⚜️ King Anawraha and King Kyansitthar ⚜️
⚜️ ကြီးမြတ်သောမြန်မာကို 2019 လောက်တုန်းက ကြည့်ခဲ့ဖူးတဲ့သူတွေရှိလားမသိဘူး။ admin ကတော့ မှတ်မှတ်ရရ second semester စာမေးပွဲဖြေခါနီးကြီး အသည်းအသန်သွားကြည့်ခဲ့ရတာ။ အနော်ရထာနဲ့ကျန်စစ်သားပါတဲ့ ရုပ်ရှင်ကားကြီးဆိုပြီးကြေငြာထားပြီး trailer ထဲမှာလဲ သူတို့ scene တွေပဲထည့်ထားတော့ အားရဝမ်းသာ historical movie ကြည့်ရပြီပေါ့ဆိုပြီးသွားတာ တကယ်တမ်းက historical documentary film ( သမိုင်းမှတ်တမ်းရုပ်ရှင် ) ကြီးဖြစ်နေတော့ ဂျင်းမိသွားခဲ့တာပေါ့။ ဒါပေမယ့်အဲ့ကားထဲမှာသုံးထားတဲ့ costume တွေ setting အပြင်အဆင်တွေကတော့ တကယ်တမ်းရုပ်ရှင်ရိုက်ရင် ရိုက်လို့ရတဲ့အနေအထားတစ်ခုအထိ တန်းမှီပါတယ်။ 2019 လောက်က ဖွံ့ဖြိုးဆဲအခြေအနေမှာ ဒီလိုမျိုးရိုက်နိုင်ခဲ့တာ ကြားထဲသာဘာပြဿနာမှမဖြစ်ရင် အခုလောက်ဆို ရုပ်ရှင်ကားကြီးတွေရိုက်နိုင်တဲ့အခြေအနေကိုရောက်နေမှာပါ။ အခုတော့လဲ အတိတ်ကအရာလေးတွေကိုပဲ စားမြုံပြန်ရတော
၂၀၂၆ မှပဲ ကြိုးစားတော့မယ် 🙂↔️
ဒီနှစ်တော့ ရှိပါစေတော့ ၂၀၂၆ မှပဲ ကြိုးစားတော့မယ်🙂↔️
⚜️ The Downfall of Burma’s Monarchy ⚜️
⚜️ The Downfall of Burma’s Monarchy ⚜️
▪2025 ခုနှစ် January 1 ရက်နေ့ဟာဆိုရင် ကုန်းဘောင်မင်းဆက်နဲ့ဘုရင်စနစ်ပျက်သုန်းပြီးတော့ ဗမာတစ်နိုင်ငံလုံး ဗြိတိလျှထီးနန်းလက်အောက်ကို ကျရောက်ခဲ့ရတဲ့ နှစ်ပေါင်း 138 နှစ် ပြည့်တဲ့နေ့ပဲဖြစ်ပါတယ်။ ဗမာတို့ဟာ 1885 ခုနှစ် November 29 ရက်နေ့ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲကြီးအပြီးမှာ ဗြိတိလျှစစ်တပ်ကို အရေးနိမ့်ခဲ့ရပြီးတော့ 1886 ခုနှစ် January 1 ရက်နေ့မှာ အိန္ဒိယဘုရင်ခံချုပ် Lord Differin ကနေပြီး “ Victoria ဘုရင်မကြီး၏ အမိန့်တော်အရ သီပေါမင်း အုပ်ချုပ်ခဲ့သော ပိုင်နက်ဒေသ အားလုံးသည် သီပေါမင်း လက်အောက်ခံမဟုတ်တော့၍ အရှင်သခင် ဘုရင်မကြီး၏ပိုင်နက်တွင် တစိတ် တဒေသ အဖြစ် ပါဝင်ခဲ့ရပြီဖြစ်ပါသည်။ အရှင်သခင် ဘုရင်မကြီး၏ အလိုဆန္ဒတော်အရ ထိုဒေသများကို အိန္ဒိယ ဘုရင်ခံချုပ်နှင့် ဘုရင်ခံတို့က အခါအားလျော်စွာ ခန့်အပ်သွားမည့် အရာရှိများမှတဆင့် စီရင်အုပ်ချုပ်လိ
⚜️ Crazy Rich Asians - back storylines ⚜️
⚜️ 2018 တုန်းကထွက်ခဲ့တဲ့ Crazy Rich Asians ရုပ်ရှင်ကားကြီးကို တော်တော်များများကြည့်ဖူးကြမယ်ထင်ပါတယ်ဗျ။ အဲ့ထဲက စစအဖွင့်အပိုင်းထဲမှာ ဇာတ်လိုက်မင်းသားရဲ့ဝမ်းကွဲအမဖြစ်သူ Astrid Leong က စျေးဝယ်ထွက်တဲ့ scene လေးမှာ ဗမာ့သမိုင်းအကြောင်းပါလာတာကို မှတ်မိကြတဲ့သူများရှိမလားတော့မပြောတတ်ဘူးဗျ။ မမှတ်မိတဲ့သူတွေကတော့ အောက်က video