MH Record

MH Record Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MH Record, Record Label, Rajshahi Division.

ထွက်မယ်နော်
09/11/2023

ထွက်မယ်နော်

အသည်းကွဲအရက်သမား သီချင်းလေးကို Music Video လေးနဲ့
အကောင်းဆုံး ကြိုးစား ထားပါတယ်ဗျ မကြာမှီ တင်ပေးပါမယ်နော်

သီချင်းသွင်းချင်တဲ့ ညီကိုတွေ ကြိုဆိုပါတယ်MH Record. လိူင်သာယာရုံးရှေ့မှတ်တိုင်ကျန်စစ်မင်းအိမ်ယာ09960344364
03/11/2023

သီချင်းသွင်းချင်တဲ့ ညီကိုတွေ ကြိုဆိုပါတယ်

MH Record. လိူင်သာယာရုံးရှေ့မှတ်တိုင်ကျန်စစ်မင်းအိမ်ယာ

09960344364

MH RECORD မှကြိုဆိုပါတယ်ဗျ09 960 344 364
30/10/2023

MH RECORD မှကြိုဆိုပါတယ်ဗျ

09 960 344 364

12/05/2023

Beat Mix

08/05/2023

Cover Mixing လုပ်

10/04/2023

😐😐😐😐

03/04/2023
ထည့်လို့ကိုမပြီးတော့ဘူး ဒီအခန်းလေးကို
07/02/2023

ထည့်လို့ကိုမပြီးတော့ဘူး ဒီအခန်းလေးကို

25/01/2023

MH Record မှာအကုန်ရနေပါပြီနော် စျေးသက်သာ Quality ကောင်းကောင်းနဲ့
ရိုက်လို့ရပါပြီနော်

06/01/2023

Welcome. ပါ ညီကိုတို့ ရေ

နေမကောင်းလဲ အလုပ်တွေကြိုးစား နေပါတယ်ဗျ✌
06/01/2023

နေမကောင်းလဲ အလုပ်တွေကြိုးစား နေပါတယ်ဗျ✌

07/10/2022

Mixing လုပ်✌

21/07/2022

Beatတီးပေးထားပါတယ်ဗျ

05/05/2022

အချစ်ဦး

03/03/2022

မီးတွေ ပျက်နေတာကြောင့် Mixing အပ်ထားတဲ့ သူတွေရော beatအပ်ထားတဲ့သူတွေရော ခနစောင့်ပေးပါဗျာ

👉👉 Vocal Knowledge 👈👈မိမိကိုယ်တိုင် အသံပွင့်အောင်လုပ်နည်း``ကျွန်တော့်ရဲ့အသံက မပွင့်ဘူးဆရာ´´``သမီးသီချင်းဆိုတာ အားအရမ်းစိ...
22/01/2022

👉👉 Vocal Knowledge 👈👈

မိမိကိုယ်တိုင် အသံပွင့်အောင်လုပ်နည်း

``ကျွန်တော့်ရဲ့အသံက မပွင့်ဘူးဆရာ´´
``သမီးသီချင်းဆိုတာ အားအရမ်းစိုက်ပြီးပင်ပန်းတယ်ဆရာ´´
``သီချင်းဆိုရင် အရမ်းမမြင့်တဲ့နေရာမှာတောင် အော်လိုမရဘူးဖြစ်နေတယ်´´
``ဆရာရေ ကျွန်တော့်အသံက တစ်ချို့စာသားတွေမှာဆိုနေရင်းနဲ့ လေကုန်သွားတယ်ဗျာ´´

စသဖြင့် အစရှိတဲ့ ပြဿနာတွေက မြန်မာနိုင်ငံမှာ အမှန်တကယ်ကိုအဖြစ်များကိုများပါတယ်...ဘာကြောင့်လဲဆိုရင် အသံကိုဖွင့်ဆိုဖို့အတွက် ရှက်တာ.....
နောက်တစ်ချက်က အိမ်မှာတောင်လေ့ကျင့်ဖို့မရဲကြတာပါ..

ဒီနေ့ကတော့ အဆိုပညာကို အမှန်တကယ်လိုချင်ပြီး အဆိုတော်တဲ့ အဆိုတော်ဘဝကိုစတင်မယ့်သူတွေသာမက အဆိုတော်လောကမှာပါ အသံပွင့်အောင်မဆိုတတ်သေးတဲ့သူများအားလုံးအတွက်ရည်ရွယ်ပါတယ်.....

