What's A Dream?

What's A Dream? Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from What's A Dream?, Digital creator, Rajshahi Division.

စွန်းဝူခုန်းဇာတ်ကားထဲမှာ မိစ္ဆာအထီးတွေကျကြောက်စရာကောင်းလောက်အောင် ရုပ်ဆိုးပြီးမိစ္ဆာမတွေက ဘာလို့ ရုပ်ချောနေကြတာလဲဆိုတာ ပ...
22/05/2024

စွန်းဝူခုန်းဇာတ်ကားထဲမှာ မိစ္ဆာအထီးတွေကျ
ကြောက်စရာကောင်းလောက်အောင် ရုပ်ဆိုးပြီး
မိစ္ဆာမတွေက ဘာလို့ ရုပ်ချောနေကြတာလဲဆိုတာ ပရိတ်သတ်တို့ သိကြပါသလား
ဒါကိုတွေးမိရင် ဘာလို့ လောကကြီးက မမျှတရတာလဲဆိုတာ စဉ်းစားမိမှာပါ။
ဒီဇာတ်လမ်းထဲမှာ မိစ္ဆာတိုင်းဟာ အသွင်ပြောင်းနိုင်တယ်ဆိုပေမဲ့
သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က
ဆရာတော်ထျန်ဆန်းကို ဖမ်းဖို့ပဲ ဖြစ်တဲ့အတွက် ရုပ်ရည်ပိုင်းကို သိပ်ဂရုမစိုက်တတ်ကြပါဘူး။
လူသားတစ်ဝက် တိရစ္ဆာန်တစ်ဝက်ဖြစ်နေတဲ့ သူတို့ဘဝမှာ ရုပ်ဆိုးပေမဲ့ အရေးကြီးတာကတော့
သူတို့ရဲ့တိုက်ရည်ခိုက်ရည်နဲ့ အင်အားပါပဲ။
မိစ္ဆာမတွေအနေနဲ့တော့ သူတို့ရဲ့ ရည်ရွယ်ချက်က
ဘုန်းတော်ကြီးကို ဖမ်းဖို့ ဟုတ်ရင်ဟုတ် မဟုတ်ရင်တော့
ထျန်စန်းကိုယ်တော်ကို သူတို့ ခင်ပွန်းဖြစ်လာစေချင်ကြတာမျိုးပဲ ဖြစ်ပါတယ်။
ဒီလိုအဲဒီမိစ္ဆာမတွေထဲမှာ သူများထက်ထူးတဲ့ အလှရှိတာကတော့ ကြွက်မိစ္ဆာပဲဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သူမရဲ့ အလှတရားက စွန်းဝူခုံးကိုတောင်
ဒီလောက်လှတာ မိစ္ဆာပဲဖြစ်ရမယ် လို့ ပြောသွားစေတဲ့ အထိဖြစ်ခဲ့တာကြောင့်ပါပဲ။
အဲဒါကြောင့် ဒီလိုမိစ္ဆာတွေရဲ့ ရုပ်ရည်က တမင်စီစဉ်ထားတာလား ဒါမှမဟုတ် တိုက်တိုက်ဆိုင်ဆိုင် မိစ္ဆာအထီးတွေက ရုပ်ဆိုးပြီး
မိစ္ဆာမတွေက ရုပ်ချောသွားရတာဆိုတာ စဉ်းစားစရာပါပဲ။
ဒါ့ကြောင့် ဒါတွေက အနောက်အရပ်သို့ခရီးသွားခြင်း စွန်းဝူခုန်းဇာတ်လမ်းတွဲတစ်လျှောက်မှာ
နတ်ဆိုးမတွေရဲ့ အသွင်ယူမှုက ဘယ်လောက်တောင်ထိရောက်ပြီး
အားကောင်းခဲ့လဲဆိုတာကိုပြသနေတာပဲ ဖြစ်ပါတယ်။
ပြီးတော့ ဝူခုန်းရဲ့ လှပစွာအသွင်ယူထားတဲ့ နတ်ဆိုးတွေအပေါ် အမြဲ သံသယဝင်နေတတ်ပြီး
ဆရာတော်ကတော့အမြဲတမ်းလှည့်စားခံနေရတာဟာလည်း လူ့သဘောသဘာဝရဲ့ ခံနိုင်ရည်ရှိမှုနဲ့ အားနည်းချက်ကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အနောက်အရပ်သို့ခရီးသွားခြင်း စွန်းဝူခုန်းဇာတ်လမ်းတွဲက
နတ်ဆိုးတွေကို သရုပ်ဖော်ထားမှုဟာ ဇာတ်လမ်းအတွက် နက်နဲမှုနဲ့ရှုပ်ထွေးမှုကို
တိုးစေပြီး ဒီဂန္ထဝင်ဇာတ်လမ်းကို ဖန်သားပြင်မှာ လိုက်လျောညီထွေဖြစ်အောင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ရိုက်ကူးသူတွေရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ဉာဏ်ပညာကို ပြသနေတာဖြစ်ပါတယ်။
ဒါ့ကြောင့် ပရိတ်သတ်တို့ရော စွန်းဝူခုန်းဇာတ်လမ်းတွဲကို ဘယ်လောက်ကြိုက်လဲဆိုတာနဲ့
ဘယ်ဇာတ်ကောင်ကိုအကြိုက်ဆုံးလည်းဆိုတာကို ပြောသွားခဲ့ကြပါဦးနော်။
Crd #

