BeetlatVoice

BeetlatVoice Stand for the truthful information and voices of people in Myanmar.

-- Manifesto --

- to fight against fake news in Myanmar
- to respect differences and create love & peace
- to worship the justice
- to educate people who are deprived in any form
- to learn and share
- to debate democratically

ရခိုင်ပြည်နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုအနက် ၁၀ ခုကို အာရက္ခတပ်တော်( AA )က ထိန်းချုပ်ထားကြော...
28/12/2024

ရခိုင်ပြည်နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုအနက် ၁၀ ခုကို အာရက္ခတပ်တော်( AA )က ထိန်းချုပ်ထားကြောင်း သုတေသန အဖွဲ့တခုဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ယနေ့( ဒီဇင်ဘာ ၂၈ ရက် )တွင် ထုတ်ပြန်သည်။
ISP-Myanmar မှ ဒီဇင်ဘာ ၂၄ ရက်နေ့ထိ ရရှိသည့် အချက်အလက်အရ သံတွဲနှင့် အမ်းမြို့ရှိ လေအားလျှပ်စစ်စီမံကိန်းများကို AA မှ အပြည့်အဝထိန်းချုပ်ထားပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း၊ ကျောက်ဖြူ-နေပြည်တော် ကားလမ်းစီမံကိန်း၊ တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေကို တစိတ်တပိုင်း ထိန်းချုပ်ထားကြောင်း ဖော်ပြထားသည်
အာရက္ခတပ်တော်(AA)မှ ထိန်းချုပ်ထားသည့် စီမံကိန်းများအနက် တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၁,၀၉၀ သန်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် ဒေါ်လာ ၁၁,၀၀၀ သန်း၊ ရေနံပိုက်လိုင်း စီမံကိန်းသည် ဒေါ်လာ ၁,၅၀၀ သန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် ဒေါ်လာ ၉,၆၀၀ သန်း နှင့် ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံး စွမ်းအင်စီမံကိန်းသည် ဒေါ်လာ ၁၈၀ သန်း တန်ဖိုးရှိကြောင်း ISP Myanmar မှ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။
Crd...Mizzima

မံစီမြို့ကိုစီုးမိုးထားနိုင်ပြီ။ခလရ ၃၁၉ တပ်ရင်းမှုုးဗျူဟာမှုုးလည်း တိုက်ပွဲကျ။ဒီဇင်ဘာလ ၂၈။ ။၂၀၂၄။ရန်ကုန်မြို့တွင် တော်လှ...
28/12/2024

မံစီမြို့ကို
စီုးမိုးထားနိုင်ပြီ။
ခလရ ၃၁၉ တပ်ရင်းမှုုးဗျူဟာမှုုးလည်း တိုက်ပွဲ
ကျ။

ဒီဇင်ဘာလ ၂၈။ ။၂၀၂၄။

ရန်ကုန်မြို့တွင် တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သော ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်းသည် ကချင်ပြည်နယ်၊ မံစီမြို့တိုက်ပွဲတွင် သေဆုံးသွားကြောင်း သိရှိရပါသည်

ဒီဇင်ဘာလ ၂၂ ရက်နေ့ ကချင်ပြည်နယ်၊ မံစီမြို့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မံစီမြို့ကို တိုက်ခိုက် သိမ်းပိုက်နေစဉ် တပ်မ ၈၈ ၏ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်းသည် တိုက်ပွဲအတွင်းသေဆုံးသွားခြင်းဖြစ်ကြောင်း၊ မိသားစုက ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီအချိန် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ နေအိမ်တွင် ရက်လည် ဆွမ်းသွပ်တရားနာပြုလုပ်ပြီးဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၄ သင်တန်းဆင်းဖြစ်ကာ သေဆုံးချိန်တွင် ဇနီး ဒေါ်စိုးစိုးထွေးနှင့် သား တစ်ဦးကျန်ရစ်ကြောင်း၊ မံစံမြို့သို့ မပြောင်းရွှေ့ခင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် စစ်ဦးစီးပထမတန်း (G1) ဒုတိယဗိုလ်မှူးကြီး ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ၂၀၂၃ ခုနှစ်အထိ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းတို့ကို ကိုင်တွယ်ခဲ့ရကြောင်း၊ ထိုကာလ ရန်ကုန်ရှိ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီး သတ်ဖြတ်ရာတွင် ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်းက အဓိက ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။


သတင်း&ဓာတ်ပုံ.....Khit This Media

လေဆိပ် တစ်ခုမှ မထိမ်းချုပ်နိုင်တဲ့ အခြေအနေကနေလေးခုတောင်ထိမ်းချုပ်နိုင်တဲ့ အခြေအနေကိုရောက်ခဲ့ပါပြီ။ တလရရဲ့ အရှိန်အဟုန်ကို...
27/12/2024

