Burma News Media

Burma News Media Esports News, Dota2 & CSGO Match Analysis, Game Related Video Clips

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် ရာထူးမှ အနားယူပြီး အစိုးရသစ်၏အာဏာကို ဟွန်မန်အား လွှဲပြောင်းပေးအပ် ဖနွမ်းပင်၊ ဇူ...
26/07/2023

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် ရာထူးမှ အနားယူပြီး အစိုးရသစ်၏အာဏာကို ဟွန်မန်အား လွှဲပြောင်းပေးအပ်

ဖနွမ်းပင်၊ ဇူလိုင် ၂၆ ရက်

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဝန်ကြီးချုပ်တာဝန်ကို ၃၈ နှစ်ကြာ ထမ်းဆောင်ပြီးနောက် အနားယူတော့မည် ဖြစ်ရာ အာဏာအား ၎င်း၏သားအကြီးဆုံးဖြစ်သူ ဟွန်မန်ထံ လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

“ဟွန်မန်အနေနဲ့ ရက်သတ္တပတ် ၃ ပတ်ကျော်ကြာ ကာလအတွင်းမှာ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်မှာ ဖြစ်ပါတယ်”ဟု ကမ္ဘောဒီးယားနိုင်ငံပိုင်ရုပ်မြင်သံကြား (TVK)မှ ထုတ်လွှင့်သော ၎င်း၏ အထူးမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

စဉ့်ကိုင်တွင် ဒုမြို့နယ်မှူး အပါအ၀င် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ အလှူခံမဏ္ဍပ်တွင် အလှူခံနေစဉ် ဗုံးနဲ့ထုပြီး သေနတ်နဲ့ ပစ်ခ...
07/02/2023

စဉ့်ကိုင်တွင် ဒုမြို့နယ်မှူး အပါအ၀င် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ အလှူခံမဏ္ဍပ်တွင် အလှူခံနေစဉ် ဗုံးနဲ့ထုပြီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ ၄ ဦးသေဆုံး

ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၇ ရက်

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့၊ မြို့မရပ်ကွက်ရှိ အာရုဏ်တော်ဆွမ်းလောင်းအသင်းဓမ္မာရုံရှေ့ အလှူခံမဏ္ဍပ်အတွင်း၌ ထွေအုပ်ရုံး ဒုမြို့နယ်မှူးအပါအ၀င် အုပ် ချုပ်ရေးမှူးနှင့် သတင်းပေးဒလန်များ၊ အရပ်၀တ်စစ် ကောင်စီတပ်ဖွဲ့၀င်များ ဝိုင်းဖွဲ့ထိုင်နေစဉ် ဗုံးဖြင့်တိုက်ခိုက်ခံရပြီး သေနတ်ဖြင့်ပါ ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။

ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်ခန့်က နေပြည်တော်တွင် တည်နေသည့် ဘုရားအတွက် အလှူခံနေရာ ယင်းအလှူခံမဏ္ဍပ်အတွင်းအရပ်၀တ်များဖြင့် ဒုမြို့နယ်မှူးနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့၀င်များ ဝိုင်းဖွဲ့ထိုင်နေစဉ် လက်ပစ်ဗုံး ၃ လုံးနှင့် ပစ္စတိုသေနတ်တို့ဖြင့်ပါ ၅ ချက်ပစ်ခတ်ခဲ့မှုကို Myitnge- PDF မြို့ပြပျောက်ကျားအထူးတပ်ဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြော သည်။

"သတင်းကို ချက်ချင်းမထုတ်ပြန်နိုင်တာ လုံခြုံရေး အခက်‌အခဲတွေကြောင့်ပါ။ စစ်အုပ်စုနဲ့ စစ်တပ်‌လက် အောက်ခံအဖွဲ့တွေ ထိုင်နေတုန်း လက်ပစ်ဗုံး ၃ လုံးနဲ့ ပစ္စတိုသေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာ ပြန်သိရသလောက် ၄ ယောက်သေတယ်။ အခြေအနေကို ထပ်စုံစမ်းနေတုန်းပါပဲ"ဟု တပ်ဖွဲ့၀င် ရဲဘော်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ရာအိမ်မှူး အုန်းကြိုင် ၄၆ နှစ်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ကျော်ကျော်လင်း ၃၈ ဆိုသူမှာကျည်နှင့် ဗုံးစထိမှန်ပြီး နေရာတွင်ပင် သေဆုံးသွားကြောင်း စဉ့်ကိုင်မြို့နယ်ရှိ တပ်ဖွဲ့၀င်နှင့် နီးစပ်သူတစ်ဦးမှအတည်ပြုပြောဆိုသည်။

တိုက်ခိုက်မှုကြောင့် ၄ ဦးသေဆုံးမှုကိုမူ သီးခြားအတည်ပြု၍ မရသေးဘဲ တိုက်ခိုက်မှုကို Myitnge- PDF မြို့ပြပျောက်ကျားအထူးတပ်ဖွဲ့၊ LPDF -Sintgaing နှင့် ကျောက်ဆည်(ပ.က.ဖ)တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#စဥ့်ကိုင် #အုပ်ချုပ်ရေးမှူး #အလှူမဏ္ဍပ် #ဗုံး #သေနတ် #သေဆုံး

စစ်အုပ်ချုပ်ရေး ကြေညာထားသော  မြောင်မြို့နယ်နှင့် မြင်းမူ မြို့နယ် တို့တွင် ပျူစောထီး အဖွဲ့ ဖွဲ့စည်းနိုင်ခြင်းမရှိတော့ဘဲ ...
07/02/2023

စစ်အုပ်ချုပ်ရေး ကြေညာထားသော မြောင်မြို့နယ်နှင့် မြင်းမူ မြို့နယ် တို့တွင် ပျူစောထီး အဖွဲ့ ဖွဲ့စည်းနိုင်ခြင်းမရှိတော့ဘဲ အင်အားစုဆောင်းမရသဖြင့် စစ်ကောင်စီ အခက်တွေ့နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်အုပ်ချုပ်ရေး ကြေညာထားသော မြောင်မြို့နယ်နှင့် မြင်းမူမြို့နယ်တွင် စစ်ကောင်စီက ပြည်သူ့စစ်ခေါ် ပျူစောထီး အဖွဲ့များ ဖွဲ့စည်းရန် ကြိုးစားသော်လည်း အောင်မြင်မှုမရှိဘဲ အင်အားစုဆောင်းမရတော့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနအတွင်း တင်ပြစာအရ သိရှိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြင်းမြို့နယ်တွင် ပြည်သူ့စစ်(ခေါ်) ပျူစောထီး အဖွဲ့များ ဖွဲ့စည်းရန် အမာခံသတင်းပေးများနှင့် စိတ်ပါဝင်စားသူများကို ကြိုတင်စည်းရုံးရယူထားပြီးဖြစ်သော်လည်း လက်ရှိ အခြေအနေတွင် ၎င်းတို့မှာ အခြေားဒေသများသို့ တိမ်းရှောင်ထွက်ခွာခြင်းများရှိသဖြင့် ပျူစောထီးများ မဖွဲ့စည်းနိုင်ကြောင်း၊ တရားဝင် ဖွဲ့စည်းကြိုးစားသွားမည် ဖြစ်ကြောင်း တင်ပြထားသည်။

အလားတူ မြောင်မြို့နယ်အတွင်းတွင်လည်း ကျေးရွာပြည်သူများ နေထိုင်ခြင်းမရှိသဖြင့် ပြည်သူ့စစ်(ခေါ်) ပျူစောထီးများ ဖွဲ့စည်းရန် အင်အား မရှိ၍ အခက်အခဲများ ရှိနေကြောင်း၊ လက်ရှိတွင် ပျူစောထီး ဖွဲ့စည်းလိုသော ကျေးရွာမရှိကြောင်း၊ စစ်ကိုင်းတိုင်းမြို့နယ်တွင် ပြည်သူ့စစ်ဖွဲ့စည်းလိုသော ကျေးရွာများရှိကြောင်း စာရင်းနှင့်တကွ တင်ပြထားသည်။

