pw and km gaming

pw and km gaming ေပျာ်ပျော်ပါးပါးပဲ

30/10/2023

ဒသာ မရှုံးခဲ့ပါဘူးဗျာ

30/10/2023
22/10/2023

Ai

20/10/2023

Hey hey not bad! Mythic Seal

Thank you so much Bots for your kind support, we are here just because of Bots 🤖.

20/10/2023

လိုအပ်ခေါ်သုံးပါ

တစ်ခါတစ်လေပါကွ
16/10/2023

တစ်ခါတစ်လေပါကွ

ဘာပြောရမှန်း မသိတော့ဘူး
16/10/2023

ဘာပြောရမှန်း မသိတော့ဘူး

အကွတ်တွေ
22/09/2023

အကွတ်တွေ

08/09/2023

We are Ready For M5 Myanmar Qualifier, are you ready to cheer us Ai Bots 🤖

M5 Roster

Head Coach - PVNDV
Assistant Coach - REXX
Analysts - NIGHT
Jungler - PS
Gold Lane - ALITAAA
Mid Lane - OHMYJ3NNIE
Exp Lane - BENNO
Roamer - BLACK

Conquer Everything!!

08/09/2023

တကယ် ဒီမှာနေရတဲ့ ခံစားချက်က တကယ်ကိုကောင်းတာပဲ ဘယ်သွားသွား Support ပေးမဲ့သူတွေကြီးပဲ
Thank you hai di lao 🫶

18/08/2023

ORGနဲ့ Player အချို့ ကြောင့် အဆင်မပြေမှုတွေရှိခဲ့တဲ့အတွက်
Myanmar player တွေအနေနဲ့ Malaysiaကို
ပြန်လည်သွားရောက်တော့မှာမဟုတ်ဘူးလို့
ကစားသမားတွေကို ကူညီပေးနေသူ ကိုအားမာန်မှ
ထုတ်ဖော်ပြောဆိုထားတာတွေ့ရပါတယ်။
Arrman Aio

11/08/2023
Emblem စနစ်အသစ်သည် နောက်ဆုံးမှာတော့ရောက်ရှိလာပါပြီ! ယနေ့မှာ‌တော့ Marksman နှင့် Mage တွေအတွက် Emblem ပေါင်းစပ်နည်း လမ်းည...
01/07/2023

Emblem စနစ်အသစ်သည် နောက်ဆုံးမှာတော့ရောက်ရှိလာပါပြီ! ယနေ့မှာ‌တော့ Marksman နှင့် Mage တွေအတွက် Emblem ပေါင်းစပ်နည်း လမ်းညွှန်ချက်များကို စစ်ဆေးကြည့်ကြပါစို့။ အခြား Role များအတွက် လမ်းညွှန်များကို လည်း စောင့်မျှော်ကြည့်ရှုပေးပါဦး 😎

MGL မှ ဒီဇိုင်နာ: .plays
MGL မှ လမ်းညွှန်‌ရေးသားသူ: MGL iTzuey, MGL Borger, MGL

MPL ID Season 6 ‌ကတည်းက EVOS က ခေါ်ယူလေ့ကျင့်ပေးခဲ့တဲ့ Pendragon ဟာ MPL ID မှာတစ်ကြိမ်မှ performance ကောင်းကောင်းမပြသနို...
01/07/2023

MPL ID Season 6 ‌ကတည်းက EVOS က ခေါ်ယူလေ့ကျင့်ပေးခဲ့တဲ့ Pendragon ဟာ MPL ID မှာတစ်ကြိမ်မှ performance ကောင်းကောင်းမပြသနိုင်ခဲ့ပါဘူး။ MDL နဲ့ MPL အမျိုးမျိုးခုန်ကူးနေခဲ့ရပြီးနောက် ခုတော့ အသင်းကနေ ထွက်ခွာခဲ့ပါပြီ။ (DEWA United က ခေါ်ယူခဲ့တာပါ)

