Vlogger Ba Nyunt

Vlogger Ba Nyunt Vlogger Ba Nyunt, デジタルクリエイター, Chiba-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

24/04/2024

(၃) ကြိမ်မြောက် ကလည်း ခန္ဓာကိုယ်က မပျော့သေးဘူးကွယ် 🥴😄

Still Trying 😁❣️

16/04/2024

Happy Myanmar New Year!🥰

ကြိုးစားပြီးတော့ ဂျပန်လိုပြောထားပါတယ်။

လိုအပ်ချက်တွေရှိရင်တော့ ရုပ်ချောတာလေးနဲ့ပဲ နားလည်ပေးပါလို့ 🤭

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေရှင် ...😍🙏🙏🙏

ဘာ caption ပေးရမလဲ ပိတ်သတ်ကြီးရေ 🤭🥰❣️
14/04/2024

ဘာ caption ပေးရမလဲ ပိတ်သတ်ကြီးရေ 🤭🥰❣️

13/04/2024

今日は 本当 楽しかったです。 中国人の友だちのおかげで 初めて 行きました。 ダンスが 大好きですけど 良く (きれいに)できなかった。 先生が優しいので 大丈夫と思い🙆‍♀️

ဝါသနာပါပေမဲ့လည်း ပါရမီ မပါလာတော့ အချိုးကျနစွာ မကတတ်ဘူးကွယ်။ 😄

Studio Million မှာက နှစ်ကြိမ် free ကခွင့်ရှိပါတယ်။ ကြိုက်တဲ့ အတန်းကို ဝင်ကလို့ရတယ်။ နှစ်ကြိမ် free ပြီးလို့ Ticket ဝယ်ပြီးရင်လည်း ကြိုက်တဲ့အချိန် ကြိုက်တဲ့ဆရာနဲ့ ဝင်ကလို့ရတယ်ဆိုတော့ အရမ်းအဆင်ပြေတယ်လို့ထင်တယ်။ ကိုယ့်ဘာသာဆို လုပ်ဖြစ်မယ်မထင်ဘူး တရုတ်မ သူငယ်ချင်းကောင်းမှုနဲ့ လုပ်ဖြစ်သွားတယ်😄

🌸 ဟိုးအရင်ခေတ်ကတော့ ဆာကူရာက ခဏလေးပွင့်ပြီး ကြွေတဲ့အတွက် တိုက်ပွဲသွားတဲ့လူတွေကလည်း သေဆုံးတာမြန်တယ်ဆိုတဲ့ အယူနဲ့ ဆာကူရာကို...
06/04/2024

🌸 ဟိုးအရင်ခေတ်ကတော့ ဆာကူရာက ခဏလေးပွင့်ပြီး ကြွေတဲ့အတွက် တိုက်ပွဲသွားတဲ့လူတွေကလည်း သေဆုံးတာမြန်တယ်ဆိုတဲ့ အယူနဲ့ ဆာကူရာကို မုန်းခဲ့ကြတယ်။

🌸 ဒါပေမဲ့ ဘုရင်တစ်ပါးလက်ထပ်မှာ ဆာကူရာကို မြတ်နိုးတန်ဖိုးထားတတ်အောင် လုပ်ပေးခဲ့တယ်။

🌸 အဲ့ဒါကြောင့် ဒီနေ့ခေတ်အထိ ဆာကူရာကို ဂျပန်တွေက အရမ်းတန်ဖိုးထားကြပြီး တမြတ်တနိုးကြည့်ကြတယ်။ ဘယ်နေ့ပွင့်မလဲဆိုတာ စောင့်ပြီးတော့ကို ကြည့်ကြပါတယ်။

🌸 အလေးစားဆုံးအချက်ကတော့ ဘယ်သူမှ ပန်းတွေကို ခူးတာ၊ ချိုးတာ မလုပ်ကြဘူး။

🌸 ကိုယ်တွေ ပိတောက်ပန်းကိုလည်း အဲ့လိုမြတ်နိုးတန်ဖိုးထားကြစေချင်တယ်ကွယ် 🥰

30/03/2024

🌸 ဆာကူရာတွေ ပွင့်တော့မယ်လို့ ကြားလို့ ဆာကူရာအပင်တွေ အများကြီးရှိတဲ့ ပန်းခြံကိုသွားပါတယ်။

🌸 အဓိကကတော့ စိတ်အပန်းဖြေချင်လို့သွားတာ ဘဝအမောတွေပြေခဲ့ပါတယ် 🥰

လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးနော် ...Grab opportunity! 🥰
19/03/2024

လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးနော် ...

