SALAI KIMO

SALAI KIMO ပလက်ဝမြို့ သည် ချင်းပြည်နယ်ဖြစ်သည်။

12/12/2024

E speaking တစ်လတက်ပီးနောက်🥴🐮

04/12/2024

အဆင်ကိုပြေနေတာပဲ့ 🥺

နရိန်မြို့ရဲ့ လှပတဲ့ရှုးခင်း💗💗
21/11/2024

နရိန်မြို့ရဲ့ လှပတဲ့ရှုးခင်း💗💗

ချင်းပြည်နယ် ပလက်ဝမြို့ရဲ့သဘာဝ အလှတရားများ🌿🌿 #ပလက်ဝ #ချင်းပြည်နယ် #ကီမိုမြေ
03/11/2024

ချင်းပြည်နယ် ပလက်ဝမြို့ရဲ့သဘာဝ အလှတရားများ🌿🌿

#ပလက်ဝ
#ချင်းပြည်နယ်
#ကီမိုမြေ

ပလက်ဝမြို့နယ်တွင် ULA/AA ၏ခွင့်ပြုချက်မရဘဲ တောင်ယာပင်သွားခွင့်မရှိ သည့်အပြင် အိမ်မွေးတိရစ္ဆာန်များကို တန်ရာတန်ကြေးမပေးဘဲ...
18/10/2024

ပလက်ဝမြို့နယ်တွင် ULA/AA ၏ခွင့်ပြုချက်မရဘဲ တောင်ယာပင်သွားခွင့်မရှိ သည့်အပြင် အိမ်မွေးတိရစ္ဆာန်များကို တန်ရာတန်ကြေးမပေးဘဲ့ အတင်းဝယ်ယူခြင်း များပြုလုပ်

အောက်တိုဘာ ၁၈

ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် ULA/ AA ၏ ခွင့်ပြုချက်မပါဘဲ ဒေသခံပြည်သူများသည် တောင်ယာပင် သွားခွင့်မရှိကြောင်းနှင့် အိမ်မွေးတိရစ္ဆာန် များကိုလည်း တန်ရာတန်ကြေးမပေးပဲ့ အတင်းဝယ်ယူ တောင်းခံခြင်းများ ပြုလုပ်လာသည်ဟု သိရပါသည်။

ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားသော အာရက္ခတပ်တော် AA သည် မြို့ပေါ်နှင့် ကျေးရွာအဝင်များတွင် စစ်ဆေး ရေးဂိတ်များထားရှိကာ ဒေသခံများခရီးသွားရာတွင်သာမက တောင်ယာသွားရာတွင်ပင် ၎င်းတို့ထံ မှတ်ပုံတင်ပြ၊ အစစ် အဆေးခံနေရသည်ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။

အပြင်ကိုလုံးဝမထွက်ခိုင်းတာတော့မဟုတ်ဘူး ဒါပေမဲ့သူတို့ဆီမှာအကြောင်းကြားရတယ်။ ခရီးထွက်ချင်ရင် သူတို့ဆီမှာ သတင်းပို့ရတယ်၊ ပြန်ရောက်တဲ့အချိန်မှာလဲ သူတို့ဆီမှာသတင်းပို့ရတယ်၊ အဲလိုသူတို့ပြောထားတာရှိတယ်။ ကျွန်တော်တို့ တောင်ယာ ခုတ်ရတာဆိုတော့ တောင်ယာသွားချင်ရင်လဲ သူတို့ဆီအကြောင်းကြားရတယ်။ မနက်ပိုင်းသွား ညနေပိုင်းရွာကို ပြန်ရောက်ရမယ်ဆိုပြီးသူတို့ကပြောထားတာ၊ ဒါပေမဲ့ ကျွန်တော်တို့က ၃ မိုင် ၄ မိုင်မှာ တောင်ယာလုပ်တာဆိုတော့ ညလဲ အိပ်ချင်တာပေါ့ ညအိပ်လို့လဲ မရဘူး။ အကြောင်းကြားပြီးမှ ရွာကိုပြန်ရတာ၊ ဒီလိုတော့ သိပ်အခက်အခဲရှိပါတယ် ဟု ပလက်ဝမြို့နယ်က အသက် ၅၀ ကျော်အရွယ်ရှိအမျိုးသားတစ်ဦးကပြောသည်။

ပလက်ဝဒေသခံများသည် တောင်ယာစပါးရိတ်ချိန်တန်ပြီဖြစ်သော်လည်း တောင်ယာတွင် ညအိပ်ခွင့်မရသည့်အတွက် အခက်ကြုံနေရသည်ဟု သိရသည်။ ခရီးသွားရာတွင်လည်း ရွာအထွက်က စစ်ဆေးရေးဂိတ်အပါအဝင် လမ်းတစ်လျှောက်ရှိ AA စစ်ဆေးရေးဂိတ်များတွင် အစစ်အဆေးခံရပြီး စစ်ဆေးပြီးကြောင်း လက်မှတ်ထုတ်ပေးခြင်းမရှိသောကြောင့် ရှိသမျှဂိတ်များတွင် ထပ်ခါ ထပ်ခါစစ်ဆေး ခံနေရသည်ဟု သိရသည်။

ကျွန်တော်တို့ ပလက်ဝမြို့နယ်ကနေ ဆမီးဘက်သွားတဲ့လမ်းမှာ AA ဂိတ် ၆ ခုလောက်ရှိတယ်။ ဂိတ်ရောက်တိုင်းသူတို့ စစ်ဆေးတယ်။ မှတ်ပုံတင်ပြရတယ်။ ဘယ်သွားမလဲ။ ဘယ်ရက်ပြန်မလဲ၊ ဘယ်လောက်ကြာမလဲမေးတယ်။ နောက် ရွာနာမည်တွေမေးတယ်။ အဝတ်ထုပ်တွေကို ဖြည်ပြီးကြည့်တယ်၊ ဒါပေမဲ့ဘာမှမပါရင်တော့ သူတို့ ပြန်လွှတ်ပါတယ် ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

ULA/AA တပ်ဖွဲ့များအနေဖြင့် ပလက်ဝမြို့နယ်အတွင်း ကုန်းလမ်း၊ရေလမ်းဖြင့် ခရီးသွားလာခွင့် တရားဝင် ပိတ်ပင်ထားခြင်း မရှိသော်လည်း ရံဖန်ရံခါ အခြေအနေအရ တစ်ရက်၊ နှစ်ရက်စသည်ဖြင့် ပိတ်ထားသည့်အချိန်များလည်း ရှိသည်ဟု သိရ သည်။

ပလက်ဝမြို့နယ်မှ ပြင်ပသို့ ခရီးထွက်လိုပါက ရပ်ရွာ၊ အမည်၊ အုပ်ချုပ်ရေးမှူးအမည်၊ ကျောင်းဆရာများအမည်၊ အသင်း တော်အမည်စသည်ဖြင့် ကိုယ်ရေးနှင့် ကျေးရွာဆိုင်ရာအချက်အလက်များကို ကြိုတင်သိထားရန်လိုအပ်သည်ဟု ခရီးသွား ပြည်သူများကပြောသည်။