နောက်တစ်ခုရှိတာက Pendragon နှုတ်ဆက် video မှာ Ferxiic နဲ့ Pendragon အပြင် Saykots ကိုပါ ထည့်ထားတာကိုတွေ့ရမှာပါ။ Saykots ဟာ ကျန် ၂ ယောက်ထက်နောက်မှရောက်လာတဲ့ လက်သစ်ကစားသမားဆိုပေမယ့် အသင်းခေါင်းဆောင်လည်းဖြစ်လာခဲ့ပြီး EVOS Legends ကိုလည်း Season 11 Playoffs မှာ အကောင်းဆုံးတိုးတက်မှုတွေဖန်တီးပေးခဲ့တဲ့ Exp Laner ဖြစ်ပါတယ်။ Saykots အနေနဲ့ MDL ကိုအပို့ခံရတာထက် အသင်းသစ်ပြောင်းရွှေ့တာက ပိုဖြစ်နိုင်ခြေများပါတယ်။

Roster ကြေညာဖို့ကျန်နေတဲ့အသင်းတွေကတော့ GEEK Slate နဲ့ DEWA United တို့ ဖြစ်ပါတယ်။ 🤔

03/04/2023

IASI 2023 15th WE Championships Dota 2 National Qualifier အတွက် Champion ဖြစ်သွားတဲ့အသင်းကတော့ အားလုံးသိပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး အသင်းတစ်သင်းဖြစ်တဲ့ Yangon Galacticos ပဲဖြစ်ပါတယ်။
Regional Qualifier မှာလဲ အကောင်းဆုံးပုံစံတွေနဲ့ ယှဥ်ပြိုင်ကစားနိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Congratulations Yangon Galacticos


ဗဟုသုတလေးတွေပါဗျာ
30/01/2023

ဗဟုသုတလေးတွေပါဗျာ

PH အသင်းတွေအပေါ် R7  အမြင်ပြီးခဲ့တဲ့ လမှာ ကျင်းပလို့ပြီးစီးခဲ့တဲ့ M4 Championshop မှာ PH အသင်းဖြစ်တဲ့ ECHO က အနိုင်ရရှိခ...
30/01/2023

PH အသင်းတွေအပေါ် R7 အမြင်

ပြီးခဲ့တဲ့ လမှာ ကျင်းပလို့ပြီးစီးခဲ့တဲ့ M4 Championshop မှာ PH အသင်းဖြစ်တဲ့ ECHO က အနိုင်ရရှိခဲ့ပြီး 3 နှစ်ဆက်တိုက် M- Series တွေမှာ PH အသင်းတွေရဲ့ လွှမ်းမိုးမှုက ကြီးခဲ့ကာ All PH Final လည်းဖြစ်တာကြောင့် အိမ်ရှင် Indo ပရိတ်သတ်တွေအတွက် ခံပြင်းစရာဖြစ်ခဲ့ရပါတယ်။

Season 11 မှာ RRQ Hoshi အသင်းကနေ ခေတ္တအနားယူထားတဲ့ R7က Interview မှာ PH အသင်းတွေအပေါ် သူရဲ့ အမြင်တစ်ချို့ကို ဝေမျှသွားခဲ့ပါတယ်။ R7 အဆိုအရ PH အသင်းကတွေက Strategy ပိုင်းဆိုင်ရာမှာ ပိုပြီး အမြင်ကျယ်ကာ ကိုယ်ပိုင် Meta တွေ Playstyle မျိုးတွေကို တည်ဆောက်နိုင်တယ်လို့ဆိုပါတယ်။

Indo အသင်းတွေကတော့ ရှိပြီးသားPlaystyle တွေ Meta တွေကိုသာ ဖက်တွယ်နေတာကြောင့် PH တွေအတွက် မှန်းရလွယ်ကူစေပါတယ်။အဲ့ဒါကြောင့် အခုနောက်ပိုင်း MLBB Tournament တွေမှာ TextBook Meta တွေလို့ဆိုရမယ့် ထပ်တလဲလဲ Playstyle မျိုးနဲ့ Champion ဖြစ်ဖို့ခက်ခဲသွားပြီလို့ဆိုပါတယ်။

