စွမ်းရည်လင်း Foundation

စွမ်းရည်လင်း Foundation ဘယ်လောက်ပဲမွန်းကြပ်နေပါစေ
အတူတူရယ်မောဖို့သူငယ်ချင်းတွေရှာပါ။

ပထဝီဇီမန္တန်(မြန်မာပြန်)
17/06/2024

ပထဝီဇီမန္တန်(မြန်မာပြန်)

26/04/2024

ကျွန်တော်တို့ပေ့လေး ကို သုတ ရသ ဟာသလေးတွေနဲ့ ပြန်runမယ်နော် အားပေးကြပါဦးခင်ဗျ🙏🙏🙏

26/04/2024

ပူခြင်ဦး🤣🤣🤣

06/02/2024
တုံကင်ဆိုလား USD 440 ဖိုးဝယ်ပြီးSDB ဘဏ် ရှယ်ယာဝယ်ထားလိုက်ပါပြီ ၊စွမ်းရည်လင်း Foundation အတွက်မတည်ငွေတွေဖြစ်တဲ့ USD 440 က...
26/11/2023

တုံကင်ဆိုလား USD 440 ဖိုးဝယ်ပြီး
SDB ဘဏ် ရှယ်ယာဝယ်ထားလိုက်ပါပြီ ၊

စွမ်းရည်လင်း Foundation အတွက်မတည်ငွေတွေဖြစ်တဲ့ USD 440 ကိုတော့ VIP အစ်မ - ၁ သိန်းကျ​ပ် ၊
မဟာချိုပရိတ်သတ်များအမည်နဲ့အမြဲလှူပေးတဲ့အစ်မက - ၄၅၀၀၀၀ ကျပ်
၊ မဟာချိုစာပေရဲ့အင်္ကျီအစီစဥ်မှ - ၁၀ သိန်းကျပ် ၊ စုစုပေါင်း ၁၅၅၀၀၀၀
ကျပ်ကနေရပါတယ်ခင်ဗျ ။

Foundation ရဲ့
မတည်ငွေထည့်ဝင်ချင်တယ်ဆိုရင်တော့ ၁ သိန်းကျပ်ကစပြီး
ဖော်ပြထားတဲ့ SDB QR ကိုပေးပို့
လှူဒါန်းနိုင်ပါတယ်ခင်ဗျ။
(SS လေးနဲ့ အလှူရှင်အမည်တော့လာပြောပေးပါနော်)

NUGpay QR ကတော့
ကျနော်စိတ်ဓါတ်အရမ်းကျနေလို့
မုန့်ဖိုး လှမ်းတောင်း လိုက်တာပါ၊
ကျနော့်လည်း မုန့်ဖိုးဆိုပြီးပေးကြည့်ကြပါဦးနော် 😢

(အိပ်ပြီဗျ)
မဟာချို

‘ကယား’ ကို ‘ကရင်နီ’ဟု ပြောင်းသုံးရန် KSCC အသိပေးBAP၊ နိုဝင်ဘာ ၂၄။စစ်အာဏာရှင်က မတရားခေါ်ဝေါ်ခဲ့သည့် "ကယားပြည်နယ်" ဟူသည့် ...
24/11/2023

‘ကယား’ ကို ‘ကရင်နီ’ဟု ပြောင်းသုံးရန် KSCC အသိပေး

BAP၊ နိုဝင်ဘာ ၂၄။

စစ်အာဏာရှင်က မတရားခေါ်ဝေါ်ခဲ့သည့် "ကယားပြည်နယ်" ဟူသည့် အသုံးအနှုန်းအစား "ကရင်နီပြည်နယ်" ဟု ပြောင်းလဲသုံးရန် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ- KSCC က ယမန်နေ့က ထုတ်ပြန်အသိပေးသည်။

သတင်းမီဒီယာများနှင့် အခြား အစုအဖွဲ့များကလည်း သတင်းများကို ဖော်ပြရာတွင် ‘ကရင်နီ’ ဟု သုံးနှုန်းပေးကြရန် KSCC က တိုက်တွန်းထားသည်။

၁၉၄၈ ခုနှစ်၊ဇန်နဝါရီ ၄ ရက်တွင် ဗြိတိလျှအစိုးရထံမှ လွတ်လပ်ရေးရရှိပြီးနောက် ဖဆပလ အစိုးရက တိုင်းရင်းသားနယ်မြေများကို ကျူးကျာ်ခဲ့ပြီး ကရင်နီပြည်ကို ဗမာပြည်၏ အစိတ်အပိုင်းတစ်ခုအဖြစ် သွပ်သွင်းခဲ့ခြင်းဖြစ်သည်ဟု KSCC က ဖော်ပြထားသည်။

ထို့နောက် ၁၉၅၁ ခုနှစ်တွင် ပါလီမာန်၌ ‘ကရင်နီပြည်နယ်’ အား ‘ကယားပြည်နယ်’ ဟု ပြောင်းလဲ သတ်မှတ်ခဲ့ကာ ၁၉၅၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ‘ကယားပြည်နယ်နေ့’ဟု စစ်အာဏာရှင်များက သတ်မှတ်ကျင်းပခဲ့သည်ဟု ဆိုသည်။

အဆိုပါ ၁၉၅၁ ခုနှစ်မတိုင်မီကပင် နိုင်ငံတကာနှင့် ဒေသတွင်း မှီတင်းနေထိုင်ကြသူများအကြား ကရင်နီမျိုးနွယ်စု အားလုံးကို စုပေါင်း၍ "ကရင်နီ"ဟု ခေါ်ဆိုသည့် အသုံးအနှုန်းကို ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု လက်ခံထားခဲ့ပြီး ဖြစ်သည်ဟု KSCC က အသိပေးထားသည်။

ပုံစာ- (၇၅)နှစ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့ကျင်းပနေစဉ်(ပုံဟောင်း)

ဓာတ်ပုံ - KnIC

Burma Associated Press

ပြည်သူများက ဘဏ်များမှ ငွေများ ထုတ်ယူနေမှု များပြားနေဟု စစ်ကောင်စီ ဝန်ခံ■  ပြည်ပမီဒီယာများကြောင့် ဘဏ်ပြဿနာဖြစ်နေရဟု ဇော်မ...
19/11/2023

ပြည်သူများက ဘဏ်များမှ ငွေများ ထုတ်ယူနေမှု များပြားနေဟု စစ်ကောင်စီ ဝန်ခံ

■ ပြည်ပမီဒီယာများကြောင့် ဘဏ်ပြဿနာဖြစ်နေရဟု ဇော်မင်းထွန်းက စွပ်စွဲပြီး တိုက်ပွဲဖြစ်ပွားရာ ဒေသများနှင့်မြို့နယ်များတွင် ဘဏ်များ ဆက်တိုက် ပိတ်သိမ်းနေရမှု ဖြေရှင်းချက်မပေးနိုင်