15/05/2024

သူ့ ထမင်းထုပ်နဲ့သူ လာတာပါ။

သူ့ ကံ နှင့် သူ လာခဲ့ တာ
================
ကျွန်မသူငယ်ချင်းတစ်ယောက်ရှိတယ်.
အစကတော့သာမာန်ပါပဲ.
နောက်တော့အိမ်ထောင်ကျတယ်.
စီးပွားရေးလေးအဆင်ပြေလာတယ်.

မိဘတွေက၀န်ထမ်းဆိုတော့.
ပင်စင်ယူတဲ့အခါ. နေစရာစားစရာမရှိ.
တသက်လုံးက၀န်ထမ်းဘ၀မှာ.
စိတ်ဖိစီးလာခဲ့တဲ့ဒဏ်တွေနဲ့.
ကျန်းမာရေးကချူချာ.

အားလုံးထက်စာရင်.
နည်းနည်းပါးပါးအဆင်လည်းပြေ.
သားအိမ်ထက်စာရင်.
သမီးအိမ်ကနေရတာ. ပိုအဆင်ပြေတယ်.
ချွေးမနဲ့ကျ ငြူစူမစိုးလို့.
သူမအိမ်ကိုရောက်လာကြတယ်.

သူမက. စီးပွားရေးက.
ခုမှအဆင်ပြေစဆိုတော့.
အဝေးကပဲထောက်ပံ့ချင်တယ်.

အတူနေတဲ့သားသမီးက.
ငရဲပိုကြီးတယ်. ပြောမှားဆိုမှား.
ဖြစ်တတ်တယ်ပေါ့လေ.

ကိုယ့်ခြေထောက်ပေါ်ကိုယ်. ရပ်နိုင်လည်း.
မိဘအရိပ်နေတုန်းကလို. သတိထားပေါ့အေ.
အပြောမမှားစေနဲ့ပေါ့.လို့.
ကျမကပြောလိုက်ပါတယ်.

အသက်ကြီးလာတော့.
စကားများလာတာရှိတာပေါ့လေ.

ကျန်းမာရေးကမကောင်းတော့
စိတ်တိုင်းကမကျ. လူကွီးဆျိုတော့လညျး..
ဟိုလို.ဒီလို.ဇီဇာလေးတော့. ကြောင်တာပေါ့..

သူမကဘာပြောလည်းဆိုတော့.
သားသမီးဆယ်ယောက်ကို.
မိဘ၂ပါးကကျွေးနိုင်တာ.
သားသမီးလိုကျွေးရလို့ပါ.

မောင်နှမသားချင်းများတော့.
ဘဲဥတခြမ်းဆို.တခြမ်း.
အကွောျတဈခုဆျို.တစ်ခု.
လက်တစ်ဆစ်ဆို.တဆစ်.
ပန်းကန်ထဲထမင်းခူး.
ဟင်းကိုဝေပုံကြနဲ့စားခဲ့ရပေမဲ့.

မိဘကိုတော့.
သားသမီးထားသလို.
ထားမရဘူးလေ.တဲ့.
ပြီးပြီးရော.
ထမင်းထဲဘဲဥတခြမ်းထည့်.
အင့်.စား.ဆိုလို့.မရဘူးတဲ့.

အဲ့လိုလုပ်ရင်...
ငရဲကအော်တိုကြီးတယ်.

ကိုယ်ကအလုပ်ရှုပ်တယ်လေ.
သူတို့က.
ထမင်းခူးမပေးရင်.မစားဘူး.