PH တွေက Early Game နဲ့ Late Game မှာ ‌၂မျိုးထဲက တစ်မျိုးကို ထိန်းဖို့ကြိုးစားတတ်ကြပြီး ပြိုင်ဘက်ရဲ့ Mid Game အရှိန်ကို ရပ်တန့်လေ့ရှိကြပါတယ်။MSC မှာ 4-0 နဲ့ RSG PH ကို အဲ့လိုပုံစံမျိုးနဲ့ ရှုံးနိမ်ခဲ့ရတယ်လို့ဆိုပါတယ်။

R7 ဆိုလိုချင်တာကတော့ PH အသင်းတွေဟာ Early အသာဆော့မယ် ဆုံးဖြတ်ပြီးရင် ပြိုင်ဘက်ကို အခွင့်အရေးမပေးဘဲ အနိုင်ဆော့တတ်သလို Late Game Draft ဆိုရင်တော့ Late Game မှဘဲ ပြိုင်ဘက်ကို အသာစီးပြန်ယူပြီးဆော့တတ်တယ်လို့ဆိုချင်တာပါ။

ECHO နဲ့ Blacklist Grand Final ပွဲကိုလည်း Blacklist အနေနဲ့ အရင်ကပုံစံမျိုးကိုပဲ ဆော့ဖို့ကြိုးစားခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တယ်လို့ သုံးသပ်ထားပါတယ်။ဒါ့အပြင် PH import တစ်ဦးဖြစ်တဲ့ Baloyskie Shotcall နေတဲ့ Geek Slate(ယခင် Geek Fam) ဟာလည်း Baloyskie ရောက်လာပြီးမှာ PH အသင်းတွေလို လုပ်ရဲကိုင်ရဲ ရှိလာတယ်လို့ဆိုခဲ့ပါတယ်။MPLI 2022 မှာလည်း Geek Fam က တစ်ကယ်ကိုကောင်းခဲ့ပြီး ဘယ်သူမှ မထင်မှတ်ထားဘဲ Blacklist,RSG PH တို့ကိုကျော်ပြီး Final ကို တက်ရောက်နိုင်ခဲ့ပါတယ်။

နောက်ပြီး R7 က Scrim တွေဆော့ရင် ကိုယ်ကျွမ်းကျင်တဲ့ Draft တွေထုတ်ပြီး နိုင်အောင်ဆော့နေတာထက် ပြိုင်ဘက် ဘယ်လိုဆော့လဲကို လေ့လာဖို့က ပိုအရေးကြီးကြောင်း အကြံပေးသွားခဲ့ပါတယ်။နောက်ပြီး Comfort Zone မှာမနေကြဘဲ Push The Limit ဆိုတဲ့ စကားအတိုင်း ကိုယ့် အစွမ်းအစတွေကို အမြဲမြှင့်တင်နေကြဖို့ကို Assassin အားသန်ပင်မယ့် Tank တွေကိုလည်း အကောင်းဆုံးဖြစ်အောင်ဆော့သွားနိုင်ခဲ့တဲ့ Karltzyနဲ့ ဥပမာ ပေးသွားခဲ့ပါတယ်။

R7 ဟာ Pro Player အဖြစ်စတင်ကတည်းက RRQ အသင်းမှာ ကစားနေခဲ့တာဖြစ်ပြီး Meta တွေဘယ်လိုပြောင်းပြောင်း Performance ကို နှစ်တွေအကြာကြီး အကောင်းဆုံး ထိန်းထားနိုင်တဲ့ ရှားပါးကစားသမားတစ်ဦးဖြစ်တာကြောင့် လက်ဒဏ်ရာ လုံးဝပျောက်ကင်းပြီး အမြန် ပြန်ကစားနိုင်ဖို့ မျှော်လင့်မိပါတယ်။

MPL ID မှာရှိတဲ့ သစ္စာတရားတွေအကြောင်းMPL ID Season 11 က မကြာခင်စတော့မယ်...ဒီလိဂ်မှာ ခမ်းနားတဲ့ဆုဖလားတွေ၊လက်စွမ်းကောင်းတဲ...
29/01/2023

MPL ID မှာရှိတဲ့ သစ္စာတရားတွေအကြောင်း

MPL ID Season 11 က မကြာခင်စတော့မယ်...

