By Generations FM

By Generations FM ဤpageမှ အခကြေးငွေ/အကျိုးအမြတ် တစုံတရာ ယူပြီး အကြံပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်း မရှိပါ We do not advise on any particular case.

အခကြေးငွေ/အကျိုးအမြတ်တစုံတရာယူပြီး အကြံပေး ဝန်ဆောင်မှုပေးခြင်း မရှိပါ

We are neither lawyers nor authorized immigration consultants. We do not provide any immigration advice or services for a fee or other consideration. We will not answer any specific immigration questions. Any information available on this channel is general information. The information from this channel is NOT legal advice and

must NOT be taken as personal advice given to the individual viewer, specific case or situation. The content is solely based on our personal experience and understanding. While the information is true and accurate to our best knowledge at the time of publication, changes may occur. We strongly recommend that you do own research and fact checking. Any reliance you place on the material is strictly at your own risk. We assume no liability for how the information on this channel is used or interpreted and hence take no responsibility for any consequences. Land acknowledgment:
As we're new Canadians, we would like to acknowledge with gratitude that we are connecting today on the traditional, ancestral, and unceded territories of many B.C. First Nations who have cared for and nurtured this land for all time, and we give thanks for allowing us as visitors to live, work and care together.

24/09/2024
01/08/2024

စစ်အာဏာသိမ်းပြီးတဲ့နောက် ပဋိပက္ခတွေကျယ်ပြန့်လာပြီး မြန်မာက ကလေးသူငယ် တစ်သန်းကျော်ဟာ ဝက်သက်၊ ပိုလီယိုနဲ့ .....

30/07/2024
ဆုတောင်းပွဲမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး၊ ခရစ်ယာန်သင်းအုပ်ဆရာ၊ မွတ်စလင်ဘာသာရေးခေါင်းဆောင်တို့က ကိုဂျင်မီတို့လေးဦးနှင့်တကွ န...
17/07/2024

ဆုတောင်းပွဲမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး၊ ခရစ်ယာန်သင်းအုပ်ဆရာ၊ မွတ်စလင်ဘာသာရေးခေါင်းဆောင်တို့က ကိုဂျင်မီတို့လေးဦးနှင့်တကွ နွေဦးတော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ သူအားလုံးအတွက် London ကနေ ဆုတောင်းမေတ္တာပို့သပေးကြမှာဖြစ်ပါတယ်။

"ကိုဂျင်မီတို့ လေးဦးအတွက်နှစ်ပတ်လည် ဘာသာပေါင်းစုံဆုတောင်းပွဲ”

ဇူလိုင်၂၃ရက်နေ့ဟာ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ကို အာဏာ
သိမ်းစစ်ကောင်စီက မတရားကြိုးပေးသတ်ခဲ့တာ နှစ်နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအတွက် ကိုဂျင်မီတို့လေးဦး အသက်ပေးခဲ့ရမှုကို အမှတ်တရဂုဏ်ပြုတဲ့အနေနဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲ ကျင်းပပြုလုပ်သွားဖို့ စီစဥ်ထားပါတယ်။

အထက်ပါဆုတောင်းပွဲမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး၊ ခရစ်ယာန်သင်းအုပ်ဆရာ၊ မွတ်စလင်ဘာသာရေးခေါင်းဆောင်တို့က ကိုဂျင်မီတို့လေးဦးနှင့်တကွ နွေဦးတော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ သူအားလုံးအတွက် ဆုတောင်းမေတ္တာပို့သပေးကြမှာဖြစ်ပါတယ်။

အလားတူ ကိုဂျင်မီနဲ့ လူပုဂ္ဂိုလ်ချင်းရင်းနှီးတဲ့ နိုင်ငံ‌ရေးလုပ်ဖော်ကိုင်ဖက်တွေကလည်း ကိုဂျင်မီနဲ့ ပတ်သက်တဲ့အမှတ်တရတွေဝေငှပြောကြားပေးကြဖို့ရှိပါတယ်။ အစားအသောက်အနေနဲ့ ကော်ဖီ၊
လဘက်ရည်၊မြန်မာမုန့်တွေကို အခမဲ့ ဧည့်ခံကျွေးမွေးဖို့ စီစဥ်ထားပါတယ်။ ညနေ ၆ နာရီမှာ စတင်ဝင်ရောက်နိုင်ပြီး၊ ၆:၂၅ နောက်ဆုံးထားပြီးဝင်နိုင်ပါတယ်။ ကြွေလွင့်သွားတယ့် သူရဲကောင်းတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အပေါ် အမည်းရောင်ဝတ်လာဖို့ မေတ္တာရပ်ခံပါတယ်။

ဆုတောင်းပွဲကို တက်ရောက်မည်ဆိုပါက ကျေးဇူးပြု၍ attendance form ဖြည့်ပေးပါ။

https://docs.google.com/forms/d/e/1FAIpQLSctv8BHqe5qbErNJjnCx8EUIuZoGGTisHD-xY2s8lr0QDE4Ew/viewform?vc=0&c=0&w=1&flr=0

Two Year Memorial Service Dedicated to Ko Jimmy and other three Burmese Democracy Activists On July 23rd, it will mark two years since Ko Jimmy, Ko Phyo Zeyar Thaw, Ko Hla Myo Aung, and Ko Aung Thu Zaw were unlawfully arrested and executed by the Myanmar Military Junta.

