Just a Thought

Just a Thought Knowledge sharing & Blog

ဒီမနက်ရဲ့အတွေးတစပေါ့…အရသာရှိတဲ့အစားအစာတွေစားဖူးတဲ့သူမှ အဲ့အရသာဖြစ်အောင် ချက်ပြုတ်ပေးတတ်မှာပါ…👩‍🍳အစားအစာရဲ့ မူရင်းအရသာတော...
24/10/2023

ဒီမနက်ရဲ့အတွေးတစပေါ့…
အရသာရှိတဲ့အစားအစာတွေစားဖူးတဲ့သူမှ အဲ့အရသာဖြစ်အောင် ချက်ပြုတ်ပေးတတ်မှာပါ…👩‍🍳
အစားအစာရဲ့ မူရင်းအရသာတောင် မသိရင် အရသာရှိအောင် ဘယ်လိုချက်ပြုတ်မလဲ?

အဲ့ဒီလိုပဲ…အချစ်ခံရဖူးတဲ့သူတွေမှ တခြားသူတွေအပေါ်ကို စိတ်လိုလက်ရချစ်ပေးတတ်မှာပါ…

ကိုယ့်ကိုယ်တိုင်က အချစ်မခံရဖူးရင် တခြားသူတွေအပေါ် ဘယ်လိုမေတ္တာစိတ်ထားပြီး ချစ်ပေးတတ်မှာလဲ?

အဖိုး/အဖွား/အဖေ/အမေ/ဆွေမျိုးတွေဆီကနေ

တစ်ဦးတည်းသော သား/သမီးတွေလည်း အချစ်ခံရဖို့ ထိုက်တန်ပါတယ်

သားကြီးသမီးကြီးတွေလည်း အချစ်ခံရဖို့ထိုက်တန်ပါတယ်..

သားလတ်သမီးလတ်တွေလည်း အချစ်ခံရဖို့ထိုက်တန်ပါတယ်

အငယ်ဆုံးသားလေး အငယ်ဆုံးသမီးလေးတွေလည်းအချစ်ခံရဖို့ထိုက်တန်ပါတယ်..

တူ/တူမတွေကလည်း ဘကြီး/ကြီးတော်/ဦးလေးအဒေါ်ဆီကနေ အချစ်ခံရဖို့ထိုက်တန်ပါတယ်

အတန်းထဲမှာ စာသိပ်ရတဲ့ roll-1 to 10 တွေရော စာမရတဲ့ roll နောက်ဆုံးတွေရော ဆရာ/ဆရာမတွေဆီက အချစ်ခံရဖို့ ထိုက်တန်ပါတယ်..

ဆိုးရွားတဲ့ရောဂါဝေဒနာတွေခံစားနေရတဲ့ လူမမာတွေရော ဆရာဝန် သူနာပြုတွေဆီကနေ အချစ်ခံရဖို့ထိုက်တန်ပါတယ်

လုပ်ငန်းခွင်မှာ အရည်အချင်းအရှိဆုံးဝန်ထမ်းတွေရော အရည်အချင်းပြည့်မီဖို့ကြိုးစားနေကြတဲ့ ဝန်ထမ်းတွေရော အထက်လူကြီးဆရာသမားတွေဆီက အချစ်ခံရဖို့ ထိုက်တန်ပါတယ်…

လူတိုင်းအချစ်ခံရမှသာ အချစ်ခံရခြင်းရဲ့ တန်ဖိုးကိုသိပြီး ဘေးပတ်ဝန်းကျင်ကလူတွေကို မနာလိုစိတ်ကင်းပြီး ချစ်​ပေးနိုင်ကြမှာပါ…

အချစ်ခံရတဲ့ အသိုင်းအဝန်းကနေကြီးပြင်းလာတဲ့ကျွန်မကတော့ ကျွန်မ မိဘဆွေမျိုးအသိုင်းအဝိုင်းတွေကိုတတ်နိုင်သလောက်ဖြည့်စည်းပေးရင်း အသက်ရှင်နေသရွေ့ ချစ်သွားမှာပါ.. ကျွန်မကို အရမ်းအားထားပြီး အရမ်းချစ်ခင်ကြတဲ့ သူငယ်ချင်းတွေကိုရော ကျွန်မကို အရမ်းယုံကြည်ပြီး ကျွန်မပြောစကားနားထောင်ကြသော junior တပည့်လေးတွေကိုရော ကျွန်မရဲ့ ဥာဏ်အားကိုအသုံးချပြီးknowledge sharing တွေလလုပ်ပေးရင်း ချစ်သွားမှာပါ..

