Myanmar-Japan Alliance Business Association - MABA

Myanmar-Japan Alliance Business Association - MABA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar-Japan Alliance Business Association - MABA, Gaming Video Creator, Mingalar Mandalay, Mumbai.
(1)

Registration Number: 121678586 Registration Number: 94 of 2014 – 2015 (9Aug2019 Companies law 2017) (Association)

30/11/2023

and that's also

30/11/2023

this view is much better

30/11/2023

on road mode

30/11/2023

new game has been start

30/11/2023

we are ridding

✨ADB-Japan Scholarship Program (ADB-JSP) ✨🏦The Asian Development Bank-Japan Scholarship Program(ADB-JSP)သည် ဖွံ့ဖြိုးဆဲန...
25/06/2023

✨ADB-Japan Scholarship Program (ADB-JSP) ✨

🏦The Asian Development Bank-Japan Scholarship Program(ADB-JSP)သည် ဖွံ့ဖြိုးဆဲနိုင်ငံမှ ကျောင်းသားများကို Master's Program သင်ကြားနိုင်ရန် ပညာသင်ဆုများပေးအပ်သွားမည်ဖြစ်ပါသည်။ တက်ရောက်နိုင်မည့်ဘာသာရပ်များအနေဖြင့် Economics ၊ Social Development ၊ Engineering ၊ Science and Technology စသည့် 🏗️ဖွံ့ဖြိုးမှုနှင့်ဆက်စပ်သည့် ဘာသာရပ်များဖြစ်ပါသည်။

🌱Participating Universities for ADB Program-
1. Hitotsubashi University
2. International University of Japan
3. Keio University
4. Kobe University
5. Kyoto University
6. Kyushu University
7.Nagoya University
8. National Graduate Institute for Political Studies
9. Ritsumeikan Asia Pacific University
10. Ritsumeikan University
11. Saitama University
12. Tokyo Institute of Technology
13. INU-IAS (United Nations University-Institute for the Advanced Stu
14. University of Tokyo
15. University of Tsukuba

✨Benefits : ✨
1. Full tuition fees 💃
2. Economy Travel Expenses✈️
3. Monthly allowance🤩
4. Various allowance such as books📚

🥳လျှောက်ထားလိုသူများအတွက် အခြေခံအရည်အချင်းလိုအပ်ချက်မှာ-
1.Work experience 2နှစ်ရှိရန် လိုအပ်ခြင်း။
2.June1,1988 နောက်ပိုင်းမွေးဖွားသူ။
3. TOEFL iBT 79 (သို့) IELTS 6.0 ရှိသူ။
4.ဘွဲ့ရပြီးနောက် မိမိတိုင်းပြည်တွင် အနည်းဆုံး2နှစ်ခန့် တာဝန်ထမ်းဆောင်ရန် လိုအပ်ခြင်း
စသည်ဖြင့် 💁🏻‍♀️အခြားအသေးစိတ်အချက်အလက်များအား အောက်ပါ ‌website link များမှတဆင့်ကြည့်ရှူနိုင်ပါသည်။

🎓ADB Scholarship Program:
https://www.adb.org/work-with-us/careers/japan-scholarship-program/institutions

🍀Application:
https://www.adb.org/work-with-us/careers/japan-scholarship-program/procedures-applying

20/06/2023

မန္တလေးစာဖြေဌာန “အ.ထ.က ၁၆’’ တွင် JLPT (N4 level) စာမေးပွဲဖြေကြားမည့် ကျောင်းသား၊ ‌‌ကျောင်းသူများသို့ အသိပေးချက်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် JLPT စာမေးပွဲအတွက် မန္တလေးစာဖြေဌာန၊ “အ.ထ.က ၁၆’’ တွင် N4 အဆင့်စာမေးပွဲဖြေဆိုမည့်သူများ (23A-2100202-43421 ~ 23A-2100202-44920) ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ပေါ်တွင်လိပ်စာမှန်ကန်သော်လည်း ပူးတွဲပါရှိသော မြေပုံတွင် “အ.ထ.က ၁၄’’ ၏မြေပုံဖြစ်နေပါသည်။

ကျောင်းသား၊ ‌‌ကျောင်းသူများသည်စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ပေါ်တွင်ပါရှိသောလိပ်စာတွင်သာ ဖြေဆိုရမည်ဖြစ်ကြောင်း နှင့် ယခုကြေငြာချက်နှင့်အတူ“အ.ထ.က ၁၆’’ကျောင်း၏ မြေပုံအမှတ်အား အသိပေး အကြောင်းကြားအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

