Pro Myo Lin

Pro Myo Lin I'm poet i write poetry.

(Journalism ဘာသာရပ် ဆိုသည်မှာ )Journalism ဘာသာရပ်ဟာ ဘယ်လိုဘာသာရပ်လဲ လူထုကို ရော ဘယ်လောက်ထိ အကျိုးပြုနေလဲ ဆိုတဲ့ အကြောင်း...
14/01/2025

(Journalism ဘာသာရပ် ဆိုသည်မှာ )

Journalism ဘာသာရပ်ဟာ ဘယ်လိုဘာသာရပ်လဲ လူထုကို ရော ဘယ်လောက်ထိ အကျိုးပြုနေလဲ ဆိုတဲ့ အကြောင်းအရာတွေကို သိချင်တယ်ဆိုရင်တော့ ဆက်လက်ပြီး ဖတ်ရှုအားပေးပါအုန်းနော်။

၁။ Journalism ဆိုတာ..

Journalism လို့ပြောလိုက်ရင် သတင်းစုဆောင်းခြင်း၊ သတင်းတင်ပြခြင်း ပညာရပ်ရယ်လို့ယေဘုယျအားဖြင့်ဆိုရမှာပါ။ Journalism ဘာသာရပ်က မီဒီယာလုပ်ငန်းများအတွက်တော့ မရှိမဖြစ်ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ မီဒီယာလုပ်ငန်းထဲမှာမှ အဓိကအားဖြင့် ပုံနှိပ်မီဒီယာ (Printing Media) နဲ့ ရုပ်သံမီဒီယာ (electronic media)ဆိုပြီး အဓိကခွဲခြားထားပါတယ်။ သတင်းစာ၊ ဂျာနယ် မဂ္ဂဇင်း လုပ်ငန်းတွေက Printing Media လုပ်ငန်းဖြစ်ပြီး၊ ရေဒီယို၊ တီဗွီ၊ အင်တာနက် တွေမှာ သတင်းထုတ်လွှင့်နေတဲ့လုပ်ငန်းတွေကတော့ electronic media တေွဖြစ်ပါတယ်။

Journalism ဘာသာရပ်မှာတော့ Printing Media ရော Electronic Media အတွက်မှာပါလိုအပ်တဲ့ ပညာရပ်တွေကို သင်ယူရမှာဖြစ်ပါတယ်။ သတင်းရေးသားခြင်းပညာ၊ သတင်းစုဆောင်းခြင်းပညာ၊ ရိုက်ကူးခြင်းများနဲ့ တည်းဖြတ်ခြင်းပညာ၊ မီဒီယာကျင့်ဝတ်၊ မီဒီယာဥပဒေ၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးအကြောင်းတွေကအစ သင်ကြားရမှာဖြစ်ပါတယ်။ ချုံငုံပြောရရင်တော့ ပြည်သူလူထု ကို ဘယ်လို ပညာပေးမလဲ? ဘယ်လို အသိအမြင်ပေးမလဲ? ဘယ်လိုသတင်းပေးမလဲ? ဆိုတဲ့ Journalism ပညာရပ်က တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်တစ်ခုဖြစ်တဲ့ Media လုပ်ငန်းအတွက်အထောက်အကူဖြစ်သလို မီဒီယာရဲ့ အခန်းဂဏ္ဍက တိုင်းပြည်အတွက် ပိုမိုအရေးပါလာတာကြောင့် journalism ဘာသာရပ်က တိုင်းပြည်အကျိုးပြုဘာသာရပ်တစ်ခုဖြစ်ပါတယ်။

၂။ ဘာကြောင့်အရေးကြီးတာလဲ?

