Phyu Phyu Kyaw Thein

Phyu Phyu Kyaw Thein Doctor turned singer songwriter performer,stands with Burma,using music as her voice amid adversity

အကြူးကြမ်းသလို၊ အားပေးလည်းကြမ်းချက်နော်။Phyu Phyu in Korea လက်မှတ်လေးတွေ အရောင်းဖွင့်တာ 24 နာရီမပြည့်ခင် အားလုံး ဆို့အော...
02/02/2025

အကြူးကြမ်းသလို၊ အားပေးလည်းကြမ်းချက်နော်။

Phyu Phyu in Korea လက်မှတ်လေးတွေ အရောင်းဖွင့်တာ 24 နာရီမပြည့်ခင် အားလုံး ဆို့အောက်ပါတယ် တဲ့။
Korea ရောက် ညီအကိုမောင်နှမတွေကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင်မသိတော့ပါဘူး😇။

ထုံးစံအတိုင်း အဆိုတော် အစ်မကြီးသာလျှင် အင်စတော့ ကျန်တော့တဲ့အကြောင်း ဈေးဗန်းလေးခင်းရင်း ကျေးဇူးတင်လိုက်ပါတယ်နော်🤭😜😁။

01/02/2025

လေးနှစ်ကြာပြီးနောက်...

နင်တို့ဘယ်အခြေအနေ ရောက်နေပြီလဲ ဆိုလို့...
ငါတို့ပိုင်ခဲ့တဲ့နေ့တွေ...ငါတို့ပြန်ရအောင် လုပ်နေတယ် ဆိုတဲ့အကြောင်း...
ပြင်သစ်နိုင်ငံရဲ့ တတိယအကြီးဆုံးမြို့တော် Lyon မြို့ရဲ့ မြို့တော်ဝန်ရုံးမှာ သီချင်းနဲ့တကွ ရှင်းပြခဲ့ရသေးတယ်။
(Projector မှာပြတဲ့ အရုပ်နဲ့ subtitles တွေတော့ ပရိသတ်မြင်ရအောင် တနေ့ ပြန်တင်ပေးပါ့မယ်။)

ကိုယ့်လူတွေကို ပြောချင်တာကတော့....
ငိုကြီးချက်မ စိတ်ဓါတ်ကျဖို့ အချိန်မကျန်တော့ပါဘူး။နောက်မှ ငိုကြရအောင်ပါ။
လာ အတူတူ နိုင်ရာဝန် ထမ်းကြမယ်။
"မငိုနဲ့ "

ဘယ်လို နယူးအိုင်ဒီယာတွေနဲ့ "Phyu Phyu in Korea" ကြသလဲ ဆိုတာ ကြည့်ကြပါဦး😜။မမဖြူရေ…ဒါ အကုန် မဟုတ်သေးဘူးတဲ့။ တလှိုင်းပြီးတလ...
30/01/2025

ဘယ်လို နယူးအိုင်ဒီယာတွေနဲ့ "Phyu Phyu in Korea" ကြသလဲ ဆိုတာ ကြည့်ကြပါဦး😜။

မမဖြူရေ…ဒါ အကုန် မဟုတ်သေးဘူးတဲ့။
တလှိုင်းပြီးတလှိုင်း လာဦးမှာတဲ့။
ကိုယ့်ပွဲမစခင် သူတို့ဖျော်ဖြေတာ ကိုယ်က အရင်ငေးနေရပါပြီ😁။
ကိုယ့်ကိုပါ စပရိုက်တွေ တိုက်နေကြတာ😁။

လက်မှတ်အရောင်းဖွင့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကျရင်တော့ ဘယ်လိုတွေ ဝုန်းကြမလဲမသိ😇။

Phyu Phyu in Korea စီစဉ်သူ ၃ ဖွဲ့၏ ကြူးနေမှုကြီး ကို တချက်ရှိုး😍။ကြူးတယ်ဆိုတာကတော့ ပျော်ရအောင် အပြောင်အနောက်လေးပြောတာပါ။...
28/01/2025

Phyu Phyu in Korea စီစဉ်သူ ၃ ဖွဲ့၏ ကြူးနေမှုကြီး ကို တချက်ရှိုး😍။

ကြူးတယ်ဆိုတာကတော့ ပျော်ရအောင် အပြောင်အနောက်လေးပြောတာပါ။ တကယ်က ဒီလူငယ်တွေ ဘာလုပ်လုပ် dedication (တစိုက်မတ်မတ်ခိုင်မာမှူ) နဲ့ passion (စိတ်နှလုံးပြင်းပြမှု) ရှိတာ။

ရှိုးပွဲသွင်းစားတဲ့ သူတစ်ယောက်မှ မပါပေမယ့်၊ သေချာ လေ့လာပြင်ဆင်ပြီး နည်းလမ်းသစ်တွေပါထုတ်သုံးကြတာ။
ဘာမဟုတ်တဲ့ ရှိုးပွဲလေး လုပ်တာတောင် ဒီလောက်အားထုတ်တာပါဆို၊ သူတို့အနာဂတ်နိုင်ငံနဲ့ ပတ်သတ်ရင် သူတို့ ဘယ်တော့မှ လွယ်လွယ်လက်လျော့မယ်မဟုတ်ဘူးဆိုတာ လူကြီးမင်းတို့သိထားလိုက်ပါ။
problem တွေ့ရင် ငိုကြီးချက်မ စိတ်ဓါတ်ကျနေတာ တစ်ယောက်မှ မပါဘူး။ solution ပဲရှာကြတာ။

ဪ…ဒါနဲ့ စကားမစပ်...
ဒီအဆိုတော်အစ်မကြီးနဲ့ အလုပ်လုပ်ရင် တက်တူးထိုးပြီး ကြူးရတယ်လို့၊ ယူတို့ကို ဘယ်အစ်ကိုကြီးက သင်ပေးလိုက်တာလဲလို့…အတတ်ကောင်းတွေ😜🤭။