ထဲက ပထမ scene တစ်ဖြတ်ကို ကြည့်လိုက်ပါဗျ။ admin ကတော့ အဲ့လိုလေးတွေကိုယ့်နိုင်ငံအကြောင်းပါလာရင် စိတ်ဝင်စားမိတော့ သူတို့ထည့်ရိုက်ထားတာနောက်ကြောင်းကို နည်းနည်း details ပြန်လိုက်ဖတ်ကြည့်ခဲ့ဖူးပါတယ်။ video ထဲမှာပါတဲ့အတိုင်း မိဖုရားခေါင်ကြီးစုဖုရားလတ်ရဲ့နားဆွဲလို့ book adaptation ရုပ်ရှင်ထဲမှာတော့ထည့်ရိုက်ထားခဲ့အေမယ့် တကယ့်မူရင်းစာအုပ်ထဲမှာတော့ Astrid ဟာ ရိုမေးနီးယားရဲ့နောက်ဆုံး မိဖုရားဖြစ်တဲ့ Marie ရဲ့ ရှေးဟောင်းပုလဲနဲ့ စိန်နားဆွဲတွေကို ဝယ်ယူခဲ့
⚜️ King Naresuan movies mmsub ⚜️
⚜️ The Legend of King Naresuan movies တွေထဲက admin နောက်ထပ်သဘောကျမိတဲ့ scene လေးတစ်ခုပါ။ ရှေးခေတ်ကတော့ စစ်တိုက်ထွက်ရင် ဒီလိုမျိုးထွက်ကြတာလား မသိပေမယ့် ဒီရုပ်ရှင်ထဲမှာတော့ စစ်ချီတော်မူခန်းကိုပုံဖော်ထားတာ ကြည့်ရသူအဖို့ ကျက်သီးထဖွယ်ကောင်းလှပါတယ်။ ဆင်တွေ စစ်သားတွေအများကြီးနဲ့ ရွှေနန်းတော်နဲ့ မြို့ရိုးအလှကိုပါ ပေါ်အောင်ရိုက်သွားတာ တော်တော်လေးကြည့်ရတာခမ်းနားတာပါ။ ထိုင်းတွေမြန်မာတွေအကြောင်းထည့်ရိုက်တိုင်း တစ်ချို့တစ်လေလေးတွေတော့ လွဲတာမျိုးရှိပေမယ့် ဘယ်တော့မှ ပြီးပြီးရောတော့ ရိုက်လေ့မရှိကြပါဘူး။
⚜️ King Naresuan movies ကြည့်ရန် ⚜️
https://t.me/thecrownmyanmar/1185
#kingnareusan #kingsnareuanmmsub #mmsub
#thelegendofkingnaresuan #kingdomofwar
#kingdomofwarmmsub #MyanmarHistory
⚜️ Kingdom of War ⚜️ mmsub
⚜️ ထိုင်းတွေက မြန်မာ့သမိုင်းအကြောင်းထည့်ရိုက်တိုင်း ရာဇပုလ္လင်ကို သူတို့ထိုင်းပုလ္လင်လိုမျိုး ရှေ့ကနေလှေကားနဲ့တက်ရတဲ့ပုံစံနဲ့ ကားတိုင်းလိုလိုမှာ အမြဲထည့်ရိုက်လေ့ရှိပေမယ့် ဒီရုပ်ရှင်ထဲမှာတော့ ပုလ္လင်ဟာ ရှေ့ကနေလှေကားနဲ့တက်ရတဲ့ လှေကားပုံစံမျိုး မဟုတ်ပဲ ကွဲပြားနေတာကိုတွေ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါးလောက်ကထွက်ခဲ့တဲ့ရုပ်ရှင်ဆိုပေမယ့်လဲ အတော်လေး detailed ဖြစ်တာကိုတွေ့ရပါတယ်။
⚜️ King Naresuan Movies ကြည့်ရန် ⚜️
https://t.me/thecrownmyanmar/1185
#kingdomofwarmmsub #kingnaresuan #thelegendofkingnaresuan #mmsub #movies
#MyanmarHistory #myanmarthrone #history
အနော်ရထာ low budget 🤣
⚜️ YouTube မှာ music video တစ်ခုတက်လာတာနဲ့ ဘာရယ်မဟုတ်ဘူး အနော်ရထာဆိုလို့စိတ်ဝင်စားလို့ဝင်ကြည့်လိုက်တာ ဘယ်သူက အနော်ရထာလဲ ဘယ်သူကမိဖုရားခေါင်ကြီးလဲ ခွဲမရဖြစ်သွားတယ်။ ရာဇဝင်ကားငတ်နေသူတွေအတွက် အနော်ရထာ low budget version လေးတစ်ဖြတ်ရမယ်နော် ဒီအနော်ရထာက လှံနဲ့တော့မပစ်ဘူး မိတ်ကပ်ဘူးနဲ့ကောက်ပေါက်မှာတဲ့ 🥹
