The Mirror of Tanintharyi

  • Home
  • The Mirror of Tanintharyi

The Mirror of Tanintharyi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Mirror of Tanintharyi, Media/News Company, .

30/08/2023

မိဘပြည်သူတို့ရေ......သိပြီးကြပြီလား။ ❓

နွေဦးဘဏ်ကို အသုံးပြုမယ်ဆိုရင် ...

🚛 ပြည်သူတွေအနေနဲ့ တော်လှန်ရေးအတွက် လိုအပ်သော ထောက်ပို့လုပ်ငန်းများကို စကစ ရန်မှ ကင်းကင်းဝေးဝေးနှင့် လုံခြုံလွတ်လပ်စွာ ပေးပို့လှူဒါန်းနိုင်ရုံသာမက...

🏦 ယခုကာလကဲ့သို့ ငွေကြေးတန်ဖိုးကျဆင်းလာတဲ့ အခြေအနေတွေမှာ ကိုယ့်မှာ ရှိထားတဲ့ ငွေပမာဏကို မဆုံးရှုံးရအောင် နိုင်ငံတကာ ငွေကြေးများဖြင့် မိမိကိုယ်တိုင် လဲလှယ်၊ ရောင်း၊ ဝယ်၊ သိမ်းဆည်းမှုများကိုလည်း ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

📈 ဒါတွေအပြင် အရေးကြီးဆုံးအချက်က စာရင်းသေစုငွေ အပ်နှံမယ်ဆိုရင်နွေဦးဘဏ်မှ နှစ်စဉ် အမြင့်ဆုံး ၁၁ ရာခိုင်နှုန်း အထိ အတိုးနှုန်းနဲ့ ပေးသွားမှာဖြစ်သလို...

💹 ပြည်သူတွေ အနေနဲ့ နွေဦးတော်လှန်ရေးကြီးကိုလည်း တည်ငြိမ်တဲ့ ငွေကြေးများနဲ့ ယုံကြည်စိတ်ချစွာ ကူညီ ထောက်ပံ့ ပေးရင်း...

မြန်မာနိုင်ငံက တခြားဘဏ်တွေမှာ မရနိုင်သေးတဲ့ ကိုယ်ကိုယ်တိုင် လွတ်လပ်စွာ လုပ်ကိုင်လို့ရတဲ့ Feature တွေနဲ့ မိမိလက်ထဲမှာ ရှိထားတဲ့ ငွေကြေးတွေကို လည်း တိုးပွား၊ ပွားများလာ‌အောင်လည်းလုပ်နိုင်မှာဆိုတော့

"နွေဦးလည်းကူ အတိုးလည်းယူ" နိုင်ဖို့
အခုပဲ နွေဦးဘဏ် မှာ စာရင်းသွင်း၊ အကောင့်ဖွင့်ပြီး
အသုံးပြုမှုကို စတင်လိုက်ဖို့ ဖိတ်ခေါ်ပါတယ်။

___________________
➡️ဘဏ် အကောင့်ဖွင့်ဖို့ စာရင်းပေးရန်
https://beta.springdevelopmentbank.com/register

➡️ နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity

➡️ SDB Help Center မှ အကူအညီရယူရန်
https://help.springdevelopmentbank.com



23/08/2023

နွေဦးဘဏ်၏ ရွှေစုဆောင်းခြင်း ၀န်ဆောင်မှုတွင် လက်ရှိ မျက်မှောက်ကာလရဲ့ ကမ္ဘာ့ရွှေဈေးကွက် စံနှုန်းနဲ့ အညီ ဘဏ်စာရင်း ဖွင့်ထားသူများမှ ရွှေတိုကင် (GOLD Token) အဖြစ် ဝယ်စု နိုင်ပါတယ်။

🏅SDB ရွှေဝယ်စုသူများ ကိုယ်စား ဘဏ်၏ တာ၀န်ရှိဌာနမှ 99.99% သန့်သော ရွှေအစစ်များနှင့် ကျောထောက် နောက်ခံထားသည့် Gold Stable Coin များကို 1:1 အချိုးကျ ဝယ်ယူပြီး လုံခြုံမှု စိတ်အချရဆုံး သက်ဆိုင်ရာ နေရာဒေသမှာ သိမ်းဆည်း ထားပေးမှာပဲ ဖြစ်ပါတယ်။

🏅SDB ရွှေ၀ယ်စုသူများသည် မိမိဆန္ဒရှိတဲ့ အချိန်မှာ နွေဦးဘဏ်မှ ၀န်ဆောင်မှုပေးထားသော ငွေကြေးများနဲ့ အချိန်မရွေး စိတ်ကြိုက် ပြန်လည် လဲလှယ်နိုင်ပါတယ်။

🏅SDB ရွှေများကို နွေဦးဘဏ် အကောင့်ချင်း လွှဲပြောင်းနိုင်သလို Fixed Deposits အနေနဲ့ စာရင်းသေအပ်နှံပြီး နှစ်စဥ် အတိုးနှုန်းများ လည်း ရယူနိုင်ပါတယ်။

🏦 ဘဏ်ဝန်ဆောင်မှုများ တိုးချဲ့မည့် အနာဂတ် ကာလမှာလည်း ကြားကာလဗဟိုဘဏ် နှင့်အတူ ပူးပေါင်းပြီး ရွှေစုဆောင်းသူများ ဆန္ဒရှိပါက ပြင်ပရွှေများ အဖြစ် ပြန်လည် ထုတ်ယူ ရရှိနိုင်အောင် လုပ်ငန်းစဥ်များ ဆောင်ရွက်နိုင်ဖို့ စီစဥ်ရေးဆွဲလျက် ရှိပါတယ်။

✅ မိမိပိုင်ဆိုင်မှုများ တိုးပွားဖို့ နွေဦးဘဏ်မှာ လုံခြုံခေတ်မီစွာ ရွှေစုလိုက်ပါ။

ဘဏ် အကောင့်ဖွင့်ဖို့ စာရင်းပေးရန်
https://beta.springdevelopmentbank.com/register

နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity

SDB Help Center မှ အကူအညီရယူရန်
https://help.springdevelopmentbank.com

22/08/2023

USD လက်ဝယ် သိမ်းထားဖို့ စိတ်မချရဘူးလား။

USD ကို အလွယ်တကူ ဝယ်ယူဖို့ နေရာ မရှိဘူး ဖြစ်နေသလား။

နွေဦးဘဏ်တွင် စာရင်း ဖွင့်လှစ်ပြီး လိုသလောက် USD ဝယ်ယူ၍ လုံခြုံစိတ်ချစွာ သိမ်းဆည်းထားပြီး မိမိဆန္ဒရှိတဲ့ အချိန်မှာ လွယ်ကူစွာ ပြန်လည် ရောင်းချနိုင်ပါတယ်။

MMK မှ အခြားငွေကြေးများ နှင့် Gold token ကိုလဲ လက်ညှိုးတထောက်ဖြင့် Real-Time Exchange အတိုင်း လဲလှယ်နိုင်ပါတယ်။

နိုင်ငံခြားငွေကြေးများကို တစ်နေရာထဲမှာ စီမံခန့်ခွဲ နိုင်ဖို့ နွေဦးဘဏ် အကောင့်တခုသာ လိုပါတယ်။

ဘဏ် အကောင့်ဖွင့်ဖို့ စာရင်းပေးရန် https://beta.springdevelopmentbank.com/register

နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity

SDB Help Center မှ အကူအညီရယူရန်
https://help.springdevelopmentbank.com

20/08/2023

လက်ရှိအချိန်ကာလမှာ မြန်မာကျပ်ငွေ တန်ဖိုး လျော့ပါးလာသော အခြေအနေအရ MMK မှ အခြား ငွေမာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုဓနများသို့ လဲလှယ်လာကြပါတယ်။

နွေဦးဘဏ်မှာလည်း MMK/ USD/ SGD/ THB အပြင် ဒီဂျစ်တယ် ရွှေများ အဖြစ်သို့ စိတ်ကြိုက် လဲလှယ် လွှဲပြောင်း နိုင်ပါတယ်။

SDB ၏ ဝန်ဆောင်မှု တစ်ခုဖြစ်သော Foreign Currency Exchange နှင့် ပါတ်သတ်သော သတိထားသင့်သည့် အချက်များကို ပြောပြပါရစေ။

၁။ နွေဦးဘဏ် ပင်မစာမျက်နှာတွင်ဖော်ပြထားသော Reference FX Rates သည် မိမိ အတိအကျရမည့် ငွေလဲနှုန်းမဟုတ်ပါ။ (ပြင်ပစျေးကွက်၏ ရည်ညွှန်းပြ စျေးနှုန်းသာ ဖြစ်ပါတယ်။)

၂။ SDB ၏ အမှန်တကယ် ငွေလဲနှုန်းသည် ဘဏ်၏ စျေးကွက်အတွင်း ဝယ်လိုအား/ ရောင်းလိုအား များ အပေါ် မူတည်၍ အမြဲပြောင်းလဲနေသောကြောင့် အပြင်ငွေလဲနှုန်းများနှင့် ကွာခြားမှု ရှိနိုင်ပါတယ်။

၃။ ငွေမလဲလှယ်မှီ မိမိ ရရှိမည့် ပမာဏ ကိန်းဂဏန်းများကို ဖော်ပြပေးထားသောကြောင့် သေချာစွာ တွက်ချက် ဖတ်ရှုပြီး စိတ်ကျေနပ်သလို ဆောင်ရွက်နိုင်ပါတယ်။

နွေဦးဘဏ် ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး အစဥ်တစိုက် အဆင်ပြေချောမွေ့အောင်လည်း စီမံနေပါတယ်။ နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ telegram channel မှာလည်း ၀င်ရောက်ဆွေးနွေးနိုင်သလို Help Center မှာလည်းမိမိ သိလိုသည်များကို လေ့လာနိုင်ပါတယ်။

SDB User Community - https://t.me/SpringDevBankCommunity
SDB Help Center - https://help.springdevelopmentbank.com