အညာဟာဆယ်ရော...ယောရောဘွန်းတို့ရေ😍Phyu Phyu in Korea ပွဲ အတွက် ပြင်ဆင်မှုလေးတွေ၊ photo and video update လေးတွေ၊ activity လ...
26/01/2025

အညာဟာဆယ်ရော...ယောရောဘွန်းတို့ရေ😍

Phyu Phyu in Korea ပွဲ အတွက် ပြင်ဆင်မှုလေးတွေ၊ photo and video update လေးတွေ၊ activity လေးတွေကို ဒီpage Phyu Phyu In Korea မှာ တင်ပေးသွားမှာဖြစ်လို့ ကြိုတင်ဖျာခင်းထားကြပါဦးလို့😍။

February 1 ရက်နေ့မှာ အပီဝုန်း အမုန်းဆွဲဖို့ လက်မှတ်အရောင်းဖွင့်ပါမယ်တဲ့။ အဲ့မတိုင်ခင် ကြိုတင်အော်ဒါလေးတွေလည်း အဲ့ page မှာ ‌‌တင်ထားလို့ရပါတယ်။

မှတ်ချက်။ ။ မနေ့က ပွဲသတင်း ကြေညာအပြီးမှာတင် preorder 300 ကျော် လာတင်ထားကြတာမို့၊ လက်ဦးမှုရအောင် လက်တို့လိုက်ပါတယ်နော်။ ဇာတ်ရုံက ထိုင်ခုံ ၉၇၀ ပဲ ဆံ့တာမို့ပါ။

ဂိုမဆူမီသာ😘

Phyu Phyu in KOREA!2025 ရဲ့ အဖွင့် ပွဲကြီးကိုတော့ ဂင်ချီမြေက မြန်မာပြည်သူတွေနဲ့အတူ ဂုဏ်ယူ စိတ်လှုပ်ရှားစွာ ကျင်းပမှာဖြစ်...
25/01/2025

Phyu Phyu in KOREA!

2025 ရဲ့ အဖွင့် ပွဲကြီးကိုတော့ ဂင်ချီမြေက မြန်မာပြည်သူတွေနဲ့အတူ ဂုဏ်ယူ စိတ်လှုပ်ရှားစွာ ကျင်းပမှာဖြစ်ပါတယ်ရှင့်😇။

ဘာလို့ ဂုဏ်ယူတာလဲ....

သူတို့နဲ့ ပွဲစီစဉ်နေစဉ် ကာလတလျောက်လုံး...ကိုးရီးယားရောက် လူငယ်တွေရဲ့ ပြတ်သား သန်မာတဲ့ ရပ်တည်ချက်၊ အမိမြေကပြည်သူတွေကို အင်မတန် ချစ်မြတ်နိုးတဲ့ စိတ်၊ ဘဝရပ်တည်ဖို့ကြိုးစားနေရင်းကနေ အမိမြေအတွက် မဆုတ်မနစ် လူအား၊ ငွေအား၊ ဉာဏ်အား စိုက်ထုတ်နေတာတွေကို ကြားသိရတာ၊ အားလည်းကျသလို၊ မျက်ရည်လည်းဝဲရပါတယ်။ အဲ့လို တကိုယ်စာထက် ပိုကြည့်နိုင်တဲ့ မြန်မာလူငယ်တွေနဲ့ တွေ့ရမယ်၊ ဆုံရမယ်၊ အတူတူ အလုပ်တွေ လုပ်ကြရမယ် ဆိုတာ ဘယ်လောက် ဂုဏ်ယူစရာကောင်းလိုက်သလဲ။
ဖြူဖြူ ဘယ်လောက် ကံကောင်းလိုက်သလဲ။

ဘာလို့စိတ်လှုပ်ရှားတာလဲ...

ဘာလုပ်လုပ် အသေးစိတ် ကအစ plan ချ ၊ သေချာ အားထုတ်ကြလွန်းလို့၊ ကိုယ်ကတောင် လိုက်တားနေရတယ်။ အပိုကုန်မှာစိုးလို့ပါ၊ ဒီလောက်ဆိုရင် ရပါပြီဆို တားနေရတာ။ တကယ့် ပရိုပွဲ စီစဉ်သူကြီးတွေကျနေတာပဲ။

သူတို့ကို လုပ်ခွင့်ပြုပါတဲ့...
လူထုအတွက်ရယ်၊ လူထုအတွက် ရပ်တည်တဲ့ မဖြူ အတွက်ရယ်…သူတို့ ဘယ်လောက် တန်ဖိုးထားတယ်၊ အာ:စိုက်ထုတ်တယ်၊ ဘယ်လောက် စည်းလုံးကြတယ် ဆိုတာ ကမ္ဘာအရပ်ရပ်က သွေးချင်းတွေ‌ကိုရော၊ ပရိသတ်ကို မထီမဲ့မြင်ပြုသူတွေကိုပါ သိစေချင်လို့ပါတဲ့ ...

ကဲ...
ဒီလို ကြူးတာလေးတွေ ဘယ်သူ စိတ်မလှုပ်ရှားပဲနေနိုင်မလဲ….နော်....😉

Are you ready for “Phyu Phyu in Korea” on 1st of March???