ရန်ကုန်၊ နိုဝင်ဘာ ၁၉

မြန်မာနိုင်ငံတွင်း ပုဂ္ဂလိကဘဏ်များမှ ပြည်သူများ ငွေထုတ်ယူမှုများ ပြားနေကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ဗဟိုဘဏ်က ဝန်ခံလိုက်သည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က နယ်ဘဏ်ခွဲအချိုသည် မမျှော်မှန်းနိုင်သည့် အခြေအနေတစ်ရပ်ကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု ရပ်တန့်ခဲ့ရသည်ကို အခွင့်ကောင်းယူ၍ လူမှုကွန်ရက်များတွင် အဆိုပါသတင်းများကိုဖော်ပြသဖြင့် ပြည်သူများက စိုးရိမ်ပူပန်မှုများ မြင့်တက်ကာ ဘဏ်များမှ ငွေများကို လိုသည်ထက်ပို၍ ထုတ်ယူနေသည်ကို ကြားသိနေရကြောင်း ထုတ်ပြန်ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်သည် ဘဏ်အချင်းချင်းချိတ်ဆက်ဝန်ဆောင်မှုပေးသည့် Core Banking System အသုံးပြုလျက်ရှိရာ ဘဏ်ခွဲတစ်ခုခု၏ ဝန်ဆောင်မှုသည် အကြောင်းတစ်စုံတစ်ခုကြောင့် ရပ်တန့်သွားပါကလည်း ပြည်သူများအနေဖြင့် ငွေများထုတ်ယူ၍ မရတော့သည့် အခြေအနေမျိုး ဖြစ်ပေါ်သွားမည်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူနိုင်ပြီး မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ ဘဏ်ကတ်များဖြင့်ပေးချေခြင်း၊ စာရင်းပြောင်းနည်းများဖြင့် ငွေပေးချေခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဘဏ်များမှငွေများကို လိုသည်ထက်ပိုမိုထုတ်ယူ၍ လက်ဝယ်ထားရှိခြင်းကြောင့် အန္တရာယ်ရှိနိုင်ပြီး မိမိတိုငွေများ ဆုံးရှုးနိုင်သည့် အခြေအနေမျိုးဖြစ်ပေါ်နိုင်ကြောင်း၊ ပြည်သူများအနေဖြင့် ဘဏ်များမှငွေများကို လိုသည်ထက် ပိုမိုထုတ်ယူခြင်းသည် မည်သည့်ရည်ရွယ်ချက်ဖြင့် ထုတ်ယူသည်၊ မည်သည့်နေရာတွင် သုံးစွဲသည် စသည့် သံသယဖြစ်ဖွယ်အခြေအနေများအတွက် တာဝန်ရှိသူများ၏ စောင့်ကြည့်ခြင်းကို လည်းခံရနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းကမူ ပြည်ပမီဒီယာများကြောင့် ဘဏ်ပြဿနာဖြစ်ပေါ်နေရကြောင်း ထုတ်ပြန်ပြောဆိုသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် အပါအဝင် တိုက်ပွဲဖြစ်ပွားရာ ဒေသများနှင့်မြို့နယ်များတွင် ပုဂ္ဂလိကဘဏ်များ အကန့်အသတ်မရှိ ဆက်တိုက် ပိတ်သိမ်းနေရမှု ဖြေရှင်းချက်မပေးနိုင်ကြောင်း သိရှိရသည်။

"ဘဏ်လုပ်ငန်းမမှန်သတင်းတွေ ဖြန့်ဝေပြီးတော့ တိုက်ခိုက်လာတယ်။ နံပါတ် ၁- ဘဏ်တွေမှာ ငွေထုတ်ဖို့ အခက်အခဲဖြစ်ပေါ်နေတယ်ဆိုတဲ့အချက်။ နံပါတ် ၂ -အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေးနေတယ်ဆိုတဲ့အချက်။ နံပါတ် ၃ ကတော့ ဘဏ်တွေမှာ ငွေမရှိတော့ဘူးဆိုတဲ့ ကောလာဟလ။ နံပါတ် ၄ ကတော့ ဘဏ်အပ်ငွေ တွေကို ပြည်သူလူထုတွေကို အများအပြားထုတ်ယူနေကြတယ်ဆိုတဲ့ ကောလာဟလ ထုတ်ပြီးတော့ တိုက်ခိုက်တယ်။ ဒီလိုမျိုး မမှန်သတင်းဖြန့်ဝေပြီး ဘဏ်လုပ်ငန်းစနစ်ကို တိုက်ခိုက်မှုတွေက ၂၀၂၁ ခုနှစ်မှာလည်း ကျယ်ပြန့်စွာ ပြုလုပ်ခဲ့တာတွေ့ရတယ်" ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပုဂ္ဂလိကဘဏ်များ၊ မြန်မာ့စီးပွားရေးဘဏ်များ၊ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ခမ်းပတ်မြို့၊ ချင်းပြည်နယ်ရှိ ပုဂ္ဂလိကဘဏ်များ၊ မြန်မာ့စီးပွားရေးဘဏ်များ၊ ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများဖြစ်ပွားနေသော ဒေသများမှ ဘဏ်များမှာ လုပ်ငန်းများ လည်ပတ်နိုင်ခြင်းမရှိဘဲ ဆက်တိုက် ပိတ်သိမ်းလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် ဇော်မင်းထွန်း။

Photo- AP

အရပ်သားပြည်သူများနဲ့ကလေးငယ်များအပေါ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ စကစရဲ့လုပ်ရပ်ကိုကမ္ဘာသိအောင်ထုတ်ဖော်ကြဖို့လိုအ...
19/11/2023

အရပ်သားပြည်သူများနဲ့ကလေးငယ်များအပေါ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ စကစရဲ့လုပ်ရပ်ကိုကမ္ဘာသိအောင်ထုတ်ဖော်ကြဖို့လိုအပ်ပါပြီ

မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်တပ်က တိုက် လေယာဉ် ၂ စီးဖြင့် ဗုံးကျဲမှုကြောင့် ကလေး ၈ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးမှု CDF မတူပီ ကန့်ကွက်ရှုတ်ချ

