Jone's Diary

Jone's Diary Servus! Nothing special, just a random dude from Myanmar, currently in Germany, sharing things!!

နားလိုက်တာ အနည်းငယ်လေးတော့ကြာသွားတယ် ဟိဟိပြန်လာပါပြီဗျ 🫶🏻
19/10/2024

နားလိုက်တာ အနည်းငယ်လေးတော့ကြာသွားတယ် ဟိဟိ
ပြန်လာပါပြီဗျ 🫶🏻

FYI
21/04/2024

FYI

🎓 𝐖𝐞𝐛𝐢𝐧𝐚𝐫 𝐀𝐥𝐞𝐫𝐭 : 𝐔𝐧𝐥𝐨𝐜𝐤 𝐭𝐡𝐞 𝐒𝐞𝐜𝐫𝐞𝐭𝐬 𝐭𝐨 𝐒𝐭𝐮𝐝𝐲 𝐢𝐧 𝐆𝐞𝐫𝐦𝐚𝐧𝐲 🇩🇪

ဂျာမနီ နိုင်ငံမှာ ပညာသင်ယူဖို့ အိပ်မက်ရှိတဲ့ ကျောင်းသား/သူ များအတွက်လက်မလွတ်သင့်တဲ့ Event လေးဖြစ်ပါတယ်

𝟐𝟔.𝟒.𝟐𝟎𝟐𝟒 ( 𝐅𝐫𝐢𝐝𝐚𝐲 ) - 𝟏 𝐏𝐦 မှာ စတင်ကျင်းပပေးသွားမှာဖြစ်ပြီး Energy System Engineering ကိုဂျာမနီနိုင်ငံ THD - Technische Hochschule Deggendorf မှာ လက်ရှိပညာသင်ယူနေဆဲဖြစ်တဲ့ 𝐊𝐨 𝐈𝐧𝐚𝐫𝐫 𝐌𝐢𝐧 𝐏𝐚𝐢 က 𝐆𝐮𝐞𝐬𝐭 𝐒𝐩𝐞𝐚𝐤𝐞𝐫 အနေနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်

𝐄𝐯𝐞𝐧𝐭 မှာ Agenda (၈) ခုပါဝင်ပြီး
♢ 𝗜𝗻𝘁𝗿𝗼𝗱𝘂𝗰𝘁𝗶𝗼𝗻 𝘁𝗼 𝗦𝘁𝘂𝗱𝘆𝗶𝗻𝗴 𝗶𝗻 𝗚𝗲𝗿𝗺𝗮𝗻𝘆
♢ 𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗟𝗶𝗳𝗲 𝗶𝗻 𝗚𝗲𝗿𝗺𝗮𝗻𝘆
♢ 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗣𝗿𝗼𝗰𝗲𝘀𝘀
♢ 𝗜𝗻𝗮𝗿𝗿 𝗠𝗶𝗻 𝗣𝗮𝗶 '𝘀 𝗝𝗼𝘂𝗿𝗻𝗲𝘆
♢ 𝗡𝗲𝘁𝘄𝗼𝗿𝗸𝗶𝗻𝗴 𝗢𝗽𝗽𝗼𝗿𝘁𝘂𝗻𝗶𝘁𝗶𝗲𝘀
♢ 𝗟𝗶𝘃𝗶𝗻𝗴 𝗶𝗻 𝗚𝗲𝗿𝗺𝗮𝗻𝘆
♢ 𝗪𝗼𝗿𝗸 & 𝗥𝗲𝘀𝗲𝗮𝗿𝗰𝗵 𝗢𝗽𝗽𝗼𝗿𝘁𝘂𝗻𝗶𝘁𝗶𝗲𝘀
♢ 𝗤 & 𝗔 𝘀𝗲𝘀𝘀𝗶𝗼𝗻 တို့ဖြစ်ပါတယ်