In their honour, we will hold a two-year memorial event on Tuesday, the 23rd of July 2024 to commemorate their ultimate sacrifice for our Spring Revolution. During the event, a video message prayer from a Buddhist Monk will be shared, along with a Christian Minister and a Muslim Imam who will also join to pray for all fallen heroes and for all the people of Burma.

Additionally, Ko Jimmy's political comrades and other distinguished guest speakers will share memories to honor him and his legacy. Refreshments, including Tea, Beverages and Burmese Snacks, will be provided. For further details, please refer to the invitation card. Your presence and support would be deeply appreciated as we gather to remember and celebrate the lives of these brave individuals.

If you are joining the event, please fill out the attendance form.
https://docs.google.com/forms/d/e/1FAIpQLSctv8BHqe5qbErNJjnCx8EUIuZoGGTisHD-xY2s8lr0QDE4Ew/viewform?vc=0&c=0&w=1&flr=0

23rd July, 6:30 pm to 8:30 pm
Union Chapel - 19b, Compton Terrace,
London, N1 2UN.
The door will open at 6:00 PM and close at 6:25 PM
Dress code: Black

UK မှာ မိန်းမနဲ့ သမီး ၂ယောက်ကို မြှားနဲ့ပစ်သတ်ပြီးလွတ်မြောက်နေတဲ့ လူသတ်တရားခံ​ Kyle Clifford
11/07/2024

UK မှာ မိန်းမနဲ့ သမီး ၂ယောက်ကို မြှားနဲ့ပစ်သတ်ပြီးလွတ်မြောက်နေတဲ့ လူသတ်တရားခံ​
Kyle Clifford

Police began the hunt for 26-year-old Kyle Clifford after the bodies of the wife and two daughters of the BBC sports commentator were found in Hertfordshire....

ယူတီကာကရင်အဖွဲ့ဥက္ကဋ္ဌ စောလူပွေဒိုနှင့် မေးမြန်းချက်
02/07/2024

ယူတီကာကရင်အဖွဲ့ဥက္ကဋ္ဌ စောလူပွေဒိုနှင့် မေးမြန်းချက်

၁၃ နှစ်အရွယ် ကရင်လူငယ် ပစ်သတ်ခံရမှုအပေါ် ယူတီကာကရင်အဖွဲ့ဥက္ကဋ္ဌ စောလူပွေဒိုနှင့် မေးမြန်းချက်

---------------
“အမှုကပြည်နယ် စုံစမ်းဖော်ထုတ်ရေး AG လက်ထဲမှာရှိပြီး ” ယူတီကာကရင်အဖွဲ့ဥက္ကဋ္ဌ စောလူပွေဒို

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ခ် ပြည်နယ်၊ ယူတီကာမြို့နယ်တွင် ပြီးခဲ့သည့် ဇွန် ၂၈ ရက်နေ့ ညပိုင်းက အသက် ၁၃ နှစ်အရွယ် ကရင်လူငယ် စောညမွှေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပစ်ခတ်ရာ သေဆုံးမှု ဖြစ်စဥ် ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဥ်ဖြစ်ပွားခဲ့မှု၊ နောက်ဆက်တွဲ အခြေအနေများနှင့် ပတ်သက်၍ Karen Organization of Utica အဖွဲ့ဥက္ကဋ္ဌ စောလူပွေဒိုနှင့် ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားမှုများကို ပြန်လည်ဖော်ပြ လိုက်ပါသည်။

မေး။ ။ ယူတီကာမှာ ၁၃နှစ်အရွယ် ကရင်လူငယ် စောညမွှေး ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောပြပေးပါ။
ဖြေ ။ ။ ဖြစ်စဉ်က ဘယ်လိုဖြစ်လာလဲဆိုရင် အဲဒီကလေးက သူ့သူငယ်ချင်းတစ်ယောက်နဲ့ ည ၁၀နာရီကျော်မှာ စက်ဘီးစီးတယ်။ အဲမှာရဲက သူတို့ကို စစ်ဆေးဖို့ ရပ်ခိုင်းလိုက်တယ်။