19/06/2023
2023 JULY JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူးသတိပြုရန်၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် စာမ...
12/06/2023

2023 JULY JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူးသတိပြုရန်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့် (Test Voucher) ကတ်ပြားများအား (၁၃.၅.၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

Online မှ လျှောက်လွှာတင်ထားသူများ အနေဖြင့်လည်း သတ်မှတ်ရက် (၂.၇.၂၀၂၃)ရက်နေ့ အထိ Online System မှတစ်ဆင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား Download ရယူနိုင်ပြီး၊ အဆိုပါကတ်ပြားအား Color Print ထုတ်၍ စာဖြေဌာနသို့ ယူဆောင်လာရမည် ဖြစ်ပါသည်။

၁) စာမေးပွဲနေ့တွင် စာဖြေသူများအားလုံးသည် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား (Test Voucher) နှင့် အောက်ဖော်ပြပါသက်သေခံကတ်ပြားမူရင်းတခုခု အား မဖြစ်မနေယူဆောင်လာရပါမည်။ မပါရှိပါကဖြေဆိုခွင့် မရှိပါ။ ဖုန်းဖြင့် ပြသခြင်းအား ခွင့်မပြုပါ။

(က) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်)
(ခ) သက်တမ်းရှိ နိုင်ငံကူးလက်မှတ်
(ဂ) သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှာ မွေးသက္ကရာဇ်မပါသဖြင့် အကျုံးမဝင်ပါ)
(ဃ) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ)
(င) သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များစသည်တို့အတွက်)

၂) Test Voucher တွင်ပါရှိသော ခုံနံပါတ်၊ နေရာ၊ အချိန် ၊ နေ့ရက်အတိုင်း လာရောက်ဖြေဆို ရပါမည်။ စာဖြေဌာနနေရာသို့ ရောက်ရှိသည့်အခါ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ပြီး၊ လမ်းညွှန်ပေးသည့် နေရာများတွင် စောင့်ဆိုင်းပါ။ ကျောင်းဝင်းပြင်ပတွင် လူစုလူဝေး ဖြစ်ပေါ်စေရန် မပြုလုပ်ပါနှင့်။

၃) ရိုးရိုးခဲတံ 2B, HP (ဘောပင်၊ ခဲသားဘောပင် လုံးဝအသုံးပြုခွင့်/ယူဆောင်လာခွင့်မရှိပါ)၊ ခဲဖျက်၊ ချွန်စက်၊ ID card (လျှောက်ထားစဉ်က ပူးတွဲတင်ပြထားသော မှတ်ပုံတင်၊ ကား‌မောင်းလိုင်စင်၊ Passport စသည်) နှင့် အခြားလိုအပ်သည်များအား ဖိုင်အိတ်အကြည် များဖြင့်သာ ထည့်သွင်းယူဆောင်လာရန်။

၄) ကျောပိုးအိတ်နှင့် လက်ကိုင်အိတ်များအား စာဖြေဌာနဝင်းအတွင်းသို့ လုံးဝ ယူဆောင်လာခွင့်မပြုပါ။ ယူဆောင်လာသည့် ကျောပိုးအိတ်နှင့် လက်ကိုင်အိတ်များအား မိမိတာဝန်ဖြင့်သာ ကျောင်းဝင်းပြင်ပတွင် ထားခဲ့ရမည် ဖြစ်သည်။

၅) ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ တယ်လီဖုန်းနှင့် တခြားတန်ဖိုးရှိပစ္စည်းများအား ယူ‌ဆောင်လာပါက မိမိတာဝန်သာဖြစ်ပြီး ‌ပျောက်ဆုံး၊ ပျက်စီးမှုများနှင့် ယူဆောင်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များအတွက် စာဖြေဌာနမှ တာဝန်ယူ‌ ဆောင်ရွက်ပေးမည် မဟုတ်ပါ။