31/07/2023
23/07/2023

SDB ဘဏ်မှာ ယုံကြည်စွာ အပ်နှံလိုက်ပါ။
Bank Account ဖွင့်ဖို့ ဘာတွေလိုအပ်တာလဲ ?
1. Email
2. User Name
3. Full Name (Nick Name)
4. DOB (DD/MM)
5. Last four digits of NRIC
🛑အကောင့်ဖွင့်ခဲ့သော email & user name ကိုတော့
လုံးဝ မေ့လို့မရပါဘူး။
📥 ဘာ currency တွေနဲ့သုံးလို့ရလဲ ?
အခုလက်ရှိ currency လေးမျိုးရပါတယ်။
နောက်ပိုင်းမှာထပ်တိုးပါမယ်။
1. MMK - Myanmar Kyat 🇲🇲
2. THB - Thai Baht 🇹🇭
3. SGD - Singapore Dollar 🇸🇬
4. USD - US Dollar 🇺🇸
Bank Account ဖွင့်ဖို့ Agent လိုအပ်လား ?
Agent မလိုအပ်ပါဘူး။ ကိုယ့်ဘာသာ SDB register link ကတဆင့် ဖွင့်လို့ရပါတယ်။
📥 မိမိ account ထဲ ငွေဘယ်လိုထည့်ရမလဲ ?
1. Crypto နဲ့ Network ကို Polygon (MATIC) ရွေးပြီး။
သွင်းလို့ရပါမယ်။
2. Relationship Manager RM ကနေ သွင်းရပါမယ်။
📥 မိမိ account ကနေ ငွေဘယ်လိုထုတ်ရမလဲ ?
Relationship Manager RM ကို ဆက်သွယ်စုံစမ်းပါ။
ကိုယ်ဖွင့်လိုက်တဲ့ SDB account မှာ currency အလိုက် RM list တွေရှိပါတယ်။
📥 Currency ပြောင်းလို့ရလား ?
Currency ပြောင်းလို့ ရပါတယ်။ Rate ကလည်း live market rate နဲ့အတော်နီးစပ်ပါတယ်၊။
ပြောင်းခအနေနဲ့ 2% ကျသင့်မှာလည်းဖြစ်ပါတယ်။
📥 Bank ဆိုတော့ အတိုးရမှာလား ?
အတိုးရပါတယ်။ Fixed Deposit အနေနဲ့
အပ်နှံထားတဲ့ လအလိုက်ရပါမယ်။ မပြည့်ခင်ပြန်ထုတ်ရင်တော့ အတိုးတော့မရပါဘူး။
📥 ရွှေဝယ်လို့ရလား ?
Digital Gold အနေနဲ့ဝယ်လို့ရပါတယ်။
👉 စကစ ဘဏ်တွေမှာ ငွေမထားချင်ဘူး ဆိုတဲ့ ပြည်သူတိုင်းအတွက် ဝမ်းမြောက်စရာပါ။
SDB မှာ ယုံကြည်စွာ အပ်နှံလိုက်ပါ။
𝗢𝗽𝗲𝗻 𝗦𝗗𝗕 ၊Bank 𝗔𝗰𝗰𝗼𝘂𝗻𝘁 𝗡𝗢𝗪‼️
အကောက်ဖွင့်ရန် လင့်
https://beta.springdevelopmentbank.com/register
Account ဝင်သုံးရန် လင့်။
https://beta.springdevelopmentbank.com/login




Telegram Channel - https://t.me/pvtvmyanmar
၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေး တွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

19/06/2023

အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) ကနေ နွေဦးဖွံဖြိုးရေးဘဏ် (Spring Development Bank – SDB) တည်ထောင်လိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်ပါပြီ။
SDB ဟာ တော်လှန်ရေးမှာ လိုအပ်တဲ့ ဘဏ္ဍာငွေ စီးဆင်းမှုကို ဖြည့်ဆည်းပေးနိုင်မယ့်အပြင် ပြည်သူလူထုအတွက် ဓနဥစ္စာ လုံခြုံရေးကိုလည်း ကူညီအားဖြည့်ပေးနိုင်မှာဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ က အစိုးရအဖွဲ့အစည်းအဝေးမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
SDB ကို သမားရိုးကျဘဏ်တွေနဲ့ မတူဘဲ အသုံးပြုသူတွေအတွက် အကျိုးများစေနိုင်မယ့် နည်းလမ်းတွေနဲ့ စီစဉ်ထားပြီး NUGPay လိုမျိုးပဲ Blockchain/Crypto နည်းပညာတွေပေါ်မှာ အခြေခံလည်ပတ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
SDB ရဲ့ လုပ်ငန်းဆောင်တာတွေကိုတော့ သာမန်ဘဏ်တွေ နဲ့ မတူဘဲ နောက်ဆုံးပေါ် နည်းပညာတွေ သုံးထားတာကိုတွေ့ရပါတယ်။
Bank account တိုင်းဟာ MMK, SGD, THB နဲ့ USD ဆိုပြီး Currency လေးမျိုးကို တပြိင်တည်း အသုံးပြုနိုင်တာကိုတွေ့ရပြီးတော့ user တိုင်းဟာလည်း နိုင်ငံတကာမှာ ရှိတဲ့ SDB account တိုင်းကို စက္ကန့်အနည်းငယ်အတွင်း ငွေလွှဲ၊ငွေယူခြင်း ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။
စာရင်းသေစုငွေ (fixed deposit) တွေ အပြင် နေ့စဥ် အတိုးရနိုင်တဲ့ စုငွေ ပုံစံမျိုးတွေ၊ တလတခါ ဆုတွေအများကြီးရနိုင်တဲ့ စုငွေပုံစံမျိုးတွေလို ဆန်းသစ်တဲ့ ငွေစုနည်းတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ ပိုက်ဆံစုတာတွေအပြင် EOD ရဲ့ Product တွေ ဖြစ်တဲ့ Condo တွေနဲ့ တိုက်ခန်းတွေကိုလည်း ကိုယ့် bank account ကနေ တိုက်ရိုက်ဝယ်ယူနိုင်မှာပါ။
ဒါ့အပြင် SDB မှာ GOLD ဝယ်စုလို့ရတဲ့ option ကိုပါ မိတ်ဆက်လာပါတယ်။ ဒီ GOLD unit တစ်ခု ဟာ ရွှေ၁ကျပ်သားရဲ့ ၁၂၈ ပုံ ၁ ပုံ တစ်နည်းအားဖြင့် ရွှေ၁ရွေးလေးကို ကိုယ်စားပြုပြီးတော့ UK နဲ့ Switzerland တိုမှာ ရှိတဲ့ vault တွေထဲက physical ရွှေတွေနဲ့ ကျောထောက်နောက်ခံပြုထားတာဖြစ်ပါတယ်။
SDB ကို ဒီလပိုင်းတွေအတွင်းမှာ Beta test စတင်သွားမှာဖြစ်ပြီး account 1,000 နဲ့ စမ်းသပ်လည်ပတ်သွားမယ်လို့လည်း သိရပါတယ်။

11/06/2023

မိမိတို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊အမှတ်(၁)တပ်ရင်း မှ ပြုလုပ်သော Members (2000) ခေါ်ယူခြင်းအစီအစဉ်မှာ နိုင်ငံတကာမှ ပါဝင်အားဖြည့်လိုသူများကို နိုင်ငံအလိုက်အောက်မှာ ဆက်သွယ်‌မေးမြန်းပါဝင်စာရင်းပေးသွင်းနိုင်ပါကြောင်းနှင့် ထည့်ဝင်ငွေပမာဏအလိုက် ရာထူးအဆင့်ဆင့်သတ်မှတ်ပုံ ကိုလည်း ဖော်ပြပေးထားပါတယ်ဗျ

://www.facebook.com/106870068328195/posts/535824908766040/?mibextid=Nif5oz

#စင်ကာပူနိုင်ငံမှ မန်ဘာစာရင်းပေးသွင်းလိုသူများအတွက်

https://www.facebook.com/springmay.srss?mibextid=ZbWKwL

https://www.facebook.com/profile.php?id=100077091157999&mibextid=ZbWKwL

https://www.facebook.com/kndfdemoso/

#ထိုင်းနိုင်ငံမှ မန်ဘာစာရင်းပေးသွင်းလိုသူများအတွက်

https://www.facebook.com/m.nyaemyarsoe98?mibextid=ZbWKwL

https://www.facebook.com/khau.johnpaul?mibextid=ZbWKwL

https://www.facebook.com/kndfdemoso/

#အမေရိကန်နိုင်ငံမှ မန်ဘာစာရင်းပေးသွင်းလိုသူများအတွက်

https://www.facebook.com/profile.php?id=100074992376152&mibextid=ZbWKwL

https://www.facebook.com/kndfdemoso/

#မလေးရှားနိုင်ငံမှ မန်ဘာစာရင်းပေးသွင်းလိုသူများအတွက်

https://www.facebook.com/zaw.naingoo.501?mibextid=ZbWKwL

https://www.facebook.com/kndfdemoso/

#ဂျပန်နိုင်ငံမှ မန်ဘာစာရင်းပေးသွင်းလိုသူများအတွက်

https://www.facebook.com/a.zel.752?mibextid=ZbWKwL

https://www.facebook.com/kndfdemoso/

#ကိုးရီးယားနိုင်ငံမှ မန်ဘာစာရင်းပေးသွင်းလိုသူများအတွက်

https://www.facebook.com/profile.php?id=100079031809499&mibextid=ZbWKwL

https://www.facebook.com/khau.johnpaul?mibextid=ZbWKwL

https://www.facebook.com/kndfdemoso/

#မြန်မာနိုင်ငံမှ မန်ဘာစာရင်းပေးသွင်းလိုသူများအတွက်

https://www.facebook.com/profile.php?id=100077091157999&mibextid=ZbWKwL

https://www.facebook.com/khau.johnpaul?mibextid=ZbWKwL

https://www.facebook.com/profile.php?id=100079031809499&mibextid=ZbWKwL

https://www.facebook.com/zaw.naingoo.501?mibextid=ZbWKwL

https://www.facebook.com/profile.php?id=100070318610195&mibextid=ZbWKwL

https://www.facebook.com/profile.php?id=100051741848975&mibextid=ZbWKwL

https://www.facebook.com/a.zel.752?mibextid=ZbWKwL

https://www.facebook.com/profile.php?id=100074992376152&mibextid=ZbWKwL

https://www.facebook.com/m.nyaemyarsoe98?mibextid=ZbWKwL

https://www.facebook.com/kndfdemoso/


5.6.2023

05/06/2023
26/03/2023
16/03/2023

မျိုးစေ့မမှန်လို့ အပင်မသန်တာ ဆန်းတော့မဆန်းပါဘူးလေ။

မနှစ်က ဖရူဆိုရွာဘက်မှာ အစုအလိုက်အပြုံလိုက် မီ:လောင်တိုက်သွင်းခံရတဲ့ နေ့မှာတောင် "ဆိုဦးမှာ" ဆိုပြီး ခနဲတဲ့တဲ့ ရွဲ့စောင်းပြီး ဖအေဖြစ်သူ ချစ်ကောင်းက Friend Only Post နဲ့ တင်ခဲ့ဖူးသေးတာ။

