Youth Revolution

Youth Revolution စစ်အစိုးရ ဆန့်ကျင်ရေး
Anti-Regime Impossible is Nothing

◼️နမ့်ဆန်ဗျူဟာကုန်းကို သိမ်းယူအပြီး မြင်ကွင်းအချို့၁၇ ဒီဇင်ဘာ ||| နွေဦးအသံ |||အကြမ်းဖက်စစ်ကောင်စီရဲ့ နမ့်ဆန် ဗျူဟာကုန်းက...
17/12/2023

◼️နမ့်ဆန်ဗျူဟာကုန်းကို သိမ်းယူအပြီး မြင်ကွင်းအချို့

၁၇ ဒီဇင်ဘာ ||| နွေဦးအသံ |||

အကြမ်းဖက်စစ်ကောင်စီရဲ့ နမ့်ဆန် ဗျူဟာကုန်းကို တအောင်းတပ်မတော်က ဒီဇင်ဘာ ၁၅ ရက်မှာ အပြီးသိမ်းယူခဲ့ပြီးနောက် သိမ်းဆည်းရရှိခဲ့တဲ့ ဟောင်ဝှစ်ဇာလက်နက်ကြီး ၂ လက်အပါအဝင် ၁၂၀ မမ၊ ၈၄ မမ၊ ၆၀ မမ၊ လက်နက်ခဲယမ်း ဓါတ်ပုံမှတ်တမ်းတွေကို ရွှေဖီမြေသတင်းဌာနက ဖော်ပြထားတာ တွေ့ရပါတယ်။

ရန်ကုန်မြို့ နေရာတချို့မှာ မနေ့ညက ဗုံးပေါက်ကွဲပြီး တစ်ဦးသေဆုံးဒီကနေ့မနက်အထိ ပေါက်ကွဲမှုတွေ ထပ်ရှိရန်ကုန်တိုင်းက ဗိုလ်တထေ...
16/12/2023

ရန်ကုန်မြို့ နေရာတချို့မှာ မနေ့ညက ဗုံးပေါက်ကွဲပြီး တစ်ဦးသေဆုံး
ဒီကနေ့မနက်အထိ ပေါက်ကွဲမှုတွေ ထပ်ရှိ

ရန်ကုန်တိုင်းက ဗိုလ်တထောင်၊ အလုံ၊ တာမွေ၊ ဒေါပုံစတဲ့ မြို့နယ်တွေအပါအဝင် ဒဂုံတက္ကသိုလ်နဲ့ ကျန်တဲ့ မြို့နယ်တချို့မှာ မနေ့ ဒီဇင်ဘာ ၁၅ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုတွေရှိခဲ့တယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းအထိလည်း ပေါက်ကွဲမှုတွေ ဆက်ဖြစ်နေပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ အမှတ်(၁၃)ရပ်ကွက်မှာ ဗုံးပေါက်လို့ လမ်းသွားလမ်းလာနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်မှာနေထိုင်သူတွေထံက သိရပါတယ်။

ဒီသတင်းအပြည့်အစုံအပါအဝင် ဒီဇင်ဘာ ၁၆ ရက် ထိပ်တန်းရောက်သတင်းများ
https://www.bbc.com/burmese/articles/c4ny51gln48o

#ဘီဘီစီမြန်မာပိုင်း #ဗုံးပေါက်ကွဲမှု #ရန်ကုန်
ရန်ကုန်မှာကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

Breaking : နမ့်ဆန်မြို့ကို TNLA အပြီးသတ်သိမ်းပိုက်-------------ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်...
15/12/2023

Breaking : နမ့်ဆန်မြို့ကို TNLA အပြီးသတ်သိမ်းပိုက်
-------------
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေသည့်ကြားမှ တအောင်းတပ်မတော် (TNLA) က အပြီးသတ်သိမ်းပိုက်လိုက်သည်။

မြို့အနောက်ခြမ်း ကပ်လျက် စစ်တပ်စခန်းကုန်းကို ယနေ့ မွန်းလွဲတွင် TNLA က အပြီးသတ်သိမ်းယူခဲ့ပြီး စစ်တပ်ကလည်း လေကြောင်းမှ အပြင်းအထန်ဗုံးကြဲနေ၍ မြို့တွင်းရှိ နေအိမ်များနှင့် စစ်တပ်ပိုင် ရွှေဖီဦး လက်ဖက်အချိုခြောက်စက်ရုံ မီးလောင်သွားကြောင်း သိရသည်။

TNLA က အုပ်ချုပ်ရေးနယ်မြေ တပ်မဟာ (၂) အဖြစ် သတ်မှတ်ထားသည့် နမ့်ဆန်မြို့သည် တအာင်းလူမျိုးများ အများဆုံးနေထိုင်သည့် မြို့ဖြစ်ပြီး TNLA အဓိကလှုပ်ရှားရာမြို့လည်း ဖြစ်သည်။