၆) တယ်လီဖုန်းယူဆောင်လာခြင်းမပြုရန် တိုက်တွန်းပါသည်။ မဖြစ်မနေ ယူဆောင်လာရမည်ဆိုပါက နှိုးစက် (Alarm) Setting များအား ပိတ်၍ ဖုန်းအား Power Off လုပ်ထားရမည်ဖြစ်ပါသည်။ Vibration Mood, Silent Mood, Airplane Mood များ ပြုလုပ်ထားခြင်းအား ခွင့်မပြုပါ။ စာဖြေခန်းအတွင်းတွင် ဖုန်းအား Power Off ပြုလုပ်ပြီး၊ ပလတ်စတစ်အိတ်အတွင်းသို့ ထည့်သွင်းကာ စားပွဲခုံအောက်စသည့် လက်လှမ်းမမှီသည့်နေရာတွင် ထားရှိရပါမည်။ စာမေးပွဲဖြေဆိုနေချိန်တွင် တယ်လီဖုန်း အသုံးပြုခြင်း၊ အသံမြည်ခြင်း၊ အသံဖမ်းယူခြင်း၊ ဓါတ်ပုံရိုက်ခြင်းများအား တားမြစ်ထားပြီး၊ ကျူးလွန်ပါက မသမာသူ (Missed Conduct) အဖြစ်သတ်မှတ်ပြီး အောင်စာရင်းထွက်ရှိမည်မဟုတ်ပါ။

၇) ပါးစပ်နှင့် နှာခေါင်းစည်း မတ်စ် (Mask) တပ်ဆင်လာရန်။ Covid-19 ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖြေဌာနအတွင်း ပြုမူနေထိုင်ကြပါရန်။

မှတ်ချက်။ ။ စည်းကမ်းချက်များနှင့် ပတ်သက်၍ စာဖြေသူများ နားလည်သဘောပေါက်လွယ်ကူစေရန် ဗီဒီယိုဖိုင်ဖြင့်လည်း ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

MJC သင်တန်းတက်ရောက်ပြီးသူများ အတွက် သတင်းကောင်းဂျပန်နိုင်ငံ ရှိ တက္ကသိုလ်များမှာMaster Course( Management, Economics,Eng...
12/06/2023

MJC သင်တန်းတက်ရောက်ပြီးသူများ အတွက် သတင်းကောင်း

ဂျပန်နိုင်ငံ ရှိ တက္ကသိုလ်များမှာ
Master Course( Management, Economics,
Engineering, IT and Agriculture ဘာသာရပ်များ )
အတွက် Full Scholarship အစီစဉ်များ ရှိပါတယ်

အသက် 40 နှစ်အောက် Bachelor ဘွဲ့ရရှိပြီး
MJC သင်တန်းတက်ရောက်ဖူးသူ/ကုမ္ပဏီမှ
မည်သူမဆို လျှောက်ထားနိုင်ပါတယ်
ဒါကြောင့် MJC ကအထူးအစီအစဥ်အနေနဲ့
IELTS foundation course ကို စီစဥ်ထားပါတယ်။

သင်တန်းအစီအစဉ်
အချိန် - အပတ်စဉ် ည ၇ နာရီ မှ ၉ နာရီထိ။
နေ့ရက် - တနင်္လာနေ့နှင့် သောကြာနေ့။
ကြာချိန် - နာရီ ၅၀။
သင်တန်းကြေး - ၁၀၀၀၀၀ (တစ်သိန်း)။
သင်တန်းအပ်နှံရန်
https://forms.gle/g6s7yN6WBy9gua1Z7

သင်ရင်ဆိုင်နေရသည့်
"Language Barriers" များကို
MJC ၏ IELTS Class တက်ရောက်ပြီး ဖြေရှင်းလိုက်ပါ။
သင်တန်းသားဦးရေ ကန့်သတ်ထားပါသည်။

Unlock Your Language Potential withMJC IELTS Course!ရည်မှန်းချက်ပြင်းထန်လွန်းတဲ့ လူငယ်များအတွက် World Opportunities တွေဖ...
10/06/2023

Unlock Your Language Potential with
MJC IELTS Course!

ရည်မှန်းချက်ပြင်းထန်လွန်းတဲ့ လူငယ်များအတွက်
World Opportunities တွေဖမ်းဆုပ်ထားနိုင်ဖို့
IELTS က မရှိမဖြစ် မပါမဖြစ်ပါ။

နိုင်ငံရပ်ခြားမှာ ပညာတော်သင်သွားလိုသူ
မျိုးဆက်သစ်လူငယ်များအတွက်လဲ
IELTS က အင်မတန်မှ အရေးကြီးလှပါတယ်။

ယခုအခါမှာ မြန်မာ့လူငယ်လူရွယ်လေးများအတွက်
MJC မှ တစ်ဖက်တစ်လမ်း ကူညီသောအားဖြင့်
သင့်တင့်သော သင်တန်းကြေးဖြင့်
"IELTS - Foundation Course" ကို ဇွန်လတွင်
စတင်ဖွင့်လှစ်ပါမည်။