အခုသမီးအလှည့်မှာလဲ အလားတူ။

ပြည်သူ့အနုပညာရှင်တွေ၊ စီဒီအမ်တွေ၊ စစ်ဘေးရှောင်တွေ ဒုက္ခပင်လယ်ဝေပြီး ပြေးပုန်းရှောင်နေရတဲ့ မဲဆောက်မှာ အခွက်ပြောင်ပြောင် သွားဆိုအုံးမယ့်အပြင်

"စားစရာမရှိတော့လို့ တင်ကျွေးထားမလား" ဆိုပြီး ပရိသတ်ကို ပြန်ရွဲ့သတဲ့။😂

လက်သပ်မွေးထားတဲ့ 🐕က ပြန်ကိုက်တယ်ဆိုတာ ဒါမျိုးကိုခေါ်တာ။

နေပြည်တော်က အနှီးအနွယ်တွေရဲ့ Private ပွဲတွေမှာ တိုးတိုးတိတ်တိတ် ခိုးဆိုလာရာကနေ စလို့ လက်ရဲဇက်ရဲဖြစ်လာလိုက်ကြတာ
ရန်ကုန် မန္တလေးလို မြို့ကြီးတွေရဲ့ ဘားတွေ ကလပ်တွေမှာ ပေါ်တင်နယ်လှည့်ဆိုပြလာရဲတဲ့အထိ ဖြစ်လာကြတယ်။ ခုဆို ပရိသတ်နဲ့ တလရ ကို ပေါ်တင်စော်ကားလာတဲ့အထိ မိုက် ရိုင်း လာ ကြ ရော။

ဒီလိုတွေ ပြောရဲ၊ ဆိုရဲ၊ စော်ကားလာရဲ တာရဲ့ အဓိက အကြောင်းရင်းက "ဘာကြောင့်လဲ?" လို့ပြန်စဉ်းစားကြည့်လိုက်ရင်
ခင်ဗျားတို့ ကျုပ်တို့ ပြည်သူတွေပြောတဲ့ "Boycott နဲ့ Social Punishment" ဆိုတာ ကောက်ရိုးမီး ပဲဆိုပြီး သိသွားလို့။

ရိုင်းရိုင်း ပြောရရင် ကိုယ်တွေဘက်က BC နဲ့ SP ကိုတောင် သောက်သုံးကျအောင် မလုပ်နိုင်လို့။ မလုပ်ကြလို့။

နီနီခင်ဇော်တို့ အိမ့်ချစ်တို့လို နာမည်ကြီးတွေက အရှက်မရှိ လောက်ဇတ်ခင်း ငတ်ပြတ်တယ်ဆိုပြီး ထိုင်အော်ပြနေကြတော့ စစ်ရှောင်တွေ၊ စီဒီအမ်တွေနဲ့ တောထဲက ကလေးတွေက ထိုင်ရယ်ပြနေရမှာလား?

စကားနောက်တရားပါပြီး ခေတ်ကာလ တစ်ကွေ့ကွေ့မှာ ဒင်းတို့အမှန်တကယ် ငတ်ပြတ် စုတ် ပြတ်ပြီး ဘဝတွေနာ ခေါင်းတွေမဖော်နိုင်လောက်အောင်ဖြစ်ဖို့ Social Punishment နဲ့ Boycott ကိုသာ နာနာလုပ်ထားကြပေတော့။

505 Entertainment.

30/01/2023

ယနေ့အတွက် သင် နွေဦးထီ ထိုးပြီးပြီလား ?

နွေဦးထီထိုးဖို့ ၁ ရက်ပဲ ကျန်တော့တယ်နော်…

နွေဦးထီကို NUGPay နဲ့ ငွေပေးချေဖို့နည်းလမ်း နှစ်မျိုးကို အောက်ပါ Link များမှတဆင့် ကြည့်ရှူ့နိုင်ပါတယ်။

Link ကနေ တိုက်ရိုက်ပေးချေနိုင်တဲ့ ပထမနည်းလမ်းကိုလေ့လာချင်ရင်တော့ အောက်ပါ link မှာကြည့်ရှုနိုင်ပါတယ်။

https://fb.watch/ijbUQPlRHO/?mibextid=unz460

ဒီနည်းလမ်းမှာတော့ wallet address၊ ပေးချေရမယ့်ငွေ amount၊ order ID တို့ မဖြစ်မနေဖြည့်သွင်းဖို့လိုအပ်ပါတယ်။

https://fb.watch/ijbTHeldrF/?mibextid=unz460

18/01/2023

ဒီတလရသာ မအောင်မြင်ခဲ့ရင် စာရိတ္တမကောင်းတဲ့သူတွေရဲ့လက်အောက်မှာ အမြဲနေနေရတော့မှာ…

ပရဟိတအသင်းတွေ လူမှုရေးအသင်းတွေဆိုတာတွေကအစ ⚽️မနေတဲ့သူတွေ ဦးစီးနေတဲ့ အခွင့်အရေးရဖို့ ဦးစားပေး ပြစားအသင်းတွေပဲ ကြီးစိုးလာတော့မှာ…

အစစအရာရာ အခွင့်အရေးသမားတွေပဲ နေရာယူနေကြတော့မှာ….

သားစဉ်မြေးဆက် စစ်ကျွန်ဖြစ်ကြရတော့မှာ…

တို့ပြည်သူတွေ ရုန်းကြပါစို့ခင်ဗျာ
💪💪💪

#အောင်ပွဲသီကုံး၂၀၂၃

#လူများများသုံးဖြစ်အောင်ပိုစ့်လေးshareပေးပါ

#တလရအောင်မြင်ဖို့_သင့်မှာလည်း_တာဝန်ရှိပါတယ်

#ပွိုင့်တွေလဲယူမကြာမကြာလဲဝုန်းပါ

်ရင်းကူ

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ နှစ်သစ်ကူးကာလအတွင်း အကြမ်းဖက်၊အဖျက်အမှောက်လုပ်ရပ်တွေ ကျူးလွန်လာနိုင်ခြေရှိသည့်အတွက် ကြိုတင...
31/12/2022

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ နှစ်သစ်ကူးကာလအတွင်း အကြမ်းဖက်၊အဖျက်အမှောက်လုပ်ရပ်တွေ ကျူးလွန်လာနိုင်ခြေရှိသည့်အတွက် ကြိုတင်သတိပြုရန် သတိပေးနှိုးဆော်ချက်။

📌နှစ်သစ်ကူး အကြိုညနှင့် နှစ်သစ်ကူး နေ့ရက် များတွင် ပြည်သူများအတွက် ဘေးအန္တရာယ် သတိပေးချက်
===============================

အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့၏ အာဏာအတွက် ပြည်သူများကို တိုက်ခိုက် ရန် လက်မရွံ့ကြောင်းကို အခါကြီး ရက်ကြီးနေ့ရက်များတွင် တိုင်းရင်းသား ဒေသများနှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် ပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ပြည်သူများ၏ အိုးအိမ်များအား မီးရှို့ခြင်းနှင့် ဘာသာရေးအဆောက်အဦများ၊ ကျောင်းများနှင့် ဆေးရုံဆေးခန်း အစရှိသည့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများကို လေကြောင်းမှ တိုက်ခိုက်ခြင်း အစရှိသည့် လူမဆန်သော ရာဇဝတ်မှုတို့က သက်သေခံလျက်ရှိသည်။

ထို့အတူ နိုင်ငံတကာနှင့် သံတမန်ရေးတွင် ရှုံးနိမ့်မှုများ ကြုံတွေ့လျက်ရှိသော စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ပုံဖော်နိုင်ရန် နည်းပေါင်းစုံဖြင့် ကြိုးစားလျက်ရှိသည်။

ထို့ကြောင့် ယခုကဲ့သို့ နှစ်သစ်ကူး အကြိုညနှင့် နှစ်သစ်ကူး နေ့ရက်များတွင် ပြည်သူများအနေဖြင့် လူစုလူဝေးများပြားသည့်နေရာများ၌ အကြမ်းဖက်လုပ်ရပ် များကို အထူးသတိပြုကြပါရန် သတိပေး ကြေညာအပ်ပါသည်။

ပြည်သူအားလုံး ဘေးအန္တရာယ် ကင်းစွာဖြင့် နှစ်သစ်ကူး အခါသမယကို ဖြတ်သန်းနိုင်ကြပါစေ။

30/12/2022

၂၀၂၂ ခုနှစ်အတွက် နွေဦးထီရောင်းရက် ဒီတစ်ရက်ပဲကျန်တော့တယ်။

နောက်ဆုံးပိတ် အိတ်နဲ့လွယ်ကြမယ်။ 😚

အားပေးသွားကြပါဦး။ ✊

28/12/2022
13/12/2022

ကော်ဖီတစ်ခွက်ဖိုးလှူပါ
m.me/104744055341380
မြောင်မြို့နယ် အတွင်းမှ ကျေးရွာ ၉ ရွာ မှ မီးဘေးခံစား ပြည်သူများအတွက် ဆန်တစ်ပြည် ၂၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၈၀၀အား တစ်အိမ်ထောင်စု လျှင် ၄ပြည်နှုန်းဖြင့် ထောက်ပံ့ကူညီသွားပါမည် ။

မီးဘေးခံစားပြည်သူများအတွက် ဆန်တပြည် ၂၀၀၀ကျပ်နှုန်းဖြင့် တက်နိုင်သမျှ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် ။

လှူဒါန်းလိုပါက NUGpay စကန်ဖတ်ပြီး ရိုးရှင်းလွယ်ကူစွာ ပါဝင်ကြပါစို့ .
တခြားကူညီလိုသည်များ ချက်ဘောက်တွင် လာယူပါနော်. ။

ပြည်သူကူညီအိမ်ထောင်စု၈၀၀အတွက်ဆန်၄ပြည်ရပြီ

#ထောက်ပို့တပ်သား

13/12/2022

“ကျမ အမျိုးသားကတော့ တပ်မတော်က အရာရှိပါ။”

“ကျမ အမျိုးသားကတော့ စစ်သားပါ” လို့ လူဘုံအလယ်မှာ ရဲရဲဝံ့ဝံ့ပြောနိုင်တဲ့ တနေ့ကို ရောက်ချင်ပါတယ် ။

ပြည်သူကို ကာကွယ်ပေးရမယ့် တပ်မတော်က အရာရှိ ၊ စစ်သားဆိုတာ လူအများရဲ့ အားကိုး ယုံကြည်မှု ၊ လေးစားမှုကို ခံယူထိုက်တဲ့ လူတန်းစားတစ်ရပ်ဖြစ်ရမယ့်အစား ဒီအာဏာရှင်စနစ်ကြီးကြောင့် လူဘုံအလယ်မှာ ဒီအသိုင်းဝိုင်းကပါလို့ ကျမတို့ ၊ ရှင်တို့ ထုတ်ဖော်မပြောရဲတာ ဘယ်လောက်ကြာခဲ့ပြီလဲ?

