Hla Myo Zaw

Hla Myo Zaw Thanks for supporting

29/11/2024

Thanksgiving Day Parade

Not to everyone quite of 99% သူတစ်ပါးကို အလှူအတန်း လုပ်မယ် ဆိုရင် တစ်ဖက် သားကို ကိုယ်ချင်စားပေးပါ ခင်ဗျားပေးလိုက်တဲ့ သော...
24/07/2024

Not to everyone quite of 99%

သူတစ်ပါးကို အလှူအတန်း လုပ်မယ် ဆိုရင် တစ်ဖက် သားကို ကိုယ်ချင်စားပေးပါ ခင်ဗျားပေးလိုက်တဲ့ သောင်းဂဏန်းတွေ ကသူတို့ရဲ့ တစ်သက်တာကိုအထောက်အကူပြုမှာမဟုတ် ပါဘူး သူတို့အခက်အခဲဖြစ်နေရင်သူတို့မှာ လည်း သူတို့ရဲ့ ဂုဏ်သိက္ခာ ဆိုတာလည်း ရှိပါတယ် ခင်ဗျားတို့ လုပ်ပုံ က သူတို့ရဲ့ ဂုဏ်သိက္ခာကို သောင်း ဂဏန်းလောက်ဘဲ တန်တယ်ဆိုပြီး ဖေါ်ပြနေတယ် … To be honest,Shame on you guys.

Wall Street တည်နေရာ တစ်ခွင်
23/10/2023

Wall Street တည်နေရာ တစ်ခွင်

နိုင်ငံခြားမလာပါနဲ့တို့ ဘာတို့ဆိုတာ အပိုတွေအခွင့်အရေးရရင် သွားသာသွား 😎နိုင်ငံခြားမှာ လူမျိုးပေါင်းစုံဆီက သင်ယူလေ့လာစရာတွ...
11/07/2023

နိုင်ငံခြားမလာပါနဲ့တို့ ဘာတို့ဆိုတာ အပိုတွေ
အခွင့်အရေးရရင် သွားသာသွား 😎

နိုင်ငံခြားမှာ လူမျိုးပေါင်းစုံဆီက သင်ယူလေ့လာစရာတွေမှ အများကြီးပဲ 😌

စာတွေဖတ်ရလို့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်ရလို့ပဲဖြစ်ဖြစ် ပင်ပန်းနေရင်တောင် အိမ်ပြန်ရောက်ရင် aircon နဲ့ အေးဆေး အိပ်လို့ရတယ်၊ ဒီမှာလို မီးပျက်ပြီး ခြင်မကိုက်ဘူး 😅

သူစိမ်းတွေကြားမှာ အရိပ် ၃ပါးနားလည်ပြီး သည်းခံရတယ်ဆိုပေမယ့် Yangon မှာ ကားမောင်းရတာလောက် သည်းခံစရာ စိတ်ရှည်စရာမလိုဘူး

နိုင်ငံခြားရောက်ရင် stress ရတယ်ပြောရအောင်လဲ
မြန်မာနိုင်ငံမှာ လူဖြစ်ရတာ ပျော်နေလို့လား

အစားအသောက်ဂျီးများလဲ ဘာမှမဖြစ်ဘူး
ဟိုမှာ နိုင်ငံပေါင်းစုံက ကြိုက်တာရွေးစားလို့ရတယ်
Singapore ဆိုရင် ပြောစရာမလိုဘူး အစုံပဲ
Malaysia တို့ Vietnam တို့လဲ ရှယ်ပဲ
China တို့ Thai တို့ဆိုတာ အကုန်အတူတူပဲ၊ မြန်မာနိုင်ငံမှာနေရင်းတောင် တရုတ်နဲ့ ယိုးဒယားအစားအစာတွေ
လိုက်စားနေတာ

US နဲ့ England မှာတော့ ကန်စွန်းရွက် ချဥ်ပေါင်ရွက်စျေးကြီးပီးရှားတယ်
မြန်မာနိုင်ငံမှာလူဖြစ်ရတာ ကံထူးတာဆိုလို့ ကန်စွန်းရွက်ကို စျေးပေါပေါနဲ့စားလို့ရတာပဲ

နိုင်ငံခြားရောက်လို့ ပေါ့ပေါ့နေ ပေါ့ပေါ့စားလို့မရပေမယ့် လုပ်ရင်လုပ်သလောက် ဝင်ငွေကောင်းနိုင်တယ်
တံမြက်စည်းလှဲ ခွေးမောင်းရင်တောင် England မှာ ၁နာရီ ၃၀၀၀၀ လောက်တော့ရနိုင်တယ်