လေဆိပ် တစ်ခုမှ မထိမ်းချုပ်နိုင်တဲ့ အခြေအနေကနေ
လေးခုတောင်ထိမ်းချုပ်နိုင်တဲ့ အခြေအနေကိုရောက်ခဲ့ပါပြီ။ တလရရဲ့ အရှိန်အဟုန်ကို ခန့်မှန်းနိုင်ပါပြီ။

26/12/2024

အာရက္ခတပ်တော် (AA) မှ ‌‌ဒီနေ့ ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်လာတဲ့ ရခိုင်ပြည် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၏ ဖွင့်ဟထွက်ဆိုချက် ပြန်လည်တင်ပြလိုက်ပါတယ်။

ရုပ်သံ - AA Info Desk

25/12/2024

ဟောက်စူပါ ဟောင်စုလို့အသံမထွက်ပါ။
“ကြီးမြတ်သော ထမြောက်ရှင်သန်ခြင်း”လို့ပြောလို့ရမယ်
********************************************
浩 ကို ဟောင်လို့ အသံမထွက်ဘူး၊
ဟောက့်လို့ အသံထွက်တယ်။ (အသံပြတ်မယ်)
အဓိပ္ပာယ်က ကောင်းသော မဟုတ်ဘူး။
ကျယ်ပြောတာ၊ ခမ်းနားကြီးကျယ်တာ၊ ကြွယ်ဝတာ။
ဒီရေလှိုင်းတံပိုး ကြီးတာမှာ ပိုသုံးကြတယ်။
ရေလှိုင်းတွေ တစ်လှိုင်းပြီး တစ်လှိုင်း လာတယ်ဆိုတာမျိုး။

苏 ကို စုအသံမထွက်ဘူး၊ စူလို့ ထွက်ရမယ်။
(အသံဆွဲမယ်)
အဓိပ္ပာယ်က မိသားစုမဟုတ်ဘူး။
မျိုးရိုးနာမည်မှာ အသုံးများတယ်။
နိုးထတာ၊ ထမြောက်ရှင်သန်တာ၊ အခက်အခဲ ဝေဒနာကို သက်သာစေတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။

တရုတ်နာမည်ကို တရုတ်အသံထွက်နဲ့ မြန်မာလို ရေးရင် ဘယ်လိုမှ အဆင်မပြေဘူး။ မန္တလေးက တချို့ဆိုင်တွေဆို တရုတ်အသံထွက်ကြီးတွေနဲ့ ဘာကို ပြောချင်မှန်းမသိဘူး။ မြန်မာပြည်ပဲ .... မြန်မာလို အဓိပ္ပာယ်ခပ်ဆင်ဆင်ပေးတော့ ဘာဖြစ်သွားမှာလဲလို့ ...

ဟောက့်စူ ကို မြန်မာလို ခပ်ဆင်ဆင် နာမည်ပေးမယ်ဆိုရင် ဘယ်လိုပေးချင်လဲ..
ကျွန်မကတော့ ကြီးမြတ်သော ထမြောက်ရှင်သန်ခြင်းလို့ ပေးမယ်...ဒါမှ အခက်အခဲတွေ
ဝေဒနာတွေ သက်သာမယ်လေ...

💌

#နိုင်းနိုင်းစနေ

စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စန်းငွေ ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိရန်ကုန်၊ ဒီဇ...
24/12/2024

စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စန်းငွေ ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူစန်းငွေသည် ယနေ့ နံနက်ပိုင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိ သွားတယ်လို့သိရပါတယ်
နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် စမ်းချောင်းမြိုနယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ဦး စန်းငွေ တစ်ဦးတည်းသာရှိနေစဉ် လူတချို့ ရောက်ရှိလာပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ ပစ်ခတ်မှုကြောင့် ရဲပြုတ်အုပ်ချုပ်ရေးမှူး စန်းငွေမှာ ဝမ်းဗိုက်ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက် အပြင်းအထန်ရရှိပြီး ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရကြောင်း၊ လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို ပိုဆောင်ဆေးကုသမှူခံယူလျက်ရှိကြောင်း၊ စစ်တပ်က ယင်းနေရာပတ်ဝန်းကျင်ကို ပိတ်ဆို့၍ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါတယ်