နာရီ 50 ကြာ သင်ကြားပို့ချပေးမည့်
"Foundation Class" ကို MJC မှ
ဘာသာစကားသင်ကြားခြင်းဆိုင်ရာ
အတွေ့အကြုံများစွာရှိ ဆရာဝေယံပိုင်မှ
သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။
ဆရာဟာ ကိုယ်တိုင်လဲ Inspire English Language
School ရဲ့ Founder တစ်ဦးဖြစ်သည့်အပြင်
English Language Teaching ပိုင်းမှာဆိုရင်လဲ
သင်ကြားခြင်း အတွေ့အကြုံ 7 နှစ်ကြာမြင့်ခဲ့ပြီ
ဖြစ်ပါတယ်။ လတ်တလောတွင်လဲ IELTS ကျောင်းသား
များစွာကို သင်ကြားပို့ချပေးလျှက်ရှိသည့်
ဝါရင့်ဆရာတစ်ဦးဖြစ်ပါတယ်။

သင်တန်းအစီအစဉ်
ကြာချိန် - နာရီ ၅၀။
သင်တန်းကြေး - ၁၀၀၀၀၀ (တစ်သိန်း)ကျပ်။
သင်တန်းအပ်နှံရန်

သင်ရင်ဆိုင်နေရသည့်

၂၀၂၃ခုနှစ် ဇူလိုင်လတွင်ကျင်းပမည့် (TOP-J) စာမေးပွဲလျှောက်ထားခြင်းနှင့် ပတ်သတ်၍၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၉)ရက်နေ့တွင် ကျင်းပမည...
05/06/2023

၂၀၂၃ခုနှစ် ဇူလိုင်လတွင်ကျင်းပမည့် (TOP-J) စာမေးပွဲလျှောက်ထားခြင်းနှင့် ပတ်သတ်၍

၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၉)ရက်နေ့တွင် ကျင်းပမည့် (Top-J) စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့်သူများ အောက်ဖော်ပြပါ လမ်းညွှန်အတိုင်း လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

ကျင်းပမည့်စာမေးပွဲအဆင့်
- Basic (N4+N5), Intermediate (N3+N2)
ကျင်းပမည့်စာဖြေဌာန
- ရန်ကုန်မြို့ နှင့် မန္တလေးမြို့
စာမေးပွဲကြေး
- ၅၀,၀၀၀ ကျပ်
လျှောက်လွှာလက်ခံမည့်ကာလ
- ၂၀၂၃ ခုနှစ် ဇွန်လ (၅) ရက် မနက် ၁၀နာရီ မှ
၂၀၂၃ ခုနှစ် ဇွန်လ (၁၆) ရက် ညနေ ၄နာရီ အတွင်း။

TOP-J နှင့် ပတ်သက်၍
TOP-J သည် ဂျပန်နိုင်ငံ၏ STUDY in JAPAN မှ အသိအမှတ်ပြုထားပြီး၊ THE ASIAN FOUNDATION FOR INTERNATIONAL SCHOLARSHIP INTERCHANGE မှ ကျင်းပပြုလုပ်သော ဂျပန်ဘာသာအရည်အချင်းစစ် စာပေးပွဲတစ်ခု ဖြစ်ပါသည်။
အဓိကအသုံးချနိုင်သည့် ရည်ရွယ်ချက်များမှာ -
၁။ ဂျပန်ဘာသာစကားစွမ်းရည်ကိုစစ်ဆေးရန်။
၂။ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်။
၃။ ပညာသင်ဆုလျှောက်ထားရန် လိုအပ်ချက်တောင်းဆိုသည့်အခါ။
၄။ အလုပ်အကိုင်လျှောက်ထားသည့်အချိန်တွင် သက်ဆိုင်ရာအဖွဲ့အစည်းမှ ဂျပန်ဘာသာအရည်အချင်း အသိအမှတ်ပြုစာမေးပွဲ အောင်လက်မှတ်တောင်းဆိုသည့်အခါ။
Website (ဂျပန်ဘာသာ) https://www.topj-test.org/

လျှောက်လွှာလျှောက်ထားခြင်း

အောက်ဖော်ပြပါ သက်ဆိုင်ရာ “TOP J Online Application Form” သို့ ဇွန်လ (၅) ရက် မနက် ၁၀နာရီ မှ စတင်ဝင်ရောက် လျှောက်ထားရပါမည်။

