Beautiful Future

Beautiful Future Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beautiful Future, Publisher, Guntur.

03/02/2025

ကောင်မတွေ ငယ်ငယ်ကတော့ချက်လိုက်ကြတာ ပြုတ်လိုက်ကြတာ ကြီးလည်းကြီးလာကြရော ခေါက်ဆွဲနဲ့ကြက်ဥပဲပြုတ်တတ်တယ်တဲ့လား

03/02/2025
03/02/2025

ငိုတတ်တဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီးသန်မာကြပါတယ်။

ကျွန်တော်တို့အားလုံးသိထားတာက ငိုတယ်ဆိုတာ အားနည်းမှုရဲ့ သင်္ကေတဖြစ်ပြီး ငိုတဲ့သူတွေဟာ စိတ်ဓာတ်ပျော့ညံ့ကြတယ် ဆိုတာပါပဲ။ တကယ်တော့ မဟုတ်ပါဘူး။ ငိုတတ်တဲ့သူတွေဟာ မငိုဘဲ မြိုသိပ်တတ်တဲ့သူတွေထက် စိတ်ပိုင်းဆိုင်ရာမှာ strong ဖြစ်ပြီး စိတ်ကျန်းမာရေးလည်း ပိုမိုကောင်းမွန်ကြပါတယ်။ ဒါ့အပြင် ငိုခြင်းက ဒီလိုအကျိုးကျေးဇူး ၉ မျိုးကိုလည်း ပေးစွမ်းနိုင်ပါတယ်။
____________________________________________________

1. စိတ်ဖိစီးမှုကို လျော့ချပေးတယ်။

စိတ်ညစ်စရာတွေ၊ သောကရောက်စရာတွေရှိလာတဲ့အခါ လူတွေဟာ စိတ်ဖိစီးလာတတ်ကြတယ်။ အဲ့လိုအချိန်မှာ ငိုချလိုက်မယ်ဆိုရင် စိတ်ဖိစီးမှုကို တစ်ဝက်လောက် လျော့ကျသွားစေပါတယ်။ မငိုဘဲ မျိုသိပ်ထားတတ်သူတွေကတော့ စိတ်ဖိစီးမှုတွေ မြင့်တက်လာနိုင်ပါတယ်။
____________________________________________________

2. စိတ်ဓာတ်မကျအောင် ကာကွယ်ပေးတယ်။

စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းစရာတွေ များလာတဲ့အခါ စိတ်ဓာတ်ကျတဲ့ ဝေဒနာပါ ထပ်ဆောင်းခံစားရစေနိုင်တယ်။ ငိုလိုက်တာက စိတ်ဖိစီးမှုကို လျော့ချပေးတဲ့အတွက် စိတ်ဓာတ်ကျတဲ့အဆင့်ထိ မရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဘယ်အရာမဆို မငိုဘဲ မျိုသိပ်ထားတဲ့သူတွေကတော့ စိတ်ဓာတ်ကျဖို့ လွယ်ကူပါတယ်။
____________________________________________________

3. ဒေါသ၊ သောကနဲ့ ပူဆွေးမှုတွေကို လျော့ချပေးတယ်။

ခံစားနေရရင် စိတ်ထဲတင်းမထားဘဲ ငိုချလိုက်ပါ။ စိတ်ဆင်းရဲမှုတွေအတွက် မျက်ရည်ဟာ စိတ်ထွက်ပေါက်တစ်ခုပါပဲ။ ငိုလိုက်တာက စိတ်ကို ပေါ့ပါးသွားစေပြီး ဒေါသတွေ၊ သောကတွေနဲ့ ဝမ်းနည်းပူဆွေးမှုတွေကို လျော့နည်းသွားစေပါတယ်။ စိတ်သက်သာရာရပြီး အားအင်သစ်တစ်ချို့ကိုလည်း မွေးဖွားပေးပါတယ်။
____________________________________________________

4. စိတ်တည်ငြိမ်သွားစေတယ်။

ငိုပြီးတဲ့နောက်မှာ မငိုခင်ကထက် စိတ်ဟာ ပိုပြီးတည်ငြိမ်သွားပါတယ်။ မငိုဘဲမျိုသိပ်ထားတဲ့သူတွေဟာ အပြင်မှာတော့ မျက်ရည်မကျပေမယ့် ရင်ထဲမှာ ဘလောင်ဆူပြီး ဆောက်တည်ရာမရဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ စိတ်ကျန်းမာရေးလည်း ဖောက်ပြန်လာနိုင်ပါတယ်။
____________________________________________________

5. အိပ်လို့၊ စားလို့ ကောင်းစေတယ်။

အဝငိုပြီးသွားရင် ဗိုက်ဆာလာတတ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် အစားစားရတာ ကောင်းသွားပါတယ်။ ပြီးတော့ ငိုလို့ မောသွားတဲ့အခါ စိတ်ဖိစီးမှုတွေ ပျောက်သွားပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်သွားစေနိုင်ပါတယ်။ ဒါကြောင့် ငိုကြွေးတာက အိပ်ကောင်း၊ စားကောင်းစေပါတယ်။
____________________________________________________

6. အမြင်အာရုံကို အထောက်အကူပြုတယ်။

မျက်ရည်ဟာ မျက်လုံးအတွင်းက အကျိအချွဲ၊ ဖုန်၊ အခိုးအငွေ့နဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် မျက်ရည်ဟာ မျက်လုံးကို ရေဓာတ်ဖြည့်တင်းပေးပါတယ်။ ဒါကြောင့် ငိုလိုက်တဲ့အခါ အမြင်အာရုံတွေက ပိုမိုကြည်လင်လာပါတယ်။
____________________________________________________

7. သွေးဖိအားကို လျော့နည်းစေတယ်။

စိတ်ဖိစီးမှုများလေလေ၊ နှလုံးခုန်နှုန်း မြန်လေလေ၊ သွေးဖိအား များလေလေပါပဲ။ ငိုလိုက်တဲ့အခါ စိတ်ဖိစီးမှုတွေ လျော့ကျသွားတဲ့အတွက် နှလုံးခုန်းနှုန်းနဲ့ သွေးခုန်နှုန်းကို ပုံမှန်အတိုင်း ထိန်းသိမ်းထားနိုင်ပြီး သွေးဖိအားကို လျော့နည်းသွားစေပါတယ်။
____________________________________________________

8. ရောဂါဆိုးတွေကိုလည်း သွယ်ဝိုက်ကာကွယ်ပေးတယ်။

ငိုကြွေးခြင်းက သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါတွေကိုလည်း သွယ်ဝိုက်ပြီး ကာကွယ်ပေးနိုင်ပါသေးတယ်။
____________________________________________________

9. အရေပြားပေါ်က နာကျင်မှုကိုလည်း လျော့ချပေးတယ်။

ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတစ်ခုခုရသွားလို့ အရမ်းနာတဲ့အခါ ငိုလိုက်တာက နာကျင်မှုတွေကို အနည်းငယ် သက်သာသွားစေပါတယ်။ ငိုကြွေးတာက နာကျင်မှုတွေအတွက် ဆေးကောင်းတစ်လက်ပါပဲ။
____________________________________________________

နာကျင်ခံစားရတဲ့အခါ မျိုသိပ်ထားစရာမလိုပါဘူး။ မငိုဘဲ မျိုသိပ်ထားတာက ကိုယ့်ရဲ့ခံစားချက်တွေကို ဖိနှိပ်ချိုးနှိမ်ထားတာဖြစ်ပြီး စိတ်ကျန်းမာရေးကို ဆိုးရွားသွားစေနိုင်ပါတယ်။ ဒါကြောင့် ငိုချလိုက်ပါ။ ငိုလိုက်တာက စိတ်သက်သာရာ ရရှိသွားတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။ ငိုကြွေးခြင်းက နာကျင်မှုတွေအတွက် ဆေးကောင်းတစ်လက်ပဲ ဖြစ်ပါတယ်။