နမ့်ဆန်မြို့သည် နမ္မတူမြို့၏ အနောက်တောင်ဘက်တွင်ရှိပြီး သီပေါမြို့မှ အနောက်မြောက်ဘက် မိုင် ၄၀ ကျော် အကွာတွင် တည်ရှိသလို TNLA သိမ်းယူရန်ကြိုးပမ်းနေသော မန်တုံမြို့နှင့် မိုင် ၃၀ ဝန်းကျင်သာ ကွာဝေးသည်။

လက်ရှိအချိန်အထိ ရှမ်းမြောက်တွင် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ်မတော် (MNDAA) က ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ မုံးကိုး၊ ပန်ဆိုင်း (ကြူကုတ်) မြို့တို့ကို အပြည့်အဝ ထိန်းချုပ်ကာ အုပ်ချုပ်ရေးယန္တရားများ စတင်လည်ပတ်နေပြီဖြစ်ဖြစ်သည်။ နမ့်ဆန်မြို့သည် တအောင်းတပ် (TNLA) ပထမဆုံးသိမ်းပိုက်နိုင်သည့်မြို့ဖြစ်လာပြီး နမ့်ခမ်း၊ မန်တုံ မြို့တို့ကိုလည်း TNLA က ပိတ်ဆို့ ထိန်းချုပ်ထားသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/46958/

#နမ့်ဆန် #ရှမ်းမြောက်

နမ့်ဆန်မြို့သိမ်းခံနေရသည့်အတွက် စစ်ကောင်စီတပ် လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်နေ RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၃ခုနှစ်။TNLA နှင့် မဟာ...
15/12/2023

နမ့်ဆန်မြို့သိမ်းခံနေရသည့်အတွက် စစ်ကောင်စီတပ် လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်နေ

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၃ခုနှစ်။

TNLA နှင့် မဟာမိတ်တပ်က ရှမ်းမြောက် နမ့်ဆန်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့်အတွက် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်မှ လေကြောင်းနှင့်လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ် ၃၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

ယနေ့ စစ်ကောင်စီတပ်မှ နမ့်ဆန်မြို့အတွင်းသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် ဗုံကြဲ တိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူများ နေအိမ်များ ပျက်စီးခဲ့ရသည့်အပြင် စစ်ကောင်စီတပ်၏ လက်ဖက်အချိုခြောက်စက်ရုံမီးလောင်ခဲ့ရကြောင်း၊ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုအတွင်း ဒေသခံ ပြည်သူ (၃) ဦး သေဆုံးခဲ့ရသည်ဟု TNLA ကထုတ်ပြန်ထားသည်။


RNA: Website - https://rednewsagency.com/
RNA: Youtube- https://www.youtube.com//
RNA: Telegram- https://t.me/rednewsagency/
YouTube-subscribers : https://www.youtube.com//?sub_confirmation=1

လွိုင်ကော်မြို့တွင် အရပ်ဝတ်ဖြင့် WY မူးယစ်ဆေးဝါးများ ရောင်းဝယ်နေသူ  ရဲတပ်သားတစ်ဦးကို လက်ပစ်ဗုံးများနှင့်အတူ   ဖမ်းဆီးရမိ...
15/12/2023

လွိုင်ကော်မြို့တွင် အရပ်ဝတ်ဖြင့် WY မူးယစ်ဆေးဝါးများ ရောင်းဝယ်နေသူ ရဲတပ်သားတစ်ဦးကို လက်ပစ်ဗုံးများနှင့်အတူ ဖမ်းဆီးရမိ၊ လွိုင်ကော် KBZ ဘဏ်တွင် တပ်စွဲထားသော ရဲတပ်ဖွဲ့ဝင်ဖြစ်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အတွင်း အရပ်ဝတ်ဖြင့် မူးယစ်ဆေးဝါး ဖြစ်သည့် WYဆေးပြားများ‌ သယ်ဆောင် ရောင်းဝယ်နေသော ရဲတပ်သားတစ်ဦးကို ဖမ်းဆီးရရှိကြောင်း KNDFတပ်ရင်းအမှတ် ၅ က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ၊ (၁၁)ရက်နေ့၊ လွိုင်ကော်မြို့တွင် ရဲတပ်သား တင်မောင်နိုင်ကို လက်ပစ်ဗုံး ၃ လုံး၊ WYဆေးပြား ၁၂ ပြား၊ လက်ကိုင်ဖုန်း ၂ လုံး နှင့် ငွေသားတချို့နှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း၊ ရဲတပ်သား တင်မောင်နိုင်သည် လွိုင်ကော်မြို့၊ တောင်ဈေးအနီးရှိ KBZ ဘဏ်တွင် တပ်စွဲထားသော ရဲတပ်ဖွဲ့ဝင်များထဲမှတစ်ဦးဖြစ်ကြောင်း ၊ WYဆေးပြားများကို အပြင်မှဝယ်ယူကာ တပ်ဖွဲ့ဝင်များထံ ပြန်လည်ရောင်းချနေသူတစ်ဦးဖြစ်ပြီး ယခုဖြစ်စဉ်တွင်လည်း အပြင်တွင် ဆေးပြားများဝယ်ယူရန် အရပ်ဝတ်ဖြင့် သွားလာနေချိန်အတွင်း KNDF ရဲဘော်များမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရရှိသူ ရဲတပ်သား တင်မောင်နိုင်ကို KNDF က သက်ဆိုင်ရာ ကရင်နီပြည် ရဲဌာန ( KSP) လက်ထဲသို့ အပ်နှံလိုက်ကြောင်း သိရှိရသည်။