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်တပ်က တိုက် လေယာဉ် ၂ စီးဖြင့် ဗုံးကျဲမှုကြောင့် ကလေး ၈ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးမှုအပေါ် CDF မတူပီ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၅ ရက် ညနေ ၆ ခွဲ နာရီတွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာ ၂ စီးဖြင့် မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို အကြောင်းမဲ့ ပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အပြစ်မဲ့ ကလေးသူငယ် ၈ ဦး၊ ပြည်သူ ၃ ဦး သေဆုံးပြီး အပြစ်မဲ့ကလေးသူငယ် ၁ ဦး၊ ပြည်သူ ၃ ဦး ဒဏ်ရာရှိကြောင်း၊ ထို့ပြင်လူနေအိမ် ၂၂ လုံး၊ ဘုရားကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၂ ဆောင် အား ပျက်စီးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က တိုက်လေယာဉ်ဖြင် ဗုံးကျဲမှုကြောင့် သေဆုံးသူများမှာ-

၁-မောင်ဆာမွေလ အသက် ၁၂ နှစ်
၂-မောင်ကွီးနွန် အသက် ၉ နှစ်
၃- မောင်ဉာဏ်ဝင်းအောင် အသက် ၇ နှစ်
၄-မလီလီမိုး အသက် ၅ နှစ်
၅-မောင်ထန်းဟုမ်း အသက် ၉ နှစ်
၆- မခိုင်သဇင် အသက် ၁၁ နှစ်
၇-မစန်းစန်း
၈-မောင်ဘွေကုန်းထန်
၉-ဦးအုပ်စာ အသက် ၆၅ နှစ်
၁၀- ဦးတဲနိုင် အသက် ၃၈ နှစ်
၁၁- ဦးဟာလောင်း အသက် ၃၄ နှစ်တို့ ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ စစ်တပ်က အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုအပေါ် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီက လုံးဝ ကန့်ကွက်ရူံ့ချကြောင်း ၊CDF-မတူပီ အနေဖြင့် စစ်ရေးအရှိပိုမိုမြင့်တင်မည် ဖြစ်ကြောင်း၊ စစ်အာဏာရှင် စနစ် ပျက်သုဥ်းသည်အထိ တိုင်းပြည်နှင့်လူမျိုးများအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CDF-မတူပီက ပြောဆိုသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများ KNU လက်ချက်ဖြင့် ဆုံးရှုံးမှုတစ်ရပ်ကို ရင်ဆိုင်ရမည်ဖြစ်၍ လာရောက်ပူးပေါင်း ...
17/11/2023

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများ KNU လက်ချက်ဖြင့် ဆုံးရှုံးမှုတစ်ရပ်ကို ရင်ဆိုင်ရမည်ဖြစ်၍ လာရောက်ပူးပေါင်း ဘက်ပြောင်းရန် ပဒိုစောတောနီး သတိပေး

■ ဘေးကျပ်နံကျပ် ယိုယွင်းနေသော စစ်ကောင်စီကို KNU နှင့်အတူ ပြည်သူအားလုံးပူးပေါင်းတိုက်ကြရမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၇

အကြမ်းဖက် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများ KNU လက်ချက်ဖြင့် ဆုံးရှုံးမှုတစ်ရပ်ကို ရင်ဆိုင်ရမည်ဖြစ်၍ လာရောက်ပူးပေါင်း ဘက်ပြောင်းရန် ပဒိုစောတောနီး သတိပေးပြောဆိုလိုက်သည်။

ယနေ့ KNU ဗဟိုက တရားဝင် ထုတ်ပြန်သော ဗီဒီယိုမိန့်ခွန်းတွင် ၎င်းက အ ထက် ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။

"ဒီစစ်အုပ်စုရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေသူတွေဟာ မနှေးနဲ့ အမြန် ကျွန်တော်တို့ရဲ့ လက်ချက်နဲ့ပဲ ဆုံးရှုံးမှုတစ်ရပ်ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီလို ကျွန်တော်တို့ တိုင်းပြည်မှာ ရှိနေတဲ့ လူသားအချင်းချင်း ကျွန်တော်တို့ ညီအစ်ကိုအချင်းချင်း ဒီလိုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မမြင်ချင်ပါဘူး။ အဲဒါကြောင့်မို့လို့ အချိန်မနှောင်းခင်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီးတဲ့နောက် ကျွန်တော်တို့နဲ့အတူ လက်တွဲပူး ပေါင်း ပြီး ဘက်ပြောင်းလာပါလို့ တောင်းဆိုချင်ပါတယ်" ဟု ပဒိုစောတောနီးက သတိပေးသည်။

လက်ရှိတွင် စစ်ကောင်စီသည် ဘေးကျပ်နံကျပ်ဖြစ်နေပြီး အဘက်ဘက်မှ ကျဆုံး ယိုယွင်းနေကြောင်း ၊ စစ်တပ်သည် ဂဏာမငြိမ်ဖြစ်နေပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"ပြည်သူလူထုအနေနဲ့ ဒီနေ့ ဒီကာလဟာ အကြမ်းဖက်စစ်ကောင်စီဟာ အဘက်ဘက်က ကျဆုံးယိုယွင်းပြီး ဘေးကျပ်နံကျပ်အခြေအနေမျိုး ရင်ဆိုင်နေရပြီး လက်တွေ့အခြေအနေအားဖြင့်လည်း ဆောက်တည်ရာ မရ ဂဏာမငြိမ်အနေအထားမျိုးမှာ ရောက်နေတဲ့အပေါ်မှာ လွတ်ရာလွတ်ကြောင်းကို ထွက် ပေါက်တစ်ခုအနေနဲ့ ရှာကြံတော့မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ငံရေးအလှည့်အပြောင်းတစ်ခုအနေနဲ့ သူတို့ရဲ့ ထွက်ပေါက်ကိုရှာတဲ့အခါမှာ ပြည်သူလူထုအနေနဲ့ လုံးဝတွေဝေမနေဘဲ ကျွန်တော်တို့ တော်လှန်ရေးကို ဆက်လက်ပြီး ကျွန်တော်တို့ တစ်သားတည်း စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ တိုက်ပွဲဝင်ကြဖို့ ပန်ကြားလိုပါတယ်။" ဟု ပဒိုစောတောနီးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီကို နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားများ ပေါင်းစပ် ထားသော ပိုမိုပြင်းထန်သည် လှိုင်းလုံးဂယက်ကြီးများ မကြာမီ ရိုက်ခတ်မည်ဟု ၎င်းက ဆိုသည်။

"ကျနော်တို့ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးအဖွဲ့အစည်း အသီးသီးကနေ အစဉ်တစိုက် တိုက်ပွဲဝင် တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ တိုက်ပွဲဝင်မှုတွေဟာ ဒီကနေ့ကာလမှာဆိုရင် အထူးသဖြင့် ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးနဲ့ ပေါင်းစပ်မိတဲ့အခါ အင်မတန်မှပဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ စစ်ကောင်စီကို ရိုက်ခတ်နေတယ်ဆိုတာ နေ့စဉ်တွေ့နေရပြီ ဖြစ်ပါတယ်။ ဒီထက်ပိုပြီးတော့လည်း လာမယ့် မဝေးတော့တဲ့ အနာဂတ်ကာလမှာ ပိုမိုပြင်းထန်လာတဲ့ လှိုင်းလုံးဂယက်ကြီးတွေနဲ့ ဆက်ကာ ဆက်ကာ ဒီအကြမ်းဖက် စစ်ကောင်စီကို ရိုက်ခတ်တော့မှာ ဖြစ်ပါတယ်"ဟု ပဒိုစောတောနီးက ပြောသည်။