ပလက်ဝမြို့နယ်ရှိ ULA/ AA တပ်ဖွဲ့ဝင်များက စစ်ဆေးရေးဂိတ်တွင် တရားဝင် ငွေကြေးတောင်းခံခြင်းမရှိသော်လည်း အချို့ဂိတ်များတွင် ခရီးသည်များပါလာသည့် ငွေများကို သိမ်းယူပြီး ခရီးစရိတ်လောက်သာ ပြန်ပေးသည့် အဖြစ်မျိုး ကြုံရသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ULA/ AA တပ်ဖွဲ့ဝင်များသည် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လက်နက်ကိုင်ကာ လှည့်လည်ခြင်း များပြုလုပ်လေ့ရှိပြီး CDF, CNA နှင့် ဆက်သွယ်သည်ဟု စွပ်ဆွဲချက်ဖြင့် ဒေသခံများကို ဖမ်းဆီးမှုများလည်း ပြုလုပ်လေ့ ရှိသည်။

ဒေသခံများပိုင်ဆိုင်သော အိမ်မွေးတိရိစ္ဆာန်များကို တန်ရာတန်ကြေးအပြည့်မပေးဘဲ တောင်းယူခြင်း၊ ဒေသခံများကို ခြိမ်းခြောက် ပြောဆိုခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

AA က တခါတလေ ပြည်သူရဲ့ ဆိတ်တို့ ဝက်တို့ကို ပိုက်ဆံနဲ့လာတောင်းတာတွေရှိတယ်။ ဒါပေမဲ့ တန်ရာတန်ကြေး တော့မပေးဘူး။ ဉပမာ ၂ သိန်းတန်ကို ၁ သိန်းခွဲပဲ ပေးတာတို့၊ ကြက်ဆိုရင်လဲ ၁ သောင်းတန်ကို ၅၀၀၀ ပဲပေးတာတို့ရှိတယ်၊ သူတို့ကတော့ ကျေနပ်လားလို့ မေးသေးတယ်၊ မကျေနပ်ရင်လဲဗျာ ကျွန်တော်တို့မှာ ပေးလိုက်ရတာပေါ့။ ရွာသားတွေကို အမြဲတမ်းပြောတာ ရွာမီးရှုပစ်လိုက်မယ်။ ခင်ဗျားတို့ အရင်က ဖမ်းတဲ့လူအကြောင်းမသိဘူးလား၊ သူတို့သတင်းမကြားဘူး လား၊ ကျွန်တော်တို့လာဖမ်းရင် ခင်ဗျားတို့ လွယ်မယ်ထင်လား။ အဲလိုမျိုး သူတို့ ချိမ်းခြောက်နေတာ။ ပြည်သူတွေက ကျွန်တော်တို့ ရွာက ဘယ်လိုဖြစ်မလဲ၊ ဘယ်သူကယ်မလဲ၊ ဘယ်ကိုသွားရမလဲဆိုပြီး အရမ်းစိုးရိမ်ကြတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မပြောနိုင်ဘူးပေါ့။ ကျွန်တော်တို့ဆီမှာ ဖုန်းလိုင်းလဲမရဘူး၊ မီဒီယာတွေလဲမလာဘူး။ သူတို့ ပြည်သူတွေ ကိုအနိုင်ကျင့်တာက သတင်းမီဒီယာမရှိတဲ့အချက်လဲပါတယ်။ ဖုန်းလိုင်းလဲမရဘူး၊ လိုင်းထိုင်လို့လဲမရဘူးဆိုတော့ မီဒီယာလဲမရောက်ဘူးဆိုတော့ သူတို့ လိုချင်သလိုလုပ်တာပေါ့ ပလက်ဝဒေသခံတစ်ဦးကပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် AA က ယခုနှစ်ဇန်နဝါရီလက သိမ်းပိုက်ခဲ့ပြီးနောက် အုပ်ချုပ်ရေးလုပ် ငန်များလည်း ဖော်ဆောင်လျှက်ရှိသည်။ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီကင်းစင်ပြီဖြစ်သော်လည်း AA တပ်ဖွဲ့၏ လူ့အခွင့် အရေးချိုးဖောက်မှု၊ ခြိမ်းခြောက် ဖမ်းဆီးမှုများကြောင့် ပလက်ဝဒေသခံချင်းပြည်သူများသည် ယနေ့ချိန်ထိ မိမိတို့ဒေသကို စွန့်ခွါ၍ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

CDF ထန်တလန်ဉီးစီးချုပ် တိုက်ပွဲ့မှာ ကျဆုံးသွားပြီ😌😌 #နိုင်ငံတာဝန်ကျေပွန်ခဲ့ပြီ #သူရဲ့ကောင်းကြီး #ဆလိုင်းရမ်ဇာရ်(Ram Zel)
13/10/2024

CDF ထန်တလန်ဉီးစီးချုပ် တိုက်ပွဲ့မှာ ကျဆုံးသွားပြီ😌😌

#နိုင်ငံတာဝန်ကျေပွန်ခဲ့ပြီ
#သူရဲ့ကောင်းကြီး
#ဆလိုင်းရမ်ဇာရ်(Ram Zel)

ချင်း​ ပြည်နယ် ပလက်ဝဒေသမှာ ချင်းတော်လှန်ရေးအင်အားစုကို ထောက်ပံ့ကူညီမှု စွပ်စွဲချက်ဖြင့် ဒေသခံပြည်သူ ၃၀ နီးပါးကို ULA/AA ...
10/10/2024

ချင်း​ ပြည်နယ် ပလက်ဝဒေသမှာ ချင်းတော်လှန်ရေးအင်အားစုကို ထောက်ပံ့ကူညီမှု စွပ်စွဲချက်ဖြင့် ဒေသခံပြည်သူ ၃၀ နီးပါးကို ULA/AA ဖမ်းဆီးထိန်းသိမ်း
---------------------------------------------------

အောက်တိုဘာလ ၁၀ရက် ၂၀၂၄ ခုနှစ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ချင်းတော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ကူညီနေသည့် စွပ်စွဲချက်ဖြင့် ချင်းပြည်သူ ၃၀ နီးပါးကို အာရက္ခတပ်တော် ULA/AA က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြားကာလ ခူမီးချင်း မျိုးနွယ်စုများရေးရာ အတိုင် ပင်ခံကောင်စီ - IKACC က ပြုစုထားသော စာရင်းများအရ သိရသည်။