ကျွန်မတို့အားလုံးက အချစ်ခံရဖို့ ထိုက်တန်ပါတယ်
Nyein(Just a Thought)🇺🇸

University ပြီးကတည်းက ၇နှစ်ကြာ အင်္ဂလိပ်စာကို ပစ်ထားခဲ့ပြီးမှ ပြန်ထိတွေ့ကြည့်သောအခါ..😣😖 TOEIC old question မလုပ်ဘဲ ဖြေကြ...
23/10/2023

University ပြီးကတည်းက ၇နှစ်ကြာ အင်္ဂလိပ်စာကို ပစ်ထားခဲ့ပြီးမှ ပြန်ထိတွေ့ကြည့်သောအခါ..😣😖

TOEIC old question မလုပ်ဘဲ ဖြေကြည့်ခဲ့တဲ့ result လေး…

Fighting..အများကြီး ကြိုးစားရဦးမယ်…

Nyein(Just a thought )🇺🇸

20/10/2023

ဒီ page လေးက ကျမအတွက်တော့ အိပ်မက်ဆန်ဆန် ကမ္ဘာငယ်လေးတခုပါပဲ…နေမကောင်းတွေအရမ်းဖြစ်တော့ ဒီ page လေးဆီ ပြန်မလာနိုင်တော့ဘူးထင်ခဲ့တာ..တော်ပါသေးရဲ့ ..ပြန်လာနိုင်ခဲ့လို့… 🤗
Nyein(Just a thought)

ဒီနေ့ကတော့ ၂၀၂၃ အောက်တိုဘာလ ၃ရက်နေ့ပါ… Chance တဲ့… မြန်မာလိုဆို အခွင့်အရေးပေါ့… လူတိုင်းက chance ရဖို့ စောင့်မျှော်ကြတယ်...
02/10/2023

ဒီနေ့ကတော့ ၂၀၂၃ အောက်တိုဘာလ ၃ရက်နေ့ပါ…

Chance တဲ့…

မြန်မာလိုဆို အခွင့်အရေးပေါ့…

လူတိုင်းက chance ရဖို့ စောင့်မျှော်ကြတယ်..
တကယ်တော့ chance ဆိုတာ ရထားတစ်စီးနဲ့တူတယ်လို့ ခံစားရတယ်…

ကိုယ်စီးချင်တဲ့ရထားစီးရဖို့ လိုအပ်တဲ့ လက်မှတ်တွေအကုန်စုံနေဖို့ လိုတယ်လေ..

ဥပမာ… အထူးအမြန်ရထားစီးမယ်ဆိုရင် ပုံမှန်ရထားစီးလက်မှတ်အပြင် အထူးအမြန်စီးခွင့်ရထားလက်မှတ်ပါ လိုတာမျိုး..ကျည်ဆန်ရထားစီးမယ်ဆိုရင် ကျည်ဆန်ရထားစီးခွင့် လက်မှတ်ပါ ဝယ်ထားဖို့ လိုတာမျိုးပေါ့…

Chance လည်း အတူတူပဲ…အမြဲကိုယ့်ဆီရောက်လာပေးပေမဲ့ သူလိုအပ်နေတဲ့ skill တွေမရှိနေတဲ့အခါ chance က ကိုယ့်ကို skip ပြီးကျော်သွားတာမျိုးပေါ့…

တချိန် သူလိုအပ်နေတဲ့ skill တွေနဲ့ပြည့်စုံနေတဲ့အခါ goal ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ Chance က ခေါ်သွားပါလိမ့်မယ်…

တကယ်တော့ Chance ဆိုတာ အမြဲကိုယ့်ဆီရောက်လာပေးနေပြီး..ကိုယ်က skillမလုံလောက်သေးလို့သာ skip ခံရတာပါ… ကိုယ့်မှာသာ Skillတွေရှိကြည့်… သူ ကိုယ့်ကို skip မလုပ်ရဲပါဘူး… ကဲ Chance ကိုစောင့်နေရမှာမဟုတ်ဘူးနော်..လိုအပ်တဲ့ skillတွေဖြည့်ထားရမှာ..