ဒီလိဂ်မှာ ခမ်းနားတဲ့ဆုဖလားတွေ၊လက်စွမ်းကောင်းတဲ့ကစားသမားတွေ၊တကယ်ကောင်းတဲ့အခိုက်အတန့်တွေ မရေမတွက်နိုင်အောင်ရှိတယ်။

ဒါပေမယ့် အခုအကြောင်းက ဆုဖလားအောင်မြင်မှုတွေ၊အကောင်းဆုံးဆိုတဲ့ပုံရိပ်တွေအကြောင်း မဟုတ်ပါဘူး...ရေကြည်ရာ မြက်နုရာရှာကြတဲ့ ဒီနေ့ခေတ်၊တိုတောင်းတဲ့ ကစားသမားဘဝသက်တမ်းမှာ အသင်းတစ်ခုနဲ့ပဲ စာချုပ်ထပ်ခါ ထပ်ခါ တိုးပြီး MPL ရာသီ များစွာ မြဲနေခဲ့တဲ့ ကစားသမား (၄) ယောက်အကြောင်းကို MPL ID က ဖော်ပြထားပါတယ်။

1️⃣ RRQ Lemon (MPL ID S1 - S10)

လူကြီးတွေပြောလေ့ရှိတယ်..."ကြီးလေချဉ်လေ သံပုရာသီး" တဲ့။ ဒါပေမယ့် ဒီသံပုရာသီးက ဂန္တဝင်သံပုရာသီးဗျ။ MPL ID မစခင်ကတည်းက RRQ မှာ ရှိနေခဲ့တာ အခုချိန်အထိဆိုရင် ၅ နှစ်ကျော်ပြီ။

One team man လို့ တင်စားရမလိုပဲ...

သူနဲ့အပြိုင်ဆော့ခဲ့တဲ့ Tuturu,JessNoLimit,Donkey,Oura အကုန်လုံးက နားကုန်ပြီ...PH က Mage Dad Yuji တို့တောင် meta မဝင်တော့တာကြာပြီ။ကစားသမားတွေက ကစားတာကြာလာတဲ့အခါ Professional/World Level မှာ ပုံမှန်လက်စွမ်းအတိုင်း ထိန်းထားနိုင်ဖို့ တကယ်ခက်ခဲပါတယ်။
စက္ကန့်ပိုင်းအတွင်းချရတဲ့ ဆုံးဖြတ်ချက်တွေ၊စက္ကန့်မလပ်ပြန်ပေးနေရတဲ့ တုံ့ပြန်မှုတွေဟာ နောက်တက်လူငယ်တွေလောက် မလတ်ဆတ်တော့တာ သဘာဝပါ။ဒါပေမယ့် ဒီသက်တမ်းရင့် Lemon Wine တစ်လုံးကတော့ အခုထိလူငယ်တွေကြား ငါမအိုသေးဆိုပြီး သက်သေပြနေတုန်းပါပဲ။

2️⃣ ONIC Drian (MPL ID S2 - 10)

Drian ကို ကျွန်တော်စသိတာ MSC 2019 မှာ...
အဲ့ဒီတုန်းက 1-2-2 strategy ခေတ်တစ်ခေတ်ဖြစ်နေတဲ့အချိန် သူက Lo**ta, Psychoo က Chou...
နိုင်ငံတကာဖလားယူနိုင်တဲ့ ပထမဆုံးအင်ဒိုအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