ကိုယ်ချစ်တဲ့ မိဘ ဆွေမျိုး ချစ်သူတွေနဲ့တော့ ခွဲရနိုင်တယ်၊ ဒါလဲ ခဏပါပဲ
အချိန်တန်လို့ပိုက်ဆံတွေစုမိပြီဆိုရင် ဒီကိုပြန်လာပြီး ပျော်ပျော်ကြီးနေလို့ရတယ်
ပိုက်ဆံမရှိရင်သာ အကုန် ဒုက္ခရောက်မယ်

တရားနာချင်လဲ ဘုန်းကြီးကျောင်းရှိတယ်
စိတ်မပူနဲ့

အနောက်တိုင်းနိုင်ငံအချို့မှာ ဘာသာတရားသိပ်မရှိကြပေမယ့် လူသားဆန်တဲ့စိတ်ဓာတ်တွေရှိတယ် 😌

တစ်ယောက်တည်း မရပ်တည်တတ်ရင် နိုင်ငံခြားသွားလိုက်၊ ရပ်တည်တတ်သွားလိမ့်မယ် ok

✅ထမင်းလဲ ချက်တတ်လာမယ်

✅အဝတ်လဲလျှော်တတ်လာမယ်

✅ဗဟုသုတတွေ ပိုရလာမယ်

✅အမြင်ကျယ်လာမယ်

✅ပေါင်းသင်းဆက်ဆံရေးကောင်းလာမယ်

✅ယုံကြည်မှု ပိုရှိလာမယ်

✅မိသားစုကို ပိုချစ်တတ်လာမယ်

✅independence ဖြစ်လာမယ်

✅ကိုယ့်နိုင်ငံနဲ့ လူမျိုးကိုလဲ သူများနိုင်ငံတွေလို ပိုတိုးတက်လာအောင် ကြိုးစားကူညီချင်စိတ်ရှိလာမယ် 💪

တခုတော့ရှိတယ်
ပညာတတ်အောင်သင်
ပညာမတတ်ရင်တော့ ဘယ်နိုင်ငံရောက်ရောက် ဂွမ်းနေမှာပဲ

လက်ရှိအခြေအနေမှာ အလုပ်ကြမ်းလုပ်နေရရင်တောင် ၁ ရက်ကို ၁ နာရီလောက်အချိန်ပေးပြီး ဘာသာစကားကျွမ်းကျင်အောင်နဲ့ ကိုယ့်အလုပ်နဲ့သက်ဆိုင်တဲ့ပညာရပ်တွေကို ထပ်လေ့လာသင့်တယ်လို့ အကြံပြုချင်ပါတယ်
ရေရှည်မှာ ပညာတတ်မှ ချမ်းသာမယ်

အခြားနိုင်ငံကသူတွေလဲ ကျွန်တော်တို့ထက် ပိုတော်မနေပါဘူး၊ မြန်မာတွေ မညံ့ပါဘူး

အဲ့တော့ အမြဲတမ်း သင်ယူလေ့လာပြီး ကြိုးစားနေပါ
ကျွန်တော်တို့လိုချင်တဲ့ဘဝကို ရောက်လာမှာပါ 😊

အချိန်တန်လို့ ဒီကိုပြန်လာရင်လဲ နိုင်ငံတကာအတွေ့အကြုံတွေနဲ့ ကိုယ်ကဆရာပဲ 😎

ပြောချင်တာနဲ့ ထပ်တူကျလို့ crd ပေးတင်လိုက်ပါပြီ။

CRD # #
Ye Naing

သာမန်လူတစ်ယောက်ရဲ့စိတ်က မကောင်းကြံ လျှင် နွားနောက်၌ ဘီးပေါက်လာသည်နှင့်အမျှ ဝေဒနာပါ လာတတ်၏။ ...... ဖြူစင်သောစိတ်ဖြင့် သည်...
01/03/2023

သာမန်လူတစ်ယောက်ရဲ့စိတ်က မကောင်းကြံ လျှင် နွားနောက်၌ ဘီးပေါက်လာသည်နှင့်အမျှ ဝေဒနာပါ လာတတ်၏။ ......
ဖြူစင်သောစိတ်ဖြင့် သည်းခံပြီး၊ စဉ်းစားလျှင် ပျော်ရွှင်မှုသည် မိမိအရိပ်ကဲ့သို့ မြဲမြံစွာ လိုက်တတ်၏။

If a man's mind hath evil thoughts, pain comes on him as comes The wheel the ox behind.... ..If one endure in purity of thought, joy follows him as his own shadow-sure."

Have a wonderful day for everyone.