ယနေ့ခေတ်မှာ Media လုပ်ငန်းများလည်း ပိုမိုကျယ်ပြန့်လာသလို Media လုပ်ငန်းဆိုတာ တိုင်းပြည်တိုးတက်မှုအတွက် အပြုသဘောဆောင်တဲ့လုပ်ငန်းများဖြစ်ပါတယ်။ သတင်းမရှိတဲ့ နေရာတစ်ခုက ခေတ်နောက်ကျ တဲ့နေရာတစ်ခု၊ တိုးတက်မှုမရှိတဲ့နေရာတစ်ခု လို့သတ်မှတ်နိုင်သလို တိုးတက်ဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ journalism ဘာသာရပ်က မီဒီယာလုပ်ငန်းအတွက် အရေးပါတဲ့ပညာရပ်တစ်ခုပါ။ ဒါ့အပြင် သတင်းအမှားတွေကို ပေးတဲ့ မီဒီယာလုပ်ငန်းများကြား မှန်ကန်မှုရှိတဲ့ သတင်းမီဒီယာတွေထွက်ပေါ်လာဖို့က မီဒီယာကျင့်ဝတ်တွေ၊ မီဒီယာ ဥပဒေတေွကို စနစ်တကျသင်ကြားပေးတဲ့ Journalism ပညာရပ်ကို ပိုမိုမြှင့်တင်ဖို့လိုအပ်သလို မှန်ကန်တဲ့သတင်းဌာနတွေ၊ မှန်ကန်တဲ့သတင်းထောက်တွေထွက်ပေါ်လာဖို့ journalism ဘာသာရပ်က အ‌ရေးကြီးလှတဲ့ဘာသာရပ်တစ်ခုဖြစ်ပါတယ်။

၃။ Journalism နှင့် လူမှုပတ်ဝန်းကျင်

Journalism ဘာသာရပ်ဟာ သတင်းစာအတတ်ပညာ လို့ ခေါ်ဆိုကြတာ ဖြစ်ပြီး ပြည်သူလူထု ကို သတင်း အချက်အလက်တွေ မျှဝေပေးဖို့ အသိပညာတွေ ဖြန့် ဝေပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက် ရှိတာမို့ လူမှုပတ်ဝန်းကျင် ကို သိသိသာသာ အကျိုးပြုနေတယ် ဆိုတာကတော့ အထင်အရှားပါပဲ။ သတင်းအချက်အလက်တွေ ဆိုတာကတော့ print media တွေ ထွန်းကားခဲ့ စဉ်ကရော နောက်ပိုင်း ဖွံ့ ဖြိုးလာတဲ့ digital media ခေတ်မှာပါ လူတိုင်း ရှောင်လွှဲ လို့ မရတဲ့ အရာတွေ ထဲက တစ်ခုပဲ ဖြစ်ပါတယ်။ တစ်နေ့ နဲ့ တစ်နေ့ တိုးတက်ပြောင်းလဲ နေတဲ့ သတင်းအချက်အလက်ရေးရာတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေနိုင်တဲ့ Journalism ဘာသာရပ် ဟာ လူထုကို အသိပညာ ဖွံံ့ ဖြိုးလာအောင် တစ်ဖက်တစ်လမ်းက အထောက်အကူုပြုနေပါတယ်။ တစ်ကယ်လို့ များ ဒီလို သတင်းအချက်အလက်တွေ ဖြန့် ဝေပေးမဲ့ Journalism ပညာရပ်သာ မရှိခဲ့ ဘူးဆိုရင် ကျွန်တော်တို့ ကမ္ဘာကြီး က ဒီနေ့ ခေတ်လောက် တိုးတက်ဖွံ့ ဖြိုး နေမှာ မဟုတ်ပါဘူး။ ဒါကြောင့် Journalism ဘာသာရပ် ကတော့ ပြည်သူလူထုတွေ နဲ့ သတင်းအချက်အလက်တွေ ကြား ဆက်သွယ်ပေးနေတဲ့ တံတားတစ်ချပ်ပဲ ဖြစ်ပါတယ်။

