Myat Bhone Kyaw

Myat Bhone Kyaw Video Creator

15/01/2022

ပျော်ဘွယ်မြို့နယ်၊ရိုးကြီးကျေးရွာ၊
#ကျေးလက်‌ဒေသအလှ
#မြန်မာ့စိတ်ရင်းမြန်မာ့ရှူခင်း

26/01/2021

#မြန်မာနိုင်ငံအမေများနေ့ ဖြစ်ပေါ်လာပုံ

အမေနေ့ (မိခင်များနေ့) (Mother Day)သည် ကမ္ဘာပေါ်ရှိ မိခင်အားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေမိခင်နေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြပါသည်။ မြန်မာနိုင်ငံ တွင် အမေနေ့ကို နှစ်စဉ် ပြာသိုလပြည့်နေ့၌ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ပြောဆို ကြသည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အလိုက် မတူညီသော ရက်များတွင် အမေနေ့ကို ကျင်းပကြပါသည်။
ရှေးဟောင်း ဂရိ ရောမခေတ်မှ စတင်၍ ဒီနေ့ခေတ်အထိ အမေနေ့ကို ကျင်းပနေကြဆဲဖြစ်ပါသည်။ နောင်တွင်လည်း အမေ့ကျေးဇူး ထုတ်ဖော်သည့်နေ့ကို ဆက်လက်ကျင်းပ နေကြဦးမှာ မလွဲပေ၊ Officially အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ နာမည်ကြီးစာရေးဆရာမဂျူလီယာဝါ့ဒ်ဟိုး ( Julia Ward Howe (1819-1910) ) ဘဲ ဖြစ်ပါတယ်။ သူမသည် ကျော်ကြားသော စာရေးဆရာမကြီးတစ်ဦးဖြစ်ပြီး အမေနေ့ ဖြစ်မြောက်ရန် ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူဖြစ်သည်။
၁၈၇၂ ခုနှစ်မှာ စတင်လှုပ်ရှားခဲ့တာ ဖြစ်ပြီး၊ စစ်ပွဲမှာသေဆုံးခဲ့ကြသူများကို ရည်ရွယ်ပြီး၊ စစ်ပွဲကိုအလိုမရှိ၊ စစ်ပွဲကိုမုန်းတီးဆန့်ကျင်ဖို့ရန် မိခင်များအားလုံးကို နှိုးဆော်ခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၂ ရက်နေ့ကို မိခင်များနေ့အဖြစ် သတ်မှတ်ကျင်းပဖို့ရန် နှိုးဆော်ပြီး၊ ဇွန်လ ဒုတိယပတ် တနင်္ဂနွေနေ့ မှာလည်း Mothers' Peace Day အဖြစ်နဲ့ USA, Houston မှာ စတင်ပြုလုပ် ကျင်းပခဲ့ကြပါတယ်။ Julia Ward Howe ၏ စိတ်ကူးအမြင်ဟာအတော်ပြန့်နှံ့လာပြီး၊ နောက်ပိုင်းမှာတော့ Anna Jarvis တင်သွင်းတဲ့မေလမှာ ကျင်းပတဲ့ မိခင်များနေ့က နေရာယူသွားခဲ့ပါတယ်။
အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သူ Anna Marie Jarvis က မိခင်ဖြစ်သူ Ann Maria Reeves Jarvis အိပ်မက်ကို ဆက်လက်ပြီး ရှင်သန်စေခဲ့သူ ဖြစ်ပြီး သူမဟာလည်း မမေ့သင့်သော ကျေးဇူးရှင် တစ်ဦးဖြစ်ပါသည်။ Julia Ward Howe နှင့် Anna Marie Jarvis တို့၏ ကြိုးပမ်းမှုများကြောင့် နောက်ပိုင်းတွင် ကမ္ဘာနှင့် အဝှမ်း အမေနေ့ ကျင်းပနေခဲ့ကြတာဖြစ်ပါသည်။
အင်္ဂလန်နိုင်ငံတွင် မယ်တော်မယ်ရီကို ဂုဏ်ပြုသည့်အနေ့နှင့် ကျင်းပလေ့ရှိသည်။ ထိုနေ့မှာ အမေအားလုံးသည် တူညီဝတ်စုံများကို ဝတ်ဆင်ပြီး အခမ်းအနား ကျင်းပသောနေရာကို ရောက်လာသောအခါ သားသမီးများက အမေများ၏ ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြပါသည်။