Nyein( Just a thought) 🇺🇸

ဒီနေ့ကတော့ ၂၀၂၃ စက်တင်ဘာလ ၃၀ ရက်နေ့ မှတ်မှတ်ရရ စနေနေ့ပေါ့💥Saturday 💥ဒီနေ့က စနေနေ့လေးပါဂျပန်မှာအလုပ်လုပ်နေတဲ့ မြန်မာတွေထဲ...
30/09/2023

ဒီနေ့ကတော့ ၂၀၂၃ စက်တင်ဘာလ ၃၀ ရက်နေ့ မှတ်မှတ်ရရ စနေနေ့ပေါ့

💥Saturday 💥

ဒီနေ့က စနေနေ့လေးပါ
ဂျပန်မှာအလုပ်လုပ်နေတဲ့ မြန်မာတွေထဲမှာ
Sat/Sun ပိတ်တဲ့ သူတွေရှိသလို Sunday only ပဲ ပိတ်တဲ့သူတွေလည်း အများကြီးရှိနေလေရဲ့..

Work visa အများစုနဲ့ စက်ရုံပိုင်းမှာ အလုပ်လုပ်ကြတဲ့ katsudo တွေ ပိတ်ကြတဲ့ရက်လေးပေါ့…

Work visa တွေအတွက်ကတော့ sat/sun ပိတ်ပေးတယ်ဆိုတာ အလုပ်သမားအခွင့်အရေးအပြည့်အဝရတယ်ဆိုလားပဲ…

Katsudo တွေကတော့ ပိတ်ရက်ဆို လုပ်အားခ မရကြတော့ Saturday ပိတ်ရက်တွေရလည်း ထွေထွေထူးထူးတော့ ပျော်မနေကြတော့ဘူး…

ဒါပေမဲ့ တူညီတာတခုကတော့
💥Saturday ဆို ပိတ်ရက်ရတဲ့သူတွေက လျှောက်လည်ကြတာတွေ အပျော်ခရီးထွက်ကြတာတွေ လုပ်ပြီး
💥ပိတ်ရက်မရကြတဲ့သူတွေကတော့ ညနေအလုပ်ဆင်းချိန်မှာ ပျော်စရာအချိန်လေးတွေဖန်တီးလေရဲ့..

ကျွန်မလား??
ကျွန်မကတော့ Saturday ပိတ်ရက်မရတဲ့ Work visa တွေထဲကတယောက်ပေါ့ ..

Nyein(Just a Thought)🇺🇸

ဒီနေ့ကတော့ ၂၀၂၃ခုနှစ်ရဲ့ စက်တင်ဘာလ ၂၉ရက်နေ့ သောကြာနေ့ပါ…ကျွန်မတို့တွေကလေ electronic device တွေပဲဝယ်ဝယ် cosmetics တွေပဲဝယ...
28/09/2023

ဒီနေ့ကတော့ ၂၀၂၃ခုနှစ်ရဲ့ စက်တင်ဘာလ ၂၉ရက်နေ့ သောကြာနေ့ပါ…

ကျွန်မတို့တွေကလေ electronic device တွေပဲဝယ်ဝယ် cosmetics တွေပဲဝယ်ဝယ် Brand ကို အရမ်းကြိုက်ကြတယ်…

Brand ဆိုတာ မြန်မာလိုဆို အမှတ်တံဆိပ်ပေါ့…

ကုန်ပစ္စည်း အမှတ်တံဆိပ်ကို စွဲလမ်းပြီး ဘာလို့ဝယ်ကြတာလဲ?

ကျွန်မတို့က အမှတ်တံဆိပ်ကို ယုံကြည်ချက် ထားထားလို့ပါ..

ဒီBrand ဆိုရင်တော့ Quality ကောင်းမှာပဲ.. ဒီBrand ဆိုရင်တော့ ငါ့ရဲ့ယုံကြည်မှုကို အလွဲသုံးစားမလုပ်လောက်ပါဘူးဆိုတဲ့ ခံယူချက်နဲ့ ဝယ်ယူလေ့ရှိပါတယ်…

ကုန်ပစ္စည်းတွေဆို
ကိုယ့်ရဲ့ ယုံကြည်မှုကိုအလွဲသုံးစားမလုပ်တဲ့ Brand မှ ကြိုက်တတ်တဲ့ ကျွန်မတို့

ကျွန်မတို့ကိုယ်တိုင်ရော Brand ဖြစ်ပြီလား?