၄။ အနာဂတ်မှာ

အမျိုးမျိုးသော သတင်းအချက်အလက်တွေ ကို အမျိူးမျိုးသော platform တွေ ကနေတဆင့် ဖော်ပြတင်ဆက် နေကြတဲ့ ယနေ့ ချိန်ခါမှာ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေကို မလိုက်နာခဲ့ကြတဲ့ Journalist တွေ media တွေ အချို့ ကြောင့် လူထုက media နဲ့ ပတ်သက်ပြီး နားလည်မှု လွဲမှားမှုတွေ ရှိနေတာကို အတော်လေး တွေ့ ရပါတယ်။ ဒီလို အမြင်လွဲမှားမှုတွေကို တည့်မတ်ပေးနိုင်ဖို့ အတွက် နောင်အနာဂတ်မှာ အရည်အချင်းပြည့်မှီပြီး ကျင့်ဝတ်ညီတဲ့ Journalist တွေကိုလည်း နိုင်ငံတော်က လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နောင်လာနောင်သားတွေလည်း နိုင်ငံ တစ်နိုင်ငံ ရဲ့ ဖွံ့ ဖြိုးရေး ကဏ္ဍ မှာ စတုတ္ထမဏ္ဍိုင် အဖြစ် ပါဝင်နေတဲ့ Journalism ပညာရပ် ကို လေ့လာဆည်းပူးရင်း ပြည်သူလူထုကို ရိုးသားမှန်ကန်စွာ အကျိုးပြု နိုင်ကြပါစေလို့ မျှော်လင့် ဆုတောင်းလိုက်ပါတယ်။

31/12/2024

2025နှစ်သစ်ဟာလည်း မြန်မာပြည်အတွက်တော့ ကောင်းသောနှစ်သစ်မဖြစ်နိုင်သေးဘူး ကောင်းတဲ့နှစ်ဖြစ်ဖို့ ရုန်းရအုံးမယ်။

29/11/2024

ရိုဟင်ဂျာ နံ့ ဆက်ဆံရေး အဆင်ပြေခဲ့သည်ရှိသော် အာရ်ကာန်ပြည် ထူထောင်ဖို့ ခက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ ဘယ်တော့မှ လွတ်လပ်တဲ့ အာရ်ကာန်ပြည် ဖြစ်နိုင်မယ် မထင်ဘူး။

29/11/2024

ICC ကို တရားမျှမျှတတ လုပ်ပါတဲ့
ဘယ်သူများလဲလို့

မြန်မာအကြမ်းဖက်အဖွဲ့ စကစ ကို
လူသတ်လက်နက်တွေရောင်းချပြီးအားပေးကူညီနေတဲ့ကမ္ဘာ့လူယုတ်မာကြီးက

29/11/2024

ကျုပ်တို့နိုငံမှာ
ဝရင်းတုတ်စာမိပြီး
နတ်ဖြစ်သွားတာနှစ်ပါး
ဖိုကျင်ထိုးပြီးမီးရှို့ခံလိုက်ရတာ တပါး

တကယ်လို့ပေါ့လေ
ကြိုးစင်ရောက်ပြီး နောက်တပါး တိုးခွင့်ရှိသေးလား လို့

သိချင်လိုက်တာ

29/11/2024

သမ္မတဖြစ်ချင်လွန်းလို့ရူးတာလေ ICC က ဖမ်းဝရမ်းတဲ့လား စောက်ခေါမ ရေ
မကယ်နိုင်တော့ဘူးလား

ကမ္ဘာကြီးရဲ့ ဒီနေ့မှာ ထိပ်တန်းသတင်းဖြစ်နေတဲ့ ...၀ရမ်းပြေး မင်းအောင်လှိုင်...ငါ့ကို ၅၀၅ ထုတ်ခဲ့တာမှတ်ပလား ..😎
28/11/2024

ကမ္ဘာကြီးရဲ့ ဒီနေ့မှာ ထိပ်တန်း
သတင်းဖြစ်နေတဲ့ ...
၀ရမ်းပြေး မင်းအောင်လှိုင်...
ငါ့ကို ၅၀၅ ထုတ်ခဲ့တာ
မှတ်ပလား ..😎

