Dear Chel

Dear Chel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dear Chel, Digital creator, Dubai.

🧘🏻‍♀️🎀 ✈︎ ☁️ 🎧ྀི
beauty/lifestyle/travel
collab:💌 [email protected]
Any opinions, comments, views and thoughts are my own and not representative or behalf of anyone else.

13/12/2024

My Night time skincare routine 🧖‍♀️🤍✨

Cabin crew တစ်ယောက်အတွက် အရေးကြီးတဲ့ skin care ပိုင်းမှာ ခြယ့်အနေနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပူလိုက် အေးလိုက် ဖြစ်တဲ့ ရာသီအကူးအပြောင်းတိုင်းအတွက် အဆင်ပြေလို့ လက်ရှိမှာ တော့ APLB Myanmar က Glutathione နဲ့ Niacinamide ပါတဲ့ skin care set ကိုပဲ စွဲသုံးဖြစ်နေပါတယ်။

အားလုံးပဲ ဒီ video လေးကို စိတ်ဝင်စားမယ်လို့ မျှော်လင့်ပါတယ်ရှင်။

Disclaimer ::: I do not own the rights to anything for the music in this video., everything belongs to its respected owners. This is simply used for the entertainment of fans like myself.No copyright infringement intended.

တိရစ္ဆာန် အရမ်းချစ်တတ်တဲ့သူမို့ အရောက်ဖူးချင်ဆုံး South Africa Safari ကို ခြယ်ခြယ် တစ်ယောက် ရောက်ခဲ့ပါပြီ🦒🦏🌳✨The best da...
10/12/2024

တိရစ္ဆာန် အရမ်းချစ်တတ်တဲ့သူမို့ အရောက်ဖူးချင်ဆုံး South Africa Safari ကို ခြယ်ခြယ် တစ်ယောက် ရောက်ခဲ့ပါပြီ🦒🦏🌳✨

The best day ever 🤍

25/11/2024

Bangkok ရောက်တုန်း Chili Pot သွားစားဖြစ် 🥘✨😋

I do miss home so much and I wish I can eat this with my mom together. 🤍

Disclaimer ::: I do not own the rights to anything for the music in this video., everything belongs to its respected owners. This is simply used for the entertainment of fans like myself.No copyright infringement intended.

ခြယ့်အနေနဲ့ life upgrade လုပ်ချင်တာလေးတွေ အချိန်ပေးနေလို့ vlogging ပိုင်း ခဏရပ်ထားတာဖြစ်တဲ့အပြင် Show off လုပ်တယ်လည်း မြ...
07/11/2024

ခြယ့်အနေနဲ့ life upgrade လုပ်ချင်တာလေးတွေ အချိန်ပေးနေလို့ vlogging ပိုင်း ခဏရပ်ထားတာဖြစ်တဲ့အပြင် Show off လုပ်တယ်လည်း မြင်မှာစိုးလို့ မပြောဘဲ နေဖို့ စဉ်းစားမိပေမဲ့ သတင်းကောင်းလေးတွေ ကြားပြီး ပိုပြီး motivation ရအောင် အားလုံးကို ပြောပြချင်တာလေးတွေရှိပါတယ်။ ✨🤍

အခုရက်ပိုင်း international airline တော်တော်များများမှာ လေယာဉ်မောင်မယ် offer ရကြတဲ့ သူတွေဆယ်ဂဏန်းလောက်ကို များလာကြတဲ့ ထဲမှာမှ တစ်ချို့ အစ်မတွေညီမတွေ က ခြယ့်ရဲ့ interview tips video ထဲကအတိုင်းအကုန် ပြင်ဆင်ရင်းနဲ့ တစ်ခါတည်း အဆင်ပြေသွားတယ်လို့ လာပြောပြကြတဲ့အတွက်လည်း ခြယ့်ဘက်က အတိုင်းမသိ ဝမ်းသာပါတယ်။ ✈️ 🌍