ဒီ Event လေးကို ပါဝင် ဆွေးနွေးချင်တယ်ဆိုရင်တော့ အောက်ပါ application form လေးဖြည့်ပေးပါနော် 𝗭𝗼𝗼𝗺 𝗜𝗗 & 𝗣𝗮𝘀𝘀𝗰𝗼𝗱𝒆 ကို email ကတစ်ဆင့်ပေးပို့သွားပါမယ်

𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐦 👇🏻

https://docs.google.com/forms/d/1gP9FSmc7MsFh89_tBjeL46qeT3rUgsSr9VabpfFQo5c/edit?usp=drivesdk

𝔾𝔼ℂ ကနေပြီးတော့ International Scholarships တွေ study abroad opportunities တွေတင်သာမက ကိုယ်ရေကိုယ်သွေး မြှင့်တတ်အောင် personal development & knowledges တွေကိုပါ sharing လုပ်ပေးနေတာမလို့

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐜𝐡𝐚𝐧𝐧𝐞𝐥 - t.me/goldenieltsacademy14
𝐓𝐢𝐤𝐓𝐨𝐤 𝐚𝐜𝐜𝐨𝐮𝐧𝐭- https://www.tiktok.com/?_t=8lgllhQQpph&_r=1 တို့ကို subscriber လုပ်ပေးထားအုံးနော် 💛

𝐆𝐞𝐫𝐦𝐚𝐧𝐲 နိုင်ငံအကြောင်းကို စိတ်ဝင်စားတဲ့သူတွေကတော့ Ko Inarr Min Pai ရဲ့ 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐁𝐥𝐨𝐠 ဖြစ်တဲ့ Jone's Diary ကို 𝐟𝐨𝐥𝐥𝐨𝐰 လုပ်ပေးထားကြပါနော် 🫶

13/03/2024

Servus!!
Winter intake အတွက်ကျောင်းတွေရှာပြီးလျှောက်ဖို့ပြင်ရတော့မှာဆိုတော့
ဂျာမနီမှာ ကိုယ်တိုင်ကျောင်းရှာပြီး လျှောက်နည်း ကိုသိသလောက်လေး Video နဲ့ပြောပြထားပေးပါတယ်။ တခြားသိချင်တာတွေရှိရင်လည်း လာမေးလိုရပါတယ်။
နောက်ကျရင်လည်း Germany နှင့်ပက်သတ်တဲ့အရာတွေကို Video နဲ့ရော စာအရှည်ကြီးတွေနဲ့ရော 🫱🏻‍🫲🏿 ပါ sharing လုပ်သွားအုံးမှာဖြစ်လို Page ကို Like လုပ်ပြီး Support လုပ်ပေးသွားလိုရပါတယ်။
YouTube Channel ကိုလည်း subscribe လုပ်ပြီး အားပေးလိုရပါတယ်။
YouTube channel - http://www.youtube.com/

15:45 - 16:45 session “My life in Germany as a student” ခေါင်းစဉ်အောက်မှာ ဝင်ရောက် အာချောင်ဖို့ရှိပါတယ် မိတ်ဆွေတို့ 🤝🏻😎
08/03/2024

15:45 - 16:45 session
“My life in Germany as a student” ခေါင်းစဉ်အောက်မှာ ဝင်ရောက် အာချောင်ဖို့ရှိပါတယ် မိတ်ဆွေတို့ 🤝🏻😎

Why Germany?🇩🇪Servus!အားလုံးဘဲ မင်္ဂလာပါဂျာမနီ မှာ ဘာလို့ပညာသင်သင့်လည်းဆိုတဲ့ အကြောင်းအရာနှင့်ပက်သက် သော အချက်များကိုပြေ...
03/03/2024

Why Germany?🇩🇪

Servus!
အားလုံးဘဲ မင်္ဂလာပါ
ဂျာမနီ မှာ ဘာလို့ပညာသင်သင့်လည်းဆိုတဲ့ အကြောင်းအရာနှင့်ပက်သက် သော အချက်များကိုပြောပြပေးပါမယ်။