Grab opportunity! 🥰

✈ နိုင်ငံခြားသွားမည့်သူများအတွက် လုံးဝ (လုံးဝ) လက်လွှတ်မခံပဲတက်ရောက်သင့်တဲ့ "English Speaking For Interview" Intensive Training Class ကို Direction မှပထမဦးဆုံးအနေဖြင့်စတင်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်ရှင် 🎉🎉

English Speaking For Interview အတန်းကို ဘယ်လိုလူတွေတက်ရောက်သင့်လဲ🤔
☘ How to introduce yourself လုပ်ငန်းခွင်မှာတစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံတဲ့အခါ Formal & Informal နှစ်မျိုးလုံးနှင့်ဘယ်လိုမိတ်ဆက်ရမလဲဆိုတဲ့ General Tips များကိုသိထားလိုသူများ။
☘ Job Interview တွေကို မြန်မြန်နဲ့မှန်မှန်ကန်ကန်ဖြေနိုင်ဖို့အတွက် ပြင်ဆင်ထားလိုသူများ။
☘ Airport check in မှာသုံးတဲ့စကားပြောအသုံးနှုန်းများနှင့်လေယာဥ်ပေါ်မရောက်ခင်အဆင့်ဆင့်ဖြတ်ရမည့် မေးခွန်းများအတွက်ကြိုတင်ပြင်ဆင်ထားလိုသူများ။
☘ တစ်နေရာမှတစ်နေရာသွားတဲ့အခါ Asking and Giving Directions အတွက်အခက်ခဲမရှိအောင်ကြိုတင်လေ့လာထားလိုသူများ။
☘ How to make a Telephone Conversation ကို General အားဖြင့်ဘယ်လို​ပြောရမလဲကြိုတင်လေ့လာထားလိုသူများ။
☘ Interview ဖြေတဲ့အခါမှာ မေးလေ့မေးထရှိတဲ့ Questions & Tips တွေနဲ့ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်များကို ဘယ်လိုအဆင်ပြေပြေပြောရမလဲကြိုတင်ပြင်ဆင်ထားလိုသူများ အတွက်မဖြစ်မနေတက်ရောက်သင့်သည့်သင်တန်းတစ်ခုပဲဖြစ်ပါတယ်🤗

ဘယ်လိုတွေသင်ကြားပေးမှာလဲ 🤔
☘ English Speaking For Interview အတွက်ဆိုပေမဲ့ Speaking ကိုပဲနှုတ်တိုက်ကျက်ပြီး​ဖြေလို့ရအောင်သင်ပေးမှာမျိုးမဟုတ်ဘဲ speaking ပြောထွက်လာဖို့အတွက် Pair work & Role play discussion များကိုပါ classroom activity အနေဖြင့်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
☘ Speaking Conversation ပြောနိုင်ဖို့အတွက် Listening ကောင်းဖို့အတွက်ကလည်းအရေးကြီးလို့ listening section များကိုပါတစ်ခါထဲ လေ့ကျင့်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
☘Grammar Section အနေဖြင့်သုံးရလွယ်တဲ့ Simple Grammar များကိုလည်း အနှစ်ချုပ်ထည့်၍ သင်ကြားပေးမှာဖြစ်ပြီး၊
Formal & Informal အနေနဲ့သုံးလို့ရမယ့် vocabulary များကိုပါ လေ့လာ သင်ယူရမှာပဲဖြစ်ပါတယ် ။

သင်တန်းချိန်များကတော့.......
Class Day - Monday to Thursday (In Person)
Time. - 10:30 AM - 12:00 PM
Date. - 10 April 2024
Duration - 1month
Fee. - 120,000 MMK