မူဆယ်မြို့ ၁၀၅ မိုင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က  တိုက်လေ ယာဉ်၊ ရဟတ်ယာဉ်၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်နေ ...
15/12/2023

မူဆယ်မြို့ ၁၀၅ မိုင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က တိုက်လေ ယာဉ်၊ ရဟတ်ယာဉ်၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ ဒီဇင်ဘာလ ၁၅

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်နေကြောင်း တအာင်း TNLA ပြန်ကြားရေးတာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၃ နာရီ မိနစ် ၃၀ အချိန်မှစ၍ မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ ၏ ၁၀၅ မိုင် ဗျူဟာကုန်းစခန်းကို ညီနောင် ၃ ဖွဲ့ (MNDAA/AA/TNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ယနေ့အချိန်အထိတိုက်ပွဲပြင်းထန်နေကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ၊ Mi35 ရဟက်ယာဥ်တို့ဖြင့် ပစ် ကူပေးတိုက်ခိုက်နေကြောင်း၊ ထို့အပြင် မူဆယ်မြို့ထဲရှိ စစ်တပ်စခန်းကလည်း အတွဲလိုက် ဒုံးကျည်များဖြင့် ပစ် ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

“စခန်းသိမ်းပိုက်မှုအပေါ် ကျနော်တို့ အတည်ပြုလို့ မရသေးပါဘူး၊ မနေ့က တော့ တိုက်နေတုန်းပေါ့နော်၊ စခန်းသိမ်းတယ်ဆိုတာတော့ အတည်ပြုလို့မရသေး ပါဘူး၊ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေတုန်းပါပဲ”ဟု PSLA သ တင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဓာတ်ပုံ- နိုဝင်ဘာလ ၁၂ ရက်နေ့ မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းအနီးတွင် လက်နက်ကြီးကျည်များ ကျရောက်ပြီး မီးလောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

အကြမ်းဖက်မင်းအောင်လှိုင် မနက်ဖြန် ရန်ကုန် လာရောက်စစ်ဆေးပြီး သန်လျင် တံတားအမှတ် ၃  တံတားသစ် တည်ဆောက်မှု တံတားဘောင်ချိတ်ဆက...
14/12/2023

အကြမ်းဖက်မင်းအောင်လှိုင် မနက်ဖြန် ရန်ကုန် လာရောက်စစ်ဆေးပြီး သန်လျင် တံတားအမှတ် ၃ တံတားသစ် တည်ဆောက်မှု တံတားဘောင်ချိတ်ဆက်မှု မူလီတပ်အခမ်းအနားလုပ်မည်၊ ရန်ကုန်တွင် ယနေ့ည ဗုံး ၂ ကြိမ်ကွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်သို့ လာရောက်ပြီး သန်လျင်တံတား အမှတ် ၃ တည်ဆောက်ဆောက်ရေး လုပ်ငန်းခွင်ကို စစ်ဆေးကာ တံတားဘောင်ချိတ်ဆက်မှု မူလီတပ်အခမ်းအနား တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

"မနက်ဖြန် မနက် ၇ နာရီကနေ ၁၀ နာရီအတါင်းလာမယ်။ သန်လျင်တံတားအမှတ် ၃ တည်ဆောက်ရေးလာစစ်မယ်။ တံတားရဲ့အလယ်ဘောင်ဆက်မယ်။ အလံစိုက်ထားတယ်။ဆေးလည်းသုတ်ထားတယ်။ မူလီတပ်မှာ" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်လာရောက်ရန်အတွက် ရန်ကုန်မြို့တစ်ဝန်း လုံခြုံရေးများ တိုးမြှင့်ထားချိန် ယနေ့ ည ပိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် မြောက်ဥက္ကလာပတို့တွင် ဗုံးများ ပေါက်ကွဲကြောင်း ဒေသပြည်သူများနှင့် ကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။

