Now She VLogs.

Now She VLogs. Kontaktinformationen, Karte und Wegbeschreibungen, Kontaktformulare, Öffnungszeiten, Dienstleistungen, Bewertungen, Fotos, Videos und Ankündigungen von Now She VLogs., Digital Creator, Düsseldorf.

Hallihallo I’m Lei, 25 years old 🙄 and from Myanmar. 🇲🇲
Join me on my journey as a registered nurse in Germany, sharing life in Düsseldorf, daily moments, and Useful insights about living abroad. 💖

17/04/2025

ကျွန်မရဲ့ ဂျာမနီ က အလုပ်လက်မဲ့ Era လေးအကြောင်း ပြောပြထားပါတယ်နော်။ 😂

ပျင်းသွားမှာဆိုးလို့ အိမ်မှာနေရင်းတစ်နေ့တာလေးပါထည့်ပြီး ပြထားပါတယ်။ 😁

#ဂျာမနီ

Trend ဖြစ်နေလို့ ကိုယ် ဒါလေး စမ်းကြည့်ထားတယ်နော် 😁😁
10/04/2025

Trend ဖြစ်နေလို့ ကိုယ် ဒါလေး စမ်းကြည့်ထားတယ်နော် 😁😁

ခု Trend ဖြစ်နေတဲ့ အရုပ်ကတ်လေးတွေ အခန်းပုံလေးတွေ ကို AI နဲ့ တူတူ ဖန်တီးကြည့်ကြမယ်။
လဲ့ဖြူ ကတော့ Nurse ပုံလေးနဲ့ ဆေးရုံက ICU က အခန်းလေး ပုံစံကို စမ်းကြည့်ထားပါတယ်။ 🏥

Step 1 - Chat GPT ဖွင့်ပါ။ App မရှိသေးလျှင် download လုပ်ထားပါ။
သုံးရအဆင်ပြေပါတယ်။
Step 2 - ကိုယ့်မျက်နှာပုံလေး အရင်ထည့်ပါ။ (ဒါမှမဟုတ် ကိုယ်ဖန်တီးချင်တဲ့ လူပုံ)
Step 3 - Prompt ရေးပါ။ ပုံစံလေးကို comment မှာ ကြည့်လို့ရပါတယ်နော်။
Step 4 - ရလာတဲ့ ပုံလေးကို Download လုပ်နိုင်ပါတယ်ရှင်။ ❤️

စိတ်ဝင်စားရင် တစ်ချက် Try ကြည့်နော်။ 😁

ငလျင် လှုပ်တဲ့ အခါ ဘာလုပ်ကြမလဲ?
28/03/2025

ငလျင် လှုပ်တဲ့ အခါ ဘာလုပ်ကြမလဲ?

Schweres Erdbeben erschüttert Thailand und Myanmar ( မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ တွင် ပြင်းအားကြီးသည့် ငလျင်လှုပ်ရှား...
28/03/2025

Schweres Erdbeben erschüttert Thailand und Myanmar

( မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ တွင် ပြင်းအားကြီးသည့် ငလျင်လှုပ်ရှားမှူ အကြောင်း ) ကို ဂျာမန် သတင်းဌာန Tagesschau မှာ ဖော်ပြသွားပါတယ်။

အသေးစိတ် ဖတ်ရှုရန် :

https://www.tagesschau.de/ausland/asien/erdbeben-thailand-myanmar-100.html



28/03/2025
28/03/2025

မန္တလေးမြို့ကိုဗဟိုပြုပြီး ယနေ့လှုပ်ခတ်ခဲ့သည့် မြေငလျှင်ကြီးသည် ပြင်းအားရစ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိကြောင်း အမေရိကန်အစိုးရ ဘူမိဗေတိုင်းတာရေးအဖွဲ့ (USGS)က ယနေ့ထုတ်ပြန်ခဲ့သည်။

ငလျင်နှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းများကို ဤနေရာတွင်ဖတ်နိုင်သည်
https://myanmar-now.org/mm/news/62166/...