Class Day - Monday to Thursday (Zoom Class)
Time. - 2:30 PM - 4:00 PM
Date. - 10 April 2024
Duration - 1month
Fee. - 100,000 MMK

*** Materials ကြေးပေးသွင်းရန်မလိုပါ။

✨အထိရောက်ဆုံးသင်ကြားမှုရရှိစေရန် လူဦးရေအကန့်အသတ်ဖြင့်သာလက်ခံပေးပါတယ်ရှင်။

သင်တန်းစုံစမ်းလိုပါက Direction Business Academy ရဲ့ Student Service ဖုန်းနံပါတ်တွေဖြစ်တဲ့
📞 09420198189
📞 09754614606
များသို့ဖြစ်စေ၊ page messenger မှတစ်ဆင့်ဖြစ်စေ အခုပဲဆက်သွယ်စုံစမ်းစာရင်းပေးပြီး သင်တန်းအပ်လိုက်ကြစို့နော်....😘

🏠 သင်တန်းလိပ်စာ 👇

အမှတ် ၅၄(ပထမထပ်)၊ မြေနီကုန်းစျေးလမ်း (ရှမ်းကုန်းလမ်းနှင့်မပိုလမ်းကြား)၊ ဂမုန်းပွင့်၊ ဒဂုံစင်တာ အနီး၊ စမ်းချောင်းမြိုနယ်။
(YBS နှင့်လာပါက မြေနီကုန်းမှတ်တိုင်တွင် ဆင်းပါ)။
YBS 11/20/21/35/37/39/61/62/65/75/78/85/97/131/105/107/128

* သောကြာ ရုံးပိတ်ရက် မှလွဲ၍ မနက် ၉:၃၀ မှ ညနေ ၅:၀၀ အထိ
လာရောက်စုံစမ်း အပ်နှံနိုင်ပါတယ်။ *





16/03/2024

🌸 ခုဆို スシロー ထက် はま🍣 ပိုကြိုက်နေပြီ 🥰

14/03/2024

🌸 ဂျပန်မှာ Fresh အစားအသောက်တွေက အရမ်းဈေးကြီးပါတယ်။

🌸 Frozen တွေက ဈေးသက်သာပြီးတော့ အရသာလည်း သိပ်မကွာပါဘူး။ အာဟာရတန်ဖိုးလည်း မလျော့ဘူးလို့ အာဟာရဆရာဝန်ကပြောတဲ့အတွက် ဈေးသက်သာတဲ့ Frozen တွေကိုပဲ ဝယ်ယူစားသုံးနေပါတယ်။

🌸 ချွေတာစုဆောင်းပြီး စားသုံးချင်တယ်ဆိုရင်တော့ Frozen တွေကို ရွေးချယ်စားသောက်ဖို့ Recommend ပေးပါတယ် 🥰

13/03/2024

အလုပ်ပင်ပင်ပန်းပန်း လုပ်ပြီးရင် ကိုယ့်ကိုကိုယ် ဆုချပါ 🥰

🌸 ကိုယ်နှစ်သက်တဲ့ အစားအသောက် စားတာဖြစ်စေ

🌸 ကိုယ်လိုချင်တဲ့အရာလေး ဝယ်တာဖြစ်စေ

🌸 ကိုယ်သွားချင်တဲ့ နေရာလေး သွားလည်တာဖြစ်စေ

တစ်နည်းနည်းနဲ့ Reward ပေးပြီး နက်ဖန်တွေကို ရှေ့ဆက်နိုင်ဖို့ Motivation ပေးပါ 🥰🥰🥰

12/03/2024

Chiba မှာ ဈေးသက်သာတဲ့ Second Hand ဆိုင်လေး 🥰

တခြားမြို့တွေမှာလည်း ဆိုင်ခွဲတွေရှိမလား မပြောတတ်လို့

ဒီနာမည်လေးနဲ့ ရှာကြည့်ကြပါနော် 👇👇👇

Second Street by Jumble Store

02/03/2024

🌸 Honeys မှာ 3 လပိုင်း (1) ရက်နေ့ကနေ (3) လပိုင်း (5) ရက်နေ့အထိ Sales ချနေပါတယ်။ တစ်ထည်ထဲဝယ်မယ်ဆိုပြီးသွားခဲ့ပေမဲ့ ဈေးသက်သာတာလေးတွေမြင်တော့လည်း စိတ်မထိန်းနိုင်တာနဲ့ ဝယ်ခဲ့မိပါတယ် ...🤭