မြန်မာနိုင်ငံ အမေများနေ့ ဖြစ်ပေါ်လာပုံ

မြန်မာပြည်တွင် စာရေးဆရာ ဒါရိုက်တာ ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလပြည့်နေ့ကို အမေများနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး မြန်မာ့ ပြက္ခဒိန်တွင် ပြာသိုလပြည့်အမေ့များနေ့ အဖြစ် ကမ္ဗည်းတင်နိုင်ခဲ့ပေသည်။ မြန်မာ့ယဉ်ကျေးမှု့အရ အမေကို ဘုရားနှင့် တစ်ဂိုဏ်းတည်းထားပြီး မာတာပိတုဂုဏောအနန္တော ဆိုပြီး ပူဇော်ခဲ့ အရိုအသေ ပေးခဲ့ကြသည်။ ဆရာကြီး ဦးသုခက တရားဝင်ဖြစ်စေရန် ကြိုးပမ်းပေးသူ ဖြစ်ပါသည်။ ၁၉၉၅-ခုနှစ်၊ ပြာသိုလ်လပြည့်နေ့၌ စာရေးဆရာ ဦးသုခ၏ တိုက်တွန်းပြောပြချက်အရ မန္တလေးတွင် အမေများနေ့ကို ပထမဦးဆုံး စတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၁၉၉၇တွင် ပြာသိုလပြည့်နေ့အား အမေများနေ့အဖြစ် တရားဝင် သတ်မှတ်နိုင်ခဲ့သည်။[၁] မိဘကျေးဇူးဆပ်နည်း စသည့် ဗဟုသုတပညာပေးများ ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာဗဟုသုတ တိုးပွားစေလိုသည့် ဆန္ဒဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်။ [၂]

#အမေဆိုသည့် စာကလေးနှစ်လုံးကို အသံထွက်အောင်ရွတ်ဆိုကြည့်လိုက်စမ်းပါ။ အလွန်ချိုမြိန်သော၊ သာယာသော၊ စိတ်ချမ်းသာသော၊ မေတ္တာနှင့်ထုန်မွှန်းသော အရသာကို ခံစားရပါလိမ့်မည်” (ဆရာကြီး ဦးသုခ၏ ပထမဆုံးအကြိမ် မန္တလေး အမေများနေ့ ဟောပြောပွဲမှ)

ကိုးကား-ဝီကီပီးဒီးယားမှ ကူးယူဖော်ပြသည်။
မြတ်ဘုန်းကျော်
၁၃၈၂ခုနှစ်ပြာသိုလပြည့်နေ့။

22/01/2021

မဆုန်းသင်းရဲ့ ဒီနှစ်ဆောင်းသီချင်းလေးရယ်
ဂျပန်ဆောင်းရယ် ကျနော်ရယ်😁

ဂျပန်မှာ ကားဈေးကြီးလား???       အရင်ဆုံး စာဖတ်သူကို အကြံပြုချင်တာက ဒီစာမဖတ်ခင်မှာ ကိုယ်တိုင်အရင်ဖြေကြည့်ထားဖို့ပါ🤔။ပြီးရ...
29/11/2020

ဂျပန်မှာ ကားဈေးကြီးလား???