အပြင်မှာ ကိုယ့်အဆင့်အတန်း ၊ ကိုယ့်ပညာနဲ့ ဘယ်လိုပဲရှိနေနေ သူတို့နားရောက်သွားရင် ကိုယ့်မာန၊သိက္ခာတွေ ခဝါချပြီး အောက်ကျို့ခံခဲ့ရတာတွေ ၊ ကိုယ့်ဘက်က မှန်နေရင်တောင် ပြန်တောင်းပန်ခဲ့ရတဲ့ ပေးဆပ်မှုတွေဟာ ပြည်သူ့အမုန်းတရားပဲ ပြန်ရမယ်ဆိုရင်ရော တန်ရဲ့လား ?

ဒီလိုပေးဆပ်မှရမယ့် အဲ့ဒိအသိုင်းဝိုင်းတခုထဲကပဲ လက်ခံနေတဲ့ ရာထူး၊ ဂုဏ်တွေကရော ဒီချိန်မှာမက်မောစရာ ရှိနေသေးရဲ့လား ?

လူကိုလူလို မဆက်ဆံတဲ့ ဒီအသိုင်းဝိုင်းမှာပဲ ဆက်ပြီးရှင်သန်နေရတာရော နေပျော်ရဲ့လား?

ရှင်တို့ ၊ ကျမတို့က ဒီအချိန်မှာ မတရားတဲ့ ၊ လူမဆန် ယုတ်မာတဲ့ အဖွဲ့စည်းထဲက ထွက်လာရုံပဲ စွန့်လွှတ်မှုရှိသေးတာပါ။
တချို့လူငယ်တွေဆိုရင် သူတို့ဘဝတွေ အသက်တွေကို စွန့်လွှတ်နေကြရတာပါ။

ရှင်တို့ ၊ ကျမတို့ရဲ့ မျိုးဆက်တွေ ၊ ဘာမှမသိသေးတဲ့ အပြစ်မဲ့တဲ့ ခလေးတွေရဲ့ အနာဂတ်ဟာ ကျမတို့မိဘတွေကြောင့် လူ့အသိုင်းဝိုင်းအလယ်မှာ အရိပ်မဲမဖြစ်ရလေအောင် ကျမတို့တွေမှာ တာဝန်အပြည့်ရှိပါတယ် ။

ကိုယ်ချစ်ရတဲ့ မိသားစုအတွက်
ကိုယ်တန်ဖိုးထားရတဲ့ ကိုယ့်မျိုးဆက်တွေအတွက်မတရားမှန်း သိနေလျက်နဲ့ ဘာလို့ မစွန့်လွှတ်နိုင်ရမှာလဲ?

အမှန်တရားဘက် ရပ်တည်ဖို့ ၊ ပြည်သူနဲ့ တသားတည်းဖြစ်လို့ ပြည်သူ့ဘက် ရပ်တည်ဖို့ ဘာလို့ သတ္တိမရှိရမှာလဲ?

ကျမကတော့ ကျမချစ်တဲ့ မိသားစုအတွက်၊ ကျမ တန်ဖိုးထားရတဲ့ ကျမရင်သွေးလေးအတွက် နောင်လာမယ့် အနာဂတ်မှာ နောင်တဆိုတာ စိုးစဉ်းမျှ မရှိရလေအောင်ရဲရဲဝံ့ဝံ့ဆုံးဖြတ်ပြီး အမှန်တရားဘက် ရပ်တည်ခဲ့ပါပြီ ။

ဒါဟာ အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့ နောက်ဆုံးတိုက်ပွဲလဲ ဖြစ်တာကြောင့် ကျမတို့အားလုံး ဝိုင်းဝန်းပါဝင်မှသာ အမြန်ဆုံးအောင်မြင်မှာဖြစ်ပါတယ်။ ဒါမှသာ ကျမတို့ တိုင်းပြည်၊ ကျမတို့ မျိုးဆက်ခလေးတွေရဲ့ အနာဂတ်သာယာလှပဖို့ အကောင်အထည်ဖော် ဖန်တီးနိုင်မှာပါ။

CDM ဆေးဗိုလ်ကြီးဇနီး မချိုချို

12/12/2022

ပါးရိုက်တယ်၊ ထိုင်ထလုပ်ခိုင်းတယ်၊ လေးဘက်ထောက်သွားခိုင်းတယ်

11 Dec 2022 By MPA / BCM

ကျနော်က တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းဆင်းပါ။

အရာရှိငယ်ဘဝ ကျောင်းဆင်းပြီး တနှစ်အကြာမှာ တပ်မတော်က အာဏာသိမ်းပြီးတဲ့အခါCDM လုပ်ခဲ့သူပါ။

တပ်ထဲမှာ ဗိုလ်လောင်း ဘဝက ၆နှစ် ၊ အရာရှိဘ၀ က တနှစ် နေခဲ့ပါတယ်။

ကျနော် က ၈တန်း ထိ ရွာမှာ နေတာ။ ငယ်ငယ်ထဲက ကျောင်းစာထူးချွန်ခဲ့တယ်။ အထက်တန်းကို မြို့က ဘုန်းကြီးကျောင်းမှာနေပြီး ကျောင်းတက်ခဲ့ပါတယ်။ ၁၀တန်းအောင်တော့ မိဘတွေကိုယ်တိုင်က တိုက်တွန်းလို့ စစ်ထဲဝင်ခဲ့တာပါ။

မိဘတွေ တွေးတာက ရပ်ထဲရွာထဲမှာ ဘယ်နေရာမဆို ဘယ်ဌာနမဆို တပ်မတော်ကပဲ၊ စစ်သားကပဲ အပေါ်စီးကနေရတယ်။ ဒါကြောင့်မို့ စစ်ဗိုလ်လုပ်သင့်တယ်လို့တွေးပြီး ကျနော့တော့်ကို စစ်ထဲဝင်ဖို့ တိုက်တွန်းခဲ့တာပါ။

တပ်ထဲ ရောက်တော့ ပထမဆုံး စသိတဲ့အသိက တပ်ထဲမှာ ကိုယ်ထင်ထားသလိုမဟုတ်ဘူးဆိုတာ စသိလာတယ်လို့ ဆိုရပါမယ်။

ပထမဆုံး တပ်ထဲ ရောက်တယ် ဗိုလ်ရွေးဖြေတယ်။ ဗိုလ်ရွေးမှာ ထဲက ဆဲတာဆိုတာတွေ အများကြီး ရုတ်တရက်ကြားရတော့ ကျနော် တော်တော်စိတ်ပျက်ခဲ့တယ်။ အဲဒီမှာထဲက ကျနော်က တပ်ထဲဝင်ရတာ စိတ်မပါချင်တော့ပဲ တပ်ထဲ မဝင်ချင်တာ။

မဝင်ချင်ပေမယ့်လဲ ကျနော့ မိသားစု စီးပွားရေး အခြေအနေအရဝင်ရတယ်။ မိဘကလည်း ဝင်ရမယ် ဆိုတော့ ကျနော် ဝင်လိုက် တယ် ။ ဝင်လိုက်တဲ့ အချိန်မှာ ဗိုလ်ရွေးအောင်သွားတယ် ။ အောင်တော့ First year စတက်တယ်။

အဲဒီပထမနှစ် စတက်တဲ့အချိန်မှာပဲ ကိုယ်ထင်တာနဲ့ တကယ်မတူဘူးဆိုတာ သိသိသာသာကြီး တွေ့လာ သိလာရတာ။ အဲဒီ အထဲမှာက မှားသည် ဖြစ်စေ မှန်သည် ဖြစ်စေ ဘာမှ ပြန်ပြောလို့ မရဘူး အဆဲခံရတယ်။ အဲဒီတော့ ကျနော် က နဂိုကထဲ က မှ မဟုတ်ရင် မလုပ်ချင်တဲ့သူ ဆိုတော့ အမြဲတမ်း ပွကြီး ဖြစ်တော့တာပေါ့။ အဲဒီတော့ အဆင်မပြေဘူး။

ပြီးတော့ သူတို့က သင်ပေးတာတွေက တလွဲတွေ။ ဥပမာ အားဖြင့် သူများပစ္စည်းဆို မယူရဘူးဗျာ၊ ဒါပေမယ့် အဲဒီမှာက မဟုတ်ဘူး။ မနက် တန်းစီတဲ့အခါ ပစ္စည်းအစုံအလင်ပါလာရမယ်လို့ပြောထားတယ်။ လုံလောက်အောင် မပေးထားဘူး။ ပါလာရမယ့်ပစ္စည်း စုံဖို့ပဲ အရေးကြီးတယ်။

ကိုယ့်ဟာကို ကြိုက်တဲ့နေရာက ယူပဲ။ ကိုယ့်ပစ္စည်းမဟုတ်လည်း ဆွဲသာဆွဲခဲ့။ တန်းစီတဲ့အခါ ပါလာရမယ့်ပစ္စည်း စုံဖို့သာအဓိက။ အဲဒီတော့ ကျနော်တို့ First year ကလေးတွေက သူများရဲ့ ဖိနပ်လဲ ယူစီးတယ် သူများရဲ့ ဦးထုပ်လဲ ယူဆောင်းတယ် အဲလိုမျိုး တွေပေါ့။