Hallihallo လဲ့ဖြူ ဒီနေ့ sharing လုပ်ပေးမယ့် Topic လေး ကတော့ Germany ကို သွားဖို့ ဘယ်လမ်းကြောင်းတွေ ရှိလဲ? သွားရင် ဘာတွေ ...
26/03/2025

Hallihallo လဲ့ဖြူ ဒီနေ့ sharing လုပ်ပေးမယ့် Topic လေး ကတော့ Germany ကို သွားဖို့ ဘယ်လမ်းကြောင်းတွေ ရှိလဲ?
သွားရင် ဘာတွေ လိုအပ်လဲ?
ဘာတွေ ကြိုပြင်ဆင်ထားဖို့လိုလဲ?

📌ပထမဆုံးနဲ့ အလွယ်ဆုံးကတော့ ကျောင်းသားဗီဇာ ပေါ့နော် ( Student Visa )

📌 ဒုတိယအနေနဲ့ ကတော့ ခု တအား Popular ဖြစ်နေတဲ့ Ausbildung ( Vocational Training ) အလုပ်လည်းလုပ် ကျောင်းလည်း တတ်

📌 Work Visa, Opportunity card , EU Blue Card

📌 နောက်ဆုံး တစ်ခုကတော့ ခိုလှုံခွင့်တောင်းတာ ( Asylum )

ကယ် ဘယ်လမ်းကြောင်းက ဘာလိုအပ်လဲ ဆိုတာ ဆက်ဖတ်ကြည့်ရအောင်နော်။
နောက်ပြီး ဒီ Post လေးကိုလည်း “ Like & Share “ လုပ်ဖို့ မမေ့ကြနဲ့ ဦးနော်🫶💖

ဒီ Post လေးမှာက လဲ့ဖြူ သိသလောက်ပဲ ရေးထားတာ ဖြစ်လို့ အသေးစိတ်ဖတ်ရှူချင်လျှင်တော့ အောက်ပါ Link လေးတွေကို နှိပ်ပြီး ဖတ်ကြည့်နော်။

Studentvisa :https://rangun.diplo.de/resource/blob/1555268/2172a6e59fad424ea85790daeca6e876/merkblatt-studiumengl-data.pdf

Ausbildung : https://www.make-it-in-germany.com/de/studium-ausbildung/ausbildung-in-deutschland

Workvisa :https://rangun.diplo.de/resource/blob/2380744/50dce7573862e21daaf7ba3f99cf4f3b/employment-visa-data.pdf

EU Blue Card : https://www.make-it-in-germany.com/de/visum-aufenthalt/arten/blaue-karte-eu

Opportunity Card :https://rangun.diplo.de/resource/blob/2666480/bfba47f3f9e9573b8083076ec49195e1/opportunity-card-sections-20a-20b-residence-act-data.pdf

Asylums : https://www.bamf.de/EN/Themen/AsylFluechtlingsschutz/asylfluechtlingsschutz-node.html


#ဂျာမနီ


STUDY IN GERMANY 🇩🇪
17/03/2025

STUDY IN GERMANY 🇩🇪

I drink cocktails🍸, he drinks tradition. 🇩🇪🍺ကိုယ်ကသာ တနေ့တမျိူး မရိုးအောင် သောက်နေတာ သူကတော့ သစ္စာရှိပါ့ 😂
17/03/2025

I drink cocktails🍸, he drinks tradition. 🇩🇪🍺

ကိုယ်ကသာ တနေ့တမျိူး မရိုးအောင် သောက်နေတာ သူကတော့ သစ္စာရှိပါ့ 😂

ဒီမြို့လေးကို Monschau ( မွန်းရှောင်း ) လို့ခေါ်တယ်။ 🇩🇪 ပြင်သစ်လိုက Peche–Montjoie ဆိုလားပဲ။ Monschau မြို့လေးဟာ ဂျာမနိီ...
08/03/2025