မှတ်ချက်။ ။ အိုပါးတို့က ဖေဖော်ဝါရီ 1ရက်နေ့ မှာ မှ လက်မှတ်အရောင်းဖွင့်ပါမယ်တဲ့😁။ ဆန့်တငံ့ငံ့နော်။ Kdrama ဆန်ဆန်လေး😜။

Phyu Phyu in "ကြူး နိုင်လွန်းသူတို့နိုင်ငံ" 😜၁။ ပွဲစဖိတ်ကတည်းက "အသက်နဲ့ရင်းပြီး အာမခံပါတယ်" တဲ့😜(ပွဲ ဘယ်နေ့လုပ်ချင်တာလဲ ...
24/01/2025

Phyu Phyu in "ကြူး နိုင်လွန်းသူတို့နိုင်ငံ" 😜

၁။ ပွဲစဖိတ်ကတည်းက "အသက်နဲ့ရင်းပြီး အာမခံပါတယ်" တဲ့😜(ပွဲ ဘယ်နေ့လုပ်ချင်တာလဲ ပြန်ပြောပေးနော် ဆိုတာကို😁)
၂။ သူတို့ဆောင်းတွင်းက အရမ်းအေးပေမယ့် ရင်ဘတ်ချင်းတူတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့မေတ္တာနဲ့ မဖြူကို နွေးထွေးစေမှာပါတဲ့(zoom meeting အဆုံးမှာပြောချတာနော်😜)…ပြင်သစ်ထိတောင် လှမ်းနွေးသွားတယ်😍။

အဲ့သလို ဆိုမှတော့ ဒီအဆိုတော်အစ်မကြီး ကြွေကျမြေခ ခြေကြွ ပြီလေကွယ်😝။

ကဲ....အားလုံး သိချင်နေကြပါပြီနော်...ဘယ်နိုင်ငံလဲ ဆိုတာ....မြန်မြန် ဖွင့်ပြောပါတော့တဲ့....

မှတ်ချက်။ ။ visual team က ပိုစတာတွေ မပြီးသေးလို့ ဖွင့်မပြောပါနဲ့အူးတဲ့😁။

မကြာခင် Phyu Phyu in "နောက်တစ်နိုင်ငံ"  ကြေညာတော့မှာဖြစ်လို့ လန်ဒန် နဲ့ ပါရီက ပုံလေးတွေကို နောက်ဆုံးနှုတ်ဆက်အနေနဲ့ တင်လိ...
23/01/2025

မကြာခင် Phyu Phyu in "နောက်တစ်နိုင်ငံ" ကြေညာတော့မှာဖြစ်လို့ လန်ဒန် နဲ့ ပါရီက ပုံလေးတွေကို နောက်ဆုံးနှုတ်ဆက်အနေနဲ့ တင်လိုက်ပါရစေနော်😜။

မျှော်နေတဲ့နိုင်ငံ မဟုတ်သေးရင်လည်း စိတ်မကောက်ကြပါနဲ့နော်။
ယူတို့ အဆိုတော်အစ်မကြီးက ငယ်စဉ်တောင်ကျေး တုန်းကလို ရွာစဉ် မကူးနိုင်တော့လို့၊ ဖြည်းဖြည်းချင်း အလှည့်ကျ အရောက်လာခဲ့ပါမယ်နော်။
တစ်နိုင်ငံမှာ တစ်မြို့ပဲ လာနိုင်သေးတဲ့အတွက်လည်း ကြိုတောင်းပန်ပါတယ်။ နီးစပ်ရာ မြို့လေးတွေ၊ နိုင်ငံတွေမှာ စည်းစည်းလုံးလုံးနဲ့ ခဏ ပူးပေါင်းကြည့်ပေးကြပါလို့။

ဘယ်အဖွဲ့ခေါ်မှလာတယ် ဘာညာလည်း မဟုတ်ရပါဘူးနော်။ ကျန်းမာရေးအရ အချိန်ဇယားလေး ခြားပြီးမှ ခရီးသွားနိုင်လို့ပါ🙏။ ရင်ဘတ်ချင်းတူတဲ့ ဘယ်အဖွဲ့နဲ့မဆို အတူလက်တွဲလုပ်ကြမှာပါ။ အဓိက က မြန်မာပြည်အရေးအတွက် စီးဆင်းဖို့ပါပဲ။ အလှည့်ကျလေး ခဏ စောင့်ပေးကြပါလို့။
ဆူရှီမြေလား၊ ဂင်ချီမြေလား၊ လင်းယုန်မြေလား၊ သားပိုက်ကောင်မြေလား၊ ဆဝါဒီခ မလား 😜…ဆိုတာကတော့...

မကြာမီ
လာမည်
မျှော်……..

ပရိသတ်တွေ စိတ်ပြေလက်ပျောက် ပြုံးရ ရယ်ရအောင် အပြောင်အနောက်လေးတွေ တခါတလေ လျောက်တင်နေတာပါနော်။ယူတို့ ဖြူဖြူလေးမှာ ကိုရီးရော...
21/01/2025

ပရိသတ်တွေ စိတ်ပြေလက်ပျောက် ပြုံးရ ရယ်ရအောင် အပြောင်အနောက်လေးတွေ တခါတလေ လျောက်တင်နေတာပါနော်။
ယူတို့ ဖြူဖြူလေးမှာ ကိုရီးရော၊ ဗိုလ်ရီးရော၊ ဒါလင်ရော ဘာဆိုဘားမှ မရှိပါဘူး😁။တကယ်တော့............……....…...........................…..................
အချစ်များ အားလုံး သူ့ဆီမှာပါလို့🤭။

မှတ်ချက်။ ။ နေရောင်ခြည်‌နွေးနွေးလေးတွေကိုလွမ်းလို့၊ နွေရာသီတုန်းက ရိုက်ထားတဲ့ပုံလေးတွေ တင်လိုက်တာပါ‌နော်🥰

"ပွဲ"ပွဲ... ဖြူဖြူ့ရဲ့ အမြတ်နိုးဆုံး အလုပ်။ပွဲ....ဖြူဖြူ အလုပ်တတ်ဆုံး အလုပ်။ပွဲ....ဖြူဖြူ တသက်လုံးလုပ်ခဲ့တဲ့ အဓိက အသက်မွ...
18/01/2025