"အခုက ပျူစောထီး အဖြစ် လုပ်ကြတဲ့ ရွာတွေကိုလည်း PDF တွေ ၀ိုင်းရံထားတော့ ရွာထဲကတောင် သူတို့ မထွက်ရဲဘူး။ တချို့ ပျူစောထီး ရွာတွေလည်း စားနပ်ရိက္ခာတွေ ပြတ်တောက်တော့ လက်နက်ချပါမယ်ဆိုပြီး PDF ဆီမှာ အလင်းဝင်တာတွေ ရှိတယ်။ စစ်တပ်ကလည်း ရဟတ်ယာဉ်နဲ့ အင်အားချ ရိက္ခာချပေးပြီးရင် ကုန်းလမ်းက မသွားရဲတော့ အမြဲလည်း ရိက္ခာ လူသူ မထောက်ပံ့နိုင်ဘူး။ စစ်တပ်ကိုယ်တိုင်က ဒီစစ်ကိုင်းတိုင်း မြောင်၊ မြင်းမူနဲ့ အခြားမြို့နယ်တွေမှာ သူတို့အသက် သူတို့ ရှာကြံမွေးနေရတာ ပျူစောထီးတွေကိုလည်း လုံခြုံရေးမပေးနိုင်ဘူး။ အဲဒီလို အခြေအနေတွေကြောင့် ပျူစောထီးတွေ လုပ်မယ့်သူမရှိတော့ဘဲ အကုန်ထွက်ပြေးကုန်ကြတာပါ" ဟု စစ်ကိုင်းခရိုင် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသော စစ်ကိုင်းတိုင်း၊ မြို့နယ် ၁၁ မြို့နယ်မှာ ပျူစောထီးများ ဖွဲ့စည်းနိုင်မှု မရှိခြင်း၊ ရှိရင်းစွဲ ပျူစောထီးများ ထွက်ပြေးနေကြခြင်းတို့ကြောင့် လုံခြုံရေးအရ ထိန်းချုပ်ရန် မဖြစ်နိုင်တော့ဘဲ စစ်တပ်က လက်လွှတ်နေရသည့် မြို့နယ်များ ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနအတွင်း တင်ပြစာတွင် စစ်ကိုင်းမြို့နယ်အတွင်း ပျူစောထီး အဖြစ် လုပ်ကိုင်ကြမည့် ပြည်သူ့စစ်စာရင်းများကိုလည်း မြင်တွေ့ရပြီး Facebook ၏ လူမှုကွန်ရက် စံချိန်စံညွန်းများအရ တင်ပြနိုင်ခြင်းမရှိဘဲ တယ်လီဂရမ်တွင်သာ ပြန်လည် မျှဝေထားပါသည်။

“UK နိုင်ငံခြားရေးဝန်ကြီး နဲ့  NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တရားဝင်တွေ့ဆုံ”ယူကေ နိုင်ငံခြားရေးဝန်ကြီး Ja...
07/02/2023

“UK နိုင်ငံခြားရေးဝန်ကြီး နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တရားဝင်တွေ့ဆုံ”

ယူကေ နိုင်ငံခြားရေးဝန်ကြီး James Cleverly နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဖေဖေါ်ဝါရီလ (၆) ရက်နေ့ ညနေ (၃:၃၀)က လန်ဒန်မြို့ UK နိုင်ငံခြားရေးဝန်ကြီးရုံးမှာ တရားဝင် တွေ့ဆုံခဲ့ကြပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အရေးကိစ္စတွေကို နှစ်ဦးနှစ်ဖက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါ်ဇင်မာအောင်ဟာ NUGနိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ဥရောပနိုင်ငံတစ်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတစ်ယောက်ကို ပထမဆုံးတရားဝင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ပြီးတော့ ဖေဖော်ဝါရီလ ဒုတိယပတ်ထဲမှာလည်း အမေရိကန် နိုင်ငံကို သွားရောက်ပြီး မြန်မာကွန်မျူနတီနဲ့တွေ့ဆုံပွဲတွေ လုပ်ဖို့ရှိပါတယ်။

မနေ့က တစ်နေ့တည်းမှာပဲ ဒေါ်ဇင်မာအောင်ဟာ မြန်မာ့အရေးလှုပ်ရှားနေတဲ့ All Party Parliamentary Group on Burma အဖွဲ့ရဲ့ ဥက္ကဋ္ဌ ယူကေ အတိုက် အခံ လေဘာပါတီအမတ် Rushanara Ali နဲ့ လည်းတွေ့ဆုံခဲ့ပါသေးတယ်။

ဂျာယန်ပြည်သူစစ်တပ်ဖွဲ့စခန်းအား TNLA ဝင်ရောက်စီးနင်း၊ တအာင်းလူမျိုး ၁၂၇ ဦးကို ကယ်ထုတ်ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမ...
06/02/2023

ဂျာယန်ပြည်သူစစ်တပ်ဖွဲ့စခန်းအား TNLA ဝင်ရောက်စီးနင်း၊ တအာင်းလူမျိုး ၁၂၇ ဦးကို ကယ်ထုတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်၊ ဂျာယန်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန်ပြည်သူ့စစ်စခန်းကို TNLA က စီးနင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်မဟာ (၇)တပ်ဖွဲ့မှ အင်အား (၅၀၀)ကျော် အသုံးပြုပြီး ဂျာယန်ပြည်သူစစ်တပ်စခန်းသို့ ဝင်ရောက်စီးနင်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် သိမ်းသွင်းစစ်မှုထမ်းစေသည့် တအာင်း(ပလောင်)လူမျိုး ၁၂၇ ဦးအား ကယ်ထုတ်နိုင်ခဲ့ရာ ကလေးစစ်သားများကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂျာယန်ပြည်သူစစ်တပ်ဖွဲ့မှ အတင်းအဓမ္မ သိမ်းသွင်းခေါ်ယူထားသော တအာင်းလူမျိုး အမျိုးသား ၁၁၂ ဦး၊ အမျိုးသမီး ၁၅ ဦးအား ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ဂျာယန်ပြည်သူ့စစ်တပ်စခန်းအတွင်းမှ ကယ်ဆယ်နိုင်ခဲ့သည့် တအာင်းလူမျိုး ၁၂၇ ဦးအနက် (၈)နှစ်မှ (၁၇)နှစ်အရွယ် ၂၀ ဦးရှိပြီး၊ (၁၈)နှစ်မှ (၆၅)နှစ်အရွယ် ၁၀၇ ဦး ပါရှိကြောင်း သိရသည်။

TNLA မှ ဂျာယန်ပြည်သူ့စစ်စခန်းအား ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံးအလုံး(၃၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဂျာယန်ကျေးရွာအနီးသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Photo - News & Information Department

ရွှေပြည်​အေးတိုက်ပွဲ စစ်ကောင်စီရဟတ်ယာဉ်ကို KPDFက ပစ်ချခဲ့ဟု KIAအသိပေးဆန်အောင်/People’s Spring စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း...
05/02/2023

ရွှေပြည်​အေးတိုက်ပွဲ စစ်ကောင်စီရဟတ်ယာဉ်ကို
KPDFက ပစ်ချခဲ့ဟု KIAအသိပေး

ဆန်အောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးဒေသ တိုက်
ပွဲ၌ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)များလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ရဟတ်ယာဉ်ကို KPDFက ပစ်ချခဲ့သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA တပ်မဟာ(၈)နယ်မြေသို့ စစ်ကောင်စီတပ် ဗုံးကြဲတိုက်
ခိုက်မှု၊ မြင်းမူရှိ စစ်ကောင်စီတပ်စခန်းကိုPDF များကတိုက်
ခိုက်မီးရှို့မှု၊ ဟုမ္မလင်းဒေသ တိုက်ပွဲသတင်းများကို KIA သတင်းဌာန က ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၃ရက်က စစ်ကိုင်းတိုင်း ဟုမ္မလင်းဒေသ၌ စစ်ကောင်စီတပ်နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့သည်။

“စစ်ကောင်စီတပ်မှ ထိခိုက်မှု ရှိခဲ့ကာလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လာတာကြောင့် KPDFဘက်မှစစ်ကောင်စီတပ်၏ ရဟတ်ယာဉ် တစ်စီး ပျက်ကျအောင် ပစ်ချနိုင်ခဲ့” ဟု KIA သတင်းပြန်ကြားရေးဌာန၏ သတင်းဖော်ပြချက်၌ ပါရှိသည်။ ကချင်​ဒေသပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့-KPDF
သည် KIAက စစ်သင်တန်းပေးထားသည့် တပ်ဖွဲ့များဖြစ်ပြီး KIA၏ ကွပ်ကဲမှုအောက်၌ရှိသည်။