ဒီ post မှာခြယ် အဓိက ပြောချင်တဲ့ အမှန်တရား တစ်ခုကတော့ international cabin crew အင်တာဗျူးအောင်ဖို့လည်း မခက်သလို လေယာဉ်မယ်ဖြစ်ဖို့လည်း အရမ်းမခက်ပါဘူး။

ဒါပွင့်ပွင့်လင်းလင်း transparent ဖြစ်စွာ ပြောပြတာပါ။ ခြယ်အရင်ကလည်း တစ်ခါမှ တော်ရုံမဖြစ်နိုင်ဘူး ခက်ခဲတယ်လို့ အားလုံးကို မပြောခဲ့ဘူး။

ဘာလို့လဲ ?
တစ်ကယ်တမ်း ဒီအလုပ်အတွက် လိုအပ်ချက်တွေက ကိုယ်တိုင် နေ့စဉ်ကြိုးစားပြင်ဆင်ရုံနဲ့ ရတဲ့အရာတွေပဲမို့လို့။

( တစ်ခုရှိတာက ဘယ်သင်တန်း အချိတ်အဆက်နဲ့မှ လေယာဉ်မောင်မယ် ဖြစ်တာမျိုးမရှိတာကိုလည်း သိထားစေချင်ပါတယ်။ )

- လေယာဉ်မောင်မယ် ဖြစ်ဖို့ဆို ပညာအရည်အချင်းဆိုရင်လည်း အထက်တန်းအောင်ရုံနဲ့ ရတယ်။

- အင်္ဂလိပ်စာဆိုတာ ခြယ်တို့ ငယ်စဉ်ကျောင်းမှာကတည်းက သင်ခဲ့ရတဲ့ဘာသာတစ်ခုဖြစ်သလို အပြောအဆိုအပိုင်းမှာသာ မရှက်မကြောက် ဘဲ intermediate level လောက် ကောင်းမွန်စွာရှိထားမယ်ဆို အဆင်ပြေတယ်။

- ရေကူးတတ်ဖို့ကလည်း သင်ယူလို့ရသလို ကျန်းမာရေးကောင်းမွန်တဲ့ ကိုယ်အလေးချိန်ရှိိဖို့နဲ့ အလှအပဆိုင်ရာ တွေက ကိုယ်တိုင်ကြိုးစား ပြင်ဆင်နေထိုင်လို့ရပါတယ်။

- အလုပ်အတွေ့အကြုံကို ပြောမလား? Service related နယ်ပယ် အတော်အများအပြားကနေ လေယာဉ်မောင်မယ် ဘက်ကို ကူးဖို့အတွက် လျှောက်ကြည့်လို့ရပါသေးတယ်။

- 🚫 ဒီနေရာမှာ ခက်ခဲနိုင်မယ်ဆိုတာထက် ကြိုးစားဖို့ မဖြစ်နိုင်တဲ့သူတွေကို ထောက်ပြရရင်တော့ အရပ်မပြည့်မှီတဲ့အပြင် ကူးစက်ရောဂါရှိသူတွေနဲါ နဲ့ ကိုယ်လက်င်္အဂါချို့ယွင်းတာပါပဲ။

လွယ်ကူတယ် လို့ ခြယ်ပြောလို့ ငွေကြေးပိုင်းဆိုင်ရာ နဲ့ မိဘထောက်ပံ့မှုကို ထောက်ပြဦးမလား ?

လူတစ်ယောက်နဲ့ တစ်ယောက်က ကြီးပြင်းလာရတဲ့ အသိုင်းအဝိုင်း နဲ့ ကံတရားပေါ်မူတည်ပြီး အိမ်မက်တွေကို
လှမ်းရဖို့ အချိန်ယူရတဲ့နေရာမှာ ကွာနိုင်ပေမဲ့ ဝီရိယ အဓိက စိုက်ထုတ်ပြီးတော့ နေ့ရက်တိုင်းကိုအကျိုးရှိစွာဖြတ်သန်းမယ်ဆို တစ်ချိန်ချိန်မှာ ဖြစ်လာမှာလို့ ခြယ်က ပြောချင်ပါတယ်။ ( မှတ်ချက် ။ ။အသက် ၂၁ ကနေ ၃၅ နှစ်ဝန်းကျင်ထိ ဒီအလုပ်ကိုကြိုးစားလျှောက်ကြည့်လို့ရပါတယ်။ နိုင်ငံတကာ လေကြောင်းလိုင်းတော်တော် များများက အပျိုလူပျိုမှ မဟုတ်ဘဲ အိမ်ထောင်သည်ဆိုလည်း လက်ခံပါတယ်။ )