ရန်ကုန် - https://forms.gle/zeJQ1MbM5XAPisGe6
မန္တလေး - https://forms.gle/ogm2G6V4SXpjtbby6

Online Application Form ဖြည့်စွက်ခြင်းအား ကြိုတင်လေ့လာထားနိုင်ရန် နမူနာအား ပူးတွဲဖော်ပြထားပါသည်။

Online Application Form ပါအချက်အလက်များကိုဖြည့်စွက်ပြီး၊ Attachmentတွင် သက်သေခံကဒ်ပြား (ID) အားပူးတွဲတင်ပြရမည်။ ပူးတွဲတင်ပြရာတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ ယာဉ်မောင်း လိုင်စင်၊ ပတ်စပို့၊ ကျောင်းသားကဒ် (အစိုးရမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း၊ တက္ကသိုလ်၊ ကောလိပ်) များကိုသာ လက်ခံသွားပါမည်။ သက်သေခံကဒ်ပြား File Name အား စာမေးပွဲလျှောက်ထားသူ၏ “အမည်-1” ဖြင့် ပြုလုပ်ပေးပါ။ (Eg: “AUNGAUNG-1.jpg”)

ဆက်လက်ပြီး၊ Test Voucher တွင် ကပ်ရန်အတွက် ဓါတ်ပုံ ကို Upload လုပ်ရပါမည်။ဓါတ်ပုံသည် မျက်နှာကိုရှေ့တည့်တည့်မှရိုက်ထားရမည်ဖြစ်ပြီး၊ နောက်ခံ(Back Ground) သည် အရောင်တမျိုးတည်း ဖြစ်နေ ရပါမည်။ ဓါတ်ပုံFile Name အား မိမိ “အမည်-2” ဖြင့် ပြုလုပ်ပေးပါ။ (Eg: “AUNGAUNG-2.jpg”)

နောက်ဆုံးအနေဖြင့် စာမေးပွဲကြေးပေးသွင်းထားသော ငွေသွင်းပြေစာအား ပူးတွဲပေးရပါမည်။ ငွေသွင်းပြေစာ File Name အား မိမိ “အမည်-3” ဖြင့် ပြုလုပ်ပေးပါ။ (Eg: “AUNGAUNG-3.jpg”)

ငွေပေးသွင်းရမည့်အဆင့်ဆင့်အားအောက်ပါ Link မှတဆင့် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

KBZ
https://drive.google.com/file/d/1djZmyzvlW-XxCNJdztNmxE1JEqsYxghB/view?usp=share_link

Online Application Form ပါ နေရာများအားလုံးကိုဖြည့်စွက်ပြီး၊ အထက်ဖော်ပြပါဖိုင် (၃) ခုအား Upload လုပ်ပြီး “Submit” button ကိုနှိပ်ပြီးပါက ဖောင်တင်ခြင်းပြီးဆုံးမည် ဖြစ်ပါသည်။

Online မှ လျှောက်ထားရန်နှင့် Online ငွေပေးချေရန်အခက်အခဲ ရှိပါသူများအနေဖြင့် MAJA စာမေးပွဲ လက်ခံဌာန သို့လာရောက် လျှောက်ထားနိုင်ပါသည်။ ဇွန်လ (၅) ရက် မနက် ၁၀နာရီ မှ စတင်၍ ရန်ကုန် - 09-428 613 848 နှင့် မန္တလေး - 09- 255 162 533 ဖုန်းများသို့ဆက်သွယ်ကာ စာရင်းပေးသွင်းခြင်းစနစ်ဖြင့် လျှောက်လွှာများကို လက်ခံပေးသွားမည် ဖြစ်ပါသည်။

Test Voucher ထုတ်ယူခြင်း

လျှောက်ထားသူများအနေဖြင့် Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ကို online application form တွင်ရွေးချယ်ထားသော နည်းလမ်းအတိုင်း ပေးပို့ပေးသွားမည် ဖြစ်ပါသည်။
Email ဖြင့်ထုတ်ယူမည့်သူများအား ဇူလိုင်လ‌ ၅ ရက်နေ့မှ ၇ ရက်နေ့အတွင်း Email ပေးပို့ ပေးသွားမည် ဖြစ်ပါသည်။ ထိုရက်အတွင်းမိမိတို့၏ Email အဝင်အား သေချာစွာစစ်ဆေးရန် လိုအပ် ပါသည်။