ကိုယ့်ပစ္စည်း မဟုတ်လဲ ယူတယ်။ နောက်တခုက အပြစ်ပေးခံရပြီဆိုရင် သူများပစ္စည်း ယူလာတဲ့ကောင်က အပြစ်ပေးမခံရဘဲ ပစ္စည်းမပါပဲနဲ့ တန်းလာစီတဲ့ကောင်က အပြစ်ပေးခံရတယ်။ အဲ့တော့ အမှန်တရားက အမှားဖြစ်တာပေါ့။ ကိုယ့်ပစ္စည်း မဟုတ်လို့ မယူဘူးကွာ ဆိုပြီး တန်းလာစီတဲ့ကောင်က အပြစ်ပေးခံ ရတယ်။ သူများပစ္စည်းဆွဲပြီး လာတန်းစီတဲ့ကောင်က အပြစ်ပေးမခံရဘူး။

ပစ္စည်းတွေဆိုရင် တခြားဝေရာဝစ္စတွေ အိပ်ဆောင်ဝေရာဝစ္စလုပ်ရတဲ့ ပစ္စည်းတွေ ရှိတယ်။ တံမြက်စည်းတို့ ပေါက်တူးတို့လိုဟာတွေဆိုလို့ရှိရင်လဲ အဲဒီနည်းတူပဲ။ ပစ္စည်းတွေက ဟိုဘက် တပ်ခွဲက ဆွဲသွားလိုက် ဒီဘက် တပ်ခွဲ က ဆွဲသွားလိုက်နဲ့ ပစ္စည်းက မရှိဘူး၊ မရှိဘူးဆိုရင် မရှိတဲ့သူ အပြစ်ပေး ခံရတယ်။

ခိုးထားတဲ့ ပစ္စည်းရှိတဲ့ တပ်ခွဲက အပြစ်ပေးမခံရဘူး။ အဲလိုဆိုတော့ သင်တန်းသားဘဝမှာကတည်းက အမှားတွေ သင်တာ။ ပြီးရင် ကိုယ်က ပစ္စည်း မခိုးချင်ဘူးဆိုပါတော့။ မခိုးချင်လို့ဝယ်မယ်ထား။ ဈေးထဲ သွားဝယ်မယ်။ ဈေးထဲ သွားဝယ်ပြီးလို့ တံမြက်စည်း တို့ ပေါက်တူးတို့ကိုင်ပြီး ပြန်လာတာ မြင်လို့ ရှိရင်လမ်းမှာ နံပါတ် မှတ်ပြီးတော့ ပြန်ရောက်ရင် အရိုက်ခံရတယ်။ မင်းက ချမ်းသာနေလို့လား၊ ဘာလို့ ပစ္စည်းဝယ်တာလဲလို့ အမေးခံရ၊ အဆူခံရတယ်။

အဲတော့ ကျနော်တို့တွေက ရွေးချယ်စရာ မရှိဘူး။ ပစ္စည်းက ဝယ်လို့လဲ မရဘူး ကိုယ့်မှာလဲ မရှိဘူး အဲဒီတော့ လုံးချာလည်နေတာပေါ့။ ဘာလို့လဲဆိုရင် တပ်ခွဲ ၅ခွဲရှိရင် ဟိုဘက် တပ်ခွဲက ဆွဲလိုက် ဒီဘက်တပ်ခွဲက ဆွဲလိုက် နောက်ဆုံး ဘယ်လိုမြင်လဲဆိုတော့ အချင်းချင်း ကျနော် တို့တွေ တပတ်စဉ်မှာ ၁၀ယောက် ရှိတယ်ဆိုရင် ဒီတပ်ခွဲမှာ ပေါက်တူး ၁၀ချောင်း ရှိဖို့က ကျနော် တို့ ၁၀ယောက်ရဲ့ တာဝန်။

တခါတလေ ၉ယောက်က ပေါက်တူး ထွက်ရှာတယ် တယောက်က မရှာဘူး မရှာဘူး ဆိုရင် အဲဒီတယောက်ကို ဝိုင်းပြီးတော့ ထိုး​ကြကြိတ်ကြတာ။ မင်းကြောင့် တချောင်းလိုတယ် အဲတာကြောင့်မို့ မင်းမှာ အပြစ်ရှိတယ် ဆိုပြီး အကုန်လုံးက ဝိုင်းလုပ်တယ်။

အဲသလိုလုပ်ရအောင်လည်း အထက်က လူကြီးတွေက သင်ပေးတယ်။ အဲဒီလိုပစ္စည်းမရှိတဲ့ကောင်က သူ့ရဲ့ တကိုယ်ကောင်းဆန်မှုနဲ့ မင်းတို့တွေမှာ ပစ္စည်း မစုံမလင် ဖြစ်ရတယ်ဆိုပြီး သင်ပေးတာ။ အဲဒီကတည်းက သင်ပေးနေတာတွေက လွဲတာ။

လူကြီးလာတယ်ဆိုပါတော့။ လူကြီး လာလို့ ကျနော်တို့က ဖက်ထိပ်လုပ်တယ်။ ဖက်ထိပ်လုပ်တယ် ဆိုတာ လုပ်အားပေး ကိုပြောတာ။ လူကြီးက လာစစ်တယ်။ စစ်တဲ့အချိန်မှာ ဘာမှ မစားရသေးလည်း စာပြီးပြီလို့ ဖြေရတယ်ပေါ့နော်။ အဲဒါမျိုး မသိခင်ကဆို ရှိသေးတယ်။

First year ကျောင်းထဲ ဝင်ခါစ ဆိုတော့ မသိဘူးလေ၊ စားပြီးပြီလားလို့ မေးတယ်ဆိုရင် အမှန်အတိုင်းပဲ မစားရသေးဘူး ဖြေတယ်။ အဲဒါဆိုရင် လူကြီးက ကလေး တွေကို ကျွေးလိုက်အုန်း ဘာအုံးနဲ့ မျက်နှာချိုလေးနဲ့ ပြောသွားတယ်။ ပြောသွားပြီးတော့ ဖက်ထိပ် in charge လုပ်နေတဲ့ အရာရှိတွေက ကျ​နော်တို့ကိုခေါ်ပြီးတော့ ဆဲတာတို့ ပါးရိုက်တာတို့ လုပ်တယ်။ ပြောင်းပြန်ပေါ့ effect က ကျနော်တို့ အပေါ် ပြန်သက်ရောက်လာတယ် ။

အားလုံးက စိတ်ထဲမှာ mission (mission ဆိုတာက ရည်ရွယ်ချက်ပေါ့) သူတို့ လုပ်နေတာ အလုပ်ပြီးသွားဖို့ပဲအရေးကြီးတယ်။ ဘယ်လိုပြီးပြီး ကောင်းတဲ့နည်းနဲ့ ပဲ လုပ်လုပ် မကောင်းတဲ့ နည်းနဲ့ပဲ လုပ်လုပ် အလုပ်ပြီးသွားဖို့ပဲ။ အဲဒီတော့ အဆင်မပြေဘူး။

အားလုံးက အကျင့်စာရိတ္တ အပိုင်းတွေမှာ ခိုးတဲ့သူကမှန်တယ် မခိုးတဲ့သူက မှားတယ် အဲသလို ပုံစံတွေနဲ့ ရိုက်သွင်းခံရတာပေါ့။ ဒါဟာ အင်မတန်မှားယွင်းတဲ့ အခြေခံစာရိတ္တပဲ။ မှားအောင် သင်ပေး ရိုက်သွင်းတဲ့ကိစ္စ။ ဒီလို စိတ်ဓာတ် ဒီလိုအမူအကျင့်က တပ်အပြင်ဘက်မှာ တိုင်းရင်းသားတွေအပေါ်မှာ လူတွေအပေါ်မှာ လုပ်ရင်လည်း မှန်တယ်လို့ မြင်နေတော့ပေါ့။ လုပ်တော့တာပေါ့။

တပ်ထဲမဝင်ခင်ကတော့ ကျနော့ ရည်ရွယ်ချက်က ကျောင်းဆရာ လုပ်ချင်တာ။ ဒါပေမယ့် တပ်ထဲဝင်တဲ့အခါမှာလည်း ဓားပြ သွားလုပ်တာမှ မဟုတ်တာ ကိုယ်က နိုင်ငံတော် ကာကွယ်ရမှာ ပြီးရင် ကိုယ်ချစ်တဲ့သူတွေ ကာကွယ်ရမှာ ပေါ့နော်။ ပြောရမယ် ဆိုရင် ရပ်ထဲရွာထဲမှာ ဆို စစ်သား တယောက် ရဲတယောက် ရှိရင် တော်ရုံ လူမိုက် က ခေါင်းမထောင်ရဲဘူးမဟုတ်လား။

အဲဒါကြောင့်မို့လို့ ကိုယ်သာ စစ်သား စစ်ဗိုလ် ဆိုရင် ကိုယ့် အနီးဆုံး ရပ်ဆွေရပ်မျိုး ရှိတဲ့ ရပ်ရွာထဲလို အနိမ့်ဆုံး အဆင့်ကနေ ဖြည်းဖြည်းချင်း ကာ ကွယ် နိုင်မယ်လို့ထင်ခဲ့တာ။ တပ်ထဲရောက်တဲ့အချိန်မှာ အားလုံးပဲ ဘာဆိုဘာမှ ထင်ထားတာနဲ့ မကိုက်ညီ​တော့ဘူး။ ကျောင်းဆရာလုပ်ချင်တဲ့ ကျနော့အခံစိတ်က အဲဒီလိုနဲ့ သင်တန်းမှာထဲက တော်တော်လေး ညစ်နွမ်းခဲ့ရတယ်ပေါ့။

ငယ်ဘဝမှာကတည်းက မိဘက အလုပ်သိပ်မခိုင်းဘူး။ ကျောင်းစာကိုပဲ အဓိကလုပ်ခိုင်းတယ်။ ကျနော်က ကိုးတန်းဆယ်တန်းရောက်တဲ့အထိ စာတော်တယ်။ စာကြိုးစားတယ်။ ဆယ်တန်းကို အမှတ် ၄၀၀ ကျော်နဲ့ အောင်တယ်။ ဆိုတော့ အမှတ်ကောင်းတော့ ဗိုလ်လောင်းဖြေရတယ်။

စစ်ဆေးရယ်၊ စစ်တက္ကသိုလ်ရယ်၊ စစ်အင်ဂျင်နီယာရယ် ၃ခုမှာ စစ်ဆေးတော့ ကြောက်တယ် ဆေးမထိုးရဲဘူး၊ ကိုယ်လဲ အထိုးမခံရဲဘူး သူများလဲ မထိုးရဲဘူး ကြောက်တယ်ပေါ့။ DSA ကျတော့လဲ မသွားရဲဘူး စစ်မတိုက်ရဲဘူး အဲတာနဲ့ အင်ဂျင်နီယာ လုပ်လိုက်တာပါ။