အသံပိတ်ခြင်း ဖွင့်ခြင်းဆိုတာ Vocal Cord တစ်ခုတည်းနဲ့အလုပ်လုပ်တာလို့ပြောလို့ရပေမယ့် ကိုယ့်ရဲ့ ပါးစပ်အယူအဆမှားယွင်းမှုတွေ အသံကြွက်သားအင်အားမဖွံ့ဖြိုးသေးတာတွေ အသံထုတ်တဲ့စနစ်အာရုံစိုက်မှု လွဲမှားနေတာတွေကြောင့် အသံဟာပိတ်နေတတ်ပါတယ်

အသံပိတ်နေတဲ့သူတွေဟာ အသံအားစိုက်အာရုံပြုမှုကို လည်ချောင်း နှာခေါင်း တို့နဲ့အသုံးပြုလေ့ရှိကြပါတယ် လွတ်လွတ်လပ်လပ်အော်ဟစ်ရမှာကို ရှက်ရင်းစွဲရှိရင်းကနေ အသံမပွင့်တော့ပါဘူး...

အသံဖွင့်ထုတ်ဖို့စတင်ကြိုးစားတဲ့သူတွေမှာစတင်တွေ့ရတဲ့ပြဿနာက အသံယိုင်တာပါဘဲ
မကြောက်ပါနဲ့ ယိုင်ပါစေဆက်သွားပါ အချို့က အသံကိုစဖွင့်တတ်လာတဲ့အခါ အသံယိုင်တာကိုခံစားရတဲ့အတွက် ``နားထောင်မကောင်းဘူးထင်တယ်´´လို့တွေးပြီး အသံကို မူလအတိုင်း ပိတ်မြဲပိတ်လျက် ဘဝတစ်လျှောက်လုံး သီဆိုသွားတော့တာပါဘဲ.....

အသံဖွင့်ထုတ်ဖို့နည်းစနစ်ကို လက်ငင်းချက်ချင်းနားလည်အောင်​စာနဲ့တင်ပြောပြလို့ရပေမယ့် သိသင့်သိထိုက်တာလေးတွေ သိစေချင်တဲ့အတွက် ချက်ကျလက်ကျရေးထားတာမို့ ဖတ်ရမှာမပျင်းပါနဲ့ နားလည်သွားတဲ့အခါ ကောင်းမွန်တဲ့ ဘဝတစ်ဆစ်ချိုးသွားနိုင်ပါတယ်....

အဆောင်ရှေ့ကသီချင်းဆိုသံတွေ အိမ်နားကသီဆိုသံတွေ ရေချိုးခန်းထဲမှာအပျော်တမ်းသီဆိုမှုတွေ အလှုပွဲတွေ ဆရာကန်တော့ပွဲတွေ မင်္ဂလာဆောင်တွေ စသဖြင့် အခြားသူတွေရဲ့ သီဆိုမှုတွေကို ခဏခဏကြားဖူးမှာပါ....ကြားဖူးလို့လဲ သူတို့ရဲ့အသံတွေကိုနားထဲမှာစွဲလာတယ် သူတို့ရဲ့အသံထုတ်စနစ်ဟာမှန်ရင် ပြဿနာမရှိဘူး နားမလည်သေးတဲ့လေ့လာသူတစ်ယောက်အတွက်ကျတော့ မပွင့်သေးတဲ့အသံတွေကို ကြားဖန်များလာတဲ့အခါ မူလကိုယ်တိုင်ကိုကရှက်ရွံစိတ်ကြောင့် အသံထုတ်တာဟာ ဘာမှသိစရာမလိုဘူးထင်ပြီး မဖွင့်ထုတ်ဘဲဆိုမိသွားရော...
အဲ့လိုနဲ့ဘဲ Good Voice တို့ဆီမှာက ရှက်တဲ့စိတ်တွေများကြတာကတစ်ကြောင်း အသံထုတ်စနစ်ကိုမသိတာကတစ်ကြောင်းကြောင့် အသံပွင့်တဲ့သူတောင်ရှားလာရပါတော့တယ်

(အသံကိုဖွင့်တတ်ရင်ကျန်တာအကုန်လွယ်ပြီ)

ဟုတ်တယ် အသံကိုဖွင့်ထုတ်တတ်သွားရင် ကျန်တာကအကုန်လွယ်သွားပြီ မယုံမရှိပါနဲ့ နည်းစနစ်ကျကျသာလေ့လာလိုက် ကျန်တာက Minor ဖြစ်ပြီ....