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း ပလက်ဝမြို့နယ်တွင် ULA/AA က ချင်းပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာတွင် ၅ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများမှ တစ်ဆင့်ကြားသိရသော်လည်း အသက် ၄၀ ခန့်အရွယ် အမျိုးသမီး ၁ ဦးအပါအဝင် ၁၅ ဦးကျော် ကျန်ရှိနေသေးကြောင်း IKACC မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ပလက်ဝမြို့နယ်က ဒေသခံပြည်သူ ၁၃ ဦးကို ချင်းတော်လှန်ရေးအင်အားစုကို ထောက်ပံ့သည့် စွပ်စွဲချက်ဖြင့် ထပ်မံဖမ်းဆီးခဲ့ကြောင်း၊ ယင်းအထဲတွင် CDF- ပလက်ဝ၏ ဒုတိယစခန်းမှူး တာဝန်ယူထားသူ ရဲဘော်တစ်ဦးလည်း ပါဝင်ကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ပြောသည်။

၂၀၂၃ ကတည်းက အဓိကက CNA ၊CDF တွေကို အားပေးထောက်ခံတယ်။ ငွေကြေးအားဖြင့်ဖြစ်စေ၊ အစစအရာရာပေါ့နော် သူတို့ကို ပံ့ပိုးကူညီတယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ဖမ်းဆီးထားတယ်လို့ပဲ သိရတယ်။ လက်ရှိမှာလည်း ၂၀၂၄ မှာ လွန်ခဲ့တဲ့လက ဖမ်းဆီးတဲ့ ၁၃ ဦးကိုလည်းပဲ ။ CDF တွေနဲ့ အဆက်အသွယ်ရှိတယ်။ ထောက်ပံ့ကူညီတယ် ဆိုတဲ့ဟာနဲ့ ဖမ်းတာမျိုးဖြစ်တယ်။ အဲအထဲမှာ CDF ပလက်ဝက တစ်ယောက်ပါတယ်။ ဒုစခန်းမှူးပေါ့နော်။ သူကိုဘာလို့ ဖမ်းတာလည်းလို့ မေးတဲ့အချိန်မှာ သာမန်ရာဇဝတ်မှု မဟုတ်ဘူး။ ကြီးမားတဲ့ ရာဇဝတ်မှုကြောင့် ခဏထိန်းသိမ်းထားတယ်ဆိုတာ ပြောပါတယ်။ အဲဒါအကုန်လုံးကို ပြန်လွှတ်နိုင်ဖို့ကို ညှိနှိုင်းနေတာတော့ ရှိတယ် ဟု IKACC မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဖမ်းဆီးခံထားရသူများသည် ပလက်ဝမြို့နယ်ထဲက မီးဇာရွာ၊ ချင်းထောက်ရွာ၊ ပြင်ဝရွာအပါအဝင် ကျေးရွာ ၈ ခန့်က ဒေသခံ ပြည်သူများဖြစ်ကြောင်း သိရသည်။ Global Khumi Organization (GKO) အဖွဲ့ကလည်း စက်တင်ဘာလအတွင်း ULA/AA သည် CDF - ပလက်ဝကို ထောက်ပံ့ သည်ဟု ဆိုကာ ကျေးရွာ ၄ ရွာမှ ပြည်သူအနည်းဆုံး ၁၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း စက်တင်ဘာလ ၃၀ ရက်က ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၇ ရက်က င/ရှားကျေးရွာမှ ဦးလင်းဝိုက်၊ ဦးထိန်လင်း၊ ဦးအောင်မ၊ ဦးပန်မြတ်ထိုက်နှင့် ဦးယက်ရယ်၊ ချင်းဒေါက်ကျေးရွာမှ ဦးနန်းဘဲ နှင့် ဦးကျော်လှအောင်၊ ကုန်တော်အုပ်စု၊ ရေချမ်းသာကျေးရွာမှ ၃ဦး တို့ကို ULA/ AA က ဖမ်းဆီးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၅ ရက်တွင် အောက်ဘလိုင်ကျေးရွာမှ ဦးစွန်းအောင်၊ ဦးခင်ကျော်၊ ဦးကာပန်၊ ဦးဟွေ့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း GKO က ထုတ်ပြန်ထားသည်။

ပလက်ဝမြို့ပေါ် ပလက်ဝဆေးရုံအုပ် (ခေတ္တ) ဒေါက်တာအေးကျော်နှင့် ဒေသခံပြည်သူ ၂ ဦးကိုလည်း စက်တင်ဘာလ ၂၉ ရက်က ULA/AA က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ ပလက်ဝမြို့ပေါ်နှင့် ကျေးရွာများတွင် ULA/AA က ဒေသခံများကို ဖမ်းဆီးထိန်းသိမ်းမှုများ ပိုမိုပြုလုပ်လာသောကြောင့် စက်တင် ဘာလအတွင်းမှာ ဒေသခံတချိ့ မိသားစုလိုက် မီဇိုရမ်ဘက်သို့ ထပ်မံထွက်ပြေးလာနေကြကြောင်း မီဇိုရမ်က စစ်ဘေးရှောင်များက ပြောကြပါသည်။

ချင်းတောင်မှာ တောင်ယာစပါးရိုတ်ချိန်ရောက်ပီနော် အမျိုးတို့ရေ..😍
01/10/2024

ချင်းတောင်မှာ တောင်ယာစပါးရိုတ်ချိန်ရောက်ပီနော် အမျိုးတို့ရေ..😍

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင့် ဒေသခံများထံကသိရ-------–---------------------...
01/10/2024

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင့် ဒေသခံများထံကသိရ
-------–---------------------------------------

စက်တင်ဘာလ ၈ရက်နေ့တွင် အိန္ဒိယနိုင်ငံ နယ်စပ်မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ ကုန်ပစ္စည်းသွားပို့ သည့် ချင်းအမျိုးသား ၃ဦးသည် အိမ်ပြန်မရောက်လာပဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။အဆိုပါ ပျောက်ဆုံးနေသည့် သူများကို လိုက်ရှာ ကြရာ ပလက်ဝမြို့နယ်၊ လောင်းကဒူးကျေးရွာနှင့် တန်းဆိပ်ကျေး ရွာ အကြား ငသလဲကျွန်းတွင် လူသေအလောင်း ၂လောင်းနှင့် မွန်ထောင်ရွာသစ် မြစ်ကမ်းနံဘေးတွင် လူသေအလောင်း ၁လောင်းပြန်တွေ့ရှိကြောင့် ပလက်ဝဒေသခံတစ်ဦးက ကီမိုမီဒီယာ သို့ပြောသည်။

"အိမ်ပြန်ရောက်ချိန်မှာ သူတို့ပြန်မရောက်လာကြတော့ ဦးဆန်းအောင်ရဲ့ ဇနီးက ပလက်ဝဘက်ဆင်းလာပြီး လိုက်စုံစမ်းတာပေါ့။အဲ့ဒီမှာ ကျောက်တော်ကပြန်လာတဲ့သူတွေက ပလက်ဝနဲ့မွန်ထောင်ရွာ ကြားမှာ လူသေအလောင်းတွေ့တယ်ပြောလို့ သွား ကြည့်တာ၊သူတို့တွေဖြစ်နေတယ်။တစ်ယောက် ခေါင်းတခြား၊ ကိုယ်ခြားဖြစ်အောင်လုပ်ကြတယ်။"