28/02/2023

ရဲ့ 50%

ဟယ်လို အဖေအဆောင်ခနဲ့ ကျူ ရှင်ခ ပေးရမှာမို့၂သိန်းလောက် ပို့ပေးပါအုံး သုံးစရာလဲပြတ်နေပြီအေးအေး မနက်ဖြန် အဖေ ကားနဲ့ထည့်ပေးလ...
27/02/2023

ဟယ်လို အဖေ
အဆောင်ခနဲ့ ကျူ ရှင်ခ ပေးရမှာမို့
၂သိန်းလောက် ပို့ပေးပါအုံး သုံးစရာလဲပြတ်နေပြီ

အေးအေး မနက်ဖြန် အဖေ ကားနဲ့ထည့်ပေးလိုက်မယ်

ဟုတ် အဖေ ဒါပဲနော်

သား ဘွဲ့ရအောင်.....တီတီတီ

ဖုန်းချသွားလေပြီ

သားရီး မနက်ဖြန် ငါဝိုင်းဖိုးပေးဖို့ အဖေ့ကိုပြောလိုက်ပြီ

၂ဆက်ရှင်လောက်တော့ ဒိုးကြရအောင်

လုပ်လိုက်လေ ကြာသလားလို့

ဟားးး
.........

ငါ့သားလေး ဘွဲ့ရအောင်တော့ ဖျစ်ညှစ်ပြီး ထားပေးရမယ် ငါ့လိုတော့ အဖြစ်မခံနိုင်ဘူး အဲ့ဒါမှ သူ့ဘဝရှေ့ရေး သာယာ ဖြောင့်ဖြူးနိုင်မှာ...
.........

ကိုဘမောင် ဘယ်ကနေဘယ်လို မျက်စိလည်လာတာလဲရှင်

ဒီကိုပဲ သက်သက်လာခဲ့တာ အစ်မ

ရှင့်သားဆီက ငွေတောင်းပြန်ပြီလား

ဟုတ်ပါတယ် အဲ့ဒါကြောင့် ကျွန်တော့်ဆိုင်ကယ်လေး အစ်မဆီမှာ ခဏ အပေါင်ထားချင်လို့ပါ

ရှင့်ဆိုင်ကယ်က ကောင်းရော ကောင်းသေးရဲ့လားရှင် ကျွန်မဆီပေါင်ထားပြီးမှ ပျက်နေပါအုံးမယ်

အကောင်းကြီးပါဗျာ
ကျွန်တော့်သား ငွေလိုနေလို့ လက်ထဲမှာလဲ ပေးစရာငွေမလုံလောက်လို့ အစ်မဆီအကူအညီတောင်းရတာပါ

ဟုတ်ပါပြီရှင် ဟုတ်ပါပြီ
ဒီလူနဲ့ ဒီလူ ပြောစရာ မလိုပါဘူး

ဒါနဲ့ ရှင့်သားက ကျောင်းမပြီးသေးဘူးလား

ဒီနှစ်ပြီးရင်တော့ ပြီးပါပြီ

ရှင့်မလဲနော် အဖေတစ်ခု သားတစ်ခုမို့သာပဲ ဒီသားလေး ကျောင်းထားရတာနဲ့ကို ရှိသမျှကုန်နေပါပြီ

ခုရော ဘယ်လောက်ယူမှာလဲ အားမနာပါနဲ့ လိုတဲ့ငွေကိုပြောပါ
အတတ်နိုင်ဆုံး ကျွန်မ ကြည့်ကြပ်ပြီး ပေးမှာပေါ့

ခဏပဲ ပေါင်ထားမှာဆိုတော့
၂ သိန်းလောက်ဆို အဆင်ပြေပါတယ်

ရှင်လိုတဲ့ပိုက်ဆံ ကျွန်မပေးလိုက်မယ်
လကြာသွားရင် အတိုးလေးတော့ ပေးပေါ့

ဟုတ် ပေးပါ့မယ်

ရှင်က ဆိုင်ကယ်ပေါင်လိုက်တော့ ဘယ်ဆိုင်ကယ်နဲ့ ကယ်ရီဆွဲမလဲ ကိုဘမောင်

တစ်ခြားအလုပ်လေး ဘာလေး ရှာလုပ်ရတော့မပေါ့ဗျာ

မဟုတ်တာ ရှင်
ရှင့်ဆိုင်ကယ်ရှင် ပြန်ယူသွားပါ ကယ်ရီဆွဲလို့ ရတဲ့ငွေလေးတွေ စုပြီးမှ ကျွန်မဆီပေးစရာ ရှိတာ လာလာဆပ်ပါ

တစ်ကယ် တစ်ကယ် ပြောတာလား မမမော်
ရှင်.....
ဆောရီးပါဗျာ ကျွန်တော် အပျော်လွန်သွားလို့ ခေါ်မိလိုက်တာပါ

ရော့ရော့ ရှင်လိုတဲ့ ငွေ ၂ သိန်း

ဟုတ်ကဲ့ ပြန်ခွင့်ပြုပါအုံး ကျေးဇူးတင်ပါတယ် အစ်မ

ကောင်းပါပြီရှင်

ကိုဘမောင်ရယ်
အရင်တုန်းက ရှင်သာ ကျွန်မကို ငြင်းပယ်မထားခဲ့ဘူးဆိုရင်လေ......
.........