အသံဖွင့်ထုတ်ခြင်းသဘောကိုနားမလည်တဲ့ လူအယောက်(၁၀၀)မှာ
လူ ၈၀ လောက်က အသံကောဒ့်တွေကို ပိတ်ပြီးချုပ်တည်းပြီးသီဆိုတတ်ကြတယ် ကျန်တဲ့လူ ၂၀လောက်ကျတော့ အားကုန်ဖွင့်ပြီးအော်တော့တာဘဲ.....
အားကုန်အော်တဲ့သူကလည်း Vocal Damage တွေဖြစ်လိုဖြစ် ချုပ်တဲ့သူကလည်း ဆိုလို့မရ အကုန်လုံးသွားရော.....

International Singer တွေကိုညွှန်းမပြချင်ပါဘူး တော်ကြာဖတ်နေရင်းတန်းလန်းနဲ့ Youtube တွေပြေးခေါက်ကြမှာစိုးလို့ ပြေးခေါက်လို့နားလည်သွားရင်တော့မဆိုးဘူး ​ဒါပေသည့် နားလည်းမလည်ရော ဂျာအေးကိုသူ့အမေရိုက်ပါလေရော အဲ့တာနဲ့ဘဲ တကယ်ဝါသနာပါပြီးနားမလည်တော့ စိတ်ဓာတ်ကကျလာရော ခက်တော့တာပေါ့.....

အမှန်တကယ် အသံပွင့်လာတဲ့အခါ အသံကိုကျယ်အောင်လေ့ကျင့်စရာမလိုတော့ဘဲ အသံဟာကျယ်ကိုကျယ်လာပါတော့တယ်...အဲ့တာကြောင့်လည်း အသံထုတ်စနစ်ကောင်းတဲ့သူတွေဟာ မိုက်မလိုလောက်အောင် Powerful Voice ဖြစ်လာပါတယ်....ဒီနေရာမှာနားလည်ရမှာက အသံကိုကျယ်အောင်အားစိုက်လေ့ကျင့်ယူရင်တော့ အသံနာတာ အသံပျက်စီးတာတွေဘဲဖြစ်လာမှာပါ.....ဆိုတော့ ``အသံကိုကျယ်အောင်မကျင့်ပါနဲ့ ပွင့်လာအောင်လေ့ကျင့်ပါ´´ လို့ပြောချင်ပါတယ်....

အသံကပွင့်လာပြီး အသားကျလာတဲ့အခါ ကျယ်လာတဲ့အခါ မိမိရဲ့ရှက်ရွံစိတ်ကြောင့်ဘဲ အသံကိုပြန်ချုပ်ပြီးသီဆိုမိသွားတတ်တာမို့ အသံပွင့်အောင်ဆိုတတ်လာတဲ့အခါမှာလည်း ပြန်လည်ချုပ်တည်းပြီး မသီဆိုဖို့တော့မှာပါရစေ....မှတ်သားရမှာက
``အသံကိုဖွင့်ဆိုတတ်လာရင် အသံပိတ်ဆိုတဲ့အလေ့အထကို ရပ်နားလိုက်ပါ´´.......

အသံဖွင့်ဆိုတဲ့သူနဲ့ပိတ်ဆိုတဲ့သူမှာ ကွာခြားချက်တွေအများကြီးပါဘဲ အသံထုတ်တဲ့နေရာ လေအထားအသို နားထောင်ရတဲ့ရသ အသံအင်အား အသံရဲ့ဂုဏ်အရည်အသွေး (Vocal Quality) စသဖြင့် စသဖြင့် အများကြီးကိုကွာတာပါ....
ဒါဆိုရင် ဒီအချက်တွေအားလုံးကိုသိဖို့အတွက် ခက်သလားမေးပြန်ရင်လည်း မခက်ခဲဘူးလို့ဘဲ ပြန်ဖြေမှာပါ....ဒီနေရာမှာတော့အသံဖွင့်ထုတ်နည်းကိုဘဲတင်ပြပေးပါမယ်....