သိရတာကတော့ ရဲကအခုလို ရပ်ခိုင်းတဲ့အကြောင်းအရင်းကတော့ နှစ်ချက်သုံးချက်ရှိတယ်။ အဲဒီ မတိုင်ခင် ၂ ရက်လောက်က ဒီဒေသမှာ ဓားပြမှုနဲ့ပတ်သက်ပြီး လူငယ်တွေ ဖမ်းခံရတာရှိတယ်။ လက်နက်တွေ၊ ဓားတွေနဲ့ ဖမ်းဆီးရမိတာရှိတယ်။ ဒါကြောင့် ရဲတွေက အင်အားဖြည့်ပြီး ကင်း လှည့်လာတယ်။ သူတို့ကအဲဒီမှာ စက်ဘီးစီးတာက လမ်းလယ်ခေါင်မှာစီးတယ်။ အမှန်ဆိုရင် စက်ဘီး ဆိုရင် လမ်းဘေးဘက်မှာစီးရမယ်ဆိုတော့ ရဲက သူတို့လမ်းလယ်ခေါင်မှာစီးတာကိုရပ်ခိုင်းလိုက်တာ ဖြစ်တယ်။

ရဲက သူတို့ကို ရပ်ခိုင်းပြီးတော့ ခန္ဓာကိုယ်မှာ ဘာပါလဲ စစ်မှာပေါ့၊ အဲဒီအချိန်မှာ သူကပြေးတယ်၊ ပြေးတဲ့အချိန်မှာရဲကလည်း သူ့နောက်ကိုလိုက်တယ်။ အဲမှာ ရဲက သူ့ကို ပေးလှဲကျပြီးတော့ နှစ်ချက် သုံးချက် ထိုးလိုက်တယ်။ ရဲက ၃ ယောက်ရှိတယ်။ နောက်ဆုံးတစ်ယောက်ရောက်တဲ့အချိန်မှာ သေနတ်အသံမြည်လာတော့ သူက အဲမှာသေဆုံးသွားတယ်။

ကင်မရာထဲက ပုံအရ ရဲသူ့ကို လိုက်တဲ့အချိန်မှာ သူက အနောက်ဘက် တစ်ချက်နှစ်ချက် ပြန်ကြည့်ပြီး ပြေးတယ်။ သူ့လက်ထဲမှာ သေနတ်တစ်လက်ပါတာကိုရဲတွေ့တော့ လက်ထဲမှာသေနတ်ပါတယ်ဆိုပြီးရဲက အော်ပြောပြီးတော့ အင်အားသုံးပြီး သူ့ကို ပစ်မိသွားတယ်။

ဒါက မြို့လုံခြုံရေးရဲတွေရဲ့မှတ်တမ်းအရ သတင်းမှတ်တမ်းတွေအရပေါ့နော်။ အခင်းဖြစ်ပြီး တဲ့အချိန်မှာ သေနတ်ကို ပြန်စစ်ကြည့်လိုက်တော့ သေနတ်က ကစားစရာ သေနတ်အတုဖြစ်တယ်။ ကျည်ဆံ အစစ်မဟုတ်ဘူး။ လေနဲ့ပစ်ရတဲ့သေနတ်ဖြစ်နေတယ်။ ဖြစ်စဉ်က အဲလိုဖြစ်တာပါ။

မေး။ ။ အဲဒီလူငယ်က သေဆုံးသွားတယ်ဆိုတော့ ဘယ်နှစ်ချက်ပစ်လိုက်တာလဲ။ ဖြစ်စဉ်က ဘယ်ရက်၊ ဘယ်အချိန်မှာဖြစ်တာလဲ။
ဖြေ။ ။ ပစ်တာက တစ်ချက်ထဲပဲ ဘာဖြစ်လဲဆိုတော့ သေစေနိုင် တဲ့အနီးကပ်ကိုလာပစ်သွားတာဆိုတော့။ ဖြစ်စဉ်ကတော့ ဇွန် ၂၈ရက်နေ့ ည ၁၀ နာရီကျော်မှာဖြစ်တယ်။

မေး။ ။ ယူတီကာ ရဲတွေဘက်က အခင်းဖြစ်ပွားပြီးနောက် သတင်းစာရှင်းလင်းပွဲလုပ်တာရှိတယ် လို့သိရ တယ်။ သတင်းစာရှင်းလင်းပွဲက ပြီးဆုံးအောင် မလုပ်ဖြစ်ဘဲ ရပ်လိုက်ရတယ်လို့ ကြားတယ်။ ဘာကြောင့်လည်း ပြောပြပေးပါအုံး။
ဖြေ။ ။ ရဲတွေက သတင်းစာရှင်းလင်းပွဲလုပ်တာ မပြီးလိုက်ဘူး။ ဘာဖြစ်လဲဆိုရင်အဲဒီအချိန်မှာ လူထု တွေက ခံစားချက်အရမ်းပြင်းထန်တယ်။ ဝင်ပြီးပြောဆိုတာတွေများတော့ သူတို့က ပြီးအောင် မလုပ် လိုက်ရဘူး။ ဒါပေမယ့်ရဲဘက်ကတော့ သူတို့ ရဲခန္ဓာကိုယ်မှာတပ်ထားတဲ့ ကင်မရာတွေတော့ ချပြတာရှိတယ်။