ခြယ် ၂နှစ် နီးပါး ဒီအလုပ်ပတ်ဝန်းကျင်မှာ ကျင်လည်ပြီးချိန်မှာ ပြောနိုင်တာကတော့

တစ်ကယ် စိတ်ရော လူပါ ခက်ခဲပင်ပန်းတဲ့အချိန်က အလုပ်စဝင်ပြီးတဲ့ အချိန်က စပါလိမ့်မယ်။ လေယာဉ်မောင်မယ် ဖြစ်ဖို့မခက်ပေမဲ့ ဖြစ်ပြီးတဲ့အချိန်မှာ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ လူမှုရေးမှာ စကားအရမ်းပြောပါတယ်။

- အိမ်ချိန် စားချိန် မမှန်တဲ့အပြင် ရာသီအကူးအပြောင်း များတာမို့ ကျန်းမာရေးကို သေချာဂရုမစိုက်နိုင်ရင် ကိုယ်ခံအား မကောင်းရင် လွယ်လွယ်လေးနဲ့ ဗုန်းဗုန်းလဲပါတယ်။

- သူငယ်ချင်းမိတ်ဆွေ အလွယ်တကူရဖို့ မလွယ်တဲ့အပြင် အမြဲတမ်းတစ်ယောက်တည်းဖြစ်သလို ခံစားရပြီး အထီးကျန်စိတ်ကြောင့် စိတ်ဖိစီးရတာတွေရှိပါတယ်။

- လူမျိုးရေး ခွဲခြားဆက်ဆံခံရတာတွေလည်း ကြုံရနိုင်သလို ကိုယ်မှန်နေလည်း သည်းခံပြီး တောင်းပန်နိုင်တဲ့ စိတ်ရှိဖို့လိုပါတယ်။ ( I know it’s hard sometimes 🤣 )

လေယာဉ်မောင်မယ် ဖြစ်ရင် အဲလို lifestyle ရမှာပဲကို ကြီးကြီးကျယ်ကျယ် တွေပြောနေတယ်လို့ ဆိုမလား?

Well!! ကောင်းတဲ့အချက်တွေကလည်း အများကြီးရှိပေမဲ့ Black & White ကတော့အမြဲတမ်းရှိတယ်ဆိုတာကို ခြယ်က ထောက်ပြချင်ရုံပါ။

ကိုယ့်အတွက် Dream တစ်ခုမဟုတ်လည်း စိတ်ဝင်စားလို့ ကြိုးစားကြည့်ချင်တယ်ဆို “ Go ahead and try your best “ ပါပဲ။ Your life is your choice ဖြစ်တာမို့ ကိုယ်ပိုင် စဉ်းစားဆုံးဖြတ်နိုင်တဲ့ သူတိုင်းအတွက် အချိန်ဆိုတာ အမြဲရှိပါတယ်။ 💗✨

Best of Luck to everyone 🙏😇

ချစ်တဲ့

ခြယ် 🌻

#လေယာဉ်မောင်မယ်

I don’t have to find an aesthetic. I am the aesthetic… 🤪📸🖤🇦🇹
13/10/2024

I don’t have to find an aesthetic. I am the aesthetic… 🤪📸🖤🇦🇹

27/09/2024

Episode 2 - The Interview // လေယာဉ်မောင်မယ် အင်တာဗျူးနဲ့ပတ်သတ်ပြီး tips လေးတွေ sharing လုပ်ထားပါတယ်ရှင်။ 🙏✨🤍

အားလုံးပဲ ဗဟုသုတရပြီး ပြင်ဆင်နိုင်မယ် မျှော်လင့်ပါတယ်ရှင့်။

ချစ်တဲ့
ခြယ် ✨🤍

Ciao !!! ✨🤍🇮🇹
26/09/2024

Ciao !!! ✨🤍🇮🇹

23/09/2024

What is Cabin Crew ?! Episode - 1
လေယာဉ်မောင်မယ်ဖြစ်ဖို့ ဘာတွေလိုအပ်တာလဲ?