ဟုမ္မလင်းရွှေပြည်အေးမြို့အနီးတိုက်ပွဲ၌စစ်ကောင်စီရဟတ်
ယာဉ်ကို ပျက်ကျအောင် ပစ်ချနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက​ဖေ​ဖော်ဝါရီ ၃ ရက်ည​နေပိုင်း၌ထုတ်ပြန်ခဲ့သည်။

ထို့သို့ ရဟတ်ယာဉ် ပစ်ချခံရပြီးနောက် ဖေဖော်ဝါရီ ၄ရက် နံနက်အစောပိုင်း၌ စစ်ကောင်စီတပ်သည် KIA အမှတ်(၈)
တပ်မဟာ အမှတ် (၄၁) တပ်ရင်းနယ်မြေရှိ KIA တပ်စွဲရာနေရာများကို တိုက်လေယာဉ် ၃စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။ အဆိုပါ တိုက်ခိုက်ခံရမှုနှင့် KIA တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးရှိမရှိကို ဖော်ပြမထားပေ။

KIA အနေဖြင့် ၂၀၂၁ မေလ ၃ရက်နေ့ကလည်း မိုးမောက်မြို့နယ်ကုန်းလောကျေးရွာအနီး၌စစ်ကောင်စီ၏ ရဟတ်
ယာဉ်တစ်စီးပျက်ကျအောင် တိုက်ခိုက်ခဲ့ရာ ယင်းဖြစ်စဉ်၌ စစ်ကောင်စီ ရဟတ်ယာဉ်မောင်း အရာရှိများ သေဆုံးခဲ့သည်။

KIA အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် တော်လှန်ရေး အင်အားစုများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး စစ်ရေးအစီမံများကို ဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကိုလည်း ဖေဖော်ဝါရီ ၄ရက် မနက် အစောပိုင်း၌ PDF ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ ၂နာရီခန့်ကြာ နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး စစ်ကောင်စီတပ်၏ လက်နက်အချို့ကို PDF မှ သိမ်းဆည်းရယူနိုင်ခဲ့ကြောင်း၊ တပ်စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

အဆိုပါ စစ်ဆင်ရေးကို ခရိုင်ကွပ်ကဲရေးမှူး၏ စီစဉ်ညွှန်ကြားမှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း တိုက်ပွဲ၌ ပါဝင်သည့် မြင်းခြံခရိုင် တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ရေး စုဖွဲ့မှုများ လုပ်ဆောင်ရာတွင် ခရိုင်အဆင့် ကွပ်ကဲရေးမှူးတာဝန်ကို မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ စစ်ရေးတာဝန်ရှိသူများက တာဝန်ယူ ဆောင်ရွက်ကြောင်း NUG ကာကွယ်ရေးက ထုတ်ဖော်ပြောဆိုထားသည်။ထို့ကြောင့် KIAအနေဖြင့်စစ်ကိုင်းတိုင်း
ရှိ စစ်ရေး ဆောင်ရွက်ချက် စစ်ဆင်ရေးများကို ကွပ်ကဲနေသည်ဟုဆိုနိုင်သည်။

(KPDF တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KPDF)

သံတောင်မြို့နယ် KNU ဥက္ကဌ နေအိမ် အပါအ၀င် အိမ် ၃ လုံးအား စစ်တပ်မှ မီးရှို့CJ Platformသံတောင်မြို့နယ်ရှိ KNU ဥက္ကဌ နေအိမ်အ...
05/02/2023

သံတောင်မြို့နယ် KNU ဥက္ကဌ နေအိမ် အပါအ၀င် အိမ် ၃ လုံးအား စစ်တပ်မှ မီးရှို့
CJ Platform

သံတောင်မြို့နယ်ရှိ KNU ဥက္ကဌ နေအိမ်အပါအ၀င် အိမ် ၃လုံးအား စစ်တပ်မှ မီးရှို့ခဲ့ကြောင်း KIC သတင်းဌာနက ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၄ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်များသည် သံတောင်မြို့ ၁၃ မိုင်ရှိ KNU ၏ သံတောင်မြို့နယ် ဥက္ကဌနေအိမ်နှင့် KNU/KNLA-PC မှ အရာရှိဟောင်းတစ်ဦး၏ နေအိမ်အပါအ၀င် အိမ် ၃လုံးကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

မီးရှို့ခံရသည့် အိမ် ၃လုံးအနက် တစ်လုံးသည် ဒေသခံတစ်ဦး၏ နေအိမ်ဖြစ်သဖြင့် ယခုကဲ့သို့ မီးရှို့မှုသည် KNU နှင့် သက်ဆိုင်သည့် အိမ်များကို အဓိကထား မီးလိုက်ရှို့ခြင်းဖြစ်သည်ဟု သံတောင်မြို့ရှိ ဒေသခံများက ပြောကြားကြောင်း KIC က ဖော်ပြထားသည်။

“ကျွန်မ အသိအိမ်ဘေးနားက အိမ်တစ်လုံးမီးရှို့ခံရတယ်၊ အဲဒီအိမ်က KNU ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ပါ၊ နောက်ထပ်မီးရှို့ခံရတဲ့ အိမ်ပိုင်ရှင်က အရင်က ငြိမ်းချမ်းရေးမှာ အလုပ်လုပ်တယ်ပြီးမှ KNU နဲ့ ပြန်လာပူးပေါင်းတယ်။ သူ့အိမ်ပါ၊ နောက်တစ်လုံးကတော့ စျေးဆိုင်လို့ သိထားပါတယ်။ စစ်တပ်ကတော့ KNU ကို ရန်သူလို့ ခံယူထားတော့ မီးရှို့တာဖြစ်မယ်” ဟု ဒေသခံတစ်ဦးကပြောကြားကြောင်း KIC က ဖော်ပြထားသည်။

KNU ၏ အရာရှိနေအိမ်များ မီးမရှို့ခံရစဉ် ဖေဖော်ဝါရီ ၄ ရက် နံနက် ၅ နာရီခန့်တွင် သံတောင်မြို့၊ ပျားစခန်းကြားတွင် တစ်ကြိမ်၊ ၇ မိုင်တွင် တစ်ကြိမ် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကား၃ စီးပျက်စီးကာ၊ စစ်ကောင်စီဘက်မှ အယောက် ၂၀ ခန့်သေဆုံးခဲ့သည်။

လက်ရှိတွင်လည်း သံတောင်မြို့သစ် ၁၃ မိုင်တွင် စစ်ကောင်စီမှ မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့တွင်းနေထိုင်သူများ မရှိသလောက်နည်းပါးနေပြီး၊ စစ်ဘေးရှောင်များမှ မိမိတို့နေအိမ်များ ပျက်စီးမည်ကို စိုးရိမ်ပူနေသည်ဟု KIC က ရေးသားထားသည်။
🖋မွန်လေး
ဓာတ်ပုံ- KIC

နိုင်ငံရဲ့ အကျပ်အတည်းများကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ ရွေးကောက်ပွဲကျင်းပရန်လုပ်ဆောင်မှု ပဋိပက္ခဆီသို့ ဦးတည်သွားနိုင်တယ်လ...
05/02/2023

နိုင်ငံရဲ့ အကျပ်အတည်းများကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ ရွေးကောက်ပွဲကျင်းပရန်လုပ်ဆောင်မှု ပဋိပက္ခဆီသို့ ဦးတည်သွားနိုင်တယ်လို့ မွန်ပြည်သစ်ပါတီပြော.....................
ဖေဖော်ဝါရီ ၅။

နိုင်ငံရဲ့ အကျပ်အတည်းများကို ဖြေရှင်းနိုင်ခြင်းလည်းမရှိ၊ ဖြေရှင်းရန် နည်းလမ်းရှာကြံခြင်းမပြုပဲ ရွေးကောက်ပွဲသစ်တခုကို ကျင်းပရန် အားထုတ်လုပ်ဆောင်လျှင် သွေးထွက်သံယိုမှုပိုများသည့် ပဋိပက္ခဆီသို့ ဦးတည်သွားနိုင်တယ်လို့ မွန်ပြည်သစ်ပါတီ(NMSP)က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ယနေ့ ဖေဖော်ဝါရီလ ၅ရက်နေ့မှာကျရောက်တဲ့ ၇၆နှစ်မြောက် မွန်အမျိုးသားနေ့မှာ မွန်ပြည်သစ်ပါတီ(NMSP)က ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းပြောဆိုလာတာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံများကလည်း အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို ထောက်ခံရပ်တည်နေတဲ့အပေါ် နှစ်ဖက်စလုံးမှ လိုက်နာလက်ခံ အကောင်အထည်ဖော်သွားရန် တိုက်တွန်းထားပါတယ်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန် စစ်ကောင်စီမှ ဖိတ်ခေါ်လာသည့်အပေါ် မိမိတို့ မွန်ပြည်သစ်ပါတီမှ တွေ့ဆုံဆွေးနွေးနေသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆုပ်ကိုင်နေတာကြောင့် တိုင်းရင်းသားလူမျိုးအခွင့်အရေးများ အလှမ်းဝေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန် >>>
https://www.myanmaplatform.com/a/68202.html
https://t.me/myanmaplatform