ကျွန်တော်လည်း စိတ်ညစ်တဲ့အခါ၊ စိတ်ဆင်းရဲတဲ့အခါ အားရပါးရ ငိုတတ်ပါတယ်။ သူငယ်ချင်းတွေရှေ့မှာဖြစ်ဖြစ်၊ မိသားစုဝင်ရှေ့မှာဖြစ်ဖြစ် ငိုလိုက်မယ်ဆိုရင် ပိုပြီးတောင် စိတ်သက်သာရာရပါတယ်။ ငိုတယ်ဆိုတာ အားနည်းသူတွေရဲ့ အလုပ်မဟုတ်ပါဘူး။ တကယ်တော့ ငိုတယ်ဆိုတာ စိတ်ကျန်းမာရေးကောင်းမွန်သူတွေရဲ့ လုပ်ရပ်လို့ ပြောလို့ရပါတယ်။ ငိုကြွေးခြင်းနဲ့ ကိုယ့်ရဲ့စိတ်ကျန်းမာရေးကို မြှင့်တင်ပါ။

AD

02/02/2025

ကျွန်တော်တို့က အပိုလူဖြစ်ဖို့ မွေးဖွားလာတာ မဟုတ်ပါဘူး။

တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ လူတစ်ယောက်၊ ဒါမှမဟုတ် လူတစ်စုရဲ့ဘဝမှာ အပိုလူ ဖြစ်နေတတ်ပါတယ်။ ကိုယ့်ရဲ့ဂရုစိုက်မှုတွေ၊ ချစ်ခင်ကြင်နာမှုတွေ၊ တန်ဖိုးထားမှုတွေက သူတို့တွေအတွက် အရေးမပါတာမျိုး ဖြစ်နေတတ်ပါတယ်။ သူတို့ အမှားတော့မဟုတ်ပါဘူး။ ကိုယ်ပေးချင်တာကို သူတို့ဘက်က မလိုအပ်တာပါ။ ကိုယ်က သူတို့အတွက် အပိုလူတစ်ယောက်ပေါ့။ ကိုယ့်ရဲ့ ရှိခြင်း၊ မရှိခြင်းဟာ သူတို့အတွက် ဘာမှပြောင်းလဲမှု မရှိပါဘူး။

ကျွန်တော့်အတွေ့အကြုံလေး‌ေတွကို ပြောပြပါမယ်။ ကျွန်တော် လူတစ်ယောက်ရဲ့ ဘဝမှာ အပိုလူဖြစ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက ကျွန်တော့် crush တစ်ယောက်ကို ချစ်ခွင့်ပန်ခဲ့တယ်။ သူက ကိုယ့်ကို အပြတ်တော့မငြင်းဘူး။ ဒါပေမယ့် ပြန်လည်း မချစ်ဘူး။ ကျွန်တော်ကတော့ အဖြေကိုစောင့်ရင်း သူ့ကို ဂရုစိုက်ပေးတယ်။ မကိုင်တဲ့ ဖုန်းတွေခေါ်တယ်။ Seen မပြတဲ့ message တွေပို့တယ်။ သူနဲ့နီးစပ်ခွင့်ရဖို့ အမျိုးမျိုးကြိုးစားတယ်။ ဒါပေမယ့် သူ့အတွက်ကတော့ အပိုတွေသက်သက်ပါပဲ။

ကျွန်တော့်မှာ Facebook စသုံးခါစတုန်းက သူငယ်ချင်းတစ်စု ရှိခဲ့ဖူးတယ်။ ကျွန်တော်တို့အဖွဲ့ ခဏခဏတွေ့ကြတယ်။ သူတို့နဲ့ရှိနေတဲ့ကာလမှာ ကျွန်တော်ကို သိသိသာသာ လျစ်လျူရှုတာတွေ၊ အရေးမပါသလို ဆက်ဆံတာတွေ၊ နှိုင်းယှဉ်အပြစ်တင်တာတွေနဲ့ ကြုံခဲ့ရတယ်။ ဒါပေမယ့်လည်း ကိုယ်က သူတို့နဲ့ ဆက်ပြီးခင်မင်ချင်တဲ့အတွက် သူတို့ ကောင်းကောင်းမဆက်ဆံလည်း မသိချင်ယောင်ဆောင်ပြီးနေခဲ့တယ်။ ရူးသလို ပေါသလိုနဲ့ တွယ်ကပ်ခဲ့တယ်။ သူတို့အတွက် အပိုလူအဖြစ် ရှိနေခဲ့တာပေါ့။

အဲ့လိုအဖြစ်မခံပါနဲ့။ အပိုလူဘဝကနေ ရုန်းထွက်ပါ။ ကျွန်တော်လည်း ရုန်းထွက်ခဲ့ပါတယ်။ ကိုယ့်ကို မလိုအပ်တဲ့သူတွေ၊ ကိုယ့်ကို တန်ဖိုးမထားတဲ့သူတွေဆီမှာ ကြိတ်မှိတ်နေစရာမလိုပါဘူး။ ပတ်ဝန်းကျင်ကို တစ်ချက်လောက် ကြည့်လိုက်ပါ။ ကိုယ့်ကို တကယ်တန်ဖိုးထားတဲ့ သူတွေရှိပါတယ်။ အဲ့ဒီလူတွေဆီကို မသွားဘဲနဲ့ ဘာဖြစ်လို့ တခြားသူတွေရဲ့ဘဝမှာ အပိုလူ အဖြစ်ခံနေမှာလဲ။

တစ်ခါတစ်လေ ရည်းစားဘဝမှာတောင် အပိုလူဖြစ်တာမျိုးတွေ ရှိတယ်။ တကယ်တော့ ကျွန်တော့်ကိုစွန့်ပစ်ခဲ့တဲ့ ရည်းစားအတွက်လည်း ကျွန်တော်က အပိုလူပဲ။ ကျွန်တော် သူ့ကို ကောင်းစေချင်လို့၊ တိုးတက်စေချင်လို့ ပြောသမျှအတွက် သူကတော့ နားညည်းနေခဲ့တယ်။ ကိုယ်စိတ်ဆိုးပြီး ထားခဲ့လည်း သူက အေးဆေးပဲ။ ကိုယ်ကပဲ ကိုယ့်ဘာသာ စိတ်ဆိုးပြေရတယ်။ ကိုယ်မမှားဘဲ ကိုယ်ပဲ ပြန်ချော့ရတယ်။ သူ့အတွက်နဲ့ ကိုယ့်ဘာသာကိုယ်တောင် မေ့ခဲ့ဖူးတယ်။

အခုတော့ ကျွန်တော် ဘယ်သူ့အတွက်မှ အပိုလူ အဖြစ်မခံတော့ဘူး။ အပိုလူဖြစ်လာပြီဆိုတာနဲ့ အဲ့ဒီလူရဲ့ ဘဝထဲက ရုန်းထွက်မယ်။ ကျွန်တော့်မှာ ကျွန်တော့်ကိုတန်ဖိုးထားတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ပြီးတော့ ကျွန်တော့်ရဲ့ follower တွေနဲ့ အမာခံ Secrets တွေရှိပါတယ်။

ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်ရှာဖွေရပါတယ်။
အပိုလူဖြစ်ခြင်းက ပျော်စရာ မဟုတ်ပါဘူး။
ကျွန်တော်တို့က အပိုလူဖြစ်ဖို့ မွေးဖွားလာတာ မဟုတ်ပါဘူး။

AD

01/02/2025
01/02/2025

ချစ်တယ် လို့လဲ စအပြောခံရဖူးတယ်
တစ်ခဏတာ အချစ်မျိုးနဲ့လည်း ကြုံခဲ့ရဖူးတယ်
ကိုယ်မှကိုယ်ဆိုပြီး ဦးစားပေးတာမျိုးလည်း ခံခဲ့ရဖူးတယ် ၊ ထားမသွားဘူးဆိုတဲ့ စကားကိုလည်းကြားခဲ့ရဖူးတယ် နောက်ဆုံးမှာတော့ အထားခဲ့ခံလိုက်ရတယ် ။

အဲ့ဒါငါ့ရဲ့ အချစ်ရေးပဲ.... ။

01/02/2025

အချစ်ဦးကို မှတ်မိလား ???