ကျနော်တို့နေတဲ့ပြည်နယ်မှာ စည်းကမ်းချက်တစ်ခုရှိတာက ရဲတွေက ပြစ်မှုထဲမှာပါရင် ဒီမြို့ထဲမှာဖြစ်ရင် ဒီမြို့က အမှုရှာဖွေဖော်ထုတ်လို့ မရဘူး။ ရှာဖွေဖော်ထုတ်တာတွေက တခြားမြို့နယ်က လာပြီး အမှုဖော်ထုတ်ရတယ်၊ တရားစီရင်ရတာဖြစ်တယ်။ မြို့နယ်အဆင့် တရားစီရင်လို့မရဘူး။ ဒီနေ့ကတော့ သူတို့ အမှုဖွင့်ပြီး အမှုကပြည်နယ် စုံစမ်းဖော်ထုတ်ရေး AG (ရှေ့နေချုပ်-Attorney General)လက်ထဲမှာရှိပြီး။

မေး။ ။အခုလို အသက်မပြည့်သေးတဲ့ ကလေးသေဆုံးတာနဲ့ပတ်သက်ပြီး ဒေသတွင်းက လူထုတွေရဲ့ အမြင်နဲ့ ဘယ်လို ပြောဆိုနေကြတာရှိလဲ။ ပြောပြပေးပါ။
ဖြေ။ ။ လူထုတွေဘက်ကတော့ ခုနက ပြောသလိုဘဲစိတ်ခံစားချက် emotion အရမ်းများတဲ့အချိန်ဖြစ်နေတယ်။ စိတ်မကောင်းကြဘူး။ ဒီနေ့ညနေပိုင်းတုန်းက တွေ့ဆုံဆွေးနွေးမှုတစ်ခုလုပ်တယ်။ အဲမှာ သူတို့တွေပြောတာက စိတ်မကောင်းဘူး။ ရဲနှစ်ယောက်က ဖမ်းမိထားတာကို ကျန်တဲ့ရဲတစ်ယောက်က ဘာလို့ သူ့ကို ပစ်တာလဲပေါ့ သူ့မှာ လက်နက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဖမ်းမိပြီးဆိုရင် ပစ်စရာမလိုဘူး ဆိုပြီးပြောတယ်။

တချို့လူငယ်ကတော့ ရဲစခန်းမှာသွားပြီး ဆန္ဒဖော်ထုတ်တာတို့ ဆန္ဒပြတာတို့လုပ်ချင်တယ်။ ဒါပေမယ့် သက်ကြီးပိုင်းတွေ၊ ဦးစီးဦးဆောင်မှုလုပ်တဲ့သူတွေကတော့ သူတို့ကို အကြံပေးတာပေါ့နော် ဆန္ဒဖော်ထုတ်ချင်ရင် ဖော်ထုတ်လို့ရတယ်။ ဒါပေမယ်ငြိမ်းငြိမ်းချမ်းချမ်းလုပ်ရမယ်။

ဘာဖြစ်လဲဆိုတော့ သေဆုံးသွားတဲ့ လူငယ်က အခုမှ ၁၃နှစ်ပဲရှိသေးတော့ သူ့ကို ကောင်းရာမွန်ရာ ငြိမ်းချမ်းစွာနဲ့ပဲ သွားစေချင်တယ်။ ဟိုးတနေ့ညတုန်းကတောင်မှ ဘယ်သူဦး ဆောင်လုပ်တာလဲတော့မသိဘူး ရဲစခန်းမှာသွားပြီး ဆန္ဒပြတာရှိတယ်။အကြီးကြီးတော့မဟုတ်ဘူး အချိန်ကလည်း မကြာဘူးအဲဒီမှာ ရဲကားတွေကို ပစ်ပေါက်တာတွေရှိတယ်လို့ ပြောတယ်။ ခနနေတော့ အားလုံးပျောက်သွားတယ်။

ဒီဖြစ်စဉ်ဖြစ်တော့ဒီမှာရှိတဲ့ လူမျိုးပေါင်းစုံက ကျနော်တို့ အစည်းအဝေးလုပ်တဲ့အချိန်မှာ အများကြီး လာပြီးဝန်းရံပေးတာရှိတယ်။ ဘာဖြစ်လဲဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားမျှတမှုရှိရှိ အရေးယူလုပ်ဆောင်ပေးဖို့ နောက်နောင်မဖြစ်ဖို့အတွက်တော့ သူတို့လာပြီး ဝန်းရံထောက်ပံ့ပေးကြ ပါတယ်။