အသတ်ခံရသည့် သူများသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ငဒက်ကျေးရွာအုပ်စု ၊မောင်နှမကျေးရွာက ဦးဆန်းအောင်(၆၁နှစ်)၊ဦးအိုက်မြင့်( ၂၆နှစ်)နှင့် မောင်ပီစီထွန်း(၁၃နှစ်)တို့ဖြစ်သည်။အသတ်ခံရသူများသည် လောင်းကဒူးရွာနှင့် တန်းဆိပ်ကျေးရွာကြားတွင် ဓားပြတိုက်၊သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင့် ၎င်းတို့နှင့်နီးစပ် သည့် အသိုင်းအဝိုင်းများက သုံးသပ်ထားကြသည်။

အဆိုပါ လူသတ်မှုနှင့် ပါတ်သတ်ပြီး နှမဒါကျေးရွာရှိ အေအေတပ်ဖွဲ့ဝင်များကို တိုင်ကြားထားပြီးဖြစ်ကြောင့်နှင့် အေအေအနေဖြင့် အမှုမှန်ပေါ်အောင်မည်ကဲ့သို့ လုပ်ဆောင်မည်ကို မသိရှိရသေးပါ။ပလက်ဝမြို့နယ်တွင် အေအေ မရောက်လာခင်အချိန်က ယခုကဲ့သို့ ရာဇဝတ်မှုမရှိကြောင့် သုံးလောင်းပြိုင်လူသတ်မှု မကြားဖူးသေးကြောင့်နှင့် ပလက်ဝမြို့နယ်ကို အေအေက ထိန်းချုပ်ပြီးနောက်ပိုင်း ရာဇဝတ်မှုများပြား လာခြင်းသည် အေအေတွင်တာဝန်အပြည့်ရှိကြောင့် ဒေသခံများက ပြောဆိုထားကြသည်။

AA ဖမ်းဆီးထားသောပလက်ဝဒေသခံပြည်သူ (၁၀)ဦးကို ယနေ့အချိန်ထိ ပြန်လွှတ်လာခြင်းမရှိသေး----------------------------------------...
01/10/2024

AA ဖမ်းဆီးထားသောပလက်ဝဒေသခံပြည်သူ (၁၀)ဦးကို ယနေ့အချိန်ထိ ပြန်လွှတ်လာခြင်းမရှိသေး
--------------------------------------------------

ချင်းပြည်နယ် ပလက်ဝမြို့နယ်က ဒေသခံ (၁၀) ဦးကို CDF Paletwa ကို ထောက်ပံ့တယ်၊ဆက်သွယ်မှုရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အာရက္ခတပ်တော် (AA) ကစက်တင်ဘာလ (၁၇) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရှိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ ပလက်ဝမြို့နယ် ငရှားရွာက ဒေသခံ ၅ ဦးနဲ့ ချင်းဒေါက်ရွာဒေသခံ ၂ ဦး နဲ့ ရေချမ်းသာရွာက ဒေသခံ ၃ ယောက်လို့ သိရပြီး ယနေ့အချိန်ထိ ပြန်လွှတ်လာခြင်းမရှိသေးဘူးလို့လည်း ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံ (၁၀) ဦး ဖမ်းဆီးခံရတာနဲ့ ပက်သက်ပြီး ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC)ဘက်ကလည်း မှန်ကန်ကြောင်း အတည်ပြုထားပါတယ်။

လွမ်းလိုက်တာ 😌
18/09/2024

လွမ်းလိုက်တာ 😌

လွတ်မြောက်နယ်မြေ ဖြစ်ပြီး မလွတ်​မြောက် နိုင်သေးတဲ့မတူပီမြို့ ပြည်သူ /ပြည်သား များ အတွက် စိတ်မကောင်းဖြစ်မိတယ်။မတူပီမြို့ဟ...
17/09/2024

လွတ်မြောက်နယ်မြေ ဖြစ်ပြီး မလွတ်​မြောက် နိုင်သေးတဲ့
မတူပီမြို့ ပြည်သူ /ပြည်သား များ အတွက် စိတ်မကောင်းဖြစ်မိတယ်။

မတူပီမြို့ဟာ မကြာသေးမီက CB နှင့်AA တို့က မတူပီမြို့ကို သိမ်းယူပြီး လွတ်မြောက်နယ်မြေအဖြစ်ရပ်တည်နေတာဖြစ်တယ်။

''ပလက်ဝသည်ချင်းပြည်''Arakhan Army (AA) ပေါ်ပေါက်လာပြီးနောက်အထူးသဖြင့် AA နှင့် စစ်တပ်တိုက်ပွဲဖြစ်လာပြီးနောက် ရခိုင်လူမျိ...
10/09/2024

''ပလက်ဝသည်ချင်းပြည်''

Arakhan Army (AA) ပေါ်ပေါက်လာပြီးနောက်အထူးသဖြင့် AA နှင့် စစ်တပ်တိုက်ပွဲဖြစ်လာပြီးနောက် ရခိုင်လူမျိုးများသည် ပလက်ဝကိုမိမိတို့၏နယ်မြေဖြစ်သည်ဟုပြောဆိုခဲ့ကြသည်။ရခိုင်လူမျိုးများမှ ပလက်ဝသည် မိမိတို့၏နယ်မြေဖြစ်သည်ဟု အသံထွက်ပေါ်လာခြင်းသည် ယခု၌သာမဟုတ်ပဲ ယခင်ကတည်းကပင်ဖြစ်သည်။Free Ranger Burma (FRB) မှ ထုတ်ဝေသော ၄င်းတို့၏လှုပ်ရှားမှုစာစောင်တွင် ပလက်ဝသည် ရခိုင်ပြည်နယ်ဖြစ်သည်ဟုဖော်ပြခဲ့ဖူးသည်။ မိမိတို့ချင်းလူမျိုးမဟုတ်သောတခြားလူမျိုးများမှ FRB ကိုယင်းသို့ဖော်ပြခြင်းသည် မှားနေကြောင်းထောက်ပြပြီးသည့်နောက်ပိုင်းတွင FRB မှထုတ်ဝေသောစာစောင်တိုင်းတွင် ပလက်ဝသည် ချင်းပြည်နယ်ဖြစ်သည်ဟု ပြန်လည်ရေးသားဖော်ပြသည်။ AA သည် ပလက်ဝမြို့နယ်ရှိ အချို့သောကျောင်းများ၏ ဆိုင်းဘုတ်တွင်ရေးထားသော ချင်းပြည်နယ်ကို ပယ်ဖျက်ပြီးရခိုင်ပြည်နယ်ဟု အစားထိုးရေးသားခဲ့ကြသည်။ မကြာသေးမှီကာလတွင် Panglong မြို့၌ကျင်းပသော Ethnic Youth Conference တွင် Arakhan National Party ခေါင်းဆောင်တစ်ဦးဖြစ်သောဒေါက်တာအေးမောင်မှ ၁၉၅၃-၅၄ ခုနှစ်တွင် မိမိတို့ရခိုင်လူမျိုးများ၏တောင်တန်းဒေသဖြစ်သော ပလက်ဝကို Chin Special Division သို့လွှဲအပ်ခဲ့သည် ဟုပြောကြားခဲ့သည်။ Facebook ပေါ်တွင်သော်လည်းကောင်း၊ အခြားမီဒီယာများတွင်သော်လည်းကောင်းဖတ်ရှုပါကစိတ်ဝင်စားဖွယ်ရာ ကောင်းလှပါသည်။ ရခိုင်လူမျိုးများမှ ပလက်ဝသည် မိမိတို့၏နယ်မြေဖြစ်သည်ဟုအဓိကကိုင်စွဲထားသောအချက်မှာ ပလက်ဝသည် Arakan Hills Tract အတွင်းတွင် တည်ရှိသည် ဟူ၍ဖြစ်သည်။ ရခိုင်ဘုရင်လက်ထက်တွင် တည်ရှိခဲ့သည်ဟူ၍လည်း တချို့လူတွေကပြောကြသည်။