"ပွဲ"

ပွဲ... ဖြူဖြူ့ရဲ့ အမြတ်နိုးဆုံး အလုပ်။
ပွဲ....ဖြူဖြူ အလုပ်တတ်ဆုံး အလုပ်။
ပွဲ....ဖြူဖြူ တသက်လုံးလုပ်ခဲ့တဲ့ အဓိက အသက်မွေးဝမ်းကျောင်းအလုပ်။

ပွဲ ....ဘာခေါင်းစဉ်အောက်မှာ လုပ်လုပ်၊ ပိုက်ဆံ ရ ရ ၊ မရ ရ...
ကိုယ့်ပရိသတ်တွေ တောင့်တတဲ့ "ဖြူဖြူကျော်သိန်းပွဲ" ဆိုတဲ့ ဂုဏ်ဒြပ်ကို ဘယ်တော့မှ မလျော့စေရဘူး။
အဲ့တော့ ဘာဖြစ်လဲ ဆိုရင်....အရမ်းပင်ပန်းတယ်ကွယ်😁။

ခုလည်း အသေးစိတ်ကအစ…တသက်တာလုံး ကိုယ့်ရဲ့ professional ပွဲတွေကို ချဉ်းကပ်ခဲ့သလိုပဲ အကုန်လုပ်တယ်။ အဲ့ဒါကြောင့် တစ်ပွဲ တစ်ပွဲ ဖြစ်ဖို့ရာ ကြာနေရတာပါ။
ဒီအဆိုတော်အမကြီး အရမ်းလည်း အရစ်ရှည်ပါတယ်။ စေ့စေ့ပေါက်ပေါက် အကုန် လိုက်ပါပါတယ်။ မိုခ်ခရိုဖုန်း ကစလို့၊ မီးကို ဘာအရောင် ထိုးမယ် အလယ်၊ ပရိသတ်ကို ရောင်းမယ့် seating plan အဆုံးထိ စိတ်ဝင်စားပါတယ်။

ဘာခေါင်းစဉ်အောက်မှာပဲ လာကြည့်ကြည့်၊ ဖြူဖြူ့ရဲ့ ရွှေပွဲလာပရိသတ်ဆီက သူတို့ပေးတဲ့ ပိုက်ဆံ၊ သူတို့ပေးလိုက်ရတဲ့ အချိန်၊ သူတို့ စိုက်ထုတ်လိုက်ရတဲ့ အင်အားဟာ သူတို့ဒီည ဒီပွဲ ကြည့်ရတာနဲ့တင် တန်ပါတယ် ဆိုတာမျိုးပဲ ဖြစ်ချင်ပါတယ်။
တသက်လုံး ဆိုလာသမျှ ပွဲသေး၊ ပွဲလတ်၊ ပွဲကြီး ၊ရွာ၊ နယ်၊ မြို့သေး၊ မြို့ကြီး မကျန် အဲ့လိုပဲ ချဉ်းကပ်ပြင်ဆင်ပါတယ်။ ဘာခေါင်းစဉ်အောက်မှာမှ တစ်စက်လေးမှ လျှော့ဖို့ အစီအစဉ်မရှိပါဘူး။

ပွဲမှာ ဖြူဖြူ့ရဲ့ ပထမဦးစားပေးက ဖြူဖြူ့ စင်ရှေ့မှာ လာကြည့်တဲ့ ပရိသတ်ပါ။ ဖြူဖြူ‌ကျော်သိန်း ဆိုတာကို မသိရင်တောင်/မကြိုက်ရင်တောင် ကြည့်နေရမယ် ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ပဲ အမြဲ မခိုမကပ် ဖျော်ဖြေပါတယ်။

ပွဲစီစဉ်တဲ့သူတွေဟာ ဒီအချက်ကို ဘယ်နည်းနဲ့မှ compromise လုပ်ခွင့် (လျှော့တွက်ခွင့်)မရှိပါဘူး။ သူတို့ကို ဖြူဖြူ အသည်းအသန် ရစ်ပါတယ်။ သူတို့ ရမယ့် အကျိုးအမြတ်ကို ဘာအတွက်ပဲ သုံးသုံး၊ သူတို့ပွဲကို အရောက်လာကြည့်တဲ့ စင်ရှေ့ကပရိသတ်ဟာ ပထမဦးစားပေး ဆိုတာ သိစေပါတယ်။ အဲ့ဒီလူတွေ မရှိရင် ကျန်တာ ဘာမှ ရေရှည် ဆက်လုပ်လို့မရပါဘူး။

ဖြူဖြူ့အမာခံပရိသတ်တွေ စွဲလန်းရတဲ့ “ကြည့်ချင်ပွဲ" ဆိုတာတွေဖြစ်ဖို့ ဒီအဆိုတော်အစ်မကြီးက ကန့်လန့်ကာနောက်ကွယ်မှာ တသက်လုံး ကန့်လန့်တွေတိုက်ပြီး ရုန်းကန်လာတာပါနော်။

ရှိုးပွဲ လာကြည့်ရတယ်ဆိုတာ၊ အိမ်မှာ အွန်လိုင်းကနေ ဖုန်းလေး၊ ကွန်ပျူတာလေး ဖွင့်ပြီး ကြည့်တာမျိုးမဟုတ်ပါဘူး။ ပရိသတ်ဖက်က ငွေ၊ အချိန်၊ အင်အား စတာတွေကို ပွဲလက်မှတ်ဈေးထက် သုံးလေးဆ ပိုသုံးထားရတာပါ။ သူတို့သည် အဲ့ဒါနဲ့ တန်တဲ့ result ကို ရပိုင်ခွင့်ရှိပါတယ်။