မေး။ ။ အဲဒီလူငယ်က အမေရိကန် ပြည်ထောင်စုကို ရောက်တာ ဘယ်လောက်ကြာပြီလဲ။
ဖြေ။ ။ အမေရိကန်ကို သူတို့မိဘနဲ့ရောက်တာက ၉နှစ်ရှိပြီး သူလာတာက ဘယ်ဒုက္ခသည်စခန်းလဲတော့ကျနော်က မမှတ်ထားဘူး။ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတစ်ခုကပဲ။ သူ့မှာက မောင်နှမ ၄ယောက်ရှိတယ်။ သူကတော့ ၃ယောက် မြောက်ပေါ့နော်။ သူက အခုမှ အလယ်တန်းပြီးထားတာ၊ အလယ်တန်းအဆင့် ကျောင်းဆင်းပွဲက ဇွန် ၂၆ရက်နေ့မှာ ကျောင်းဆင်းပွဲလုပ်တယ်။၂၈ ရက်နေ့မှာတော့ ပစ်သတ်ခံရတာဖြစ်တယ်။ ဖြစ်စဉ်ဖြစ်တဲ့ညမှာ သူနဲ့အတူ ပါသွားတဲ့သူ့သူငယ်ချင်းနဲ့ကစကားမပြောရသေးဘူး။ ကလေးရဲ့မိဘတွေက စကားပြောခွင့်မပေးသေးဘူး။ သူ့သူငယ်ချင်းက ကရင်လူမျိုးတော့မဟုတ်ဘူး ၊ ဗီယက်နမ်က ဖြစ်တယ်။ စုံစမ်းဖော်ထုတ်တဲ့အခါမှာတော့ သူ့ကိုတော့ လာမေးမှာပါ။ အခုတော့သူ့အမေက ကျနော်တို့နဲ့ မပေးတွေ့သေးဘူး။

အခုနေတဲ့မြို့က လူမျိုးပေါင်းစုံရှိတယ်။ ဒုက္ခသည်အနေနဲ့လာနေတာကတော့ ကရင်လူမျိုး အများဆုံးပါပဲ။ အရင်တုန်းကတော့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ နီပေါ၊ ဆိုမာလီယား အဲဒီကဒုက္ခသည်တွေ အများကြီးပါပဲ။ အခုပြန်များလာတာက ယူကရိန်းတို့ အာဖဂန်နစ္စတန်တို့ အသစ်တဖန်ပြန်များလာတာ လူမျိုးပေါင်းစုံအများကြီး ပါပဲ။

မေး။ ။ အဲဒီအမှုကိစ္စနဲ့ပတ်သက်ပြီး အဲဒီက ကရင်လူမှုအဖွဲ့အစည်းတွေက ဘာတွေလုပ်ဆောင်နေလည်း ရှင်းပြပေးပါ။
ဖြေ။ ။ ဒီအမှုနဲ့ပတ်သက်ပြီး လူငယ်တွေကတော့ ဒီကိစ္စကို ထိထိရောက်ရောက် လုပ်ဆောင်ပေးချင်တယ်။ မိသားစုဝင်တွေနဲ့ တွေဆုံပြီး မေးမြန်းတာတွေပေါ့။ ကျနော်တို့ကတော့ လိုအပ်တဲ့ ထောက်ပံ့မှုအပိုင်းတွေတော့ လုပ်ဆောင်ပေးတယ်။

အခုချိန်မှာတော့ ရှေ့နေရှာမယ်။ ဘာဖြစ်လဲဆိုတော့ ဒီအမှုကိုထိထိရောက်ရောက်ဖြစ်ဖို့က ရှေ့နေ ကောင်းကောင်းနဲ့ ရှာမှရမှာဖြစ်တယ်။ ဒီမှာရှိတဲ့ အင်္ဂလိပ်တွေကလည်း ကျနော်တို့ကို ကူညီ ဆောင်ရွက်ပေးတာအများကြီးပဲ။ ဘယ်ရှေ့နေကောင်းလဲဆိုတာတွေ။ ကျနော်တို့ ကရှေ့နေတွေနဲ့စကားပြောကြည့်တယ်။ ရှေ့နေ နှစ်ယောက်သုံးယောက်နဲ့တော့ စကားပြောထားတယ်။ ဒါပေမယ့် မရွေးရသေးဘူး။ အကောင်းဆုံးတစ်ယောက်ကို ရွေးမယ်။