1. Low cost or no tuition fees

ဒီအချက်ကတော့ ဂျာမနီသွားမယ် လို့ပထမဆုံးစဉ်းစားမိသူတိုင်း သိပြီးသားအချက်ပါဘဲ။
ဟုတ်ပါတယ်။ အစိုးရတက္ကသိုလ် တော်တော်များများ ကျောင်းလခ မပေးရပါဘူးခင်ဗျာ။ Semester fees ယူရို (€) အနည်းငယ်သာပေးရပါတယ်။

2. Career Opportunity

ဒါလည်းဂျာမနီမှာ တော်တော်လည်းအခွင့်အလမ်းများပါတယ်။ ဘာလို့လဲဆိုတော့ ဒီမှာ သိတဲ့အတိုင်း Audi တို့ BMW တို့ စသဖြင့်ကုမ္ပဏီအကြီးတွေ တော်တော်များများရှိတဲ့ အပြင် ဂျာမနီရဲ့ Population pyramid ကသိတဲ့အတိုင်း အလုပ်လုပ်နိုင်တဲ့ အရွယ်လူငယ်တွေလိုအပ်နေတယ်။ ဆိုတော့ ဘာသာစကားအတော်အသင့်ရရင် ဒီမှာဘဲ လုပ်ငန်းလုပ်ပြီး အခြေချသွားနိုင်တဲ့ အနေအထားမှာရှိတယ်။

3. Affordable cost of living

ဒီတစ်ချက်ကတော့ အခြေအနေ (၂)ရပ်ရှိတယ်။ ပထမတစ်ရပ်က ဂျာမနီက ယူရိုသုံးပါတယ်။ မြန်မာ (ကျပ်) ငွေနဲ့ယှဉ်ရင်စျေးကြီးတော့ နေစရိတ် စားစရိတ် စျေးကြီးပါတယ်။ ဘာမှမလုပ်ဘဲ ကျောင်းသီးသန့်လာတက်တဲ့ လူတွေအတွက်ဆိုရင် ငွေကြေးပမာဏတစ်ခုလောက်တော့ကုန်ကြနိုင်ပါတယ်။
ဒုတိယတစ်ရပ်က ဂျာမနီမှာ နေထိုင်ကုန်ကျစာရိတ်ကို သတ်မှတ်ထားတဲ့ အချိန်ပမာဏဘဲ အချိန်ပိုင်းအလုပ်လုပ်ရုံနှင့် ပြန်ကာမိပါတယ်။
(ဒီအကြောင်းကိုတော့ အသေးစိပ်နောက်တစ်ပိုစ့်မှာ သေချာတွက်ချက်ပြပါမယ်)

4. Outstanding universities

တခြားဘာသာရပ်တွေအတွက်တော့ သေချာမသိပေမယ့် engineering ဘာသာရပ်တွေအတွက်ဆိုရင်တော့ ဂျာမနီက တက္ကသိုလ်တွေက ကောင်းပါတယ်။ အခြားနိုင်ငံတွေလို ရှုရှောင်မဟုတ်ကြပါဘူး။ (Public university တွေဆိုရင်ပေါ့)
Engineering ကတော့ ဂျာမနီက ဂျာမနီပါဘဲ။

5. Study in English

English လိုသင်တဲ့ course တွေအသင့်အတင့်ရှိပါတယ်။ Language barrier အနေနဲ့ လူနေမှုဘဝမှာ ကြုံကောင်းကြုံရနိုင်ပေမယ့် စာသင်တာကိုတော့ English လိုသင်ရနိုင်တဲ့ အခြေနေရှိတဲ့အတွက် အဆင်ပြေပါတယ်။