ဖြူဖြူ့ပွဲကို အရှင်လတ်လတ် ဘဝမှာတစ်ခါလောက်ကြည့်ဖူးချင်ပါတယ် ဆိုတဲ့ စကားလေးတွေ များကြားရရင်…ကိုယ်ရတဲ့ ပွဲကြေးထက်ကို အဆ ငါးရာလောက် ချမ်းသာသွားတယ် လို့ထင်တဲ့ ယူတို့ရဲ့ ဖြူဖြူ ရယ်ပါ😇။

မကြာခင်မှာ တချို့ သော ပရိသတ်တွေနဲ့ စင်ပေါ်စင်အောက် ဆုံကြဖို့ အစီအစဉ်‌လေးတွေ ရှိပါတယ်။ ဖြူဖြူ့ "ပွဲ" တွေ ကြည့်ကြရပါမယ်။

မှတ်ချက်။ ။
ဒီကာလမှာ ဖြူဖြူ့ပွဲတွေကို မြန်မာပြည်အရေးအတွက် စီးဆင်းစေမယ့် အဖွဲ့အစည်းတွေကိုပဲ စီစဉ်စေပါတယ်။ သူတို့ဟာ ဖြူဖြူ အရင်လက်တွဲနေကျ professional event organizers တွေမဟုတ်တဲ့အတွက် လိုအပ်ချက်များရှိခဲ့သော် ကိုယ်စား တောင်းပန်ပါတယ်။ သူတို့‌လေးတွေလည်း အစွမ်းကုန်ကြိုးစား ပြင်ဆင်နေပါတယ်။

မနက်ခင်း စောစောစီးစီး အိပ်ရာကထ...အပူချိန် သုညအောက် ၈ ဒီဂရီ တဲ့....Studio date ယူထားမိတော့ သွားရတာပေါ့....Studio က တောင်ပ...
16/01/2025

မနက်ခင်း စောစောစီးစီး အိပ်ရာကထ...
အပူချိန် သုညအောက် ၈ ဒီဂရီ တဲ့....
Studio date ယူထားမိတော့ သွားရတာပေါ့....
Studio က တောင်ပေါ်မှာဆိုတော့...... ပိုအေး။
အသံ ပျောက်သွားမစိုးလို့ မနည်း ထုပ်ပိုးထားရတာ …ကိုယ့်ဟာကိုယ်တောင်မမှတ်မိဘူး…နှင်းတောဝက်ဝံကြီး ကျနေတာပဲ😝။

သီချင်းနာမည်က "နောက်ဆုံးတော့လည်း…" တဲ့ ။
လုပ်လက်စ project ရဲ့နောက်ဆုံး ဆိုစရာကျန်တဲ့ အပုဒ်။

ဘယ်တုန်းက ရေးတာလဲ...တဲ့
လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ပြေးရင်းလွှားရင်း၊ ဂစ်တာလည်းသယ်မရ‌ တော့လို့၊ ယာယီအိမ်လေးတစ်အိမ်မှာ ခေါင်းအုံးကို လက်နဲ့ခေါက်ပြီး ရေးထားတာ။ ခေါင်းအုံးက အသံထွက်လောက်အောင် မာလားဆိုတော့...မာတယ်😁၊ ခေါင်းအုံးရှိတာတောင်ကျေးဇူးတင်ရမှာပါ😇။
ဘယ်တော့ ထွက်မလဲ ဆိုတော့....တကယ်မသိဘူးရယ်...
ကြာတော့ကြာဦးမယ်နော်😁......မျှော်။

မှတ်ချက်။ ။ ချမ်းလည်းချမ်းတယ်၊ လွမ်းလည်းလွမ်းတယ်🤭။

မင်းတို့ ရက်စက်တယ်…မင်းတို့ လုပ်ရက်တယ်သူ မပြောရှာပါဘူးကွယ်သံတိုင်ကြားက ပြုံးပြတယ်…စည်းလုံးကြရမယ်…အားတင်းထားရမယ်သူ မပါပဲတ...
14/01/2025

မင်းတို့ ရက်စက်တယ်…မင်းတို့ လုပ်ရက်တယ်
သူ မပြောရှာပါဘူးကွယ်
သံတိုင်ကြားက ပြုံးပြတယ်…

စည်းလုံးကြရမယ်…အားတင်းထားရမယ်
သူ မပါပဲတောင် ဆက်သွားတဲ့
ထည့်မတွက်နဲ့ ရတယ်
ထောင်ထဲက လှမ်းပြောတယ်…

သူမ
ရေး+ဆို+တီး ~ ဖြူဖြူကျော်သိန်း

#သူမ

11/01/2025

သူမ

အရင်အတိတ်မှာ ကိုယ်‌တွေဆီမှာ တခါဖူးမှ မရခဲ့ဖူးတဲ့ အတိုင်းအတာနဲ့ လွတ်လပ်မှုတွေ၊ လုံခြုံမှုတွေ၊ သာမန်လူထုဘဝအတွက် အသက်ရှူချောင်မှုတွေ၊ လင်းထိန်နေတဲ့မြို့ပြညတွေ၊ အင်တာနက်လိုင်းတွေ၊ မျှော်လင့်ချက်တွေ၊ လူငယ်တွေရဲ့ အနာဂတ်အိပ်မက်တွေ၊ မေတ္တာတွေ ခံစားခဲ့ရတဲ့ ၅ နှစ်တာအတွက် အတိုင်းမသိကျေးဇူးတင်ရပါတယ် 🙏🙏🙏။

သူများနိုင်ငံကလူတွေအတွက်တော့ မပြောပလောက်တဲ့ အရာတွေဆိုပေမယ့်…ခေတ်အဆက်ဆက် အမှောင်ထု၊ ဆင်းရဲတွင်း၊ အနှိပ်ကွပ်ခံဘဝမှာ နေလာခဲ့ရတဲ့ ကိုယ်တွေအတွက်တော့ ပြန်မနိုးချင်တော့တဲ့ အိပ်မက်နိဗ္ဗာန်လေးတစ်ခုကို သူမ ပေးခဲ့တာပါပဲ။

“လွမ်းတယ်…” ဆိုတာလောက်တော့ ပြောရဲကြဦးမယ်ထင်ပါတယ်နော်...