လက်ရှိ ယနေ့ ည ၁၂ နာရီဝန်းကျင်အချိန် အကြမ်းဖက်စစ်ကောင်စီတပ်က ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဦဝီစာရလမ်းကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးနေကြောင်း ရန်ကုန်ကင်းထောက်အဖွဲ့များ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ငါန်းဇွန်မြို့နယ်တွင် ထော်လာဂျီနှင့် နာရေးကားတို့ဖြင့် လိုက်ပါလာသည့် စစ်​သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံးရ...
14/12/2023

ငါန်းဇွန်မြို့နယ်တွင် ထော်လာဂျီနှင့် နာရေးကားတို့ဖြင့် လိုက်ပါလာသည့် စစ်​သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ထော်လာဂျီနှင့် နာရေးကားတို့ဖြင့် လိုက်ပါလာသည့် အကြမ်းဖက် စစ်တပ်မှ စစ်​သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၅ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုတ်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ ညှောင်ပင်ရိုးကျေးရွာကို ထော်လာဂျီ ၂ စီးဖြင့် ရောက်ရှိနေသော စစ်သား ၄၀ ကျော်သည် ညှောင်ပင်ရိုးကျေးရွာမှ သားကြင်ရွာကို ထွက်ခွာလာစဥ် မိုင်း ၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ထော်လာဂျီ ၁ စီးနှင့် နာရေးကား ၁ စီး ပျက်စီး သွားကြောင်း သိရသည်။

ယင်းမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကာ သားကြင်ရွာတွင် ဆေးကုသမှု ခံယူနေရကြောင်း၊ မိုင်းဆွဲ တိုက်ခိုက် ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ် များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ငါန်းဇွန် ပကဖ) ၊ T.G.R people defence force မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Black Eagle Defence Force - MMU ၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော tgyr ပြောက်ကျားအဖွဲ့ ၊ ရွှေဂျိုးဖြူ ပြောက်ကျားအဖွဲ့ ၊ 925 ပြောက်ကျားအဖွဲ့ ၊ ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့ ၊ ပြည်တော်ဝင်ပြောက်ကျားအဖွဲ့ ၊ လက်ရုံးပြောက်ကျားအဖွဲ့ ၊ ငန်းနက် ပြောက်ကျားအဖွဲ့ ၊ အားမာန်သစ်ပြာက်ကျားအဖွဲ့ နှင့် ဖက်ဒရယ်ညီအကို ပြောက်ကျားအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ကနီမြို့နယ်က ကျောင်းသားစုံညီပွဲတော် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမိုးကျော်၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၃စစ်ကိုင်းတိုင်း၊ ကနီမြို...
14/12/2023

ကနီမြို့နယ်က ကျောင်းသားစုံညီပွဲတော် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

မိုးကျော်၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ကုန်းသာရွာတွင် အခြေခံပညာကျောင်းသား စုံညီပွဲတော် ပြုလုပ်နေသော နေရာအား အာဏာသိမ်း စစ်ကောင်စီက ရဟတ်ယာဉ် အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စုံညီပွဲတော်အား အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံကျောင်းမှ ပြုလုပ်နေခြင်း ဖြစ်ပြီး ယနေ့ မနက် ၁၀ နာရီဝန်းကျင်တွင် လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုပစ်ခတ်မှုတွင် ကျောင်းသားပြည်သူများ အချိန်မီတိမ်းရှောင်နိုင်၍ လွတ်မြောက်ခဲ့သော်လည်း အဆောက်အဦများ ပျက်စီးကာ တိရစ္ဆာန် အချို့ သေဆုံးခဲ့ရသည်။

ဒေသခံ ရွာသား တဦးက “ကနဦးကရိုရိုးဖြတ်ပျံတာလိုထင်နေတာ။ နောက်ပိုင်း လေယာဉ်‌ပေါ်က ပစ်ခတ်တာတွေ ဗုံးကြဲတာတွေလုပ်တယ်။ ရွာကိုပတ်ပစ်တာတော့ အကြိမ်အရေအတွက်ကို မရေတွက်နိုင်ဘူး။ ပစ်ခတ်လို့ရွာတောင်ပိုင်းက အိမ်အတော်များများခေါင်မိုးတွေ ပေါက်ကွဲထွက်တယ်။ ရွာဘုံခန်းမအဆောင်တခုလည်း ပျက်စီးတယ်။ နောက်ပြီး ခိုင်းနွားတကာင်‌သေပြီး နွားမတကောင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်။ လူအသေအပျောက်ကတော့မရှိခဲ့ဘူး။ သူတို့အခုလို ဘာကြောင့်လာပစ်တာလဲဆိုတော့ ရွာက NUG စာသင်ကျာင်းမှာ‌တော့ စုံညီပွဲတော်လုပ် နေတာပဲရှိတယ်။ ကျန်တာကတော့ဘာမှမရှိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ၏ ရဟတ်ယာဉ်သည် ယင်းသို့ ပစ်ခတ်အပြီးတွင် မင်းကင်းမြို့နယ် ဇင်ကလဲ ကျေးရွာဘက်သို့ သွားရောက် ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။ ထို့နောက် ကုန်းသာကျေးရွာကို နောက်တကြိမ် ဝင်ရောက်ပစ်ခတ်ခဲ့သေးသည်။