ဒီမြို့လေးကို Monschau ( မွန်းရှောင်း ) လို့ခေါ်တယ်။ 🇩🇪
ပြင်သစ်လိုက Peche–Montjoie ဆိုလားပဲ။

Monschau မြို့လေးဟာ ဂျာမနိီနိုင်ငံရဲ့ North Rhine–Westphalia ပြည်နယ်၊ Aachen ဘက်မှာရှိတဲ့ Eifel ဒေသရဲ့ တောင်တန်းတွေ ကြားက မြို့သေးသေးလေး တစ်မြို့ပဲ ဖြစ်ပါတယ်။ သူ့ကို ဂျာမနီရဲ့ NRW ဘက်က Hidden Gem 💎 လို့လည်း တင်စားခေါ်ဝေါ်ကြတယ်။

Monschau မြို့လေးဟာ သူ့ရဲ့ ရှေးဟောင်း အလှတရား၊ ဗိသုကာပညာ၊ ရှေးဟောင်းလမ်းကျဉ်းကျဉ်းလေးတွေ၊ ဂျာမန်ရိုးရာအိမ်လေးတွေ ကို တောင်တွေပတ်ပတ်လည် ဝန်းရံ ထားပြီး တိတ်ဆိတ်သာယာတဲ့ ရှေးဟောင်း မြို့လေး အနေနဲ့ Tourist တွေ ကြား ထင်ရှားပါတယ်။ 🩷
အထူးသဖြင့် ဆောင်းတွင်း Christmas 🎄🎄 ကာလ မှာ Christmas Market လေးနဲ့ တအားလှလို့ လူအသွားများတယ် လို့ သိရပါတယ်။
( လဲ့ဖြူ ကတော့ Monschau Christmas မရောက်ဖူးသေးလို့ ဒီ နှစ် အချိန်ရရင် သွားကြည့်ချင်ပါသေးတယ် 😁) ။

နွေဦး ကာလမှာလည်း လှပါတယ်။ နွေဆိုရင်တော့ ပန်းရောင်စုံ မျိူးစုံနဲ့ ပိုလှပါတယ်။ မြို့လေးက သေးသေးလေးပါ။ မြို့ထဲ ဝငိလိုက်တာနဲ့ Rur River ကနေစီးဆင်းတဲ့ မြစ်ချောင်းလေးတွေတစ်လျှောက် ရေစီးသံ တွေ အမြဲ ကြားရပြီး အေးချမ်းနေတာပါပဲ။ 🌲🪵💦
လဲ့ဖြူကကြ Modern ဖြစ်နေတဲ့ အဆောက်အဦးတွေ ထက်ရှေးဟောင်း အဆောက်အဦးလေးတွေ ကို ပိုသဘောကျတယ်။ ပြီးရင် မညီမညာနဲ့ ရှိနေတဲ့ ရှေးဟောင်း လမ်းကျဉ်းကျဉ်းလေးတွေထဲ ဟိုဝင် ဒီဝင် သွားရတာလည်း Feel က တမျိူးလေးနော်။ 😁😁
ရိုးရာဆိုင်လေးတွေ၊ အဝတ်ဆိုင်၊ ကော်ဖီဆိုင်၊ ရေခဲမုန့်ဆိုင်၊ စားသောက်ဆိုင်၊ အိုးခွက်ပန်းကန်ဆိုင်၊ အမှတ်တရပစ္စည်းဆိုင်၊ ဖျော်ရည် နဲ့ ဝိုင် ဆိုင် ၊ ချောကလက်နဲ့ လက်ဆောင်ပစ္စည်းဆိုင် စသဖြင့် ဆိုင်လေးတွေကတော့ အများကြီးပါပဲ။
ဒါပေမယ့် Monschau ကို သွားလည်ချင်တယ်ဆိုရင် စနေ ၊ တနင်္ဂနွေ မှာ သွားလည်ဖို့ လဲ့ဖြူ အကြံပေးချင်ပါတယ်။ ( လူတော့ များပေမယ့် ဆိုင်တွေ အကုန်ဖွင့် ပြီး တအားစည်ကား ပြီး လှပ ပါတယ် ၊ ကြားရက်ကြ ဆိုင်တွေ သိပ်မဖွင့်ဘူးရယ် )