တပ်ထဲမှာနေခဲ့တဲ့အချိန် သူများပြောပြတဲ့ အကြောင်းတွေပဲကြားခဲ့ရတာ။ ကိုယ်တွေ့တော့မကြုံခဲ့ရဘူး။ ကျနော်တို့က အမြဲ တမ်း နားထောင်သူအဆင့်ပဲ ရှိတာ သင်ယူနေတဲ့ဘဝမှာပဲ ရှိသေးတာ ကိုယ်က ပြန်ပြီး ပို့ချတဲ့ အဆင့်မရောက်သေးဘူး ဗိုလ်လောင်းဘဝပဲ ဂျူနီယာ အရာရှိ ဘဝမှာ ကိုယ်က အမြဲ တမ်း သင်ယူနေရတဲ့ ဘဝဆိုတော့ အဲ့လို မျက်မြင် မရှိဘူး ကြားဖူးတာပဲ ရှိတယ်။

သူတို့ပြောတာ ဘယ်လိုလဲ ဆိုတော့ ဥပမာ အဓိက ဆရာကြီးတွေ ဖြစ်တာပေါ့ ဆရာကြီးတွေ ဆိုတာ အရာရှိမဟုတ်ဘူး တပ်မတော်မှာ လုပ်သက်စစ်သက် ကြီးတဲ့ တပ်ကြပ်ကြီးတွေ၊ အရာခံဗိုလ်တွေပဲ။ သူတို့တွေက ပြန်ပြီး ကြွားတာပေါ့၊ ပြန်ပြောပြတာတော့ရှိတယ်။

သူတို့ လူကို သတ်တဲ့အခါမှာ ဘယ်လောက် လက်ရဲသလဲဆိုတာမျိုး။ ဒါကိုကြွားတာ။ ဘာတွေလဲဆိုရင် နာမည် တော့ မမှတ်မိဘူး နာမည်ကြီးတဲ့ case တွေပဲ။ ကချင်ဘက် တိုက်ပွဲမှာ သုံ့ပန်းအရှင်တွေ မိတယ်။ မိတဲ့အချိန်မှာ သူတို့ကိုအရှင်လတ်လတ် တပါတ်လောက် ထားပြီးချိန်မှာ တိုင်းမှူးကိုယ်တိုင်က သတ်ခိုင်းတာ။

ဘယ်သူမှ မသတ်ရဲဘူး၊ မသတ်ရဲတော့ သူက လုပ်ရဲတယ်ဆိုပြီး ကြွားပြီး ပြောတာ။ ကျန်တဲ့ကောင်တွေက မလုပ်ရဲဘူး ငါက တချက်ထဲပဲ လုပ်ပစ်လိုက်တာ ငါက ဘယ်လောက် Hero ဖြစ်တယ်ဆိုတာမျိုး။ အဲဒီလိုကြွားတာ သူ့ကိုယ်သူတော့ Hero အနေနဲ့ကြွားတာ။ အဲ့တုန်းကလဲ နားထောင်တဲ့ သင်တန်းသားတွေ အကုန်လုံးက ဟာ ဒီဆရာကြီး သတ္တိရှိတယ်ပေါ့။

အဲဒီလိုတော့ နားထောင်ခဲ့ရဖူးတယ်။ ကျနော်ကတော့ ဘာလို့ သတ်တာလဲ မေးခွန်းပြန်ထုတ်ရင် ကိုယ်က ပွကြီး ဖြစ်မယ်လို့တွေးတယ်။ သူများတွေက ဒါကို မှန်တယ်လို့ လက်ခံထားတဲ့ အချိန်မှာ ကိုယ်က မမှန်ဘူးလို့ မေးခွန်းထုတ်ခွင့်မှ မရှိတာ။ စိတ်ထဲမှာတော့ ဘာလို့ သတ်လိုက်တာလဲ မကြိုက်ဘူးပေါ့။

နောက်ပိုင်းတော့ အတန်းထဲမှာ မမေးပေမယ့် ကွယ်ရာမှာတော့ မေးပါတယ်။ ဆရာကြီး အဲတာတွေက မသတ်ရဘူး မဟုတ်လားလို့မေးဖြစ်တယ်။ သူတို့က မသိဘူး သတ်ရမှာပဲ သူ့လက်ထဲ ကိုယ်ရောက်လဲ သတ်တာပဲ၊ သူ့လက်ထဲ ကိုယ်ရှိလဲ သတ်မှာပဲ ဒါမှန်တယ်ပေါ့။ အဲလိုပဲ ဖြေခဲ့ကြပါတယ်။

နောက်တခုကတော့ ရခိုင်ဘက်မှာ ဘင်္ဂလားဒေ့ရှ် ဘက်က ဝင်လာတဲ့သူတွေ ရှိတယ် သူတို့ဟာသူတို့ ငါးဖမ်းစက်လှေတွေနဲ့နေကြတာပေါ့။ အဲဒီလိုဆိုရင် သူတို့က အနိုင်ကျင့်တယ်။ ဘယ်လိုပြောလဲဆိုရင် မြို့ထဲက ချမ်းသာတဲ့ ကုလားတွေဆို မင်းတို့ ကုလားတွေကို အထင်ကြီးမနေနဲ့ ဒီကောင်တွေ ရခိုင်ဘက်မှာ ဆိုရင် ခေါ်ပြီးတော့ ပါးရိုက်ခိုင်းလို့ ရတယ်၊ လေးဘက်ထောက် သွားခိုင်းလို့ရတယ် ဒါမျိုးပြောတာ။

အဲဒီတော့ သူကတော့ ဒီလူတွေ အမြင်ကတ်လို့ ပြောလိုက်တာ ဒါပေမယ့် သူလုပ်ခဲ့တဲ့ဟာတွေက မတရားမှုတွေ။ ပြီးတော့ ဘယ်လိုလဲဆိုရင် ဘူးသီးတောင်၊ မောင်တော ဘက်မှာ ကုလားတွေတွေ့လို့ရှိရင် ခေါ်တယ်။ ပါးရိုက်တယ်၊ ထိုင်ထ လုပ်ခိုင်းတယ်၊ လေးဘက်ထောက် သွားခိုင်းတယ် ဒါမျိုးပေါ့။

သူတို့ကတော့ မူးရူးပြီး အပျင်းပြေ လုပ်တာပေါ့။ ဒါပေမယ့် ဟိုလူ့စိတ်ထဲမှာ ဘယ်လိုခံစားရလဲ သူတို့မသိဘူး။ အဲသလို သူတို့ ပြောတဲ့ Story တွေက တဘက်က ကြည့်ရင် နားထောင်လို့ ကောင်းတယ်ဗျာ။

(မူရင်းပြောကြားချက်များဖြစ်ပါသည်)

ပြီးရင် သစ်ကူးတာပေါ့ ။ သူတို့ က ရခိုင်ရိုးမသစ်တွေကို မှောင်ခိုလုပ်တယ် မှောင်ခိုလုပ်လို့ရှိရင် ဂိတ်ထိုင်တဲ့သူတွေနဲ့ ညှိရတယ်။ နယ်ခြားစောင့် ရဲပဲဖြစ်ဖြစ် စစ်တပ်ပဲဖြစ်ဖြစ် ညှိရတယ်။ ညှိပြီးတော့ အဲဒီလိုလုပ်တာ လုပ်တဲ့အချိန်မှာ ဒီဘက်က စစ်တပ်က ရဲဘော်က မူးနေတာ၊ သစ်ကူးတဲ့သူတွေဆီက ပိုက်ဆံလိုချင်တာ။

လိုချင်တော့ အတင်းတောင်း ဟိုကလဲ မပေးဘူး ငါ ပိုင်ရာဆိုင်ရာ ပေးပြီးသားပေါ့ အဲသလိုပြောတဲ့အချိန်မှာ ရန်ဖြစ်တယ် ဖြစ်တဲ့အချိန်မှာ လူမှုရေးကိစ္စတွေပါ ပါလာပြီး ၃ယောက်ကို လျော့ပစ်လိုက်တယ်။ သစ်လုပ်သား ၃ယောက်က သေသွားတယ်။ သတ်တဲ့သူ ဒီလူကို တိုင်ချက်ဖွင့်တယ်။ ဖမ်းဖို့လုပ်တဲ့အချိန်မှာ အဲဒီလူကို မဖမ်းဘူး။ နေရာပြောင်းပေးလိုက်တယ်။ အဲဒီလူက ဒီမှာ မရှိဘူးပေါ့။ အဲသလိုလို အကွက်တွေကလဲ အများကြီး ရှိတယ် ။

ကျနော်တို့ အရာရှိတွေတောင်မှ အမှန်ကိုအမှားသင်ရတာလေ။ သူတို့ဆိုလဲ အဲဒီလို လုပ်ကြတာလေ။ ဘာလို့ဆို သူတို့က အားလုံးကို ကျူးကျော်သူတွေလို့ မြင်တယ်၊ သူတို့ကိုယ်တိုင်​တော့ အမျိုးသားရေးသမားတွေလို့ မြင်တယ်၊ အခုလို ကိစ္စတွေမှာ စဉ်းစားတိုင်း ကုလားနဲ့ ယှဉ်ရင် ကုလားတွေက ကျူးကျော်သူတွေ၊ သူတို့တွေက ကိုယ့်အမျိုးကို ကာကွယ်တဲ့သူတွေဆိုပြီး စစ်ပွဲမှာ စဉ်းစားသလို စဉ်းစားတာ။

စစ်ပွဲမှာ မတရားတာ မရှိဘူး သူတို့လုပ်သမျှက တရားတယ်လို့စဉ်းစားတယ်။ လူဆန်ဆန် မဆန်ဆန် ရန်သူနဲ့ ကိုယ့်ကြားမှာ ဘာမှ မရှိတော့ဘူး ဘာစည်း ကမ်းမှ မရှိတော့ဘူး အဲသလို စဉ်းစားပြီး လုပ်ကြတယ်။ အခုဖြစ်နေတဲ့ကိစ္စမှာလည်းကြည့်၊ ဒီတခြားသူ မဟုတ်ဘူး ကိုယ့်လူမျိုး အချင်းချင်းပါပဲ၊ သပိတ်တွေ ဆန္ဒပြတဲ့သူတွေအပေါ်မှာလည်း ဒီလိုပဲ။