ဓာတ်ပုံ - ဒေသခံပေးပို့

စစ်တွေမြို့တွင် စစ်တပ်က ပြည်သူ ၅၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီး၊ အမ်း၊ စစ်တွေ၊ မြောက်ဦးနှင့် ပေါက်တော မြို့နယ်ရှိ ကျေးရွာမ...
14/12/2023

စစ်တွေမြို့တွင် စစ်တပ်က ပြည်သူ ၅၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီး၊ အမ်း၊ စစ်တွေ၊ မြောက်ဦးနှင့် ပေါက်တော မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စစ်တွေမြို့ရှိ ကိုးရီးယားဆိပ်ကမ်းအောက်၌ ရပ်နားထားသော စက်လှေ၊ သမ္ဗာန်လှေများမှ ဒေသပြည်သူ စုစုပေါင်း ၅၃ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော ပြည်သူများသည် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့မှ ပြည်သူများဖြစ်ပြီး လက်ရှိချိန်တွင် စစ်တွေ အမှတ် ၁ ရဲစခန်း၌ ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့ပြင် အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ပေါက်တော မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း​ကြောင့် စေတီပုထိုး၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၁၁ နာရီခန့်တွင် အမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အခြေစိုက်ခတပ်စခန်းတစ်ခုဖြစ်သော ကဇုကိုင်း “တောဟိန်းတောင်တပ်စခန်း” က ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းကား ပစ်ခတ်ခြင်းကြောင့် အမ်းမြို့နယ်၊ ဒါးလက် ချောင်းအုပ်စု၊ အထက်ရွာဟောင်းကျေးရွာမှ အသက် ၅၄ နှစ်အရွယ် အမျိုးသား ၁ ဦးအား လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် စစ်တွေမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ပါဒလိတ်အခြေစိုက် ၃၄၄ တပ်ရင်းက ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၂၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်က မြောက်ဦးမြို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ရှေးဟောင်း သမိုင်းဝင်နယ်‌မြေအတွင်းရှိ ရတနာ့မာန်အောင်စေတီ၊ ဘုရား သိမ်တော်ကြီးနှင့် ဘုန်းကြီးကျောင်းတို့ ထိမှန်ကာ ပျက်စီးမှု အချို့ရှိကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ညနေ ၅ နာရီခန့်ကလည်း ပေါက်တောမြို့နယ်၊ ပွဲကြည့်တောင်မြစ်ဝတွင် ရပ်နားထားသော အကြမ်းဖက် စစ်တပ်၏ နေဗီသင်္ဘောမှ လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ရမ်းကားပစ်ခတ်မှုကြောင့် တောင်းဖူးကျေးရွာမှ နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဝန်ကြီးဟောင်း စိုးထွဋ်၏ လူယုံ သတင်းရဲတပ်ဖွဲ့မှူး  ရဲမှူးချုပ် ကျော်သီဟ လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ ရန...
14/12/2023

ဝန်ကြီးဟောင်း စိုးထွဋ်၏ လူယုံ သတင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်သီဟ လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

အကြမ်းဖက်စစ်ကောင်စီ၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ထောင်ဒဏ်များချမှတ်ပြီးနောက် နောက်ဆက်တွဲအဖြစ် စိုးထွဋ်၏ လူယုံ သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်သီဟကိုလည်း ထောင်ဒဏ် ၃ နှစ် ပြစ် ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်သီဟကို နိုင်ငံကူးလက်မှတ်အတွက် အဂတိလိုက်စားမှုများ ပေါ်ပေါက်ခြင်း၊ နိုင်ငံ တော်ဆိုင်ရာဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်မှု ရရှိနိုင်ရေး လုပ်ငန်းရှင်များထံမှ လာဘ်ယူခြင်း၊ သတင်းရဲတပ်ဖွဲ့ ၏ ရန်ပုံငွေ အလှူငွေများကို အလွဲသုံးစားခြင်းတို့ဖြင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရဲမှူးချုပ်ကျော်သီဟကို ထောင်ဒဏ် ၃ နှစ်ချမှတ်ပြီးနောက် ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း ၊ ရဲမှူးချုပ်ကျော်သီဟသည် ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်အတွက် အဓိက ငွေရှာပေးခဲ့သူဖြစ်ကြောင်း သိရှိရသည်။