အချစ်ဦးဆိုတာ ကျွန်တော်တို့အားလုံးမှာ ရှိတယ်။ လူတစ်ယောက်က တခြားလူတစ်ယောက်အပေါ် ချစ်မိသွားပြီဆိုတာနဲ့ ဒါကို အချစ်ဦး အချစ်လို့ ခေါ်လို့ရပါတယ်။ ဆိုလိုချင်တာက အချစ်ဦးဆိုတာ ကိုယ့်ကို ပြန်ကြိုက်စရာမလိုပါဘူး။ ကိုယ့်နဲ့ စတွဲတဲ့သူလို့လည်း ဆိုလိုတာမဟုတ်ပါဘူး။ ဘဝမှာ ပထမဆုံးအနေနဲ့ ကိုယ့်ဘက်ကစပြီး လူတစ်ယောက်ကို ချစ်တယ်ဆိုတဲ့ခံစားချက် ဖြစ်ပေါ်လာပြီဆိုတာနဲ့ အဲ့ဒီလူဟာ ကိုယ့်ရဲ့အချစ်ဦးပါ။

အချစ်ဦးနှစ်မျိုးရှိပါတယ်။ First Love နဲ့ First Crush ပါ။
1. တစ်ချို့လူတွေက ဘဝမှာ ပထမဆုံးချစ်မိတဲ့သူကို တွဲခွင့်ရတတ်ပါတယ်။ သူနဲ့ ရည်းစားဖြစ်သွားတယ်။ ဒါဟာ First Love အချစ်ဦးပါ။
2. တစ်ချို့ကတော့ ဘဝမှာ ပထမဆုံးချစ်မိတဲ့သူကို တိတ်တခိုးပဲ ချစ်ခဲ့ရပါတယ်။ သူနဲ့ ရည်းစားမဖြစ်ခဲ့ရဘူး။ ဒါဟာ First Crush အချစ်ဦးပါ။

First Crush ရှိခဲ့ဖူးတဲ့သူဟာ သူ့ရဲ့ ပထမဆုံးရည်းစားကို First Love လို့ခေါ်လို့မရပါဘူး။ အချစ်ဦးလို့လည်း ခေါ်လို့မရပါဘူး။ ဘဝမှာ ပထမဆုံးချစ်မိတဲ့သူနဲ့ တစ်ခါတည်းတွဲခွင့်ရမှသာ First Love ဖြစ်တာပါ။ ဒါက ဖြစ်ခဲပါတယ်။ ရှားလည်း ရှားပါတယ်။ အများစုကတော့ အချစ်ဦးအနေနဲ့ဆိုရင် First Crush တွေပဲ ရှိခဲ့ကြမှာပါ။ အချစ်ဦးတော့ အချစ်ဦးပဲ။ ချစ်ခွင့်တော့ မရခဲ့ဘူးပေါ့။

ကျွန်တော်လည်း ဒီလိုပါပဲ။ ကျွန်တော့်ရဲ့ အချစ်ဦးကို ကျွန်တော် ၇ တန်းမှာ တွေ့ခဲ့ရပါတယ်။ ကျွန်တော့်အတွက် အချစ်ဦး။ သို့သော် First Crsuh ပေါ့။ သူနဲ့ မချစ်ခဲ့ရပေမယ့် သေချာတာကတော့ သူက ကျွန်တော့်ရဲ့ ချစ်တတ်တဲ့စိတ်တွေကို စတင်မွေးဖွားပေးခဲ့တဲ့သူပါ။ ကျွန်တော်ဘယ်လောက်တောင်ချစ်ခဲ့လဲဆိုရင် သူက အစိမ်းရောင်ကြိုက်တဲ့အတွက် သူ့ရဲ့ခုံပေါ်မှာ နေ့တိုင်း အစိမ်းရောင်လက်ကိုင်ပုဝါလေးတွေ သွားတင်ပေးခဲ့ပါတယ်။ စက်ဘီးစီးထွက်တိုင်းလည်း သူ့အိမ်ရှေ့ကို ရောက်အောင် ဖြတ်တယ်။ အတန်းမတူတဲ့အတွက် မုန့်စားဆင်းချိန်ဆိုရင် သူ့ကို သွားချောင်းခဲ့တယ်။ အမှတ်တရတွေပေါ့။

ပထမဆုံးချစ်တတ်တဲ့အရွယ်မှာ လူသုံးယောက်လောက်ကို တစ်ပြိုင်တည်းချစ်ခဲ့တဲ့သူ၊ crush ခဲ့တဲ့သူတွေမှာတော့ အချစ်ဦးဆိုတာ မရှိဘူး။ အများစုကတော့ လူတစ်ယောက်တည်းကို ချစ်ခဲ့၊ crush ခဲ့ကြပေမယ့် တစ်ချို့ကတော့ စူပါဟီးရိုးတွေ။ သူတို့အချစ်က ပြန့်ကျယ်လွန်းတယ်။ ဟိုကောင်လေးဆိုလည်း ကြိုက်၊ ဒီကောင်လေးဆိုလည်း ကြွေ၊ ကိုယ့်အတန်းထဲကလူတွေကလွဲလို့ အတန်းပေါင်းစုံမှာ အချစ်တွေရှိနေတဲ့ ကောင်မလေးတစ်ချို့ကို မြင်ဖူးပါတယ်။ သူတို့ဆိုရင် အချစ်ဦးလည်းမရှိသလို အခုထိ ရည်းစားလည်းမရဘူး။ အချစ်များသူ FA တွေပေါ့။

အချုပ်အနေနဲ့ပြောရရင် အချစ်ဦးဆိုတာ ကျွန်တော်တို့ဘဝအတွက် မမေ့နိုင်စရာလူသားတစ်ဦးပါ။ အချစ်ဦးအပေါ်ချစ်တဲ့အချစ်က အချစ်တွေအားလုံးထဲမှာ အဖြူစင်ဆုံးတဲ့။ ပြီးတော့ ပေးဆပ်မှုပိုများတဲ့ အချစ်လို့လည်း ပြောကြတယ်။ စိတ်မကောင်းစရာက 98% သော လူသားတွေဟာ အချစ်ဦးနဲ့ မပေါင်းဖက်ရပါဘူး။ အကြောင်းအမျိုးမျိုးနဲ့ ကွေကွင်းရပြီး အချစ်ဦးဆိုတာ ရင်ထဲမှာရော၊ ဦးနှောက်ထဲမှာပါ မမေ့နိုင်တဲ့အမှတ်တရတစ်ခုအနေနဲ့ တစ်ဘဝလုံး နေရာယူသွားတတ်ကြပါတယ်။

ဒါနဲ့ မေးခွန်းလေးဖြေပါဦး။ အချစ်ဦးကို မှတ်မိသေးလား။
First Love ဖြစ်ခဲ့လား။ First Crush ဖြစ်ခဲ့လား။
အမှတ်တရတွေ ပြောခဲ့ပါ။ ကျွန်တော် ဖတ်ကြည့်ချင်လို့။

AD

31/01/2025

Two-Faced People အမျိုးအစားများ

လောကကြီးမှာ Two-Faced People လို့ခေါ်တဲ့ မျက်နှာနှစ်ဖက်နဲ့လူတွေ အများကြီးရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလောကကြီးထဲမှာနေထိုင်ရင်း Two-Faced People တွေနဲ့ ခဏခဏ ကြုံရတာပေါ့။ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေအရ Two-Face People တွေကို အမျိုးအစား ၅ မျိုး ခွဲခြားပေးပါမယ်။ ဘယ်တစ်မျိုးနဲ့ ကြုံခဲ့ဖူးလဲဆိုတာ အဖြေရှာကြည့်ပါဦး။
____________________________________________________

1. ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး

ရှေ့မှာတော့ ချစ်ရေ၊ သဲရေလို့ ခေါ်ပြီး ကိုယ့်အပေါ်ကောင်းပြမယ်၊ နောက်ကွယ်မှာတော့ ကိုယ့်မကောင်းသတင်းတွေ၊ ကိုယ့်အတင်းတွေ ထိုင်ပြောမယ့် လူစားမျိုးပါ။ ရှေ့မှာ ကိုယ်လုပ်သမျှမြှောက်ပေးပြီး နောက်ကွယ်ကျရင်တော့ ကိုယ်လုပ်သမျှ မကောင်းပြောတတ်ကြတယ်။ ရှေ့မှာ အပြုံးနဲ့ချိုသာနေပြီး နောက်ကွယ်မှာတော့ မဲ့ရွဲ့နေမယ်။ ဒါက အများဆုံးတွေ့ရတတ်တဲ့ Two-Face People အမျိုးအစားပါ။
____________________________________________________