ဒီလူတွေကို ကျူးကျော်သူလို့ သတ်မှတ်တယ်။ သူတို့ကိုယ်သူတွေကြတော့ အမျိုးသားရေးသမားတွေ။ အမျိုးကိုကာကွယ်တဲ့သူတွေလို့ သတ်မှတ်တယ်။ ဆိုင်းဘုတ်ကိုင်ပြီး ဆိုင်းဘုတ်ထောင်ပြီးတော့ လုပ်တဲ့သူတွေက ပြည်ပက လူတွေ မြှောက်ပေးလို့ လုပ်တာ။ တခြား ပြည်ပက ကျနော်တို့ နိုင်ငံကို ရည်ရွယ်ချက်ရှိတယ်ပေါ့ ဘာသာရေးအရ စိုးမိုးချင်တာ၊ စီးပွား ရေးအရ စိုးမိုးချင်တာ၊ လူမျိုးရေးအရ စိုးမိုးချင်တာမို့မြှောက်ပေးတာ။

ဒါကို လူတွေမသိဘူး။ မသိတော့ မြှောက်ပေးလို့ လုပ်နေကြတာ။ ပြည်သူတွေက နားမ လည်ဘူး၊ သူတို့က နားလည်တယ် ဒီခြေလှမ်းတွေကို မြင်တယ် အဲ့တာကြောင့်မို့လို့ ဒီဆန္ဒပြသူတွေသည် ဒီနိုင်ငံကို မကောင်းအောင် လုပ်တဲ့သူတွေလို့မြင်တယ်။ သူတို့ကိုသူတို့ကြတော့ ဒီနိုင်ငံကို ကာကွယ်တဲ့သူတွေ ဒါမျိုး မြင် တယ်။

(မူရင်းပြောကြားချက်များဖြစ်ပါသည်)

ကျနော် CDM လုပ်မလာခင်ကို အေးဆေးနေရတယ် ။ ပိုက်ဆံထောတယ်။ အလုပ်အကိုင် ကောင်းတယ်။ ပြီးရင် သေမယ့်နေရာ မသွားရဘူး စစ်မတိုက်ရဘူး လူကြီးတွေနဲ့ ဆက်ဆံတဲ့ အခါ မှာလဲ သေနတ်ပြောင်းဝမှာ ဆက်ဆံနေရတဲ့သူတွေကတော့ အမြဲဆဲဆို မာန်မဲနေတာပေါ့။ ကျနော် တို့ကတော့ သေနတ်ပြောင်းဝမရှိတဲ့ ဝေးတဲ့နေရာဆိုတော့ အေးဆေးပါပဲ။

အစက CDM လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူး၊ နိုင်ငံရေးလဲ နားမလည်ဘူး၊ ၁ရက်နေ့ အာဏာသိမ်း လိုက်တဲ့ အချိန်မှာ အဲဒီလို တနိုင်ငံလုံး တိတ်သွားတာ။ တပ်အထဲရောတပ်အပြင်ရော အားလုံးက တိတ်ဆိတ်သွားတာ။ နည်းနည်းလန့်စရာကြီးပေါ့။ သိတာတခုကတော့ ပြည်သူတွေက မကြိုက်ဘူး ဆိုတာ ကျနော် သိတယ်။

ဟိုးနဂိုကတည်းက ပြည်သူက စစ်တပ်ကို မုန်းတဲ့အခံရှိတယ်။ အဲ့တော့ အခုလို လုပ်လိုက်တဲ့ အတွက် ပြည်သူတွေက ပိုမကြိုက်တော့ဘူး။ ကျနော်တို့တွေ သွားရင်တောင်မှ ကြိုဆို မှာ မဟုတ်တော့ဘူး။ တပ်အပြင်က ​သူတို့တွေနဲ့ ပြုံးပြုံးရွှင်ရွှင် ဆက်ဆံခံရမှာ မဟုတ်ဘူးဆိုတာ သိတယ်။

ဒါပေမဲ့ ရုတ်တရက်တော့ CDM မလုပ်ရဲဘူး။ ဘာအပြစ်တွေမှန်း မသိဘူး သူတို့တပ်မတော် ဥပဒေတွေ ရှိတယ်။ ကိုယ်ဘာမှ မလုပ်လဲ ထောင်ချလို့ ရတယ်။ နဂိုနေရင်း ကြယ်သီးတလုံးပြုတ်ရင်တောင်မှ ထောင်ချလို့ ရတဲ့ ဥပဒေ ဆို တော့ CDM လုပ်ဖို့ဆိုတာ မရဲဘူး ။

မလုပ်ရဲ​မေယ့် စိတ်ထဲမှာ ဆန္ဒပြတဲ့သူတွေကို ရိုက်လားနှက်လားလုပ်ရင်တော့ မကြိုက်ဘူး။ တခုခုတော့လုပ်မယ်လို့ဆုံးဖြတ်တယ်ပေါ့။ ပထမ လူတွေအရိုက်ခံရတယ်။ လူတွေကို တကယ် ဟိုက ရိုက်တယ် ခေါင်းတွေကို ရိုက်တော့ မထွက်ရဲသေးဘူး။ လူတယောက်လောက်သေတဲ့အထိရိုက်ရင်တော့ ထွက်မယ်ပေါ့ အဲ့တာတော့ သေချာဆုံးဖြတ် လိုက်တာ။

အဲဒီမှာ ဖေဖော်ဝါရီ ၉ရက်နေ့မှာ နေပြည်တော်က ညီမလေး တယောက် ခေါင်းကိုထိတယ်၊ သေသွားတယ်။ သေသွားတာနဲ့ ကျနော် ဒိုးတာပဲ။ ချက်ခြင်းကြီးတော့ မအောင်မြင်ဘူး။ ထွက်ဖို့ ကြိုးစားတယ် ပြန်ပြီးတော့ အထဲပြန်ရောက်လာတယ်။ ထွက်ဖို့ ကြိုးစားတယ် ပြန်ရောက်လာတယ်။

မလွတ်ဘူးလေ အရမ်းခက်တယ်။ ကိုဗစ်တွေ ရှိတယ် ကိုဗစ်လက်မှတ် စစ်တာတွေ ရှိတယ်။ တနေရာ နဲ့ တနေရာ သွားလို့ မရတာတွေ ရှိတယ်။ အဲ့တာနဲ့ နည်းနည်းလောက် ကြာသွားတယ် ။ CDM မလုပ်နိုင်ခဲ့သေးဘူး။

စစ်တပ်ကို ပြည်သူတွေက ဘာလို့ မုန်းလဲဆိုရင် စာရေးဆရာတွေ စာပေဟောပြောပွဲတွေ လူပြက် အငြိမ့်တွေ စာပေအနုပညာရှင် နဲ့ ရုပ်ရှင်အနုပညာရှင်တွေက စစ်တပ်ရဲ့ အတိတ်မှာ လုပ်ခဲ့တဲ့ မကောင်းတာတွေ ပြောကြတယ် ။ အဲဒီအပေါ်မူတည်ပြီးတော့ လူတွေက နည်းနည်း မုန်းတဲ့သူနဲ့ များများမုန်းတဲ့သူပဲကွာမယ်။

ချစ်တဲ့သူတွေလဲ ရှိပါတယ်။ အဲဒီတော့ အကြောင်းအရင်း မသိဘူး သမိုင်းတွေက ပျောက်နေတယ်။ ၈၈ဆိုတာလဲ ဘာမှန်း မသိဘူး။ ၆၂ ဆိုတာလဲ မသိဘူး။ ကျနော်တို့လည်းဘာမှမသိဘူး။ ဘာမှ မသိတဲ့ အချိန်မှာ သူများမုန်းလို့မုန်းရတဲ့ အဆင့်ပဲ ရှိတယ်လို့ ကျနော်မြင်ပါတယ်။ ၂၀၂၁ မတိုင်ခင်ကတော့ သူများက မကောင်းဘူး ပြောရင် ကိုယ်ကလဲ မကောင်းဘူးလို့ လက်ခံလိုက်တဲ့ပုံစံပဲ စိတ်ထဲက မုန်းတာ မရှိဘူးလို့မြင်ပါတယ်။

တကယ့်ကို ရင်ထဲက မုန်းတဲ့သူတွေ ရှိတယ်။ စစ်တပ်နဲ့ ပတ်သက်ပြီး ခံခဲ့ရတဲ့သူတွေ ကွန်မြူနစ်ဟောင်းတွေ ကွန်မြူနစ် မိသားစုတွေက ဒီမိုကရေစီ အရေးတော်ပုံကနေ ခံခဲ့ရတဲ့မိသားစုတွေ။ ဒီမိသားစုတွေက စစ်တပ်ကို မုန်းတယ်။ ဒါပေမယ့် ပြည်သူဆိုတဲ့ လူတွေ တရပ်လုံးအနေနဲ့ကတော့ သူများမုန်းလို့ မုန်း တဲ့အဆင့်ပဲရှိတယ် ကျနော်မြင်ပါတယ်။

၂၀၂၁ဖြစ်ပြီး နောက်မှာတော့ ဒီကောင်တွေဟာ လူလိုပြောလို့မရဘူး လူလိုလဲ နားမလည်ဘူး အရမ်းမုန်းစရာကောင်းတယ်။ အရှင်ဖမ်းသွားတယ် ဘာလို့များ သတ်တာလဲပေါ့။ အရမ်း သူတို့အကြောင်း မပြောချင်ဘူး။ စစ်ကြောရေးကအကောင်တွေ ဆိုရင် ရွံစရာ ကောင်းတယ် ။

အာဏာသိမ်းတဲ့အချိန်မှာ ခံစားချက်က CDM လုပ်မယ် တော်လှန်မယ် ဒီစစ်တပ်ကြီး ပြောင်းလဲပစ်ရ မယ် ဆိုတဲ့ ခံစားချက်မျိုးထိ မရှိခဲ့ပါဘူး။ ငါတို့ကို ပြည်သူတွေ မုန်းတော့မှာပဲ ဆိုတဲ့ စိတ်ပဲရှိတယ်။