ကျနော်တို့ လူမှုအဖွဲ့ဘက်ကတော့ ဒီမှာရှိတဲ့ အင်္ဂလိပ်သူငယ်ချင်းတွေကိုရှာပြီး ကောင်းကောင်းလေး စုံစမ်းဖော်ထုတ်ရမှာဖြစ်တယ်။ အသင်းအုပ်ဆရာတွေလား အများကြီးရှိတယ်ပြီးတော့ ဒီမှာရှိတဲ့ မြို့တာဝန်ရှိသူတွေနဲ့ချိတ်ဆက်ပြီးတော့ လုပ်ဆောင်မယ်ပေါ့။ သူ့ကိုပစ်သတ်တဲ့ရဲဟာ အပြစ်ရှိလား၊ မရှိလား၊ သူ့မှာ စည်းကမ်းဘယ်လောက်လိုက်နာမှုရှိလဲ အဲဒါတွေကတော့ AG လက်ထဲမှာရှိတာပေါ့နော်။

အခုဝိုင်းကူညီလုပ်ဆောင်ပေးတာ ကျနော်တို့ ယူတီကာ ကရင်အဖွဲ့အစည်းတစ်ခုထဲမကဘူး။ အမေရိ ကန်ဒေသအသီးသီးမှာရှိတဲ့ ကရင်အဖွဲ့အစည်းတွေလည်း သူတို့ဘာတွေကူညီပေးရမလဲ ဘယ်လို ကူညီပေးရမလဲ ချိတ်ဆက်လာတာအများကြီး ရှိပါတယ်။

Photo: Lu Pway Doh FB and Social Media

26/06/2024
တောင်ကိုးရီးယား နိုင်ငံ ရှိ လီသီယံ ဘတ်ထရီ စက်ရုံ မီးလောင် မှုတွင် အနည်းဆုံး တရုတ် နိုင်ငံသား ၁၈ဦး ခန့် သေဆုံး
24/06/2024

တောင်ကိုးရီးယား နိုင်ငံ ရှိ လီသီယံ ဘတ်ထရီ စက်ရုံ မီးလောင် မှုတွင် အနည်းဆုံး တရုတ် နိုင်ငံသား ၁၈ဦး ခန့် သေဆုံး

A large fire is currently burning at a lithium battery manufacturing plant in South Korea. One person has been confirmed dead, and at least 21 others are una...

လူထုခေါင်းဆောင်အတွက် မွေးနေ့ ဆုတောင်းပွဲ လန်ဒန် တွင် ကျင်းပ ဓာတ်ပုံ _ HT London
19/06/2024

လူထုခေါင်းဆောင်အတွက် မွေးနေ့ ဆုတောင်းပွဲ လန်ဒန် တွင် ကျင်းပ

ဓာတ်ပုံ _ HT London

ဗြိတိသျှ တပ် ကလည်း ဒီရက်ပိုင်း လူတွေ ရေလည်ခေါ်နေပြီ ဇူလိုင် ၄ ရက်နေ့ ရွေးကောက်ပွဲ လက်ရှိ ဝန်ကြီးချုပ် ရီချီစွန်းနက် ပြန်...
13/06/2024

ဗြိတိသျှ တပ် ကလည်း ဒီရက်ပိုင်း လူတွေ ရေလည်ခေါ်နေပြီ
ဇူလိုင် ၄ ရက်နေ့ ရွေးကောက်ပွဲ လက်ရှိ ဝန်ကြီးချုပ် ရီချီစွန်းနက် ပြန် အနိုင်ရ ရင်လည်း ၁၈ နှစ် ပြည့်တဲ့ လူတွေ စစ်ထဲ ခေါ်တဲ့အစီအစဥ် စမယ််လို့ ကြေညာထားတယ်။

ကျွန်တော့်မိတ်ဆွေတွေ ရုံးပိတ်ရက် ကြည့်ရအောင် Royal Garden Party 2024_လူ လတ်တန်းစား အလွှာကို ဖိတ်ကြားတဲ့တော်ဝင်အခမ်းအနား ...
10/05/2024

ကျွန်တော့်မိတ်ဆွေတွေ ရုံးပိတ်ရက် ကြည့်ရအောင်
Royal Garden Party 2024_လူ လတ်တန်းစား အလွှာကို ဖိတ်ကြားတဲ့တော်ဝင်အခမ်းအနား အကြောင်းကို By Generations FM YouTube မှာ တင်ထားပါတယ်၊ သွားရောက်ကြည့်ရှူအားပေးကြပါအုန်း။

လန်ဒန် ၊ မေလ ၈ ရက် ၂၀၂၄

Community အတွက် အကျိုးပြုနေတဲ့ UK ရောက် ကနေဒါနိုင်ငံသားတွေကိုလည်း ဖိတ်ကြားခဲ့တဲ့ တော်ဝင်အခမ်းအနားတစ်ခု

ချားလ်ဘုရင်ရဲ့ ပထမဆုံး ဘုရင်အနေနဲ့ ကျင်းပတဲ့ နန်းဥယျာဥ်ပါတီ တစ်ခုလည်းဖြစ်။

All Walks of Lives လူလတ်တန်းစား အလွှာကို နန်းတော်ထဲအထိ ဖိတ်ကြားတဲ့ တော်ဝင်အခမ်းအနား အစဥ်အလာ။