ခေတ်သစ်မီဒီယာ

ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း အနီး၌ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေ​ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ■ စစ်တပ်က လေယာဥ်ဖ...
15/11/2023

ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း အနီး၌ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေ​ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

■ စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲခြင်း​ကြောင့် ဇီးပင်စခန်းရွာရှိ စားသောက်ဆိုင် ထိခိုက်ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း အနီး၌ တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေ​ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကျောက်မဲမြို့နယ်၊ ဂုတ်တွင်းနှင့် နောင်ပိန် အကြား ဇီးပင်စခန်းကျေးရွာရှိ ဧဒင်ဥယဥ် စားသောက်ဆိုင်ကို အကြမ်းဖက် စစ်တပ်၏ စကခ ၁ မှလက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လေယာဥ်ဖြင့်ပါ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင်လည်း ​​ကျောက်မဲမြို့နယ် ဂုတ်တွင်းအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ် လျက်ရှိကြောင်း သိရသည်။

"ကျောက်မဲမြို့ ပတ်ဝန်းကျင်မှာတော့ ဖြစ်လိုက် နားလိုက်ပဲ ဂုတ်တွင်း နောင်ပြစ်ကျေးရွာလမ်းခွဲမှာတော့ တိုက်ပွဲဖြစ်နေတယ်။ မနေ့က စစ်ခွေးတွေ ဂုတ်တွင်းနဲ့ နောင်ပိန် အကြားက ဇီးပင်စခန်းကျေးရွာမှာရှိတဲ့ ဧဒင်ဥယဥ် စားသောက်ဆိုင်ကို ဗုံးကျဲလို့ ထိခိုက်ပျက်စီးသွားတယ်" ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

#ခေတ်သစ်မီဒီယာ

NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ NUGPay အကောင့်နဲ့နွေဦးဖွံ့ဖြိုးရေးဘဏ်အကောင့်တွေကနေတဆင့် ပြည်သူတွေကို ထည့်ဝင်လှူဒါန်းနိုင်နို...
14/11/2023

NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ NUGPay အကောင့်နဲ့နွေဦးဖွံ့ဖြိုးရေးဘဏ်အကောင့်တွေကနေတဆင့် ပြည်သူတွေကို ထည့်ဝင်လှူဒါန်းနိုင်

နိုဝင်ဘာ ၁၄၊ ၂၀၂၃

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအတွက် NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့NUGPay အကောင့်နဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်အကောင့်တွေကနေတဆင့် တစ်ဆင့် ပြည်သူများ ထည့်ဝင်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးအတွင်း ထိခိုက်ဒဏ်ရာ ရရှိတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ နာမကျန်းတဲ့ စစ်ဘေးသင့် ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်ဖို့နဲ့ ရှေ့တန်း ဆေးရုံ/ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သူရဲကောင်း ကျန်းမာရေးဝန်ထမ်းတွေကို ချီးမြှင့်ငွေ ပေးအပ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားရှိတဲ့ NUGPay အကောင့် ဒါမှမဟုတ် နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank - SDB) အကောင့်တွေကနေတဆင့် ပမာဏ နည်းများမဆို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း ပြည်တွင်းပြည်ပက ပြည်သူတွေကို အသိပေးနှိုးဆော်တယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။




Telegram Channel -
https://t.me/pvtvmyanmar
၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ ၂၂ စစ်ကြောင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ...
13/11/2023

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ ၂၂ စစ်ကြောင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၁၄ ဦးသေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိကာ ၂၃ ဦး လက်နက်ချ အညံ့ခံ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ ၂၂ စစ်ကြောင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၁၄ ဦးသေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိကာ ၂၃ ဦး လက်နက်ချ အညံ့ခံကြောင်း NUG အမျိုးသား ညီညွတ်ရေးအစိုးရက တရားဝင်သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ ၂၂ လက်အောက်ခံ အင်အား ၅၀ ဦးပါ စစ်ကြောင်းမှ ၂၃ ဦးသည် ပြည်သူ့တော်လှန်ရေးအဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် အရာရှိ ၁ ဦး အပါအဝင် ၁၄ ဦး သေဆုံးကြောင်း၊ အရာရှိ ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိကြောင်း၊ နောက်ထပ် အရာရှိ (၁) ဦးအပါအဝင် စစ်သား ၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွ တံတားကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက တော်လှန်ရေးတပ်ဖွဲ့များက‌ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲကင်းစခန်းနှင့် တံတားလုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ရဲကင်းစခန်းနှင့် တံတားကို အပြီး သတ် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

"တိုက်ပွဲတွေက လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဖြစ်နေတာ။ ချောင်းနှစ်ခွမှာတိုက်ပွဲအရမ်းထန်နေတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်မှာ ကျိုက်မရော ချောင်းနှစ်ခွ တံတားနှင့်ရဲကင်းစခန်း ကို KNDO နဲ့ ဂဠုန်စစ်ကြောင်း အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းလိုက်ပြီ။ နယ်မြေရှင်းလင်းရေးလုပ်နေပြီ " ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ရဲကင်းစခန်းနှင့် တံတားသိမ်းပိုက်မှုတွင် အရှင်ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများ ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထွက်ပြေးသွားကြကြောင်း၊ အသေးစိတ်ကို သက်ဆိုင်ရာက သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။
https://m.facebook.com/story.php?story_fbid=698505859043690&id=100066528465996&mibextid=Nif5oz

"ရှမ်းမြောက်တွင် စစ်ကောင်စီရဲ့ ၁၂၈ ဗျူဟာကုန်း၊ ရှောက်ကိုင်ရွာလမ်းခွဲ ဂိတ်စခန်းနှင့် ပါစင်ကျော်ကျေးရွာ စစ်စခန်းတို့ကို MN...
13/11/2023

"ရှမ်းမြောက်တွင် စစ်ကောင်စီရဲ့ ၁၂၈ ဗျူဟာကုန်း၊ ရှောက်ကိုင်ရွာလမ်းခွဲ ဂိတ်စခန်းနှင့် ပါစင်ကျော်ကျေးရွာ စစ်စခန်းတို့ကို MNDAA တိုက်ခိုက်သိမ်းပိုက်"