2. အပေါ်ဖား အောက်ဖိ

သာတဲ့သူတွေဆိုရင် အပြုံးတုတွေနဲ့အတူ ရွှန်းရွှန်းဝေအောင် မြှောက်ပင့်ပြီး နိမ့်တဲ့သူတွေကိုတော့ မတူမတန်သလို မောက်မောက်မာမာ ဆက်ဆံတတ်ကြတဲ့သူမျိုးတွေပါ။ သာတဲ့သူတွေကို ချိုပြီး နာတဲ့သူတွေကို ရင့်သီးတတ်ကြတဲ့အတွက် အပေါ်ဖား အောက်ဖိလို့ ခေါ်တာဖြစ်ပါတယ်။ သူတို့တွေကလည်း Two-Face People တစ်မျိုးပါပဲ။
____________________________________________________

3. သာပေါင်းညာစား

ဒါကလည်း Two-Face People စာရင်းထဲထည့်လို့ရတယ်။ ဘာလို့လဲဆိုတော့ သူတို့လိုချင်တာရှိရင် ဟန်ဆောင်အပြုံးတွေနဲ့ ကိုယ့်ဆီလာတတ်ပြီး ကိုယ်လိုအပ်ရင်တော့ အကြောင်းအမျိုးမျိုးပြ ရှောင်နေတတ်တဲ့သူတွေပေါ့။ ကိုယ့်မှာ အခက်အခဲတွေရှိနေရင် သာပေါင်းညာစားတွေဟာ ပျောက်နေတတ်ပြီး ကိုယ်အဆင်ပြေတဲ့အခါမှ ပြန်ပေါ်လာတတ်ပါတယ်။ ကိုယ့်ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ထက် ကိုယ့်အကြောင်းကို သူများဆီသွားပြီး အတင်းပြောဖို့ ပိုပြီးစိတ်ဝင်စားကြပါတယ်။
____________________________________________________

4. မာယာကြွယ်

အားလုံးရဲ့အမြင်မှာ အကောင်းဆုံး စံပြလူသားတစ်ယောက်လိုနေပြပြီး နောက်ကွယ်မှာတော့ သူများကိုဘယ်လိုယုတ်မာရမလဲ ချောင်းနေတတ်တဲ့လူစားတွေပါ။ ကိုယ့်တက်လမ်းရဖို့အတွက်ဆို အားလုံးကိုနင်းမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိနေပေမယ့် အနစ်နာအခံတတ်ဆုံး လူတစ်ယောက်လို့ အများကမြင်အောင် ဟန်ဆောင်နေထိုင်တတ်သူတွေဖြစ်ပါတယ်။ ကြောက်စရာကောင်းလောက်အောင် မာယာကြွယ်ကြတာပါ။
____________________________________________________

5. သစ္စာဖောက်

ကိုယ့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းက ကိုယ့်ရန်သူတွေနဲ့ပေါင်းပြီး နောက်ကွယ်က တိုက်ခိုက်နေတာမျိုး၊ ကိုယ့်ရည်းစားက ကိုယ်မသိအောင် နောက်တစ်ယောက်နဲ့ ဖောက်ပြန်နေတာမျိုး၊ ဒီလိုကိစ္စတွေ ကျူးလွန်တဲ့ သူငယ်ချင်း၊ ရည်းစားတွေကို Two-Faced People လို့ သတ်မှတ်နိုင်ပါတယ်။ ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးတဲ့သူဆိုတာ ကိုယ့်အတွက် ကမ္ဘာ့အဆိုးဆုံး Two-Faced People ဖြစ်ပါတယ်။
____________________________________________________

Living in a world where no one's innocent ဆိုတဲ့အတိုင်း ကျွန်တော်တို့လောကကြီးမှာ လူတိုင်း မဖြူစင်ကြပါဘူး။ ကျွန်တော်လည်း 100% မဖြူစင်သလို ခင်ဗျားလည်း မဖြူစင်ပါဘူး။ ဒါပေမယ့်လည်း မျက်နှာနှစ်ဖက်နဲ့လူတွေမဖြစ်ဖို့တော့ ကျိန်းသေလိုအပ်ပါတယ်။

အပေါ်မှာဖော်ပြထားတဲ့ Two-Faced People ၅ မျိုးနဲ့ လူတိုင်း ကြုံတွေ့ရနိုင်ပါတယ်။ ဒါ‌ေကြာင့် သတိထားပါ။ ကိုယ်နဲ့ပတ်သက်နေတဲ့သူက Two-Faced People ဖြစ်နေတာကို သိတာနဲ့ ချက်ချင်းရှောင်ပါ။ အဆက်ဖြတ်ပါ။ ကိုယ့်ဘဝထဲက ထုတ်ပစ်ပါ။ ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း Two-Faced People ထဲမှာ မပါဝင်အောင် ဂရုစိုက်ပါ။

AD

30/01/2025

Nobody is ever too busy တဲ့။
အချိန်တိုင်း အမြဲ အလုပ်ရှုပ်နေတဲ့သူဆိုတာ
ဒီကမ္ဘာမှာ မရှိပါဘူး။

လူတွေဟာ သူတို့စိတ်ဝင်စားတဲ့အရာတွေ
သူတို့သဘောကျ နှစ်သက်တဲ့အရာတွေ
သူတို့တန်ဖိုးထား မြတ်နိုးတဲ့အရာတွေဆိုရင်
အချိန်ပေးလေ့ ရှိကြတာပါပဲ။

လူတွေအပေါ်ဆို ပိုလို့တောင် အချိန်ပေးပါတယ်။
ဘယ်လောက်ပဲ မအားလပ်နေပါစေ
သူတို့ စိတ်ဝင်စားတဲ့သူ
သူတို့ သဘောကျတဲ့သူ
သူတို့ တန်ဖိုးထားတဲ့သူတွေကို
မရ ရအောင် အချိန်ပေးကြပါတယ်။

တစ်နည်းအားဖြင့်ပြောရရင်
priority ပိုပိုဖြစ်သလောက်
အချိန်တွေကိုလည်း ပိုပိုပေးတတ်ကြပါတယ်။

ဥပမာ -
တန်ဖိုးမထားဖြစ်တဲ့သူဆိုရင်
ဘယ်လောက် message ပို့ပို့ ဖွင့်ကြည့်ဖြစ်မှာ မဟုတ်ဘဲ
တန်ဖိုးအထားရဆုံးသူဆိုရင်တော့
အခု message ပို့တာနဲ့ အခု reply လိုက်မှာ ဖြစ်ပါတယ်။

လောကကြီးမှာ တကယ်ကို အလုပ်များတဲ့သူတွေ၊
Personal time နည်းတဲ့သူတွေ ရှိပါတယ်။
ဒီလိုလူတွေတောင်မှ
သူတို့ရသလောက် personal time လေးမှာ
သူတို့ချစ်တဲ့သူတွေဆို အချိန်ပေးမှာပါပဲ။

ဒါဆို ဘာလို့များ တချို့သူတွေက
ကိုယ့်ကို မအားဘူးဆိုတဲ့ reason နဲ့
အချိန်မပေးကြတာလဲ။

အဖြေက ရှင်းရှင်းလေးပါ။
ကိုယ့်အပေါ် သူတို့ရဲ့ တန်ဖိုးထားခြင်း နည်းလို့
ကိုယ့်အပေါ် သူတို့ရဲ့ အချစ်တွေ နည်းလို့
ကိုယ်ဟာ သူတို့ရဲ့ priority မဖြစ်လို့ ဖြစ်ပါတယ်။

Message ၃၀ လောက်ပို့ထားလည်း ဖွင့်မကြည့်တာ
၃ ရက်နေလို့မှ တစ်ခါတောင် ဖုန်းမဆက်တာ
ချိန်းတွေ့တိုင်း မအားဘူးလို့ ငြင်းတာ
ဒါတွေဟာ တကယ် မအားလပ်လို့ မဟုတ်ဘဲ
ကိုယ့်အပေါ် မချစ်လို့ဆိုပြီး စွပ်စွဲမယ်ဆိုရင်
မှားစရာ မရှိပါဘူး။