ဒီလိုနဲ့
သားဖြစ်သူ BEဘွဲ့ရပြီး မကြာခင်မှာပဲ ဆောက်လုပ်ရေးတစ်ခုထဲမှာ site engineerအဖြစ် အလုပ်ရတယ်

ရှေ့ဆင့် နောက်ဆင့်ဆိုသလို ဘဝလက်တွဲဖော်ပါ ထပ်ရပြန်ပါတယ်

ရလာတဲ့ မဟေသီကလဲ အဝေးကြီးကဆိုတော့ ဖခင်ကို ထားခဲ့ပြီး လိုက်သွားပါတော့တယ်
နွေ မိုး ဆောင်း ရာသီစက်ဝန်းသာ အလီလီပြောင်းသွားခဲ့ရတယ်
.........

ငါ့သားလေး
အဖေ့ဆီကို ပြန်မလာတာ ခုဆို
၂နှစ်လောက်တောင် ရှိနေပြီ
အဆင်မှပြေပါ့မလား
အလုပ်တွေမအားလို့ နေမှာပါလေ

ဟယ်လို အဖေ့
ပိုက်ဆံလွှဲပေးထားတယ် သွားထုတ်လို့ရပြီ

အေးအေး

သား ....
သီတင်းကျွတ်ရောက်တော့မယ်
အဖေ့ဆီကို အလည်လေး ဘာလေးလာပါအုံးလား
သား အလုပ်အားမှပါလေ

အလုပ်တွေက ခုနောက်ပိုင်း အရမ်းများတယ်အဖေ သားလာလို့ အဆင်မပြေဘူး ခွင့်ရက်ကလဲ သိပ်မရဘူး
ပြီးတော့ အဖေ့ချွေးမကလဲ မပေါ့မပါးကြီးနဲ့

အေးပါ ကျန်းမာရေးကို ဂရုစိုက်နော်သား

ဟုတ် အဖေ ဒါပဲနော်...
.........

မောင်ရေ လာပါအုံး
ချစ်ဗိုက်တွေ အရမ်းနာနေပြီ

သူ့မိန်းမခေါ်သံကြားလိုက်ရတော့ estimateတွက်ရင်းကနေ ပြာပြာသလဲ ထသွားလိုက်တယ်

ဆေးရုံကို သွားဖို့ ပြင်စရာရှိတာ ပြင်ရင်းနဲ့
Taxiသမားကို ခေါ်ပြီး သွားလိုက်တယ်

ခွဲခန်းရဲ့ရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်း နာ့စ်တစ်ယောက်ရဲ့ အသံကြားလိုက်မှပဲ
ရင်အေးရပါတော့တယ်
Congratulationsပါ
အစ်ကို ကလေး အဖေ ဖြစ်ပါပြီ
ဘာလေးလဲ ဆရာမ
ယောက်ျားလေးပါရှင် ယောက်ျားလေးပါ

သားလေးတဲ့လား ဝမ်းသာလွန်းလို့ ထကမိမတတ်ပါပဲ
ငါ့သားလေးအတွက် အရင်ကထက်ပိုပြီး အလုပ်တွေ ကြိုးစားရမယ်
ငါ့သားလေးရှေ့ရေးအတွက်ဆိုတဲ့ အတွေးပေါင်းစုံနဲ့ .......
.........

မောင်ရေ့ ကလေးပဲ နှိုက်မနေနဲ့အုံး
အလုပ်တွေ လစ်ဟင်းနေအုံးမယ်

အင်းပါ ချစ်ရဲ့
မောင်သိပါတယ်

သားကို အရမ်းချစ်တာပဲလား မောင်

ဘယ်လိုများ မေးလိုက်တာလဲ ချစ်ရယ်
သားလေးက မောင့်အသက် မောင့်ဘဝ
သားလေးကို လူတစ်လုံး သူတစ်လုံးနဲ့ ပညာတတ်ကြီးဖြစ်အောင် မောင် ကြိုးစားထားမှာ

မောင်

ပြောလေချစ်

မောင့်အဖေလဲ မောင့်ကို အရမ်းချစ်မှာပဲနော်

ဟင်....