ရေး+ဆို+တီး ~ ဖြူဖြူကျော်သိန်း

ဖြူဖြူ့အတွက်တဲ့…သီးသန့်လေး သေချာဆွဲပေးတဲ့ ပန်းချီကားလက်ဆောင်လေး🩷Big surprise ပါ🥰ကံ့ကော်ပန်းလေးလည်း ပန်ထား‌ပေးတယ်၊ ကိုယ်အ...
09/01/2025

ဖြူဖြူ့အတွက်တဲ့…သီးသန့်လေး သေချာဆွဲပေးတဲ့ ပန်းချီကားလက်ဆောင်လေး🩷Big surprise ပါ🥰

ကံ့ကော်ပန်းလေးလည်း ပန်ထား‌ပေးတယ်၊ ကိုယ်အကြိုက်ဆုံး အ‌နီရောင်ဂါဝန်လေးနဲ့ ၊ piano တီးနေတာ။ ချစ်ဖို့အကောင်းဆုံးကတော့ ကြောင်သိပ်ချစ်တဲ့ ဖြူ့အတွက် ကြောင်ကလေးတစ်ကောင်ပါ ထည့်ဆွဲပေးထားတာ☺️။ ကြောင်လေးက တစ်ယောက်သောသူ ပြန်လာတာကို ပြတင်းပေါက်ကနေ မျှော်နေတာဖြစ်လိမ့်မယ်နော်...

ပန်းချီဆရာမကတော့ ပြင်သစ်တောင်ပိုင်းမှာနေတဲ့ မမ လှလှ Darli Pug ပါတဲ့။
အသေးစိတ်လေးကအစ ရင်ထဲကနေ ချစ်ပြီး ဆွဲပေးထားမှန်း ခံစားမိပါတယ်။
Merci beaucoup et plein des bisous Ma Ma 😘.

ငယ်စဉ်တောင်ကျေးတုန်းက တို့ဖြေထားတဲ့ interview လေးတွေ အွန်လိုင်းတခွင်မှာ ရေပန်းစားနေတယ်ဆိုလို့ လာတက်ကြည့်တာ😝။Interview လု...
07/01/2025

ငယ်စဉ်တောင်ကျေးတုန်းက တို့ဖြေထားတဲ့ interview လေးတွေ အွန်လိုင်းတခွင်မှာ ရေပန်းစားနေတယ်ဆိုလို့ လာတက်ကြည့်တာ😝။

Interview လုံးဝမဖြေ‌တာ ဘာလိုလိုနဲ့ ၄ နှစ်ပြည့်တော့မယ်။အမုန်းခံပြီး အကုန်ပြောထားခဲ့ပြီးပြီ ဆိုတော့ ထပ်မလိုလောက်တော့ဘူး ထင်လို့ပါ။

I'm an open book, you just need to read it.😉

“မာနမဲ့ကာ မေ့လွယ်သတဲ့အကြိုက်ပေးလိုက်ရင် အိတ်ကပ်ထဲခုန်ဆင်း ခေါင်းငြိမ့် ကြိုးဆွဲရာကမြဲ…”ကောက်ရိုးမီးရေး/ဆို ~ ဖြူဖြူကျော်...
06/01/2025

“မာနမဲ့ကာ မေ့လွယ်သတဲ့
အကြိုက်ပေးလိုက်ရင် အိတ်ကပ်ထဲ
ခုန်ဆင်း ခေါင်းငြိမ့် ကြိုးဆွဲရာကမြဲ…”

ကောက်ရိုးမီး
ရေး/ဆို ~ ဖြူဖြူကျော်သိန်း

#ကောက်ရိုးမီး #2024

၂၀၂၅ နှစ်သစ်ကို စာအရှည်ကြီးရေးပြီး ကြိုခွင့်ပြုပါနော်။🥰ဒီစာဟာ ဒီ ၄ နှစ်တာ ကာလမှာ ပြည်သူ့ဖက် ရပ်တည်ခဲ့ကြတဲ့ ကိုယ့်အနုပညာည...
01/01/2025

၂၀၂၅ နှစ်သစ်ကို စာအရှည်ကြီးရေးပြီး ကြိုခွင့်ပြုပါနော်။🥰
ဒီစာဟာ ဒီ ၄ နှစ်တာ ကာလမှာ ပြည်သူ့ဖက် ရပ်တည်ခဲ့ကြတဲ့ ကိုယ့်အနုပညာညီအစ်ကိုမောင်နှမတွေအတွက် ရေးတဲ့စာမို့ သူတို့ရဲ့ပရိသတ်တွေကိုလည်း ဆုံးတဲ့ထိ ဖတ်ပေးစေချင်ပါတယ်။

အမှန်တော့ ဒီစာက ဖြူဖြူရေးရမယ့်စာ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် မီဒီယာလို့ ခေါ်တဲ့သူတွေ ရေးရမယ့်စာပါ။ ဒါပေမယ့် ၄ နှစ်ကြာတဲ့ထိ ခုလို တိတိပပ ဘယ်သူမှရေးမလာလို့ ထုံးစံအတိုင်း မိတ်ပျက်ခံပြီး ရေးရတာပါ။😁

တကယ်တော့ ခုထိ ပြည်သူ့ဖက် ရပ်တည်နေတဲ့ အနုပညာရှင်အရေအတွက်ဟာ မြန်မာ့အနုပညာလောကတစ်ခုလုံးနဲ့ယှဉ်ရင် လက်တစ်ဆုပ်စာပဲ ရှိတာပါ။ အားလျော့ဖို့ ပြောတာမဟုတ်၊ ပိုချစ်ခင်စည်းလုံးဖို့ သတိပေးချင်ရုံပါ။