အသံဖွင့်တယ် အသံပွင့်တယ်ဆိုတာ လေကိုပိတ်ဆို့ထားတာမျိုး လေတွေကိုအားစိုက်တွန်းတာမျိုးမဟုတ်ပါဘူး...ရိုးရိုးစင်းစင်းမှတ်သားရရင် လေကိုနည်းနည်းပေးပြီး အသံကိုများများထုတ်ရမှာပါ....

အချို့က တော်တော်များများက အသက်ရှုလေ့ကျင့်ခန်း​မလုပ်တတ်လို့မပွင့်ဘူးထင်နေကြတာများတယ် အမှန်တော့ အသက်ရှုလေ့ကျင့်ခန်းနဲ့ဆက်စပ်မှု ၊ အဆုတ်နဲ့ဆက်စပ်မှုရှိတယ်လို့ဆိုပေမယ့် အသံကောဒ့်နဲ့ပိုဆိုင်တာပါ....

အဲ့တာလေးတွေမှတ်ထားလိုက်ရင်လုံလောက်ပြီ....ဒါဆိုရင်အသံပွင့်လာစေတဲ့ အလွယ်ကူဆုံးနည်းစနစ် ၂မျိုးကိုပြောပြပေးချင်ပါတယ်....အလွန်လွယ်ကူပေမယ့်
တန်ဖိုးထားစေချင်ပါတယ်....အချို့ဆိုအသံဖွင့်မထုတ်တတ်လို့ နှစ်ပေါက်နေကြတဲ့သီဆိုသူတွေအများကြီးပါ အဲ့ဒီအတွက်ကြောင့်လည်း ထပ်မံပြောပါရစေ တန်ဖိုးထားပါ....

အသံဖွင့်ထုတ်တော့မယ်ဆိုရင် သီဆိုဖို့အဆင်ပြေမယ့်နေရာတစ်ခုကိုရှာပါ
ခန္ဓာကိုယ်ကိုသက်တောင့်သက်သာရှိပါစေ ဒါဆိုရင် အဆင်ပြေပါပြီ...

ပထမတစ်နည်းက ``သမ်း´´ တာဖြစ်ပါတယ် မအံ့သြသွားပါနဲ့ ဟုတ်ပါတယ် အိပ်ချင်လာတဲ့အခါ သမ်းတာကိုဘဲပြောတာပါ မိမိပါးစပ်ကနေ သမ်းကြည့်ပါ အချိန်ရှည်ရှည်ဆွဲသမ်းကြည့်ပါ လေကုန်ခါနီးလာလေလေ မိမိအသံထုတ်စနစ်ဟာ လည်ချောင်းမှာမရှိတော့ဘဲ ရင်ခေါင်းကိုအာရုံပြုပြောင်းလဲသွားပါမယ် ထိုအချက်ကိုမှတ်သားပါ (၁၀)ကြိမ်လောက်လုပ်ကြည့်ပါ....အဲ့လိုလုပ်တဲ့အခါမှာ အနိမ့်သံရောက်လေလေ အသံက ရင်ခေါင်းကဖြစ်လေလေ ရင်ခေါင်းကဖြစ်လာလေလေ အသံလုံးကပိုထူပိုကြီးပိုသြနေပါလိမ့်မယ်...

ဒါဆိုရင် သြနေတဲ့အသံကြီးအတိုင်း အနိမ့်သံနေရာတွေကိုအသံသြကြီးနဲ့ဆိုရမယ်လို့ထင်လာပါလိမ့်မယ် မဟုတ်ပါဘူး ရင်ခေါင်းအာရုံပြုထားတဲ့နေရာကိုယူဆိုရမှာပါ တမင်သြပြီးဆိုရမှာမဟုတ်ပါဘူး အဲ့တာဟာ အသံဖွင့်ထုတ်ဖို့အတွက်အကောင်းဆုံးချဥ်းကပ်မှုဖြစ်ပါတယ် မရှင်းသေးရင်အခါခါဖတ်ပါ....ပြန်ပြောမယ်နော်...သမ်းလိုက်လို့အနိမ့်သံရောက်သွားတဲ့အခါမှာ အသံသြကြီးထွက်နေလိမ့်မယ် အဲ့တာဟာ သမ်းလိုက်တဲ့အတွက်ရင်ခေါင်းအားပြုမှုအများကြီးသုံးထားရလို့ သြနေတာပါ မိမိသီချင်းဆိုတဲ့အခါမှာတော့ တမင်သြပြီးမသီဆိုပါနဲ့....