ပထမဆုံး အပိုင်း video လေးကိုတော့ ဒီနေ့မှာ တင်လိုက်ပါပြီရှင်။ အားလုံးပဲ ဒီ video လေးကိုကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။

ချစ်တဲ့ ခြယ် 🤍

21/09/2024

24hr in Brussels,Belgium 🇧🇪

Australia မှာ ထက် ဒီနိုင်ငံ ဒီမြို့လေးမှာပိုနေချင်မိတယ်။ နေရာတိုင်းစိမ်းစိုပြီး နာရီစင် က တစ်နာရီခြားတစ်ခါ မြည်တဲ့နာရီသံရယ် အရမ်းသာယာတာပဲ။ 🥰🤍

အားလုံးပဲ မင်္ဂလာပါ။ 🙏ခြယ့်အနေနဲ့ ကိုယ့်ရဲ့ professional career နဲ့ပတ်သတ်ပြီး ဒီ page မှာ ရေရှည် တစိုက်မတ်မတ် တင်ဖြစ်ဖို...
08/09/2024

အားလုံးပဲ မင်္ဂလာပါ။ 🙏

ခြယ့်အနေနဲ့ ကိုယ့်ရဲ့ professional career နဲ့ပတ်သတ်ပြီး ဒီ page မှာ ရေရှည် တစိုက်မတ်မတ် တင်ဖြစ်ဖို့ မရှိတာကိုတော့ အရင်တစ်ခေါက်ကတည်းကတော့ ပြောဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်း ဒီကြားထဲ chat box မှာ ဒါနဲ့ပဲပတ်သတ်ပြီး အမေးများလာတာကိုလည်း သတိထားမိလာပါတယ်။

ခြယ်သည် အရင်ကတည်းက အလှအပနဲ့ lifestyle ပိုင်းကို အားသန်တဲ့သူမို့ အဲဘက်ကိုပဲ သေချာလေး ပြန် vlogs လေးတွေလုပ်ဖြစ်တော့မှာပါရှင့်။ ✨

သို့ပေမဲ့ ခြယ့်ကို လေယာဉ်မယ် အလုပ်ကြောင့် သိလာခဲ့တဲ့ သူတွေအတွက်လည်း ဒါနဲ့ ပတ်သတ်ပြီး အနာဂတ်မှာ videos တွေရေရှည်မလုပ်ဖြစ်တော့လို့ ဆက်ပြီး မ support ချင်တဲ့သူလေးတွေအတွက်လည်း နှုတ်ဆက်တဲ့အနေနဲ့ လုပ်ပေးချင်တာလည်း ဖြစ်သလို ခြယ့်ကို ဘယ်လိုနေနေ ချစ်ခင် အားပေးတဲ့သူတွေထဲက ခြယ့်ကြောင့် ဒီ career ကိုစိတ်ဝင်စားလာတဲ့ သူတွေအတွက် “ what is cabin crew ? “ ဆိုတဲ့ ခေါင်းစဉ်နဲ့ အတူ episodes ၃ခု အနေနဲ့ videos တင်ပေးဖို့ စဉ်းစားဖြစ်ပါတယ်။ 💗