ကျွန်မတို့ရဲ့ နာမည်က လူအများရဲ့ စိတ်နှလုံးသားထဲမှာ Brand ဖြစ်ပြီလား?

🐝သူဆိုရင် ငါယုံကြည်ရလောက်ပါတယ်

🐝သူဆိုရင် ပြောထားတဲ့ကတိတွေကို ဖျောက်ဖျက်မှာမဟုတ်ပါဘူး

🐝သူဆိုရင် ချေးထားတဲ့ပိုက်ဆံတွေ ပြန်ပေးမှာပါ

🐝သူဆိုရင် ချိန်းထားတဲ့အချိန်အမီ ရောက်အောင်လာမှာပ်ါ

🐝သူဆိုရင် ဒီ company ကို တိုးတက်အောင် လုပ်ငန်းစွမ်းဆောင်ရညိတွေ ချပြနိုင်မှာပါ

🐝သူဆိုရင် ငါ့ရဲ့ အချစ်တွေကို တန်ဖိုးထားလောက်မှာပါ..

🐝သူဆိုရင် ငါ့ကို သစ္စာမဖောက်လောက်ပါဘူး..

ဆိုတဲ့ တခြားလူတွေရဲ့ ကိုယ့်အပေါ်ထားတဲ့ ယုံကြည်ချက်တွေကို အလွဲသုံးစား ဘယ်နှစ်ခါလောက် လုပ်ပြီးပြီလဲ??

ယုံကြည်ချက်ကို အလွဲသုံးစားလုပ်တာက ကိုယ့် Brand ကို ကိုယ်ကိုယ်တိုင် ဖျက်စီးချေမွလိုက်တာပါပဲ…

အသက်ရှင်နေသရွေ့ ကိုယ်နဲ့အတူ တည်ရှိနေမဲ့ ကိုယ့်နာမည် ကိုယ့်ရဲ့ Brand ကို လူအများယုံကြည်ရတဲ့ Brand တစ်ခုအနေနဲ့ တည်ဆောက်ကြရအောင်လေ…

သူတို့တတွေရဲ့ ယုံကြည်မှုတွေကို အလွဲသုံးစားမလုပ်ရင်းနဲ့ပေါ့..

Nyein (Just a Thought)🇺🇸

ဒီနေ့ကတော့ 2023 ခုနှစ်ရဲ့ စက်တင်ဘာလ ၂၈ရက်နေ့ပါ… ဂျပန်နိုင်ငံရဲ့ ဆောင်းဦးဝင်စရက်တွေပေါ့…လူတိုင်းက ကိုယ်လိုချင်တဲ့ဘဝ ကိုယ်...
27/09/2023

ဒီနေ့ကတော့ 2023 ခုနှစ်ရဲ့ စက်တင်ဘာလ ၂၈ရက်နေ့ပါ…

ဂျပန်နိုင်ငံရဲ့ ဆောင်းဦးဝင်စရက်တွေပေါ့…

လူတိုင်းက ကိုယ်လိုချင်တဲ့ဘဝ ကိုယ်ဖန်တီးချင်တဲ့ကမ္ဘာလေးထဲမှာနေရအောင် အကောင်းဆုံး ကြိုးစားနေကြပါတယ်…

ဂျပန်မှာရောက်နေတဲ့ မြန်မာတွေကတော့

ဂျပန်ရဲ့နေရာအသီးသီးမှာ.. အလုပ်မိတ်ဆက်တဲ့လုပ်ငန်းတွေ လုပ်နေကြတဲ့သူတွေရှိသလို online businesses တွေ လုပ်နေကြတဲ့သူတွေလည်း ရှိလေရဲ့…

Katsudo visa ယူပြီး အလုပ်တွေအရမ်းကြိုးစားပြီး ဝင်ငွေတွေအများကြီးရနေကြသလို… work visa ယူထားပြီး မဖြစ်စလောက်လစာလေးပဲရနေတဲ့ သူတွေလည်းရှိနေလေရဲ့…

Gino visa ရအောင် overseas အထိ exam တွေဖြေပြီး.. ဂျပန်ရောက်အောင် လာကြသူတွေရှိသလို အဆင်မပြေလို့ ဂျပန်ရောက်ပြီးရောဆိုပြီး Training visaနဲ့ လာကြတဲ့သူတွေလည်းရှိပါတယ်…

တကယ်တော့
ကိုယ်ရောက်ရှိရာပတ်ဝန်းကျင်နဲ့ ကိုယ့်အရည်အချင်း ကိုယ်စွမ်းဉာဏ်စွမ်းကိုအစွမ်းကုန်သုံးပြီး ကြိုးစားရှင်သန်နေကြတာပါပဲ..