🌸 Honeys က Made in 🇲🇲 ပါ။ ကိုယ့်မြန်မာလူမျိုးတွေ ချုပ်ထားတာဆိုတော့ ကြည်နူးစွာနဲ့ ဝတ်ပါတယ်။ ☺️

🌸 တခြားဆိုင်တွေလည်းရှိတယ်ဆိုပေမဲ့ ဒီဆိုင်လေးမှာပဲ အမြဲဝယ်ဖြစ်ပါတယ်။ 🥰

01/03/2024

ဒီည Dinner ကတော့ လွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ 焼きそば (ခေါက်ဆွဲကြော်) ကြော်စားပါမယ် 🥰

28/02/2024

ဆာကူရာတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပွင့်ချိန်ကို ရောက်ရှိလာပါတော့မည် 😍🇯🇵🌸 🌸 🌸

Video အပြည့်အစုံကတော့ Youtube မှာ မကြာမည်လာမည် ...🥰

27/02/2024

ခေါက်ဆွဲပြုတ်Dinnerစားရင်း ဂျပန်အကြောင်း ဟိုဟိုဒီဒီ 🥰🇯🇵

25/02/2024

🌸Chiba ဘူတာ ၆ လွှာမှာရှိတဲ့ Tokyo Business Clinic ကို (၃) ကြိမ်မြောက်ရောက်ရှိပါတယ်။

🌸 ကျန်းမာရေးအာမခံမရှိသေးတော့ ဆရာဝန်စမ်းသပ်ခက ယန်း (၄၈၆၀) ကျပြီးတော့ ဆေးဖိုးက ယန်း (၅၁၆၀) ကျပါတယ်။ (၁) လအတွင်း အာမခံရလာရင်တော့ ဆေးခန်းကိုပြန်လာပါတဲ့ ၇၀% ပြန်ထုတ်ပေးမယ်ထင်ပါတယ်။ (၁) လကျော်သွားရင်တော့ documentation process တွေ ကိုယ့်ဘာသာ run ရပါမယ်တဲ့။ (၁) လအတွင်း ကျန်းမာရေးအာမခံမြန်မြန်ရပါစေပဲ ဆုတောင်းပါတယ် 🙏

🌸 ဂျပန်ရောက်တာ (၁) နှစ်မပြည့်သေးဘူး ဒီဆေးခန်းမှာက (၃) ကြိမ်၊ တခြားဆေးခန်း (၂) ခုမှာက ဘယ်နှစ်ကြိမ်မှန်းတောင်မသိဘူး ပြပြီးနေပြီ 🥹

🌸 (၂) ပတ်ဆေးသောက်ခိုင်းလိုက်တယ်

🌸 မသက်သာရင် ကင်မရာကြည့်ရမယ်တဲ့ 🥹

🌸 ကျွန်မလိုပဲ ဂျပန်မှာ ဘာသာစကားအခက်အခဲရှိပြီး English လိုပြောတတ်တယ်ဆိုရင် ဒီဆေးခန်းမှာ သွားပြလို့ရပါတယ်နော်။ အရမ်းအဆင်ပြေပါတယ်။ တခြား မြို့ကြီးတွေမှာလည်း branch တွေရှိမယ်ထင်ပါတယ်။☺️🇯🇵


Stress ဖြစ်ပြီး အစာအိမ်ပြန်ထလို့ ဆေးခန်းပြရပါမယ်ဆိုမှ ကုန်ကျစရိတ်ကိုတွေးမိပြီး Stress ဖြစ်နေသော မိမိ 🥴
24/02/2024