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ ၁၂၈ ဗျူဟာကုန်း၊ ရှောက်ကိုင်ရွာလမ်းခွဲ ဂိတ်စခန်းနှင့် ပါစင်ကျော်ကျေးရွာ စစ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက် ရရှိကာ စုစုပေါင်း တပ်စခန်း ၁၄၁ ခုကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း MNDAA က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁၃ ရက် ဒီကနေ့ မနက် ၇ နာရီခွဲခန့်က ရှီးရှမ်းဒေသ၊ ရှောက်ကိုင်ရွာလမ်းခွဲရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အားလုံးကို ရှင်းလင်းသုတ်သင်ခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊

နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ် အချိန်က အကြမ်းဖက် စစ်ကောင်စီရဲ့ ၁၂၈ ဗျူဟာကုန်းကို အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီ ၅၀ မိနစ် အချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

၆ ရက်နှင့် ကျသွားသည့် ကွမ်းလုံဗျူဟာBAP၊ နိုဝင်ဘာ ၁၃။ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ ၏ အချက်အချာဖြစ်သည့် ကွမ်းလုံ ဗျူဟ...
13/11/2023

၆ ရက်နှင့် ကျသွားသည့် ကွမ်းလုံဗျူဟာ

BAP၊ နိုဝင်ဘာ ၁၃။

ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ ၏ အချက်အချာဖြစ်သည့် ကွမ်းလုံ ဗျူဟာကို ကိုးကန့်တပ် MNDAA နှင့် ပူးပေါင်းတပ်များက ၆ ရက်တွင်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

နိုဝင်ဘာလ (၆) ရက်နေ့တွင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့သည် သံလွင်မြစ် အနောက် ဘက်ခြမ်း၊ ကွမ်းလုံ‌မြို့၏မျက်နှာချင်းဆိုင်ဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း နှင့် တပ်စခန်းများကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ (၆)ရက်ကြာ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၂ ရက် မနက် ၁၀ နာရီအချိန်တွင် အပြီးအပိုင်သိမ်းယူနိုင်ခဲ့သည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)မှ မဟာမိတ် တပ်ဖွဲ့များနှင့် ပူးတွဲပြီး ကိုးကန့် ၊ မုံးကိုး ၊ မူပန်(သိန္နီ)စသည့်နေရာရှိ စစ်ကောင်စီ၏ အရေးကြီးတပ်စခန်းများကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သည့်အပြင် ချင်းရွှေဟော် ၊ မုံးကိုး နှင့် ကွမ်းလုံစသည့်မြို့နယ်များကိုလည်း ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ခဲ့ပြီး အထူးဒေသ(၁) ၏ သမိုင်းဝင် အုပ်ချုပ်နယ်မြေ များကို ပြန်လည်ထူထောင်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယခုတစ်ကြိမ် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့မှ ကွမ်းလုံဒေသကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သော အောင်မြင်မှုသည် သမိုင်းကြောင်းတွင် အလွန်အရေးကြီးသည့် ဖြစ်ရပ်တစ်ရပ် ဖြစ်သလို (၁၀၂၇) စစ်ဆင်ရေး လုပ်ဆောင်လာသည့်အချိန်တလျှောက်လုံးတွင် အများပြည်သူများကို အားတက်စေသည့် သတင်းကောင်းတစ်ခုလည်းဖြစ်သည်ဟုဆိုသည်။

ယခုတစ်ကြိမ် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့မှ ကွမ်းလုံဒေသကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သော အောင်မြင်မှုသည် သမိုင်းကြောင်းတွင် အလွန်အရေးကြီးသည့် ဖြစ်ရပ်တစ်ရပ် ဖြစ်သလို (၁၀၂၇) စစ်ဆင်ရေးလုပ်ဆောင်လာသည့်အချိန်တလျှောက်လုံးတွင် အများပြည်သူများကို အားတက်စေသည့် သတင်းကောင်းတစ်ခုလည်းဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီက နိုဝင်ဘာ ၁၂ ရက် ညပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကွမ်းလုံအပါအဝင် ရှမ်းမြောက်ရှိ မြို့နယ် (၈) ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။

အဆိုပါ မြို့နယ်များမှာ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နယ် မြေအတွင်းရှိ ကွမ်းလုံ ၊ ကွတ်ခိုင် ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိူး၊ သိန္နီ ၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်များဖြစ်ကြောင်း အမိန့်ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီက ကြေညာထားသည့် မြို့များအနက် ကွမ်းလုံနှင့် နမ့်ခမ်းသည် စစ်ကောင်စီအုပ်ချုပ်ရေး ယန္တယားအားလုံးရပ်ဆိုင်းသွားသည့်မြို့များဖြစ်သည်။

ယင်းအမိန့်ထုတ်ပြန်ချက်၏ အဆိုအရ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးအား ကွမ်းလုံ ၊ ကွတ်ခိုင် ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိူး၊ သိန္နီ မြို့နယ် တို့အား စစ်အုပ်ချုပ်ချုပ်ရေးအာဏာကျင့်သုံးခွင့် ပြုထားပြီး လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့အား ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်) ၏ ဒေသကွပ်ကဲရေးမှူးအား စစ်အုပ်ချုပ်ရေး အာဏာကျင့် သုံးခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ စစ်အုပ်ချုပ်ရေး အာဏာကျင့်သုံးခွင့်ပြုရခြင်းမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် နယ်မြေအေးချမ်းသာ ယာရေးတို့ကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း အမိန့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- The Kokang

Burma Associated Press

PRF ဆိုတာ MOD အသိအမှတ်ပြု ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ်။အဲ့ဒီမှာ PRF 2.0 အစီအစဉ်ရှိတယ် အဲ့ဒါက  အစီအစဉ် အသစ်နဲ့တူတယ်။ က...
13/11/2023

PRF ဆိုတာ MOD အသိအမှတ်ပြု ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ်။

အဲ့ဒီမှာ PRF 2.0 အစီအစဉ်ရှိတယ် အဲ့ဒါက အစီအစဉ် အသစ်နဲ့တူတယ်။ ကိုယ်ထောက်ပို့ချင်တဲ့ ပြည်နယ်/တိုင်း ကို ရွေးလို့ရတယ်။

ကိုယ်က တခုထက်ပိုရွေးလို့မရဘူးလား ဆိုပြီး သွားဂျီကျလိုက်သေးတယ်…..။ တနိုင်ငံလုံး လိုအပ်တဲ့နေရာ ထောက်ပို့ချင်လည်းရတယ်။

2.0 ကတော့ ကိုယ်အထူး စိတ်ဝင်စားတဲ့နေရာလေး ပို့ပေါ့နော် အဲ့လို အစီအစဉ်ပါ။

ကဲ…. အရေးတော်ပုံ ကာလမှာ လူတိုင်းက အရေးတော်ပုံ တပ်သားတွေပဲ….. လာပါ နိုင်ရာတာဝန် ထမ်းကြမယ်