အင်အားကိုအသုံးပြုသောစနစ် (Might is right)
------------------------------------------
Might is right ဆိုသညျမှာအတိုခြူံးအားဖွင့ျ အင်အားကြီးသောသူမှ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေသူလုပ်ချင်သောအရာအားလုံးကိုအင်အားသုံး၍လုပ်ပိုင်ခွင့်ရှိသည်ဟု ဆိုလိုသည်။တခြားနည်းဖြင့်ဖော်ပြမည်ဆိုပါကအင်အားအသုံးပြုပြီးအုပ်ချုပ်မင်းမူသောစနစ်ကိုဆိုလိုခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည်အထိ Might is right စနစ်ကိုကမ္ဘာတစ်ဝှမ်းတွင်ကျင့်သုံးခဲ့သည်။
ပြည်ထောင်စုမြန်မာသမိုင်းကိုလေ့လာကြည့်ပါကလည်းအင်အားကြီးသောလူမျိုးမှအင်အားနည်းသောလူမျိုးကိုသွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ရခိုင်လူမျိုးများသည်လည်းကိုယ့်မင်းကိုယ့်ချင်းဖြင့်အုပ်ချုပ်သောတိုင်းပြည်ရှိခဲ့သော်လည်းဗြိတိသျှလက်ထက်မတိုင်မီ ၁၇၈၄ ခုနှစ်တွင် ဗမာ့ဘုရင်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဗြိတိသျှနှင့်ဗမာတိုက်ပွဲ (First Anglo-Burmese War) ကာလတွင် ရခိုင်ပြည်နယ်ကိုဗမာ့ဘုရင် စဈရှူံးကွေး (War Reparation) အဖြစ် အင်္ဂလိပ်လက်ထဲသို့ပေးအပ်ခဲ့သည်။ ဤသို့ဖြင့် ၁၈၂၆ခုနှစ်တွင် ရခိုင်ပြည်နယ်သည် အင်္ဂလိပ်လက်အောက်တွင် တစ်ဖန်ရောက်ရှိခဲ့သည်။
အင်္ဂလိပ်လက်ထက်မတိုင်မီ ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတွင်နေထိုင်ကြသော လူမျိုးများအနက် မွန်နှင့် ရခိုင်များမှအပ တခြားလူမျိုးများသည် ကိုယ့်မင်းကိုယ့်ချင်းစနစ်ဖြင့် အုပ်ချုပ်သော လွတ်လပ်သည့်နိုင်ငံများ ဖြစ်ခဲ့ကြသည်။ အင်္ဂလိပ်သည် သီပေါမင်းအုပ်ချုပ်ခဲ့သောဗမာပြည်ကို ၁၈၈၅ ခုနှစ်တွင် အပြီးတိုင်သိမ်းပိုက်ခဲ့သည်။ သီပေါမင်းကိုလည်းဖမ်းဆီးခဲ့ပြီး အိန္ဒိယနိုင်ငံသို့ပြည်နှင်ဒဏ်ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုမြန်မာနို်င်ငံတွင် နေထိုင်ကြသော တခြားလူမျိုးများကိုလည်း အင်္ဂလိပ်မှ တဆင့်ပြီးတဆင့် တိုက်ခိုက်ခဲ့သည်။ မိမိတို့ချင်းလူမျိုးများကိုလည်း ၁၈၉၀ ခုနှစ်မှ စတင်၍တိုက်ခိုက်ခဲ့သည်။

ဗြိတိသျှကိုလိုနီ
--------------
ဗြိတိသျှကိုလိုနီလက်ထက်တွင် ယနေ့ Pakistan, India, Bangladesh, Sri Lanka နှင့် ပြည်ထောင်စု မြန်မာနိုင်ငံစသည့် နိုင်ငံများသည် ဗြိတိသျှ-အိန္ဒိယဟူ၍ အုပ်ချုပ်မှုယူနစ်တစ်ခုအောက်၌ ရှိခဲ့ကြသည်။ အင်္ဂလိပ်လက်ထက်တွင် အုပ်ချုပ်ရေးစနစ်အမျိုးမျိုးဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၃၇ ခုနှစ်မှာ ဗြိတိသျှ အိန္ဒိယကို ဗြိတိသျှ-အိန္ဒိယနှင့် ဗြိတိသျှ-ဗမာဟူ၍ (Burma Act 1935 အတိုင်း) ခွဲခြမ်းခဲ့သည်။ ဗြိတိသျှသည်မတူကွဲပြားသောအကြောင်းများကြောင့်ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံကိုမတူကွဲပြားသောအုပ်ချုပ်ရေးစနစ်(၃)မျိုးဖြင့် အုပ်ချုပ်ခဲ့သည်။ ပထမစနစ်ဖြစ်သောMinisterial Burma (Proper Burmaဟူ၍လည်းခေါ်သည်။)အောက်တွင် တနင်္သာရီ၊ ရခိုင်၊ ပဲခူးနှင့် ဧရာဝတီဟူ၍တိုင်းဒေသ (၄) ခုရှိခဲ့သည်။ တောင်တန်းဒေသ (Frontier Areas) သို့မဟုတ် Scheduled Areas အောက်တွင် ရှမ်း၊ ကချင်နှင့် ချင်းလူမျိုးများနေထိုင်ရာဒေသများ ပါဝင်သည်။ ကယားပြည်နယ်သည် မည်သူ့ကိုလိုနီအောက်တွင်မျှ မရှိခဲ့သော်လည်း ဗြိတိသျှအစိုးရမှ စောင့်ရှောက်ခဲ့သော လွတ်လပ်သည့်တိုင်းပြည်အဖြစ်ရပ်တည်ခဲ့သည်။

