Ni Travel Vlog

Ni Travel Vlog နီနဲ့ အတူ ကမ္ဘာအနှံ့ကို လိုက်လည်ရအောင်
တကယ်ရောက်သွားသလို ခံစားရအောင်

�မဂ်လာပါ ခရီးသွားချစိသူတို့ရေ���
မြန်မာပြည်သူပြည်သားတိုင်း ခရီးသွားဗဟုသုတ‌‌ေတွတိုး‌ေစဖို့ ရည်မှန်းထားတဲ့ ခရီးသွားချစ်သူ ကျွန်မမြန်မာပြည်သူစာမျက်နှာလေးကနေ အားလုံးကို နီ ကြိုဆိုပါတယ်။

နိုင်ငံပေါင်း ၃၅ နိုင်ငံခန့် ကို အလည်ရောက်ဖူးပြီး ခုလည်း နိုင်ငံအသစ်တွေကို နှစ်တိုင်းလည်နေတဲ့နီ
ကမာကြီးရဲ့ထူးဆန်းလှပတဲ့နေရ‌ေေတွ အနုပညာအလှအပလက်ရာတွေနဲ့ အံ့ဩစရာသဘာဝရှု့ခင်းတွေကိုမြင်တိုင်း မြန်မာပြည်က ခရီးသွားချစ်သူတ

ို့လည်း ဗဟုသုတတွေတိုးအောင် မြင်ရအောင်
အခွင့်သာတိုင်း live လေးတွေကို ကြိုးစားအားထုတ် မျှဝေပေးနေတာမို့

နီလည်ပတ်‌ေနတဲ့ နေရာတွေကို နီရောက်နေသလိုပဲ ခရီးသွားချစ်သူတို့လည်း တိုက်ရိုက်မြင်တွေ့ခွင့့်ရပြီး တကယ်ရောက်နေသလို ခံစားရအောင်နဲ့ ဗဟုသုတတိုးအောင် ဒီစာမျက်နှာလေးကို ချက်ချင်း like & follow လုပ်ဖို့ မမေ့ပါနဲ့နော်���။


https://youtube.com/channel/UC_RcyADzTsw3PtcEply08qA
မဂ်လာပါ ခရီးသွားချစ်သူတို့ရေ
ဒီlink ကနေ နီ့ရဲ့ ယူကျူ့ channel လေးကိုသွားရောက်ကြည့်ပြီး subscribe လုပ်လို့ရပါတယ်ရှင့်��

ခင်မင်စွာဖြင့်
တင်နီနီထက်

ဖိုးသားလေး နှစ်နှစ် ပြည့်မွေးနေ့က မိသားစုပုံရိပ်လေး😍။ ခရီးသွားချစ်သူတို့ကို နီ ပို့စ်တွေမတင်ဖြစ်ပေမယ့် သတိရပါတယ်ရှင့်❤️။
15/12/2025

ဖိုးသားလေး နှစ်နှစ် ပြည့်မွေးနေ့က မိသားစုပုံရိပ်လေး😍။
ခရီးသွားချစ်သူတို့ကို နီ ပို့စ်တွေမတင်ဖြစ်ပေမယ့် သတိရပါတယ်ရှင့်❤️။

01/11/2025

အီတလီရဲ့ ယခုလို ဆောင်းဦးရာသီမှာ လူတွေ သိပ်မရှိတဲ့ ကမ်းခြေ‌ေလးမှာ လမ်းလျှောက်ရတာ အေးငြိမ်းလိုက်တာ😍။


👉😍ဟိုတယ်ခတစ်ည ဘယ်လောက်ကျခဲ့လဲ မော်လ်တနိုင်ငံမှာ။ နီတို့ဒီနိုင်ငံလေးကိုလည်ဖို့ တလ အလိုခန့်မှာairbnb ကနေ booking တင်ခဲ့ပါတ...
31/10/2025