မောင့်ကို သူ့ရင်ခွင်ထဲက ဆွဲထုတ်လာတာ ချစ်သနားမိတယ်မောင်

မောင့်ရဲ့အလုပ်ကို တစ်ရက်လောက်ဖျက်ပြီး အဖေ့ဆီကို ချစ်တို့ မိသားစု သွားပြီး ကန်တော့ရအောင်နော် မောင်

ချစ်ပြောပြမှ အဖေ့ကို သတိရတဲ့စိတ်က ထိန်းချုပ်မရအောင် ဖြစ်လာမိတယ်
ကိုယ်ကိုယ်တိုင် ဖခင်နေရာရောက်မှ အဖေတစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်ကို ပိုပြီးနားလည်လာမိတယ်

အဖေ အဖေ အဖေ...

အဖေ ခုချိန်ဘာတွေများ လုပ်နေပါလိမ့်
နေလို့ရော ကောင်းလား
အဖေတစ်ယောက်ထဲ ဘယ်လိုနေပြီး ဘယ်လိုများ စားနေရရှာပါလိမ့်နော်

ချစ်ပြောတာ ကြားလားမောင်

ကြား ကြားပါတယ်ချစ်ရဲ့

လာမယ့် စနေနေ့မောင်တို့ သွားကြမယ်လေ
မောင်တို့လာမယ့်အကြောင်း အဖေ့ကို
ကြို ပြီးပြောပြမထားနဲ့နော်ချစ်

ဘာလို့လဲ မောင်ရဲ့

ဘာရယ်မဟုတ်ပါဘူး အဖေ့ကို ပိုပြီး ဝမ်းသာသွားစေချင်လို့ပါ

ကောင်းပါပြီတဲ့ ရှင်

ဒီလိုနဲ့ စနေနေ့မနက်ပိုင်း အဖေ့ဆီကို သွားခဲ့ကြတယ်

အိမ်ကိုရောက်တော့ အဖေ မရှိဘူး
အဖေ ဆိုင်ကယ် ကယ်ရီများ ဆွဲနေလို့လား မသိဘူးဆိုပြီး Taxiဂိတ်ကို လိုက်သွားတော့

ကျွန်တော်တို့ကို ကျောပေးပြီး ဆိုင်ကယ်အအိုလေးကို ပြင်နေတဲ့ အဖေ

အဖေ
ပထမတစ်ခါခေါ်တယ်

အဖေ
ဒုတိယ တစ်ခါခေါ်လိုက်တော့
အဖေ့လက်ထဲက ဆိုင်ကယ်ပြင်နေတဲ့ဂွကလေး လွတ်ကျသွားတယ်

အဖေ
တတိယတစ်ခါခေါ်လိုက်တော့မှ
ကျွန်တော်တို့ ဘက်ကို လှည့်ကြည့်လာတဲ့ အဖေ့ရဲ့ မျက်ဝန်းမှာ.......
သား သား ငါ့သား အဖေ့ဆီ လာတယ်နော်

အဖေရယ်
အဖေ့ကို ကျွန်တော်ထွေးပွေ့
ထားလိုက်ပါတော့တယ်

ဒီမှာ ဘယ်သူတွေပါလာလဲ ကြည့်ပါအုံး အဖေ

သမီးရော ပါလာတယ်လား
အဖေ အရမ်းပျော်တယ် သားတို့ သမီးတို့ရယ်

လက်ထဲက...

အဖေ့မြေးလေ အဖေ

ဘာလေးလဲ သမီး

ယောက်ျားလေး အဖေ

ငါ့မြေ့လေး နေပူနေလိမ့်မယ်
အဖေတို့ အိမ်ပြန်ကြရအောင်
အိမ်ရောက်မှ အေးဆေးစကားပြောကြတာပေါ့

အိမ်ရောက်တော့
အဖေ့ကို တစ်ခါထဲ ခေါ်ခဲ့ဖို့အတွက် မိန်းမကို တိုင်ပင်ခဲ့တယ်

ကြည်ကြည်ဖြူဖြူပါပဲ ခွင့်ပြုပေးခဲ့တယ်

အဲ့ဒါနဲ့ အဖေ့ကို အတူလိုက်ခဲ့ဖို့ ဖွင့်ပြောလိုက်တော့.....

ခဏတော့ အဖေတွေဝေ သွားတယ်

ငါ့သားနဲ့သမီး အဖေ့ကြောင့် ဝန်ထုတ် ဝန်ပိုး ဖြစ်နေပါအုံးမယ်

မဖြစ်ပါဘူးအဖေ သမီးတို့နဲ့ အတူလိုက်နေလှည့်ပါ
အဖေမလိုက်ရင် သမီးတို့ ဒီကနေ မပြန်တော့ဘူးနော်

အဖေ လိုက်ခဲ့ပါမယ် သားတို့ သမီးတို့ရယ်
လိုက်ခဲ့ပါမယ်
.........