နောက်တော့ Prime ONIC လူစုခွဲတယ်။
Udil,Antiamge တို့သတင်းတွေကြား Drian ဟာ တိတ်တဆိတ်...
"Drian က ONIC နဲ့ သွေးစာချုပ်ချုပ်ထားတာ" လို့ Antimage က ပြောခဲ့ဖူးသလို သူကိုယ်တိုင်ကလည်း Esports ဆိုတာ မရှိတော့မှပဲ ONIC က ထွက်မယ်လို့ ပြောခဲ့တဲ့အထိ။

MPL season 2 ကနေ စလို့ ဒီနေ့အချိန်ထိ ONIC ရဲ့ Mid duo နှစ်တွဲမှာ Drian ဟာ အခွင့်ရတိုင်း အသုံးတော်ခံနေဆဲ။ ONIC ဆုဖလားရသည်ဖြစ်စေ၊မရသည်ဖြစ်စေ Drian ဆိုတဲ့ဆူးတစ်ချောင်းကတော့ ဂျာကာတာမြို့က ဖြူးဝါတစ်ကောင်ရဲ့ ကျောပေါ်မှာ မပျောက်မပျက်တည်တံ့နေတုန်းပါပဲ။

3️⃣ AURA God1va (MPL ID S5 - S10)

RRQ TCN ဖျက်သိမ်းပြီးတဲ့နောက်မှာ AURA Fire ကို ရောက်လာတဲ့ Roamer...
စစချင်းရာသီတွေမှာ AURA နဲ့အတူ ရုန်းကန်ခဲ့ရပြီး MDL ကိုလည်း ဆင်းကစားဖူးတယ်။ဒါပေမယ့် PPE 2021 ချန်ပီယံဖြစ်ပြီး Season ၂ ခုဆက် တတိယနေရာ ရပ်တည်နိုင်ချိန်မှာ God1va တွေ့တာနဲ့ Kadita ကို ဘန်းရတဲ့ အခြေအနေဖြစ်လာပြီ။

အနိမ့်အမြင့် အတက်အကျတွေကို ဒီအသင်းနဲ့ပဲ ကျော်ဖြတ်ခဲ့သလို ဒီအသင်းမှာပဲ သူတောက်ပခဲ့တယ်လို့ ဆိုရမှာပါ။ဆုဖလားမှတ်တမ်းတွေက တစ်ခုစနှစ်ခုစပဲ...
ဘယ်လောက်အောင်မြင်ခဲ့တယ်ဆိုတာကို လက်ဆုပ်လက်ကိုင်ပြစရာနဲ့ပဲ တိုင်းတာကြတဲ့ ဒီနေ့ခေတ်မှာ Draft ဆန်းဆန်းတွေ ထုတ်ပြတတ်တဲ့အသင်းနဲ့ စိတ်ဓာတ်ပြင်းတဲ့ ဒီကစားသမားကို လာမယ့်ရာသီမှာ ချန်ပီယံမဖြစ်ရင်တောင် Grand Final ရောက်နိုင်ဖို့ ကျွန်တော်တို့အားလုံး ဆန္ဒပြုလိုက်ပါတယ်။

4️⃣ BTR A Kyy (MPL ID S5 - S10)

BTR လို့ပြောလိုက်ရင် ဘယ်သူ့ကိုပြေးမြင်လဲ ?
ကျွန်တော်ကတော့ Branz နဲ့ Kyy လို့ပဲ ဖြေမယ်။

Selena ဘန်းခဲ့ရတဲ့အချိန်တစ်ခုရှိခဲ့သလို အသိအမှတ်ပြုရတဲ့ Chou Player တွေထဲမှာ Kyy လည်း ပါတယ်။

BTR ဟာ အသင်းကြီးလို့ ယတိပြတ်မပြောနိုင်သလို အလယ်အလတ်အသင်းထက်လည်းပိုတယ်။ ထို့အတူ Kyy ဟာလည်း Leomurphy, Vyn, Kiboy တို့လောက် လူကြိုက်မများပေမယ့် အဲ့ဒီကစားသမားတွေနဲ့ ယှဉ်တဲ့အခါ အလုံးအထည်လျော့တဲ့ ကစားသမားမျိုးတော့မဟုတ်...