"ရဲမှူးချုပ်ကျော်သီဟက ဝန်ကြီး ဦးစိုးထွဋ်အတွက် အဓိက ငွေရှာပေးခဲ့တဲ့သူလို့ ဆိုရမယ်။ လူယုံသဘောမျိုး ငွေရှာပေးတာ။ သူကိုယ်တိုင်လည်း ပိုင်ဆိုင်မှုတွေ အများကြီးရှိတယ်" ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ရက် တွင် ရာထူးများမှ ရပ်ဆိုင်းခံရပြီးနောက် စစ်ကောင်စီ ၏ စစ် တရားရုံးဖြင့် ရုံးတင် စစ်ဆေးခြင်းကို ခံရကာ နိုဝင်ဘာ ၁၀ ရက်တွင် ထောင် ၅နှစ် ချမှတ်ခံခဲ့ရသည်။

စစ်ကောင်စီ က ဝန်ကြီးဟောင်း စိုးထွဋ်ကို မြန်မာနိုင်ငံကူးလက်မှတ် ဝန် ဆောင် မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများက အကူအညီတောင်းခံမှုအပေါ် ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မလျော်သြဇာ အသုံးပြုခြင်း၊ တံစိုး လက် ဆောင် လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက် သာချောင် ချိရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွှတ်မှုမရှိသည့် ဆောင် ရွက်မှုများအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် ရာထူးမှ ဖယ်ရှား ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

14/12/2023

12.12.2023
နှစ် နှစ်ပြည့် ပီအာအက်ဖ်

ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ် - PRF ဟာ ၂ နှစ်ပြည့်ခဲ့ပါပြီ။
ပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေနဲ့အတူ
တိုက်ပွဲဝင်နေကြတဲ့ ထောက်ပို့ရဲဘော်အားလုံးကို
လေးစားဂုဏ်ပြုပါတယ်။

ကြံ့ခိုင်တဲ့ စိတ်ဓာတ်နဲ့ မပျက်ယွင်းတဲ့ ဇွဲလုံ့လကြောင့်
တော်လှန်ရေး မုချအောင်မြင်ကြရမည်။

လာပါ… ငါတို့ အတူတူရုန်းမယ်။

ပွဲမြန်မြန်သိမ်းဖို့ ငါတို့တာဝန်ပိုယူကြမယ်။

Team Germany ရဲ့ Messenger ကို ဆက်သွယ်ပြီး
ထောက်ပို့တပ်သား အဖြစ် တာဝန်ထမ်းဆောင်ကြပါစို့။

https://www.facebook.com/crphsupportteamgermany
လစဉ် ယူရို ၂၀,- မှစ၍ ပါဝင်လိုသောပမာဏအား
အသင်းရဲ့ ဘဏ့်အကောင့်ထဲကို လွှဲပေးပြီး
ငွေလွှဲပြေစာ (Screenshot)(ကိုယ်စားလွှဲ‌ပေးပါက ဖေါ်ပြပေးပါရန်)
ကဒ်ပြားပေါ်တွင် ဖေါ် ပြလိုသော အမည် နှင့်
ဆက်သွယ်ရမည့် E-Mail Address ပို့ပေးပါ။

Description: ‼️ "Spenden für Myanmar/PRF"‼️

‼️ ငွေလွှဲသည့်အကြောင်းအရာကို အထက်ဖော်ပြပါအတိုင်း ‼️
မှန်ကန်စွာ ထည့်သွင်းဖော်ပြပေးပါရန် အထူးမေတ္တာရပ်ခံပါတယ်။

အရေးတော်ပုံ အောင်ရမည်။


#လာပါငါတို့အတူတူရုန်းမယ်
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
PRF - People's Revolution Supply Family

မြောက်ဦးမြို့ကို စစ်ကောင်စီ ဗုံးကြဲ*******************************ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ် ကိုးသောင်းဘုရားအနီးဝန...
14/12/2023

မြောက်ဦးမြို့ကို စစ်ကောင်စီ ဗုံးကြဲ
*******************************
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ် ကိုးသောင်းဘုရားအနီးဝန်းကျင်နှင့် မြို့ ပေါ်ရပ်ကွက်များကို ဒီဇင်ဘာ ၁၃ ညနေ ၄ နာရီ ဝန်းကျင်တွင် စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လှည့်ပတ် တိုက်ခိုက်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

မြောက်ဦးမြို့ခံတဦးက “ ကိုးသောင်းဘုရားအနီးက ပေါက်ကွဲသံတခု ကြားတယ်။ လက်နက်ငယ် ပစ်ခတ်သံတချို့ကိုလည်း ကြားပြီးနောက်မှာ Mi 35 ရဟတ်ယာဉ်တစီးလာပြီးတော့ မြို့ကို နာရီဝက်လောက် လှည့်ပတ်ပြီး စက်လက်နက်တွေနဲ့ ပစ်နေပါတယ်။ မြို့ခံတွေလည်း ပြေးသူ ပြေး၊ ပုန်းသူ ပုန်းနဲ့ အခုထိ အပြင်ကို မထွက်ရဲကြသေးဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