သွားရအောင် အဖေ

ခဏလေးသား ဆိုပြီး ပြောပြောဆိုဆိုနဲ့ အပြင်ထွက်သွားလိုက်တယ်
.........

ကိုဘမောင် သားနဲ့ချွေးမလာလို့ အရမ်းပျော်နေတဲ့ ပုံပဲ
လာလာ ဒီမှာ လာထိုင်
ဘာကိစ္စပေါ်လာရပြန်တာတုန်း

ကိစ္စပေါ်လာလို့ လာတာမဟုတ်ပါဘူး
အစ်မကို လာနှုတ်ဆက်တာပါ
ရှင်....
ကျွန်တော် သားနဲ့ချွေးမရှိတဲ့ဆီကို လိုက်သွားတော့မယ်
အစစ အရာရာ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါ အစ်မ

အင်းပါ ကိုဘမောင်ရယ် ရှင့်အတွက် ကျွန်မ ဝမ်းသာပါတယ်

သွားတော့မယ်နော် အစ်မ

ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ပါ

ဪ ကိုဘမောင်ရယ်
ရှင့်ဘဝလေး အဆင်ပြေပြေ နေရတော့မှာဆိုတော့ ဘာပဲဖြစ်ဖြစ် ကျွန်မ ပျော်ပါတယ်ရှင် ပျော်ပါတယ်
........

ဖိုးဖိုးကြီး ဆင်ကြီးလုပ်ပေး သားစီးမယ်
ဟေ ဖိုးဖိုး လုပ်ပေးမှာပေါ့ကွ

သားလေး ဖိုးဖိုးကို အဲ့လို မလုပ်ခိုင်းရဘူးလေ
ငရဲကြီးလိမ့်မယ်

ရပါတယ် သမီးရဲ့ အဖေ ခွင့်လွှတ်ပြီးသားပါ ငါ့မြေးလေး ပျော်နေရင် ပြီးတာပဲ

ဒီမြေးအဖိုးကတော့နော်.....

ကြည့်ပါအုံး ချစ်ရယ်
အဖေနဲ့သူ့မြေး ပျော်နေကြတယ်

ငယ်ငယ်ကတည်းက အဖေ့မေတ္တာငတ်နေတဲ့ချစ်
ခုလိုလေးနေရတာ စိတ်ချမ်းသာတယ်မောင်
အဖေတစ်ယောက် ကောက်ရလိုက်သလို ချစ်လဲ အရမ်းပျော်မိတယ်

သားနဲ့ ဆော့ကစားနေတဲ့ အဖေ့ကို ကြည့်ပြီး......
ရင်ထဲက စကားလုံးတစ်ချို့ ရေရွတ်မိတယ်
ငယ်ငယ်က ဆိုးခဲ့မိုက်ခဲ့ မသိတတ်ခဲ့သမျှတွေ အတွက် တောင်းပန်ပါတယ် အဖေ
သား သမီးအပေါ်ထားရှိတဲ့ အဖေတစ်ယောက်ရဲ့မေတ္တာကို သားသိတဲ့အချိန် နောက်ကျခဲ့တယ်အဖေ ဒါပေမယ့် အဖေရယ် အဖေ့ရဲ့လက်ကျန်အချိန်တွေအတွက် သားတို့နဲ့အတူ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နေနိုင်အောင်သားတို့ ကြိုးစားထားပါ့မယ်အဖေ စိတ်ချမ်းသာစေရပါ့မယ်
အဖေ့ရဲ့ အထီးကျန်ဆန်ဆန်ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေအတွက် အတိုးပါဆပ်လို့ နွေးထွေးစေရမယ်လို့ ကတိပေးပါတယ် အဖေ...

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဒီစာလေးဆုံးအောင်ဖတ်ပြီးရင် သင့်ရဲ့အဖေကို သွားပြီးထွေးပွေ့ပေးပါ
မသေမချင်းလုပ်ရမယ့် အလုပ်
မအားသေးဘူး အချိန်မရဘူးဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ အစားထိုးလို့မရတဲ့ အဖေ့မေတ္တာတွေကို လျစ်လျူ မရှုလိုက်ပါနဲ့ သူငယ်ချင်း

မရှိမှတောင့်တနေတာထက်စာရင် ရှိနေတဲ့အချိန် ဂရုတစိုက်ပြုစုပေးတာလူသားဆန်တဲ့ လူတွေရဲ့ လုပ်ရက်ပါ သူငယ်ချင်းရေ

ကမ္ဘာပေါ်မှာ ရှိရှိသမျှ အဖေများအားလုံး
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေ🙏🙏🙏

Credit

မောင်နှမ ဆိုတာ.....ကမ္ဘာပေါ်မှာ ဘုရားပေးတဲ့ အကောင်းဆုံးသောဆုလာဒ်တစ်မျိုးပါ။မောင်နှမချင်း အဆင်ပြေချစ်ခင်နေရင်မိဘတွေလည်း ပ...
25/02/2023

မောင်နှမ ဆိုတာ.....