👉😍ဟိုတယ်ခတစ်ည ဘယ်လောက်ကျခဲ့လဲ မော်လ်တနိုင်ငံမှာ။

နီတို့ဒီနိုင်ငံလေးကိုလည်ဖို့ တလ အလိုခန့်မှာairbnb ကနေ booking တင်ခဲ့ပါတယ်။
အိပ်ခန်း ၂ခန်းလည်းပါ ခလေးတွေလည်း လွတ်လွတ်လပ်လပ်ဆော့ရအောင် နေရာလည်း ရှိ၊ အပြင်မထွက်ချင်တဲ့ နေ့ခင်း‌ေလး‌ေတွဆိုလည်း ရေကူးကန်ထဲ ဆော့ပြီးနေလို့ရဖို့ သူတိူ့အတွက်အဆင်ပြေအောင် ရွေးခဲ့တဲ့ ဒီ မော်လ်တကျွန်းရဲ့ မြောက်ပိုင်းက Villa လေး ထဲက appartament လေးမှာ နီတို့တည်းဖြစ်ခဲ့တယ်။

ဧည့်ခန်းနဲ့ မီးဖိုခန်း ထမင်းစားခန်းလည်း ပါတော့ ကိုယ့်ဘာကိုယ် supermarket မှာဈေးဝယ်ပြီး ရေကူးကန်ဘေးက စားပွဲမှာ ညစာစား အဝေးက မြို့ရှု့ခင်းလေးလဲ ကြည့်ရင်းဖြတ်သန်းခဲ့ရတာ အရမ်း သာယာစရာ ကောင်းခဲ့သလို

ရေကူးကန်ဘောင်ပေါ် လစ်ရင်လစ်သလို လမ်းသွားလျှောက်တတ်တဲ့ သားသားကိုလည်း မလွတ်တမ်း နီတို့နှစ်ယောက်ထိမ်းရတာတော့ နဲနဲတော့ မောမိတာလည်း ကြုံခဲ့ရပါတယ်ရှင်။

‌ဪ ဒါတွေရှင်းပြရင်း ဘယ်လောက်ကျလဲတောင် ပြောဖို့မေ့တော့မလို့ သတိရလို့တော်သေးရဲ့။

တိုက်ခန်းခတစ်ညကို ယူရို ၁၂၀ ခန့် မြန်မာငွေ ခြောက်သိန်းခန့်ကျခဲ့ပြီး နီတို့ ဒီကျွန်းပေါ်မှာ 10ရက်နေခဲ့ကြပါတယ်ရှင့်။

ကမာ‌ေကျာ် အီတလီပန်းချီဆရာကြီး ကာရာဗာ့ဂျီု (Caravaggio) ၏ လက်ရာမြောက်လွန်းတဲ့ နာမည်ကြီး ပန်းချီကာ:တစ်ခု။ ပန်ချီကားအမည်။ စ...
30/10/2025

ကမာ‌ေကျာ် အီတလီပန်းချီဆရာကြီး ကာရာဗာ့ဂျီု (Caravaggio) ၏ လက်ရာမြောက်လွန်းတဲ့ နာမည်ကြီး ပန်းချီကာ:တစ်ခု။

ပန်ချီကားအမည်။ စာရေးနေသော သူတော်စင်ကြီး Girolamo
ခုနှစ်။ ။ ၁၆ဝ၇
တည်နေရာ။ Concattedrale di San Giovanni,
မြို့ Valletta
နိုင်ငံ Malta
ဘုရားကျောင်းဝင်ကြေး ယူရို ၁၅ ယူရို (မြန်မာငွေ တစ်ယောက် ၇ သောင်းခွဲကျပ်ခန့်)

ဘာ့ကြောင့် Malta နိုင်ငံ ကိုနီ လာလည်ခဲ့ပါသလဲ။ နီ့အီတလီက အီတလီ မိဘတွေ ရဲ့ နင်းခဲ့ တဲ့ အတိတ်‌ေခြရာ လေး‌ေတွ ထဲ တကယ်လိုက်လည်...
29/10/2025