Crd...Photo ..khit Thit

ရန်ကုန်-မန္တလေး အမြန်ကားလမ်းမကြီးပေါ်မှအညာမြေPDF များ  ……….စစ်ကောင်စီထိန်းချုပ်ထားသည့် ရန်ကုန်-မန္တလေး အမြန်ကားလမ်းမကြီး...
23/12/2024

ရန်ကုန်-မန္တလေး အမြန်ကားလမ်းမကြီးပေါ်မှအညာမြေPDF များ
……….
စစ်ကောင်စီထိန်းချုပ်ထားသည့် ရန်ကုန်-မန္တလေး အမြန်ကားလမ်းမကြီးပေါ်သို့ PDF တပ်ဖွဲ့ဝင်များက ရောက်ရှိလာကာ ခရီးသွားယာဉ်များကို အသိပေး၊ စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ကရုပ်သံဖိုင်နဲ့တကွထုတ်ပြန်ထားပါတယ်

ဒီဇင်ဘာ ၂၃၊ နံနက် ၁၀နာရီခွဲခန့်(ဒီနေ့)က မိတ္ထီလာမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်ကြားရှိ အမြန်လမ်းမိုင်တိုင် ၃၁၈တွင် Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှ တပ်ဖွဲ့ဝင်များ က
အမြန်လမ်းမပေါ်သို့ တက်ရောက်လာပြီး လမ်းမပေါ်တွင် ဥဒဟိုသွားလာနေသော အိမ်စီးကားများ၊ ခရီးသည်တင်ယာဉ်များကို ရပ်တန့်ခိုင်း၍ ခရီးသွားများကို ကားပေါ်မှ ခေတ္တဆင်းခိုင်းကာ အမြန်လမ်းပေါ်တွင် မကြာခင်တိုက်ပွဲများဖြစ်လာနိုင်တာကြောင့် မလိုအပ်ဘဲ ခရီးမသွားကြရန်၊ ညအချိန်မတော် အပြင်မထွက်ကြရန်၊ တိုက်ပွဲများဖြစ်နေချိန်တွင် ကားကို ရှေ့ဆက်တိုး၍ မမောင်းဘဲ နီးစပ်ရာ လုံခြုံသောနေရာများတွင်သာ နေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အသိပေး ပြောကြားနေတာကိုရုပ်သံထဲမှာမြင်တွေ့ရပါတယ်
ယခုလ ၁၂ရက်နေ့ကလည်း အမြန်လမ်း မိုင်တိုင် ၃၁၉အနီးရှိ ရဲကင်းစခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်၊ တိုက်ခိုက်ခဲ့သေးပါတယ်

အခုရက်ပိုင်းအတွင်းရန်ကုန်နဲ့ဧရာဝတီတိုင်းဘက်ကလူငယ်တွေဆက်တိုက်ပျောက်ဆုံးနေတယ်လို့သျရပါတယ်"အင်းစိန်ပေါက်တောဝဘက်ကို 21.12.20...
23/12/2024

အခုရက်ပိုင်းအတွင်းရန်ကုန်နဲ့ဧရာဝတီတိုင်းဘက်ကလူငယ်တွေဆက်တိုက်ပျောက်ဆုံးနေတယ်လို့သျရပါတယ်

"အင်းစိန်ပေါက်တောဝဘက်ကို 21.12.2024ဒီနေ့နေ့လည် Delivery သွားပို့တာ အိမ်ကိုအခုထိပြန်မရောက်သေးသလို ဖုန်းကလဲစက်ပိတ်ထားပါသည်ဘဲအော်နေလို့ပါ တွေ့မိတဲ့သူများရှိခဲ့ရင် ပြောပြကူညီပေးကြပါအုန်းရှင် မိသားစုတွေလဲအရမ်းစိတ်ပူနေလို့ပါ အဲ့ဘက်မှာပေါ်တာတွေဘာတွေရောဆွဲတတ်သလားရှင် သိတဲ့သူများပြောပြပေးကြပါအုန်း တွေ့ရှိပါက 09764892739ကိုဆက်သွယ်ပေးပါရှင်ညီမမှာ ကလေးကလဲ လသားအရွယ်သားလေးနဲ့မို့ပါ လူလဲအရူးတစ်ပိုင်းဖြစ်နေပြီမို့ပါ ကူညီပေးကြပါအုန်းရှင် ပို့စ်လေးကိုဝိုင်း Share ပြီးကူညီပေးကြပါအုန်းရှင်"

မိုက်ကယ်ကျော်မြင့် ဆက်သွယ်ရေးပုဒ်မဖြင့် ထောင် ၁ နှစ်ကျဒီဇင်ဘာလ ၂၂ ရက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တရား...
22/12/2024

