာ ဒါမှမဟုတ် တခြားအစီအမံတွေအတွက် တရားဝင်သတ်မှတ်ချက်တွေ မရှိသေးပါဘူး။
နိုင်ငံတစ်ဝန်းကောက်ယူခဲ့တဲ့ အစိုးရစစ်တမ်းတစ်ခုမှာ PFOS နဲ့ PFOA ပါဝင်မှု မြင့်မားတာ တွေ့ရှိပြီးနောက်၊ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့က စံချိန်စံညွှန်းပြည့်မီဖို့ တရားဝင်လိုအပ်တယ်ဆိုတဲ့ မူဝါဒကို အတည်ပြုခဲ့ပါတယ်။
အဲဒါကြောင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရေပေးဝေရေးဌာနတွေဟာ ပိုက်ကလာတဲ့ရေကို ပုံမှန်စစ်ဆေးစမ်းသပ်ဖို့ တာဝန်ရှိမှာ ဖြစ်ပါတယ်။ PFAS ရဲ့ ပါဝင်မှုဟာ စံနှုန်းထက် ကျော်လွန်ရင် သူတို့ဟာ အရည်အသွေး မြင့်တက်လာစေရေး အစီအမံတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ရေပေးဝေရေးဌာနတွေက သူတို့အနေနဲ့ တုံ့ပြန်ဖို့အချိန် လိုအပ်မှာဖြစ်တယ်လို့ ပြောထားတဲ့အတွက် အဲဒီမူဝါဒဟာ ၂၀၂၆ ခုနှစ် ဧပြီလမှ စတင်အသက်ဝင်မယ်လို့ မျှော်လင့်ရပါတယ်။

#ဂျပန်
#水

လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ခံ၂၀ အရွယ် ဗီယက်နမ်မိန်းခလေးတိုင်ကြား=============ဒီနေ့နောက်တမှု🥲Fukuoka စီရင်စုရှိ စိုက်...
24/12/2024

လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ခံ
၂၀ အရွယ် ဗီယက်နမ်မိန်းခလေးတိုင်ကြား
=============
ဒီနေ့နောက်တမှု🥲

Fukuoka စီရင်စုရှိ စိုက်ပျိုးရေးလယ်ယာတစ်ခုတွင် အလုပ်လုပ်နေသော အသက် ၂၀ အရွယ် ဗီယက်နမ် နည်းပညာဆိုင်ရာ အလုပ်သင် အမျိုးသမီးတစ်ဦးသည် သူမ၏ ရင်သားနှင့် ဝမ်းဗိုက်အောက်ပိုင်းကို ထိကိုင်ခြင်း အပါအဝင် သူမ၏အသက် ၆၀ရွယ် အလုပ်ရှင်မှ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ခံခဲ့ရကြောင်း သက်ဆိုင်ရာကိုတိုင်ကြားခဲ့သည်ဟုဆိုပါတယ်

ဂျပန်-ဗီယက်နမ် Tomoiki Support Association (Tokyo-based NPO) ၏အဆိုအရ အဆိုပါမိန်းခလေးသည် ဇူလိုင်လအစောပိုင်းတွင် ဂျပန်နိုင်ငံသို့လာရောက်ခဲ့ပြီး သြဂုတ်လမှစတင်ကာ အဆိုပါစီရင်စုတောင်ပိုင်းရှိ ဂန္ဓမာပန်းပင်များစိုက်ပျိုးရေးသို့အလုပ်သင်အလုပ်သမားအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီးအလုပ်စဝင်ပြီးမကြာခင်မှာပင်လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ခံခဲ့ရတယ်လို့ဆိုပါတယ်

お金をあげるからホテルに行こう」と言われ、ငါပိုက်ဆံပေးမယ်ဟိုတယ်သွားရအောင်ပြောခြင်း
作業中に胸や下腹部を触られたり、下着を外されたりするようになったという。
အလုပ်ချိန်အတွင်းခန္ဓာကိုယ်ကိုကိုင်တွယ်ခြင်း(ဘာသာမပြန်တော့ဘူးနော်)များပြုလုပ်ခဲ့ပြီး
အဆိုပါပြုလုပ်မှုများကိုသူမ ကလက်ကိုင်ဖုံးတွင် ရိုက်ကူးမှတ်တမ်းယူထားသဖြင့်သက်သေအဖြစ်များစွာရှိသည်ဟုဆိုပါတယ်

ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် တရားရေး ဝန်ကြီးဌာနတို့ ကိုလည်း အဆိုပါ အခြေအနေကို အကြောင်းကြားထားပြီး ဂျပန် နည်းပညာ အလုပ်သင် သင်တန်းကျောင်း ကြီးကြပ်ရေး အဖွဲ့ကလည်း အရေးယူ ဆောင်ရွက်ရန်ရှိသည်ဟုဆိုပါတယ်

#ဂျပန်

၃ဆစျေးတက်နေတဲ့ဂေါ်ဖီထုပ်များ ခိုးယူမှုသံသယနဲ့တရုတ်လူမျိုးညီအကိုအဖမ်းခံရ==============Ibaraki စီရင်စုရှိ Shimotsuma မြို့...
24/12/2024

၃ဆစျေးတက်နေတဲ့ဂေါ်ဖီထုပ်များ ခိုးယူမှုသံသယနဲ့တရုတ်လူမျိုးညီအကိုအဖမ်းခံရ
==============
Ibaraki စီရင်စုရှိ Shimotsuma မြို့၌ ရိတ်သိမ်းမထားသေးသော ဂေါ်ဖီထုပ်များကို ခိုးယူမှုသံသယဖြင့် တရုတ်လူမျိုးညီအစ်ကို ၂ ဦးကိုကြောင့်ဖမ်းဆီးခံရတယ်လို့ဆိုပါတယ်
ရဲတပ်ဖွဲ့၏ အဆိုအရ ၎င်းတို့နှစ်ဦးသည် ဂေါဖီထုတ်စိုက်ခင်းမှရိတ်မသိမ်းရသေးသော စျေးကွက်တန်ဖိုး ယန်း ၃၂၀၀ ရှိသောဂေါ်ဖီထုပ်ရှစ်လုံးကို
သူတို့စီးလာသောထရပ်ကာပေါ်တင်နေစဉ် အနီးရှိ စိုက်ခင်းပိုင်ရှင်၏ အသိမိတ်ဆွေတစ်ဦးက တွေ့ရှိသဖြင့် တားဆီးဖမ်းကာ 110 သို့ ဖုန်းခေါ်ဆိုခဲ့သည်ဟုဆိုပါတယ်

ရဲတပ်ဖွဲ့၏ အဆိုအရ ၎င်းတို့နှစ်ဦးသည် စွဲချက်များကို ငြင်းဆိုထားပြီး လွှင့်ပစ်မယ့်ပစ္စည်းများထင်လို့ယူတာလို့ဆိုပါတယ်

Ibaraki စီရင်စုတွင် ယခုလ 15 ရက်နေ့မှ စတင်၍စိုက်ခင်းများစွာမှ မရိတ်သိမ်းရသေးသော ဂေါ်ဖီထုပ်များ အလုံး၃ထောင်ကျော်ခိုးယူခံရမှုများဆက်တိုက်ဖြစ်ပွါးခဲ့သောကြောင်း၄င်းတို့နှစ်ဦးသည် အခြားအမှုများနှင့် ဆက်နွှယ်မှုရှိမရှိကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်ဟုဆိုပါတယ်

❗️လိင်ပိုင်းဆိုင်ရာ စော်ကားခံကမ္ဘောဒီးယား အမျိုးသမီး သုံးဦးအလုပ်ရှင်ကိုယန်း ၉၂ သန်းတရားစွဲတောင်းဆို❗️❗️ကမ္ဘောဒီးယားနိုင်...
23/12/2024

❗️လိင်ပိုင်းဆိုင်ရာ စော်ကားခံ
ကမ္ဘောဒီးယား အမျိုးသမီး သုံးဦးအလုပ်ရှင်ကိုယန်း ၉၂ သန်းတရားစွဲတောင်းဆို❗️