၂၀၂၁ အာဏာသိမ်းခါစက ရဲရဲတောက် လက်သုံးချောင်းထောင်ခဲ့တဲ့ အနုပညာသမားတွေ yite that လို့မကုန်အောင် ရှိပါလျက်နဲ့ ၄ နှစ်အကြာ ဘာလို့ လက်တစ်ဆုပ်စာပဲ ပြည်သူ့ဖက် ကျန်တယ်ထင်လဲ။
ခက်တာကိုး။
ဒီလမ်းကို ဘယ်လိုကြောင့်ပဲရွေးရွေး…သိပ်ခက်တာကိုး။

ဖြူဖြူ အမြဲပြောတဲ့စကား မှတ်မိကြမယ်ထင်တယ်။ မြန်မာဆယ်လီဘဝဟာ အင်မတန် အနေအစားချောင်တယ် ဆိုတာလေ။
ဖြူဖြူတို့၊ ကိုRဇာနည်တို့လို highest earning artists တွေမပြောနဲ့၊ မနေ့တနေ့ကမှ ဖျော်ဖြေရေးလောကထဲရောက်လာတဲ့ ဂျူနီယာလေးတွေတောင် တစ်ခါပွဲဆို တစ်ခါပွဲတက်ရင် အနောက်နိုင်ငံမှာရတဲ့ တစ်လအနိမ့်ဆုံးလုပ်ခလစာမျိုးကို တစ်ထိုင်တည်း ရနိုင်တာလေ။

အဲ့လောက် အနေအစားချောင်တဲ့ ဘဝတွေကို ရထားပါရဲ့သားနဲ့ ဖြူဖြူတို့တွေ ဘာလို့ ဒီလမ်းကို ရွေးခဲ့ကြတယ် ထင်လဲ။
တကယ်တော့ မြန်မာဆယ်လီဘဝဆိုတာ ဘယ်အစိုးရတက်တက် နေတတ်ထိုင်တတ်ရင် ဘယ်တော့မှ မငတ်ဘူး။ ခုခေတ်ပျက်မှာဆို ပိုလုပ်စားလို့တောင် ကောင်းသေး။
အရင်လို နိုင်ငံတော်အကျိုးပြုကားဆိုတာတွေ ရိုက်ပေးစရာလည်း မလိုဘူး၊ ဝါဒဖြန့်သီချင်းတွေ ဆိုပေးစရာလည်း မလိုဘူး။ ကျွန်တော်ကျွန်မတို့က အနုပညာသမားတွေမို့ အနုပညာပဲ လုပ်တတ်လို့ပါ ဆိုပြီး ဒီချိန် ဒီလက်အောက်မှာ ပျော်ပျော်ကြီး ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ပြလိုက်ရင်ကို ကမ္ဘာ့အလယ် မြန်မာပြည်ကြီး အေးချမ်းနေသယောင် ကူညီလိမ်လည်လှည့်ဖျားပေးလို့ရပြီ။
ဒါပေမယ့်လေ…တကယ်တွေးကြည့်ရင် ခုချိန်ဟာ မြန်မာ့သမိုင်းမှာ အကြီးကျယ်ဆုံးသောပဋိပက္ခ ဖြစ်နေတဲ့အချိန်ပဲ။ အဲ့ဒါကို ဘာနဲ့မှ ဖုံးဖိလိမ်လည်ပစ်ချင်လို့ကို မရဘူး။ လိမ်ရင် ဂွမ်းမှာပဲ။
အေး…ကိုယ်တို့တွေကတော့ သူများတွေလို အဂွမ်းခံပြီး ကူလိမ်မပေးနိုင်ဘူး။
ကိုယ့်ကို အားပေးခဲ့ကြတဲ့ ပရိသတ်ပြည်သူတွေ နေ့စဉ်နဲ့အမျှ ငိုယို thay ကြေ ငတ်ပြတ် ဒုက္ခရောက်နေချိန်…ဘာမှမဖြစ်သလို မသိချင်ယောင်ဆောင်ပြီး အရှိတရားကို မျက်ကွယ်မပြုနိုင်ကြတာ။ အဲ့လိုကြီး ရှာစားရမှာ မျိုမကျတာ။ ရှက်တာ။

တချို့ကပြောသေးတယ်။ နားထင်တေ့ထားလို့တို့…နီးရာဓါးကြောက်ရလို့တို့…။
နားထင်အတေ့မခံရအောင် ရွေးချယ်လို့ရတယ်။ နီးရာဓါးမကြောက်ရအောင် ရွေးချယ်စရာရှိတယ်။
မရွေးကြတာ။ မရွေးချင်ကြတာ။
ဘာလို့မရွေးကြတာလဲ။
ပရိသတ်ပြည်သူအပေါ် စေတနာမှမရှိတာ၊ တချိန်လုံး အားပေးလာတဲ့ ပရိသတ်ပြည်သူကို တကယ်မှ ကျေးဇူးမတင်တာ။ ပရိသတ်ပြည်သူဆိုတာကို ဘာမှကိုမှ မထင်တာ။

လွတ်မြောက်နယ်မြေနဲ့ တတိယနိုင်ငံတွေမှာ ရှောင်တိမ်းနေပြီး ဘဝကိုသုညက ပြန်စကြရတာ လွယ်တယ်များ ထင်လို့လား။ တချို့လည်း အခက်အခဲအမျိုးမျိုးကြောင့် ပြည်တွင်းမှာ နေနေရပေမယ့် သူများတွေလို normalize ဝင်မလုပ်ပဲ အလုပ်‌တွေ တမင် ရပ်နားပေးထားကြတာ လွယ်တယ်ထင်လို့လား။
လွယ်ရင် လူများစုက လိုက်လုပ်ခဲ့ကြမှာပေါ့။မလွယ်မှန်းသိလို့ ကျန်တဲ့အနုပညာတလောကလုံးက ဒီလမ်းကို မရွေးချယ်ခဲ့ကြတာပေါ့ရှင်။