လူကိုယ်တိုင် လာရောက်ထုတ်ယူမည့်သူများအနေဖြင့် ဇူလိုင်လ‌ ၅ ရက်နေ့မှ ၇ ရက်နေ့အတွင်း ရုံးသို့ လာရောက်ထုတ်ယူနိုင်မည် ဖြစ်ပါသည်။

စုံစမ်းမေးမြန်းရန် - စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
ရန်ကုန် - 09-428 613 848 မန္တလေး - 09- 255 162 533
(တနင်္လာနေ့မှသောကြာနေ့အထိ - မနက် ၉နာရီခွဲမှ ညနေ၄နာရီအတွင်းသာ)

Asahi Shimbun Scholarship                                                     (သတင်းစာပို့ရင်းကျောင်းတက်ရောက်နိုင်မည့်ပည...
30/05/2023

Asahi Shimbun Scholarship (သတင်းစာပို့ရင်းကျောင်းတက်ရောက်နိုင်မည့်ပညာသင်ဆု) အတွက်လျှောက်လွှာခေါ်ယူခြင်း။

၂၀၂၄ ခုနှစ် ၄ လပိုင်း အတွက်ခေါ်ယူမည့် သတင်းစာစကော်လားရှစ်အား စိတ်ပါဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါအတိုင်း လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

လိုအပ်ချက်များ
၁) ဂျပန်ဘာသာ အရည်အချင်း တွင် JLPT (N4) နှင့် အထက် အောင်မြင်ထားသူ၊ Top-J, Nat-test, J-Test (N3) နှင့် အထက် အောင်မြင်ထားသူ (အောင်လက်မှတ်တင်ပြနိုင်ရမည်)
၂) အသက် (၂၅)နှစ်အောက်ရှိသူ
၃) တက္ကသိုလ် ပထမနှစ်နှင့်အထက်အောင်မြင်ထားပြီးသူ
၄) အိမ်ထောင်မရှိသူ
၅) တက်တူး (လုံးဝ) မရှိသူ

ဂျပန်နိုင်ငံသို့ ‌ကျောင်းဗီဇာ (သို့) တခြားသော ဗီဇာများဖြင့် လျှောက်ထားပြီးသူများ၊ COE Rejected ဖြစ်ထားဖူးသူများ လျှောက်ထားခွင့်မရှိပါ။

လျှောက်လွှာလက်ခံကာလ
ဖောင်လက်ခံကာလ- ၂၉.၅.၂၀၂၃ နေ့ မနက် (၁၀)နာရီ မှ၁၂.၆.၂၀၂၃ ညနေ (၄)နာရီ အထိ။

လျှောက်လွှာလျှောက်ထားခြင်း
အောက်ဖော်ပြပါ Google Form အားဖြည့်စွက်၍ ဓါတ်ပုံ (3cm x 4cm) နှင့် ဂျပန်ဘာသာစာမေးပွဲအောင်လက်မှတ် အားပူးတွဲတင်ပြပေးရပါမည်။

https://forms.gle/t7TN2TqYDrjrgtY78

လျှောက်ထားပြီးသူများအား Scholarship နှင့်ပတ်သတ်သည့် အသေးစိတ်အစီအစဥ်များအား Google Form တွင်ဖြည့်သွင်းထားသော Gmail များမှတဆင့်သာဆက်သွယ်ပေးပို့သွားမည်ဖြစ်ပါသည်။

MAJA Education Centre
09- 428 613 848

မြန်မာ-ဂျပန် မိတ်ဖက်စီးပွားရေး လုပ်ငန်းရှင် အသင်းမှ အသင်းသားများ ပန်းလောင်ဂေဟစနစ် လေ့လာရေး ခရီးသွားရောက်ခဲ့ကြပါတယ်။𝗣𝗮𝗻 𝗟...
27/02/2023

မြန်မာ-ဂျပန် မိတ်ဖက်စီးပွားရေး လုပ်ငန်းရှင် အသင်းမှ အသင်းသားများ ပန်းလောင်ဂေဟစနစ် လေ့လာရေး ခရီးသွားရောက်ခဲ့ကြပါတယ်။
𝗣𝗮𝗻 𝗟𝗮𝘂𝗻𝗴 𝗘𝗰𝗼 𝗟𝗼𝗱𝗴𝗲

Address

Mingalar Mandalay
Mumbai
263139

Website

Alerts

Be the first to know and let us send you an email when Myanmar-Japan Alliance Business Association - MABA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share