ချန်ပီယံဆုတွေမရဖူးသလို အကောင်းဆုံးကစားသမားလည်းမဟုတ်ပါဘူး။
ခေတ်တစ်ခေတ်မှာ လူတွေသတိထားမိလိုက်ကြတယ်...ပြီးတော့အနားယူသွားမယ်။
ဒါပေမယ့် တစ်ချိန်ချိန်မှာ BTR Alpha ဆိုတဲ့အသံကြားရင် Kyy ကိုတော့ ခင်ဗျားတို့ မှတ်မိတန်ကောင်းပါရဲ့။

Farewell Coach Dale !ခုနေ့မှာဆိုရင်တော့ PH Coach ဖြစ်တဲ့ Dale အနေနဲ့ Falcon Esports ကနေ ထွက်ခွာသွားပြီဖြစ်ကြောင်းတရားဝင်...
21/01/2023

Farewell Coach Dale !

ခုနေ့မှာဆိုရင်တော့ PH Coach ဖြစ်တဲ့ Dale အနေနဲ့ Falcon Esports ကနေ ထွက်ခွာသွားပြီဖြစ်ကြောင်းတရားဝင်ကြေငြာခဲ့ပါတယ်။

Goodluck further Dale.

မင်းတို့က MPL ယူ ငါတို့ကတော့ M4ယူလိုက်မယ်…..တကယ်ကောင်းတဲ့ ကစားပုံနဲ့ ဆော့သွားတဲ့ Echo ကတော့ ချန်ပီယံပါပဲ….
15/01/2023

မင်းတို့က MPL ယူ ငါတို့ကတော့ M4ယူလိုက်မယ်…..

တကယ်ကောင်းတဲ့ ကစားပုံနဲ့ ဆော့သွားတဲ့ Echo ကတော့ ချန်ပီယံပါပဲ….

M4 ကမ္ဘာ့ချန်ပီယံရှစ် ရှုံးထွက်အဆင့် တတိယနေ့ 🏆အသက်ရှူမှားဖွယ်ရာ Lower Bracket ရှုံးထွက်အဆင့် (Bo3) ပွဲစဉ်တွေ ပြီးဆုံးသွာ...
10/01/2023

M4 ကမ္ဘာ့ချန်ပီယံရှစ် ရှုံးထွက်အဆင့် တတိယနေ့ 🏆

အသက်ရှူမှားဖွယ်ရာ Lower Bracket ရှုံးထွက်အဆင့် (Bo3) ပွဲစဉ်တွေ ပြီးဆုံးသွားတဲ့ အ‌ခါမှာတော့ M4 ကမ္ဘာ့ချန်ပီယံရှစ် ခရီးလမ်း မှ RSG Singapore 🇸🇬,MDH Esports 🇻🇳,Burn X Flash🇰🇭, Malvinas Gaming🇵🇪 အသင်းလေးသင်းကတော့ နှုတ်ဆက်ထွက်ခွာခဲ့ရပြီပဲဖြစ်ပါတယ်။👋🏆

S11 Gaming🇦🇷, Incendio Supremacy🇹🇷,The Valley 🇺🇲, Occupy Thrones 🇸🇦 အသင်းတွေကတော့ ပြိုင်ဖက်အသင်းတွေကို (၂)ပွဲပြတ်အနိုင်ယူရင်းနဲ့ ကြီးမြတ်တဲ့ အိပ်မက်‌ခရီးလမ်းကို ဆက်လက်အသက်သွင်းနိုင်ခဲ့ပါတယ်။🏆🔥