လူတွေ ကိုယ့်ကို အချိန်ပေးအောင်
control လုပ်လို့ မရပါဘူး။
ကိုယ်က အတင်းတွယ်ကပ်နေတဲ့အခါ
သူတို့က ဒုက္ခတစ်ခုလိုတောင် မြင်လာဦးမှာပါ။

လူတိုင်းဟာ
ချစ်မြတ်နိုး တန်ဖိုးထားခံရဖို့နဲ့
အချိန်ပေးခံရဖို့ ထိုက်တန်ပါတယ်။

ကိုယ့်ကို တကယ်ချစ်ပြီး
ဘယ်လောက်မအား မအား အချိန်ပေးမယ့်သူတွေ
ဒီကမ္ဘာမှာ အများကြီးရှိဦးမှာမို့

လက်ရှိ ကိုယ့်ဘေးနားကလူက
ကိုယ့်ကို လုံးဝ အချိန်မပေးတာမျိုး ရှိလာတဲ့အခါ
ထိုသူကို ရှောင်ခွါဖို့ပဲ အကြံပြုပါရစေ။

AD

29/01/2025

Single တွေဟာ ပျော်စရာ Relationship ဘဝကို
မျှော်လင့်နေကြမယ်လို့ ထင်နေပါသလား ???

ဒါဆိုရင်တော့ အမှားကြီး မှားသွားပါလိမ့်မယ်။ Pew Research Center ရဲ့ ၂၀၂၁ အတွင်းပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုရဲ့ ရလဒ်ဟာ ကျွန်တော့်ကို အံ့ဩသွားစေပါတယ်။ စစ်တမ်းအရ 50 % သော Single တွေဟာ relationship ဘဝကို မလိုချင်ကြပါဘူး။ ချစ်သူ၊ ရည်းစားထားဖို့ဆိုတာ သူတို့အတွက် အရေးကြီးတဲ့အရာ မဟုတ်ဘဲ dating လုပ်ဖို့တောင် စိတ်မဝင်စားပါဘူးလို့ သိရပါတယ်။

စစ်တမ်းရလဒ်အသေးစိတ်ကတော့ …

50 %
အချစ်ရေးကိစ္စတွေကို လုံးဝ စိတ်မဝင်စားပါဘူး။

10 %
အပျော်ချိန်းတွေ့မှုတွေကို လိုချင်ပါတယ်။

26 %
အပျော်ဖြစ်ဖြစ်၊ အတည်ဖြစ်ဖြစ် ရည်းစားတွေထားချင်ပါတယ်။

14 %
အသည်းအသန်ကို အတည်တကျ ရည်းစားတစ်ဦးလိုချင်ပါတယ်။

ဒါဆို 50% သော Single တွေ တကယ်တန်း စိတ်ဝင်စားတဲ့အရာက ဘာတွေများဖြစ်မလဲ။ ပျော်စရာ relationship life ကို ဘေးဖယ်ပြီး Single တွေ ရွေးချယ်လိုက်တဲ့အရာတွေကတော့…

1. အစားအစာ
တစ်ချို့ Single အတွက် ဘဝမှာ အစားအစာက အရေးအကြီးဆုံးပါတဲ့။ ရည်းစားရဖို့ထက်စာရင် မာလာရှမ်းကောစားဖို့၊ ဟော့ပေါ့သောက်ဖို့ကို ပိုပြီး စိတ်ဝင်စားကြတဲ့သူတွေ ဖြစ်ပါတယ်။

2. ခရီး
တစ်ချို့ Single တွေကတော့ ချစ်သူမရှိရင်နေပါစေ၊ ကမ္ဘာပတ် ခရီးထွက်ရရင် ကျေနပ်ပါပြီတဲ့။ တစ်ယောက်တည်းဖြစ်နေပါစေ၊ မနားတမ်း ခရီးတွေပဲထွက်ချင်တယ်လို့ ဆိုကြပါတယ်။

3. မေမေ၊ ဖေဖေ
တစ်ချို့ Single တွေက ကိုယ့်ရဲ့ မိဘကို ရွေးချယ်ကြပါတယ်။ ရည်းစားမရှိတဲ့ဘဝထက် မေမေ၊ ဖေဖေမရှိတဲ့ ဘဝက ပိုပြီး မှောင်မိုက်တယ်လို့ ခံယူထားကြသူတွေပါ။

4. သူငယ်ချင်း
Single တွေရဲ့ ရွေးချယ်မှုတွေထဲမှာ သူငယ်ချင်းဆိုတာ ထိပ်ဆုံးကပါ။ ပူလောင်စရာ အချစ်ထက်စာရင် သူငယ်ချင်းတွေနဲ့ အေးချမ်းတဲ့မေတ္တာက ပိုကောင်းပါတယ်။ သူငယ်ချင်းတွေနဲ့ အမြဲ ခွီမယ်၊ ရယ်မယ်၊ ပျော်မယ်လို့ ဆုံးဖြတ်ထားကြသူတွေ ဖြစ်ပါတယ်။

5. ပိုက်ဆံ
တစ်ချို့ကတော့ လက်တွေ့ဆန်စွာ ပိုက်ဆံကို ရွေးချယ်ကြပါတယ်။ ရင်ခုန်စရာ ချစ်သူဘဝထက်စာရင် ပြီးပြည့်စုံပြီး ချမ်းသာတဲ့ဘဝကို ပိုပြီး မက်မောကြသူတွေ ဖြစ်ပါတယ်။

6. အလုပ်
တစ်ချို့ကတော့ အလုပ်ကို ပိုချစ်ပါတယ်တဲ့။ အလုပ်လုပ်ရရင် ပျော်နေကြသူတွေ ဖြစ်ပါတယ်။ အမြဲလိုလို အလုပ်များနေတဲ့ သူတို့အဖို့ ရည်းစားထားဖို့ဆိုတာ ခေါင်းထဲမှာကို မရှိဘူးလို့ ဆိုကြပါတယ်။

7. ကျန်းမာရေး
တစ်ချို့ကတော့ ကျန်းမာနေရင် အရာရာပြီးပြည့်စုံပြီလို့ ခံယူထားပါတယ်။ ရည်းစားရှိဖို့ထက်စာရင် တစ်ဘဝလုံး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေရဖို့ ပိုပြီး တောင့်တကြသူတွေ ဖြစ်ပါတယ်။

8. အောင်မြင်မှု
တစ်ချို့ကတော့ တစ်ယောက်တည်းပဲ နေနေရပါစေ၊ အောင်မြင်တဲ့ဘဝဖြစ်ရင် ကျေနပ်ပြီလို့ ဆိုပါတယ်။ ရည်းစားရဖို့ထက် ကိုယ့်ဘဝ အောင်မြင်ဖို့ကို ပိုလိုလားကြသူတွေ ဖြစ်ပါတယ်။

9. အလှူအတန်း
တစ်ချို့ကတော့ တစ်ဘဝလုံး ပေးကမ်းစွန့်ကြဲချင်တယ်လို့ ပြောပါတယ်။ ရည်းစားမရှိတဲ့ ဘဝမှာ နေနိုင်ပေမယ့် အလှူမလုပ်ဘဲနဲ့တော့ မနေနိုင်ပါဘူးတဲ့။ တကယ့် ပရဟိတသမားလေးတွေပါ။

10. ဂိမ်း
တစ်ချို့ကတော့ ဂိမ်းကို ရွေးချယ်ကြပါတယ်။ ရည်းစားမလိုဘူး၊ game ဆော့နေရရင် ပြည့်စုံပြီတဲ့။ ဂိမ်းမှ မဟုတ်ပါဘူး။ ရည်းစားထက်စာရင် ကိုယ့်ဝါသနာကို ပိုတန်ဖိုးထားသူတွေ အများကြီးရှိပါတယ်။

ဒါကို ကြည့်မယ်ဆိုရင် ဒီကမ္ဘာပေါ်က Single အများစုက ကိုယ့်ကိုယ်ကို ချစ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ဘဝမှာ အချစ်ထက် အရေးကြီးတဲ့အရာတွေ အများကြီးရှိတဲ့အတွက် ချစ်သူ၊ ရည်းစားရဖို့လောက်ကို serious ကြီး မဖြစ်တော့တဲ့သူတွေပါ။ ပေါ့ပေါ့ပါးပါးလေးဘဲ ကိုယ့်ရဲ့ Single ဘဝမှာ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ပြီး ပျော်ပျော်‌နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုလည်း ပြန်မေးကြည့်ပါဦး။
ကိုယ်က ဘယ်လို Single မျိုး ဖြစ်မလဲ ?
လောကကြီးမှာ ကိုယ်လိုချင်တဲ့အရာက ဘာဖြစ်မလဲ ?
ပြီးတော့ Single ဘဝမှာ ပျော်ရွှင်နေပြီလား ?