Stress ဖြစ်ပြီး အစာအိမ်ပြန်ထလို့

ဆေးခန်းပြရပါမယ်ဆိုမှ

ကုန်ကျစရိတ်ကိုတွေးမိပြီး Stress ဖြစ်နေသော မိမိ 🥴

23/02/2024

ဒီရက်ထဲအစာအိမ်ပြန်ဖြစ်ချင်နေတာနဲ့ အစားဆင်ခြင်ပြီး ဆေးဝယ်သောက်နေရတယ်။

အခုကျွန်မသောက်နေတဲ့ဆေးက

🌸 အစားများတာ
🌸 အသောက်များတာ
🌸 အစာအိမ်မအီမသာဖြစ်တာ
🌸 ရင်ခေါင်းတောင့်တာ
🌸 ဗိုက်အောင့်တာ
🌸 အစားစားချင်စိတ်လျော့နည်းတာစတာတွေကို သက်သာစေပါတယ်

ဒီတစ်ခေါက် အစာအိမ်ကတော့ အစားမစားချင်တာကနေစဖြစ်တာပါ။ နောက်ပြီး ဘာမှန်းမသိတဲ့ Stress တစ်ခုရှိနေပါတယ်။ ညညအိပ်မပျော်ဘူး။ ဘာကိုမကျေနပ်နေတာလဲ။ ဘာကိုဒေါသဖြစ်နေတာလဲ။ ဘာကိုစိုးရိမ်နေတာလဲ။ အဖြေရှာလို့မရဘဲကို Stress ဖြစ်နေတာပါ။ ကိုယ်ကသာအဖြေရှာနေတုန်း ရောဂါကတော့ ကိုယ့်မစောင့်ဘူး သူလုပ်စရာရှိတာလုပ်တာပဲ 🥴

🌸 အစာအိမ်ရောဂါဝေဒနာရှိသူများ အဓိကက စိတ်ဖိစီးမှုမရှိအောင်နေပါ။
🌸 အစားဆင်ခြင်ပါ

အဲ့ (၂) ချက်ကို လိုက်နာနိုင်ရင် ဘဝကနေပျော်ပါပြီ ☺️

22/02/2024

🌸 ဂျပန်က မူကြိုကလေးလေးတွေက မူကြိုမှာပဲတစ်နေကုန်အချိန်ကုန်ပြီး မိဘတွေလာကြိုမယ့်အချိန်ကို စောင့်နေရတာမျိုးမဟုတ်ဘဲ တစ်နေ့တာ activities တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြရပါတယ်။
🌸 နေ့စဉ်ပန်းခြံကိုသွားပြီးဆော့ရတယ် (နေ့တိုင်းဟုတ်မဟုတ်တော့သေချာမသိပေမဲ့ကျွန်မနဲ့အမြဲတမ်းပန်းခြံမှာမနက်၁၀နာရီ၁၁နာရီဝန်းကျင်လောက်ဆိုတွေ့တယ်) တခြားသော ပြင်ပက activities တွေလည်း မျိုးစုံလုပ်ရပါတယ်။
🌸 စည်းကမ်းရှိရှိသွားလာတတ်အောင်၊ ပတ်ဝန်းကျင်တွေ ရာသီဥတုတွေနဲ့ သဟဇာတဖြစ်ဖြစ်နေတတ်အောင်၊ public transportation တွေအသုံးပြုတတ်အောင် စသဖြင့် ဆရာမတွေက သင်ပေးပါတယ်။

🌻 ကျွန်မတို့နိုင်ငံက မူကြိုတွေ အတုယူသင့်တဲ့အရာတစ်ခုလို့ထင်ပါတယ်။ ကျွန်မတို့ဆီက မူကြိုတွေကတော့ မူကြိုကျောင်းထဲမှာပဲ တနေကုန်ထားတာဆိုတော့ ကလေးတွေက ပတ်ဝန်းကျင်နဲ့ထိတွေ့ဆက်ဆံမှုတွေနည်းပါတယ်။
🌻 မိဘတွေကလည်း အရမ်းစိတ်ပူပြီး နေရာတကာ လိုက်လုပ်ပေး၊ လိုက်ပို့ပေးဆိုတော့ မသွားတတ်မလာတတ် ကိုယ့်ကိုကိုယ်အားမကိုးတတ်တွေဖြစ်လာရတာပါ။

🌟 ကျွန်မတို့အနာဂတ်ကြယ်ပွင့်လေးတွေရဲ့ ဘဝက မူကြိုကျောင်းကစလို့ စာသင်ကျောင်းတွေရဲ့ သင်ကြားပြသပေးမှုက အရမ်းအရေးကြီးပါတယ်။