ဆိုလိုချင်တာက Note အနိမ့်တွေရောက်လာလေလေ ရင်ခေါင်းအားပြုမှုပိုသုံးလေလေဆိုတဲ့ သဘောကိုပြောချင်တာပါ (ရင်ခေါင်းအားပြုမှုရအောင် ချဥ်းကပ်တာက ``သမ်း´´တာ ဒီသဘော...)

ဒုတိယနည်းကလည်းလွယ်တယ် ပထမဦးဆုံးမိမိရဲ့မိသားစုနဲ့စကားပြောနေသလို သူငယ်ချင်းတစ်ယောက်နဲ့စကားပြောနေသလို တစ်ခုခုကိုပြောကြည့်ပါ (ဥပမာ - `ထမင်းစားမကောင်းဘူးကွာ....´ ၊ `ညနေကျရင်လေ့ကျင့်ခန်းလုပ်အုန်းမယ်....´ စသဖြင့်).....အဲ့လို လွတ်လွတ်လပ်လပ်ထွက်နေတဲ့အသံကိုမှတ်သားပါ....

ခုနကအတိုင်း စကားပြန်ပြောပါ ပြီးရင် ခုနက အသံကျယ်နှုန်းအတိုင်း သီချင်းတစ်ကြောင်းစဆိုပါ (၁၀)ကြိမ်လောက်စမ်းမယ် ဦးနှောက်နဲ့မှတ်မယ် စကားပြောသံနဲ့ သီချင်းဆိုသံ ညီအောင်ညှိပါ...

စကားတစ်ခွန်းပြောမယ် သီချင်းတစ်ကြောင်းဆိုမယ် ဟုတ်ပြီနော်....

စကားတော့ပြောတာအဆင်ပြေပြီး သီချင်းဆိုတော့ပြန်ပြီးပိတ်ထားမိခဲ့ရင်တောင် သတိပြုမိသွားတဲ့အတွက် ``အော် အတော်ကိုလွယ်တာပါလား´´ဆိုပြီး ပျော်ရွှင်ရမှာပါ...ဒါ့ကြောင့် ဒီစနစ်လေးကို အသားကျအောင်ခဏခဏလုပ်ပေးပါ....မကြာခဏလုပ်လာတဲ့အခါမှာ အသံကောဒ့်တွေခိုင်မာလာပြီး အသံပွင့်သွားပါလိမ့်မယ်....

တစ်ခုရှိတာက ( ၂)နည်းစလုံးကိုလုပ်ပြီးအသံပွင့်လာပေမယ့် လူရှေ့သူရှေ့ရောက်ရော ဖွင့်မဆိုတော့ဘဲ ပြန်ပိတ်ဆိုပြန်ရော အဲ့တာနဲ့တင် သံသရာလည်နေပြန်ရော
မှာချင်တာက ဘယ်နေရာရောက်နေနေ ဖွင့်ဆိုဖို့ပါဘဲ... ကနဦးအစပိုင်းမှာ အသံဖွင့်ပြီးဆိုတတ်လာသူတစ်ယောက်အနေနဲ့ မိမိရဲ့အသံအသစ်ကိုစတင်လိုက်ရတာမို့ ယိုင်သလိုလိုရှိနေပေမယ့် အချိန်ကြာလာတဲ့အခါမှာ လုံးဝကြီးကို ခိုင်မာတဲ့ လွတ်လပ်တဲ့ ပွင့်လင်းတဲ့အသံကိုရရှိသွားမှာဘဲဖြစ်ပါတယ်...

ဘယ်နေရာရောက်ရောက် ယုံကြည်မှုအပြည်နဲ့သီဆိုနိုင်ဖို့.....လွယ်ကူစွာနဲ့အဆင်ပြေကြဖို့....အဆိုတော်တဲ့ အဆိုတော်ကြီးတွေဖြစ်ကြဖို့...မျှော်လင့်နေမှာပါ....

Good Voice

08/01/2022
🤔
12/12/2021

🤔

Address

Rajshahi Division

Telephone

+959960344364

Website

Alerts

Be the first to know and let us send you an email when MH Record posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

Nearby media companies