အဲအတွက် ခြယ့်ကို ဒီစာဖတ်ရှုဖြစ်တဲ့သူတွေထဲက စိတ်ဝင်စားတယ်ဆိုရင် ကိုယ်သိချင်တဲ့ အကြောင်းအရာနဲ့ပတ်သတ်ပြီး တိုတိုနဲ့လိုရင်း မေးခွန်းခေါင်းစဉ် အနေနဲ့ comment မှာရေးပေးပါနော်။ ( ပုံထဲမှာပြထားတဲ့ အချက် ၄ခုကိုလည်းသေချာလေး follow လုပ်ပေးပါ။ )

ပညာဒါန အနေနဲ့ရော စေတနာနဲ့ sharing လုပ်ပေးတာဖြစ်တဲ့အတွက် ဘယ်သူ ဘယ်ဝါရဲ့ negative ဆန်စွာ ပြောဆိုမှုတွေကို လက်မခံပါဘူးရှင့်။

အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ ခြယ့်အနေနဲ့ chat box မှာတစ်ယောက်ချင်းဆီကို အသေးစိတ်မဖြေနိုင်တာကိုလည်း နားလည်ပေးမယ်လို့မျှော်လင့်ရင်း see you soon ပါ။ 🫶🏻❤️

My social media accounts

https://www.instagram.com/dearchel_?igsh=bHZtaDlpaGJybzVw&utm_source=qr

https://www.tiktok.com/.chel?_t=8pYSZ1ZmK1q&_r=1

https://youtube.com/?si=6LgQkQ-rgs0FaWND

안녕하세요 !!! annyeonghaseyo !!! 🇰🇷 🇲🇲✨🤍
05/09/2024

안녕하세요 !!! annyeonghaseyo !!! 🇰🇷 🇲🇲✨🤍

48hr in Incheon 🇰🇷🤍✨
29/08/2024

48hr in Incheon 🇰🇷🤍✨

24hr in Brussels 🇧🇪🤍✨
22/08/2024

24hr in Brussels 🇧🇪🤍✨

17/08/2024
09/08/2024

မေမေနဲ့ ခဏလေးတွေ့ရပေမဲ့ ပျော်ခဲ့ရတဲ့အမှတ်တရအနေနဲ့ ဒီ video လေးကိုတင်လိုက်ပါတယ်ရှင့်။ 🤍✨ Please be positive about this video because I adore my mom so much. Thank you. 🫶🏻

Disclaimer ::: I do not own the rights to anything for the music in this video., everything belongs to its respected owners. This is simply used for the entertainment of fans like myself.No copyright infringement intended.

၆လလောက် ခေါင်းစားခဲ့ရတဲ့ assignments တွေလည်းပြီးပြီဆိုတော့ ခဏအနားယူပြီးတာနဲ့ အရင်လို page မှာ activities လေးတွေ ပြန်တင်န...
07/07/2024

၆လလောက် ခေါင်းစားခဲ့ရတဲ့ assignments တွေလည်းပြီးပြီဆိုတော့ ခဏအနားယူပြီးတာနဲ့ အရင်လို page မှာ activities လေးတွေ ပြန်တင်နိုင်ဖို့ ကြိုးစားပါမယ်ရှင်💁🏻‍♀️ အလှအပအပိုင်းရော ခရီးသွား ဗီဒီယိုတွေရော content idea ကောင်းကောင်းနဲ့ပေါ့✈️🫶🏻 ပုံကတော့ ကိုယ့်ကိုယ်ကိုဂုဏ်ပြုတဲ့အနေနဲ့ စျေးတန်တန်နဲ့ဝယ်ထားတဲ့ ခြယ့်ရဲ့ mini hot pot အိုးနဲ့အမှတ်တရပေါ့😆🤭💗✨

29/06/2024

Viral Dubai Chocolate 🍫💗✨
ဒူဘိုင်းမှာလက်တစ်လော social media မှာနာမည်ကြီးနေတဲ့ စားလည်းကောင်းပြီး ဝယ်ရခက်တယ်ဆိုတဲ့ FIX dessert က ချောကလတ် တစ်ကယ်ကောင်းမကောင်း မှာစားကြည့်ထားတာပါ။

Address

Dubai

Alerts

Be the first to know and let us send you an email when Dear Chel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dear Chel:

Share