နိုင်ငံရေးအရွှေ့အပြောင်းကြီး ပြုလုပ်သွားမည်ဖြစ်ပြီး စစ်ရေးပြင်းထန်လာနိုင်သောကြောင့် ပြည်သူလူထုအနေဖြင့် လုံခြုံရေးအတွက် က...
05/02/2023

နိုင်ငံရေးအရွှေ့အပြောင်းကြီး ပြုလုပ်သွားမည်ဖြစ်ပြီး စစ်ရေးပြင်းထန်လာနိုင်သောကြောင့် ပြည်သူလူထုအနေဖြင့် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ကြရန် KIO/KIA ဥက္ကဌဗိုလ်ချုပ်ကြီးအင်ဘန်လ တိုက်တွန်း
--------
ဖေဖော်ဝါရီ၊၅

နိုင်ငံရေးအရွေ့အပြောင်းကြီးတစ်ခုကို ပြုလုပ်သွားမှာဖြစ်ပြီး စစ်ရေးပိုမိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူလူထုအနေနဲ့ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်ထားဖို့ ဒီကနေ့ကျရောက်တဲ့ (၆၂) နှစ်မြောက် KIO/KIA ရဲ့ တော်လှန်ရေးနေ့မှာ ဥက္ကဌဗိုလ်ချုပ်ကြီးအင်ဘန်လက မိန့်ခွန်း ပြောဆိုပါတယ်။

အခု ၂၀၂၃ ခုနှစ်ဟာ အရင်နှစ်တွေထက် တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာနိုင်ပြီး တော်လှန်ရေးကြီး အောင်မြင်ဖို့ဆိုရင် ပြည်သူလူထုရဲ့ ထောက်ခံချက်ဟာ အင်မတန်မှ အရေးကြီးသလို ပြည်သူလူထုထောက်ခံတဲ့ တော်လှန်ရေးတိုင်းဟာ အောင်မြင်မှုရရှိကြပြီး မျိုးဆက်သစ်တွေ လွတ်လပ်တဲ့ တိုင်းပြည်ကို ပိုင်ဆိုင်ရရှိစေဖို့ ပြည်သူတွေအနေနဲ့လည်း ကြိုတင်ပြင်ဆင်တာတွေကို ပြုလုပ်ထားကြဖို့ မိန့်ခွန်းမှာ ပြောကြားထားတာပါ။

စစ်အာဏာရှင်တော်လှန်ရေးကို အမြစ်ဖြတ်ချေမှုန်းတိုက်ဖျက်ကြဖို့ တစ်နိုင်ငံလုံး ပန်းတိုင်တစ်ခုတည်း ဖြစ်တာကြောင့် လက်ရှိမှာ KIA/KIO အနေနဲ့လည်း NUG အစိုးရ၊ တစ်ခြားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်လျှက်ရှိကြောင်း၊ ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ချိန် လူမျိုးကြီးဝါဒကို လက်စွဲကိုင်ဆောင်ထားတာမျိုး၊ အဖွဲ့အစည်းတစ်ခုတည်းကို အာဏာပေးဆောင်ထားတာမျိုး မဟုတ်ဘဲ တန်းတူညီမျှ မှန်မှန်ကန်ကန် ရရှိမှသာလျှင် ပြည်တွင်းစစ်ကို ရပ်တန့်နိုင်မှာဖြစ်ပြီးတော့ နိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့လည်း အထက်ပါ မိန့်ခွန်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တပ်အာဏာလုယူလိုက်တဲ့ အချိန်ကစပြီး နှစ်ပေါင်း (၇၀) ကျော် လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားတွေအနေနဲ့ မိမိစာပေနဲ့ယဉ်ကျေးမှုတွေ ပျောက်ပျက်လုနီးပါး ဖြစ်ခဲ့ရပြီး ပြည်တွင်းစစ်လည်း ရေရှည်တည်တံ့ခဲ့ရတာကြောင့် လူမျိုးကြီးဝါဒဟာ အင်မတန်မှ ကြောက်ဖို့ကောင်းကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ ဒီချိန်မှာတော့ မိမိအားနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းဖို့အတွက် အချင်းချင်းမနာလိုမုန်းတီးမှုတွေ၊ ပြောဆိုမှုတွေ မပြုလုပ်ဘဲ တော်လှန်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်ကြဖို့နဲ့ အနာရောဂါကပ်ဘေး ကိုဗစ်နိုင်တင်းကပ်ရောဂါကိုလည်း ဆက်လက်ပြီး သတိထားတိုက်ထုတ်ကြဖို့ ပြောဆိုထားပါတယ်။

မန္တလေးမြို့တွင် အောင်စည်တော်စစ်ဆင်ရေး တတိယအကြိမ်အဖြစ် အုပ်ချုပ်ရေးမှူး သာဌေး သေနတ်နဲ့ပစ်သတ်ခံရဧရာဝတီတိုင်းမ်ဖေဖော်ဝါရီလ...
05/02/2023

မန္တလေးမြို့တွင် အောင်စည်တော်စစ်ဆင်ရေး တတိယအကြိမ်အဖြစ် အုပ်ချုပ်ရေးမှူး သာဌေး သေနတ်နဲ့ပစ်သတ်ခံရ

ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၅ ရက်

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁၀ ဝန်းကျင်တွင် မြို့ပြပြောက်ကျားအဖွဲ့က အောင်စည်တော် စစ်ဆင်ရေးအဖြစ် သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရသည်။

အဆိုပါ ပစ်သတ်ခံရသူမှာ သင်ပန်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသာဌေးဖြစ်ပြီး ၅၁B၊ ၁၂၁၊ ၁၂၂ ရှိ ၎င်းနေအိမ်တွင် ပစ်သတ်ရှင်းလင်းခဲ့ကြောင်း အောင်စည်တော်စစ်ဆင်ရေးတပ်ဖွဲ့ထံကသိရှိ
ရသည်။

"သူက ရာအိမ်မှူးကနေ အုပ်ကြီးဖြစ်တာ မကြာသေးဘူး၊ကျူးကျော်တွေဖျက်တာ မဲစာရင်းကောက်တာတွေလုပ်နေတယ်ဗျ။ ကျနော်တို့အနေနဲ့ကလဲ စစ်ကောင်စီထောက်တိုင်မှန်သမျှကို ရှင်းလင်းသွားမယ်ဆိုတာပါ ထပ်မံ အသိပေးချင်ပါတယ်"ဟုအောင်စည်တော် စစ်ဆင်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မန္တလေးပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေသည့် စစ်ကောင်စီဒေါက်တိုင်များ မိမိအသက်ကို ရင်းရသည်အထိ စစ်ကောင်စီကို အလုပ်ကျွေးမပြုကြဖို့ သတိပေးချင်ပါတယ် ဟု ၎င်းကဆက်လက်ပြောသည်။

ဒါ့ပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင်လည်း မဟာအောင်မြေမြို့နယ် လမ်း၄၀၈၂ ကြားတွင်နေထိုင်သည့် စစ်ကောင်စီသတင်းပေး မြတ်သူ(ခ)တရုတ်ကြီး ဆိုသူအား ၎င်း၏နေအိမ်တွင် အောင်စည်တော်စစ်ဆင်ရေး ဒုတိယအကြိမ်အဖြစ် မြို့ပြပြောက်ကျားအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးသည်။