6. Safety

တခြားနိုင်ငံတွေနှင့် ယှဉ်ရင် ဂျာမနီရဲ့ safety ကမဆိုးဘူးလို့ပြောလို့ရတဲ့ အခြေနေမှာရှိပါတယ်။ ကျွန်တော့်ကျောင်းမှာတော့ သေနတ်နဲ့ဝင်ပစ်ရင် ဘာလုပ်ပါ ညာလုပ်ပါ စာတွေကပ်ထားပေမယ့် အာ့လိုအခြေနေမျိုးတွေတော့ဂျာမနီမှာ လောလောဆယ်ထိတော့မရှိသေးပါဘူး။

7. Gutes Bier und gute Wurst

နောက်ဆုံးကတော့ ဘယ်သူမှ mention မလုပ်တဲ့အချက်ပါ။ 🤭
ဂျာမနီက ဘီယာတွေက ရှယ်ကောင်းပါတယ်။ အထူးသဖြင့် ဘိုင်ယန်က helles Bier ပါ။ 🇩🇪
Wurst လဲတူတူပါဘဲ။ Bratwurst နဲ့ Weißwurst ဆိုရင် ကယားဝက်အူချောင်း နှင့် ဒေါ်မြရင်ကို ခေတ္တအစားထိုးကောင်းထိုးနိုင်ပါတယ်။

ကျောင်းဘယ်လိုလျှောက်ရမလဲ။
ကျောင်းတွေဘယ်လိုရှာရမလဲ။
ဗီဇာ ဘယ်လိုလျှောက်တာတွေလဲ။
(-င်ချမှုများ မှ ကင်းဝေးနည်း အသွယ်သွယ်) နှင့်
အချိန်ပိုင်းအလုပ်တွေရော ဘယ်လိုရှာလဲ စတဲ့ အချက်တွေကိုတော့ နောက်ထပ်ပိုစ့်မှာ အသေးစိပ် video နဲ့တကွပြောပြပေးပါမယ်။

Schönen Tag noch.
Auf Wiedersehen!!

Servus!!!အားလုံးဘဲ မင်္ဂလာပါခင်ဗျာWillkommen auf meinem Profil 😎Jone‘s Diary Channel မှကြိုဆိုပါတယ်။ကျွန်တော်ကတော့ Germa...
03/03/2024

Servus!!!
အားလုံးဘဲ မင်္ဂလာပါခင်ဗျာ

Willkommen auf meinem Profil 😎
Jone‘s Diary Channel မှကြိုဆိုပါတယ်။

ကျွန်တော်ကတော့ Germany နိုင်ငံ Bayern ပြည်နယ်မှာ Bachelor degree တက်နေတဲ့ မြန်မာကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ 🇩🇪

ဒီ page မှာတော့ နာမည်အတိုင်း အရေးမပါတာများ ၊ knowledge sharing ၊ International Student တစ်ယောက် Bayern မှာ ဘယ်လိုနေထိုင်သလဲ ၊ ရောက်လေရာနေရာမှာ perfectionist ဆန်ဆန် တလွဲများကို ပြစ်တင်ပြောဆို သရော်မှုများ ကို ကိုယ်တိုင်မှတ်တမ်းတင်ပြီး ဆရာကြီးလုပ်မှာဘဲ ဖြစ်ပါတယ် ။ 🫡

သိချင်တဲ့အကြောင်းအရာတွေလည်း မေးလို့ရသလို
ဆရာကြီးလုပ်နေ အာချောင်နေမှု များကိုလည်း ဝင်ငေါက်သွားလို့ရပါတယ် ။

YouTube link : https://youtube.com/?si=ELtfdWhxrzFl4DGG

Adresse

Alois-Gäßl-Straße 4
Pfarrkirchen
84347

Telefon

+4915737822107

Webseite

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Jone's Diary erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Service Kontaktieren

Nachricht an Jone's Diary senden:

Videos

Teilen

Kategorie


Andere Digital Creator in Pfarrkirchen

Alles Anzeigen