ပြည်သူလူထု ထဲက ပြည်သူ့ဝန်ထမ်းတွေကို ဘုရင်က ပြန်ပြီး အသိအမှတ်ပြု တည့်ခင်းကျွေးမွေးတဲ့ Garden Party

By Generations FM

ပေါင် သုံးထောင်ပေးဖို့ အင်္ဂလန် ရဲတွေ လူလိုနေလို့ အပူတပြင်း ရှာဖွေနေ အင်္ဂလန်ကနေ ရဝမ်ဒါသွားမယ့် ပထမဦးဆုံး လေယာဥ်မှာ လူမ...
03/05/2024

ပေါင် သုံးထောင်ပေးဖို့ အင်္ဂလန် ရဲတွေ လူလိုနေလို့ အပူတပြင်း ရှာဖွေနေ

အင်္ဂလန်ကနေ ရဝမ်ဒါသွားမယ့် ပထမဦးဆုံး လေယာဥ်မှာ လူမပါတာမျိုး မဖြစ်ရအောင်လို့ ယူကေ ရဲတပ်ဖွဲ့ဝင်တွေဟာ Asslym Seekers တွေကို
လိုက်လံဖမ်းဆီး အပူတပြင်းရှာဖွေ ဖမ်းဆီးနေပါတယ်။ ပြန်လည်ဖမ်းမိတဲ့ သူတွေကို တော့ ပထမဆုံး လေယာဥ်နဲ့ ရဝမ်ဒါနိုင်ငံကို ပို့ဆောင်တော့မှာဖြစ်ပါတယ်။

လှေစီးပြီး ဝင်လာတဲ့ Asslym Seekers ရွှေ့ပြောင်းလာသူတွေကို ရဝမ်ဒါနိုင်ငံပို့ဖို့ စီစဥ်ခဲ့တဲ့ ဗြိတိန်အစိုးရဟာ အဲ့ဒီဥပဒေမူကြမ်းကို လွှတ်တော်ထဲမှာ ၂နှစ်ကျော်ကြာ ဆွေးနွေးခဲ့ပြီးနောက်ပိုင်း ၂၀၂၄ ဧပြီ၂၃ ရက်နေ့မှာ ရဝမ်ဒါဥပဒေကို အတည်ပြုလိုက်ပြီပဲ ဖြစ်ပါတယ်။ အဲ့လိုအတည်ပြုပြီးတဲ့ အတွက် ထပ်မံဝင်ရောက်လာတဲ့ လှေစီးလာသူတွေနဲ့ အရင် ကဖမ်းပြီးဝရမ်းနဲ့ လွှတ်ထားတဲ့ သူတွေကိုလည်း အဲ့ဒီလေယာဥ်နဲ့ ရဝမ်ဒါနိုင်ငံကို ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

အဲ့ဒီလေယာဥ်နဲ့ လိုက်မယ့် ခရီးသည်တွေကို တစ်ယောက် ပေါင် ၃၀၀၀ ငွေသား လက်ဆောင် ထည့်ပေးမှာဖြစ်ပြီးတော့ ရဝမ်ဒါမှာလည်း နေစရာ အလုပ်အကိုင်နဲ့ ပြန်လည်ထူထောင်ရေးအတွက် စီစဥ်ထားပေးတယ်လို့ ဗြိတိန်အစိုးရ က ထုတ်ပြန်ထားပါတယ်။
ရဝမ်ဒါကို ပို့မယ့် အစီအစဥ်မှာ လှေစီးလာတဲ့ သူတွေတင်မဟုတ်ဘဲ Asslym process မအောင်တဲ့ သူတွေလည်း ကိုယ့်ဆန္ဒအလျောက် ရဝမ်ဒါအစီအစဥ်အတွက်စာရင်းပေးတဲ့ သူတွေလည်း ရှိနေတယ်လို့ အင်္ဂလန်သတင်းတွေ က ဖတ်ရပါတယ်။
( ပေါင် ၃ထောင်ဆိုတာကတော့လက်ရှိမြန်မာငွေပေါက်စျေးနဲ့ဆိုရင် ကျပ်သိန်း ၁၄၄သိန်း ဖြစ်ပါတယ်။)
By Generations FM
Photo LBC (Leading Britain Conversation)

''ယောကျ်ားလေးတွေအတွက် Demand(အလုပ်ခေါ်စာ)အသစ်ကို ပိတ်လိုက်တာ။ ထိုင်း၊ မလေးရှား နဲ့ စင်ကာပူတို့ ဂျပန်တို့အတွက် Demand အသစ...
02/05/2024