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။

ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် -
🇫 fb.me/prf4pdf
💬 m.me/prf4pdf

Telegram မှ ဆက်သွယ်ရန် - t.me/prf4pdf

အရေးတော်ပုံ အောင်ရမည်။



#လာပါငါတို့အတူတူရုန်းမယ်

#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF

#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF

#ထောက်ပို့လစဥ်အောင်ပွဲဝင်

#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု



#ထောက်ပို့PRF

သီပေါမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ် ကျင်တီတံတားတပ်စခန်းကိုTNLAက တိုက်ခိုက်သိမ်းပိုက်နိုဝင်ဘာ ၁၂၊ ၂၀၂၃ရှမ်းပြည်မြောက်ပ...
12/11/2023

သီပေါမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ် ကျင်တီတံတားတပ်စခန်းကိုTNLAက တိုက်ခိုက်သိမ်းပိုက်

နိုဝင်ဘာ ၁၂၊ ၂၀၂၃

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဘော်ကြိုအနီးက အကြမ်းဖက် စစ်ကောင်စီရဲ့ ကျင်တီတံတားတပ်စခန်းကို ဒီနေ့မနက် ၅နာရီခွဲမှာ တအာင်းတပ်မတော် PSLF/TNLA က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

လက်ရှိမှာ ညီနောင် (၃) ဖွဲ့ စစ်ဆင်ရေးလှုပ်ရှားရာနေရာဒေသတွေနဲ့ မဟာမိတ်အင်အားစုတွေ ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲရာနေရာဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မြို့သိမ်းတိုက်ပွဲများကိုလည်း ဆက်လက်ဆင်နွှဲပါတယ်။

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၆)နေ့အထိ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်း အကြီးအသေး ၁၇၀ နီးပါးကို မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့ ဖြစ်တဲ့းကန့် - MNDAA၊ တအာင်း - TNLA နဲ့ ရက္ခိုင်- AAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မနေ့က ၁၁၁၁ နေ့အထိမ်းအမှတ်အဖြစ် ကရင်နီပြည်နယ်အတွင်း စစ်ဆင်ရေးဆင်နွှဲနေကြတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတွေထဲက (၁) စီးကို ထိမှန်အောင် ပစ်ချနိုင်ခဲ့ပါတယ်။




Telegram Channel -https://t.me/pvtvmyanmar
၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

စွမ်းရည်လင်းဖောင်ဒေးရှင်းရဲ့အဓိကဝင်ငွေစီးကြောင်းဖြစ်တဲ့ Mahar cho - မဟာချိုခယ channel မှာ ပိုက်ဆံတွေဝင်နေပါပြီ ၊Video လေ...
12/11/2023

စွမ်းရည်လင်းဖောင်ဒေးရှင်းရဲ့အဓိကဝင်ငွေစီးကြောင်းဖြစ်တဲ့ Mahar cho - မဟာချိုခယ channel မှာ ပိုက်ဆံတွေဝင်နေပါပြီ ၊
Video လေးတွေ စိတ်ရှည်လက်ရှည်လာကြည့်ပေးယုံနဲ့
ဖောင်ဒေးရှင်းရဲ့အလှူရှင်ဖြစ်ခွင့်ရတော့မှာမို့ အားလုံးကိုဖိတ်ခေါ်ပါတယ်နော် ။

သူများတွေ ၁၈နှစ်နဲ့ ဘဏ်ပိုင်ရှင်ကြီး ဖြစ်တော့မယ် ယူတို့က ယတြာတွေ ချေနေကြတုန်းပဲလား 😏နွေဦးဘဏ် အကောင့်ရှိသူတိုင်း ဖြစ်နို...
11/11/2023

သူများတွေ ၁၈နှစ်နဲ့ ဘဏ်ပိုင်ရှင်ကြီး ဖြစ်တော့မယ်
ယူတို့က ယတြာတွေ ချေနေကြတုန်းပဲလား 😏

နွေဦးဘဏ် အကောင့်ရှိသူတိုင်း ဖြစ်နိုင်တာမို့ အကောင့်ဖွင့်ထားကြမယ်။

ရှယ်ယာ တစု = USD $0.001 (SDB Token)
အနည်းဆုံး သတ်မှတ်ချက် = USD $10
ဝယ်ယူနိုင်မယ့်အချိန် = 17 - 27 November 2023

တက်ကြွတဲ့ ဘဏ်ပိုင်ရှင်လောင်းလျာတွေက RM တွေကတဆင့် ငွေသွင်းရင် ဘဏ်ရှယ်ယာ အတွက် ကြိုတင်စာရင်းပေး ဖို့ ကြိုးစားနေကြပြီ။

တချို့လည်း ခရစ်ပတို ပိုက်ဆံအိတ်တွေက နေတဆင့် USDT ကို အကောင့်ထဲ တိုက်ရိုက် သွင်းသူက သွင်းနေကြပြီနော်။

ICO Seed Round အသေးစိတ် သတ်မှတ် စည်းကမ်းချက်များ ကို အချိန်နဲ့ တပြေးညီထုတ်ပြန်ပေးသွားမှာ ဖြစ်လို့ ဆက်ဆက် စောင့်မျှော်ကြရအောင် ။

➡️ နွေဦးဘဏ် အကောင့်ဖွင့်ရန်
https://app.springdevelopmentbank.com/register

➡️ နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity

စွမ်းရည်လင်း Foundation ကိုအဓိကဝင်ငွေစီးကြောင်း ၃ ခုနဲ့ရပ်တည်ဖို့စဥ်းစားထားပါတယ်ဗျ။ပထမဆုံးပင်မဝင်ငွေကတော့ မဟာချိုစာပေကထု...
10/11/2023

စွမ်းရည်လင်း Foundation ကို
အဓိကဝင်ငွေစီးကြောင်း ၃ ခုနဲ့ရပ်တည်ဖို့စဥ်းစားထားပါတယ်ဗျ။

ပထမဆုံးပင်မဝင်ငွေကတော့ မဟာချိုစာပေကထုတ်ဝေတဲ့ ပညာအလံနှင့်မောင်းပြန်နေတဲ့မိန်းမနှင့်နောက်ပိုင်းထွက်မယ့် ပုံနှိပ်စာအုပ်တိုင်းရဲ့အမြတ်ငွေ ၁၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဒုတိယပင်မဝင်ငွေကတော့ Mahar cho - မဟာချို YouTube channel
(ငွေစတင်ဝင်နေပြီဖြစ်တာမို့ လာရောက်ကြည့်ရှုပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျ)
https://youtu.be/cZxNftpX8Es?si=yt7w21VKuTh49D3w
ရဲ့ ဝင်ငွေ ၈၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။