#မန္တလေး #အောင်စည်တော် #တတိယအကြိမ် #အုပ်ချုပ်ရေးမှူး #သေနတ် #ပစ်ခတ်

ရေးမြို့နယ်တွင် ရေးပြောက်ကျားအဖွဲ့က  စစ်ကာင်စီ ဗိုလ်ကြီးအား ဖမ်းဆီးမိ ဖေဖော်ဝါရီ ၅မွန်ပြည်နယ် ရေးမြို့နယ် ကနင်ကမော့နှင့်...
05/02/2023

ရေးမြို့နယ်တွင် ရေးပြောက်ကျားအဖွဲ့က စစ်ကာင်စီ ဗိုလ်ကြီးအား ဖမ်းဆီးမိ

ဖေဖော်ဝါရီ ၅

မွန်ပြည်နယ် ရေးမြို့နယ် ကနင်ကမော့နှင့် အောင်သာယာကျေးရွာကြားမှာ ရေးပြောက်ကျားအဖွဲ့က သတင်းအရ စောင့်ဆိုင်းနေစဥ် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို အရှင်ဖမ်းဆီးရမိ ခဲ့တယ်လို့ YGF-ရေးပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ(၄)ရက် မွန်းလွဲ ၂နာရီခွဲလောက်မှာ ရေးမြို့ကနေ မော်လမြိုင်မြို့ဘက်ကို အာရှလမ်း
အတိုင်း မောင်းနှင်လာတဲ့ Mark- 2 အဖြူရောင်ယာဉ်ကို စစ်ဆေးဖို့ ရပ်တန့်ခဲ့ရာမှာ ကားပေါ်ပါလာသူတွေက စတင်ပစ်ခတ်ပြီး ပြန်လှည့် မောင်းပြေးတာကြောင့် YGF-ရေးပြောက်ကျားတပ်ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့က ဝိုင်းဝန်းပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

အဲဒီလို ပစ်ခတ်တာကြောင့် မော်တော်ကားမှာ လမ်းဘေး မြောင်းထဲကို ထိုးကျသွားပြီး ကားပေါ် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး ထွက်ပြေးတာကြောင့် လိုက်လံဖမ်းဆီးခဲ့ရာ ဗိုလ်ကြီးအဆင့်ရှိသူကို လက်ရ ဖမ်းဆီးမိခဲတာလို့ ဖော်ပြထားပါတယ်။

ကျန် ၄ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး မော်တော်ကားကို သိမ်းဆည်းဖို့ ကြိုးစားခဲ့ပေမဲ့ အမြောက်တပ် ၃၁၇က လက်နက်ကြီး ၃ လုံး ပစ်ကူပေးပြိး စစ်ကူတွေတယ် လာတယ်လို့ သတင်းရတာကြောင့် မော်တော်ကားကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရေးတွင် စစ်ကောင်စီသတင်းပေးဆိုသူ ပစ်သတ်ခံရဂျူချန်းမဇ္ဈိမ။   ။မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းတွင် စစ်ကောင်စီ...
05/02/2023

ရေးတွင် စစ်ကောင်စီသတင်းပေးဆိုသူ ပစ်သတ်ခံရ

ဂျူချန်း
မဇ္ဈိမ။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းတွင် စစ်ကောင်စီသတင်းပေးဆိုသူ ကိုဝင်းထွန်း အား မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ (MSRO)နှင့် ရေးဘီလူးအဖွဲ့တို့ပူးပေါင်းကာ ပစ်ခတ်ခဲ့ ကြောင်း MSRO မှ သိရသည်။
ရေးမြို့နယ် ကျုံလောင်းရွာဟောင်းတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကိုဝင်းထွန်းအား ၎င်း၏နေအိမ်၌ရှိနေစဉ် သွားရောက်ပစ်ခတ်ခဲ့ရာ သေနတ်ဖြင့် ၁၇ ချက်နီးပါးပစ်ခတ်ခဲ့သဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း ဆိုသည်။
“စကစနဲ့ပူးပေါင်းပြီး ပြည်သူတွေအပေါ် ခြိမ်းခြောက် ပစ္စည်းတွေခိုးယူလုယူနေတဲ့ ဒလန်ပါ။ သူတို့ရွာထဲ ကလူတွေ ကျနော်တို့ကို တိုင်ချက်ဖွင့်ထားတာလည်းရှိတယ်၊ ကျနော်တို့ကိုယ်တိုင် မြေပြင်ဆင်းပြီး ထောက်လှမ်းထားတာလည်းရှိပါတယ်။ သူ့ကိုသွားပစ်ချိန်မှာ သူ့အမေနဲ့ သူ့မိသားစုတွေလည်းရှိပါတယ်။ ကျန်တဲ့ သူ့မိသားစုဝင်တွေ ထိခိုက်မှု မရှိပါဘူး” ဟု MSRO တာဝန်ခံ ကိုရှိုင်းဝဏ္ဏ က မဇ္ဈိမ ကိုပြောသည်။
အဆိုပါပစ်ခတ်မှုတွင် ကိုဝင်းထွန်း၏မိခင်နှင့် သူငယ်ချင်းနေလင်းထူးတို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည် ဟု ကြားသိရသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ “ကျနော်တို့ ဒလန်ဝင်းထွန်းကိုပဲလုပ်ခဲ့တာပါ။ ဘေးပတ်ဝန်းကျင်က ဘယ်သူမှ မထိခိုက်ခဲ့ပါဘူး” ဟု MSRO တာဝန်ခံကိုရှိုင်းဝဏ္ဏက မဇ္ဈိမကိုဆိုသည်။

ကျုံလောင်းရွာဟောင်းသည် ရေးဘီလူးအဖွဲ့ ထိန်းချုပ်နိုင်ပြီဟု ကြေညာချက်ထုတ်ထားသည့် နယ်မြေဖြစ် ကာ အဆိုပါပစ်ခတ်မှုအား မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း-MSRO နှင့် ရေးဘီလူးအဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က ရေးမြို့နယ်၊ လမိုင်းမြို့၊ ကနင်ကမော့နှင့်အောင်သာယာကျေးရွာကြားတွင် အရပ်ဝတ်စစ်သားငါးဦး စီးနင်းလာသည့်ကားအား စစ်ဆေးရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးဆိုသူတစ်ဦးအား ရေးပြောက်ကျားတပ်ဖွဲ့-YGF မှ ဖမ်းဆီးရမိထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မွန်ပြည်နယ်
#ရေးမြို့နယ်

#ရေးဘီလူးအဖွဲ့

စစ်​ကောင်စီဝင်ဖြစ်လာ​သော​ဒေါ်ဒွဲဘူ KSPP မှနှုတ်ထွက်ပြီးဖြစ်ဟုပါတီဆို အိုက်မောင်/People's Springစစ်ကောင်စီဝင်အဖွဲ့တွင်ပါဝ...
05/02/2023

စစ်​ကောင်စီဝင်ဖြစ်လာ​သော​ဒေါ်ဒွဲဘူ KSPP မှနှုတ်ထွက်ပြီးဖြစ်ဟုပါတီဆို

အိုက်မောင်/People's Spring

စစ်ကောင်စီဝင်အဖွဲ့တွင်ပါဝင်သော ဒေါ်ဒွဲဘူသည်ကချင်
ပြည်နယ် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင်​ကော်မတီဒုတိယဥက္ကဋ္ဌတာဝန်အဖြစ်ရော၊ ပါတီဝင်အဖြစ်မှပါ နှုတ်ထွက်ပြီးဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)က ကြေငြာချက်ထုတ်ပြန်သည်။

အာဏာသိမ်စစ်အုပ်စုကစစ်ကောင်စီကိုဖေဖော်ဝါရီလ၁ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ KSPPပါတီ ဒုတိယဥက္ကဌ ဒေါ်ဒွဲဘူ ပါဝင်လာခဲ့သည်။

ထို​နောက် ဖေဖော်ဝါရီလ(၄)ရက် နေ့စွဲဖြင့် KSPP က ထုတ်ပြန်ချက်တွင် ဒေါ်ဒွဲဘူသည် မိမိ၏ရှေ့နေလုပ်ငန်းများ ကောင်းမွန်စွာဆောင်ရွက်နိုင်ရေးအတွက် (၁၄ - ၇ - ၂၁၂၂)ရက်နေ့တွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဒုဥက္ကဋ္ဌတာဝန်မှလည်းကောင်း၊ ပါတီဝင်အဖြစ် မှလည်းကောင်း နှုတ်ထွက်ခွင့်ပြုရန် တင်ပြခြင်းအပေါ် ၂ဝ၂၂ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နှုတ်ထွက်ခွင့်ပြုပြီးဖြစ်သည်ဟုဆိုသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီသည် အများပြည်သူများ၏ ဆန္ဒသဘောထားကို အစဉ်လေးစား တန်ဖိုးထားပြီး ပါတီ၏ လုပ်ငန်းစဉ်များကို ရိုးသားစွာဖြင့် သယ်ပိုးဆောင်ရွက်လျှက်ရှိသော ပါတီ တစ်ခုဖြစ်သည်ဟုလည်း ဆိုထားသည်။