မိုက်ကယ်ကျော်မြင့် ဆက်သွယ်ရေးပုဒ်မဖြင့် ထောင် ၁ နှစ်ကျ

ဒီဇင်ဘာလ ၂၂ ရက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တရားစွဲဆိုထားခြင်းခံရသူ လကျ်ာစွန်းဝါဒီ မိုက်ကယ်ကျော်မြင့်သည် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် ဒီဇင်ဘာလ ၆ရက်နေ့က ထောင်ဒဏ် တနှစ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့်နှစ် မတ်လ ၂၈ ရက်နေ့ က မိုက်ကယ်ကျော်မြင့်၏ သတင်းစာရှင်းလင်းပွဲမှ စတင်ခြင်းဖြစ်သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ လုပ်သားပို့ဆောင်မှုပြုလုပ်သော Star High နှင့် 7 Star High ကုမ္ပဏီတို့တွင် ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီ၏ တူမနှင့် မြေးကိုယ်တိုင် ပါဝင်နေကြောင်း မိုက်ကယ်ကျော်မြင့်က ပြောဆိုခဲ့သည့်အပြင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီအား " ဥက္ကဋ္ဌကြီး လောင်ကီး"ဟု လူမှုကွန်ရက်တွင် သုံးနှုန်းမှုများကြောင့် ဧပြီ ၅ရက်တွင် ကြံ့ခိုင်ရေးပါတီဘက်က တရားစွဲဆိုခြင်းဖြစ်သည်။

မြို့ပြတွင်စစ်ကောင်စီနှင့်လက်ပါးစေတို့အတွက်လူံခြုံမူ့မရှိစေရ။ ။ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဗဟိုလမ်းပေါ် ရှိ Apollo ...
22/12/2024

မြို့ပြတွင်စစ်ကောင်စီနှင့်လက်ပါးစေတို့အတွက်လူံခြုံမူ့မရှိစေရ။ ။
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဗဟိုလမ်းပေါ် ရှိ Apollo Hotel အနီးတွင် Hotelသို့မင်္ဂလာဆောင်လာပြီးပြန်မဲ့စစ်ထောက်လှမ်းရေး ဗိုလ်မှူး ဇေယျာမင်းကို တော်လှန်ရေးအဖွဲ့များက ပစ်ခတ်လိုက်သည်ဟု Yangon Phoenixက ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် ထုတ်ပြန်လိုက်ပါတယ်။

စရဖ ဗိုလ်မှူး ဇေယျာမင်းကို ကျွန်ုပ်တို့ Yangon Phoenix နှင့် Together Urban Force တို့မှ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်အတွင်း ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ပြည်သူများကို အသိပေးထုတ်ပြန်အပ်ပါသည်
ဟု Yangon Phoenix က ထုတ်ပြန်ထားတာဖြစ်ပါတယ်

22/12/2024

အမေ့သားငယ် ကိုထိန်လင်းနဲ့အတူ အမေစု အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းလိုက်ကြရအောင်။
စိတ်ပူတယ်မေမေ
အမြန်ဆုံးလွတ်မြောက်ပါစေ
နေကောင်းလားမေမေ

တိုက်မယ်လို့ ကြေညာလိုက်တာ ပြေးတာတန်းနေတာပဲတဲ့Crd: Khit Thit
22/12/2024

တိုက်မယ်လို့ ကြေညာလိုက်တာ ပြေးတာတန်းနေတာပဲတဲ့
Crd: Khit Thit

မိသားစုဝင်များပျောက်ဆုံးလျှင်ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ICRC ဖုံး09891754512မရမ်းကုန်း ၈ မိုင်လမ်းဆုံ၊မြိုင်ဟေဝန်ပန်းခြံမှတ်တိ...
22/12/2024

မိသားစုဝင်များ
ပျောက်ဆုံးလျှင်

ကမ္ဘာ့ကြက်ခြေနီ အဖွဲ့
ICRC ဖုံး
09891754512
မရမ်းကုန်း ၈ မိုင်လမ်းဆုံ၊မြိုင်ဟေဝန်ပန်းခြံမှတ်တိုင်နှင့်မျက်နှာချင်းဆိုင်ရုံးသို့
မိသားစု သန်းခေါင်စာရင်းနဲ့
မှတ်ပုံတင်...
ကျောင်းသား မှတ်ပုံတင် မူရင်းများနဲ့
ဆက်သွယ် စုံစမ်းလို့ ရနိုင်ပါတယ်....