တောင်တန်းဒေသများ (Frontier Areas)
------------------------------------
ဗြိတိသျှမြန်မာကိုလိုနီအောက် တောင်တန်းဒေသဆိုသည်မှာ Ministerial or proper Burmaထဲတွင်မပါပဲ ကယားပြည်နယ်ကဲ့သို့လည်း လွတ်လပ်သော ဒေသမဟုတ်သည့် ကျန်နယ်မြေများကိုဆိုလိုခြင်းဖြစ်သည်။ တောင်တန်းဒေသ (Frontier Areas) သက်မှတ်ခဲ့ရခြင်း၏ နောက်ကွယ်တွင် အကြောင်းအမျိုးမျိုးရှိခဲ့သည်။ ဗြိတိ်သျှမှ ယင်းတောင်တန်းဒေသကို သိမ်းပိုက်စဉ်ကာလတွင် ဗြိတိ သျှနယ်ချဲ့များနှင့် သက်ဆိုင်ရာတောင်တန်းဒေသရှိ ခေါင်းဆောင်များအကြားသဘောတူညီချက် အတိုင်းစီမံခန့်ခွဲအုပ်ချုပ်ခြင်းဖြစ်သည်။ ထို့အပြင် တောင်တန်းဒေသတွင် နေထိုင်ကြသောလူမျိုးအချို့သည် ယင်းနယ်မြေနှင့်ဆက်စပ်လျက်ရှိသော မြေပြန့်ရှိတခြားလူမျိုးများအားသွားရောက်တိုက်ခိုက်လျက်ရှိသောကြောင့် တောင်တန်းဒေသတွင် နေထိုင်ကြသောလူမျိုးများမှ မြေပြန့်ဒေသဝင်ရောက် ကျူးကျော်တားဆီးနိုင်ရန်အလို့ငှာ ဥပဒေများပြုလုပ်ခဲ့သည်။ ချင်းလူမျိုးများအတွက် Chin Hills Regulation Act (1896) ဟူ၍ဥပဒေတစ်ခုပြဋ္ဌာန်းခဲ့ပြီးယင်းဥပဒေအတိုင်း ဗြိတိသျှတို့ကအုပ်ချုပ်ခဲ့သည်။ ယင်းဥပဒေသည် Mizoram ပြည်နယ်ကိုသော်လည်းကောင်း၊ နာဂတောင်တန်းကိုသော်လည်းကောင်းလွှမ်းခြုံခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက် ယင်းဥပဒေကိုအသုံးပြုပြီးအခြားလူမျိုးများတောင်ပေါ်ဒေသသို့ ဝင်ရောက်နေထိုင်ခြင်းကိုတားဆီးရန်အတွက် အသုံးပြုခဲ့သည်။ အိန္ဒိယနိုင်ငံရှိ Nagaland နှင့် Mizoram ပြည်နယ်တို့တွင်လည်း ၄င်းဥပဒေကို ယနေ့အထိဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။ တခြားလူမျိုးများမှ Nagaland နှင့် Mizoramပြည်နယ်သို့ သွားရောက်လိုပါက Inner Line Permit ရှိမှသာသွားရောက်လည်ပတ်ခွင့်ရှိသည်။ တောင်တန်းဒေသများသည် အပိုင်း (၁) နှင့် (၂) ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။တောင်တန်းဒေသများတွင် ဘုရင်ခံ၏အကြံပေးချက်ဖြင့် မိမိတို့၏ဓလေ့ထုံးတမ်းအရတင်မြှောက်သောသူကြီး (Traditional Chief) မှ တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ Ministerial Burma တွင်မူဗြိတိသျှအစိုးရမှတိုက်ရိုက်အုပ်ချုပ်သည်။

တောင်တန်းဒေသတွင်နေထိုင်သောချင်းလူမျိုးများ
-------------------------------------------
ရှေးပဝေသနီကတည်းကပင်ချင်းလူမျိုးများသည်ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတွင် အနှံ့အပြားနေထိုင်ခဲ့ကြသည်။ အချို့သည် မြေပြန့်၌သော်လည်းကောင်း (ဥပမာအားဖြင့်အရှိုချင်း)၊ အချို့သည် တောင်ပေါ်ဒေသ၌သော်လည်းကောင်း၊ အချို့သည် မြစ်ချောင်းဘေး၌သော်လည်းကောင်း ပြန့်နှံ့နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် တောင်တန်းဒေသ (Frontier Areas) ရှိချင်းလူမျိုးများကိုChin Hills Districtနှင့်Arakan Hill Tractsဟူ၍နယ်မြေနှစ်ခုခြမ်းပြီးအုပ်ချုပ်ခဲ့သည်။ Frontier Areas Committee of Enquiry (FACE)၏အစီရင်ခံစာအရ နေရာအကျယ်အဝန်းနှင့် လူဦးရေ (၁၉၄၁ ခုနှစ် သန်းခေါင်စာရင်းအရ)သည် အောက်ပါအတိုင်းဖြစ်သည်။ (ဤသန်းခေါင်စာရင်းသည် ၁၉၄၁ ခုနှစ်တွင်ကောက်ခဲ့သောသန်းခေါင်စာရင်းဖြစ်သော်လည်းဒုတိယကမ္ဘာစစ်ကာလတွင် အချက်အလက်အားလုံးပျောက်ဆုံးခဲ့သဖြင့် ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းကိုအခြေခံပြီး ၁၉၄၁ ခုနှစ်တွင် လူဦးရေတိုးပွားလာနိုင်သည့်ထင်မြင်ချက်ဖြင့် ပြုစုခြင်းဖြစ်သည်။)

Chin Hills District
------------------
နယ်မြေအကျယ်အဝန်း - ၁၀,၃၃၇ စတုရန်းပိုင်
လူဦးရေစုစုပေါင်း - ၁၈၆,၀၀၀
လူမျိုးအလိုက်လူဦးရေ
ချင်းလူမျိုး - ၁၈၃,၇၆၈ or ၉၈.၈%
အခြားလူမျိုးများ - ၂,၂၃၂ or ၁.၂%
Kanpalet Subdivision in the south of the District has close ties with the neighboring Chin population in Ministerial Burma ဟူ၍ ၄င်း၏အောက်တွင် ရေးသားဖော်ပြထားသည်။ ထို့ကြောင့် Chin Hills District အပြင် အချို့ချင်းလူမျိုးများသည်Ministerial Burma ထဲတွင် နေထိုင်ကြသည်ဟုဆိုနိုင်သည်။