AD

မြန်မာပြည် နိဒါန်း
29/01/2025

မြန်မာပြည် နိဒါန်း

#စာပေဟောပြောပွဲ #စာပေအနုပညာ #ဗေလုဝ #မောင်သာချို #ညီမင်းညို #ဦးဘုန်း-ဓာတု #ချစ်ဦးညို #မောင်စိန်ဝင်း #ဆ...

26/01/2025

ကိုယ့်ကိုမမြင်တဲ့သူတွေကို ကြည့်နေမိတုန်းလား ?
ကိုယ့်စကားမကြားတဲ့သူတွေကို ပြောနေမိတုန်းလား ?
မပွင့်တဲ့ နှလုံးသားတံခါးတွေကို ဖွင့်နေမိတုန်းလား ?

လူတချို့ဟာ အချစ်နဲ့ပတ်သက်ရင်
သိပ်ကို အပင်ပန်းခံကြပါတယ်။
ရိုးရိုးရှင်းရှင်းလေး မချစ်နိုင်ကြဘူး။
အချစ်ရဲ့ နာကျင်မှုတွေကို ကြိတ်မှိတ်ခံစားကြပါတယ်။

အချစ်ရဲ့သဘောက တကယ်တော့ ရိုးရိုးလေးပါပဲ။
ကောင်းခြင်းနဲ့ ဆိုးခြင်းတွေ အသီးသီးရှိပေမယ့်
ကောင်းခြင်းတွေ ပိုများရမယ်။
ပျော်ရွှင်မှုနဲ့ နာကျင်မှုတွေ အသီးသီးရှိပေမယ့်
ပျော်ရွှင်မှုတွေ ပိုများရမယ်။

အချစ်ဟာ လူနှစ်ဦးလုံးနဲ့ သက်ဆိုင်တယ်။
ကိုယ်က သူ့ကို ကြည့်နေသလို
သူကလည်း ကိုယ့်ကို မြင်နေရပါမယ်။
ကိုယ်က သူ့အသံ နားထောင်နေသလို
သူကလည်း ကိုယ့်အသံ ကြားနေရပါမယ်။
ကိုယ့်နှလုံးသားသော့ကို သူ့ဆီ ပေးထားသလို
သူ့နှလုံးသားတံခါးကလည်း ကိုယ်ဖွင့်လို့ ပွင့်နိုင်ရပါမယ်။

အချစ်ဆိုတာ အသွားအပြန်တွေရှိရပါတယ်။
ပေးဆပ်ခြင်းနဲ့ ရယူခြင်းတွေ မျှတနေရပါတယ်။
တစ်ဖက်တည်း ပေးနေတာဟာ အချစ်မဟုတ်ပါဘူး။
အချစ်က ပျော်ရွှင်အေးချမ်းမှုတွေ တိုးပွါးစေရမှာပါ။
အချစ်ကို ပျော်ရွှင်အေးချမ်းမှုနဲ့ လဲရမှာ မဟုတ်ပါဘူး။

ကမ္ဘာမှာ လူဦးရေသန်းပေါင်း ၇၈၀၀ ကျော် ရှိနေပါပြီ။
မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်း ကျော်နေပါပြီ။
ကိုယ့်ကို မချစ်တဲ့သူတစ်ယောက်ကို
ဘာလို့များ အနာကျင်ခံပြီး ချစ်နေဦးမှာလဲ။

ဒီလောက်များတဲ့သူတွေထဲ
ကိုယ့်ကို မြင်နိုင်တဲ့သူ
ကိုယ့်အသံ ကြားနိုင်တဲ့သူ
ကိုယ်တံခါးဖွင့်ရင် ပွင့်မယ့်နှလုံးသားရှိသူ
ကိုယ့်ကိုတကယ်ချစ်တဲ့သူ နောက်ထပ်တစ်ဦးတော့
ရှိနေနိုင်တာပဲ မဟုတ်ပါလား။

Right Person ရှိလာဖို့ဆိုရင်
Wrong Person တွေနဲ့ အချိန်ဖြုန်းတာကို
ရပ်တန့်ဖို့ လိုပါတယ်။
နောက်ဆုံး Wrong Person ကို ချစ်နေမယ့်အစား
ကိုယ့်ကိုယ်ကို ပိုချစ်ပေးနိုင်ဖို့ ကြိုးစားစေချင်ပါတယ်။

အချစ်ရဲ့ နာကျင်မှုတွေ လျော့ချကြပါ။
အချစ်ရဲ့ ဝန်ထုတ်ဝန်ပိုးတွေ လျော့ချကြပါ။

AD

25/01/2025

ဘဝမှာ လူတွေအများကြီးနဲ့ ဆုံတွေ့ရမယ်။
အဲ့ဒီထဲက တချို့တဝက်ဟာ ကိုယ့်ဘဝထဲ ဝင်လာနိုင်ပြီး
ဒီထဲကမှ အနည်းစုသာ ကိုယ့်ဘဝမှာ ကျန်ခဲ့ပါလိမ့်မယ်။

လူတွေနဲ့ဆုံတွေ့ဖို့ကိုတော့
Time - အချိန်က ဆုံးဖြတ်ပေးပါတယ်။
လူတွေဟာ အချိန်ကျမှ ဆုံတွေ့ခွင့်ရကြတာမျိုးပါ။

ဘဝထဲ ဝင်လာဖို့အတွက်ကတော့
Heart - နှလုံးသားက ဆုံးဖြတ်ပေးပါတယ်။
နှလုံးသားတံခါးဆိုတာ
ကိုယ်လက်ခံမှ ပွင့်တဲ့ တံခါးဖြစ်ပါတယ်။
ကိုယ့်နှလုံးသားက လက်ခံတဲ့သူတိုင်းဟာ
ကိုယ့်ဘဝထဲကို ဝင်ရောက်လာမှာပါပဲ။

ဘဝထဲ ဝင်ရောက်ပြီးမှ
သူ့ဘာသာ ပြန်ထွက်သွားကြတဲ့သူတွေနဲ့
ကိုယ့်ဘက်က ပြန်ထုတ်ပစ်ရတဲ့သူတွေလည်း
ရှိပါတယ်။
ဘဝထဲ ဝင်လာရုံနဲ့ ဘဝမှာ ကျန်မနေနိုင်ပါဘူး။

ဘဝထဲမှာ တည်ရှိနေဖို့၊ ကျန်နေဖို့အတွက်
Behavior - အကျင့်စရိုက်က ဆုံးဖြတ်ပေးပါတယ်။
ကိုယ့်ကို တကယ်ချစ်တဲ့
ကိုယ့်အပေါ် တန်ဖိုးထားတဲ့
ကိုယ့်အပေါ် သစ္စာရှိတဲ့
ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့
အပြုအမူ၊ အမူအကျင့်၊ အကျင့်စရိုက်တွေ ရှိမှ
ကိုယ့်ဘဝထဲမှာ ကျန်နေမှာ ဖြစ်ပါတယ်။

ဒါကြောင့် တကယ်ချစ်တဲ့သူနှစ်ဦးဟာ
အပြန်အလှန် အကျင့်စရိုက်တွေကောင်းမွန်နေဖို့
အထူးအရေးကြီးပါတယ်။

တကယ်ချစ်တဲ့သူ နှစ်ဦးဟာ အပြန်အလှန်
ပျော်ရွှင်မှုတွေ ဖန်တီးနိုင်ရပါမယ်။
ချစ်ခြင်းမေတ္တာတွေ ပြသနိုင်ရပါမယ်။
ဂရုစိုက်မှုတွေ ပေးနိုင်ရပါမယ်။
တန်ဖိုးထားခြင်းတွေ ရှိနေရပါမယ်။
နားလည်လက်ခံခြင်းတွေ ပြည့်နေရပါမယ်။
အကောင်းတွေ ဖြစ်တည်နေရပါမယ်။
ဖောက်ပြန်မှုတွေ ကင်းဝေးစေရပါမယ်။
နာကျင်မှုတွေ ကင်းဝေးစေရပါမယ်။