よろしくおねがいいたします。🙇‍♀️

22/02/2024

ဆိုင်က လုပ်ဖော်ကိုင်ဖက်အဖွားတစ်ယောက် ကျွေးတာ။
ဆာကူရာပန်းနဲ့လုပ်တဲ့မုန့်လို့ပြောတယ်။ 🌸
အထဲမှာ ပဲပါတော့ ပဲကဆိမ့်ဆိမ့်လေး၊ ပန်းနံ့ကမွှေးမွှေးလေးနဲ့ စားလို့ကောင်းတယ်။ အပေါ်ကပတ်ထားတဲ့ ညောင်ရွက်လိုအဖက်ကိုတော့ အနံ့မကြိုက်လို့ဖယ်စားလိုက်တယ်😁

ဒီမုန့်လေး စားဖူးတဲ့လူရှိလားဝေ့ ☺️

ဂျပန်လို မုန့်နာမည်သိရင်လည်း ပြောပေးပါဦး ☺️

21/02/2024

လုပ်ဖော်ကိုင်ဖက်ကောင်းများနဲ့ တွေ့ဆုံခြင်း 🥰

ကျွန်မဘဝမှာ လုပ်ငန်းခွင်စဝင်ထဲက ခုချိန်ထိ လုပ်ဖော်ကိုင်ဖက်ကောင်းတွေနဲ့သာ တွေ့ဆုံခဲ့ရပါတယ်။ ဒါလည်း ကံကောင်းခြင်းတစ်မျိုးလို့ထင်ပါတယ်။
ကျွန်မလိုပဲ လုပ်ဖော်ကိုင်ဖက်နဲ့ပတ်သက်ရင် Lucky ရှိသူလား မရှိသူလား Comment မှာ မျှဝေပေးသွားပါဦး 🥰

15/02/2024

မောင်းပေတော့ ဆရာကြီးရေ စင်းလုံးငှားလာတာဆိုတော့🤭 ဘယ်မှတ်တိုင်မှ ရပ်ပြီး လူမတင်နဲ့တော့ 😁

တခါတလေ စိတ်ပင်ပန်းတဲ့အခါ

စိတ်ညီးညူးလာတဲ့အခါ

Bus ကားကို မြို့တစ်ပတ်လျှောက်စီးချင်တာ ဂိတ်စဂိတ်ဆုံး

ဒါပေမဲ့ ကားခက ၂ မှတ်တိုင်လောက်စီးရင်ကို ယန်း ၂၀၀ ကျော်နေပြီဆိုတော့ ဘယ်တော့မှ ကားပတ်စီးနိုင်မှာလဲလို့ 🥴🥴🥴

14/02/2024

သူများတွေ ထောက်ပံ့ကြေး ယန်း (၇၀၀၀၀) ရတဲ့အတွက် ကိုယ်လည်း ရလိုရငြားသွားစုံစမ်းကြည့်တော့ ....🤭
2023 January (1) ရက်နေ့နောက်ပိုင်း ဂျပန်ကိုရောက်လာပြီး ဝင်ငွေခွန်မဆောင်ရတဲ့လူတွေကို ဂျပန်အစိုးရက ထောက်ပံ့ကြေးပေးပါတယ်။ တစ်နေရာနဲ့တစ်နေရာတော့ ထောက်ပံ့ကြေးကွာကြတယ်လို့ သိရပါတယ်။
ကဲ ... သူငယ်ချင်းတို့ရော ထောက်ပံ့ကြေးရကြလား???
ရတဲ့လူရှိရင် comment မှာ ဘယ်လောက်ရတယ်ဆိုတာ မျှဝေပေးသွားပါဦး 🥰

🎉 Facebook recognized me as a top rising creator this week!
13/02/2024

🎉 Facebook recognized me as a top rising creator this week!