Arakan Hill Tracts
-----------------
နယ်မြေအကျယ်အဝန်း - ၃၅၄၃ စတုရန်းမိုင်
လူဦးရေ - ၃၄,၀၀၀
လူမျိုးအလိုက်လူဦးရေ
ချင်းလူမျိုး - ၂၅၇၇၂ or ၇၅.၈%
အခြားလူမျိုးများ - ၄၆၂၄ or ၁၃.၆%
ဗမာလူမျိုးအုပ်စု - ၃၅၇၀ or ၁၀.၆%
The Burma Group of the population who are Arakanese Buddhists nearly all live in southern part the tract bordering to Arakan Division. ဟူ၍ ၄င်း၏အောက်တွင် ထပ်မံရေးသားဖော်ပြထားသည်။အခြားလူမျိုးများဟုသုံးနှုန်းသောစကားလုံးသည် မည်သည့်လူမျိုးကိုရည်ညွှန်းခြင်းဖြစ်ကြောင်းမသိရှိသော်လည်း Arakan Hills Tract တွင် ရခိုင်လူမျိုးသည်စုစုပေါင်းလူဦးရေ၏ ၁၀% သာဖြစ်ကြောင်းဖော်ပြထားသည်။
အထက်ပါအချက်အလက်များကိုကြည့်ရမည်ဆိုပါကသိသာထင်ရှားသည်မှာတောင်တန်းဒေသ (Frontier Areas) ရှိ Arakan Hills Tract ဟူသောဝေါဟာရသည် ပထဝီဆိုင်ရာအမည် ၀ိသသသောဖှဈပှီးရခိုငနြယမြှနှငေ့ြ ပတ်သက်ခြင်းလုံးဝမရှိပေ။ Arakan Hills Tract သည် ချင်းပြည်အတွင်းတွင်တည်ရှိပြီးဘိုးဘွားစဉ်ဆက်ကတည်းကပင် ချင်းလူမျိုးများနေထိုင်ရာနယ်မြေဖြစ်သည်။

တောင်တန်းဒေသစုံစမ်းစစ်ဆေး
---------------------------
ရေးကော်မတီ၏အစီရင်ခံစာ
----------------------
Frontier Areas Committee of Enquiry (FACE)
ပင်လုံစာချုပ်နှင့်ပတ်သက်၍ဆွေးနွေးကြရာတွင် စာချုပ်တစ်ခုတည်းကိုသာရည်စူးပြီးပြောဆိုဆွေး နွေးလျက်ရှိကြပါသည်။ ပင်လုံစာချုပ်သည် သီးသန့်ဖြစ်ရှိရပ်တည်သောစာချုပ် (Standalone Agreement) မဟုတ်ပဲအခြားစာချုပ်၊ စာရွက်စာတမ်းများနှင့် ဆက်နွယ်တည်ရှိသောစာချုပ်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်အစိုးရထံသို့ လွတ်လပ်ရေးတောင်းဆိုသောအခါ Proper Burma အတွက်သာမဟုတ်ပဲ ဗြိတိသျှ-ဗမာတစ်ခုလုံးလွတ်လပ်ရေးရရှိရေးအတွက်တောင်းဆိုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် Proper Burma သာကိုယ်စားပြုသည်ဖြစ်ပြီး တောင်တန်းဒေသ (Frontier Areas) ကိုကိုယ်စားပြုခြင်းမရှိခဲ့ချေ။ ရှမ်းစော်ဘွားများက ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် မိမိတို့လူမျိုးကို ကိုယ်စားပြုခြင်းမရှိခဲ့ကြောင်း ဗြိတိသျှထံသို့သတင်းပို့ခဲ့ကြသည်။ ထို့ကြောင့် ဗြိတိသျှ-ဗမာလွတ်လပ်ရေးနှင့်ပတ်သက်၍ တောင်တန်းဒေသ (Frontier Areas) ရှိ အခြားလူမျိုးများ၏သဘောထားနှင့် ရွေးချယ်မှုအတွက်သော်လည်းကောင်း၊ ကြားဖြတ်အစိုးရကိစ္စနှင့်သော်လည်းကောင်း၊ အခြားကိစ္စနှင့်သော်လည်းကောင်းသိရှိနိုင်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုအောင်ဆန်း-အက်တလီစာချုပ် (အပိုဒ်-၈) တွင် ထည့်သွင်းရေးသားခဲ့သည်။ ပင်လုံစာချုပ်သည် ဗမာအစိုးရကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ(Frontier Areas) တွင်နေထိုင်ကြသောလူမျိုးများ၏ ကိုယ်စားလှယ် ခေါင်းဆောင်များအကြား ချုပ်ဆိုထားသော သဘောတူညီချက်ဖြစ်သည်။ Frontier Areas Committee of Enquiry (FACE) ကိုလည်းအောင်ဆန်း-အက်တလီစာချုပ်အရဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ Frontier Areas Committee of Enquiry (FACE) ၏အဓိကရည်ရွယ်ချက်မှာတောင်တန်းဒေသ (Frontier Areas) တွင်နေထိုင်ကြသောလူမျိုးများသည် Proper Burma နှင့် မည်ကဲ့သို့ ပူးပေါင်းမည်နည်း၊ အတိုခြူံးအားဖွင့ျ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရမည့်အချက်အလက်များကို သိရှိနိုင်ရန်အတွက် စုံစမ်းခြင်းဖြစ်သည်။
Frontier Areas Committee of Enquiry (FACE)သည် တောင်တန်းဒေသ (Frontier Areas)မှကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးပွဲကိုရန်ကုန်မြို့နှင့် မေမြို့တွင်ပြုလုပ်ကျင်းပခဲ့သည်။ Chin Hills District ကိုယ်စားလှယ်များကိုမေမြို့၌တွေ့ဆုံခဲ့ပြီးArakan Hills Tract မှ ကိုယ်စားလှယ်များအားရန်ကုန်၌တွေ့ဆုံခဲ့သည်။ Frontier Areas Committee of Enquiry (FACE)သည် Arakan Hills Tract မှကိုယ်စားလှယ်များအားအောက်ပါအတိုင်းအဖွဲ့ (၄) ဖွဲ့ခွဲ၍တွေ့ဆုံခဲ့သည်။
(က) Khumi and Lakher Chins- 1) Htat Ling 2) Tung Aung 3) HtinKon
4) Pat Wai 5) Theitu
(ခ) LanpuMro Chins: 1) Lampu
(ဂ) MuangHmyarLetu Chin: 1) MangHmyar
(ဃ) Arakan Hills Tract A.F.P.F.L: 1) TunMra 2) Saw Hla
Frontier Areas Committee of Enquiry (FACE) ၏အစီရငခြံစာကိုအတိုခွူံးအားဖှင့ဖြောပြှရသောြ Arakan Hills Tract မှ ချင်းလူမျိုးကိုယ်စားလှယ်များသည် Chin Hills District နှင့်ပူးပေါင်းရန်လိုလားသည်။ မြောက်ပိုင်းချင်းလူမျိုးများ၏ တင်ပြချက်များ အတိုင်းသဘောတူသည်။ ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်နယ်တစ်ခုအဖြစ် ရပ်တည်မည်ဆိုပါကလည်းကန့်ကွက်ရန်မရှိပါ။ သို့ရာတွင်Akyab (စစ်တွေ) District နှင့်ပူးပေါင်းရန်ကိုမူ လုံးဝကန့်ကွက်သည် ဟူ၍တင်ပြခဲ့ကြသည်။ ထို့အပြင် Khumi နှင့် Lakher Chins ကိုယ်စားလှယ်များမှ ဆက်လက်တင်ပြရာတွင် ဤတွေ့ဆုံဆွေးနွေးပွဲသို့ မရောက်လာခင် မိမိတို့ဒေသ၏ဌာနချုပ်ဖြစ်သော ပလက်ဝတွင် လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် Akyab (စစ်တွေ) district နှင့်မပူးပေါင်းရန် လူထုမှ သဘောတူဆုံးဖြတ်ခဲ့ကြသည်။ ဟုထည့်သွင်းပြောကြားခဲ့ကြသည်။ သို့သော်Arakan Hills Tract A.F.P.F.Lမှတင်ပြရာတွင် ကြှနျုပျတို့သညျ ဗမာအဖွဲ့ဖြစ်သောရခိုင်လူမျိုးများဖြစ်ကြသည်။ Burma Ministerial နှင့်ပူးပေါင်းရန်လိုလားသည်။ မိမိတို့အတွက်သီးသန့်ခရိုင်ဖွဲ့စည်းရန်မလိုအပ်ပါ ဟု ၄င်းတို့၏ သဘောထားကိုတင်ပြခဲ့ကြသည်။