ကမ္ဘာပေါ်မှာ ဘုရားပေးတဲ့ အကောင်းဆုံးသော
ဆုလာဒ်တစ်မျိုးပါ။

မောင်နှမချင်း အဆင်ပြေချစ်ခင်နေရင်
မိဘတွေလည်း ပျော်ရွှင်ကြည်နူးရပါတယ်။

အချိန်တန် အရွယ်ရောက်လို့
အိမ်ထောင်တွေ ကျသွားတဲ့အခါ
မောင်နှမချင်း မခေါ်နိုင် မပြောနိုင်ဖြစ်သွားတာမျိုး
မလုပ်မိစေနဲ့။

ကိုယ့်ရဲ့အနားမှာ ကောင်းခြင်း ဆိုးခြင်းတွေကို
မောင်နှမကလွဲရင် တစိမ်းတွေက
ကြာကြာမျှဝေခံစားမပေးနိုင်ပါဘူး။

တချို့တစိမ်းတွေက ကိုယ်နဲ့အတူ
ကောင်းခြင်းဆိုးခြင်းတွေကို မျှဝေယူပြီး
ထွက်သက်အချိန်ထိ အနားမှာ
အဖော်ပြုပေးသွားပေမယ့်။

တချို့တစိမ်းတွေကျတော့
ကိုယ်သာတဲ့အချိန် သဲ့ယူသွားပြီး
နာလာတဲ့အခါ ရှောင်ထွက်သွားတတ်ကြတယ်။

ဒါကြောင့်မို့
ဘေးတစိမ်း တစ်ယောက်အတွက်နဲ့
မောင်နှမချင်း မခေါ်နိုင် မပြောနိုင်
စိမ်းသွားကြတာမျိုး မလုပ်မိပါစေနဲ့။

လောကကြီးမှာ
ကိုယ်အဆင်ပြေနေတာကို ဝမ်းသာမပေးတဲ့
မောင်နှမရယ်လို့ မရှိသလို

ကိုယ်ဒုက္ခရောက်နေတာကို
ပျော်ရွှင်နေတဲ့ မောင်နှမလည်း မရှိပါဘူး။

အနားမှာ ရှိနေမပေးပေမယ့်လည်း
အဝေးကနေ စိုးရိမ်စိတ်ပူပေးနေတာလည်း
မောင်နှမပါပဲ။

အခက်အခဲ ဒုက္ခတွေနဲ့ကြုံလည်း
ရင်ဆိုင်ဖြေရှင်း အားပေးကူညီမှာလည်း
မောင်နှမပါပဲ။

ဒါကြောင့်
ကိုယ်အိမ်ထောင်ကျသွားပေမယ့်
မောင်နှမချင်း သူစိမ်းလိုမနေပါနဲ့။

သူစိမ်းတွေကြောင့်လည်း မောင်နှမချင်း
သွေးမကွဲပါနဲ့။

သွေးကွဲရင် ဘေးဆွဲလိမ့်မယ်
ဘေးဆွဲရင် တစ်သက်လုံး နောင်တရနေပါလိမ့်မယ်။

မှတ်ချက် ။ ။ မောင်နှမတိုင်း သွေးစည်းနိုင်စေရန်ရည်ရွယ်မိပါသည်။

#အချို့သောမောင်နှမများသည်လူစိတ်မရှိတတ်ကြပေ။

#အားငယ်သူကိုနှစ်သိမ့်ပေးဖို့နေနေသာသာလျစ်လျူရှုတတ်ကြသူတွေပတ်ဝန်းကျင်မှာရှိနေတတ်ပါတယ်။

မူရင်းရေးသားသူအား ....
လေးစားစွာ ပေးပါသည်။

ဘာမျှော်လင့်ချက်မှ မပါပဲ ချစ်ကြည့်..💓တကယ်ကို အေးချမ်းရတယ် ။နာကျင်ပင်ပန်းစရာတွေ တော်တော်များများကမျှော်လင့်ချက်တွေကြောင့်...
25/02/2023