လူတွေကတော့ ဆက်ပြီးဆုံတွေ့နေရဦးမှာပါပဲ။
အချိန်ရွေ့လျားနေသရွေ့ပေါ့။

လူတွေ ကိုယ့်ဘဝထဲကိုလည်း ဝင်လာဦးမှာပါပဲ။
နှလုံးသားတံခါး အလုပ်လုပ်နေသေးသရွေ့ပေါ့။

ဝင်လာပြီးမှ ထွက်ခွါသွားတဲ့သူတွေကိုတော့
နှမြောတသ ဖြစ်စရာ မလိုပါဘူး။
ဆုံတွေ့ခြင်းတွေရှိရင်
ခွဲခွါခြင်းတွေဟာလည်း ရှိနေမှာပါပဲ။
ဘဝထဲ ကျန်ခဲ့တဲ့သူတွေကသာ အရေးအကြီးဆုံးပါ။

ဘဝထဲကျန်ခဲ့တယ်ဆိုတိုင်းလည်း
တရားသေ လက်ခံထားရမှာ မဟုတ်ပါဘူး။
ကိုယ့်အတွက်မကောင်းတဲ့သူတွေ
ဘဝထဲကျန်နေတာမျိုး ရှိပါတယ်။

တချို့က ကိုယ့်ကို တွယ်ကပ်နေကြပါတယ်။
တချို့ကို ကိုယ့်က တွယ်ကပ်နေမိတယ်။
ဒီလိုနဲ့ မကောင်းတဲ့သူဟာ ဘဝထဲကျန်နေပြီး
ကိုယ်တိုင်က အဆိပ်သင့်နေပါလိမ့်မယ်။

မကောင်းတဲ့သူတွေဆို ဘဝထဲ ကျန်မနေပါစေနဲ့။
သူ တွယ်ကပ်တာလည်း မခံပါနဲ့။
ကိုယ် တွယ်ကပ်တာလည်း မလုပ်ပါနဲ့။
ရအောင် ဘဝထဲက မောင်းထုတ်ပါ။

Behavior မှန်ကန်တဲ့သူတွေကိုသာ
ကိုယ့်ဘဝထဲ ကျန်နေစေရင်း
ပျော်ရွှင်အေးချမ်းမှုနဲ့ ဘဝကို ကုန်ဆုံးပါနော်။

AD

25/01/2025

ကိုယ်စေတနာထားရင် ထားသလောက်
အဲ့ဒီလူဆီက စေတနာတွေ ပြန်ရမယ် ..

ကိုယ်ချစ်ရင် ချစ်သလောက်
အဲ့ဒီလူဆီက အချစ်တွေ ပြန်ရမယ် ..

ကိုယ်ကောင်းရင် ကောင်းသလောက်
အဲ့ဒီလူဆီက အကောင်းတွေ ပြန်ရမယ် ..

လူတွေအပေါ်မှာ ကိုယ်ပေးရင်ပေးသလောက်
သူတို့ဆီက ပြန်ရမယ်လို့ ကျွန်တော် တွက်ခဲ့မိပါတယ်။

အဲ့လို တွက်ခဲ့မိတဲ့အတွက်
ဘဝတစ်လျှောက် ကျွန်တော် ပူလောင်ခဲ့ရတာ အမှန်ပဲ။

တကယ်တန်း လူတွေဆီကနေ
ကိုယ်ပေးသလောက် ပြန်ရဖို့ မဆိုထားနဲ့
ကိုယ်ပေးတာနဲ့ ဆန့်ကျင်ဘက်ကိုတောင်
သူတို့က ပြန်ပေးတတ်ကြပါသေးတယ်။

စေတနာတွေကို သိတတ်ရမယ့်အစား
သူတို့ဟာ စော်ကားနိုင်တယ်။
အချစ်တွေကို ပြန်ပေးရမယ့်အစား
သူတို့ဟာ မုန်းတီးနိုင်တယ်။
အကောင်းတွေ ပြန်ဖန်တီးရမယ့်အစား
သူတို့ဟာ အဆိုးတွေပေးနိုင်တယ်။

ဒါဟာ လောကကြီးရဲ့ အမှန်တရားတွေထဲက တစ်ခုပါပဲ။

ဒီအချက်ကို သိပြီးနောက်ပိုင်းမှာ
လူတွေနဲ့ပတ်သက်ပြီး မျှော်လင့်ချက်တွေကို
ကျွန်တော်လျော့ချလိုက်တယ်။

ဒီလူကို စေတနာထားနိုင်ရင် သေချာထားလိုက်မယ်။
သူသိတတ်ရင် ကိုယ်ကြည်နူးမယ်။
သူမသိတတ်ရင်လည်း ကိုယ်အဆင်ပြေမယ်။

ဒီလူကို ချစ်တယ်ဆိုရင် အပြည့်အဝချစ်လိုက်မယ်။
သူချစ်တဲ့အခါ ပျော်ရွှင်လိုက်မယ်။
သူမချစ်ရင်တော့ ကိုယ်လည်း အချစ်တွေ ရပ်တန့်မယ်။

ဒီလူကို ကောင်းနိုင်ရင် သေချာကောင်းပေးလိုက်မယ်။
သူပြန်ကောင်းရင် အတူတူ အကောင်းတွေဖြစ်မယ်။
သူပြန်မကောင်းလည်း ကိုယ်အေးဆေးဖြစ်နေမယ်။

အဲ့လိုနေတတ်သွားတဲ့နောက်ပိုင်း
ကျွန်တော်ရှင်သန်နေတဲ့ နေ့ရက်တွေထဲက
အပူတွေအများကြီး ပျောက်ကွယ်သွားတယ်။
ရင်ထဲမှာ ပေါ့ပါးနေပြီး
အချိန်အများစုမှာ အေးချမ်းသွားပါတယ်။

နောက်တစ်ချက်ရှိပါသေးတယ်။

ကိုယ်ပေးရင် ပေးသလောက်
လူတွေဆီကနေတော့ ပြန်မရပေမယ့်
လောကနိယာမအရ
ပြန်ရတာတွေ ရှိပါတယ်။

ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်တဲ့။

ကိုယ့်ရဲ့ သူတစ်ပါးအပေါ်
စေတနာထားခြင်းရဲ့ ကောင်းကျိုး
ချစ်ခြင်းရဲ့ ကောင်းကျိုး
ကောင်းခြင်းရဲ့ ကောင်းကျိုး
ဒါတွေကျိန်းသေ ပြန်ရပါတယ်။

ဒါကြောင့်
ကိုယ်ပေးသလောက် သူများဆီက ပြန်မရတိုင်း
စေတနာတွေ မပျောက်ပျက်သွားပါနဲ့။
အမုန်းတွေ မဖြစ်တည်သွားပါနဲ့။
အဆိုးတွေ မပြုလုပ်သွားပါနဲ့။

မျှော်လင့်ချက်တွေသာ လျော့ချလိုက်ရင်း
အေးချမ်းစွာ စေတနာထားပါ၊ ချစ်ပါ၊ ကောင်းပါနော်။

AD

24/01/2025

ဘဝမှာ Time Management တကယ်တော်တဲ့သူဆိုတာ
ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်ရယ်
ကိုယ်ချစ်ရသူတွေအတွက် အချိန်ရယ်
ကျိန်းသေ ဖယ်ထားနိုင်တဲ့သူတွေ ဖြစ်ပါတယ်။

အလုပ်မှာ ဘယ်လောက်ပဲ အချိန်စီမံခန့်ခွဲတာ တော်တော်
ကိုယ့်အတွက် အချိန်ရယ်
ချစ်ရသူအတွက် အချိန်ရယ်
မကျန်ဘူးဆိုတဲ့သူဟာ

အောင်မြင်တိုးတက်မှုတွေနဲ့
ကြွယ်ဝချမ်းသာမှုတွေ ရသွားပေမယ့်
ဘဝမှာ ရှုံးတဲ့သူပါပဲ။

တစ်နေ့တာ မျက်စိမှိတ် အိပ်စက်လိုက်ရတယ် ..
နောက်နေ့ ပြန်နိုးထလာတယ် ..
အလုပ်တွေ တအားကြိုးစားတယ် ..
ငွေတွေ တအားရှာဖွေတယ် ..