ဘာ့ကြောင့် Malta နိုင်ငံ ကိုနီ လာလည်ခဲ့ပါသလဲ။
နီ့အီတလီက အီတလီ မိဘတွေ ရဲ့ နင်းခဲ့ တဲ့ အတိတ်‌ေခြရာ လေး‌ေတွ ထဲ တကယ်လိုက်လည်ကြည့်ချင်ခဲ့လို့ပါရှင့်။

နီလွန်ခဲ့ တဲ့ နှစ်နှစ်ဆယ်က မြန်မာပြည်တွင်း ၁၂ ရက်ခရီးစဉ်အတွက် အီတလီ တိုးဂိုက်လုပ်တုန်းက စသိ ခင်မင် ချစ်ခင် ခဲ့ရတဲ့
အီတလီက နီ့ရဲ့အီတလီ ဖေဖေနဲ့ မေမေက
နီသူတို့အိမ်မှာ တက္ကသိုလ်တက်ရင်းနေခဲ့တုန်းက
သူတို့ သွားလည်ခဲ့ဖူးတဲ့ ကမ္ဘာပေါ်က မရေတွက်နိုင်တဲ့ နိုင်ငံ‌တွေရဲ့ ခရီးသွား အတွေ့အကြုံတွေ၊ ကြုံတွေ့ခဲ့ရတဲ့ စွန့်စားမှုတွေ၊ ခံစားရတဲ့ အလှအပ တွေကို အမြဲ ပြောပြ လေ့ရှိသလို နီလဲ မျက်လုံးထဲမှာ မြင်ယောင်ပြီး စိတ်ကူးနဲ့ အမြဲလိုလို လိုက်လည်ခဲ့ဖူးပါတယ်။

သူတို့ရဲ့ သမီးနှစ်ယောက် ငယ် ငယ်တုန်းက သူတို့မိသားစု အတူလည်ခဲ့ကြတဲ့ ဒီMaltaနိုင်ငံ ရဲ့ အတွေ့အကြုံ လေးလည်း အပါအဝင်ပေါ့ရှင်။

ဥရောပရဲ့ မရေတွက်နိုင်တဲ့ သမိုင်းဝင်အဖြစ်အပျက်‌တွေ အနုပညာတွေနဲ့ စိတ်ဝင်စားစရာ မြို့ အဆောက်အဦးတွေ၊ ခိုင်ခံ့လွန်းတဲ့ ခံတပ်မြို့တွေ၊ သာယာလှပပြီး ရေကြည်လွန်းတဲ့ ကမ်းခြေတွေရဲ့ အကြောင်း နဲ့ သူတို့လူမျိုးတွေက ဖော်ရွေပြီး အီတလီစကားလည်း ပြော၊ ကျွန်းတနေရာနဲ့ တနေရာကလည်း သိပ်မဝေးတော့

သူတို့ ခလေးတွေနဲ့ အတူ လည်ပတ်ခဲ့တဲ့ ခရီးစဥ် တွေထဲမှာ သာယာပြီး အဆင် အရမ်း အဆင်ပြေခဲ့ တဲ့ မိသားစု အားလပ်ရက်ခရီး ဖြစ်ခဲ့ပါတယ်တဲ့။

ဒါနဲ့ နီလဲ သားသား သမီးလေးတွေရလာခဲ့ရင် ဒီအတွေ့ကြုံလေးကို တစ်နေ့ကိုယ်တိုင်ခံစားကြည့်ချင်တဲ့ ဆန္ဒလေး ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ထဲက နီ့ရင်ထဲ အမြဲ ရှိခဲ့တဲ့ နိုင်ငံလေးပဲ ဖြစ်ပါတယ်။

ဒါ‌‌ကြောင့် ဒီနှစ် နီတို့ ရဲ့ နွေရာသီ အားလပ်ရက် မိသားစု ခရီးစဉ်လေးအဖြစ် ရွေးခဲ့တာဖြစ်ပါတယ်ရှင်😍။