(တောင်တန်းဒေသစုံစမ်းစစ်ဆေးရေးကော်မတီ၏အစီရင်ခံစာစာမျက်နှာ ၉၂-၉၈)
---------------------------------------
အထက်ပါတောင်တန်းဒေသစုံစမ်းစစ်ဆေးရေးကော်မတီ၏အစီရင်ခံစာကိုကြည့်ရှုပါကArakan Hill Tract ရှိချင်းလူမျိုးများသည် တခြားဒေသတွင် နေထိုင်သောချင်းလူမျိုးများနှင့်အတူတကွ ပူးပေါင်းနေထိုင်ရန် ဆန္ဒရှိကြသည်။ သို့သော် ရခိုင်လူမျိုးများကမူဗမာလူမျိုးများနှင့်အတူ နေထိုင်ရန်တင်ပြခဲ့ကြသည်။ ဒုတိယအနေဖြင့် ပလက်ဝသည် Arakan Hills Tract ရှိချင်းလူမျိုးများ၏အဓိကဌာနချုပ်အဖြစ် သက်မှတ်ခဲ့ကြသည်။ Akyab (စစ်တွေ) district သို့မဟုတ် ရခိုင်နှင့်ပူးပေါင်းနေထိုင်ရန် ခေါင်းဆောင်ကိုယ်စားလှယ်များသာမက လူထုကလည်းမလိုလားခဲ့ကြပေ။ တတိယအနေဖြင့် Frontier Areas Committee of Enquiry (FACE) နှင့်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသော ချင်းလူမျိုးကိုယ်စားပြုခေါင်းဆောင်များသည် Ram UkBawi (Traditional Chief) ဖြစ်ကြသော်လည်း၊ ရခိုင်လူမျိုးကိုယ်စားပြု ကိုယ်စားလှယ်များသည် A.F.P.F.L ပါတီကိုယ်စားပြုကိုယ်စားလှယ်များသာဖြစ်ကြသည်။ ၄င်းတို့သည် ကိုယ်စားပြုမှုအဆင့်အတန်းအရလည်း ကွာခြားကြသည်။ Arakan Hills Tract ၌နေထိုင်ခဲ့သောရခိုင်လူမျိုးများသည် ကုလားတန်မြစ်ကမ်းနံဘေးတစ်လျှောက်တွင် နေထိုင်ကြပြီးငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်သူများဖြစ်ကြပြီး၊ မြို့ရွာအတည်တကျ တည်ထောင်ခြင်းမရှိပဲ ရွှေ့ပြောင်းသွားလာသူများ ဖြစ်သောကြောင့် Traditional Chief လည်းမရှိပေ။

နိဂုံးချုပ်
အင်္ဂလိပ်လက်ထက်မတိုင်မီယနေ့ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းအရသော်လည်းကောင်း၊ အင်္ဂလိပ်အုပ်ချုပ်မှုသမိုင်းအရသော်လည်းကောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအရသော်လည်းကောင်း-
(က) ရခိုင်လူမျိုးများသည် ၁၇၈၄ နောက်ပိုင်းတွင် တိုင်းပြည်မဲ့ဘဝသို့ရောက်ရှိခဲ့သည်။
(ခ) Arakan Hills Tract သည် ပထဝီအမည်ဝိသေသသာဖြစ်ပြီးရခိုင်အုပ်ချုပ်သောသို့မဟုတ် ရခိုင်နယ်မြေနှင့် လုံးဝသက်ဆိုင်ခြင်းမရှိခဲ့ပေ။
(ဂ) ယနေ့ချင်းပြည်နယ်နယ်နိမိတ်သည် Chinlandတစ်ခုလုံးကိုလွှမ်းခြုံခြင်းမရှိပေ။
(ဃ) မိမိတို့ချင်းလူမျိုးများကိုတောင်တန်း၊ မြစ်ချောင်း၊ အင်းအိုင်များကသော်လည်းကောင်း၊ ဘာသာစကားနှင့် ဓလေ့ထုံးတမ်းများက သော်လည်းကောင်း တခြားလူမျိုးများက သော်လည်းကောင်း ခွဲခြမ်းနိုင်မည်မဟုတ်ပေ။ တနည်းအားဖြင့် ဖော်ပြရပါကပလက်ဝသည် ရခိုင်နှင့် ပထဝီအရသော်လည်းကောင်း၊ မျိုးရိုးဇာတိအရသော်လည်းကောင်း၊ ဘာသာစကားနှင့် ရိုးရာဓလေ့ထုံးတမ်းအရသော်လည်းကောင်းဆက်နွယ်မှုလုံးဝမရှိပေ။ ထို့ကြောင့် ပလက်ဝသည် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှစပြီးယနေ့ထိတိုင် Chin Special Division/Chin State တွင်ပါဝင်နေခြင်းဖြစ်သည်။ ရခိုင်လူမျိုးများသည် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းပြီးမှသာ ပြည်နယ်ရရှိခဲ့ခြင်းဖြစ်သည်။
ပလက်ဝသည်ချင်းပြည်။

By Dr. Sui Khar
၂၀၁၆ ခုနှစ်၊ သြဂုတ်လ

ချင်းတွေနေထိုင်တဲ့ တောင်ပေါ် လေး😍ရွာနာမည် သိရင်ပြောပြပါအူး😍😘crd..photo
18/08/2024

ချင်းတွေနေထိုင်တဲ့ တောင်ပေါ် လေး😍
ရွာနာမည် သိရင်ပြောပြပါအူး😍😘

crd..photo

15/08/2024
ဘောမ ဒိန်းဒေါင်...crd
09/08/2024

ဘောမ ဒိန်းဒေါင်...

crd

What's your number?crd..🙂
08/08/2024

What's your number?
crd..🙂

Address

Shillong

Telephone

+918798512090

Website

Alerts

Be the first to know and let us send you an email when SALAI KIMO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SALAI KIMO:

Videos

Share