09/02/2024

Dinner @松屋🇯🇵

ညစာ ထမင်းတစ်နပ် ယန်း (၆၉၀)
- အသားကင်
- ထမင်း
- မီဆိုးဟင်းချို
- အသီးအရွက်သုပ် (၄) မျိုးပါပါတယ်။ 🥰

ဂျပန်မှာ ခေါင်းလျှော်ရတာ ဘယ်လိုလဲ 🤔???ဒါကတော့ ဒုတိယအကြိမ်ဆိုင်မှာ ခေါင်းလျှော်ဖူးတာပါ။ ပထမတစ်ခေါက်တုန်းကတော့ Color ဆိုးလ...
07/02/2024

ဂျပန်မှာ ခေါင်းလျှော်ရတာ ဘယ်လိုလဲ 🤔???

ဒါကတော့ ဒုတိယအကြိမ်ဆိုင်မှာ ခေါင်းလျှော်ဖူးတာပါ။ ပထမတစ်ခေါက်တုန်းကတော့ Color ဆိုးလို့ တစ်ခါထဲ လျှော်ပေးတာပါ။ ခုကတော့ လက်အရမ်းကိုက်နေလို့ အိမ်မှာ မလျှော်နိုင်တာနဲ့ သွားလျှော်ဖြစ်တယ်။

မြန်မာနဲ့ မတူတာနှစ်ချက်ရှိတယ်။
(၁) မြန်မာမှာဆို နောက်ကနေ လျှော်ကြတာ။ ဒီမှာက ဘေးကနေ ရင်ခွင်ပိုက်ပြီး လျှော်ပေးတယ်။ တော်သေးတယ်အဖွားကြီးလျှော်ပေးလို့။ ကောင်လေးဆိုမလွယ်ဘူး 🤭 (နေရာအခက်အခဲကြောင့်လား သူတို့ရဲ့ Technique လားတော့မသိ)
(၂) လုံးဝမနှိပ်ပါဘူး 🙅‍♀️🙅‍♀️🙅‍♀️အနှိပ်ခံချင်လို့ဆိုပြီး ခေါင်းသွားမလျှော်ပါနဲ့ အမှားကြီးမှားပါလိမ့်မယ်😹။ အနှိပ်ခံချင်ရင် Massage သွားပါ။ စီးပွားရေးကို သေချာခွဲထားကြတာနေမယ်။ ယောင်လို့တောင် မနှိပ်ပေးပါဘူး😄 (မြန်မာပြည်ကို လွမ်းလိုက်တာ🥹🥹🥹)

​သဘောကျတာတစ်ချက်က ခေါင်းစလျှော်တော့မယ်ဆိုရင် မျက်နှာကိုအဖြူစလေးတစ်ခု အုပ်ပေးထားတယ်။ ပက်လက်ကြီးဆို ကြည့်ရတာ ရုပ်ဆိုးလို့လား ဒါမှမဟုတ် သူ့ရုပ်ကို အောက်ကမော့ကြည့်ရင် လန့်သွားမှာစိုးလို့လား ...တစ်ခုခုပဲ🤪

ဒီဆိုင်က ဈေးအရမ်းသက်သာတယ်လို့ပြောရပါမယ်။ ခေါင်းလျှော်ရင် (ယန်း ၁၇၅၀) ဆံပင်ညှပ်ရင် (ယန်း ၁၆၅၀) ပဲကျပါတယ်။ Member Card ရှိရင် 20% လျှော့ပေးပါတယ်။

ကိုယ်ကတော့ ဒီဆိုင်မှာ ဆံပင်ညှပ်တာလည်း အဆင်ပြေပါတယ်။ ခေါင်းလျှော်တာလည်းမဆိုးဘူးပြောရမယ်။ ဈေးသက်သာတဲ့ဆိုင်ဆိုတော့လည်း အရမ်းဂျီးမများရဲဘူး 😁

​ဂျပန်မှာ ဈေးသက်သာတဲ့ ဆံပင်ညှပ်ဆိုင်ရှာနေတဲ့ ရွှေမြန်မာတွေအတွက် Recommend လုပ်ပါတယ်☺️☺️☺️



04/02/2024

Beef Steak လေးတဖြတ် ...



02/02/2024

住所

Chiba-shi, Chiba

ウェブサイト

アラート

Vlogger Ba Nyuntがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ビデオ

共有する


デジタルクリエイターのその他Chiba-shi

すべて表示