RSG Singapore 🇸🇬,MDH Esports 🇻🇳,Burn X Flash🇰🇭,Malvinas Gaming🇵🇪 အသင်းတွေကတော့ M4 စင်မြင့်ပေါ်မှာ ကောင်းမွန်တဲ့ လက်စွမ်းတွေကို ပြသနိုင်ခဲ့ပြီး ပြိုင်ဖက်အသင်းတွေကို အခက်တွေ့အောင် ကစားနိုင်ခဲ့ပေမယ့်လည်း အဆုံးသတ်မှာ ကိုယ်စီ ရှုံးပွဲတွေ့ကြုံခဲ့ရတာကြောင့် M4 ကမ္ဘာ့ချန်ပီယံရှစ်ကနေ ထွက်ခွာခဲ့ရပြီပဲဖြစ်ပါတယ်။👋❗
ထွက်ခွာသွားခဲ့ရတဲ့ အသင်းတွေအနေနဲ့လည်း အကောင်းဆုံးလက်စွမ်းတွေ ပြင်ဆင်မှု့တွေနှင့် M Series အိပ်မက်ခရီးလမ်းကို ပြန်လာမယ်လို့ ယုံကြည်ပါတယ်။💯

အစွမ်းကုန် အားပေးရမည့် မြန်မာနိုင်ငံကိုယ်စားပြု Falcon Esports 🇲🇲 အသင်းရဲ့ပွဲစဉ်နှင့်အတူ စိတ်လှုပ်ရှားဖွယ် ရှုံးထွက်အဆင့် ပွဲစဉ်များကို မနက်ဖြန် စောင့်မျှော်ကြည့်ရှုလိုက်ပါ🤯🥶

အသေးစိတ်အချက်အလက်များကြည့်ရှုရန်: https://m4.mobilelegends.com/
📅 January 1st-15th, 2023
📍 Group Stage: Bali United Studio
📍 Knockout Stage & Grand Final: Tennis Indoor Stadium Senayan
🎫 Book your ticket now: https://www.blibli.com/promosi/trv-blibli-tiket-m4

Live Streams:
🎬YouTube: https://youtu.be/zuyJm7e80kc
🎬Facebook: https://www.facebook.com/MLESPORTS

ဒီနေ့ကတော့ RRQ Hoshi ရဲ့ Jungler တစ်ဦးဖြစ်တဲ့ Albertttရဲ့ ၁၉နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။Happy Birthday 'Alberttt'
08/01/2023

ဒီနေ့ကတော့ RRQ Hoshi ရဲ့ Jungler တစ်ဦးဖြစ်တဲ့ Albertttရဲ့ ၁၉နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။
Happy Birthday 'Alberttt'

Upper bracket ရဲ့ ပထမအသုတ်ပွဲစဉ်တွေ ပြီးစီးခဲ့ပါပြီ။ နောက်ထပ် Upper bracket ပွဲစဉ်တွေမှာ မြင်တွေ့ရမယ့်အသင်းတွေကတော့ ONIC...
08/01/2023

Upper bracket ရဲ့ ပထမအသုတ်ပွဲစဉ်တွေ ပြီးစီးခဲ့ပါပြီ။ နောက်ထပ် Upper bracket ပွဲစဉ်တွေမှာ မြင်တွေ့ရမယ့်အသင်းတွေကတော့

ONIC Esports 🇲🇨 vs 🇵🇭 ECHO Esports

RRQ Hoshi 🇲🇨 vs 🇵🇭 Blacklist International

အိမ်ရှင်အင်ဒို ၂ သင်းနဲ့ အင်အားကြီး ဖိလစ်ပိုင် ၂ သင်းတို့ဖြစ်ပါတယ်။

M4 World Champions ဖြစ်နိုင်ဆုံးအသင်း ၄ သင်းရဲ့ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေကို လာမယ့် January လ ၁၁ ရက်နဲ့ ၁၂ ရက် တွေမှာ ရှုစားရမှာဖြစ်ပါတယ်။

ခုနေ့မှာဆိုရင်တော့ ကျွန်တော်တို့တွေရဲ့ Rumor တွေက အမှန်တကယ်ဖြစ်လာခဲ့ပြီး GR Mid Trio ဖြစ်တဲ့ Black,PS နဲ့ OhMyJ3nnie တို...
08/01/2023