27/11/2024

ICC ဖမ်းဝရမ်းကို မအလ က ...,. မတ္တရာတို့ ပုသိမ်ကြီးတို့က စခန်းတွေ ကျတုန်းကလောက်တောင် တုန်လှုပ်မယ် မထင်

ပြည်တွင်းမှာ မနိုင်ရင် ဘာမှလုပ်လို့ရမှာ မဟုတ်ပါ

ICC က ဖမ်းဝရမ်း ထုတ်ဖို့လေးတောင်၂၀၁၇ က အမှုကို ၇နှစ်ကျော်မှ ထုတ်နိုင်တာ၊ ပြည်တွင်းမှာနိုင်ရင်လည်း မအလကို ICC ဆီဘာလို့အပ်တော့မတုန်း၊ ဟိုက ထောင်က facility တွေက ကိုယ်တွေခုနေနေရတဲ့ အခန်း facility ထက်လည်းသာတယ်၊ ဒေါ်စုကို ခု သူတို့ထားတဲ့ facility ထက်လည်း သာမှာပဲ။

ဂုဏ်သိက္ခာအရ တော့ မြန်မာပြည်သူတွေ အောင်ပွဲရသလိူ ရှိပေမယ့်। ပြီးတော့၂၀၁၇ တုန်းက ရိုဟင်ဂျာတွေအတွက် နှစ်သိမ့်စရာ တခုဖြစ်ပေမယ့် မူအရ ကိစ္စမျိုး လောက်ပါပဲ။ မအလကလည်း တရုတ်၊ ရုရှား နဲ့ အာဆီယံနိုင်ငံတချို့ကိုက လွဲပြီး သွားမှာ မဟုတ်ပါ။

ရခိုင်ပြည်မှ  ရိုဟင်ဂျာ လူမျိုးတုံးမှုအတွက် ပြစ်မှုထင်ရှားသဖြင့် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပေး...
27/11/2024

ရခိုင်ပြည်မှ ရိုဟင်ဂျာ လူမျိုးတုံးမှုအတွက် ပြစ်မှုထင်ရှားသဖြင့် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရှေ့နေချုပ် Karim A.A. Khan KC က ICC တရားရုံးတွင် လျှောက်ထားလိုက်ပြီဖြစ်ကြောင်း ICC က ယနေ့ တရားဝင် သတင်းထုတ်ပြန်သည်။

26/11/2024

နိုင်ငံ့အရေး၊တိုင်းပြည်အရေးနဲ့ကင်းအောင်နေနိုင်ခဲ့သူလောကလူသားတယောက်တလေများရှိခဲ့သလား။

နိုင်ငံမဲ့တွေတောင် {ရိုဟင်ဂျာ} နိုင်ငံရေးနဲ့မကင်းနိုင်ကြဘူးနော။ ခုဆိုကမ္ဘာ့အရေးထိတောင်ရောက်နေပြီ။

ယုံကြည်သူတွေနိုင်ငံရေးကိုအလေးနက်မထားရင်မယုံကြည်သူနိုင်ငံမှာတစ်သက်လုံးနေရလိမ့်မယ်။ မယုံကြည်သူများရဲ့အုပ်စိုးမှုအောက်မှာတစ်သက်လုံးနေရလိမ့်မယ်။

21/11/2024

ရခိုင်ပြည်နယ် ဘူးသီတောင်၊မောင်တော မှာပါ အခြေနေ အလွန် ဆိုးရွာနေပါတယ်
ဒိုအာမှာ သတိရပေးကြပါ🤲

ရခိုင်တပ်မတော် AA က ရိုဟင်ဂျာ တစ်ဦးကို သိန်၆၀ယူ၍ ထိုင်နိုင်ငံသို့ ပို့ဆောင်ပေးမယ့် စက်လှေပေါ်မှာ ရိုဟင်ဂျာ ကလေး လူကြီး စုစုပေါင်း ၂၄၀ကျော်ဟာ ယနေ့ မနက်မှာဘဲ စတင်ထွက်ခွာသွာခဲ့ကြပါပီ