အားတဲ့အချိန်လေး.
ခူးပေးတော့.မဆာသေးဘူး.

မအားမှ.ထမင်းစားမယ်.. ဆိုတော့.
ငြိုငြင်မိပါတယ်.

ကျမမှာတော့..
အမေနဲ့အဖေရောက်ကတည်းက.
ငရဲ.၀ယျနရေသလိုပဲ..တဲ့.

တလ.တလ. ဆေးဖိုးကလည်း..
၁၅သိန်း.ထက်မနည်းဘူး.
ဆေးကလည်းစျေးကြီးချက်.
ငွေနဲ့အသက်ဆက်နေရတယ်.

ပိုက်ဆံနှမြောလို့ပြောတာ. မဟုတ်ပါဘူး..
တခြားမောင်ဆီမှာသွားနေရင်.
ကျမပိုက်ဆံကုန်ပေမဲ့
အလုပ်မရှုပ်တော့ဘူးပေါ့. တဲ့.

ကုန်ကျစားရိတ်တွေအကုန်.
ကျမထောက်ပံ့မှာပါတဲ့.

သမီးဖြစ်သူနဲ့မသေခင်. နွေးနွေးထွေးထွေး.
နေချင်ရှာလို့နေမှာပါ. ညီမရယ်..ဆိုတော့.

အမ.မသိဘူးနော်.
တခါတခါရောဂါဖောက်ရင်.
ကျမအလုပ်တွေ..
အကုန်ဖျက်ပြစ်ရတာ.

တအိမ်လုံး
ဆိုင်ထမင်းဟင်းပဲစားရတယ်.
၀ဋျကွီးပါတယျအမရယျ.

ဒီလိုနဲ့သူမအဖေဆုံးတယ်.

အဖေ့စိတ်နဲ့.
အမေလုပ်သူလည်း.
လပိုင်းပဲခြားတယ်. ဆုံးပါးသွားပါတယ်.

သူမလည်း..
မိဘဆိုတော့ငိုတာပေါ့လေ.

ရက်လည်ပြီးနောက်ပိုင်း..
ကျမအမြင်..သူမက. ခါတိုင်းထက်.
ပိုသွက်လက်ပေါ့ပါးနေပုံပါပဲ.
အိမ်သန့်ရှင်းရေးတွေလုပ်.
ဘုရားပန်းတွေလဲ.
ဖွယ်ဖွယ်ရာရာတွေချက်ပြုတ်.

အမရေ..အရင်ကတော့.
အိမ်ဆို.ညစ်ပတ်နေတာပဲ.
ဘုရားပန်းတောင်မလဲဖြစ်ဘူး. ချက်ဖို့ဝေး..
မီးဖိုချောင်နားတောင်မကပ်ရတာ.
ဘုရားတောင်မကန်တော့ဖြစ်တဲ့.
ရက်တွေရှိတယ်.

ခုတော့..
အချိန်လည်းရ.
ဘာသာရေးလည်းလုပ်ဦးမှ.
စီးပွားရေးပဲ..
ဇောက်ချတော့မယ်အမရေ..

ဒီအရွယ်က.
စီးပွားရှာရမဲ့အရွယ်လေ.
ကျမမိဘတွေကြည့်ပါလား.

ပင်စင်လည်းယူရော. နေစရာမရှိ.
ကျမအဲ့လိုဖြစ်မှာ.
ကြောက်တယ်သိလား.

ကိုယ့်တုန်းက..
အမွေ မရခဲ့ဘူးလေ.
ဒုက္ခတွေပဲရခဲ့လို့..
ကိုယ့်သားသမီးကျ.
အမွေပေးနိုင်အောင်.
ကြိုးစားမယ်အမရေ

အဲ့လိုပြောပြီးမကြာပါဘူး.
ကလေးကိုကျောင်းသွားကြိုတာ.
ကားကို.ဒီဘက်မှာရပ်.
သူ့ကလေးက.
ကျောင်းပေါက်ကအထွက်.
လမ်းကူးလာမှာစိုးရိမ်ပြီး.
သားအဲ့ဖက်နေ.
အမေလာခေါ်မယ်ဆိုပြီး..
ရုတ်တစ်ရက်လမ်းဖြတ်အကူး.
အရှိန်ပြင်းတဲ့. ကျောင်းသားဆိုင်ကယ်က.
၀ငျတိုကျပွီး. ခြေသလုံး၃ပိုင်းကျိုးပြီး.
အရိုးကနည်းနည်းကြေသွားတာ.