ဒေါ်ဒွဲဘူကဲ့သို့ ကချင်အမျိုးသမီးနိုင်ငံရေးလှုပ်ရှားသူတစ်ဦး ပါဝင်လာမှုကို ကချင်လူထုအသိုင်းအဝိုင်းက အပြင်းအထန် ကန့်ကွက်နေကြသည်။

နိုင်ငံတစ်ဝန်းအကြမ်းဖက်၍ စစ်ရာဇဝတ်မှုများကျူးလွန်​နေသည် စစ်​ကောင်စီတွင် ​ဒေါ်ဒွဲဘူပါဝင်လာသဖြင့်
ကချင်တိုင်းရင်းသားများကြားတွင်​ရော ၊ပြည်သူများကြားတွင်ပါ ​ဒေါ်ဒွဲဘူကိုပြင်းထန်စွာ​​​ဝေဖန်​နေကြသည်။

"ဒေါ်ဒွဲဘူကို ယခင်က လေးစားမှုရှိခဲ့တယ်။ အခုတော့ သူ့နိုင်ငံရေးရပ်တည်ချက်က အထင်ကြီးစရာမဟုတ်တော့ဘူး"ဟု ကချင်တိုင်းရင်းသားလူငယ်တစ်ဦးကပြောသည်။

ဒေါ်ဒွဲဘူသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်သည်။ပြင်ဆင်ဖွဲ့စည်းလိုက်သောစစ်ကောင်စီတွင်ဒေါ်ဒွဲဘူကတစ်ဦးတည်းသောအမျိုးသမီးအဖွဲ့ဝင်ဖြစ်သည်။ဒေါ်ဒွဲဘူထံမေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍မရသေးပါ။

လှိုင်မြို့တွင် ‌စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ဆိုက်ကားစီးလာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးဖေဖော်ဝါရီလ ၄ ရက်ရန်ကုန်တ...
04/02/2023

လှိုင်မြို့တွင် ‌စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ဆိုက်ကားစီးလာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံး

ဖေဖော်ဝါရီလ ၄ ရက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၃ ရပ်ကွက်၊ ဘုရင့်နောင် (၁၀)လမ်းတွင် ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။

နံနက် ၆ နာရီ၀န်းကျင်တွင် ရာအိမ်မှူး မင်းဇော်ဆိုသူသည် ထမင်းကြော်ဆိုင်ဖွင့်ရန် ဆိုက်ကား ဖြင့်လာစဉ် အမည်မသိလက်နက်ကိုင်အဖွဲ့မှ ယာဉ်တစ်စီးပေါ် မှ သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း မြိုခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။

"သူက ဆိုင်ဖွင့်ဖို့ ဆိုက်ကားငှားပြီး ထွက်လာတုန်းမှာ ပစ်ခံရတာ။ ရာအိမ်မှူးက ခေါင်းကိုမှန်သွားတယ်၊ ဆိုက်ကားသမားက ဗိုက်ကိုသေနတ်မှန်တယ်။ ရာအိမ်မှူးကတော့ သေသွားပြီ"ဟု အသက် ၃၀ ကျော် အရွယ် ‌မြို့ခံအမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ ပြောသည်။

ပစ်ခတ်မှုကြောင့် ရာအိမ်မှူးမင်းဇော်နှင့်အတူ ဆိုက် ကားနင်းသူ ရန်နိုင်စိုး၏ ၀မ်းဗိုက်ကိုပါ သေနတ်ထိမှန်ကြောင်း သိရှိရပြီး လက်ရှိတွင် ဆိုက်ကားသမားအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ထားကြောင်း သိရှိရသည်။

အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့မှ မည်သည့်အကြောင်းအရင်းကြောင့် ပြုလုပ်သည်ကိုမူ သီးခြား အတည်ပြု၍ မရသေးပေ။

အလားတူ ပစ်ခတ်မှုမျိုး ယမန်နေ့က လှိုင်မြို့နယ်၊ ၁ ရပ်ကွက်တွင် စစ်တပ်ကို သတင်းပေးနေသည့်အပြင် စစ်တပ်မှအာဏာ သိမ်းခဲ့သည့် ၂ နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် တပ်ထောက်ခံပွဲပြုလုပ်ရာတွင် ရှေ့ဆုံးမှဦးဆောင်ပါ၀င်ခဲ့သည့် လူအေးဆိုသူလည်း သေနတ်ဖြင့် ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ဂျာမနီတရားရုံးမှာ တရားစွဲမော်လမြိုင် - ဖေဖော်ဝါရီ(၄) နိုင်ငံတဝှမ်းမှာ စ...
04/02/2023

စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ဂျာမနီတရားရုံးမှာ တရားစွဲ

မော်လမြိုင် - ဖေဖော်ဝါရီ(၄)

နိုင်ငံတဝှမ်းမှာ စစ်ကောင်စီက ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊စစ်ရာဇဝတ်မှု နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် ဂျာမနီနိုင်ငံ တရားရုံးမှာ တရားစွဲခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေး အဖွဲ့ ဒါရိုက်တာ ဦးဗညားက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီက ကယားပြည်နယ်မှာ ပြည်သူ(၄၀) ဝန်းကျင်ကို မီးရှို့သတ်ခဲ့တဲ့ ဖြစ်စဉ်၊ စစ်ဘေး ရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ ရီးခီးဘူးဖြစ်စဉ်တွေအပါအဝင် နိုင်ငံတဝှမ်းမှာ စစ်ကောင်စီကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို တရားရုံးမှာတင်သွင်းခဲ့ တာပါ။

Fortify Rights နဲ့အတူ မြန်မာနိုင်ငံက တိုင်ကြားသူ (၁၆)ဦးက ဂျာမနီနိုင်ငံတရားရုံးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၀) ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပြီး (၂၅) ရက်နေ့မှာတော့ အမှုကိုလက်ခံခဲ့ တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်အုပ်စုကို တရားစွဲတာဟာ နစ်နာကြေးရဖို့မဟုတ်ဘဲ နစ်နာသူတွေအတွက် တရားမျှတမှုရရှိဖို့ဖြစ်တယ်လို့ ဦးဗညားက ပြောပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မိသားစုတွေနဲ့ စစ်ကောင်စီကြောင့် ဆုံးရှုံးနစ်နာခဲ့ရသူတွေ အတွက် တရားမျှတမှုရဖို့ လုပ်ဆောင်တာဖြစ်သလို နောက်ထပ် ကျူးလွန်မှုတွေ မဖြစ်အောင် လည်း တားဆီးနိုင်တာကြောင့် အခုလိုတရားစွဲဆိုတာ ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

လက်ရှိအချိန်မှာတော့ တရားရုံးကို တင်သွင်းထားပြီးဖြစ်တဲ့အတွက် တရားရုံးက တရားစွဲခွင့်ပြု မပြုကို သိရဖို့ အချိန်(၃) လလောက်စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ သိရပါတယ်။

တရားရုံးမှာ ဘယ်အချက်တွေနဲ့ ဘယ်သူတွေကို အဓိက တိုင်ကြားပြီး တင်သွင်းထားတယ်ဆိုတာ နဲ့ပတ်သက်လို့ သံလွင်တိုင်းမ်က မေးမြန်းခဲ့ပေမယ့် အခုချိန်မှာထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်သွား ပါတယ်။

ပြည်သူတွေကို မတရားမှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို ဂျာမနီတရား ရုံးအပြင် တခြားနိုင်ငံတကာခုံရုံးတွေမှာလည်း တရားစွဲနိုင်ဖို့အတွက် ကရင်နီလူ့အခွင့်အရေးအဖွဲ့ ကလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား(၃၀၀၀) နီးပါးကို စစ်ကောင်စီ လက်အောက်ခံတပ်တွေက သတ်ဖြတ်ထားပြီး နိုင်ငံရေးသမားတွေအပါအဝင် တက်ကြွလှုပ်ရား သူ (၂)သောင်းနီးပါးကိုလည်း ဖမ်းဆီးထိမ်းသိမ်းထားပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်  ကလေးမြို့ပေါ် ဆည်မြောင်းရုံးကို  God of Empire မြို့ပြပျောက်ကျားတပ်ဖွဲ့ မီးရှို့ရှင်းလင်...
04/02/2023