CDM ဆိုတာ အစကကျနော်က တပ်ပြေးလို့ နားမလည်ဘူး။ CDM ကို ဘာသာပြန်လိုက်တော့ ငြိမ်း ချမ်းစွာနဲ့ အာဏာဖီဆန်တယ်ဆိုတော့ ကျနော် အာဏာဖီဆန်မယ်ပေါ့။ ငါ့ကို ခိုင်းသမျှမလုပ်ဘူး ငါ့ကိုလုံခြုံရေး ထွက်ခိုင်းရင်မထွက်ဘူး၊ ချေမှုန်းခိုင်းရင်မချေမှုန်းဘူး ဒါ ကျနော်သိတဲ့ CDM ပေါ့။ ဒါပေမယ့် အဲဒီလို လုပ်လိုက်ရင် ချက်ခြင်း စံနမူနာပြ ဖြစ်သွားမယ်၊ ကောင်းတဲ့ စံနမူနာ မဟုတ်ဘူး။

တပ်ကနေချွန် လာတဲ့ကောင်လို့ စံနမူနာပြအနေနဲ့ နှိပ်ကွပ်တဲ့အထဲမှာ ကျနော် ပါသွားမယ်။ အနည်းဆုံး ထောင် အနှစ် ၂၀ လောက်ကျမယ်။ အဲဒီတော့ CDM လုပ်ဖို့ စိတ်တော်တော်ရှုပ်ထွေးခဲ့ရတယ်။
သူငယ်ချင်းတွေက ပြောတယ်။ မင်း တပ်ပြေးပဲလုပ် CDM မလုပ်နဲ့။ CDM နဲ့ တပ်ပြေးနဲ့ တူတော့တူတယ် ဒါပေမယ့် မတူဘူးပေါ့ ။ CDM လို့ အော်လိုက်ရင်တော့ ပြစ်ဒဏ်ကြီးမယ်၊ ရိုးရိုးတပ်ပြေးဆို ပြစ်ဒဏ်မကြီးဘူးပေါ့။

အဲ့ဒါနဲ့ ကျနော် တပ်​ကပြေးဖို့ ကြိုးစားတယ်။ အခက်အခဲတော့ အများကြီး ရှိတယ်။ အဲဒီကာလမှာ ဒီလိုကူညီနေတဲ့ အဖွဲ့တွေ မရှိသေးဘူး။ ပြည်သူ့ရင်ခွင်တို့ ပြည်သူ့ပန်းတိုင် တို့ အဲ့လို အဖွဲ့တွေ မရှိဘူး။ ပြီးတော့ အပြင်မှာ အခုလို တော်လှန်ရေး ယန္တရားတွေ မရှိသေးဘူး။ ဘာအဖွဲ့အစည်းမှ မရှိသေးဘူး။ အားလုံးက ဆန္ဒပြတယ် ဆန္ဒပြပြီး ပြီးသွားမယ်လို့ ထင်နေကြတာ။ ဒီကောင်တွေ ချက်ခြင်း ပြုတ်ကျသွားမယ်ပေါ့။

ပြီးတော့ တဖက်မှာ False Hope တွေ ရှိတယ်။ R2P ဝင်မှာလိုမျိုး UN က ဖြေရှင်းပေးမှာတို့လိုတွေရှိတယ်။ CDM အားက 100% ကောင်း နေတာမျိုးနဲ့ ပြောနေတာတွေ ရှိတယ်။ CDM အကုန်လုံး ပြည်လုံးကျွတ်ပဲ။ မီးရထား CDM ၊ ကျန်းမာရေး CDM ၊ ပညာရေး CDM ၊ လျှပ်စစ် CDM အားလုံးက CDM ဝင်နေပြီ ယန္တရားတွေ ရပ်သွားပြီး ဒီကောင် တွေ ဆင်းပေးမှကို ရမှာ၊ အဲတာမျိုး ပြောနေကြတာတွေ ရှိတယ်။

ပြောရမယ်ဆိုရင် ရေရေရာရာ မသိဘူး အရဲစွန့်ပြီး လုပ်လာတာပေါ့။ ကျနော် ထွက်လာတယ်၊ ထွက်လာတယ်ဆိုရင် တယောက် ယောက်တော့ ကူညီမှာပဲ၊ ဘယ်သူဖြစ်ဖြစ် စစ်တပ်လက်ထဲ ပြန်ရောက်ရင်တော့ ငါကံဆိုးတယ်ပေါ့ စစ်တပ်လက်ထဲ ပြန်မရောက်ရင် ငါကံကောင်းတယ်ပေါ့။ အဲဒီလိုနဲ့ပဲ ထွက်ချလာလိုက်တာ ကူညီတဲ့ သူတွေ များပါတယ်။ ဒုက္ခတော့များတာပေါ့။

နောက်တော့ လေးကေ့ကော်ရောက်လာတာပဲ။
မတ်လထဲမှာ CDM လုပ်ခဲ့တာပါ။ လေးကေ့ကော် စစ်မဖြစ်ခင် ပြသနာက တောထဲရောက်တဲ့အခါမှာ စားဝတ်နေရေး ပြဿနာပါပဲ။ ကျနော် တို့ကို NUG ကနေ ၄သောင်းကျပ် ထောက်ပံ့တယ်ပေါ့။ ၄သောင်းနဲ့က အဆင်မပြေဘူး။ ပြီးလို့ရှိရင် အနာဂတ် ပျောက်နေတယ်လို့ ခံစားရတယ်။

စစ်ဖြစ်တယ်။ စစ်ဖြစ်တော့ စစ်ပြေးရတယ်ပေါ့။ သူများပြေးတဲ့နောက်လိုက်။ သူများ တောင်ပြေးရင် တောင်လိုက်၊ မြောက်ပြေးရင် မြောက်လိုက်၊ အချိတ်အဆက်ကောင်းတွေနဲ့ နောက်ဆုံး နယ်စပ်ကို ရောက်လာတယ် ပေါ့ ။

ဒီဘက်ရောက်တဲ့ အချိန်မှာ ပထမဆုံး အခက်အခဲက တရားမဝင်တာပေါ့။ ကိုယ့်နိုင်ငံ မဟုတ် တော့ အားငယ်တယ် ကိုယ်ကတရားမဝင်နေရတော့ ကြောက်ရတယ်။ သူများလူမျိုးတွေ၊ ဒီမှာ ရှိတဲ့ အဖွဲ့အစည်းတွေ ရဲတွေ၊ လဝက တွေ အကုန်လုံးကို ကြောက်ရတော့ တရားမဝင်ဘူးဆိုတဲ့ ခံစားချက်ရယ် ကိုယ့်အရပ်၊ ကိုယ့်မြေမဟုတ်ဘူး ဆိုတဲ့ ခံစားချက်ကြီး ရှိတယ်။

တော်လှန်ရေးပေါ်မှာ ဘယ်လိုမြင်လဲ ဆိုရင်တော့ လေးစားတယ်။ အရင်က ကျနော်တို့ လူမျိုးတွေကို ပြောရမယ် ဆိုရင် နည်းနည်း အထင်သေးတယ်။ ရေပေါ်ဆီ ကောက်ရိုးမီး တွေပေါ့ ခဏနေ ငြိမ်သွားမှာပဲ ထင်တာ။ အခု ဒီမှာ ဒီလူတွေဆိုတာ ကလေးတွေပါ။ ၁၅ ၊ ၁၆ ၊ ၁၇ နှစ်အရွယ်တွေ။ ကိုယ့်ညီလေးတွေ ကိုယ့်ညီမအရွယ် လေးတွေ အရမ်းတော်တယ်၊ Bright ဖြစ်တယ်၊ ပြောလိုက်တာနဲ့ ဒက်ခနဲပဲ၊ ပြီးရင် သတ္တိရှိတယ်၊ လုပ်ရဲတယ်။

ဒီကလေးတွေကို ညွှန်းပြောပေမယ့် အကုန်လုံးပါပဲ။ မျိုးဆက်တွေ အားလုံးပဲ ဒီလူတွေနဲ့ ဆိုရင် မလုပ်ရဲစရာအကြောင်း မရှိဘူး၊ တော်လှန်ရေးကိုပြောတာ။ မင်းအောင်လှိုင် မကလို့ မင်း အောင်လှိုင်ထက် အဆပေါင်းများစွာ ရက်စက်ပြီး ဆိုးတဲ့သူဖြစ်ဖြစ် ရင်ဆိုင်ဖို့ ရဲတယ်ပေါ့။ ဒါ ကျနော့ရဲ့ ဒီတော်လှန်ရေး အပေါ် အမြင်ပေါ့။ နိုင်မယ်မနိုင်ဘူး ဆိုတာကတော့ဗျာ အဲဒီလောက်ကြီး လွယ်တဲ့ ကိစ္စမှ မဟုတ်တာ ။

ရှေ့ဆက်ပြီး ကိုယ်နိုင်တဲ့နေရာ အားလုံး လုပ်သွားမယ်။ အဓိက CDM ကိုတော့ အတတ်နိုင်ဆုံး ကူညီမှာပေါ့ ။ CDM ကိစ္စကို နံပါတ်တ ဦးစားပေး အနေနဲ့လုပ်မယ်။ ပြီးသွားလို့ရှိရင် ဒီဘက်တော်လှန်ရေး ကိစ္စတွေမှာ နိုင်သလောက် ကူမယ်လို့ တွေးထားတယ် ။

ကျနော့ ဘ၀ အတွက်ဆိုရင် ကျနော်က ဒီတော်လှန်ရေးမှာ အချိန် ၅နှစ် လုပ်မယ်။ ၅နှစ် အတွင်းမှာ နိုင်ရင်နိုင်သွားမယ် ၅နှစ်အတွင်းမှာ မနိုင်လို့ ရှိရင် ကျနော့ ဘ၀ long term တော့ ဖြစ်သွားမယ် ထင်တယ်။ အဲဒီအခါကျရင် ကျနော့ မိဘတွေလဲ အသက်ကြီးပြီ သူတို့ အတွက်လဲ ကျနော် ပြန်ကြည့်ရမယ်။ အဲဒါကြောင့် မို့လို့ နောက် ၅နှစ် ဆိုရင် တော်လှန် ရေးရယ် ကျနော့ business ရယ် မျှလုပ်ရမယ်။
ဒါပါပဲ။

#တရားမျှတမှုရရှိဖို့အမှန်တရားထုတ်ဖော်ပြောကြစို့
'sTelltheTruthtoGetJustice
်သား



#နွေဦးတော်လှန်ရေး
#မြန်မာစစ်တပ်

Address


Website

Alerts

Be the first to know and let us send you an email when The Mirror of Tanintharyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share