#justforfun #အနော်ရထာ #lowbudget
⚜️Kingdom of War ⚜️ mmsub
⚜️ The Legend of King Naresuan ထဲက သဘောကျမိတဲ့ ဘုရင့်နောင်ရဲ့ scene လေးတစ်ခု။ ဒီကားက The Legend of Suriyothai ကြည့်ပြီးတဲ့သူတွေဆို ဆက်ကြည့်ရမယ့် ရုပ်ရှင်အဆက်ပါ။ ပထမ The Legend of Suriyothai ထဲမှာတော့ အဲ့အချိန်ကမင်းဖြစ်တဲ့ တပင်ရွှေထီးတော့ပါပေမယ့် Scene တွေကအများကြီးမပါပါဘူး။ အခု Naresuan မှာတော့ ဘုရင့်နောင်က Naresuan နဲ့အပြိုင် main cast အနေနဲ့ထည့်ရိုက်ထားပြီး တခမ်းတနားနဲ့ကို သေသေချာချာလေးရိုက်ပြထားတာပါ။ ဘုရင့်နောင်လွန်တော့လဲ နောက်ပိုင်း နန္ဒဘုရင်ဆို့ မင်းရဲကျော်စွာတို့လဲ ဆက်တိုက်အစုံပါတာမလို့ မကြည့်ရသေးတဲ့သူတွေ ကြည့်သင့်တဲ့ရုပ်ရှင်တွေပဲဖြစ်ပါတယ်။
⚜️ Movies ကြည့်ရန် ⚜️
https://t.me/thecrownmyanmar/1185
#kingdomofwarmmsub #KINGDOMOFWAR
#ဘုရင့်နောင် #ဘုရင့်နောင်မင်းတရား #mmsub
#naresuan #thelegendofkingnaresuan
⚜️ အရပ်ဆယ်မျက်နှာကို အောင်နိုင်သူ ⚜️
- King Bayinnaung (1551–1581), known as the “Conqueror of Ten Directions” was a Toungoo Dynasty ruler who built the largest empire in Southeast Asia. He famously conquered Siam (Thailand) in 1569, making Ayodhaya a vassal state. Renowned for his military prowess, administrative reforms, and promotion of Theravāda Buddhism, Bayinnaung’s reign unified Burma and left a lasting legacy as a formidable empire-builder.
#kingbayinnaung #ဘုရင့်နောင် #ဘုရင့်နောင်မင်းတရား
#kingdomofwar #kingdomofwarmmsub #edit
⚜️ Sri Ayodhaya ⚜️ series mmsub
⚜️ Sri Ayodhaya ( သီရိအယုဒ္ဓယ ) series ထဲမှာ အလောင်းမင်းတရားကြီးဟာ အယုဒ္ဓယကိုတိုက်ရင်းနဲ့ သူတို့ရဲ့အမြှောက်လက်နက်ကြောင့် ထိခိုက်ဒဏ်ရာရပြီး နတ်ရွာစံသွားတယ်လို့ပုံဖော်ထားပါတယ်။ ဗမာ့သမိုင်းမှာတော့ အလောင်းမင်းတရားဟာ အယုဒ္ဓယကိုသိမ်းပိုက်ရန်တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပဲ အပြန်လမ်းခရီးမှာ နာမကျန်းဖြစ်ခဲ့ပြီးတော့ ကျောက်ရောဂါ (ဝါ) ဝမ်းရောဂါဖြင့် နတ်ရွာစံခဲ့ရတယ်လို့မှတ်တမ်းတင်ထားပါတယ်။ ဒါကိုသူတို့ဘက်ကနေ အနိုင်ပိုင်းချင်တဲ့သဘောမျိုးနဲ့ ထည့်ရိုက်ခဲ့တာလို့ယူဆရပေမယ့်လဲ မင်းတရားကြီးရဲ့ရုပ်အလောင်းကို ဗမာ့ရွှေနန်းတော်ကို ပြန်လည်သယ်ဆောင်လာပုံကိုပုံဖော်ထားတာ တော်တော်လေးခမ်းနားပြီးတော့ ကြည့်ရတာတကယ့်ကိုရင်သပ်ရှု့မောဖြစ်ဖို့ကောင်းပါတယ်။ ဒါတောင် Setting က ထိုင်းမှာပဲတည်ပြီးရိုက်ခဲ့တယ်ဆိုပေမယ့် တကယ့်ကိုအသေးစိပ်သေချာ