စတီးရိုးထည့်လိုက်ရတယ်.

အထဲမှာ.မူလီနဲ့စုပ်ပြီး.
ပြန်ခွဲရတယ်.ဆိုလား.
အိပ်ယာထဲလပေါင်းများစွာ.

ဆေးရုံကဆင်းတော့ ..
ဂျိုင်းထောက်ကကူရ.
စိတ်သွားတိုင်းကိုယ်ကမပါ.

သူ့လုပ်ငန်း.
သူကသွက်တော့ဦးစီး.
ယောက်ျားကနောက်လိုက်.

ဆေးရုံတက်တဲ့ကာလမှာ. မိတ်ကပျက်.
စီးပွားရေးက.
ဇောက်ထိုးပြန်ကျလာတော့.
သူမျှော်လင့်တာတွေနဲ့လွဲ.

ကျမကိုက.ကံဆိုးပါတယ်. အမရယ်..တဲ့.

စိတ်ကကျတော့.
ခွန်အားလျော့ပြီး.
ဘာမှအဆင်မပြေတော့.

ယောက်ျားလုပ်သူကလည်း.
သူဆေးရုံတက်တုန်း.
နောက်ပိုင်းက.သူငှါးထားတဲ့.
စာရင်းကိုင်နဲ့ထင်တိုင်းကျဲ.

ကျမလည်းမြင်ရော.
အော်ငိုပါလေရော.

အမရေ.အမရဲ့..
အမေကလေ.ကျမကို. ပိုက်ဆံသာမပေးခဲ့တာ.
နှလုံးရောဂါအမွေတော့.
ပေးခဲ့တယ်တော့..တဲ့.

ဘာဆိုင်လို့တုန်းအေ..
သေတဲ့အမေကိုဆွဲမထည့်ပါနဲ့.

*သူက..
သူ့ထမင်းထုတ်နဲ့သူ.လာတာပါ.
ညည်းဆီက. ဘာမှမယူပါဘူး..ဆိုတော့.

'ဘယ်လိုအမ'.တဲ့.

*လူဆိုတာ.
ကိုယ်ထမင်းထုတ်နဲ့ကိုယ်.
လာတာပါ.ညီမရေ....
အမြင်မှာတော့...
ညည်းကကျွေးထားရတယ်.. ဆိုပေမဲ့.

*သူ့ဆေးဖျိုး.သူ့ကံပါသလောက်.
ညည်းတို့အဆင်ပြေခဲ့တာပဲလေ.

*သူ.ဒီအိမ်မှာနေတုန်းက.
ညည်းပိုက်ဆံရှာရမခက်ဘူး.

*သူ့ကုသိုလ်နဲ့သူ..
သူ့ကုသိုလိကိုမှီပြီး..
ညည်းအဆင်ပြေတာကို.
စိတ်ကြီး၀င်တာကိုး..

*နှလုံးစက်ထည့်ဖို့.စားဖို့. ဆေးကုဖို့..ဆိုတာ.
သူတို့အတိတ်ကပြုခဲ့တဲ့. ဒါနကုသိုလ်ပါလာလို့.
ညည်းအိမ်မှာနေသခိုက်.
ညည်းကိုပါကျေးဇူးပြုသွားတာ.

*သူ့ဆန်သူစား..
ကုန်တဲ့နေ့ပြန်တော့.
ညည်း.ခုလက်ကြည့်ကျန်ခဲ့တာ.

ညည်းဒါန.
အတိတ်ကပါမလာလို့ပေါ့အေ.

Aww..အမ.
သူ့ဆန်သူစား..
သူ့ထမင်းထုတ်နဲ့သူလာတာ.

ကျမ.မသိခဲ့ဘူး..အမရယ်.တဲ့.

တအိအိနဲ့.ငို...

ကျမလည်း.ဒိထက်ပိုပြီး.
မနှစ်သိမ့်တတ်ပါလေတော့.

ဘယ်မိဘကမှ.
အတူနေရင်းလည်း. သားသမီးလုပ်စာ.
အလကားမစားပါဘူး..
ညီမလေးရယ်..လို့...

မေတ္တာဖြင့် မျှဝေသည်။

Credit #

မသိဘူးပျော်နေတာ🤭crd #
13/05/2024

မသိဘူးပျော်နေတာ🤭
crd #

နော်🤨
13/05/2024

နော်🤨

Address

Rajshahi Division

Website

Alerts

Be the first to know and let us send you an email when What's A Dream? posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies



You may also like