တတိယပင်မဝင်ငွေကတော့
မဟာချိုစာပေကိုအားပေးကြသူများရဲ့ မတည်အလှူငွေများပဲ ဖြစ်ပါတယ်ခင်ဗျ။

ဒီဝင်ငွေအားလုံးကိုနွေဦးဘဏ်မှာအပ်နှံထားမှာဖြစ်ပြီး
ကာလတစ်ခုရောက်မှသာထုတ်ယူမျှဝေသွားမှာမို့ တလရကိုကူရာရောက်သလိုအနာဂါတ်ကာလမှာကျနော်တို့ရဲ့ တာဝန်သိမှုကိုလည်းပေါ်လွင်လာစေမှာဖြစ်ပါတယ်ခင်ဗျ။

အားလုံးပူးပေါင်းပါဝင်ပေးနိုင်ကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျ။

မဟာချို

ရည်ရွယ်ချက် ၅ ခုနှင့်စွမ်းရည်လင်းFoundation ၁။ခန္ဓာကိုယ်အစိတ်ပိုင်းတချို့ပေးဆပ်ခဲ့ရသောညီအကိုများအား လစဥ်လစာကဲ့သို့ တသက်တ...
10/11/2023

ရည်ရွယ်ချက် ၅ ခုနှင့်စွမ်းရည်လင်းFoundation

၁။
ခန္ဓာကိုယ်အစိတ်ပိုင်းတချို့ပေးဆပ်ခဲ့ရသောညီအကိုများအား လစဥ်လစာကဲ့သို့ တသက်တာလုံးဂုဏ်ပြုပေးသွားနိုင်ရန်
(အောင်မြင်ပြီးကာလမှစတင်မည်)

၂။
ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ပေးဆပ်ခဲ့ရသောညီအကိုများ
မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းဖြစ်ရပ်ဆိုးများမှ ကင်းဝေးစေရန်

၃။
ပြန်လည်ကျန်းမာလာသော
ညီအကိုများနှင့် ပူးပေါင်းပြီး
လူသားအကျိုးပြုလုပ်ငန်းများ
ဆက်လက်ဆောင်ရွက်နိုင်ရန်

၄။
SDB ဘဏ်၌စုထားသော စွမ်းရည်လင်း Foundation ၏
ငွေကြေးများအား ယခုကာလအတွင်း
လုံးဝပြန်လည်ထုတ်ယူမည်မဟုတ်သောကြောင့် အစိုးရ၏အကောင်အထည်ဖော်ဆဲ
လုပ်ငန်းဆောင်တာများလည်ပတ်ရာတွင် အကျိုးရှိစွာ
ထည့်သွင်းလည်ပတ်နိုင်စေရန်

၅။
မိမိတို့ထက်
ပိုမိုစွမ်းဆောင်နိုင်ရည်မြင့်သောသူများမှဦးဆောင်၍
ရဲဝံ့စွာပေးဆပ်ခဲ့သောညီအကိုများအတွက် ကြိုတင်ပြင်ဆင်ပေးထားဖို့လိုအပ်ကြောင်း နှိုးဆော်နိုင်ရန်

ယခု post နှင့်ပတ်သတ်ပြီး
အလှူငွေတစုံတစ်ရာပေးပို့လှူဒါန်းခြင်းသည်းခံပါခင်ဗျာ။

လေးစားလျက်
မဟာချို

ထီးချိုင့်တွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး  တိုက်လေယာဉ်ဖြင့် ဗုံးများ ဆက်တိုက်ကျဲချ၊ ...
10/11/2023

ထီးချိုင့်တွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး တိုက်လေယာဉ်ဖြင့် ဗုံးများ ဆက်တိုက်ကျဲချ၊ စစ်သားတချို့ တိုက် လေယာဉ်က ပစ်ချသော ဗုံးထိမှန်၍ သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ ၃ ရက်မြောက်အဖြစ် ဆက်လက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ဆက်လက်လုပ်ဆောင်နေကြောင်း ထီးချိုင့်- ပြည်သူ့ကာကွယ်ရေးမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့မှစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ထီးချိုင့်မြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် စတင်တိုက်ခိုက်ပြီး ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင်လည်း ၃ ရက်ဆက်တိုက် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ ထီးချိုင့်မြို့မှ ပြည်သူများ ပိတ်မိနေကြောင်း သိရှိရသည်။

“လေယာဉ်တွေနဲ့ ဗုံးကျဲတာ မီးရှို့နေပါတယ်။ အလွန်ဆိုးရွားနေပါတယ်။ လောလောဆယ် မြို့ထဲကျန်ခဲ့တဲ့ ပြည်သူတွေက ဘုန်းကြီးကျောင်းတွေမှာ ပုန်းရှောင်ပိတ်မိနေပါတယ်” ဟု ထီးချိုင့်- ပြည်သူ့ကာကွယ်ရေးမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

စစ်တပ်က လက်နက်ကြီးများဖြင့် နိုဝင်ဘာ ၉ ရက်နေ့ ညပိုင်းကတည်းက လက်ရှိအချိန်အထိ အဆက်အပြတ်ပစ်ခတ်နေပြီး လေယာဉ်ဖြင့်လည်း ဆက်တိုက် ဗုံးကျဲနေကြောင်း သိရှိရသည်။

“အမှတ် ၃ ရပ်ကွက်က တည်းခိုခန်းကတော့ လုံးဝ ပျက်စီးသွားတယ်လို့ သိထားပါတယ်။ လောလောဆယ် လက်နက်ကြီးတွေနဲ့ မနေ့ညကတည်းက ဆက်တိုက် ပစ်နေတာ လေယာဉ်နဲ့လည်း ဒီမနက်တင် ၂ခါ ဗုံးကျဲသွားတာ ” ဟု ထီးချိုင့်- ပြည်သူ့ကာကွယ်ရေးမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းဖြင့် ပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ပါ ထိမှန် သေဆုံးမှုများရှိပြီး သက်ကြီးပိုင်း စစ်သားများ သေဆုံးကြကြောင်း၊ လေယာဉ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေ၍ စစ်ဘေးရှောင်ပြည်သူများအတွက် စိုးရိမ်ပူပန်စရာဖြစ်နေကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရှိရသည်။

ထို့ပြင် စစ်တပ်က ထီးချိုင့်မြို့ထဲတွင် နိုဝင်ဘာ ၉ ရက်နေ့ ဆန်အိတ်များကို လုယက်ခဲ့ပြီး ပိုင်ရှင်ဖြစ်သူ အဘိုး ၁ ဦးကိုလည်း စစ်တပ်က သတ်ဖြတ်သွားကြောင်း သိရှိရသည်။