တကူးတက Camera ကြီးတွေ သယ်လာပြီး အလှဓာတ်ပုံ လာရိုက်တဲ့ သူတွေလည်း အများကြီးပဲ။ 📸🤩

ချောင်းလေး ဘေးနားမှာ ကော်ဖီလေး အေးဆေးလေး ထိုင်ပြီး သောက်ချင်ခဲ့တာ တော့ လူတွေ အရမ်းများလို့ ဆန္ဒမပြည့်ခဲ့ဘူးရယ်☹️ ။ ☕️🍰
( နောက်တစ်ခေါက်တော့ သောက်ဖြစ်အောင် သောက်ဦးမယ်ရယ် )

မိတ်ဆွေတို့လည်း ဂျာမနီက NRW ဘက် လာဖြစ်ရင် ဒီမြို့လေးကို လည်ဖြစ်အောင် လည်သွားဦးနော် ( တကယ်လှလို့ ညွှန်းတာ 🥰 )
ပုံအောက်မှာ လည်း စာတိုလေးတွေ ရေးထားတယ်နော် 🫶🏻🫶🏻💖





#ဂျာမနီ

HELAAAAUU 🎉လဲ့ဖြူရဲ့ မေဒယ်စ်လေးတို့ ရေ 🌸Düsseldorf က ကာနေဗယ်အကြောင်း ကြားပြီးပြီလား? 👀👀 🎭လဲ့ဖြူကတော့ Karneval ဆိုတာနဲ့ ပ...
04/03/2025

HELAAAAUU 🎉

လဲ့ဖြူရဲ့ မေဒယ်စ်လေးတို့ ရေ 🌸

Düsseldorf က ကာနေဗယ်အကြောင်း ကြားပြီးပြီလား? 👀👀 🎭

လဲ့ဖြူကတော့ Karneval ဆိုတာနဲ့ ပထမဆုံးပြေးမြင်တာကတော့ အရောင်စုံ ဒီဇိုင်း စတိုင် မျိူးစုံ Costumes တွေ နဲ့ သီချင်း အကအခုန်နဲ့ လုံးဝ Wild ဖြစ်နေမယ့် ပုံရိပ်ပါပဲ 😁
( 🍬🍫🍭 သကြားလုံး ချောကလက်တွေ ပေါက်ပေါက် တွေလည်း ကျဲပါသေးတယ်နော် - အောက်က ပုံတွေ ထဲမှာ လဲ့ဖြူ ကောက်ထားတာလေး ပါပါ သေးတယ် 😆 )

သူက Düsseldorf မှာတင် မဟုတ်ပဲ Köln တို့ Mainz ( Oldest Karneval traditions ) တို့ မှာလည်း အကြီးအကျယ်ကျင်းပ ကြပါတယ်။
( Köln က တော့ Top City ပေါ့နော် ) နောက်နှစ်တော့ သွားကြည့်ချင်သေးတယ်။ 😁
တခြားမြို့လေးတွေမှာလည်း Fun Karneval celebrations လေးတွေ ရှိပါသေးတယ်။ 🎉🎉

Rosenmontag ဟာ ကာနေဗယ် ပွဲတော်ရဲ့ အရေးကြီးတဲ့ ဘာသာရေးဆိုင်ရာ အစွဲပြုနေ့တစ်နေ့ဖြစ်ပါတယ်။
လူထုလှည့်လည်ပွဲ ( Parade ) ကြီးကို အရောင်မျိူးစုံ Decoration အပြည့်ဆင်ထားသော Zug တွေ နဲ့ မြို့လည်မှာ စည်းကားစွာ လှည့်ပတ် ကျင်းပ ကြပါတယ်။
အမှန်ကတော့ နှစ်စဉ် November 11th မွန်းမတည့်မှီ 11:11 အချိန်မှာ စ တင်တာဖြစ်ပါတယ်။
ဒါပေမယ့် တကယ့် အကြီးအကျယ် ပါတီတွေ ကျင်းပတာကတော့ ဒီ ၂၀၂၅ မှာ February ၂၇ က စပြီး Monday ၃ ရက်နေ့ ( Rosenmontag ) မှာ ပြီးပါတယ်။