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ကလေးမြို့ပေါ် ဆည်မြောင်းရုံးကို God of Empire မြို့ပြပျောက်ကျားတပ်ဖွဲ့ မီးရှို့ရှင်းလင်း၊ ရုံးနှင့်ယာဉ်များ မီးလောင်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းရုံးကို God of Empire မြို့ပြပျောက်ကျားတပ်ဖွဲ့ မီးရှို့ရှင်းလင်းရာ ရုံးနှင့်ယာဉ်များ မီးလောင်ပြာကျသွားကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ် အချိန်မှစတင်ပြီး ယင်းဆည်းမြောင်းရုံးကို ဝင်ရောက် ဖောက်ခွဲ စီးနင်းခဲ့ကြောင်း၊ ယင်းနောက် ဆည်းမြောင်းရုံးကို မီးရှို့ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

" မနေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်ကစပြီး မီး ၃ ကြိမ်တိုင်တိုင်ရှို့ရတယ်။ မီးတင်ရှို့တဲ့ ဒီဇယ်ဓာတ်ဆီဖိုးတောင် အကြွေးမပေးရသေးပါဘူး။ အစောင့်အများကြီးမရှိဘူး အဲဒီရုံးမှာက။ အခုက စစ်တပ်က မြို့ထဲကလွဲရင်သိပ်မထွက်ရဲကြတော့ဘူး။ မြို့ထဲ ကင်းတွေ ဂိတ်တွေ ဖြန့်ထားတော့စစ်တပ် က တစ်နေရာတည်းမှာ အများကြီးမရှိတော့ဘူး။ဆည် မြောင်း ရုံးကို ဒီမနက် ၃ ခွဲမှာတစ်ကြိမ်၊ မနေ့ည ၇ နာရီ ၄၅ မိနစ်မှာ တစ်ကြိမ်ဝင်ရောက် ရှင်းလင်းတာပါ။ သေနတ်သံ ထုသံ ခွဲသံ ဆူညံနေတာပဲ။ မနက်ခွဲတဲ့ မိုင်းက အတော်လေးပြင်းတယ် ။ထိခိုက်တာသေဆုံးတာတော့မသိရသေးဘူး။ စစ်တပ်ကလည်း လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတော့ရှိပါတယ်" ဟု God of Empire မြို့ပြပျောက်ကျားတပ်ဖွဲ့က ပြောသည်။

လက်ရှိတွင် God of Empire မြို့ပြပျောက်ကျားတပ်ဖွဲ့က ကလေးမြို့တွင် မစ်ရှင်များ ဖော်ဆောင်နေပြီး မစ်ရှင်တစ်ခုလျှင် ငွေကျပ် ၃ သိန်း၊ ၄ သိန်း ဝန်းကျင် ကုန်ကျကြောင်း၊ ပြည်သူများအနေဖြင့် ထောက်ပံ့လှူဒါန်းစေလိုကြောင်း God of Empire မြို့ပြပျောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံ ပြောဆိုသည်။

တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် စစ်အုပ်ချုပ်​ရေးအမိန့်ထုတ်ပြန်၊ မလိုက်နာပါက အင်အားသုံးဖမ်းဆီးပြီး အရေးယူမည်ဟု ခြိမ်...
03/02/2023

တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် စစ်အုပ်ချုပ်​ရေးအမိန့်ထုတ်ပြန်၊ မလိုက်နာပါက အင်အားသုံးဖမ်းဆီးပြီး အရေးယူမည်ဟု ခြိမ်းခြောက်

001

မဇ္စျိမ။ ။ စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားသည့် တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် စစ်အုပ်ချုပ်ရေးအမိန့်ကို ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ်က ​ဖေ​ဖော်ဝါရီလ ၃ရက်​နေ့တွင် ထုတ်ပြန်လိုက်ပြီး မလိုက်နာပါက အင်အားသုံးဖမ်းဆီးပြီး တည်ဆဲဉပဒေနှင့်အညီ ထိရောက်စွာ အရေးခြင်းခံရမည်ဟု ခြိမ်းခြောက်ထားသည်။

အဆိုပါ အမိန့်ကို ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်လာခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် မည်သူမဆို အမိန့်တစုံတရာ မရရှိဘဲ ည ၈ နာရီမှ နံနက် ၅ နာရီအတွင်း လုံခြုံရေးတာဝန်ရှိသူမှအပ လမ်းပေါ်တွင် သွားလာခြင်းမပြုရန် တားမြစ်ထားသည်။

ထို့အပြင် နံနက် ၅ နာရီမှ ည ၈နာရီအတွင်းတွင်လည်း လူ ငါးဦးနှင့် ငါးဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်း၊ တုတ်၊ ဓား၊ လက်နက်နှင့် မီးလောင်စေတတ်သောအရာများ ကိုင်ဆောင်ခြင်းမပြုရဟု ဆိုထားသည်။

လမ်းများပေါ်တွင်လည်း အတားအဆီးများ ပြုလုပ်ပိတ်ဆို့ခြင်းနှင့် လူစု လူဝေးဖြင့် ပိတ်ဆို့ခြင်းများ မပြုလုပ်ရန်၊ စစ်ကောင်စီလက်အောက်ရှိ လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများကို မည်သည့်နည်းနှင့်မျှ နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်းမပြုရန်လည်း ပါရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ကာ/ လုံအစည်းအဝေးတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လုံခြုံရေးအလေးထားဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်၊ လုံခြုံရေးထိထိရောက်ရောက် ဆောင်ရွက်ရမည့် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်း ဝန်ခံပြောဆိုခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလ ၂ရက်နေ့တွင် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ကယား၊ မွန်၊ ကရင်နှင့် ချင်းပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်တွင် စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရန် ထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာတိုင်းမှူးနှင့် ဒေသကွပ်ကဲရေးမှူးများက အဆိုပါ ဒေသများအတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို စစ်ကောင်စီခေါင်းဆောင်ထံ အစီရင်ခံကြရန် အမိန့်ထုတ်ထားသည်။

သိမ်ဇရပ်အခြေဆိုက် ၃၁၀ အမြှောက်တပ်မှ တပ်သား ၃ ဦး လက်နက်ယူပြီး ထွက်ပြေး=====================================၃၊ ဖေဖော်ဝါရီ...
03/02/2023

သိမ်ဇရပ်အခြေဆိုက် ၃၁၀ အမြှောက်တပ်မှ တပ်သား ၃ ဦး လက်နက်ယူပြီး ထွက်ပြေး
=====================================

၃၊ ဖေဖော်ဝါရီ၊ ၂၀၂၃။ KIT

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေဆိုက် ၃၁၀ အမြှောက်တပ်မှ တပ်သား ၃ ဦးသည် ယမန်နေ့က လက်နက်ပါယူ၍ တပ်ထဲမှ ထွက်ပြေးသွားကြောင်း ဖရဲသီးသတင်းအရ သိရပါသည်။

ထိုတပ်သား ၃ ဦးသည် လူလတ်ပိုင်းအရွယ်တွေဖြစ်ပြီး ၁ ယောက်ချင်းစီ နေရာခွဲ၍ ထွက်ပြေးကျသည်ဟု သိရသည်။ အကြမ်းဖက်စစ်သားများမှ ထိုတပ်သား ၃ ဦးအား အပူတပြင်း လိုက်ရှာနေကျသော်လည်း ယခုအချိန်ထိ ပြန်လည်ဖမ်းမိခြင်း မရှိသေးပါ။

Breaking News ရွှေပြည်အေးတိုက်ပွဲတွင် စစ်ကောင်စီရဟတ်ယာဉ်ကို PDF များ ပစ်ချဟု ခန္တီးခရိုင်PDF ပြော မဇ္ဈိမ ။ ။ ရွှေပြည်အေး...
03/02/2023

Breaking News ရွှေပြည်အေးတိုက်ပွဲတွင် စစ်ကောင်စီရဟတ်ယာဉ်ကို PDF များ ပစ်ချဟု ခန္တီးခရိုင်PDF ပြော