ဒီလို pattern အတိုင်း ဖြတ်သန်းနေရင်း
အချိန်တွေ ကုန်လာပြီး အသက်တွေကြီးလာတယ် ..

ကိုယ့်ကိုယ်ကို အချိန်မပေးမိတဲ့အတွက်
ကိုယ့်ရဲ့အလုပ်ပြင်ပက ဝါသနာတွေကို ပစ်ပယ်မိတယ်။
ကိုယ့်ကျန်းမာရေးကို လျစ်လျူရှုမိတယ်။
ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်တွေ တန်ဖိုးမဲ့သွားပါတယ်။

ချစ်ရသူတွေကို အချိန်မပေးမိတဲ့အတွက်
သူတို့နဲ့ ပျော်စရာအချိန်တွေ ကင်းမဲ့သွားတယ်။
သူတို့ဆီက ရရှိမယ့်တန်ဖိုးတွေ ဆုံးရှုံးသွားတယ်။
အတူတူ ရှင်သန်ရမယ့်အချိန်တွေ ပြုန်းတီးသွားပါတယ်။

သိပ်ကိုအရေးကြီးပါတယ်။
ကျွန်တော်တို့ဟာ ဘဝမှာ ဘယ်လောက်အထိပဲ
ရှင်သန်ခွင့်ရမလဲ မသိနိုင်ကြတဲ့အတွက်
တစ်နေ့တစ်နေ့ ရှင်သန်နေတဲ့နေ့ရက်တိုင်းမှာ
ဘဝရဲ့ အဓိကအမြတ်ဖြစ်တဲ့
ပျော်ရွှင်ခြင်းနဲ့ အေးချမ်းခြင်းတွေ ပိုင်ဆိုင်နိုင်ရပါမယ်။

ပျော်ရွှင်အေးချမ်းခြင်းပိုင်ဆိုင်ဖို့ဆိုရင်
ကိုယ့်ကိုယ်ကို အချိန်ပေးဖို့လိုပါတယ်။
ကိုယ်ချစ်ရတဲ့သူတွေကို အချိန်ပေးဖို့လိုပါတယ်။
ဒါကို အမြဲသတိရပေးပါ။

AD

23/01/2025

ရုပ်ရည်ကြောင့် ရည်းစားများများ ရနိုင်ပါတယ်။
ဒါပေမယ့် သေချာတဲ့ ဘဝလက်တွဲဖော်
right person တစ်ဦး ရှိလာဖို့အတွက်ဆိုရင်တော့
ရုပ်ရည်နဲ့ မသက်ဆိုင်တော့ပါဘူး။

1. ကိုယ့်ရဲ့အကြည်ဓာတ် % များလေလေ၊ right person နဲ့ ဆုံဆည်းဖို့ လွယ်လေလေပါပဲ။ အကြည်ဓာတ်လေးရှိနေဖို့အတွက်ဆို ဆိုးညစ်တဲ့စိတ်တွေကို ဖယ်ရှားပြီး ဘဝကို စိတ်ကောင်းကောင်းနဲ့ အေးအေးချမ်းချမ်းလေး ဖြတ်သန်းရပါမယ်။

2. Intelligence ဆိုတဲ့ ထက်မြက်မှုကလည်း အရေးကြီးပါတယ်။ ကိုယ့်ရဲ့အားသာချက် talents ဖြစ်စေ၊ ကိုယ့်ရဲ့ဝါသနာ hobbies ဖြစ်စေ၊ တစ်ခုခုမှာ ထူးချွန်နေတာ၊ တော်နေတာ၊ ထက်မြက်နေတာကလည်း မှန်ကန်တဲ့အချစ်တွေ ပေါက်ပွါးစေဖို့ လမ်းတစ်သွယ်ပါပဲ။

3. ကိုယ့်ရဲ့ အမူအကျင့်ကောင်းတွေ (ဥပမာ - တစ်ဖက်သားကို ကြင်နာတတ်တာ၊ တိရိစ္ဆာန်လေးတွေကို ချစ်တတ်တာ၊ သန့်သန့်ရှင်းရှင်းလေး နေထိုင်တတ်တာ၊ ကျန်းမာရေးလိုက်စားတာ) ကလည်း right person ရဲ့ အချစ်စစ်ကို တွေ့ရှိဖို့ ပိုလွယ်ကူစေပါတယ်။

4. သစ္စာတရားလည်း လိုအပ်ပါတယ်။ ဖောက်ပြန်တတ်တဲ့သူ၊ သစ္စာဖောက်တတ်တဲ့သူဟာ ဒီဘဝတစ်ခုမှာ right person နဲ့ ကွေကွင်းရနိုင်ပါတယ်။ ဒါကြောင့် အချစ်ရေးမှာ ကိုယ်သစ္စာပျက်လိုက်လို့ တစ်ဖက်သူနာကျင်သွားတာမျိုး မဖြစ်အောင် သတိရှိရပါမယ်။

5. ကိုယ့်ရဲ့ အားနည်းချက်တွေ၊ မကောင်းမွန်ခြင်းတွေ၊ dark side တွေကလည်း Right Person အတွက် လက်ခံနိုင်ပြီး အချစ်တွေပေးနိုင်ပါတယ်။ ဒါကြောင့် ဖုံးကွယ်ထားခြင်းထက်စာရင် အရှိအတိုင်းနေထိုင်တာက မှန်ကန်တဲ့အချစ်ကိုရဖို့ ပိုသေချာပါတယ်။ လုံးလုံးမကောင်းတဲ့အရာဆိုရင်တော့ ပြင်ဆင်ရမှာပေါ့။

6. ကိုယ့်ကိုယ်ကိုချစ်တတ်ခြင်းကတော့ အမြဲအရေးပါပါတယ်။ တစ်ကိုယ်တည်းပဲနေနေ၊ နှစ်ကိုယ့်တစ်စိတ်ပဲနေနေ၊ self-love ရှိနေမှသာ အချစ်ရဲ့ နာကျင်ပင်ပန်းခြင်းတွေအပေါ် တုံ့ပြန်နိုင်စွမ်းရှိပါလိမ့်မယ်။ လက်ခံသင့်တာ လက်ခံ၊ လွှတ်ချသင့်တာ လွှတ်ချရင်း တစ်ချိန်မှာ right person ဟာ ကိုယ့်အနားကို ရောက်လာမှာ ဧကန်ပါပဲ။

ချုံပြောရရင်တော့ အချစ်စစ်အချစ်မှန်ဆိုတာ
ရုပ်ရည်အပေါ်မှာ ဖြစ်တည်တာမျိုးမဟုတ်ဘဲ
နှလုံးသားနဲ့ စိတ်ဝိဉာဉ်အပေါ်မှာသာ
အဓိကဖြစ်တည်တာမျိုး ဖြစ်ပါတယ်။

နှလုံးသားလေးဟာ သန့်စင်လေလေ
စိတ်ဝိဉာဉ်လေးဟာ ကြည်လင်လေလေ
True Love ရှိတဲ့ Right Person နဲ့ ဆုံဆည်းဖို့
ပိုသေချာလေလေပါပဲ။

ရုပ်ရည်ဟာ overall အရေးမပါဘူးလို့ မဆိုလိုပါဘူး။
လှပခြင်းဟာ ဂုဏ်တစ်ပါးပါပဲ။
လှပခြင်းဟာ လာဘ်တစ်ပါးပါပဲ။

ဒါပေမယ့် အချစ်ရေးနဲ့ ပတ်သက်လာတဲ့အခါ
ရုပ်ရည်လှပဖို့ကိုပဲ အားစိုက်မနေဘဲ
နှလုံးသားနဲ့ စိတ်ဝိဉာဉ် လှပဖို့ကိုသာ
နေ့တိုင်း အားစိုက်စေချင်ပါတယ်။

Address

Guntur
522001

Website

Alerts

Be the first to know and let us send you an email when Beautiful Future posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category