အရင်ဆုံး စာဖတ်သူကို အကြံပြုချင်တာက ဒီစာမဖတ်ခင်မှာ ကိုယ်တိုင်အရင်ဖြေကြည့်ထားဖို့ပါ🤔။ပြီးရင်အဖြေတိုက်ကြည့်မယ်🧐။
၂၀၁၉ခုနှစ် ဂျပန်နဲ့ မြန်မာရဲ့ လူတစ်ဦးချင်စီရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး(GDP)ကိုအရင်နှိုင်းယှဉ်ကြည့်ကြရအောင်။၂၀၁၉ခုနှစ် တစ်နှစ်တာ ဂျပန်က လူတစ်ဦးချင်းစီရဲ့GDPက$၄၀၂၄၆.၉ ဒေါ်လာဖြစ်ပြီး မြန်မာက$၁၄၀၇.၈ဒေါ်လာဖြစ်ပါသည်😁။
အောက်ဖော်ပြပါပုံသည် စာရေးသူရဲ့မိတ်ဆွေဂျပန်လူမျိုးတစ်ယောက်siteထဲ‌သို့ ၎င်းကား မောင်းနှင်လာတုန်း ကားစိတ်ဝင်စားတဲ့စာရေးသူ စပ်စပ်စုစု မေးမြန်းရင်း ရိုက်ယူခဲ့သောပုံဖြစ်ပါသည်။ ကမ္ဘာ့လူသားအားလုံး သဘောကျနှစ်သက်တဲ့ ချီးမွှမ်းဌောပနာပြုခြင်းကို အသုံးချကာ မိတ်ဆွေဂျပန်ကြီးဆီက ကားဈေးတွေ ခုနှစ်တွေ အတွင်းခန်းတွေအထိပါ စကားနိုက်ကာဓါတ်ပုံရိုက်ယူနိုင်ခဲ့ပါသည်။
Toyota Alphard 2019 modelဖြစ်ပြီးဈေးနှုန်းက
ဂျပန်ယန်းသိန်း၁၀၀ဝန်းကျင်လို့သိရပါတယ်။မြန်မာငွေနဲ့ဆိုကျပ်သိန်းပေါင်း၁၂၀၀ကျော်ကျော်ပါ။သူတို့‌ဆီက ဝန်ထမ်းတွေပိုက်ဆံကောင်းကောင်းစုနိုင်ရင် ကားကောင်းကောင်းတစ်စီးကိုsiteထဲမှာအကြမ်းအသုံး ပြုနေနိုင်ပါတယ်။ဒါပေမယ့် လူတိုင်းတော့မဟုတ်ပါဘူး။နောက်ထပ်အတူအလုပ်လုပ်တဲ့အဖိုးတစ်ယောက်ကိုမေးကြည့်ပါတယ်။အဖိုးငယ်ငယ်လေးကတည်းက အခုချိန်ထိ ကာစီနိုသွားတဲ့ပိုက်ဆံတွေစုထားရင်
ဒီကားဘယ်နှစ်စီးလောက်ရှိမလဲ ဆိုတော့ ခြောက်စီးစာမကလောက်တော့ဘူးဖြေပါတယ်။အဖိုးမှာလက်ရှိအချိန်ထိကားမရှိပါဘူးဒါပေမယ့်ကာစီနိုကတော့သွားနေဆဲပါ။
တခါ မြန်မာပြည်ရဲ့ ကားဈေးကွက် ပြန်ကြည့်မိပြန်ပါတယ်။ဂျပန်ထက် GDP အများကြီးနိမ့်တဲ့မြန်မာပြည်ရဲ့ ကားဈေးကွက်ဟာ ဂျန်ပန်ထက် နှစ်ဆသုံးဆများနေတာတွေ့ရတော့ မြန်မာပြည်သူတွေအတွက် ဝမ်းနည်းစရာပါ။တိုင်းပြည်တည်‌ ဆောက်ရေးဖွံ့ဖြိုးရေးလုပ်ငန်းမှာ သယ်သူပို့ဆောင်ရေးလျှင်မြန်လွယ်ကူဖို့သည်လည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိပါသည်။ ဒီ‌ ဈေးနှုန်းဟာ လူတိုင်းကားစီနိုင်ဖို့ရည်မှန်းချက်နဲ့အဝေးကြီးပါ။‌အစိုးရတာဝန်ရှိသူတွေအနေနဲ့ဒီကိစ္စကို လစ်လျူမရှု့ထားသင့်ပေ။အဆမတန်များလွန်းနေပါသော အခွန်ဝန်ထုပ်ဝန်ပိုးကြီးမဖြစ်အောင် ပြည်သူ့ဝင်ငွေနဲ့ကိုက်ညီသော အခွန်အခများဖြစ်အောင် ပြင်ဆင်သင့်နေပါပြီ။
ဝင်ငွေနည်းတဲ့ မြန်မာပြည်သူတွေဟာ မိမိထက်ဝင်ငွေများတဲ့ ဂျပန်ပြည်သူတွေထက် ကားကို အခွန်အခများစွာပေးပြီး ဈေးကြီးစွာ ဝယ်စီးနေရတာ စာရေးသူအမြင်တော့ မဖြစ်သင့်ဘူးလို့ ထင်မြင်ယူဆမိ၍ ယခုနှိုင်းယှဉ်ချက်အား ရေးသား‌ ဖော်ပြအပ်ပါသည်။ ဂျပန်မှာကားဈေးမကြီးပါ။လူတိုင်းကားဝယ်စီနိုင်တဲ့အခြေနေမှာရှိပါကြောင်း တင်ပြရင်းမြန်မာပြည်သူပြည်သားတို့ လိုအင်ဆန္ဒများ အများဆုံးပြည့်ဝပါစေကြောင်းဆုတောင်းရင်း နိဂုံးချုပ်ပါသည်။ဂျပန်မှာကားဈေးကြီးလားခင်များတို့ရဲ့အဖြေကရောဘာလဲ၊ခင်များတို့ရဲ့အမြင်တွေရော ဘယ်လိုရှိပါသလဲအောက်က commentမှာဝင်ရောက်ဆွေးနွေးငြင်းခုံသွားလို့ရပါသည်ခင်များ။
မှတ်ချက်-withoutကားများကိုမဆိုလိုပါ။
လေးစားလျက် . . .

မြတ်ဘုန်းကျော်
Admin(Biruma TV)
30Nov2020

住所

Odate-shi, Akita

電話番号

+819039050024

ウェブサイト

アラート

Myat Bhone Kyawがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Myat Bhone Kyawにメッセージを送信:

ビデオ

共有する

カテゴリー