Rosenmontag ကတော့ လုံးဝ Big Day ကြီးပေါ့နော်။
အလှတင်ထားတဲ့ ကားကြီးတွေ သီချင်းတွေ အက မျိူးစုံနဲ့ ပျော်ရွှင်စွာ ကျင်းပကြပါတယ်၊ နိုင်ငံရေး ဟာသတွေ လည်း လွတ်လပ်စွာ ပြသကြပါတယ်။ အောက်မှာ ပုံလေး ပ့ါတယ်နော် Weidel ဘယ်လိုမဲဆွယ်ကြောင်း ပြီးတော့ ပူတင့် ပုံလေးလည်း ပါသေး။ 😆
နောက် စားစရာ မုန့်အချိူ ( သကြားလုံးတွေ ချောကလက်တွေ မုန့်အချိူလေး တွေ အများကြီးကို ကျဲကြ ကောက်ကြတာပါ။ တချို့ဆို အာလူးတွေလည်း ပစ်ပါတယ် အကြီးကြီးတော့ မဟုတ်ဘူး သေးသေးပေါ့ ဒါမယ့် ထိရင် တော့ နာပါတယ် 🤣။ ဒီနှစ်ဆို လဲ့ဖြူ ထက်တွေ့တာ Salami တွေပါ ပါလို့ ပျော်နေရသေးတယ် - ဒါနဲ့ စားကောင်းတယ်နော် ဘီယာလေးနဲ့ဆို 😂 )

၂၇ ရက်နေ့ ( Altweiberfastnacht ) မှ စလို့ကျင်းပတာမှ မနက်ဆို ၉/၁၀ နာရီလောက်ထဲက မြို့ထဲမှာ လူစုကြပြီး ညနေ မမှောက်မချင်း သောက်ကြ ပျော်ကြ ( Party Party ) ပေါ့နော် ။ 😅

ပုံတွေတော့ အများကြီး မရိုက်လိုက်နိုင်ဘူးရယ် HARIBO လှမ်းဖမ်းနေရလို့ 😂။ ( ရတဲ့ ပုံလေးတွေ အောက်မှာတော့ စာရေးပေးထားတယ်နော် 😁 )

နောက်နှစ်တော့ တခြားမြို့တွေ ဘက်သွားဖို့ကြိုးစားပါဦးမယ် 😁

အမှန်ပြောရရင် ဒီ ပွဲလေးဟာ လဲ့ဖြူရဲ့ ဂျာမနီ Dreams ထဲက တစ်ခု ထဲပါပါတယ် ☺️♥️
ခုတော့ ၃ နှစ်ရှိပါပြီ ကျဉ်းပရတာ 😁😁




̈sseldorf

02/03/2025

How I came to Germany: My Story, Challenges & Experiences

ဂျာမနီကို လဲ့ဖြူ ဘယ်လိုရောက်သွားလဲ နဲ့ လဲ့ဖြူရဲ့ Story 😊

Video လေးက အားလုံးအတွက် အထောက်အကူပြုတယ်ဆိုရင်
Like & Share လုပ်သွားဖို့ မမေ့နဲ့နော် 🥰🥰





Snowlight ဒီဇင်ဘာ လလေး နီးလာပါပြီ။ ဒီဇင်ဘာ လို့ ပြောလိုက်တာနဲ့ လဲ့ဖြူ ရဲ့ မျက်လုံးထဲမှာ အရင်ဆုံး ပြေးမြင်မိတာက အနီရောင် ...
28/10/2024