ကျန်ခဲ့တဲ့ သူတွေရဲ့ အခြေနေဟာ ဘာဖြစ်မလဲ အလာဟ်ကလွဲ၍ မည်သူမှ မသိနိုင်ပါ

၁၉/၂၀ နှစ်ရက်ဆက်တိုက် စစ်တပ်ဘက်က 🛫🛫🛫တွေနဲ့ ပစ်ခတ်ခဲ့ ခဲ့သလို AAကလဲ ပြန်တိုက်ခိုက်ရင် ကြာက ရိုဟင်ဂျာ ပြည်သူတွေသာ စတေးခံနေရလို့ ဘယ်လို ဒုက္ခ ရောက်နေကြလဲ အလာဟ်ဘဲ သိတယ်🥹😭

20/11/2024

ဝက်သားမစားလို့ မသေမချင်းရိုတ်သတ်တဲ့ တိုင်းပြည်မှာမှ လူလာဖစ်ရတယ်တဲ့💔

08/11/2024

ထရမ့်တက်လာတာ
၂ရက်မပြည့်သေးဘူးချီးနားချက်ချင်းအထိနာ
ကျေနပ်တယ်လို့
😊👏

ရခိုင်ပြည်ပြည်နဲ့ဆို ၂၀ မိနစ်လောက်ပဲဝေးတော့တဲ့ နယ်စပ်မြို့ကလေးဆီကိုသွားနေရင်း လမ်းမှာ တောင်တန်းတွေတွေ့တော့ ရွာငံကိုသတိရပ...
11/10/2024

ရခိုင်ပြည်ပြည်နဲ့ဆို ၂၀ မိနစ်လောက်ပဲဝေးတော့တဲ့ နယ်စပ်မြို့ကလေးဆီကိုသွားနေရင်း လမ်းမှာ တောင်တန်းတွေတွေ့တော့ ရွာငံကိုသတိရပြီး ဆင်းရိုက်ခဲ့သေးတယ်။

မိုးဦးရာသီဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့ပိုင်းရဲ့ လမ်းတစ်လျှောက်လုံးက တိမ်တွေရယ်၊ တောင်တွေရယ်၊ မြူတွေရယ် အရာအားလုံးက လွမ်းစရာတွေအပြည့်နဲ့လေ...


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၏ ဆောင်းရာသီ အလှတရားများ။
05/10/2024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၏
ဆောင်းရာသီ အလှတရားများ။


05/10/2024

“World Teachers' Day”
မိမိကို ပညာသင်ကြားပေးခဲ့သော ဆရာ/ဆရာမအားလုံးကို ဒီနေရာကနေလေးစားစွာဖြင့် ဂါတဝ ပြုလိုက်ပါတယ် ဆရာ/ဆရာမ များအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်စုံကြပါစေ အဝေးတစ်နေရာကနေ October 5.2024 မှာ ကျရောက်တဲ့ Teacher day မှာဆုတောင်းလိုက်ပါတယ် ❤️🤲

Congratulations 👏 ရိုဟင်ဂျာလူမျိုးထဲက သုံးဦး အမေရိကန်မှာ ရဲဖြစ်လာတယ် အမေရိကန်နိုင်ငံသားရပြီး ရဲဖြစ်လာတယ်
04/10/2024

Congratulations 👏
ရိုဟင်ဂျာလူမျိုးထဲက သုံးဦး အမေရိကန်မှာ ရဲဖြစ်လာတယ်
အမေရိကန်နိုင်ငံသားရပြီး ရဲဖြစ်လာတယ်

🌿ကျွန်တော့်ရဲ့ အမြင်တွေ🌿 (buthidaung)Crd
01/10/2024

🌿ကျွန်တော့်ရဲ့ အမြင်တွေ🌿
(buthidaung)
Crd

Address

Cox's Bazar
Cox's Bazar
4750

Website

Alerts

Be the first to know and let us send you an email when Pro Myo Lin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pro Myo Lin:

Videos

Share