ဒီဇင်ဘာ ၁၃ နံနက်ပိုင်းက မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအနီး တောင်ဖြူတောင်နှင့် ပန်းမြောင်းကျေးရွာ အောင်မင်္ဂလာ ဘုရားကုန်းတို့တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သားများသည် မြောက်ဦးမြို့ ခမရ ၅၄၀ တပ်ရင်းသို့ တပ်ဆုတ်လာခဲ့ပြီးနောက် ညနေပိုင်း၌ ကိုးသောင်းဘုရားအနီး အမှတ် ၃၁ ရဲတပ်ရင်းထဲသို့ ဝင်ရောက်ရန် သွားစဉ် AA တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားခဲ့ကြောင်း မြောက်ဦးဒေသခံတဦးက ပြောသည်။

၎င်း က “ ရွာအနီး တောင်တန်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေ ဒီနေ့မနက် ဝေလီ ဝေလင်းမှာ တိတ်တဆိတ် တပ်ဆုတ်လာပြီးတော့ ၅၄၀ တပ်ရင်းမှာ ခဏ ဝင်နေတယ်။ ပြီးတော့ ကိုးသောင်းဘုရားအနီးက ရဲတပ်ထဲ သွားတဲ့အချိန် မိုင်းဆွဲ တိုက်ခိုက်ခံရတယ်လို့ ကြားတယ်။ သူတို့ အဲဒီမှာ အထိနာလို့ မြို့ ကိုပါ လာပြီးတော့ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာလို့ ပြောတယ် ” ဟု ပြောသည်။

လတ်တလောတွင် မြောက်ဦးအခြေစိုက် စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့် မြောက်ဦးမြို့ အနီးဝန်းကျင်အား ပစ်ခတ်နေသလို မြို့ခံများမှာလည်း ထွက်ပြေး တိမ်းရှောင်နေရသည့်အတွက် အရပ်သား ထိခိုက်မှုနှင့် တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို အသေးစိတ် မသိရသေးပေ။




ဧရာဝတီ

Dawei Watch  သတင်းဌာနမှ  သတင်းထောက် ၂ ဦး ကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကြောရေး လုပ်နေရန်ကုန်| ဒီဇင်ဘာ ၁၃Dawei Watch  သတ...
14/12/2023

Dawei Watch သတင်းဌာနမှ သတင်းထောက် ၂ ဦး ကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကြောရေး လုပ်နေ

ရန်ကုန်| ဒီဇင်ဘာ ၁၃

Dawei Watch သတင်းဌာန၏ မြိတ်အခြေစိုက် သတင်းသမား ၂ ဦး ကို စစ်ကောင်တပ်က ဒီဇင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင် အချိန်တွင် ဖမ်းဆီးသွားကြောင်း Dawei Watch ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန် သည်။

Dawei Watch သတင်းဌာန၏ သတင်း‌ထောက်များ ဖြစ်သည့် ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင့်ဦးတို့ကို စစ်ကောင်စီက ဒီဇင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင်အချိန်တွင် နေအိမ်များ၌ လာရောက် ဖမ်းဆီးသွား ဖြစ်ကြောင်း သိရသည်။

သတင်းရေးသားမှုကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း လာရောက်ဖမ်းဆီးချိန်တွင် စစ်ကောင်စီတပ်သားများက မိသားစုကို ပြောဆိုခဲ့ကြောင်း Dawei Watch ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Dawei Watch သတင်းဌာန၏ သတင်းထောက် နှစ်ဦး ကို ဖမ်းဆီးရာတွင် ဖမ်းဝရမ်းမပါဘဲ ညသန်းခေါင်အချိန်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားပြီး ဖမ်းဆီး စစ်ဆေးနေကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း ဆိုသည်။

Dawei Watch ၏ စုံစမ်းမှု အရ ၎င်းတို့မှာ စစ်ကြောရေးစခန်းတွင် ချုပ်နှောင်စစ်ဆေးနေကြောင်းဆိုသည်။ ဖမ်းဆီးချိန်မှာ Dawei Watch မီဒီယာပိုင် လက်တော့ပ် ၂ လုံးအပါအဝင် သတင်းထောက်များ၏ ဖုန်းများနှင့် မိသားစုဝင်များ၏ ဖုန်းများကို သိမ်းဆည်းသွားကြောင်း သိရသည်။

သတင်းရေးသားခြင်းမှာ ပြစ်မှုကျူးလွန်ခြင်းမဟုတ်သည့်အတွက် ဖမ်းဆီးပိုင်ခွင့်မရှိကြောင်း ဥပဒေမဲ့ ဖမ်းဆီးစစ်ဆေးခြင်းခံနေရသည့် Dawei Watch သတင်းဌာ၏ သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း Dawei Watch ကထုတ်ပြန်ထားသည်။