❗️ကမ္ဘောဒီးယားနိုင်ငံမှ အသက်၂၀ရွယ်နည်းပညာပိုင်းဆိုင်ရာ အလုပ်သင်အမျိုးသမီး၃ဦးသည် Tochigi စီရင်စုရှိ စတော်ဘယ်ရီခြံတစ်ခြံမှ အသက်၅၀ကျော် အလုပ်ရှင်ထံမှ ယန်း ၉၂ သန်း(၁အုခု)နီးပါးနစ်နာကြေးပေးရန် တောင်းဆိုခဲ့ကြပြီး
👉 ၎င်းတို့အထည်းမှတဦးသည် အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရပြီး ကိုယ်ဝန်ရလာသောအခါတိုင်းကြားပါက အိမ်ပြန်ပို့ခံရမယ်´ ဟူသော ခြိမ်းခြောက်မှုဖြင့် ခြိမ်းခြောက်ခံရပြီးလုံလောက်သော ရှင်းပြချက်မရှိဘဲ အတင်းအကြပ် ကိုယ်ဝန်ဖျက်ချခိုင်းခဲ့တယ်လို့ဆိုပါတယ်
👉မိမိအနေနဲ့ဂျပန်လာဘို့အတွက် အကြွေးတင်ခဲ့တာကြောင့်ကြိတ်မှတ်နေခဲ့ရကြောင်းဟုဆိုပါတယ်
👉မိမိ လိုနောက်လူတွေအခုလိုမဖြစ်အောင်င်ကူညီဆောင်ရွတ်ပေးစေလိုတယ်ဆိုပါတယ်
အဆိုပါအသက် ၂၀ အရွယ် ကမ္ဘောဒီးယား အမျိုးသမီး သုံးဦးသည် တိုချီဂီစီရင်စုရှိ စတော်ဘယ်ရီခြံတွင် ၂၀၂၂ ခုနှစ်မှ စတင်ကာ နည်းပညာဆိုင်ရာ အလုပ်သင် သင်တန်းသားအဖြစ် လုပ်ကိုင်ခဲ့ကြပြီးအခြားနှစ်ဦးက လည်းသူမတို့ခန္ဓာကိုယ် ကိုကိုင်တွယ်စော်ကားခံရတယ်လို့စွပ်စွဲထားပါတယ်
❗️အဆိုပါအမျိုးသမီး သုံးဦးသည် Gifu General Labour Union ထံမှ အကူအညီ ရယူခဲ့ပြီးတိုကျိုခရိုင်တရားရုံးတွင်သဘောတူမဟုတ်သော လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုကြောင့် စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားခဲ့ရသည်ဟု စွဲဆိုထား ကာနစ်နာကြေး ယန်း ၉၂ သန်းခန့်ကို ဒီဇင်ဘာ၁၉ ရက်နေ့တွင် တောင်းဆိုခဲ့ကြသည်ဟုဖော်ပြထားပါတယ်

Honda ရဲ့ ကုမ္ပဏီဥက္ကဋ္ဌ က Nissan နဲ့ ပူးပေါင်းမယ့်ကုမ္ပဏီသစ်၏ဥက္ကဋ္ဌကိုယူမယ်လို့ကြေညာHonda နှင့် Nissan Motors တို့၏ ဥက...
23/12/2024

Honda ရဲ့ ကုမ္ပဏီဥက္ကဋ္ဌ က Nissan နဲ့ ပူးပေါင်းမယ့်ကုမ္ပဏီသစ်၏ဥက္ကဋ္ဌကိုယူမယ်လို့ကြေညာ

Honda နှင့် Nissan Motors တို့၏ ဥက္ကဋ္ဌများသည် ယနေ့ညနေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးလုပ်ငန်းပူးပေါင်းမည်ဟု တရားဝင်ကြေညာခဲ့ပြီး
သတင်းထောက် Umeda ကမေးမြန်းမှုကိုပူးပေါင်းမယ့်ကုမ္ပဏီသစ်၏ဥက္ကဋ္ဌကို Honda ရဲ့ ကုမ္ပဏီဥက္ကဌခန့်အပ်မည်
တစ်နည်းဆိုရသော် ပေါင်းစည်းမှုကို Honda က ဦးဆောင်မည်ဖြစ်ဟုယူဆရပါတယ်

Nissan နှင့် Honda ပေါင်းစည်းပြီးလျှင် Mitsubishi Motors ကိုပါ ထပ်မံ ပေါင်းစည်းရန် စီစဉ်ထားပြီးNissan နှင့် Honda တို့သည် ကုမ္ပဏီတစ်ခုတည်းအောက်တွင် လုပ်ငန်းလည်ပတ်သွားမည်လို့ သုံးသပ်နေကြပါတယ်

Honda နဲ့ Nissan တို့က သူတို့ရဲ့ ပေါင်းစည်းမှုဟာ ဘုံထုတ်လုပ်မှုတွေကတစ်ဆင့် ကုန်ကျစရိတ်တွေကို လျှော့ချနိုင်ပြီး ဟိုက်ဘရစ်နဲ့ လျှပ်စစ်ကား (EV) တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ပြီးခဲ့တဲ့အပတ်Honda နှင့် Nissan ကုမ္ပဏီတို့ ပေါင်းစည်းရန် ဆွေးနွေးသည့်သတင်းများ ထွက်ပေါ်လာပြီးနောက် Nissan ၏ ရှယ်ယာဈေးများ ၂၄ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့ပါတယ်