မဇ္ဈိမ ။ ။ ရွှေပြည်အေးမြို့တွင်း ယနေ့ နေ့လည်က တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စီးကိုပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ပစ်ချလိုက်နိုင်ကြောင်း ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

" ဒီနေ့မနက်ကတည်းက လေကြောင်းကနေပြီးတော့ဗုံးကြဲပြီး ကုန်ချောင်းကလည်းစစ်ဆင်ရေးလုပ်မယ်လို့ ကျွန်‌တော်တို့ကြိုတင်သတင်းရတယ်။ ဒီနေ့နေ့လည်နှစ်နာရီလောက်မှာ Mi 35 နဲ့ ဗုံးကြဲပစ်ခတ်တာလာလုပ်တယ်။ ရွှေပြည်အေးကို ဗုံးကြဲပစ်ခတ်ပြီးတော့ ဖောင်းပြင်ဖက်ကိုပြန်သွားတယ်။ အဲဒီနောက်မှာကပ်လိုက်လာတဲ့ လူတင်ပြီး လာချဖို့လုပ်တဲ့ Mi 17 ရဟတ်ယာဉ်ကို PDF တွေကဝိုင်းပစ်ကြတယ်။ 79 နဲ့ ဝိုင်းထုတဲ့အခါမှာ ထိပြီးတော့မှ ရွှေပြည်အေးမှာပဲ ဆိုင်တဆိုင်နားလေးမှာ ပျက်ကြတယ်လို့ပြောတယ်ဗျ။ အဲဒီသတင်းကတော့ အခု အတည်ပြုနိုင်ပါတယ်ဗျ" ဟု ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးပါ။

စစ်ကောင်စီတပ်ဖွဲ့ဘက်ကသေဆုံးမှုကို အတည်မပြုနိုင်သေးသော်လည်း ၂၀ ဦးထက်မနည်းသေဆုံးကြောင်း ၎င်းက ပြောသည်။

ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့မှ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁ရက်တွင် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ပြီးမြို့ကို ထိန်းချုပ်ထားနိုင်ဆဲဟု သိရသည်။

ယနေ့(ဖေဖော်ဝါရီ ၃ရက်)ညနေတွင် ရွှေပြည်အေးမြို့တွင်း စစ်ကောင်စီ၊ ရှမ်းနီအဖွဲ့ SNA ပူးပေါင်းတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်များ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။ ဒေသခံများ စစ်ရေးသတိရှိကြရန် ဟုမ္မလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့HPDF-124က
မေတ္တာရပ်ခံထားသည်။

စာတည်း - မောင်ကြီး
#ရွှေပြည်အေးမြို့
#စစ်ကောင်စီတပ်ရဟတ်ယာဉ်
#ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ပစ်ချ
#ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

တိုင်းပြည် သစ္စာဖောက်ပါတီ၀င်အဖြစ် မှတ်တမ်း၀င်သွားသည့်မဲမနိုင်ခဲ့သည့် တစည ပါတီတစညပါတီ မူရင်းကြေငြာချက် posthttps://www.fa...
03/02/2023

တိုင်းပြည် သစ္စာဖောက်ပါတီ၀င်အဖြစ် မှတ်တမ်း၀င်သွားသည့်
မဲမနိုင်ခဲ့သည့် တစည ပါတီ

တစညပါတီ မူရင်းကြေငြာချက် post

https://www.facebook.com/2585683911462389/posts/6201470739883670/?app=fbl

တပ်မဟာအဆင့်စုဖွဲ့မှုတွေ မကြာခင်စတင်တော့မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြောအမိန့်ပေးကွပ်ကွဲမှုစနစ်နဲ့ စစ်ရေးဆောင်ရွက်ချက်တွေ...
03/02/2023

တပ်မဟာအဆင့်စုဖွဲ့မှုတွေ မကြာခင်စတင်တော့မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော

အမိန့်ပေးကွပ်ကွဲမှုစနစ်နဲ့ စစ်ရေးဆောင်ရွက်ချက်တွေ ပိုမိုထိရောက်စေဖို့အတွက် တပ်မဟာအဆင့်စုဖွဲ့မှုတွေကို မကြာခင်မှာ စတင်ဆောင်ရွက်တော့မှာဖြစ်တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

NUG ရေဒီယိုကနေ ပုံမှန်ထုတ်လွှင့်ပေးနေတဲ့ “PDF ရဲဘော်များသို့”အစီအစဉ်ကနေ ဝန်ကြီး ဦးရည်မွန်က အဲ့ဒီလို အသိပေးပြောကြားလိုက်တာပါ။

လက်ရှိ PDF တပ်မတော်မှာ တပ်ရင်းသုံးရာကျော်ဖွဲ့စည်းထားနိုင်သလို ပြည်သူ့ကာကွယ်ရေးအ ဖွဲ့(ပကဖ) အနေနဲ့ လည်း မြို့နယ်ပေါင်း(၂၆၀)မှာ ဖွဲ့စည်းထူထောင်ထားနိုင်ပြီဖြစ်တယ်လို့ သူကပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကိုထူထောင်နိုင်တာ၊PDF တပ်မတော်နဲ့ တိုင်းရင်းသား တော်လှန် ရေး အဖွဲ့အစည်းတွေကြား စုစည်းညီညွတ်မှုနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်နိုင်ခဲ့တာ တွေဟာ နှစ်နှစ်တာ တော်လှန်ရေးကာလအတွင်း ကာကွယ်ရေးဘက်မှာ သိသာထင်ရှားတဲ့ ရလဒ်ဖြစ် တယ်လို့ ဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။

မြေပြင်စစ်ရေး အခြေအနေတွေအရ တပ်မဟာအဆင့်စုဖွဲ့မှုတွေပေါ်ပေါက်လာဖို့ဟာ လက်တွေ့မှာ ခက်ခဲနိုင် ပေမယ့် မဖြစ်မနေလုပ်ရမယ့် လိုအပ်ချက်တခုဖြစ်တယ်လို့ မကွေးတိုင်းအခြေစိုက် လူထု တော်လှန်ရေးမဟာမိတ် အင်အားစု(PRA)စစ်ဦးစီးချုပ်ဟာကျူလီက DNA ကို ပြောပါတယ်။

“တယောက်နဲ့ တယောက် တဖွဲ့နဲ့ တဖွဲ့ ငါတို့က ပေါင်းမှကို ဖြစ်မှာဆိုတဲ့ အသိကို ထားရမယ်၊ နောက်ပေါင်း ပြီး ဘာတွေလုပ်မလဲ ဘယ်လို လုပ်မလဲဆိုတဲ့ အစီအမံပါမလာရင်တော့ စာရွက်သပ်သပ်ပဲ ဖြစ်လိမ့်မယ်၊ မြေပြင်မှာ တကယ်လက်တွဲအလုပ်ဖြစ်နေတဲ့ မဟာမိတ်နဲ့ စတိတ်မန့်သပ်သပ် မဟာမိတ်ရယ်လို့ ကျွန် တော်တို့ ကြုံရတယ်” လို့သူက ရှင်းပြပါတယ်။

တော်လှန်ရေး တပ်ဖွဲ့တွေ၊အဖွဲ့အစည်းတွေအကြား လူသိများ အင်အားကြီးတဲ့ အဖွဲ့၊အင်အားငယ်တဲ့အဖွဲ့ စသဖြင့်ခွဲခြား ဆက်ဆံမှုတွေမရှိဖို့လိုပြီး လူထုအကျိုးအမှန်ကတယ်လိုလားပါက တပ်ပေါင်းစုတွေ ဖော်ဆောင် ကြဖို့ လိုတယ်လို့ PRA စစ်ဦးစီးချုပ်က ပြောပါတယ်။

“အင်အားကြီးသူက ဦးဆောင်ပေးရမယ်၊ဆရာကြီးလုပ်လို့မရဘူး၊အားလုံးကို တန်းတူညီမျှ လေးစား မှုပြရမယ်၊ အဲ့ဒါဆို ကျွန်တော်တို့ မဖြစ်စရာ မရှိပါဘူး”လို့ သူကပြောပါတယ်။

ပုံစာ- NUG လက်အောက်ခံ PDF တပ်ဖွဲ့ဝင်တချို့

Address

Ranchi

Website

Alerts

Be the first to know and let us send you an email when Burma News Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other Media/News Companies in Ranchi

Show All