''ယောကျ်ားလေးတွေအတွက် Demand(အလုပ်ခေါ်စာ)အသစ်ကို ပိတ်လိုက်တာ။ ထိုင်း၊ မလေးရှား နဲ့ စင်ကာပူတို့ ဂျပန်တို့အတွက် Demand အသစ်ကို အကုန်ပိတ်လိုက်တာ။"

29/04/2024
24/04/2024

*၅ လပိုင်းတွင် ရုံးချိန်လွတ် Saturday and Sunday ညနေပိုင်း Online သင်တန်းသစ်များ ဖွင့်ပါမည်*

🏫 18.5.2024 ရက်နေ့တွင် ဆရာကြီး ဦးမြကြိုင် ကိုယ်တိုင်သင်ကြားသော Saturday & Sunday ညနေပိုင်း Online Basic and Intermediate class သင်တန်းသစ်များ ဖွင့်ပါမည် 👨‍🏫

🏫 Saturday & Sunday (ညနေပိုင်း Online Zoom Class)
🗓 18.5.2024

⏰ 6:30 to 8:00 (PM) Inter class
⏰ 8:30 to 10:00 (PM) Basic class

🔵 Basic level fee - 18,000 MMK
🔵 Basic level book - 12,000 MMK

🔵 Inter level fee- 20,000 MMK
🔵 Inter level book - 14,500 MMK

📚 Reading book - 12,000 MMK

Saturday & Sunday ညနေပိုင်း Online class သင်တန်းသစ်များ ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။

*Zoom application ဖြင့် သင်ကြားပါမည်။*

(Online basic class & Online intermediate class တို့ကို page Messenger မှ​ ကျောင်းအပ်လက်ခံမည်ဖြစ်ပါသည်။ (လူဦး​ရေ ကန့်သတ်ထားပါသည်။)

(Zoom application ဖြင့် Breakout Room ကို အသုံးပြု၍ ​ကျောင်းသား/သူများ Speaking ​ကောင်းမွန်စွာ ​လေ့ကျင့်သင်ယူနိုင်ရန် စီစဥ်​ပေးထားပါသည်။)

(နယ်မှ တက်​ရောက်မည့် ကျောင်းသားများအနေဖြင့် Basic & Intermediate ပြဌာန်းစာအုပ်များ ရရှိရန် (၄) ရက်​​ကျော် ကြာတတ်ပါသဖြင့် ​Basic & Intermediate အတန်းကို တက်ဖို့​သေချာလျှင် အမြန်​ကျောင်းအပ် ကြပါရန် အသိ​ပေး​ပြောကြားအပ်ပါသည်။)

📚 Reading book - ၁၂,၀၀၀ ကျပ် 📖

Online basic class ၅ လစာ - ၁၈,၀၀၀ ကျပ် (၅ လ အပြီးအစီး)
Basic စာအုပ်ဖိုး - ၁၂,၀၀၀ ကျပ်

Online intermediate class ၅ လစာ - ၂၀,၀၀၀ ကျပ် (၅ လ အပြီးအစီး)
Intermediate စာအုပ်ဖိုး - ၁၄,၅၀၀ ကျပ်

Online ​ကျောင်းလစာများကို ​အောက်​ဖော်ပြပါ
Wave pay account - 09 781 137 296 *Wave pay account ထဲသို့ ငွေလွှဲပေးပါရန်*
Wave အ​ကောင့်မှလွှဲလျှင် Percentage ဖိုး ၂၀၀၀ ကျပ် ပိုလွှဲ​ပေးပါရန်​ မေတ္တာရပ်ခံအပ်ပါသည်။

KBZ Pay - 09 764 571 169 (U Mya Kyaing)
သို့ ​ငွေလွှဲ​ပေးရပါမည်။​

*Kpay ငွေလွှဲရာတွင် Notes မှာ ကျောင်းသား တက်ရောက်သင်ယူမည့် သင်တန်းအားထည့်ပေးရပါမယ်။ (ဥပမာ - Saturday and Sunday Online Basic class ) စသည်ဖြင့် ထည့်ပေးပါ။)

*ငွေလွှဲထား​သော Transaction number ကို page Messenger သို့ ပို့​ပေးရပါမည်။*

အထက်​ဖော်ပြပါ Wave pay, KBZ Pay များမှ လွဲ၍ အခြားအ​ကောင့်များသို့ ​ငွေလွှဲထားပါက Online Basic class & Online Intermediate class များသို့ တက်​ရောက်ခွင့် မပြုပါ​ကြောင်း အသိ​ပေး​ကြေညာအပ်ပါသည်။ ။

24/04/2024

"မြန်မာ အချင်းချင်း ကယ်ရီ ကျတော့ စျေးပိုပေးရတယ် (ဘတ် ၁၅၀ - ၂၀၀) ထိုင်း ကယ်ရီ ကတော့ ဘတ် ၁၀၀ ပဲ တောင်းတယ်"

Address

London

Alerts

Be the first to know and let us send you an email when By Generations FM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share