အကယ်၍အဆိုပါ ကုမ္ပဏီ ၃ ခုပေါင်းစည်းထားသော ကုမ္ပဏီသစ်ရဲ့ထုတ်လုပ်မှုမှာ နှစ်စဉ် ကားအစင်းရေ ၈ သန်းကျော်ခန့်မှန်းကြပြီး ထိုသို့ ပေါင်းစည်းလိုက်မှုကြောင့် ကမ္ဘာ့အကြီးမားဆုံး ကားထုတ်လုပ်သူများအဆင့် ပါဝင်လာမှာ ဖြစ်သည်။
၂၀၂၃ ခုနှစ်အတွင်းဂျပန်ထိပ်သီး ကားထုတ်လုပ်သူ Toyota သည် ကားအစင်းရေ ၁၁ ဒသမ ၂ သန်း ထုတ်လုပ်ခဲ့ပြီး ဂျာမန် ကုမ္ပဏီ Volkswagen မှာ အစင်းရေ ၉ ဒသမ ၂ သန်း ထုတ်လုပ်ခဲ့ပါသည်။

ဂျပန်ဧကရာဇ်ဘုရင်ကြီးရဲ့တော်ဝင်သမီးတော် လေး အအိကို ဆမ インフルエンザဖြစ်နေဂျပန်ဧကရာဇ်ဘုရင်ကြီးရဲ့တော်ဝင်သမီးတော် လေး အအိကို ဆမ တ...
23/12/2024

ဂျပန်ဧကရာဇ်ဘုရင်ကြီးရဲ့တော်ဝင်သမီးတော် လေး အအိကို ဆမ インフルエンザဖြစ်နေ

ဂျပန်ဧကရာဇ်ဘုရင်ကြီးရဲ့တော်ဝင်သမီးတော် လေး အအိကို ဆမ တောင်インフルエンザဖြစ်နေတယ်ဆိုတော့
အားလုံးဂရုစိုက်ကြပါ
အခုအပတ်အတွင်းမှာ インフルエンザ Influenza ဖြစ်သူတွေအရမ်းများလို့ဆေးခန်းတွေလက်မလည်ဖြစ်ျနပါတယ်တဲ့
インフルエンザ Influenza ကြိုတင်ကာကွယ်တဲ့အနေနဲ့ အစားအစာနံပတ်၁ ကဒိန်ချဉ်ပါတဲ့


#インフルエンザ

အလုပ်တူအသက်၂၀ရွယ်မြန်မာမိန်းခလေးကိုလိင်အကြမ်းဖက်သူ အရိတမြို့နေ့မြန်မာ အလုပ်သင်အလုပ်သမား ထောင်ဒဏ် ၆နှစ် ချမှတ်ခံရအမှုမှာS...
06/12/2024

အလုပ်တူအသက်၂၀ရွယ်မြန်မာမိန်းခလေးကိုလိင်အကြမ်းဖက်သူ အရိတမြို့နေ့မြန်မာ အလုပ်သင်အလုပ်သမား ထောင်ဒဏ် ၆နှစ် ချမှတ်ခံရ

အမှုမှာSagaစီရင်စု有田Kamiyamadani တွင်တဆောင်ထည်းနေ အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးတစ်ဦးအားဇူလိုင် ၁၃ ရက်မှ၁၄ ရက်အထိလင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့သည့်အပြင်မိန်းခလေးမှာ လက်နှစ်ဖက်နှင့် လည်ပင်းတို့တွင် ရက်ပေါင်း ၂၀ ခန့် ကြာမြင့်သည့်ဒဏ်ရာရရှိခဲ့သည်ဆိုကာ
အဆိုပါဖြစ်စဉ်ကို ဇူလိုင် ၁၇ ရက်တွင်မိန်းခလေးမှ တိုင်ကြားအမှုဖွင့်တရားစွဲခဲ့တာဖြစ်ပါတယ်။
ကျူးလွန်သူကထိခိုက်ဒဏ်ရာရတာမဖြစ်နိုင်ဘူးလို့ငြင်းဆိုခဲ့ပါတယ်
ရုံးတင်စစ်ဆေးပြီး၃လအကြာမှာ မွေးမြုရေးခြံအလုပ်သင်အလုပ်သမားအသက် ၂၇ နှစ်အရွယ် ကိုသူရကိုအလုပ်နှင့်ထောင်ဒဏ်၆နှစ်ချမှတ်ခံရခြင်းဖြစ်သည်။


#ဂျပန်
#

住所

Shinjuku-ku, Tokyo

ウェブサイト

アラート

Days birumaがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Days birumaにメッセージを送信:

ビデオ

共有する