28/04/2024
ချစ်တော့ ချစ်နေပါသေးတယ် ...
ဒါပေမယ့်လေ
ပြန်လိုချင်လားလို့မေးရင်
ဟင့်အင်း လို့ပဲ ဖြေဖြစ်မှာ ...
ချစ်ရင် ... ပိုင်ဆိုင်ဖို့ ကြိုးစားသင့်တာပေါ့ဆိုတဲ့
စကားလုံးဟာ
မှန်သင့်သလောက် မှန်ပါလိမ့်မယ်
ဒါပေမယ့်
ကိုယ် အနီးမှာနေဖို့
ကြိုးစားခဲ့သလောက်
နာကျင်ခဲ့ရတဲ့ လူတစ်ယောက်အတွက်ကျတော့လေ
ချစ်ပေမယ့်
ဝေးနေတာက
ပိုအဆင်ပြေပါတယ်လို့ တွေးဖြစ်သွားတာ
မလွန်ဘူးမဟုတ်လား ။
လွမ်းတဲ့အခါ
အဆင်ပြေရဲ့လား ငေးကြည့်ပြီး
ကိုယ့်ဘ၀နဲ့ကိုယ်
အဆင်ပြေအောင် နေလိုက်တာက
တစ်ခါတစ်လေကျတော့
ချစ်လို့ဆိုပြီး တွယ်ကပ်နေမိတာထက်
ပိုပြီးတော့ ကောင်းတယ် ။
ဘယ်အချိန်ပဲ မေးမေး
ကိုယ် မင်းကို ချစ်ပါတယ် လို့ပဲ
ဖြေနေမိမှာပါ ...
ဒါပေမယ့်
ဘယ်တော့မှ
မင်းကို ချစ်တဲ့အကြောင်းတွေ
ပြောဖြစ်တော့မှာမဟုတ်သလို
အရင်တုန်းကလို
နီးဖို့ဆိုပြီး
မျှော်လင့်နေမိတော့တာမဟုတ်သလို
ပြန်လိုချင်သလားလို့ မေးရင်
ဟင့်အင်းလို့ပဲ ဖြေဖြစ်မှာ ။
မင်းက ...
ချစ်ဖို့ပဲ ကောင်းတယ်
မင်းဆီက
ပြန်ရလာတဲ့ ဥပေက္ခာတွေက
နာကျင်ဖို့ကောင်းတယ် ။
#ကျေးကို