Breaking News- ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ယနေ့ နံနက်အစောပိုင်း PDF၊ KNLA  အပါအဝင် တော်လှန်ရေး တပ်များက  တိုက်ခို...
13/12/2023

Breaking News- ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ယနေ့ နံနက်အစောပိုင်း PDF၊ KNLA အပါအဝင် တော်လှန်ရေး တပ်များက တိုက်ခိုက်သိမ်းပိုက် ၊ စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ယနေ့ နံနက်အစောပိုင်း KNLA ၊ PDF များ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန် တော်လှန်ရေးတပ်ဖွဲ့များက ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းအကြားရှိ ညောင်ပင်သာ ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ကြောင်း၊ အဆိုပါစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ နံနက် ၇ နာရီကျော်အချိန်တွင် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

"ဒီမနက်မှာ ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းကို တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ပါတယ်" ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦး က ပြောဆိုသည်။

လက်ရှိတွင် ညောင်ပင်သာ ရဲစခန်းအနီးရှိ ကျေးရွာများမှ ပြည်သူတချို့မှာ စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြပြီး စစ်ရဟတ်ယာဉ်များကလည်း တောက်လျှောက်ဆိုသလို ပျံဝဲ ပစ်ခတ်နေကြောင်း သိရှိရသည်။

"ရဟတ်ယာဉ် ၂ စီး ဝဲ​​နေပါတယ်။ ရဟတ်ယာဉ်ကလည်း ပစ်ခတ်သံ​တွေလည်း ကြား​နေရတယ်။ အခု တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးက ညောင်ပင်သာထဲကို ပတ်ပြီး ဝဲနေတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ညောပင်သာရဲစခန်း တိုက်ခိုက်သိမ်းပိုက်ရာတွင် KNLA ၊ PDF ၊ BPLA အပါ အဝင် တော်လှန်ရေးတပ်ဖွဲ့များ ပါဝင်ကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်သည် ရန်ကုန်မြို့နှင့် ၁၄၂ မိုင်သာ အကွာအဝေးရှိပြီး ဖြူးမြို့နယ်အတွင်းရှိ ရဲစခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက် သိမ်းပိုက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

Breaking News- နမ့်ဆန်မြို့မရဲစခန်းမှ ထွက်ပြေးသွားသော ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးဆောင်သော အင်အား ၂၀ ပါ စစ်ကြောင်းနှင့...
13/12/2023

Breaking News- နမ့်ဆန်မြို့မရဲစခန်းမှ ထွက်ပြေးသွားသော ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးဆောင်သော အင်အား ၂၀ ပါ စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်းမှ ဗိုလ် မှူး / ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော အင်အား ၂၀ ဦး နီးပါးပါ စစ်ကြောင်းမှ အားလုံး စုစုပေါင်း ၄၀ ဦးဝန်းကျင် တိုက်ပွဲတွင် သေဆုံး

■ ရဟတ်ယာဉ်ဖြင့် စစ်ကူ ချထားပေးသည့် စစ်တပ်စစ်ကြောင်းမှလည်း ၂၅ ဦးသေဆုံးပြီး ဖရိုဖရဲဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ နမ့်ဆန်မြို့မရဲစခန်းကို TNLA က သိမ်းပိုက်စဉ် ထွက်ပြေးသွားသော ဒုတိယရဲမှူးကြီး ထွန်းစိုးသိန်း ဦးစီးသော အင်အား ၂၀ ပါ စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်းမှ ဗိုလ်မှူး/ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော အင်အား ၂၀ ဦးနီးပါးပါ စစ်ကြောင်းမှ စစ်သားနှင့်ရဲများအားလုံး စုစုပေါင်း ၄၀ ဝန်းကျင် ယမန်နေ့ တိုက်ပွဲတွင် သေဆုံးသွားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီအချိန် TNLA က နမ့်မြို့မ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ် ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးဆောင်သော စစ်ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးစီးသော အင်အား ၂၁ ဦး ပါ စစ်ကြောင်းသည် ခလရ ၂၅၄ မှ ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်းတွင် သွားရောက်ပူးပေါင်းခဲ့ကြ ကြောင်း၊ အဆိုပါ ပူးပေါင်းစစ်ကြောင်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် TNLA က တိုက်ခိုက်ရာမှ အားလုံး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ချထားပေးသော စစ်ကူ အင်အား ၇၀ အနက်မှ ၂၅ ဦးမှာလည်း TNLA နှင့်တိုက်ပွဲအတွင်း သေဆုံးပြီး ဖရိုဖရဲ ဖြစ်ကာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

(ဓာတ်ပုံအကြည်များကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။)

Adresse

Untersteiner Str
Schönau Am Königssee
83471

Webseite

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Youth Revolution erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Videos

Teilen


Andere Medienfirmen in Schönau am Königssee

Alles Anzeigen