ကိုယ်နဲ့ ရွယ်တူတွေ ခုချိန် အိမ်ထောင်သားမွေးလုပ်နေကြသလို..တကိုယ်တည်းတောက်ပရတာကြိုက်လို့single အနေနဲ့ ဘဝကိုပျော်ပျော်ကြီး ဖြတ်သန်းနေတဲ့ သူငယ်ချင်းတွေလည်း ထုနဲ့ဒေးပါ….

တခြားသူတွေနဲ့ ကိုယ့်ကိုကိုယ်နှိုင်းယှဉ်ဖို့မလိုပါဘူး…

သူက သူ.. ကိုယ်က ကိုယ်ဖြစ်နေတာမို့ပါ..

လူတဦးစီတိုင်းက limited edition ပါပဲ..

Julu

Just a Thought (Nyein from America) page ကို see first & Follow လုပ်ပေးတဲ့ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်…Second-Clas...
21/09/2023

Just a Thought (Nyein from America) page ကို see first & Follow လုပ်ပေးတဲ့ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်…

Second-Class Civil Engineering Practice class …Registration Form ပြည့်သွားလို့ Form မတင်လိုက်ရတဲ့ မိနစံတို့အတွက် Just a Thought (Nyein form America) Page မှာ Video Lessons လေးတွေ အပတ်စဉ်တင်သွားပေးမှာမို့ page ကို see first & Follow လုပ်ပြီး စောင့်ကြည့်ပေးပါဦးနော်…

Nyein🇺🇸

Just a Thought ( Nyein from America) Page ရဲ့ Admin Nyein မိတ်ဆက်လေးပါ.. Admin Nyein က Just a Thought (Nyein from Americ...
17/09/2023

Just a Thought ( Nyein from America) Page ရဲ့ Admin Nyein မိတ်ဆက်လေးပါ..

Admin Nyein က Just a Thought (Nyein from America) page နဲ့ 雪だるま(YukiDaruma) page ရဲ့ Founder ဖြစ်ပါတယ်…

Japanese skill အနေနဲ့ကတော့ JLPT N1 အောင်ထားပြီး လက်ရှိ second-class Civil Engineering & Architectural Engineering ပိုင်းကို ဖြေဆိုဖို့ပြင်ဆင်နေပါတယ်..

Admin Nyein ရဲ့ English စာ background ပိုင်းကိုအဓိက မိတ်ဆက်ပေးသွားပါမယ်…

English စာ Background ကတော့ အထက်တန်းတန်းတုန်းက တိုင်းအဆင့် မြို့နယ်အဆင့် အင်္ဂလိပ်စာ စာစီစာကုံး/ကျပန်း/ကဗျာ ပြိုင်ပွဲတွေ ဝင်ပြိုင်ဖူးပြီး ဆုတွေရဖူးပါတယ်..

ဒါပေမဲ့ အရေးအသားတွေက ကျောင်းကဆရာ/မတွေ ရေးပေးတာကို ကျက်ဖြေခဲ့တာမို့ ကိုယ့်အရည်အချင်း အဲ့လောက်မပါပါဘူး..

တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ ၇၂မှတ်နဲ့ အင်္ဂလိပ်စာ ဂုဏ်ထူးကပ်ပြုတ်ခဲ့ပါတယ်…

TU တက်တဲ့ ၅နှစ်လည်း စာမလုပ်လို့ English အမှတ်က အဲ့လောက်မကောင်းပါဘူး..

TU က ဘွဲ့ရပြီး ၇နှစ်အကြာမှ အင်္ဂလိပ်စာကို ပြန်ထိတွေ့မှာဖြစ်ပါတယ်…

လက်ရှိ အင်္ဂလိပ်စာ level ကတော့ Intermediate level ပါ…

ဒီ page လေးကတော့ အင်္ဂလိပ်စာ Intermediate level ရှိတဲ့ Admin Nyein က အင်္ဂလိပ်စာကို ပြန်လည် ချဉ်းကပ်ပြီး ကြိုးစားတဲ့အခါမှာ ကြုံရတဲ့ အခက်အခဲတွေနဲ့ TOEIC,IELTS exam တွေဖြေတဲ့အခါ လိုအပ်တဲ့ skill တွေနဲ့ Admin ရဲ့ အတွေးတွေကို အချိန်နဲ့တပြေးညီဖော်ပြပေးသွားမဲ့ page လေးဖြစ်လို့ Like & Follow လုပ်ရင်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်နော်…