28/10/2025

လေယာဉ်ပေါ်က ခရီးသွားချစ်သူလေးနှစ်ယောက်ရဲ့ ပါတီ😍😁။

27/10/2025

ဘာပင်ကြီးလဲတော့မသိ။
ခရီးသွားချစ်သူတို့ကောသိလားရှင့်။

တွေ့တဲ့ တိုးရစ်တိုင်းက ထူးဆန်းလို့ ဓါ်တ်ပုံရိုက်နေကြတာ။
မော်လတနိုင်က Valletta မြို့ရဲ့ upper barraka ရှု့ခင်းကြည့်တဲ့နေရာမှာတွေ့ခဲ့ရတာပါရှင့်။

26/10/2025

တစ်ခုခု လုပ်ချင်ရင် စောင့်ပါပြောလဲ မစောင့် ချက်ချင်းလုပ်ချင်ရာ ထလုပ်တတ်တာ မေမေ့လိုပါပဲလားလို့ နီတွေးမိခဲ့တဲ့ အခိုက်အတန့် လေးပါရှင့်။

မေမေ သမီးကို ဒါမှုတ်ပေးတဲ့ ..
နီက မေမေက မောင်လေးကို sunscreen လိမ်းနေတာ ဖေဖေ့ရေကူးပြီးတာစောင့် ဖေဖေ ပြင်ပေးလိမ့်မယ်ဆိုတော့
ပူးတူးလေးက သူ့ဘာသာ စ‌ပြီး မှုတ်နေတာ😍😁။

25/10/2025

ရှေးဟောင်းအိမ်ထဲက ရေတွင်းလေး😍

25/10/2025

Souvenir ဆိုင်လေးတွေကြား😍

နေဝင်ချိန်နဲ့ အာဗြဲစိန်သားသားနီ့ဘဝမှာ နေဝင်ချိန်ပေါင်းများစွာကို တွေ့ဖူးခဲ့ပေမယ့် ဒီမော်လ်တနိုင်ငံရဲ့ အနောက်ပိုင်းက ကမ်း...
24/10/2025

နေဝင်ချိန်နဲ့ အာဗြဲစိန်သားသား

နီ့ဘဝမှာ နေဝင်ချိန်ပေါင်းများစွာကို တွေ့ဖူးခဲ့ပေမယ့် ဒီမော်လ်တနိုင်ငံရဲ့ အနောက်ပိုင်းက ကမ်းခြေက မြင်ရတဲ့ ဒီနေဝင်ချိန်လေးက မျက်လုံးထဲမှာ အရမ်းကို လှပလွန်းခဲ့ပြီး နားလည်း အရမ်းငြီးခဲ့တဲ့နေရာလေးပါ။

အဲ့ ဒီနေဝင်ချိန်လေးကို ရှုစားနေချိန်မှာ ဒီပုံထဲကလို အေးအေးဆေးဆေး မဟုတ်ခဲ့ပါဘူး။

နေလုံးကြီးက အရောင်လဲ့နေတဲ့ ပင်လယ်ထဲ ဝင်ပြီး အရမ်းလှ‌‌ေနချိန်မှာ သားသားကို နေဝင်ရင် ချက်ချင်းအေးလာမှာမို့
သူ အအေးပတ်မှာဆိုးလို့ ရေကူးဝတ်စုံကို သူရဲ့ဖေဖေကို နီလဲခိုင်းမိခဲ့တယ်။

အကျီဝတ်ပေး‌ေန ချိန်မှာ သူက ဆော့တာမရပ်ချင်လို့ အာဗြဲကြီးနဲ့ အကြာကြီး အော်ငိုနေခဲ့တဲ့ အမှတ်တရ အာဗြဲစိန်နေဝင်ချိန်လေး ဖြစ်ခဲ့ရတာပါ။

23/10/2025

ဒေသခံအိမ်လေးတွေရဲ့မြင်ကွင်း။

Indirizzo

Genova

Telefono

+393450619803

Sito Web

Notifiche

Lasciando la tua email puoi essere il primo a sapere quando Ni Travel Vlog pubblica notizie e promozioni. Il tuo indirizzo email non verrà utilizzato per nessun altro scopo e potrai annullare l'iscrizione in qualsiasi momento.

Contatta L'azienda

Invia un messaggio a Ni Travel Vlog:

Condividi