"မနေ့က စစ်သားတွေက ဆန်အိတ်တွေကို ခိုးထုတ်ပြီး ပိုင်ရှင် အသက်ကြီးပိုင်းအဘိုးကို သတ်သွားပါတယ်” ဟု ထီးချိုင့်- ပြည်သူ့ကာကွယ်ရေးမှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာတချို့ မီးလောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Credits
ခေတ်သစ်

10/11/2023

စွမ်းရည်လင်း Foundation page ရဲ့ Logo တွေမရခင်အထိ လက်ရှိပုံတွေကိုအသုံးပြုထားပါမယ်ဗျ ။

Admin
#မဟာချို

◼️၁၁၁၁ နေ့မှာ အောင်သပြေလူထုလှုပ်ရှားမှု တနိုင်ငံလုံး ပြုလုပ်မည်၉ နိုဝင်ဘာ ||| နွေဦးအသံ ||| "၁၀၂၇ လှိုင်းတွေကို အောင်သပြေ...
10/11/2023

◼️၁၁၁၁ နေ့မှာ အောင်သပြေလူထုလှုပ်ရှားမှု တနိုင်ငံလုံး ပြုလုပ်မည်

၉ နိုဝင်ဘာ ||| နွေဦးအသံ |||

"၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ ကြိုဆို" ဆိုတဲ့ လူထုသပိတ်ကို လာမယ့် နိုဝင်ဘာ ၁၁ ရက် (၁၁၁၁ နေ့) မှာ တနိုင်ငံလုံးရှိ ပြည်သူတွေနဲ့အတူ အောင်အတိတ်၊ အောင်နမိတ်ဆောင်တဲ့ သပြေပန်းတွေနဲ့ "အောင်သပြေလူထုလှုပ်ရှားမှု" ပြုလုပ်မယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB)က ကြေညာထားပါတယ်။

ပြည်သူတွေအနေနဲ့ သပြေပန်းကို ပန်ဆင်ခြင်း၊ ရင်မှာထိုးခြင်း၊ ဘုရားကပ်လှူခြင်း၊ စားပွဲတွင်ထိုးခြင်း၊ အိမ်ရှေ့ကပ်ဆွဲခြင်း၊ သပြေပန်းကိုင်ဆောင်ကာ လူထုသပိတ်တွေ ဆင်နွှဲခြင်း စသဖြင့် အောင်သပြေလူထုလှုပ်ရှားမှုကို ဖော်ဆောင်နိုင်ကြောင်းနှင့် အခြေအနေပေးတဲ့ ပြည်သူတွေက လူမှုကွန်ရက်တွင် မျှဝေပြီး ပုံစံမျိုးစုံနဲ့ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်ခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့မှ တပ်မှူးတပ်သား၊ အရာရှိ၊ အရာခံ၊အကြပ်၊ စစ်သည်၊ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း စစ်ဗိုလ်ချုပ်ဆိုးတွေရဲ့ အကျိုးစီးပွားအတွက် ကိုယ့်အသက်ကို အလဟဿ အဆုံးရှုံးမခံကြဘဲ ဖက်ဆစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ကိုလည်း တိုက်တွန်းမေတ္တာရပ်ခံထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring




✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

ကနီမြို့နယ်တွင် စစ်ကောင်စီ ဖလပ်မော်တော် ၂ စီးနှင့် တွန်းသင်္ဘော ၂ စီး စုစုပေါင်း သင်္ဘော ၄ စီးကို  တော်လှန်ရေးတပ်ဖွဲ့မျာ...
09/11/2023

ကနီမြို့နယ်တွင် စစ်ကောင်စီ ဖလပ်မော်တော် ၂ စီးနှင့် တွန်းသင်္ဘော ၂ စီး စုစုပေါင်း သင်္ဘော ၄ စီးကို တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံသိမ်းဆည်းရရှိ

■ သစ်လုံးရေ ၂၀၀ ၊ ဒီဇယ်ပီပါ ၁၀၀ ၊ သစ်တင် ၁၂ ဘီးကား ၂ စီး၊ ဆိုင်ကယ်နှင့်ယာဉ်များစွာပါ သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီ ဖလပ်မော်တော် ၄ စီးကို တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံသိမ်းဆည်းရရှိကြောင်း ဒေသကာကွယ်ရေးခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၆ နာရီအချိန် စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ ချင်းတွင်မြစ်အတွင်း ပန်းဆိုင်းဆိပ်ကမ်းအနီးရှိ စစ်ကောင်စီ ဖလပ်ခွံမော်တော် ၂ စီးနှင့် တွန်းသင်္ဘော ၂စီး ကို ဒေသခပြည်သူကာကွယ်ရေးတပ်က သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုဝင်ဘာ၅ ရက်နေ့ ကတည်းက စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်များ ၄ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ဖလပ်ခွံ၂စီး နှင့် တွန်းသင်္ဘော ၂စီးကို သိမ်းဆည်းခဲ့ကြောင်း၊ သင်္ဘောပေါ်မှ စစ်သားများမှာ သင်္ဘောကို စွန့်ခွာ၍ ကနီမြို့သို့ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

"မနေ့ ည ၈ နာရီလောက်ကတည်းက တိုက်ပွဲကဖြစ်နေတာ။ ည၁၂နာရီလောက်ရောက်တော့ ဖလပ်ခွံပေါ်မှာ လိုက်ပါလာတဲ့စစ်သားတွေ နောက်တွန်း မော်တော်တစ်စီးနဲ့ ဖလပ်ခွံတွေပစ်ထားခဲ့ပြီး ကနီမြို့ဆိပ်ကမ်းကို ပြန်ဆုတ်သွားတယ်။ မနက်ခင်း၆နာရီလောက်ရောက်တော့ ကျွန်တော်တို့ သင်္ဘောကိုသိမ်းယူနိုင်ခဲ့တာပါ" ဟု ကနီပြည်သူကာကွယ်ရေးခေါင်းဆောာင်က ရှင်းပြသည်။

စစ်ကောင်စီ၏ သင်္ဘောများပေါ်မှာ သစ်အလုံးအရေ၂၀၀၊ ဒီဇယ်ပီပါ၁၀၀ကျော်၊ သစ်တင် ၁၂ ဘီးကား၂ စီး၊ ဆိုင်ကယ် ၅ စီးအပြင် မြင်း၂ ကောင်၊ရေတင်စက်များကို ပြည်သူကာကွယ်ရေးတပ်များက သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ခေတ်သစ်

Address

Rajshahi Division

Website

Alerts

Be the first to know and let us send you an email when စွမ်းရည်လင်း Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to စွမ်းရည်လင်း Foundation:

Videos

Share

Nearby media companies


Other Digital creator in Rajshahi Division

Show All