Nyein🇺🇸

ဒီနေ့မှာတော့ Just a Thought (Nyein From America) page ရဲ့ Assistant Admin Nan Loi Loi နဲ့မိတ်ဆက်ပေးချင်ပါတယ်…. 🇺🇸Nan Loi...
17/09/2023

ဒီနေ့မှာတော့ Just a Thought (Nyein From America) page ရဲ့ Assistant Admin Nan Loi Loi နဲ့မိတ်ဆက်ပေးချင်ပါတယ်….

🇺🇸Nan Loi Loi 🇺🇸

2020 ခုနှစ်မှာ BE( Civil) ဘွဲ့ကို Mandalay Technological University (COE) ကနေ ရရှိထားတာ ဖြစ်ပါတယ်..

JLPT N2 အောင်ထားပြီး Japan နိုင်ငံ အသိအမှတ်ပြု TOEIC Listening & Reading exam မှာလည်း TOEIC အမှတ်ပြည့် 990မှာ အမှတ်ပေါင်း 835 မှတ်ရယူထားပါတယ်…

Work Experience အနေနဲ့ လက်ရှိ Japan နိုင်ငံ Fukushima ခရိုင်မှာCAD operator အနေနဲ့ အလုပ်လုပ်ကိုင်နေပါတယ်..

Technical Skill အနေနဲ့ကတော့ အောက်ပါ software တွေ တတ်ကျွမ်းပါတယ်…
🇺🇸AutoCAD, ETABS & SAFE,
🇺🇸REVIT(Archi+Structure),
🇺🇸Vnas Clair, QGIS, Word & Excel

2023 Oct 7 ရက်နေ့မှာပြုလုပ်မဲ့ Seminar မှာ Special Guest အနေနဲ့ ပါဝင်ကူညီအားဖြည့်ပေးမှာမို့ Just a Thought (Nyein from America) ရဲ့ ပထမဆုံး seminar လေးကို Join ကြပါဦးနော်…

Nan Loi Loi (Profile Link)

https://www.facebook.com/profile.php?id=100088581385471

Admin Team🇺🇸

🇺🇸2023 Oct 7 ( Saturday) ဂျပန်အချိန် ည ၉နာရီ(မြန်မာအချိန် ညနေ ၆နာရီခွဲ) တွင် Just a Thought (Nyein From America) မှ ကျင်...
17/09/2023

🇺🇸2023 Oct 7 ( Saturday) ဂျပန်အချိန် ည ၉နာရီ(မြန်မာအချိန် ညနေ ၆နာရီခွဲ) တွင် Just a Thought (Nyein From America) မှ ကျင်းပပြုလုပ်မည့် Online Seminar Join ခွင့်ရရန် ပြုလုပ်ရမည့် အချက်များ🇺🇸

1. Just a Thought (Nyein From America) Page ကို like & Follow လုပ်ပါ…

2.ယခု post ကို friend 3ဦးကို mention ခေါ်ပြီး.. publicနဲ့share ပြီး Screenshot ရိုက်ပေးပါ

3.screenshot ရိုက်ထားတာကို ယခု post အောက်တွင် comment ment ပေးပါ

4.Page Messenger ကနေတဆင့် free join ခွင့် Candidate Number လာယူပါ…

အထက်ပါ အဆင့်တွေပြုလုပ်ပြီးပါက free Join ခွင့်ရပါပြီ…

Seminar တက်တဲ့ အယောက်စီတိုင်းကို ပွဲကျင်းပတဲ့နေ့မှာ Nyeinရဲ့ Birthday အမှတ်တရအနေနဲ့ 🎁ph bill -1000 kyats 🎁စီ လက်ဆောင်ပြန်ပေးမှာဖြစ်ပါတယ်… 🎁

Nyein🇺🇸

🇺🇸Just a Thought 🇺🇸
16/09/2023

🇺🇸Just a Thought 🇺🇸

住所

Sonezaki, Tosu
Saga-shi, Saga

ウェブサイト

アラート

Just a Thoughtがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する


デジタルクリエイターのその他Saga-shi

すべて表示