Snowlight ဒီဇင်ဘာ လလေး နီးလာပါပြီ။
ဒီဇင်ဘာ လို့ ပြောလိုက်တာနဲ့ လဲ့ဖြူ ရဲ့ မျက်လုံးထဲမှာ အရင်ဆုံး ပြေးမြင်မိတာက အနီရောင် ♥️ ၊ ပြီးတော့ နှင်းတွေ မီးဝါဝါလေးတွေ နဲ့ Christmas ပါ။ 🎄❄️

ဂျာမနီ က Christmas Market လေးကို တစ်ခါလောက် လျှောက်လည်ဖို့ကော စိတ်ကူးရှိဖူးလား ဂျာမန်စာသင်နေသူလေးတို့ရေ ? 👀

အိမ်ထဲမှာ Christmas Tree လေးကို Decor အပြည့်ဆင်၊ 🎄
ချောကလက်ဖျော်ရည် ပူပူလေးကို Marshmallows လေးနဲ့ တွဲသောက်၊ 🍫☕️
မေမေ ဒါမှမဟုတ် ဖွားဖွားတွေက Cookies လေးတွေ ဖုတ်၊ 🍪
ကလေးလေးတွေက ခရစ်စမက် သစ်ပင်အောက်က လက်ဆောင်လေးတွေကိုဖောက် ပြီး ပြေးလွှားဆော့ကစား 🎁 စသဖြင့် နောက် ကိုယ့်မိသားစု၊ ချစ်သူ၊ ကိုယ်ချစ်ရတဲ့ သူငယ်ချင်းတွေ ကို သေချာလေး အချိန်ပေးပြီး ခရစ်စမက်ကို ကုန်ဆုံးချင်ကြတာကတော့ တော်တော်များများရဲ့ အိမ်မက်လို့ လဲ့ဖြူ ထင်ပါတယ်။

တခြား သူတွေမှာရော တခြား Plan တွေ မရှိကြဘူးလား?
ရှိကြတာပေါ့ 🥰

🍫တချို့ကကြ Chrismas ကို ခရီးသွားကြတယ်။
🍫 တချို့ကြတော့လည်း မိသားစုနဲ့ တူတူ ၃ ရက် ပျော်ပျော် ရွှင်ရွှင် ကုန်ဆုံးကြတယ်။
🍫 တချို့ ကြတော့လည်း ချစ်ရသူနဲ့ အတူ Date၊ ပြီးရင် မုန့်တူတူလုပ်စား ၊ Christmas Movies လေးတွေ ကိုစောင်လေးနဲ့ ကွေးပြီး Netflix & Chill 🙄ကြတယ်။
🍫 တချို့ကြတော့ Bonus တွေ ယူပြီး အလုပ်ဆင်းကြတယ်။
( လဲ့ဖြူ က အလုက်ဆင်းတဲ့ အဖွဲ့က ပါ 🥲 )

ကယ် သင်တို့ရော ဘာ ပလန်တွေ ပလန်ပြီးပြီလဲဟင်?
Comment မှာ ရေးသွားပေးဦးနော် ။ ❣️

သိချင်လို့ ဒီတိုင်း စပ်စုကြည့်တာပါ။ 👀

အလုပ်လုပ်မယ့် သူတွေ ရှိရင် လည်း ဖြေသွားကြနော် တစ်ယောက်ထဲ မငိုချင်လို့။
🥲




#ဂျာမနီ

ဂျာမနီကိုလာဖို့ အိပ်မက်တွေရှိဖူးလား?ဂျာမနီမှာနေချင်တယ် ၊ အခြေချ ချင်တယ် ဒါမှမဟုတ် ကျောင်းတတ်ချင်တယ်၊ အလုပ်လုပ်ချင်တယ် ။ ...
25/10/2024

ဂျာမနီကိုလာဖို့ အိပ်မက်တွေရှိဖူးလား?