တတိယနိုင်ငံတွေဆီ ရှောင်တိမ်းလာခဲ့ကြတဲ့ အနုပညာရှင်ကြီးငယ်တွေထဲ တိုင်းတပါးစျေးကွက်မှာ ဝင်ဆံ့ပြီး သူများနိုင်ငံက အနုပညာရှင်တွေကြား ကိုယ့်အနုပညာအလုပ်ကို professionally ရင်ပေါင်တန်းလုပ်နေနိုင်တာဆိုလို့ မေမြတ်နိုး နဲ့ ဒေါင်း ပဲရှိတယ်။ သူတို့အတွက် ဖြူဖြူတို့စီနီယာအစ်ကိုအစ်မတွေကလည်း ဝမ်းသာဂုဏ်ယူတယ်။

ဖြူဖြူအပါအဝင် တခြားအနုပညာရှင်အများစုဟာ အဲ့လို လုပ်နိုင်တဲ့အနေအထားမှာ ရှိမနေရရှာဘူး။ တချို့ဆို ကားမောင်းရတယ်၊ delivery ပို့ရတယ်၊ ဆူရှီလိပ်ရတယ်၊ ပစ္စည်းသယ်ရတယ်၊ စားပွဲထိုးလုပ်ရတယ်၊ အိမ်အကူလုပ်ရတယ်၊ စျေးရောင်းရတယ်။ အနုပညာအလုပ်ကလွဲ ကျန်တာအကုန်လုပ်ပြီး တဝမ်းတခါး ရပ်တည်ရတယ်။

ဒီလောက် အနေအစားချောင်တဲ့၊ လူ့မလိုင် ရေပေါ်ဆီ ဘုရင်ကြီးဘုရင်မကြီးတွေလို နေခဲ့ရတဲ့ သူတွေက ဘာလို့ ဒါတွေလုပ်နေတယ်ထင်လဲ။ အညွန့်တလူလူနဲ့ တက်သစ်စ မောင်လေးညီမလေးတွေကရော ဒီ ၄ နှစ်မှာ ဘာလို့ သူတို့ career တွေကို သတ်ပစ်ခဲ့ကြတယ်ထင်လဲ။
ပရိသတ်ပြည်သူကို လူလိုသူလို တန်ဖိုးထားလို့၊ စေတနာရှိလို့၊ တကယ်ကျေးဇူးတင်လို့။
ပြီးတော့ ကိုယ့်ကိုယ်ကို လေးစားလို့။

ပြည်သူ့ဖက်ရပ်တည်တဲ့ အနုပညာရှင်တွေတင်မကဘူး၊ သူတို့နဲ့သက်ဆိုင်တဲ့ ဇနီး ခင်ပွန်း ချစ်သူ မိဘ သားသမီး မိသားစုတွေဟာလည်း ချောင်လည်တဲ့ဘဝတွေကိုစွန့်ပြီး အတူရုန်းကန်ရင်း ပါရမီဖြည့်ပေးကြရှာတယ်။ ဘယ်လွယ်ပါ့မလဲ။
အဲ့ဒီအတွက်လည်း ဒီမောင်နှမတွေရဲ့မိသားစုဝင်တွေအားလုံးကို လေးစားကျေးဇူးတင်ရပါတယ်။

ကဲ…ပရိသတ်ကြီးကရော…..
ဘာတွေ တွေဝေမိန်းမောစဉ်းစားနေကြလဲ။
ကိုယ့်အပေါ် တကယ်စေတနာရှိတဲ့၊ ကျေးဇူးတင်တတ်တဲ့ ဒီအနုပညာရှင် လက်တစ်ဆုပ်လေးပဲရှိတာကို ပြတ်ပြတ်သားသား ဂုဏ်ဆာလိုက်ကြတော့လေ။

အနည်းဆုံးတော့…ဒီနှစ်သစ်မှာ ကိုယ်နဲ့အတူ ခုထိရပ်တည်ပေးနေကြတဲ့ ကိုယ့် idol အနုပညာရှင်ကြီးငယ်တစ်ယောက်စီနဲ့ သူတို့မိသားစုဝင်တွေကို သူတို့ post နဲ့ page လေးတွေအောက် မေတ္တာစကားလေးတွေ ကျေးဇူးပြုပြီး သွားမန့်ပေးလိုက်ကြပါလား…နော်???🩷

ကျေးဇူးအများကြီးတင်ပါတယ်။
မင်္ဂလာနှစ်သစ်ပါရှင်။

31/12/2024

ကဲ…ကောင့်ဒေါင်း လို့ရပါပြီနော်💃💃💃
ဝမ်း တူး သရီး.....ဘာတဲ့လဲ ပရိသတ်ကြီး😜။
ဖြူဖြူနဲ့ UK မိသားစုရဲ့ နှစ်သစ်မေတ္တာလက်ဆောင်လေးပါ။
အွန်လိုင်းပွဲအနေနဲ့ ရောင်းပေးပါဆိုပေမယ့်၊ နှစ်သစ်မှာ အားလုံးတူတူ ပျော်လို့ရအောင် ဒီကပဲ တင်ပေးလိုက်ပါတယ်ရှင့်။
Happy Blessed New Year 2025!
May God bless you all!

ကောက်ရိုးမီး
ရေး/ဆို- ဖြူဖြူကျော်သိန်း

Adresse

Avenue Des États Unis
Clermont-Ferrand
63000

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Phyu Phyu Kyaw Thein publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à Phyu Phyu Kyaw Thein:

Vidéos

Partager