ဒီဇင်ဘာ၂၂။  ။ကန်ပက်လက်ချင်းတောင်ပိုင်း ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်ပြီလို့ချင်းညီနောင်အဖွဲ့ကဒီနေ့ကြေငြာချက်ထုတ်ပြန်လ...
22/12/2024

ဒီဇင်ဘာ၂၂။ ။ကန်ပက်လက်

ချင်းတောင်ပိုင်း ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်ပြီလို့ချင်းညီနောင်အဖွဲ့ကဒီနေ့ကြေငြာချက်
ထုတ်ပြန်လိုက်ပါတယ်
အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်ဖြစ်သော ချင်းညီနောင်အဖွဲ့ဟာ ဇိုမီးဖက်ဒရယ် အစည်းအရုံး (ZFU)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (ကန်ပက်လက်)၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (မတူပီ) တပ်မဟာ ၁ စုဖွဲ့ထားသည့်အဖွဲ့ ဖြစ်ပါတယ်။
ဒီအဖွဲ့ဟာမင်းတပ်မြို့ကိုလည်းသိမ်းပိုက်နိင်ခဲ့ပြီး
၊ ကျင်ဒွေးမြို့ကို ဧပြီ ၂၉ ရက်တွင် လည်းကောင်း၊ ဇွန် ၂၉ ရက်တွင် မတူပီမြို့ကိုလည်းကောင်း
သိမ်းပိုက်နိုင်ခဲ့ပါတယ်ကန်ပက်လက်မြို့နယ်နှင့်နယ်နိမိတ်ချင်း ထိစပ်နေသည့် ပလက်ဝမြို့နယ်ကိုလည်း AA က ထိန်းချုပ်ထားပြီဖြစ်ပါတယ်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်အာရက္ခတပ်တော်မှ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြို့လေးမြို့အနက် လက်ရှိအချိန်တ...
21/12/2024

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်

အာရက္ခတပ်တော်မှ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြို့လေးမြို့အနက် လက်ရှိအချိန်တွင် ဂွတစ်မြို့သာ ကျန်ရှိတော့ကာ ဂွမြို့သိမ်းတိုက်ပွဲတွင်လည်း အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီးဖြစ်သည်။ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များမှလည်း ဂွ မြို့ သိမ်းတိုက်ပွဲအတွက် ထိုးစစ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုAAကသတင်းထုတ်ပြန်ထားပါတယ်

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များအား မည်သို့ပင် ဖြည့်တင်းနေစေကာမူ အတင်းအဓမ္မစုဆောင်းထားသော တပ်သားသစ်များဖြင့် ဖွဲ့စည်းထားသည့် စိတ်ဓာတ်ပျက်ပြားနေပြီး ညွန့်ပေါင်း တပ်အစုအပေါင်းတစ်ခုကဲ့သို့ ဖြစ်နေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မှာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေမှုများနှင့်အတူ ဂွမြို့သည်လည်း မကြာခင်ရက်များအတွင်း ကျိန်းသေ လက်လွှတ်ဆုံးရှုံးရတော့မည့် အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြို့ဖြစ်သည်ဟုလည်းဖော်ပြထားပါတယ်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၇/၁၈) ရက်နေ့များတွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်မှ ဂွမြို့နယ်၊ "အလယ်ရွာ"ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင်လည်း နံနက် (၇) နာရီအချိန်ခန့်မှ စတင်ကာ ၎င်းတို့အခြေစိုက်ရာ ခမရ (၅၆၃) အနီးအနားမှ လူနေအိမ်များကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ကာဖျက်ဆီးမှုများကြောင့် အပြစ်မဲ့ပြည်သူလူထု၏ နေအိမ်အများအပြားမှာ
မီးလောင်ပျက်စီးခဲ့ရတယ်လို့AAကသတင်းထုတ်ပြန်ထားပါတယ်

21/12/2024

“တို့ကျောင်းနှစ်ပါတ်လည်”

ဖြူဖြူနဲ့ အတူ ချစ်သုဝေ၊ သုသု၊ ကျားပေါက် စသဖြင့်ကိုယ့်ရဲ့ favourite ဆရာဝန်အနုပညာရှင်
ဆရာဝန်တော်လှန်သမားတွေရှိရင် မန့်ခဲ့ပါဦး။

ဖြူဖြူ့ ရဲ့ ယူကျု့ပ် channel မှာ professional video သီချင်းတစ်ပုဒ်လုံးကို ပထမဆုံး မန့်ရဲ့ လင့်ခ် မှာကြည့်ရှုနားဆင်နိုင်ပါတယ်။

Crd: Down Down
21/12/2024

Crd: Down Down

Address


Website

Alerts

Be the first to know and let us send you an email when BeetlatVoice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BeetlatVoice:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share