ဂျာမနီမှာနေချင်တယ် ၊ အခြေချ ချင်တယ် ဒါမှမဟုတ် ကျောင်းတတ်ချင်တယ်၊ အလုပ်လုပ်ချင်တယ် ။ ဒါပေမဲ့ ဂျာမန်စကားကခက်တယ် ဘယ်ကစသင်ရမှန်းမသိဘူးဆိုတဲ့သူတွေအတွက် NowSheVlogs မှ သတင်းကောင်းလေးတစ်ခုကြေညာစရာရှိပါတယ် 🥳

ဂျာမန်စကားအခြေခံလုံးဝမရှိသူတွေပါ
တက်ရောက်သင်ယူလို့ရမယ့် NowSheVlogs နဲ့ Ordinary+ မှပူးပေါင်းပြီးဖွင့်လှစ်မယ့် Germese
German Language A1 level ( Newbie class ) လေးအကြောင်းကိုမိတ်ဆက်ပေးပါရစေ 🙏

📌ဘယ်တော့စမှာလဲ

Dec 1, 2024 မှာသင်တန်းစမှာဖြစ်ပါတယ် limited seat နဲ့မို့ စောစောအပ်ထားမှစိတ်ချရမယ်နော်

📌သင်တန်းချိန်တွေကရော?

Friday - 5-7pm
Sat & Sun - 10-12pm

ရုံးချိန်နဲ့လည်းလွတ်တော့ရုံးသမားတွေလည်း တတ်ရောက်နိုင်ပြီနော်

📌သင်တန်းချိန်ဘယ်လောက်ကြာမြင့်မှာလဲ?

စာသင်ကြားချိန် နာရီပေါင်း 75 နာရီနဲ့ 3 လ ဝန်းကျင်ကြာမြင့်မှာဖြစ်ပါတယ်

📌သင်ကြားမယ့်ဆရာ/ဆရာမကရော?

သင်ကြားရေးပိုင်းကျွမ်းကျင်ပြီးအတွေ့အကြုံရှိတဲ့ ဆရာမက face to face Online ကနေ သင်ပေးမှာဆိုတော့ interactive learning environment မှကြိုက်တယ်ဆိုတဲ့သူတွေအတွက် အခွင့်ကောင်းပဲနော်

📌 ကဲ ဒါဆို သင်တန်းကြေးကရော?

A1 သင်တန်းတစ်ခုလုံးအတွက် 3 သိန်း ၂ သောင်း ကျသင့်မှာဖြစ်ပါတယ်။

ဒါတွေအပြင် လဲ့ဖြူကလည်း ပါဝင်ကူညီပြီး
tips & tricks တွေ knowledge sharing လုပ်ပေးသွားဦးမှာဖြစ်ပါတယ် ✨

လူဦးရေကန့်သတ်ထားတာမလို့ တွေဝေမနေပဲအမြန်ဆုံးလာရောက်အပ်နှံလိုက်ဖို့တိုက်တွန်းချင်ပါတယ်ရှင့်။ သင်တန်းအကြောင်းသိချင်တာရှိရင်လည်း page cb မှာ အားမနာပဲမေးလို့ရပါတယ်နော် ☺️

ဒါဆိုကိုယ့်သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကို share ပြီးပဲဖြစ်ဖြစ် mention ပြီးပဲဖြစ်ဖြစ် ဒီလိုအခွင့်အရေးမျိုးကိုလက်လွှတ်မခံရအောင် လက်တို့လိုက်ကြပါဦးနော်~🫶

Register လုပ်ရန် : https://forms.gle/QD2z8frpS8ibGj8i6



#ဂျာမနီ

24/10/2024

Zürich ကို ၄ မိနစ်လောက်အချိန်ပေးပြီး လဲ့ဖြူနဲ့တူတူ လိုက်လည်မလား? 👀

̈richcity



Adresse

Düsseldorf
40477

Öffnungszeiten

Montag 12:00 - 17:00
Dienstag 12:00 - 17:00
Donnerstag 12:00 - 17:00

Webseite

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Now She VLogs. erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Service Kontaktieren

Nachricht an Now She VLogs. senden:

Teilen

Kategorie