ခုနေ့မှာဆိုရင်တော့ ကျွန်တော်တို့တွေရဲ့ Rumor တွေက အမှန်တကယ်ဖြစ်လာခဲ့ပြီး GR Mid Trio ဖြစ်တဲ့ Black,PS နဲ့ OhMyJ3nnie တို့ဟာ Ai Esports ကိုတရားဝင် ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

Ai Esports အနေနဲ့ သူတို့ရဲ့ New Era မှာ ဒီ Player သုံးယောက်နဲ့အတူ ဘယ်လိုတွေ ပြန်လည်စွမ်းဆောင်ပြနိုင်မလဲ။ မျှော်လင့်နေတဲ့ Player တွေရောက်ရှိလာတဲ့အပေါ်မှာရော Fan တွေအနေနဲ့ဘယ်လိုမျိုးခံစားရလဲဗျ ။ Comment မှာရေးခဲ့ကြပါဦး။ 👀❤️

AI Esports ရဲ့ နောက်ထပ်ကစားသမားသစ်တစ်‌ယောက်ကတော့ PS ဖြစ်ပါတယ်။PS ဟာလည်း Black လိုပဲ TREND Esports ရဲ့အောင်မြင်မှုတွေနဲ့အ...
07/01/2023

AI Esports ရဲ့ နောက်ထပ်ကစားသမားသစ်တစ်‌ယောက်ကတော့ PS ဖြစ်ပါတယ်။

PS ဟာလည်း Black လိုပဲ TREND Esports ရဲ့အောင်မြင်မှုတွေနဲ့အတူ လူသိများလာတဲ့ လူငယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

PS ဟာ MPL MM မရှိတဲ့အချိန်ကာလအတွင်း Third Party ပွဲစဉ်ပေါင်းများစွာမှာ နေရာယူအစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

PS နဲ့ သူ့ရဲ့ teammate Black တို့ဟာ MLBB Professional လမ်းကြောင်းပေါ်ကို တဖြည်းဖြည်းတက်လှမ်းလာကြရင်း TREND Esports, Galaticos Rising အသင်းတွေကတစ်ဆင့် ဒီနေ့မှာတော့ AI Esports ရဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

နဂိုကတည်းကအရည်အသွေးပြည့်ဝတဲ့ Rookie ကစားသမားဖြစ်တာနဲ့အညီ AI Esports မှာ ဝါရင့်ကစားသမားတွေနဲ့ ပေါင်းစပ်ပြီး ပိုမိုတောက်ပနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Presented by &

Mid Trio မှာ ပထမဆုံး ပွဲထုတ်လိုက်တဲ့ BlackAi Esports ရဲ့ လစ်လပ်နေဆဲ Tank/ Support Player နေရာမှာတော့ တွေ့ဆုံမှုတိုင်းမှာ...
06/01/2023

Mid Trio မှာ ပထမဆုံး ပွဲထုတ်လိုက်တဲ့ Black

Ai Esports ရဲ့ လစ်လပ်နေဆဲ Tank/ Support Player နေရာမှာတော့ တွေ့ဆုံမှုတိုင်းမှာ လက်စွမ်းပြ၊ လေတိုက်ခဲ့တဲ့ တစ်ချိန်က ပြိုင်ဘက်... အခုတော့ အသင်းဖော်ဖြစ်လာတဲ့ Galacticos Rising က Thet Naing "Black" Zaw ကို ခေါ်ယူလိုက်ပြီပဲဖြစ်ပါတယ်။

စောင့်မျှော်နေမှုကို အဆုံးသတ်လိုက်ပြီဆိုတော့ မကြာခင်မှာ ပရိသတ်တွေ ထင်ကြေးပေးနေတဲ့ Player တွေ Ai ကို ရောက်လာတော့မလား...

05/01/2023

😍😍

Address

Yagon
Yagon, NSW

Website

Alerts

Be the first to know and let us send you an email when pw and km gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to pw and km gaming:

Videos

Share

Nearby media companies