ဘာမျှော်လင့်ချက်မှ မပါပဲ ချစ်ကြည့်..💓
တကယ်ကို အေးချမ်းရတယ် ။

နာကျင်ပင်ပန်းစရာတွေ တော်တော်များများက
မျှော်လင့်ချက်တွေကြောင့် ဖြစ်နေရတာ မလား ။

ဘာပေးရင် ဘာပြန်ရမလဲ ဆိုတာတွေ ထက်
ကိုယ်ဘာလေး ပေးလိုက်ရင် သူ ဘယ်လောက်ထိ
နွေးထွေး ကြည်လင်သွားရမလဲဆိုတာ‌လေးကို
တွေးကြည့်..အဲ့ခံစားချက်လေးက ကြည်နူးစရာ ။💝

crd

25/02/2023

Masala

😋🤤

လက်ရာ ဘယ်လိုလဲပြောကြည့်ပါ 😊

တကယ်တော့  #ရွှေငွေ ပြန်ရနိုင်ရင် မလိုချင်ဘူး။  စိတ်ပူပင်သောကကင်းတဲ့  #ကလေး ဘဝကို ပြန်လိုချင်တယ်။Actually I don't want it...
24/02/2023

တကယ်တော့ #ရွှေငွေ ပြန်ရနိုင်ရင် မလိုချင်ဘူး။ စိတ်ပူပင်သောကကင်းတဲ့ #ကလေး ဘဝကို ပြန်လိုချင်တယ်။

Actually I don't want it ,if I can get it back gold and silver. I want it back a without anxiety.

21/02/2023

ဒေးဗစ်ဘက်ခမ်းရဲ့ ဘဝ အကြောင်း

20/02/2023

ချန်ပီယံလိဂ်ရွှေဖိနပ်ဆုရှင်ဟာ ဘယ်သူဖြစ်မလဲ

27/01/2023

Welcome To all

Germany 1-2 Japan (ပွဲပီးရလဒ်)......................................ဂျာမန် တွေအနေ နဲ့ ဂျပန်ကိုမှ ရူံးရတယ်လို့ဗျာcon... c...
23/11/2022

Germany 1-2 Japan (ပွဲပီးရလဒ်)......................................
ဂျာမန် တွေအနေ နဲ့ ဂျပန်ကိုမှ ရူံးရတယ်လို့ဗျာ

con... con ပါ အာရှသားတို့ရေ😁

News.........မန်ယူအသင်းပိုင်ရှင်​ဂလေဇာဟာ မန်ယူအသင်းကို ရောင်းချရန် စီစဥ်နေကြောင်း  အသင်းသတင်းတွေထွက်လာတယ်။ဂလေဇာ အနေနဲ့ ၂...
23/11/2022

News.........

မန်ယူအသင်းပိုင်ရှင်​ဂလေဇာဟာ မန်ယူအသင်းကို ရောင်းချရန် စီစဥ်နေကြောင်း အသင်းသတင်းတွေထွက်လာတယ်။
ဂလေဇာ အနေနဲ့ ၂၀၀၅ ခုနှစ် တွင် ပေါင်သန်း၇၉၀ဖြင့် ဝယ်ယူခဲ့ပီး ယခု အခါ မှာတော့ ပရိတ်သတ်တွေရဲ့ ဝေဖန်မှု မြင့်တက်လာတာကြောင့် အသင်းကို ရောင်းချဖို့ ဆုံးဖြတ် လိုက်ပီး လက်ရှိအချိန်တွင် မန်ယူအသင်းရဲ့ တန်ဖိုးဟာ ၎င်းတို့ဝယ်ယူစဥ်ကထက် အဆပေါင်းများစွာ တန်ကြေး ရှိနေသည်။ ဂလေဇာအနေနဲ့ အမြတ်ရလို့ စွန့်ခွာတာ လို့ သုံးသပ်ရပါတယ် အသင်းအနေလဲ ပိုင်ရှင် အသစ် ရဲ့လက်အောက်မှာ ပိုမို တိုးတက်လာမလား ဆုတ်ယုတ်သွားမလားဆိုတာ ကို ဆက်လက်စောင်ကြည့်ရအောင်လားဗျာ

- မန်စီးတီး ရဲ့နည်းပြဖစ်သူ ဂွာတီယိုလာဟာ ယနေ့မှာတော့ အသင်းနှင့် အတူ စာချူပ်အသစ်ကို ချူပ်ဆိုခဲ့ပါသည်။

စာချုပ်ဖျတ်သိမ်းလိုက်ပီ..............................................မန်ယူ အသင်းတိုက်စစ်မှုး ရိုနယ်ဒိုနဲ့ အသင်းတာဝန်ရှိသ...
23/11/2022

စာချုပ်ဖျတ်သိမ်းလိုက်ပီ..............................................

မန်ယူ အသင်းတိုက်စစ်မှုး ရိုနယ်ဒိုနဲ့ အသင်းတာဝန်ရှိသူတွေဟာ နှစ်ဦးသဘောတူ စာချုပ် ဖျတ်သိမ်းလိုက်ပါပီ

Adresse

Cloppenburg

Webseite

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Hla Myo Zaw erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Videos

Teilen

Kategorie